Monday, April 21, 2014

ဦးရဲထွဋ်ရေ အဲ့လိုပဲလား



ဦးဝင်းတင်ရဲ့ အထ္ထုပ္ပတ္တိ ကို( MRTV) ကလွှင့်တာ၁၉၈၈ကနေ၂၀၁၄ခုနှစ်
ကိုတန်းရောက်သွားတယ်၊၁၉၈၈မတိုင်ခင်ကအကြောင်းတွေပဲပြော
သွားတာ.... အခုထိပွင့်လင်းတာလဲမရှိ၊မြင်သာတာလဲမရှိ၊ဦးရဲထွဋ်ရေ
အဲ့လိုပဲလားမေးရမလိုပါ၊

အဖြစ်ဆိုးအလွန် ခရီးသည်တင်ယာဉ်လိုင်းအချို့ အပြောင်းအလဲစတင်



 Monday, April 21,2014
ငြိမ်းချမ်း
ရန်ကုန်
7daydaily

တောင်ပြာတန်းခရီးသည်တင် ယာဉ်ပေါ်တွင်ခရီးသည်များ  မီးလောင်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းက  အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့်  ခရီးသည်များအားအရေးပေါ်ထွက်ပေါက်နှင့်ပတ်သက်၍ အသိပညာပေးမှုပြုလုပ်လေ့မရှိသည်ကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။   ကားအတွင်း လူခြောက်ဦးမီးလောင်သေဆုံးမှုဖြစ်စဉ်သည် ယာဉ်တိုက်မှုကြောင့် သေဆုံးရခြင်းမဟုတ်ဘဲ အရေးပေါ်ထွက်ပေါက်များနှင့် ပတ်သက်ပြီး ခရီးသည်များ သိရှိမှုနည်းပါးခြင်းကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိလာ သော အဝေးပြေးခရီးသည်တင် ယာဉ်များသည် အခြားနိုင်ငံများ တွင် ပြေးဆွဲနေသော ယာဉ်များ နည်းတူ အရေးပေါ်ထွက်ပေါက် များ၊ အရေးပေါ်  အသုံးပြုရန် ပစ္စည်းများပါလေ့ရှိသော်လည်း ယာဉ်မောင်းများက အသုံးပြုရမှန်းမသိကြပေ။ အရေးပေါ်ထွက်ပေါက်များ၊ အရေးပေါ် အခြေအနေတွင် အသုံးပြုရန် ပစ္စည်းများနှင့်ပတ်သက်၍ လိုက်ပါစီးနင်းမည့် ခရီးသည်များအပေါ် ရှင်းပြလေ့မရှိသည်ကိုလည်း အဝေးပြေးယာဉ်လိုင်းများက၀န်ခံကြသည်။ ထို့ကြောင့်တောင်ပြာတန်းခရီးသည်တင်ကားဖြစ်စဉ်က အဝေးပြေးခရီးသည်တင်လုပ်ငန်းများ အပေါ် အရေးပေါ်ထွက်ပေါက်များနှင့်ပတ်သက်၍ သတိပေးခေါင်း လောင်းသံသာဖြစ်သည်။

‘‘လက်ရှိသုံးနေတဲ့ ကားတိုင်း မှာ အရေးပေါ်ထွက်ပေါက်တွေ ပါတယ်။ မှန်ခွဲရမယ့် တူတွေပါ တယ်။ အဲဒါတွေကို ရှင်းမပြကြ ဘူး။ ခုရှင်းပြဖို့လိုနေပြီ’’ဟု ဂျေဂျေအဆင့်မြင့်ခရီးသည်ပို့ဆောင်ရေးအ ကြံပေးဦးမြင့်ဦးကအကြံပြုပြောကြားသည်။

အဖြစ်ဆိုးကြုံတွေ့ခဲ့ရသော တောင်ပြာတန်းအဝေးပြေးယာဉ် လိုင်း၏ ကားတွင်လည်းအရေးပေါ်ထွက်ပေါက်များ၊ အရေးပေါ်အသုံးပြုရန်ပစ္စည်များ၊ မှန်ခွဲရန်အတွက် တူများပါရှိသည့် တရုတ်နိုင်ငံထုတ် Higer အမျိုးအစားယာဉ်ဖြစ်သည်။

‘‘အဲဒီနေ့ကဖြစ်တဲ့ ယာဉ်က Higer အမျိုးအစားယာဉ်ပါ။ အ ရေးပေါ်ထွက်ပေါက်တွေပါပါ တယ်’’ဟု တောင်ပြာတန်းခရီး သည်တင်ယာဉ်လိုင်း တောင်ကြီး  ဂိတ်မှူးမချိုက ပြောသည်။ အရေး ပေါ်ထွက်ပေါက်များပါသော် လည်း ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နှင့် ယာဉ်မယ်များကိုယ်တိုင်  အရေးပေါ်ထွက်ပေါက်များအ ကြောင်းမသိသလို ခရီးသည်များ ကို ရှင်းမပြနိုင်ခြင်းက လူခြောက် ဦး၏ တန်ဖိုးရှိလှသော အသက် များဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

ထိုအဖြစ်ဆိုးနှင့် အမြန်လမ်း ပေါ်တွင် မကြာခဏကြုံတွေ့နေရ သော ယာဉ်မတော်တဆမှုများ ကြောင့် ယခုအခါခရီးသွားအချို့ ခရီးသည်တင်ဘတ်စ်ကားစီးရန် စိုးရိမ်နေကြသည်။

‘‘ဒရိုင်ဘာတွေကို လိုင်စင်ရှိ ရုံနဲ့ မပြီးစေချင်ပါ။ လိုင်စင် သက်တမ်းဘယ်လောက်ရှိပါစေ။ လေယာဉ်တွေလို Flight Hours (မောင်းနှင်ချိန်သက်တမ်း)ရှိစေ ချင်ပါတယ်။ ခြောက်လတစ်ခါ ကျန်းမာရေးစစ်ဆေးစေလိုပါ တယ်။ ဥပမာ စိတ်ကျရောဂါ၊ သွေးတိုး၊ နှလုံး၊ စိတ်ဖိစီးမှုအစစ အရာရာပေါ့။နောက်ပြီး ကားတွေ မှာ အရေးပေါ်ထွက်ပေါက်အ ကြောင်းယာဉ်မယ်၊ ယာဉ်မောင် တွေက ကားမထွက်မီရှင်းပြ၊ သရုပ်ပြစေချင်တယ်။ ဘယ်ဂိတ်မှတစ် ခါမှ ရှင်းမပြဘူးပါ’’ဟု 7Day Daily  သတင်းစာတွင်ဖော်ပြခဲ့ သော ‘တောင်ပြာတန်းနှင့် သေရွာ ပြန်ည’ သတင်းဆောင်ပါးကို ဖေ့စ်ဘွတ်ခ်တွင်ဖတ်ရှုပြီးနောက်ကို အောင်ကျော်ဆန်းက အထက်ပါ အတိုင်းအကြံပြုသည်။

‘‘ခရီးကမသွားလို့လည်း မရ ဘူး။ ဒီအမြန်လမ်းက ကားတွေစီး ရမှာ နည်းနည်းကြောက်တယ်။ ရောက်ချင်တဲ့ အချိန်ရောက် ဖြည်းဖြည်းမောင်းဖို့ အဓိကပဲ။ အန္တရာယ် ကင်းဖို့ပဲအရေးကြီးတယ်’’ဟုဧပြီ ၂၀ရက်တွင် မိတ္ထီလာမြို့သို့ အ ဝေးပြေးခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါသွားသည့် အသက်(၃၀) အရွယ် ကိုကျော်စိုးက သူ၏ခံစား ချက်ကိုပြောသည်။

မြန်မာနိုင်ငံတွင် ပြေးဆွဲနေ သော အဝေးပြေးယာဉ်လိုင်းများ ၌ အရေးပေါ်ထွက်ပေါက်အဖြစ် နောက်ဆုံးခုံတန်းအနီး ယာဉ်၏ ညာဘက်တွင် အရေးပေါ်ထွက် ပေါက်အပေါက်ကြီးတစ်ပေါက် ပါရှိပြီး ဘယ်ဘက်တွင် ဘေးတွန်း အပေါက်တစ်ပေါက်ပါရှိသည်။ ထို့အပြင် ကားအမိုးပေါ်တွင် ဆွဲတွန်း၍ရသော အရေးပေါ်ထွက်ပေါက်နှစ်ပေါက်ရှိပြီး မှန်များကို ရိုက်ခွဲရန်အတွက် ကားဘေးတစ်ဖက်စီတွင် စိန်သွားပါ တူသုံးလက်စုစုပေါင်း တူခြောက်လက်ပါရှိသည်။

အရေးပေါ်မှန်ခွဲရန်အတွက် ထားရှိသော တူများကို ယာဉ်လိုင်း များက ခရီးသည်များမြင်သာထင် သာအောင်ထားရှိခြင်းမရှိသလို၊ အချို့ယာဉ်လိုင်းများတွင် ထိုတူ များကို ဖြုတ်ထားလေ့ရှိသည်။

‘‘ကားတွေမှာ မှန်ခွဲရမယ့်တူ ပါတယ်ဆိုတာ တစ်ခါမှမမြင်ဖူး ဘူး။ အရေးပေါ်ထွက်ပေါက်တွေ ဘယ်နေရာမှာပါတယ်။ဘယ်လို လုပ်ရမယ်ဆိုတာ ယာဉ်မယ်တွေ ကပြောပြရမယ်။ဒါမှ တစ်ခုခုဖြစ် လာရင် ဘယ်လိုလုပ်ရမယ်ဆို တာသိမှာ။မနေ့က မန္တလေးကို အဝေးပြေးကားနဲ့သွားတာ ဘုရားစာရွတ်နေရတယ်’’ဟု ဧပြီ ၁၉ ရက်တွင် ရန်ကုန်မှ မန္တလေးမြို့သို့ အဝေးပြေးကားဖြင့် သွားရောက် သူ ကိုသန့်ဇင်ကသူ၏ခံစားချက်      ကို ပြောသည်။

‘‘တူတွေကို ခရီးသည်တွေ မြင်အောင် မထားကြဘူး။ ရှင်းပြ တာတွေမလုပ်ခဲ့ကြဘူး။ အဝေး ပြေးကားတွေအပေါ် ခရီးသည် တွေ ယုံကြည်မှုရအောင်လုပ်ရ မယ်။ ခရီးဆိုတာကလည်း မသွား လို့မရဘူး။ ယာဉ်မထွက်ခင်ဂိတ် တွေမှာ အသိပညာပေးတာတွေ၊ စာရွက်တွေဝေတာတွေ၊ ရှင်းပြ တာတွေလုပ်ရမယ်’’ဟု မန္တလာ မင်းအဆင့်မြင့်ခရီးသည်ပို့ဆောင် ရေးဥက္ကဋ္ဌဒေါ်လဲ့လဲ့အေးကပြော သည်။

အထက်ပါ အဖြစ်ဆိုး၏ သတိပေးမှုကြောင့် ယခုအခါအ ဆင့်မြင့်ခရီးသည်တင်ယာဉ်လိုင်း အချို့မှာ အပြောင်းအလဲများပြု လုပ်ရန် စီစဉ်နေသည်။ဂျေဂျေ၊ အီလိုက်၊မန္တလာမင်း၊ မြတ်မန္တလာထွန်းအစရှိသည့် အဝေးပြေးယာဉ်လိုင်းကြီးများသည် ယာဉ်မောင်းများနှင့် ခရီးသည်များအား အသိပညာပေးဝန်ဆောင်မှုအသစ်များ  စတင်လုပ်ဆောင်နေပြီဖြစ်သည်။

ဂျေဂျေအဆင့်မြင့်ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းသည် ၎င်းတို့၏ ယာဉ်လိုင်းများတွင် မောင်းနှင်နေသော ယာဉ်မောင်း ငါးဆယ်ဦးအားခေါ်ယူ၍ ယာဉ် မောင်းစည်းကမ်းချက်များ၊ အရေး ပေါ်အခြေအနေကြုံတွေ့လာပါ ကလုပ်ဆောင်ရန်များကို ဧပြီ ၁၈ရက်မှစတင်၍ သင်တန်းပေးမှုများပြုလုပ်ခဲ့သည်။

‘‘အရက်မသောက်ဖို့၊ ထွက် မပြေးဖို့၊ တစ်စုံတစ်ရာဖြစ်ရင် လုပ်ဆောင်ဖို့သူတို့ကိုယ်တိုင် ကတိပေးပြီးလုပ်နေပါတယ်။ နောက်ယာဉ်မောင်းတွေကို သူတို့ ရဲ့နောက်ကြောင်း အကုန်ပြန် လိုက်နေပါတယ်။ ဒါမှ ခရီးသွား တဲ့သူတွေ စိတ်ချရမှာပါ’’ဟု ဦး မြင့်ဦးကပြောသည်။

ထို့အပြင် မန္တလာမင်းခရီး သည်တင်ယာဉ်သည် ယာဉ်ပေါ် တွင်လိုက်ပါမည့် ခရီးသည်များ အား အရေးပေါ်ထွက်ပေါက်များ ရှိသည့်နေရာများ၊ မှန်ခွဲရန်အ တွက်ထားရှိသည့်နေရာများ၊ ထို အရာများမည်သို့ လုပ်ဆောင်ရ မည်ကို ဧပြီ ၁၈ရက်မှစတင်ကာ ၎င်းတို့ကား၏ ယာဉ်မယ်များက ခရီးသွားများအား အသိပေးပြော ကြားမှုများ စတင်ပြုလုပ်နေသည် ဟုဆိုသည်။

သို့သော် မထသအဝေးပြေး က အထက်ပါ ယာဉ်တိုက်မှုဖြစ် ပွားပြီးနောက် ယာဉ်လိုင်းများသို့  မည်သည့်ညွှန်ကြားချက်မျှ မညွှန် ကြားသေးကြောင်း ယာဉ်လိုင်း များကပြောသည်။ မထသအဝေး ပြေးမှ တာဝန်ရှိသူများအား ယခု ဆောင်းပါးအတွက် ဆက်သွယ် မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပါ။

ထို့အပြင် ယာဉ်မတော်တဆ မှုများဖြစ်ပွားလျှင် ခရီးသွားများ အတွက် အဓိကကြုံတွေ့နေရ သည့် ပြဿနာတစ်ခုဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားပါက ယာဉ်မောင်းထွက်ပြေးသည်မှာ ယခု နောက်ပိုင်း ပိုများလာသည်။အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများသည် အရည်အချင်းပြည့်မီသော ယာဉ်မောင်းများကို ခန့်အပ်ထားရန်မှာ အရေးကြီးကြောင်းအဝေးပြေးခရီးသည်တင်ကားလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

အဝေးပြေးယာဉ်လိုင်းအ များစုသည် ယာဉ်မောင်းနှစ်ဦး ထားရှိလေ့ရှိကြသော်လည်းစည်း ကမ်းလိုက်နာမှုမရှိသော ယာဉ် မောင်းများကြောင့် အမြန်လမ်းမ ပေါ်တွင် ယာဉ်မတော်တဆမှုများ မှာ မြင့်တက်နေဆဲပင်။

‘‘နှစ်ယောက်ထားပေမယ့် တချို့ဒရိုင်ဘာတွေဆိုရင် ၁၁၅မိုင် ရောက်ရင် ရှုံးတဲ့သူမောင်းကြေး ဆိုပြီး ဖဲရိုက်တယ်။ စည်းကမ်း ပျက်ဒရိုင်ဘာကို ထုတ်လိုက်ပေ မယ့် နောက်နေ့မှာ အဲဒီဒရိုင်ဘာ ကို ခေါ်မယ့်ဂိတ်ကရှိပြီးသား။ ဂိတ်တစ်ဂိတ်တည်းက စည်းကမ်း တွေလုပ်နေလို့မရဘူး။ အားလုံး ပူးပေါင်းပါဝင်မှ ခရီးသည်တွေအ တွက် လုံခြုံစိတ်ချရမှာ’’ဟု ဦးမြင့် ဦးက စိတ်ပျက်သည့်အမူအရာ ဖြင့်ပြောသည်။

အဝေးပြေးယာဉ်လိုင်းများ တွင် ပြဿနာတစ်စုံတစ်ရာဖြစ် ပွားပါက ကျန်ခရီးသည်တင်ကား များက ကူညီပေးမှုသည် ခရီး သည်များအား ကူညီပေးမှုပင်ဖြစ် သည်။ တောင်ပြာတန်းလိုင်းမှ ယာဉ် မီးလောင်ကျွမ်းမှုဖြစ်စဉ် တွင် ထိုနေရာအနီးသို့ ရောက်ရှိလာသောအခြားအဝေးပြေးယာဉ် လိုင်းများအား ဒုက္ခရောက်သော ခရီးသည်များကအကူအညီ တောင်းခံသော်လည်း တစ်စုံတစ်ရာကူညီမှုမပေးခဲ့ကြောင်း ဖြစ်စဉ်တွင်ပါဝင်ခဲ့သူ မသန်းသန်းဝင်းက ပြော သည်။

‘‘ကျွန်မတို့ ဒုက္ခရောက်တော့ တခြားကားတွေကို အကူအညီ တောင်းတာ ဘယ်ကားမှမပေး ဘူး။ လူတွေကလည်း သွေးတွေ ပေနေလို့ မကူညီတာလားမသိ ဘူး’’ဟု မသန်းသန်းဝင်းက သူ့အ တွေ့အကြုံကိုပြောသည်။

အဝေးပြေးကားများတွင် ကီ လိုမီတာ ၁၀၀ထက်ပိုမောင်း၍ မ ရအောင် ပြုလုပ်ထားသင့်ကြောင်း ၊ရန်ကုန်-မန္တလေးခရီးစဉ်အား ရှစ်နာရီမောင်းရန် အချိန်သည် သင့်လျော်သည့်  အချိန်ဖြစ် ကြောင်း ဒေါ်လဲ့လဲ့အေးက အကြံ ပြုသည်။ ခရီးစဉ်အချိန်စောဆိုက် ရောက်မှုထက် ခရီးသည်များဘေး ကင်းစွာရောက်ရှိရန် ပို၍အရေး ကြီးသည်မှာ ယာဉ်မောင်းများ သတိပြုရမည့်အချက်ဖြစ်သည်။

ခရီးသည်များ ထမင်းစားရန် ကားရပ်နားချိန်တွင် ယာဉ်မောင်း များနှင့် ယာဉ်နောက်လိုက်များ အား ထမင်းဆိုင်များက အရက် ဘီယာများနှင့် ဧည့်ဝတ်ပြုခြင်း သည် ခရီးသည်များ၏အသက်အ န္တရာယ်ကို ဖိတ်ခေါ်နေသယောင် ဖြစ်သည်။

‘‘ခရီးသည်တွေ အဆင်ပြေစွာရောက်ရှိဖို့က ယာဉ်မောင်းသမားတွေရဲ့ တာဝန်ပါ။ လမ်းမှာ အရက်သောက်တာမျိုးတွေဘယ် လိုမှ မလုပ်သင့်ပါဘူး’’ဟု ဂျေဂျေအဆင့်မြင့်ခရီးသွားပို့ဆောင်ရေး မှ လုပ်သက် ၁၅နှစ်ရှိယာဉ်မောင်းဦးဝင်းကျော်အောင်ကပြောသည်။

အဝေးပြေးယာဉ်လိုင်းများ တွင် အဆင့်မြင့်ယာဉ်များအသုံးပြုပါက ခရီးသည်များအတွက် ပိုမိုလုံခြုံမှုပေးနိုင်ကြောင်း အီလိုက်အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး အထွေထွေမန်နေဂျာ  ကိုတေဇာ ထက်ကဆိုသည်။



အဝေးပြေးယာဉ်လိုင်းများနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်မယ်များ ဆောင်ရန်ရှောင်ရန်အချက်များ

-ယာဉ်မထွက်မီ ဂိတ်တွင် ခရီးသည်များအား အသိပညာပေးစာရွက်

များဝေငှရန်။

-ယာဉ်ပေါ်တွင် အရေးပေါ်ထွက်ပေါက်များ၊ မှန်ခွဲရန်အတွက် တူများ ထားရှိသည့်နေရာများကို ခရီးသည်များအားပြောပြရန်။ ပြုလုပ်ရ

မည့်ပုံစံများ သင်ပြရန်။

-အဝေးပြေးလမ်းနှင့်ပတ်သက်ပြီး အရေးကြီးသည့်ဖုန်းနံပါတ်များကို

ခရီးသည်များအားပြောပြရန်။

-ကျွမ်းကျင်သည့် ယာဉ်မောင်းနှစ်ဦးထားရှိရန်။

-ယာဉ်မောင်းများ၏ ကျန်းမာရေးစစ်ဆေးရန်။ အိပ်ရေး၀၀အိပ်ရန်။

-အရက်၊ ဘီယာသောက်ပြီး ယာဉ်မမောင်းရန်။

-အိပ်ငိုက်ပြီး ယာဉ်မမောင်းရန်။

-တစ်နာရီ ကီလိုမီတာ ၁၀၀ ထက် ပိုမမောင်းရန်။

ပင်လယ်ပြင်ထဲ ၄ နာရီကျော် ကြာကူးခတ်ခဲ့သောကိုဇော်ထူး

ဦးဝင်းတင်ရဲ့ ချောင်းဟန့်သံ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂါရ၀စကား

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ရောက်ရှိ့တွေ့ဆုံ



ယနေ့ ဧပြီလ ၂၁ ရက်၊ ညနေ ၃း၃၀ နာရီအချိန်က ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ပြုံးချို၊ ဂျင်မီ နှင့် မြအေးတို့ သည် တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ရောက်ရှိ့တွေ့ဆုံခဲ့ကြသည်

ကမ္ဘာတည်မဲ့ဝိညာဉ်


ကမ္ဘာတည်မဲ့ဝိညာဉ်

သွားတွေကျွတ်ချင်ကျွတ်
တွားလျားခွေးတိုက်ပို့ချ င်ပို့
ရင်တွင်းကလီစာတွေကြေပြတ်
မတ်မတ်မတည်နိုင်တဲ့လည်တိုင်
မယိုင်တဲ့ငါ့သံဓိဌာန်ကိုတော့
လူပျော့တွေမနိုင်ခဲ့ပါဖူးကွာ
ဘာလဲဟဲ့လူ့ငရဲ .......


ဦးဝင်းတင်၏ အတ္ထုပတ္တိ



ဦးဝင်းတင် (၁၉၃ဝ - )

အမည် - ဦးဝင်းတင်

အဖအမည် - ဦးပု

အမိအမည် - ဒေါ်အမာ

မွေးသက္ကရာဇ် - ၁၉၃ဝ ပြည့်နှစ်၊ မတ်လ ၁၂ ရက်

ဇာတိ - ပဲခူးတိုင်း ကြို့ပင်ကောက် မြို့

ပညာအရည်အချင်း - ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ် စာပေ၊ ခေတ်သစ် ရာဇဝင်နှင့် နိုင်ငံရေး သိပံ္ပ ဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။

ကလောင် အမည်ခွဲများ - မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦး

ဦးဝင်းတင်သည် သား သမီး ၃ ဦး အနက် အကြီးဆုံး ဖြစ်သည်။ ဦးဝင်းတင်ဟာ အိမ်ထောင် မပြူဖူးပါ၊ လူပျိုကြီး အဖြစ် နေထိုင် နေသူ တဦး ဖြစ်သည်။ တက္ကသိုလ်မှာ အင်္ဂလိပ် စာပေ၊ ခေတ်သစ် သမိုင်းနဲ့ နိုင်ငံရေး သိပ္ပံ ဘာသာတွဲကို ယူခဲ့ပြီး၊ ၁၉၅၃ မှာ ဘွဲ့ရခဲ့သည်။ ရန်ကုန် တက္ကသိုလ် နှစ်လည် မဂ္ဂဇင်း တွေမှာ ဝင်းတင် အမည်နဲ့ ကဗျာနဲ့ ဝတ္ထုတို တွေကို စတင် ရေးသားရင်း ကလောင် သွေးခဲ့သည်။

ရန်ကုန် တက္ကသိုလ်မှာ အရင်းနှီးဆုံး ကလောင် သွေးဖက်သည် မင်းယုဝေ ခေါ် ဦးဝင်းမောင် ဖြစ်သည်။ တက္ကသိုလ်မှာ ဦးထွန်းတင် (ရှေ့နေ)၊ စာရေး ဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင် စတဲ့ သူတွေနဲ့လည်း ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။

အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ည အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ စာပေ ဗိမာန်၌ လက်ထောက် အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ၁၉၅၃ မှာ ဒဂုန်တာရာ ဦးစီး ထုတ်တဲ့ ဂန္ထဝင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ အဖြစ် ကိုယ့်ထမင်း ကိုယ်စားပြီး လုပ်ရန် ရည်ရွယ် ထားသော်လည်း ဂျာနယ် ရပ်သွား သဖြင် စာပေ ဗိမာန်တွင် မြဲနေခဲ့ခြင်း ဖြစ်သည်။

၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ် ထုတ်ဝေရေး ကုမ္ပဏီတွင် စာအုပ် ထုတ်ဝေမှု ပညာနှင့် စာနယ်ဇင်း ပညာ ဆည်းပူးရင်း တဘက်မှလည်း မြန်မာ ဘာသာပြန် စာအုပ် စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေး အယ်ဒီတာ အဖြစ် လုပ်ကိုင် ခဲ့သည်။

တဖက်တွင် စာသင် နေရင်း မြန်မာ နိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် 'ဒို့ပြည် သတင်း' သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာ တဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ်၊ ဧပြီလ မြန်မာ နိုင်ငံ ပြန်လာသည့် အချိန် အထိ လုပ်ဆောင် ခဲ့သည်။

ဥရောပမှာ ရှိစဉ် မင်းယုဝေ၊ ငွေတာရီ ဇနီး မောင်နှံ နှင့်အတူ ပန်းချီ ပြန်တိုက်တွေကို လှည့်လည် လေ့လာ ခဲ့သည်။ ထိုကြောင့် နောက်အခါ ပန်းချီ ဝေဖန်စာ များကို ရေးရာမှာ သူ့ အတွေ့အကြုံများကို တည့်သွင်း ရေးသား နိုင်ခြင်း ဖြစ်သည်။

၁၉၅၇ ခုနှစ် ကြေးမုံ သတင်းစာ စတင် ထူထောင် သူများတွင် ပါဝင် ခဲ့ပြီး ကြေးမုံ သတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင် ခဲ့ပြီး ကြေးမုံ သတင်းစာ ချိတ်ပိတ် ခံရသည့် အချိန်တွင် ပြည်သူ့ အိုးဝေသို့ ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ထိုမှ ကြေးမုံသို့ ပြန်ရောက် ခဲ့သည်။

၁၉၅၉ မှ ၁၉၆၄ ခုထိ စာနယ်ဇင်း ကောင်စီ အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ကြေးမုံ သတင်းစာ ပြည်သူပိုင် အသိမ်း ခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် အဲဒီ အချိန်က မြန်မာ နိုင်ငံရဲ့ နံပါတ်ဝမ်းကြီး ဖြစ်သည့် ဗိုလ်နေဝင်းက ခန့်အပ် ခဲ့သည်။ ဗိုလ်နေဝင်း ဘုန်းမီးနေလ တောက်ပစဉ် အချိန်က သူဟာ ဘယ်သူ့ကိုမှ ဂရု စိုက်ခဲ့တဲ့သူ မဟုတ်ပါ။ သို့သော်လည်း ဗိုလ်နေဝင်း မန္တလေး မြို့ကို လာတိုင်း တခြား သူများကို မတွေ့ရင်သာ နေမည် ဦးဝင်းတင် ကိုတော့ နန်းတော်ထဲ ခေါ်ပြီး တလေးတစား တွေ့ဆုံ တတ်ပါသည်။

ဦးဝင်းတင်သည် ၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။

ထိုကာလ အတွင်း အနောက် ဥရောပနှင့် အရှေ့ အာရှ နိုင်ငံပေါင်း ၂ဝ ခန့်သို့ သတင်းစာ ဆရာ တယောက် အဖြစ် လေ့လာရေး ခရီး သွားရောက် ခဲ့သည်။ ထိုခရီးစဉ် အတွင်း ရောက်ရာ အရပ်မှ နေ၍ သတင်းများ ရေးသားပြီး မြန်မာပြည်သို့ ပို့ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် "ခြေတွင် စကား လက်ဖြား ကဗျာ မျက်နှာ ဇာတ်လမ်း" ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။

ဦးဝင်းတင်ဟာ သတင်းစာ ဆရာ ဘဝ ကိုသာ မြတ်နိုးပြီး ရာထူး ဂုဏ်ရှိန် များကို တတ်မက်ခဲ့သူ မဟုတ်ပါ။ ဟံသာဝတီ သတင်းစာမှာ အယ်ဒီတာချုပ် လုပ်ကိုင် နေစဉ်က ဦးဝင်းတင်ကို မဆလ အစိုးက ပြန်ကြားရေး ဌာနမှာ ဒုတိယ ဝန်ကြီး ပေးမယ်လို့ ကမ်းလှမ်း ခဲ့ဖူး သော်လည်း၊ ဦးဝင်းတင်သည် ထို ကမ်းလှမ်းချက်ကို လက်မခံ ခဲ့ပေ။

၁၉၆၈ ကနေ ၁၉၇၂ အထိ အထက် ဗမာနိုင်ငံ စာရေး ဆရာ အသင်း စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက် ခဲ့သည်။ မန္ဈလေးတွင် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူရင်းပင် ရန်ကုန်သို့ ဆင်းကာ သတင်းစာ သတင်းများ တွင်လည်း ပို့ချပေး ခဲ့သည်။ သတင်းစာ သမိုင်း ပြုစုရန် ကိုလည်း ဦးထင်ကြီး၊ လူထု ဦးလှ၊ ရွှေဥဒေါင်း တို့နှင့် အတူ အထူး အားထုတ် ခဲ့သူ ဖြစ်သည်။

၁၉၇၇ - ၇၈ ခုတွင် မြန်မာ စာပေ လှုပ်ရှားမှု၌ အရေးပါသော မန္တလေး မြို့မှ ဟံသာဝတီ စနေ စာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်း ဖတ်ပွဲများ ပြုလုပ် ပေးခဲ့သည်။ ထိုစာတမ်း များကို စာအုပ် အဖြစ်လည်း ရိုက်နှိပ် ထုတ်ဝေ ခဲ့သည်။

၁၉၇၈ ခုနှစ်မှာ ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မဆလ တပါတီ လမ်းစဉ်ကို ဝေဖန်တဲ့ စာတမ်း တစောင် တင်သွင်း ဖတ်ကြား ခဲ့သည်။ ထို ဖြစ်ရပ်၏ ရလဒ် အဖြစ် အာဏာပိုင်များက ဟံသာဝတီ သတင်းစာကို ပိတ်ပစ် လိုက်ကာ ဦးဝင်းတင် ကိုလည်း ရာထူးမှ ထုတ်ပယ် ခဲ့သည်။

ဆရာ ဦးဝင်းတင်သည် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ စသည် တို့နှင့် ပတ်သက်၍ ဆောင်းပါး၊ စာတမ်းနှင့် ဝေဖန် အကဲဖြတ်ချက် များကို 'ပေါ်သစ်' အမည်ဖြင့် ရေးသား ခဲ့ပြီး၊ 'ကွိ'၊ 'ဥတ္တရ အလင်း' စသည့် ဘာသာပြန် စာအုပ်များ ကိုလည်း ရေးသား ခဲ့သည်။ 'ကမ္ဘာနီတွင် တဒင်္ဂ' အမည်ရှိ ကွန်မြူနစ် နိုင်ငံများသို့ ခရီးသွား မှတ်တမ်း စာပေကိုလည်း ရေးသား ခဲ့သည်။ ပန်းချီ အကြောင်း ဖြစ်တဲ့ 'အလှ ရှာပုံတော်' ကိုလည်း ရေးသား ခဲ့သည်။ ဦးဝင်းတင် ရေးသား ထုတ်ဝေခဲ့သည့် အခြား စာအုပ်များမှာ 'ခြေတွင် စကား လက်ဖြား ကဗျာ၊ မျက်နှာ ဇာတ်လမ်း (မြန်မာ ဇာတ်သဘင် ဥရောပ ခရီး)' ဖြစ်သည်။

ရှစ်လေးလုံး အရေးတော်ပုံ အတွင်း အနုပညာရှင် ပေါင်းစုံတို့ လက်မှတ်ထိုး ထုတ်ပြန် ခဲ့သည့် ကြေညာချက် ထွက်ပေါ် လာရေး အတွက် ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။ စာနယ်ဇင်း သမဂ္ဂ ဖွဲ့စည်း လှုပ်ရှား ကြသည့် အခါ ဒု-ဥက္ကဋ္ဌ အဖြစ် ပါဝင် ဆောင်ရွက် ခဲ့သည်။

ဥက္ကဋ္ဌသည် ဆရာ မောင်သော်က (စစ်အစိုးရရဲ့ မတရား ဖမ်းဆီး နှိပ်စက်မှု များကြောင့် အကျဉ်းထောင် တွင်းတွင် ကွယ်လွန် ခဲ့ရသူ) ဖြစ်သည်။ ကျောင်းသား သမဂ္ဂမှ ရှစ်စောင်တိတိ ထုတ်ဝေ ခဲ့သည့် 'သမဂ္ဂ' သတင်းစာတွင် အင်တိုက် အားတိုက် ပါဝင် ရေးသား ခဲ့သည်။ ဆန္ဒဖော်သံ သတင်းစာကို ၃ဝ၊ ၈၊ ၈၈ တွင် ကိုယ်တိုင် ဦးစီး ထုတ်ဝေ ခဲ့သည်။

စစ်တပ်က အာဏာ သိမ်းပြီးနောက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်းသည့် အခါ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် အဖြစ် တာဝန် ယူခဲ့သည်။ အမျိုးသား ညီညွတ်ရေး တပ်ပေါင်းစု ၌လည်း ဒေါ်မြင့်မြင့်ခင်နှင့် အတူ နာယက အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖွဲ့ချုပ်မှ ဦးအောင်ကြီး နှုတ်ထွက် ခဲ့ပြီးနောက် ပြန်လည် ဖွဲ့စည်း ခဲ့သည့် ဗဟို အလုပ်အမှုဆောင် ကော်မတီတွင် အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူ ခဲ့သည်။

နိုင်ငံရေး ပါတီများ၏ လွတ်လပ်စွာ ရေးသား ထုတ်ဖော် စည်းရုံးခွင့်ကို ပိတ်ပင် ချုပ်ချယ်ရန် ရည်ရွယ်၍ စစ်အစိုးရ၏ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီး ဌာနမှ ၆၊ ၆၊ ၈၉ နေ့တွင် ကြေညာချက် အမှတ် (၃၈) ကို ထုတ်ပြန် ခဲ့သည်။

ထို့ကြောင့် အဖွဲ့ချုပ်မှ ဦးဆောင်၍ နိုင်ငံရေး ပါတီများမှ ထိုအမိန့်ကို ဆန့်ကျင်ရာ၌ သုံးစွဲ ခဲ့သည့် 'အများ ပြည်သူ သဘော မတူတဲ့ အမိန့် အာဏာ ဟူသမျှ တာဝန် အရ ဖီဆန်ကြ' ဟူသော ဆောင်ပုဒ်ကို ရေးသား ခဲ့သည်။

၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ပြစ်မှုမှ ရှောင်တိမ်း နေသည့် တရားခံ (ထိုစဉ်က အဖွဲ့ချုပ် လူငယ် စိုးသိမ်း) ၏ ဖခင်ထံ တယ်လီဖုန်း ဆက်သွယ် စကားပြောဆို၍ ဟူသော အကြောင်းပြချက်ဖြင့် ၁၉၈၉ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့တွင် ဆရာ ဦးဝင်းတင် ဖမ်းဆီး ခံရသည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ် ခံရသည်။

လွတ်ရက် စေ့ကာနီးတွင် ဆရာ ဦးဝင်းတင်အား နိုင်ငံရေးကို စွန့်၍ စစ်အုပ်စုနှင့် လက်တွဲရန် စစ်ထောက်လှမ်းရေးမှ ဗိုလ်မှူးချုပ် သန်းထွန်းက စည်းရုံးခဲ့သည်။ ဆရာက "စစ်လွှမ်းမိုးရေး ဒဿန" ကို သူ အသက်ရှင် နေသရွေ့ အမြစ်ပြတ်အောင် တိုက်မည်ဟု တုန့်ပြန်ခဲ့သဖြင့် ၁၉၉၂ ခုနှစ်၊ ဇွန်လတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အများပြည်သူ ဆူပူ အုံကြွအောင် လုပ်ဆောင်ရာတွင် နောက်ကွယ်မှ ကြိုးကိုင် အားပေးခဲ့သည်ဟု စွပ်စွဲကာ အင်းစိန် ထောင်ထဲမှာပင် ထောင်ဒဏ် ၁၁ နှစ် ထပ်မံ ချမှတ် ခံရသည်။

ဦးဝင်းတင်အား ၁၉၈၉ ခု ဇူလိုင်လ ၄ ရက်နေ့ ဖမ်းဆီးချိန်မှ စ၍ အင်းစိန်ထောင် အထူး တိုက်ဝင်း အတွင်း ထားရှိ၍ ပတ်ဝန်းကျင်နှင့် လုံးဝ အဆက်အသွယ် ဖြတ်တောက် ထားခဲ့သည်။ ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဦးဝင်းတင်အား အထူး တိုက်မှ အမှတ် ၃ တိုက်သို့ ပြောင်းရွှေ့ ထားခဲ့သည်။ အကျဉ်းထောင်တွင်း အာဏာပိုင် များ၏ မတရား ပြုမှုများကို ဆန့်ကျင် တိုက်ပွဲများတွင် အကြံဉာဏ်များ ပေးခဲ့သည်။

၁၉၉ဝ ၌ အင်းစိန် ထောင်တွင်း အစာငတ်ခံ တိုက်ပွဲကို ဦးဆောင် ဆင်နွဲခဲ့သည်။ ထောင်တွင်း လွတ်လပ်မှုကို တိုက်ပွဲဝင်ရင်း အပတ်စဉ် မှတ်တမ်းလွှာ တခုကို တိုက်အတွင်း ထုတ်ဝေ နိုင်ခဲ့သည်။ ၁၉၉၂ ခု၊ ဖွန်လမှာ ထောင်ဒဏ် ၁၁ နှစ် တိုးခဲ့သည်။

၁၉၉၂ ခုနှစ် တွင် Su-SLORC Dialogue Policy ကို ရေးသား ထုတ်ဝေ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ် ပေးရန်၊ အမျိုးသား ညီလာခံကို ဖျက်သိမ်း ပေးရန်၊ စစ်မှန်သော တွေ့ဆုံ ဆွေးနွေးမှုများ စတင်ရန် သဘောထား စာတမ်းကို ရေးသားခဲ့သည်။ ထိုနောက် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ စတင်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ နဝတ၊ လူမျိုးစု ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးမှ သာလျှင် မြန်မာ နိုင်ငံ၏ အလုံးစုံသော ပြဿနာများ ဖြေရှင်း နိုင်မည် ဖြစ်ကြောင်း ထို့ကြောင့် နိုင်ငံရေး ပေါ်လစီ တရပ် ချမှတ် ထုတ်ပြန် ကြေညာ ခဲ့သည်။

၁၉၉၄ တွင် အမေရိကန် ကွန်ဂရက် အမတ် ရစ်ချဒ်ဆန်က ထောင်ထဲသို့ ဝင်ပြီး ဦးဝင်းတင်နှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာခဲ့ပြီး စစ်မှန်သော တွေ့ဆုံ ဆွေးနွေးပွဲများ အရိပ်အယောင် မတွေ့ရ သဖြင့် Appeal to the World ကမ္ဘာကြီးသို့ ပန်ကြားချက် တစောင်ကို ရေးသား ထုတ်ဝေ ခဲ့သည်။

ထိုစာတွင် စစ်အစိုးရ၏ လုပ်ရပ်များသည် မှန်ကန်မှု မရှိ၍ ကမ္ဘာကြီးမှ စစ်အာဏာရှင် တို့အား ပိတ်ဆို့ အရေးယူ ပေးပါရန် တောင်းဆို ခဲ့သည်။

ရက်ပိုင်း အတွင်း Appeal to the Public ကမ္ဘာ ပြည်သူများသို့ ပန်ကြားချက် တစောင်ကို ရေးသား ထုတ်ဝေ ခဲ့သည်။ ထို ပန်ကြားချက်တွင် စစ်အာဏာရှင် တို့သည် ကမ္ဘာ ပြည်သူများအား အဆိုးဝါးဆုံး လိမ်လည် လှည့်ဖြား နေသည့် အတွက် နည်းမျိုးစုံဖြင့် ဆန့်ကျင် ကန့်ကွက်မှုများ ပြုလုပ် ကြပါရန် တိုက်တွန်း ထားသည်။

ထိုကြောင့် ၁၉၉၅ တွင် ထောင်ဒဏ် ၅ နှစ် တိုးကာ စစ်ခွေးတိုက်သို့ အပို့ခံရသည်။ အာဏာပိုင် များ၏ ရိုက်နှက် ညှဉ်းပန်းခြင်း ကိုလည်း ခံခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာပြီး နောက်ပိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အမျိုးသား ညီလာခံမှ နှုတ်ထွက် သင့်ကြောင်း အကြံ ပြုချက်ကို ထောင်တွင်း နိုင်ငံရေး အကျဉ်းသားများ အင်အားစု များက လက်မှတ် ရေးထိုး၍ ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ ခဲ့သည်။

လောလောဆယ် အရေး အကြီးဆုံး အလုပ် ၂ ခုကို လုပ်ရန် လိုအပ်ကြောင်း တိုက်တွန်း ခဲ့သည်။ တခုမှာ ပါတီ ပြုပြင်ရေး (Party Reform) နှင့် ညီလာခံ ပြုပြင် ပြောင်းလဲရေး (NC Reform) တို့ ဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် အဖွဲ့အစည်း အသီးသီး ပါသော ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ထောင်တွင်း ဖိနှိပ် ညှဉ်းပန်းမှုများ၊ ရဲဘက် စခန်း များ၏ ငရဲခန်းများ၊ လက်ရှိ မြန်မာ နိုင်ငံ အခြေအနေတို့ ပါဝင်သော ၈၃ မျက်နှာပါ 'ထောင်တွင်း လူ့အခွင်းအရေး ချိုးဖောက်မှုများ ဆိုင်ရာ အစီရင်ခံစာ' ကို ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ လိပ်မူ၍ ကုလ သမဂ္ဂ အထူး ကိုယ်စားလှယ် ယိုဇိုယိုကိုတာ ထံသို့ လျှို့ဝှက် စာရေးသား ပေးပို့ ခဲ့မှုကြောင့် ၁၉၉၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် ပုဒ်မ ၅ (ည) ဖြင့် ထပ်တိုး ထောင်ဒဏ် ၇ နှစ် ချမှတ် ခံရ ပြန်သည်။

ဦးဝင်းတင်သည် ထောင်တွင်းတွင် 'ထ' လေးလုံး ပေါ်လစီ ကိုလည်း ချမှတ် လမ်းညွှန်မှု ပေးခဲ့ ပေသည်။ 'ထူထောင်ရမယ်၊ ထိန်းသိမ်းရမယ်၊ ထိုင်မနေနဲ့၊ ထိတွေ့ရမယ်' ဆိုသည့် ပေါ်လစီပင် ဖြစ်သည်။

ဦးဝင်းတင် အကျဉ်းထောင် ကျနေစဉ် အတွင်း ၂ဝဝ၁ ခုနှစ်တွင် ယူနက်စကို အဖွဲ့ကြီး၏ ယူနက်စကို၊ ဂွီလာရ်မိုကာနို ကမ္ဘာ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆု (UNESCO/ Guillermo Cano World Press Freedom Award) ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုနှစ် တွင်ပင် ကမ္ဘာ့ သတင်းစာများ အသင်းကြီး (World Association of Newspapers, WAN) မှ ချီးမြှင့်သည့် လွတ်လပ်မှု ရွှေကလောင်ဆု (Golden Pen of Freedom Award) အား သာယာဝတီ စမ်းစမ်းနွဲ့ နှင့်အတူ ရရှိ ခဲ့သည်။ ၂ဝဝ၄ ခုနှစ်မှာ ဦးဝင်းတင်၏ ဆုငွေများနှင့် မတည်ပြီး မြန်မာ့ သတင်း သမဂ္ဂမှ ဥဒါန်း မဂ္ဂဇင်းကို ထုတ်ဝေ ခဲ့သည်။ ဦးဝင်းတင်ကို ဂုဏ်ပြုသည့် အနေဖြင့် ပြင်သစ် နိုင်ငံတွင် လမ်းတလမ်းအား "ဝင်းတင် လမ်း" ဟု အမည် ပေးထားသည်။

၁၉၉၆ ခုနှစ်၊ အင်းစိန်ထောင် စစ်ခွေးတိုက် အတွင်း ချုပ်နှောင် ခံနေရစဉ် ဘဝတူ နိုင်ငံရေး အကျဉ်းသား များကို ဦးဝင်းတင်က သူ့ ခံယူချက်နှင့် ပတ်သက်ပြီး "မြန်မာပြည်မှာ နိုင်ငံရေး လုပ်တော့မယ် ဆိုကတည်းက စစ်အာဏာရှင် တွေနဲ့ ရင်ဆိုင်ရမယ် ဆိုတာ ကျနော်တို့ ကြိုတင် တွက်ဆ ထားရမယ်။ အာဏာရှင်ကို ပလ္လပေါ်က ဆွဲချတဲ့ အခါ အဆင် မသင့်ရင် အသက်တောင် ပေးချင် ပေးရလိမ့်မယ် ဆိုတာလည်း ကျနော်တို့ မြင်ထားဖို့ လိုပါတယ်။ ကျနော်တို့ ခေတ်မှာ ကျနော်တို့ တာဝန် မကျေရင် နောက်လာမယ့် မျိုးဆက် တွေက ကျနော်တို့ကို အပြစ် တင်စရာ ဖြစ်လိမ့်မယ်။ အနည်းဆုံး နောက်တက် လာမယ့် လူငယ် မျိုးဆက်ကို လွတ်လပ်ရေးနဲ့ တရား မျှတမှု အတွက် ဘယ်လမ်းကို လျှောက်ရမယ် ဆိုတာ လောက်တော့ စံနမူနာ ပြနိုင်ရမယ်။ ကျနော်တို့ ကိုယ်တိုင် အလံ မလှဲစတမ်း စွန့်လွှတ် စွန့်စား ပြနိုင်မှ နောက် လူငယ် မျိုးဆက် ကလည်း ဒီအလံကို ဆက်လက် စွဲကိုင် ချီတက် ကြမှာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ စစ်လွှမ်းမိုးရေး ဒဿနကို အမြစ်က လှန်နိုင်ဖို့ ဒီပွဲမှာ အလံ မလှဲစတမ်း ယုံကြည်ချက်ကို မြဲမြဲ ဆုပ်ကိုင် ထားကြဖို့ လိုပါတယ်" ဟု ပြောကြား ခဲ့သည်။

ဦးဝင်းတင်နှင့် ၂ဝဝ၃ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက အကျဉ်းထောင် အတွင်း တွေ့ဆုံခွင့် ရခဲ့သူ မြန်မာ နိုင်ငံဆိုင်ရာ လူ့ အခွင့်အရေး အထူး လေ့လာ စောင့်ကြည့်သူ ကုလ သမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးက "ဦးဝင်းတင် ကဲ့သို့ တိုင်းပြည်၏ နား မျက်စိ ဖြစ်သော သတင်းစာ ဆရာကြီး တဦးကို ဆယ်စုနှစ် တခုခွဲ ကြာသည် အထိ စစ်အာဏာပိုင် တို့က အငြိုး တကြီး ထောင်သွင်း ချုပ်နှောင် ထားသည်ကို သူ့ အနေဖြင့် နားမလည် နိုင်အောင် ဖြစ်ရကြောင်း၊ ဦးဝင်းတင် တဦးတည်း တိုက်ပိတ် ခံထားရ သဖြင့် သူ့ မှတ်ဉာဏ်များ ချွတ်ယွင်း မသွား စေရန် သမံ တလင်းနှင့် နံရံ များပေါ်တွင် စာများ ရေးလိုက် ဖတ်လိုက် လုပ်နေရ ပုံကို တွေ့ရှိ ခဲ့ရ၍ သူ လွန်စွာ စိတ် ထိခိုက် ခဲ့ရသည်" ဟု ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။

၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလက နအဖ ထောက်လှမ်းရေးမှ မှားယွင်း ဖမ်းဆီး ထားသော အကျဉ်းသား များကို ပြန်လည် လွှတ်ပေးစဉ်က ဦးဝင်းတင်လည်း ပြန်လည် လွတ်မြောက် လာနိုးဖြင့် သူ့ကို လေးစား ချစ်ခင် သူများက မျှော်လင့် ခဲ့သည်။ ဒီအကြောင်းနှင့် ပတ်သက်ပြီး စာပေ အသိုင်းအဝိုင်းနှင့် လူထုက လေးစား ချစ်ခင်သည့် သတင်းစာ ဆရာမကြီး လည်းဖြစ်၊ စာရေး ဆရာမကြီး လည်းဖြစ်တဲ့ လူထု ဒေါ်အမာ ပြောပြ ခဲ့သည်မှာ၊

"အမေ ကလေ ကိုဝင်းတင်လဲ လွတ်လာတယ် ကြားတော့ ဝမ်းသာပြီး မျှော်နေတာပေါ့။ နောက်တော့ မပါဘူး ဆိုတော့လဲ အရင် ကတည်းက တွက်ထား ပြီးသားပဲလို့ အောက်မေ့ပြီး နေလိုက် တာပါပဲ။ နောက်တာ့ ဒုဝန်ကြီး ကိုယ်တိုင်က လွှတ်ပေးမယ့် လူတွေရဲ့ စာရင်း ထဲမှာ ဦးဝင်းတင် ပါတယ်လို့ ပြောတော့လဲ ပြန်ပြီး မျှော်နေ မိတာ ပေါ့ကွယ်။ ဟုတ်တယ် မို့လား။ ဒုဝန်ကြီး ကိုယ်တိုင်က ပြောနေတာကိုး။ နောက်ဆုံး ကျတော့လည်း လွတ် မလာဘူး။ အမေ့ စိတ်ထဲ ၂ ရက်လောက် စိတ်မကောင်း ဖြစ်သွားတယ်။ စားလိုလဲ မကောင်း အိပ်လိုလဲ မကောင်းနဲ့ အတော် နေမကောင်း ဖြစ်သွား ရတယ်။"

၂ဝဝ၇ မတ်လ ၁၂ ရက်က အသက် (၇၇) နှစ် ပြည့်မြောက်သည့် ဦးဝင်းတင်က သူ့ရဲ့ နိုင်ငံရေး ခံယူချက်များ မပြောင်းလဲ သေးကြောင်း သူ့အား ထောင်ဝင် သွားတွေ့သူ ဦးမောင်မောင်ခင် ကတဆင့် "သူဟာ ၁၂ ရက်နေ့ ဆိုရင် (၇၇) နှစ် ပြည့်ပြီတဲ့၊ အဲဒီ (၇၇) နှစ် ပြည့်တဲ့ အချိန်မှာ ငါ့ သဘောထားကို ပြောပြ ချင်တယ် ကွာတဲ့၊ လူတွေ ကလည်း သိချင်မှာ ပေါ့တဲ့၊ အဲဒါ ဘာလဲ ဆိုတော့ သူဟာ တလျှောက်လုံး သူရပ်တည် ခဲ့တဲ့ သဘောထား ကနေပြီး ရွေ့ မသွား ပါဘူး၊ ဒီအတိုင်း ပါပဲတဲ့။ အဲဒါကတော့ သုံးခု ပေါ့ဗျာ၊ တခု ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရေး၊ နှစ်က လွှတ်တော် ခေါ်ပေးရေး၊ သုံးက တွေ့ဆုံ ဆွေးနွေးရေး၊ ဒီဟာက လွဲလို့ ငါဘာမှ ကိုင်စွဲ ထားတာ မရှိပါ ဘူးတဲ့၊ ဒီဟာတွေ ကိုင်စွဲ ထားတဲ့ အတွက် ငါ့ကို မလွှတ်လည်း အရေး မကြီးပါ ဘူးတဲ့။" ဟု ပြောကြား ခဲ့သည်။

၂၀၀၈ စက်တင်ဘာ ၂၃ တွင် စစ်အာဏာပိုင်များက အကျဉ်းထောင်က လွှတ်ပေးလိုက်သည်။ ဦးဝင်းတင်အဆိုအရ သူ့ကို နေအိမ်သို့ ထောင်အာဏာပိုင်များက အတင်းအကြပ် ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။

လေးစားလျက်

ko tun wai
phyu Phyu zin
Helen Ayekyaw

ပြည်လမ်း ရှိ ယုသဒန် ရိပ်သာ တွင် ဦးဝင်းတင် ဂါရ၀ အခမ်းအနား ၂၃ ရက်နေ့ အထိကျင်းပမည်။

ဗိုလ်ချူ ပ်ရဲမြင့်ကားလို့ပြောပြီးထားခဲ့

ဦးဝင်းတင်အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀မ်းနည်းမှတ်တမ်း

*အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သိက္ခာ
* နိုင်ငံရေး သိက္ခာ
* နိုင်ငံရဲ့ သိက္ခာ
*လူသားများ သိက္ခာ တို့ကို
* မြှင့်တင်ပေးတဲ့...
*ဆရာဦးဝင်းတင်* ကို
*ဦးညွှတ် ဂါရ၀ပြုပါတယ်။

* အောင်ဆန်းစုကြည် (၂၁.၄.၂၀၁၄)

ဦးကိုကိုကြီးနှင့်တွေ့ဆုံခြင်း



‘‘၈၈မျိုးဆက်ဟာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေပြီးတော့ ဘာမှငွေကြေးပတ်သက်မှုမရှိဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှပတ်သက်ခြင်းမရှိဘူး’’

Author:
ရန်မျိုးနိုင်
အိဖြူလွင်

ဓာတ်ပုံ−ကျော်ဇင်သန်း

နိုင်ငံရေးလောကတွင်ယခု လပိုင်းအတွင်း ဦးကိုကိုကြီးနှင့် ပတ်သက်သော ကောလာဟလမျိုးစုံထွက်ပေါ်နေသည်။ အထူးသဖြင့် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင်ဖြစ်သည်။ ဦးကိုကိုကြီးအား ဒုတိယသမ္မတအဖြစ် အစိုးရက ကမ်းလှမ်းထားသည်။ ဦးကိုကိုကြီး၏ မင်္ဂလာပွဲကုန်ကျစရိတ်များကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ပုံငွေမှ လှည့်ယူသုံးစွဲခဲ့သည်။ အမေရိကန်သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်က ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအား ငွေကြေးထောက်ပံ့ထားပြီး ငွေရေးကြေးရေးပတ်သက်မှုများရှိနေ သည် စသည်တို့ဖြစ်သည်။ ထို့ကြောင့် 7Day Daily က ဦးကိုကိုကြီးနှင့် ၎င်း၏နေအိမ်တွင် ဧပြီ ၁၉ရက်ကတွေ့ဆုံမေးမြန်းထားသည်များမှ စာဖတ်ပရိသတ်အတွက်ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုအပြင်မှာ ပျံ့နှံ့နေတဲ့သတင်း တစ်ခုနဲ့ စချင်ပါတယ်။ အဲဒါက တော့ လက်ရှိအစိုးရအဖွဲ့က ဦးကို ကိုကြီးကို ဒုတိယသမ္မတအဖြစ် ကမ်းလှမ်းထားတယ်ဆိုတာပါပဲ။ ဦးကိုကိုကြီးဘယ်လိုဆုံးဖြတ်ထား ပါသလဲ

ကျွန်တော့်အမြင်အရပြောရ ရင် နေရာကအဓိကမဟုတ်ဘူး။ ဘယ်လောက်အလုပ်အကျွေးပြု နိုင်မလဲ။ ကိုယ့်ဖြတ်သန်းမှုကိုယ့် အတွေ့အကြုံတွေနဲ့ ကိုယ့်မဲဆန္ဒ ရှင်တွေကို ဘယ်လောက်အလုပ် အကျွေးပြုနိုင်မလဲဆိုတာက အဓိ ကပါပဲ။ ဘယ်နေရာမှာပဲနေနေ နေရာက အဓိကမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်းအ ခုနေပြောရင် ကျွန်တော်ရှက် တောင်ရှက်တယ်။ ကျွန်တော်တို့ စလုပ်ကတည်းက အဲဒီနေရာတွေ ရာထူးတွေကို ဘယ်တုန်းကမှ ထည့်ပြီးစဉ်းစားခဲ့တာမဟုတ်ဘူး။



ဒါဆို ဦးကိုကိုကြီးကို ဒုတိယသမ္မ တအဖြစ်ကမ်းလှမ်းထားတာမရှိ ဘူးလို့ ဆိုလိုတာလား။

မဟုတ်ပါဘူး။ မရှိပါဘူး။



ဦးကိုကိုကြီးအနေနဲ့ လွှတ်တော် နိုင်ငံရေးလမ်းကြောင်းကို    ရွေး ချယ်ထားတယ်လို့ပြောထားပါ တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်ဖြစ်မှာလား။

သေချာတာကတော့ ကျွန် တော်လွှတ်တော်နိုင်ငံရေးလုပ်ရင် ရွေးကောက်ပွဲဝင်ရမှာပဲ။ ရွေး ကောက်ပွဲဝင်မှာက ဘယ်တိုင်ပင် ၀င်မလဲပေါ့။ ဥပမာ ဒီကြားဖြတ် ရွေးကောက်ပွဲဆိုရင် ဖြစ်နိုင်တာ က ၂၀၁၄နှစ်ကုန်ပိုင်းလောက်မှ ဖြစ်နိုင်တယ်။ တစ်နှစ်သက်တမ်း လောက်ပဲကျန်တယ်။ အဲဒီမှာ ၀င် ခြင်းအားဖြင့် ဘယ်လိုအကျိုး ဆက်ဖြစ်မလဲ။ သို့မဟုတ်ရင် ၂၀၁၅၀င်ရင် ဘာဖြစ်မလဲ။ ကျွန် တော်အဲဒါတွေ အားလုံးကို ချိန်ဆ နေတယ်။ တရားဝင်ထုတ်ပြန်ဖို့ လိုပါသေးတယ်။ အဲဒီအခါကျ တော့ ကျွန်တော်ပြောပါမယ်။



ပါတီတွေက ဦးကိုကိုကြီးကို သူ တို့ပါတီကိုယ်စားပြုပြီး ကမ်းလှမ်း တာမျိုးရှိလာပြီလား။ ဒါမှမဟုတ် သီးသန့်ပါတီထောင်ဖို့ စဉ်းစား ထားလား။

အဲဒါတော့ ကျွန်တော်မစဉ်း စားတာမဟုတ်ဘူး။ စဉ်းစားတယ်။ မဆုံးဖြတ်ရသေးဘူး။ နည်း လမ်းက သုံးခုပဲရှိပါတယ်။ ရှိနေ တဲ့ ပါတီတစ်ခုခုမှာ ၀င်လုပ်မလား (သို့မဟုတ်)ကိုယ့်ဘာသာသီးခြား ပါတီတစ်ခုလုပ်မလား။ ဒါမှမ ဟုတ်ရင် တစ်သီးပုဂ္ဂလနဲ့ ၀င်မ လားဆိုတာရွေးချယ်မှုက ဒါပဲရှိပါ တယ်။ အဲဒါလည်း ဆုံးဖြတ်တဲ့ အ ခါကျရင်ပြောပါ့မယ်။



ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံတွေကို ကူညီနေတဲ့ အမေရိ ကန်သန်းကြွယ်သူဌေးဂျော့ဆိုး ရော့စ် မြန်မာပြည်လာတုန်းက ဦး ကိုကိုကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး ငွေကြေးထောက်ပံ့မှုတွေရှိပါ တယ်ဆိုတဲ့ သတင်းတစ်ခုထွက် နေပါတယ်။ အဲဒီအပေါ်မှာ ဘာ များပြောချင်ပါသလဲ။

အရင်ဆုံးပြောချင်တာက ဒီ ပွင့်လင်းဆိုတဲ့ကိစ္စက ကျွန်တော် နာမည်ပေးတာ။ ဘာဆိုးရော့စ် နဲ့မှ မပတ်သက်ဘူး။ နာမည်ပေး ဖြစ်တဲ့အခါမှာလည်း ကျွန်တော် သွားပြီးသတိထားမိတယ်။ Open Society နဲ့ သွားပြီးတူမှာစိုးလို့။ အင်္ဂလိပ်လို စဉ်းစားတဲ့အခါမှာ Open Community ဆိုပြီးသွားပြီး စဉ်းစားမိသေးတယ်။ တူမှာစိုးလို့ ကွဲအောင်စဉ်းစားသေးတယ်။  Community ဆိုတဲ့ Senseထက် Society ဆိုတာကပိုပြီးကျယ်ပြန့် တယ်။ တခြားရွေးစရာမရှိတော့ဘဲ Open Society ပဲ ရွေးဖြစ်တာပါ ။ဆိုတော့ ဒါကြောင့်စပြောရရင် ဂျော့ဆိုးရော့စ်ရဲ့ Open Society  နဲ့ ကျွန်တော်နဲ့ ဘာမှမပတ်သက် ဘူး။ သူဌေးကြီးလာတယ်။ လာတဲ့ အခါမှာ ကျွန်တော်တို့ကတွေ့ချင် လို့ သွားခေါ်တာမဟုတ်ဘူး။ ကျွန် တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီးတော့ မြန်မာနိုင်ငံဒီမိုက ရေစီအပြောင်းအလဲမှာ ဒီအင် အားစုဟာ အရေးပါတဲ့အင်အားစု အဖြစ် သူကတွေ့ချင်လို့လာတာ။ တွေ့ချင်လို့  တွေ့တဲ့အခါမှာ လည်း ကျွန်တော်တို့ လုပ်နေတာ တွေမေးတယ်။ ကျွန်တော်တို့ ဖြတ်သန်းမှုတွေမေးတယ်။ လက် ရှိအခြေအနေအပေါ်မှာ ကျွန်တော်တို့ရဲ့ အမြင်သုံးသပ်ချက် တွေမေးတယ်။ အဲဒါပဲ။ ဆိုတော့ ၈၈မျိုးဆက်ဟာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေပြီးတော့ ဘာမှငွေကြေးပတ်သက်ခြင်းမရှိ ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ ပတ်သက်ခြင်းမရှိဘူး။



နောက် ၈၈ကို လုပ်ငန်းရှင်တွေက လှူဒါန်းတဲ့အပေါ်မှာကော   ဘာ များ ပြောချင်ပါသလဲ။

ကျွန်တော်တို့ စေတနာဝ သန်တေးဂီတပွဲမှာသူတို့ လှူကြ တယ်။ လုပ်ငန်းရှင်တွေထဲကနေ ကျွန်တော်တို့ကို လှူကြတာတွေ အများကြီးရှိတယ်။ အဲဒီအတွက် လည်း ကျွန်တော်တို့ ဘာကတိက ၀တ်မှ မရှိဘူး။ ဒီလို လှူတဲ့အ တွက်ကြောင့်လည်း သူ့ကို ဘာ ပြန်လုပ်ပေးရမယ်။ ဘာတွေတော့ မလုပ်ပါနဲ့ဆိုတဲ့ နှောင်ကြိုးမျိုးဆို ရင် ကျွန်တော်တို့က ဘယ်သူ့ဆီ ကမှ လက်မခံဘူး။ ကျွန်တော်တို့ ကို လှူရင်လည်း ကျွန်တော်တို့ လုပ်နေတဲ့ ကျွန်တော်တို့ ဖြတ် သန်းမှုနဲ့ ကျွန်တော်တို့ဆောင် ရွက်မှုတွေကို ရိုးရိုးသားသားယုံ ကြည်လို့ လှူတဲ့ အလှူမျိုးပဲလက် ခံတယ်။ ကျန်တဲ့ နှောင်ကြိုးပါတဲ့ လှူတဲ့အတွက်ကြောင့် ဘာပြန် ပေးရမလဲဆိုတဲ့ ကတိက၀တ်မရှိ ခဲ့ဘူး။ လက်လည်း လက်ခံမှာမ ဟုတ်ဘူး။



ဦးကိုကိုကြီးတို့လို နိုင်ငံရေးသြဇာ ရှိတဲ့ သူတွေကို အခုလိုမျိုးပုဂ္ဂိုလ် ရေးတိုက်ခိုက်မှုများ ကြုံလာတဲ့ အခါမှာ စိတ်ကသိကအောက်ဖြစ် နိုင်ပါတယ်။  အဲဒီလို အခက်အခဲ တွေ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားဖို့ စီစဉ်ထားပါသလဲ။

ကျွန်တော်ကလည်း ကျွန် တော့်အကျိုးပေးဗျ။ စလုပ်က တည်းက အစိုးရနဲ့ပေးစားတယ်။ ထောက်လှမ်းရေးနဲ့ပေးစားတယ်။ ကျွန်တော်က တော်တော်ကို တောက်လျှောက်အဲဒီလို တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒါတွေအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်  ဖြတ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ရန် မလုပ်ခဲ့ပါဘူး။ ဘယ်သူက ကျွန် တော့်ကို ချလို့ ကျွန်တော်က ပြန် ချတယ်ဆိုတာ လေ့လာကြည့်ပါ။ ကျွန်တော်ပြန်ပြီးမတုံ့ပြန်ခဲ့ဘူး။ အဲဒီတုန်းက တိုက်ခဲ့တဲ့သူတွေ အ ခုကျွန်တော်နဲ့ ပြန်လက်တွဲတာရှိ တယ်။ ကျွန်တော် နာမည်တွေ ထုတ်ပြီးမပြောချင်ဘူး။ ကျွန်တော် အဲဒီတိုက်ခိုက်ခဲ့သူတွေနဲ့ ပတ်သက်ပြီး တချို့က ရိုးရိုးသား သားနဲ့ သူများပြောတာကို သံ ယောင်လိုက်ပြီးပြောတာရှိတယ်။ အချိန်တန်ရင် သူတို့ဘာသာသူ တို့နားလည်သွားတဲ့အခါ ကျွန် တော့်အတွက် မိတ်ကောင်းဆွေ ကောင်းတွေပြန်ဖြစ်လာတယ်။အ ခုလည်းပဲ ကျွန်တော်မျှော်လင့်ပါ တယ်။ တချို့က ဘာမှန်းညာမှန်း မသိဘူး။ သူတို့ရဲ့ ခံစားချက်တွေ ဒဏ်ရာဒဏ်ချက်တွေက ပြင်းတဲ့ အခါကျတော့ တစ်လျှောက်လုံး မှာ ကိုယ်ကအဖိနှိပ်အညှဉ်းပန်းခံ ခဲ့ရတယ်။ အဲဒီတော့ ဒီလူတွေနဲ့  အခု အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုပြီး ဆက်ဆံနေရတယ်။ ပြောဆိုနေရတဲ့အပေါ်မှာ စိတ်မ သက်မသာဖြစ်တာရှိတယ်။ အဲဒီ လူတွေနဲ့ပတ်သက်ပြီး ကျွန်တော် လုံးဝစာနာပါတယ်။



ရွှေသံလွင်က ၈၈ငွေရတုတုန်းက ရော ဂီတဖျော်ဖြေပွဲတုန်းကရော လှူဒါန်းမှုတွေရှိခဲ့ပါတယ်။ အခု ဦးကိုကိုကြီးမင်္ဂလာဆောင်ကို လည်း ရွှေသံလွင်ပိုင် Sky Star  ဟိုတယ်မှာ ကျင်းပတဲ့အတွက် စပွန်ဆာပေးတယ်ဆိုပြီး ဝေဖန်မှု တွေအပေါ် ဘာများပြောချင်ပါသလဲ။

ရန်ကုန်မှာ အမှန်ပြောရရင် ကျွန်တော်က မလုပ်ချင်တော့ဘူး။ ကျွန်တော်ကလည်းတစ်လျှောက် လုံးကျောင်းတက်လာတဲ့ သူငယ် ချင်းတွေက ဂျီတီအိုင်တောင်နှစ် ကျောင်း။ ပြည်မှာဒုတိယနှစ်။ ဖိုင်  နယ်ကျတော့ အင်းစိန်မှာ။ အဲဒီ တော့ အဲဒီအုပ်စုတွေကလည်း သေချာတယ်။ ၀မ်းတေဘယ်။ ရန်ကုန်တက္ကသိုလ် အိုင်အာ(IR) အုပ်စုကလည်းဝမ်းတေဘယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ ကလည်း ၀မ်းတေဘယ်ဆိုတော့ အဲဒါ ကျွန်တော်လည်းပြီးမှာမ ဟုတ်တော့ဘူး။ အဲဒီတော့ ကျွန် တော်အားလုံးစုပြီးတော့ ဧည့်ခံပွဲ လေးပဲလုပ်လိုက်မယ်။ ပထမ ဘုန်းကြီးကျောင်းစဉ်းစားတယ်။ ဘုန်းကြီးကျောင်းစဉ်းစားတော့ ကျွန်တော့်ကို အကျပ်ကိုင်တာက ရွှေသံစဉ်တီးဝိုင်းကိုဝင်းမော်တို့။ ဟေ့လူ ကျွန်တော်တို့ မတီးရရင် မဖြစ်ဘူး။ တီးရဆိုရမှဖြစ်မှာ။ မ တီးမဆိုရရင် ကျွန်တော်တို့က ခင် ဗျားရဲ့ အိမ်ရှေ့မှာတစ်ညလုံးလာ တီးမှာဆိုတော့ ဟုတ်ပြီ ခင်ဗျား တို့လည်း အဆင်ပြေအောင်ဆိုပြီး ဘုန်းကြီးကျောင်းကိုရှောင်ပြီး တ ခြားခန်းမလိုမျိုးနေရာတစ်ခုရှာ မယ်စဉ်းစားတော့ လနဲ့ချီပြီး ဘွတ် ခ်ကင်လုပ်တယ်။ ဟိုတယ်တွေက မတတ်နိုင်ဘူး။ အဲဒီတော့ ကျွန် တော့်ညီမတစ်ယောက်က ကိုကျူ့(ဦးကိုကိုကြီး)တဲ့ ညီမတို့ဝပ်ရှော့ တွေ အစည်းအဝေးတွေအဲဒီမှာ လုပ်တာ ကျယ်လည်းကျယ်တယ်။ကားပါကင်အတွက်လည်း အဆင်ပြေတယ်။ အဲဒီမှာမေး ကြည့်ပါလားဆိုတော့ အဲဒီမှာ ကျွန်တော်လည်း တစ်ခါမှမ ရောက်ဖူးဘူး။ ကျွန်တော်အဲဒီမှာ မေးဖြစ်တော့ ပြောရရင်တော့ ကိုယ်လည်း လက်နိုင်ခြေနိုင်ရှိတဲ့ ပမာဏဆိုတော့ အဲဒါနဲ့ Sky Star မှာ လုပ်ဖြစ်လိုက်တာ။ အမှန်က ကျွန်တော်ကိုယ်တိုင် မင်္ဂလာ ဆောင်ကျမှ အဲဒီထဲကိုရောက်ဖူး တာ။ ကျွန်တော်ရှိမှန်းတောင်မသိ ဘူး။



အခုလိုပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရ တာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

အမျိုးအမည်မသိတိုက်ခိုက် နေတဲ့ သူတွေကိုတော့ ကျွန်တော် ဘာမှ မပြောချင်ဘူး။ ဒီမိုကရေစီ ဆိုတာ တန်ဖိုးရှိရှိအသုံးပြုတဲ့အ တွက် ဆုလာဘ်ဖြစ်သလို စည်းမဲ့ ကမ်းမဲ့သုံးတဲ့သူတွေအတွက် တော့ ကျိန်စာဖြစ်တယ်။အဲဒီ တော့ ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ကို ချစ်ခင်တဲ့ပြည်သူ တွေကိုပဲ ကျွန်တော်ပြောပြချင် တယ်။ တိုက်ခိုက်တဲ့သူတွေကို ကျွန်တော်ဘာမှ မဖြေရှင်းပါဘူး။ ပြည်သူတွေအနေနဲ့က သတင်း တစ်ခုအပေါ်မှာ ကောက်ချက်ချ တဲ့အခါမှာ၊ သတင်းတစ်ခုကို အကဲဖြတ်တဲ့အခါမှာ သတင်းအ ရင်းအမြစ်က ဘယ်လောက်ခိုင် လုံမှုရှိလဲ။ ဘယ်သူလဲ။ အဲဒါကို အရင်ဆုံးလေ့လာဖို့လိုတယ်။ နောက်တစ်ခုက သတင်းဖော်ပြခံ ရတဲ့ပုဂ္ဂိုလ်။ သူ့ရဲ့ဖြတ်သန်းမှု။ ဘယ်လိုလူမျိုးလဲဆိုတာလေ့လာ ဖို့လိုတယ်။ ကျွန်တော်ကိုယ်တိုင် က ဆင်းရဲသားမိသားစု၊ လက်လုပ် လက်စားမိသားစုကနေကြီးပြင်း လာတယ်။ လူဦးရေအများဆုံးဖြစ် တဲ့ ဆင်းရဲသားတွေ၊ လက်လုပ် လက်စားတွေအပေါ်မှာတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အဲဒါကို ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ရဲ့ နိုင်ငံသားတွေကို ပေးနိုင်တဲ့ ကတိပါပဲ။

http://7daydaily.com/story/9021#.U1UCCFfDXrd

စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီးဦးဝင်းတင်ကွယ်လွန်



စာရေးဆရာ၊ ကဗျာဆရာ သတင်းစာဆရာကြီးဦးဝင်းတင် ဟာ ရန်ကုန်မြို့ ဆေးရုံကြီးမှာ ဒီမနက် 21.4.2014 ရက်နေ့ နံနက်၆နာရီခွဲ လောက်က
ဘဘရဲ့  ကျောက်ကပ် တတိယအကြိမ်ဆေးကြောမှုပြုလုပ်ပြီး နာရီအနည်ငယ်သာ ခံကာ ကွယ်လွန်အနိစ္စ ရောက်သွားတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။

၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်ပါသည်။

၃။ ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းမှတ်တမ်းရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နှင့် ပြည်လမ်း ယုဒသန်ခမ်းမတို့တွင် စီစဉ်ထားရှိပါသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယခုအချိန်မှစတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံတစ်ဝက်ချထားကြရန်ဖြစ်ပါသည်။

KayToe Burma

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အဘရဲ့ နောက်ဆုံးဆန္ဒအတိုင်း ဈာပနအခမ်းအနား မဖြစ်တာကိုလည်း စိတ် အနှောက်အယှက် ဖြစ်နေကြောင်း သိရှိရပါတယ်။ အဘ ဆုံးပြီး နာရီပိုင်း အကြာ မှာ ဒေါ်အောင်ဆန်းစုကြည်ထံ ဖုန်းဝင်လာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒကို မေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဘကိုယ်တိုင် ပြောခဲ့တဲ့ အဘဆန္ဒအတိုင်းသာ လုပ်ဖို့ ပြောကြားခဲ့ပါတယ်။ နောက်ထပ် နာရီပိုင်း အကြာ ကြတော့ ဘဘဦးတင်ဦး ဆီက ဖုန်းဝင်လာပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ဘဘဦးဝင်းတင်ရဲ့ ၂၄ နာရီအတွင်း မြေကျပေးဖို့ ဆန္ဒကိုသာ ဦးစားပေး စဉ်းစား သင့်ကြောင်း ထပ်မံ တိုက်တွန်းခဲ့ပါတယ်။

အဘဦးဝင်းတင်ဟာ ဘူးဆိုရင် ဖရုံမသီးတတ်တဲ့ လူမျိုး ဆိုတာကို ကောင်းကောင်း သိတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဘဦးဝင်းတင်ရဲ့ ဆန္ဒကို လိုက်လျောဖြည့်စည်းပေးဖို့သာ တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အဘဦးဝင်းတင် ကသာ သူ့ဈာပနကို "မစုနဲ့ NLD ကြိုက်သလို စီစဉ်ပါ" လို့ပြောခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကြီးကျယ်ဆုံး အခမ်းနားဆုံး ဂုဏ်သရေအရှိဆုံး နှင့် မြန်မာပြည်သူတွေ အတွက် အောက်မေ့ဖွယ် အဖြစ်ဆုံး ဖြစ်အောင် ဦးဆောင် စီစဉ်မှာ ဖြစ်ပါတယ်။

အဘဦးဝင်းတင် ဖြစ်စေချင်တဲ့ ဆန္ဒကို အဘကိုယ်တိုင် ပြောပြအသိပေးခဲ့တယ် ဆိုတာ ..... အဲသည် ဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်ပင် ပြုပြင်ပြောင်းလဲမွန်းမံခြင်း မရှိဘူး ဆိုတာကို အသိပေးခြင်းပါ။
(( ဒီမိုဖက်တီး ))