Tuesday, April 22, 2014

ခင်ညွန့်ရဲ. ၅.၈.၁၉၈၉ နေ့ အထူးသတင်းစာရှင်းလင်းပွဲမှာ ဖော်ပြခဲ့ပြီး ထောင်ဒဏ် အနှစ်(၂၀)ချမှတ်


Baydar Lam

စစ်ထောက်လှမ်းရေးညွှန်ကြားရေးမှုချုပ်နှင့် နိုင်ငံတော်ငြီမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ. အတွင်းရေမှုး(၁) ဗိုလ်ချုပ် ခင်ညွန့်ရဲ. ၅.၈.၁၉၈၉ နေ့ အထူးသတင်းစာရှင်းလင်းပွဲမှာ ဖော်ပြခဲ့ပြီး ထောင်ဒဏ် အနှစ်(၂၀) (၁၉၈၉ ခုမှ ၂၀၀၈ ခုထိ) ချမှတ်ချင်းခံခဲ့ရသော ဆရာကြီး ဦးဝင်းတင်၏ ကိုယ်ရေး အကျဉ်းဖော်ပြချက်-စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ခင်ညွန်.ဟာ ဆရာကြီးဦးဝင်းတင် အပါအဝင် ဒီိမိုကရေစီရေး တက်ကြွလှုပ်ရှားသူပေါင်း များစွာကို ယုတ်မာတဲ့စွတ်စွဲချက်တွေနဲ့ စွတ်စွဲဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက်မှုများပြုလုပ်ကာ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီ၏နိုင်ငံတော်အာဏာသီမ်းပိုက်ရေး လှုပ်ရှားမှုများ စာအုပ်မှ —

ဦးဝင်းတင် ၏ ကျန်ရစ်သူမိသားစုအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး

နတ္တလင်းအကြမ်းဖက်မှုများတွင်အုပ်ချပ်ရေးမှုးနှင့်အရံမီးသတ်များပါဝင်

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးတွင် အလံကို တစ်ဝက်ချ



သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း

ဦးဝင်းတင်အတွက် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်ဖို့ မန္တလေးမြို့မှာ ပြင်ဆင်



စူပါ
 DVB
...

ဦးဝင်းတင်ရဲ. အောက်မေ့ဘွယ်ရာအခန်းအနား မြင်ကွင်းများ။

ဦးဝင်းတင်၏ ဈာပနကျင်းပရေးကော်မတီဖွဲ့စည်းရန်



အဖွဲ့ချုပ်နာယက ဘဘဦးဝင်းတင်၏ ဈာပနကျင်းပရေးကော်မတီဖွဲ့စည်းရန်အတွက် အဖွဲ့ချုပ်ရုံးတွင် အစည်းအဝေးပြုလုပ်ခဲ့ကြသည်။
NLD Center

22.4.2014

မန္တလေးတိုင်းဝန်ကြီးချုပ်ရဲမြင့် ဘာတွေလုပ်နေတာလဲ



ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် နယ်နမိတ်အစပ်ရှိ တောင်ပုလုရွာ၏ မြောက်ဘက်တွင်ရှိသော တောင်ကြီးပေါ်တွင် ကွမ်းအင်တရုတ်ကုမ္ပဏီက ဘိလပ်မြေစက်ရုံဆောက်ဖို့ ဆိုပြီးတော့ စမ်းသပ်အင်း ၄, ၅ အင်းဖောက်ပြီး ထွက်လာတဲ့ ကျောက်တွေကို ကားတွေနဲ့ ဘယ်သယ်သွားလဲ မသိပါ။ ပထမစတူးတော့ ကျွန်တော်တို့ ရွာသားတွေကို တစ်ရက်လုပ်အားခ ၅၀၀၀ကျပ် ပေးပြီတော့ ငှားပါတယ်။ နောက်တော့ သူတို့လူတွေ လေးဆယ်ကျော်လောက် ခေါ်လာပြီ တောင်ပုလုရွာသားတွေကို မခိုင်းတော့ပါဘူး။
    ထွက်လာတဲ့ ဗြုန်းကျောက်တွေကို ဂျပ်ဖာတွေနဲ့ ထည့်ပြီး ပါကင်ပိတ်ပြီး ထမ်းချခိုင်းခဲ့ဒါ လေးငါးလလောက် ကြာခဲ့ပါပြီ။ နယ်မြေခံ လူကြီးတွေကလဲ ဝန်ကြီးချုပ်ဦးရဲမြင့်က တိုက်ရိုက်ဆောင်ရွက်ခွင့်ပေးထားတာလို့ သိရလို့ မမေးရဲကြဘူးပေါ့။ ဘာတွေ အဖိုးတန်ထွက်လို့  ဂျပ်ဖာနဲ့ ပါကင်ပိတ်ပြီး သယ်ရဒါလဲ။ အလုပ်သမားတွေ ပြောချက်အရ စိန်နှင့် ရွှေဖြူ ထွက်တယ်လို့ ပြောနေကြပါတယ်။
   ဒါတွေမန္တလေးတိုင်းအစိုးရအဖွဲ့က နိုင်ငံတော်သမ္မတရုံးကို မတင်ပြဘူးလား?
သတ္တူတွင်းဝန်ကြီးဌာနကို မတင်ပြဘူးလား?
သယံဇာတတွေ ကုန်မှ စမ်းသပ်တူးဖော်တာ မအောင်မြင်ဘူးလို့ အကြောင်းပြကြမှာလား?
ခရိုနီနဲ့ ဝန်ကြီးချုပ်ပေါင်းလုပ် ပေါင်းစားနေတာ သေချာနေပါပြီ။ သင်္ကြန်မတိုင်မှီ (၃. ၄. ၂၀၁၄) ရက်နေ့က ဗြုန်းဗန်းလေး တစ်ဗန်းပျောက်တာနဲ့ အလုပ်သမားတွေ ဖြုတ်ပြီး လူသစ်တွေ ထပ်သွင်းထားတော့ ဒေသခံရွာသားတွေမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ကိုယ့်ရွာက သယံဇာတတွေတော့ ခိုးထုတ်နေကြပြီတော့ တောင်ကြီးတစ်တောင်လုံးပျောက်သွားမှ စမ်းသပ်တာ အောင်မြင်မှာလား?
သိသိကြီးနဲ့ အခံရခက်လှပါတယ်လေ
ဘယ်လိုလုပ်နေတာလဲလို့မေးချင်ပါတယ် ဝန်ကြီးချုပ်ရဲမြင့်ရယ်
အနီးကပ်နေပြီ တိုင်းဒေသကြီးမှာရှိတဲ့ အရင်းအမြစ်တွေကို ခရိုနီနဲ့ ပေါင်းရိုက်နေတာလားဗျာ