Friday, April 25, 2014

မြန်မာအသင်း အုပ်စု(က)၌ အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့်အတူ


 Eleven Media Group

အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှ ယူ-၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စု(က)၌ အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားကို ဧပြီ ၂၄ ရက် ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အုပ်စုမဲခွဲမှုအရ အိမ်ရှင်မြန်မာအသင်းသည် အုပ်စု(က)၌ အီရန်၊ ထိုင်း၊ ယီမင်အသင်းတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။

အုပ်စုများ မဲနှိုက်ရေးဆွဲခြင်းကို AFC မှ တာဝန်ရှိသူများနှင့်အတူ နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်ဟောင်း ဘောလုံးသမားများဖြစ်သည့် ဦးသန်းတိုးအောင်နှင့် ဦးစိုးမြတ်မင်းတို့က မဲနှိုက်ပေးခဲ့ကြပြီး မြန်မာအသင်းအတွက် မဲနှိုက်ရာတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က မဲနှိုက်ပေးခဲ့ကြောင်း သိရသည်။ ယင်းပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အာရှထိပ်သီးအသင်းများအပါအ၀င် အသင်း ၁၆ သင်း ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ အုပ်စုမဲနှိုက်ရေးဆွဲမှုအရ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နှင့် ဗီယက်နမ် အသင်းတို့ ပါဝင်နေသော အုပ်စု(ဂ)ကို အုပ်စုကျပ်အဖြစ် သတ်မှတ်ထားပြီး အုပ်စု(ခ) တွင် ဥဇဘက်ကစ္စတန်၊ သြတြေးလျ၊ ယူအေအီး၊ အင်ဒိုနီးရှား၊ အုပ်စု(ဃ)တွင် အီရတ်၊ မြောက်ကိုရီးယား၊ ကာတာနှင့် အိုမန်အသင်း တို့ ပါဝင်လျက်ရှိသည်။

(မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော် မဲနှိုက်ရွေးချယ်ပေးနေစဉ် (ဓာတ်ပုံ - ညီညီစိုးညွန့်))

ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစားလစာ သမ္မတလစာ၏ ၂ ဆ ရှိ




DVB

အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြပါတယ်။

General-Than-Shwe-006အလားတူ အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လည်း ပင်စင်လစာ ၁ လ ကျပ် သိန်း ၈၀၊ နိုင်ငံရေးဆုငွေ ကျပ် သိန်း ၁၈၄၀ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရအဖွဲ့ဟာ သူတို့ တာဝန်ကနေ အနားမယူခင် လက်ရှိ တာဝန်ယူမယ့် အစိုးရအဖွဲ့ ခံစားနိုင်မယ့် လစာဥပဒေ ပြဋ္ဌာန်းပေးခဲ့ပြီး အဲဒီ ဥပဒေထဲမှာ သမ္မတ ကို လစာ ကျပ် သိန်း ၅၀ ခံစားခွင့်ပြုထားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ ကုန်လွန်ခဲ့တဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလ အတွင်း ၁ လ လစာ ကျပ် ၁၅ သိန်းပဲ ရယူခဲ့ပြီး အခု ဧပြီလ ဘဏ္ဍာရေးနှစ် ကျမှသာ ၁ လ ကျပ် သိန်း ၅၀ ခံစားမယ်လို့ သိရပါတယ်။

ပိုင်ဇေ၇ဲထွန်း၏ဇနီးသဲဇင်နိုင် မွေးနေ့အလှူ


(လုမူဝန်ထမ်းဦးစီးဌာန အမျိုးသမီး နှင့်ကလေးများသင်တန်းကျောင်း)

ဦဝင်းချူို ရုံး ချိန်း အမှားကိုသံခြေကျင်းဖြင့်လာရောက်




ဒီနေ့ ပုဒ် မ ၁၈ ဖယောင်း တိုင် ထွန်း စီတန်း လှည့် တဲ့ အမှုပုဒ်မ 18 နောက် တစ်မှု ကို ကျောက်တံတား တရား ရုံး က ထပ်ဆွဲလို့ အင်း စိန် အကျဉ်းဦး စီး ကနေ ရုံး ထုတ် လာတဲ့ ဦဝင်းချို ( သူ က မန္တ လေး သား ဖြစ်သွား ပြီတဲ့ သံ ခြေကျင်း ခတ် ထွက်လာ လို့ ရီရီေ မာ မော ပြော ပြနေပေမဲ့ ) ဆိုး ရွား တဲ့ လူ သတ် တရား ခံ တွေ တောင် လွတ် နေတဲ့ ခေတ် မှာ ပြည်သူ့  အကျိုး ဆောင်ရွက် တဲ့ လက်နက်မပါ လူ ကို ကြတော့ ခြေကျင်း နဲ့ မြင်ရတော့  စိတ် မကောင်း ဖြစ် မိတယ်သူ ပြောပြတဲ့ အသံဖိုင် အံတီ မလုပ်တတ်လို့ သူ့  မိတ် ဆွေ ကို အေး ကျော်က တင် ပေး ပါမယ်တဲ့။ ဒီနေ့ ရုံး ချိန်း မှား ထုတ် လို့ 29/ 4/14
မှရုံးချိန်းက...
ဦးဝင်းချို  ဇနီးကသူ့ဖေ့ဘွတ်မှာတင်ထားတာပါ။

ရွှေတိဂုံစေတီ ပုံစံတူကိတ်မုန့်ကိုလှီးဖြတ်ပြီး အခမ်းအနားဖွင့်လှစ်

Nga Thant
ဗိုလ်မှူးချုပ်စိုးနွယ်
D S A (၁၉) ဆင်း( ကြည်း ၁၄၂၆၈)
ဂျာမနီဆိုင်ရာ မြန်မာ သံအမတ်ကြီး

 ဂျာမနီရောက် မြန်မာသံအမတ်ကြီး ဦးစိုးနွယ် နှင့်အတူ Condor လေကြောင်းလိုင်းမှတာဝန်ရှိသူတို့က ဥရောပနဲ့ မြန်မာပြည်ကို တိုက်ရိုက်ပြေးဆွဲမယ့် လေကြောင်းလိုင်းဖွင့်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတိဂုံစေတီ ပုံစံတူကိတ်မုန့်ကိုလှီးဖြတ်ပြီး အခမ်းအနားဖွင့်လှစ်...။

သားဦးလေးကိုယ်ဝန်ဆောင်ပြီတဲ့...

ပန်းခြံများကိုဖျက်၍ အရက်၊ ဘီယာဆိုင်၊ လုပ်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်


EMG
ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများကိုဖျက်၍ အရက်၊ ဘီယာဆိုင်၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်းများ လုပ်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ထပ်မပေးတော့ဟု စည်ပင်ပြောကြား
**********************************************************
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင် အပါအ၀င် ပန်းခြံများဖျက်၍ အရက်ဘီယာဆိုင်၊ ရှော့ပင်းစင်တာနှင့် အခြားစီးပွားဖြစ် လုပ်ငန်းများ လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ပြီး ယခုနောက်ပိုင်းတွင် ထပ်မပေးတော့ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း မြို့နယ်ပေါင်း ၃၃ မြို့နယ်ရှိပြီး ပန်းခြံစုစုပေါင်း ၆၃ ခု (တစ်မြို့နယ်ပျမ်းမျှ နှစ်ခုနီးပါး)နှင့် အားကစားကွင်း ၉၉ ခု (တစ်မြို့နယ်ပျမ်းမျှသုံးခု)သာ ရှိကြောင်း သိရသည်။

အများပြည်သူ အပန်းဖြေရာ ပန်းခြံနှင့် အပန်းဖြေဥယျာဉ်များအတွင်း ပုဂ္ဂလိကသို့ အရက်ဘီယာ၊ ရှော့ပင်းစင်တာ အပါအ၀င် စီးပွားဖြစ်လုပ်ငန်း လုပ်ကိုင်ရန် ပေးခဲ့မှုများမှာ များပြားစွာရှိခဲ့ပြီး အဆိုးဆုံးအနေဖြင့် ရွှေတိဂုံဘုရားနှင့် မျက်နှာချင်းဆိုင် အများပြည်သူ အပန်းဖြေရာ ပြည်သူ့ဥယျာဉ်အတွင်း ရှော့ပင်းစင်တာ တည်ဆောက်လုပ်ကိုင်ခွင့် ပေးမှုနှင့် ဧက ၁၀၀ ကျော်ကျယ်ဝန်းသော ပြည်သူ့ဥယျာဉ်နှင့် ပြည်သူ့ရင်ပြင်အတွင်း ဧက ၆၀ ကျော်ကို ကုမ္ပဏီသုံးခုသို့ လုပ်ကိုင်ခွင့် ပေးခဲ့မှုဖြစ်သည်။

ထိုသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းများမှာ ယခင်မြို့တော်ဝန် လက်ထက်ကဖြစ်ကြောင်းနှင့် ယခုနောက်ပိုင်းတွင် ပန်းခြံများအတွင်း အရက်ဘီယာနှင့် စီးပွားဖြစ်လုပ်ငန်းများ လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တာဝန်ရှိသူက ပြောကြားခဲ့သည်။

ယင်းအပြင် တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ ကန်သာယာပန်းခြံ၊ ၈ မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံများအတွင်း စီးပွားဖြစ်လုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေသည့် အပေါ်၌လည်း ပန်းခြံအဖြစ်သာ ထားရှိပြီး ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပေးမည် မဟုတ်ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်၍ အတည်ပြု ပြောကြားခဲ့သည်။

ဧက ၁၀၀ ကျော်ကျယ်ဝန်းသော ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း ဧက ၆၀ ကျော်ကို လုပ်ကိုင်ခွင့်ရခဲ့သည့် ကုမ္ပဏီများမှာ Natural World၊ Happy Zone၊ ရေလွှာကစားနည်း ကုမ္ပဏီတို့ဖြစ်ပြီး ယခင် မြို့တော်ဝန် ဦးအောင်သိန်းလင်း လက်ထက်က လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် ကန်တော်မင်၊ မြိုင်ဟေ၀န်၊ မြကျွန်းသာ၊ ကန်တော်ကြီး စသည်ဖြင့် ရန်ကုန်မြို့၏ အချက်အချာကျ နေရာများရှိ ပန်းခြံနှင့် ဥယျာဉ်များအတွင်း ပုဂ္ဂလိကသို့ ဧရိယာများစွာကို လုပ်ကိုင်ခွင့်ပြုထားပြီး အရက်ဘီယာဆိုင် များစွာကိုလည်း ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

ပန်းခြံပေါင်း ၆၃ ခုရှိသည်ဟု ဆိုသော်လည်း ရန်ကင်းပန်းခြံကဲ့သို့ အမှန်တ ကယ်အပန်းမဖြေနိုင်သည့် ပန်းခြံငယ်၊ ကျဉ်းကျဉ်းကျပ်ကျပ် ပန်းခြံလေးများ အများအပြား ပါဝင်လျက်ရှိသည်။

ပန်းခြံများအပြင် အားကစားကွင်းများ အချို့ကိုလည်းဖျက်၍ အိမ်ရာများ ဆောက်လုပ်ရောင်းချခဲ့မှု၊ အိမ်ရာဆောက်လုပ် ရောင်းချရန် ပုဂ္ဂလိကသို့ လွှဲပြောင်းထားမှု များရှိကြောင်း သိရသည်။

ဥပမာအားဖြင့် ရန်ကင်းမြို့နယ်၊ ရန်အောင်လမ်းသွယ်(၁)ထိပ်ရှိ မည်သူမဆို လွတ်လပ်စွာ ကစားနိုင်သည်ဟူသော အားကစားကွင်း နေရာကိုဖျက်၍ အိမ်ရာဆောက်လုပ် ရောင်းချခဲ့မှု၊ သိမ်ဖြူအားကစားကွင်းအား ယာဉ်မောင်းသင်ကွင်းအဖြစ် ပြောင်းလဲသုံးပြီးနောက် အားကစားကွင်း မဟုတ်တော့ ဟုဆိုကာ ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့မှုများ ဖြစ်သည်။

သိမ်ဖြူယာဉ်မောင်းကွင်းအား လေလံတင်၍ Asia Myanmar Consortium Development ကုမ္ပဏီသို့ စည်ပင်နှင့်စီးပွား ဖြစ်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုခဲ့သည်မှာ လက်ရှိရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ လက်ထက်၌ ဖြစ်သည်။

တစ်မြို့နယ်လျှင် ပျမ်းမျှအားဖြင့် ကစားကွင်း သုံးခုရှိသည်ဟု စာရင်းအရ ပေါ်နေသော်လည်း ပြုပြင်ခြင်းမရှိ၍ အများပြည်သူ အမှန်တကယ် အသုံးမပြုနိုင်သော အားကစားကွင်းများ၊ ဖျက်၍အိမ်ရာ ဆောက်လိုက်သည့် အားကစားကွင်းများကြောင့် အမှန်တကယ် သုံးနိုင်သည့် အားကစားကွင်းမှာ အနည်းအကျဉ်းသာ ရှိသည်ဟု သိရသည်။

ပန်းခြံ၊ အားကစားကွင်းများ သာမကဘဲ ရန်ကုန်မြို့ရှိ အချက်အချာကျ နေရာတွင်ရှိသော ပြည်သူပိုင်မြေ၊ ဈေးနေရာများကိုပါ ယခင်မြို့တော်ဝန် လက်ထက်က ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

(အစိုးရသစ်လက်ထက်တွင် ပုဂ္ဂလိကသို့ ဆောက်လုပ်ခွင့်ပြုထားသော သိမ်ဖြူယာဉ်မောင်းကွင်း (ယခင်- အားကစားကွင်းဟောင်းနေရာ) ကို ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်))

ဒေါ်အောင်ဆန်းစုကြည် ၇န်ကုန်ပြည်သူ့ဆေးရုံအဆင်မြင့်တင်ေ၇းညှိနှိုင်းအစည်းအဝေးတက်ေ၇ာက်

ဒီနေ့ကာတွန်း

သီလ၀ါသတင်းစာရှင်းပွဲ

ဖားကန့်တွင် မြေစာပုံပြိုကျရာ ရေချိုးနေသော မောင်နှမသုံးဦးသေဆုံး



 Friday, April 25,2014
မောင်တာ
အောင်သစ်လွင်
ရန်ကုန်
7daydaily

မြေစာပုံပြိုကျမှုကြောင့် ရေကန်ရေလျှံပြီး ကလေးငယ်သုံးဦး ရေနစ်မြုပ်ပျောက်ဆုံးသွားရာ ဒေသခံများ ၀ိုင်းဝန်းရှာဖွေနေစဉ် (ဓာတ်ပုံ−ကိုရွှေသိန်း)

ဖားကန့်မြို့နယ်တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတစ်ခုက စုပုံထားသည့် ပေ ၃၀၀ ခန့် အမြင့်ရှိ မြေစာပုံပြိုကျမှုကြောင့် အနီးရှိရေကန်တွင် ရေချိုးနေသည့် မောင်နှမသုံးဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း  ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။ 

မောင်နှမသုံးဦးရေချိုးနေစဉ် အနီးရှိမြေစာပုံ ပြိုကျခဲ့ရာမှ ရေကန်အတွင်း ၁၅ ပေ မြင့်သော လှိုင်းလုံးများဖြစ်ပေါ်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်းသူ နှစ်ဦးနှင့် လေးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် မောင်နှမသုံးဦး သေဆုံးသွားခဲ့သည်။

ဧပြီ ၂၂ ရက်ညနေက ဖားကန့်မြို့နယ်၊ စွပ်ဂျာကျေးရွာရှိ ကံပွင့်ဦးသတ္တုတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်အတွင်း အဆိုပါ လူသေဆုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

‘‘ရေကန်ထဲကိုပမာဏများတဲ့ မြေစာတွေ ရုတ်တရက်ပြိုကျ တော့ ဆူနာမီအသေးစားလိုဖြစ်ပြီး ရေထဲမြုပ်သွားတာ။ သေဆုံးသူတွေကို မြေတူးစက်တွေနဲ့ ပြန်ရှာတာ ဒီနေ့ပဲအားလုံးပြန်တွေ့ပါပြီ’’ဟု ဖားကန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးကပြောသည်။

ရေကန်မှာ အလျားပေ ၅၀၀၊ အနံပေ ၁၀၀ ခန့် ကျယ်ပြီး ပေ ၂၀ နက်ကာ မြေစာပုံပြိုကျသည့်အချိန်တွင် ရွာသားများ ရုတ်တရက် အံ့သြထိတ်လန့်ခဲ့ရကြောင်း စွပ်ဂျာကျေးရွာမှ ဒေသခံ ဦးမန်ဆိုင်းကပြောသည်။

သေဆုံးသွားသူများမှာ ဖားကန့်မြို့နယ်  အထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင်တန်းနှင့် အဋ္ဌမတန်းကျောင်းသူနှစ်ဦးနှင့် လေးနှစ်အရွယ် ကလေးတစ်ဦးတို့ဖြစ်ပြီး သေမှုသေခင်းဖွင့်၍ စစ်ဆေးနေကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ ကုမ္ပဏီပိုင်ဧရိယာတွင် ဖြစ်ပွားခဲ့သော်လည်း လုပ်ငန်းခွင်နှင့်မသက်ဆိုင်ဘဲ သဘာဝဘေးအန္တရာယ်ကဲ့သို့ ဖြစ်ခဲ့ခြင်းကြောင့် ကုမ္ပဏီတွင် တာဝန်မရှိကြောင်း ဖားကန့်မြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။ သို့သော် ယင်းဖြစ်စဉ်၌ သေဆုံးသူများ၏ ဆွေမျိုးသားချင်းများ အပါအဝင် ဒေသတွင်းအုပ်ချုပ်ရေး တာဝန်ရှိသူများ၏ ပေါ့ဆမှုကြောင့် ကြိုတင်မှန်းဆ၍ရနေသည့် အန္တရာယ်ကို မကာကွယ်နိုင်ခဲ့၍ ကလေးငယ်များ သေဆုံးရခြင်းဖြစ်ကြောင်း အငြိမ်းစားရဲအရာရှိကြီးတစ်ဦးက သုံးသပ်သည်။

 ဖားကန့်မြို့  အပါအဝင် ကချင်ပြည်နယ်တွင် ယခုရက်များအတွင်း မိုးရွာသွန်းမှုများရှိခဲ့ပြီး အဆိုပါ မြေစာပုံပြိုကျမှုမှာ တစ်နွေလုံး တူးပုံထားသည့်မြေစာများ မိုးရေစိုကာ ပြိုကျခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ် လုံးခင်းရွာမှ ရွှေမျောလုပ်ငန်းရှင် ဦးမြသွင်က ပြောကြားသည်။

ဦးဝင်းတင်အတွက် ကျန်ရှိနေသော လုပ်ငန်းများအတွက်စည်းဝေးတိုင်ပင်


Ohmar Saw

ဒီကနေ့ ၂၅-၄-၂၀၁၄ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဘဘဦးဝင်းတင်အတွက် ရက်လည်ဆွမ်းကျွေးနှင့် ဘဘ အတွက် ကျန်ရှိနေသော လုပ်ငန်းများအတွက်
အဖွဲ့ချုပ်နာယကကြီး ဘဘဦးတင်ဦးနှင့်၊ ဦးဥာဏ်ဝင်း၊ NLD CEC အဖွဲ့၊ ဘဘဦးဝင်းတင် ဈာပနဖြစ်မြောက်ရေး ကော်မတီအဖွဲ့နှင့် ၈၈ မှ ဦးကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ ကိုပြုံးချိုနှင့် ၈၈ အဖွဲ့သားများ စည်းဝေးတိုင်ပင်နေကြပါသည်။