Saturday, April 26, 2014

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ပန်းခြံကျောင်းလမ်းအိမ်း ၆ လုံး မီးလောင်



Thaung Tan Cho

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ပန်းခြံကျောင်းလမ်း အိမ်အမှတ် ၁၉/က မှိုယာဆိုင် လမ်းမှူးအိမ်မှ ယနေ့ ညနေ ၃ နာရီခန့်တွင် မီးစတင်လောင်ကျွမ်းရာ အိမ်း ၆ လုံး မီးလောင်သွားခဲ့ပါသည်။
 NLD Hlaing Information

ကြံ့ဖွတ်ဂျာနယ်ကမျှော်လင့်တာ...



လိုအပ်တာထက်မြေပိုသိမ်း၊
လိုအပ်တာထက်ငွေပိုသုံး
လိုအပ်တာထက်မီးလောင်ဗုံး...
စသဖြင့်.....

ဖာတာလက်ရာတူလို့ပါ....


ရောင်နီဦးနဲ့ဦးရဲထွဋ်ကသမီးယောက်ဖတော်လား၊
ဖာတာလက်ရာတူလို့ပါ....

ဦးအောင်သောင်း၏နောက်ဆုံးသက်ငွေ့လေးမှုတ်ထုတ်သံ

Photo credit Kyaw Sann Thinn

ဦးအုန်းထွန်းတို့ ဇနီး မိသားစုဟာ ဘဘ ဦးဝင်းတင်ကို ကွယ်လွန်သည် အထိ စောင့်ရှောက်ခဲ့



ဗမာ့ သားကောင်း

ဘဘ ဦးဝင်းတင် ထောင် မှလွတ်လာတဲ့ အခါ နေစရာ အိမ်မရှိတော့ပါဘူး ၊ စားစရာ မရှိ ၊ မိသားစု မရှိဖြစ်နေတဲ့ ဘဘ ဦးဝင်းတင် ဟာ နေ့ဘက်မှာ သူငယ်ချင်း ဖြစ်သူ ဦးမောင်မောင်ခင်အိမ်မှာ နေရပီး ညဘက် ရောက်တဲ့ အခါ သူငယ်ချင်း ဖြစ်သူ ဦးအုန်းထွန်း အိမ်မှာ ဧည့်စာရင်း တိုင်ပီး ညအိပ်ရပါတယ် ။

ဦးမောင်မောင်ခင် ကျန်းမာရေး မကောင်း တာကြောင့် သက်ဆိုင်ရာ ကို အကြောင်းကြားပီး သူငယ်ချင်းဖြစ်သူ ဦးအုန်းထွန်း အိမ်မှာ ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ် ။

ဒီပုံမှာ ပါတဲ့ ဦးအုန်းထွန်းတို့ ဇနီး မိသားစုဟာ ဘဘ ဦးဝင်းတင်ကို ကွယ်လွန်သည် အထိ စောင့်ရှောက် ပေးခဲ့ကြပါတယ် ....။


Chawchaw Mirror
ဘာကြောင့် ဘဘ ဦးဝင်းတင် ထောင်အင်္ကျီ အပြာရောင်ကို အမြဲ ဝတ်ဆင်ခဲ့ရသလဲ
=========================

ဘဘ ဦးဝင်းတင် ထောင် က လွတ်လာတော့ သူ့ အိမ်ကို အတင်းပြန်ပို့တယ် ..။ အဲဒီအချိန်က သူ့ အသက် ၈၀ ရှိနေပီ ။ အရင်သူ နေခဲ့တဲ့ လမ်းသစ်လမ်းက အိမ်ကို အစိုးရက ချိတ်ပိတ်ထားခဲ့တော့ နေစရာမရှိဘူး ။

နေစရာမရှိ အိုနာကျိုးကန်း ပြီး အသက်အရွယ် ကြီးတဲ့ ဘဘ ဆီမှာ မိသားစု မရှိဘူး ။ သားသမီး မှီခိုစရာလည်း မရှိဘူး ။ ဒါနဲ့ သူငယ်ချင်း ဖြစ်တဲ့ ဦးမောင်မောင်ခင် အိမ်မှာ နေ့ဘက် သွားနေရရှာတယ် ၊ ညဘက် ကျတော့ ကျောက်ကုန်းက သူငယ်ချင်း ဦးအုန်းထွန်း အိမ်မှာ သွား အိပ်ရရှာတယ် ။ အိပ်တာတောင်မှ ဧည့်စာရင်းတိုင်အိပ်ရရှာတယ် ။

ဒါက စစ်အစိုးရက နေ ဘဘ ကို ဒီနှစ်အိမ်မှာပဲ တလှည့်စီ နေရမယ်လို့ ခွင့်ပြုထားခဲ့တာ ။ ဘဘ သွားလေရာ နောက်ကိုတော့ ကြွက်တွေခမြာ လိုက်ရရှာတာပေါ့ ။ ဒီလောက်အသက်အရွယ်ကြီးနေတဲ့ ဘဘ ကို အိမ်နှစ်အိမ် အသွားအပြန် ကြားမှာ စိတ်မချမ်းသာ စရာဖြစ်အောင် အညိုးကြီးစွာ နဲ့ လုပ်ရက်ခဲ့တယ် ။

နောက် ဘဘ ရဲ့ သူငယ်ချင်း ဦးမောင်မောင်ခင် ကျန်းမာရေး မကောင်းတာကြောင့် သူ့မိသားစု ကို ပနှောင့် အယှက်မပေးလိုတာကြောင့် ကျောက်ကုန်းက အဘ ဦးအုန်းထွန်းတို့အိမ်မှာ နေဖို့ သက်ဆိုင်ရာကိုပြောခဲ့တယ် ။

ဒါနဲ့ ဘဘ ဦးဝင်းတင်လည်းသူ့ရဲ့ သူငယ်ချင်းကောင်း ဦးအုန်းထွန်းရဲ့ အိမ်ကို ပြောင်းလာခဲ့တယ် ။ ဘဘ အတွက် အခန်းတခန်း ပေးထားတယ် ။ ဒါပေမယ့် ဘဘ ဆီကိုလာတွေ့တဲ့ ဧည့်သည်တွေကများတော့ သူ့သူငယ်ချင်း မိသားစုကို အနှောင့်အယှက်မပေးလိုတာကြောင့် အိမ်ရှေ့ မြေကွက်လပ်မှာ အိမ်အခန်းငယ်လေး ဆောက်နေခဲ့တယ် ...။ ဦးအုန်းထွန်းတို့မိသားစုဆိုတာ ဘဘ ဦးဝင်းတင် ထောင် ကျကတည်းက ထောင်ဝင်စာမပြတ်တွေ့ခဲ့တဲ့ သူတွေ ပေါ့ ။

အခု ဘဘ မဆုံးခင်ကလေးကမှ ဘဘ လို ထောင်ကျခဲ့ပီး အစိုးရပေးခဲ့တဲ့ နေအိမ်တွေကနေ ဖယ်ရှားခံခဲ့ရပီး နေစရာ အိမ်မရှိ အဆင်မပြေ ဖြစ်နေကြတဲ့ နိုင်ကျဉ်းဟောင်းတွေက အစိုးရဆီက ပြန်တောင်းဖို့ လက်မှတ်စုပေါင်းထိုးဖို့ ပြောလာကြတဲ့အတွက်ဘဘ ဟာ ထိုးပေးခဲ့ရခြင်း ဖြစ်တယ်

ဖြစ်ကတတ်ဆန်းစီစီတီဗွီ အထင်ကရ ဘုရားမှာ


 Khant Nyi Phae
ဒါ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ ပုဂံမြေက ဥာဏ်တော်အမြင့်ဆုံးဆိုတဲ့ အထင်ကရ ဘုရားမှာပါ။ လုံခြုံရေးအတွက် စိတ်ချ မချရတော့မသိ၊ အဖိုးတန် အမွေအနှစ်ပေါ် ဖြစ်ကတတ်ဆန်း လုပ်ပြီး ဆင်ထားတဲ့ စီစီတီဗွီ ကင်မရာကြောင့် အရုပ်ဆိုးရပြီ။ လူမြင်ကွင်း အရှေ့မျက်နှာစာမှာပါ။ ကျွန်တော် အိမ်က ဘာမှအဖိုးမတန်တဲ့ နံရံမှာတောင် ဒီလို ပြီးပြီးရော အလုပ်မခံနိုင်ပါဘူးဗျာ။ အခုဟာက တန်ဖိုးမဖြတ်နိုင်တဲ့ အမျိုးသား အမွေအနှစ်ကြီး။ လုပ်ရက်လိုက်ပါပေ့ သကောင့်သားတို့ရယ်။

အလုံလမ်း အမှတ်၁၅၅ မှာ သုံထပ်တိုက်ပြိုကျနှစ်ဦးကသေဆုံး



[Kumudra]

အလုံမြို့ နယ် ဌာနေရပ်ကွက် အလုံလမ်း အမှတ်၁၅၅ မှာ သုံထပ်တိုက်ဲပြိုကျမှုတစ်ခု ယနေ့ ညနေ ၄း၀၀ ၀န်းကျင်က ဖြစ်ခဲ့ပါတယ်။ ကန်ထရိုက်ပေးဖို့ တိုက်ဖြိုနေရင်းပြိုကျတာလို့ သိရပါတယ်။ ပြိုပြိုချင်း ပိနေသူတစ်ဦးကိုကယ်ထုတ်ဆေးရုံပို့ နိုင်ခဲ့ပါတယ်။ အခုထိ၎င်းဟာ ဒဏ်ရာရရုံလောက်ရှိခဲ့တယ်လို့ သိရတယ်။

ထပ်မံပြီး၎း၄၀ ၀န်းကျင်မှာ ပိနေသူတစ်ဦး ထပ်မံထုတ်ခဲ့ရပြီး ၅း၃၀ ၀န်းကျင်မှာ နောက်ထပ်တစ်ဦးကို ထပ်ထုတ်ခဲ့ပါတယ်။ အဲသည်နှစ်ဦးကသေဆုံးနိုင်ခြေများတယ်လို့  ကယ်ဆယ်ရေးပြုလုပ်နေတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
___ Author ရဲလင်းလင်းသန်း

Photo-Bun Ny

Bun Ny
အဘုံလမ်းအောက်ဘက် လူ၂ယောက်ပိနေသေးသည်

ဒီနေ့ကာတွန်း

ဟဲလို... စိုးနွယ်လား...၊ ငါ..!! သိန်းစိန်...”

“ဟုတ်ကဲ့ပါ.. လေးစားပါတယ်...သမ္မတကြီးခင်ဗျ...၊ နေကာင်းရဲ့လားခင်ဗျ...”

“နေကောင်းတာ မကောင်းတာ အသာထား...၊ မင်းကွာ...၊ ဘယ့်နှယ် ကိတ်မုန့်ကို စေတီတော်ပုံ လုပ်ပြီး ဓား နဲ့ ခွဲရသလားကွာ...၊ ဒီမှာ ဝေဖန်သံတွေ ညံနေပြီကွ...”

“ဟာဗျာ... ကျနော် တကယ်ကို မထင်မိလို့ပါ...”

“ဟ..စိုးနွယ်... မင်းက ဘာကို မထင်တာလဲကွ...”

“ဟို..ဒီလိုပါ..သမ္မတကြီး...၊ ကျနော်က ဒီလိုဝေဖန်သံတွေကြားရမယ် မထင်လို့ပါ...၊ ဘာလို့ဆိုတော့ စေတီအစစ်တွေ..၊ ဘုရားတွေ..၊ သိမ်တွေ ဖျက်တာ..၊ ဖြိုတာ..၊ သိမ်းတာတွေတောင် ဝေဖန်သံ မကြားရဘူးဆိုတော့ ကိတ်မုန့်ကို ဖျက်တာလောက်တော့ ဝေဖန်မယ်လို့ မထင်မိလို့ပါ.....”

“ဟေ.. ငါတို့ စေတီတွေ..၊ သိမ်တွေ.. ဖြိုတာ.. ဖျက်တာ သိမ်းတာတွေအတွက် မင်းက ဘာဝေဖန်သံမှ မကြားဘူးလား...”

“မကြားမိ မတွေ့မိ ဆို...၊ မနက်လင်းတာနဲ့ နိုင်ငံ့ သတင်းစာတွေကို ဒေါင်းလုတ် လုပ်ပြီးဖတ်တာ...၊ တိုင်းပြည်ကြီးက အေးချမ်းသာယာဝပြောပြီး ဘာ ပဋိပက္ခ..၊
ဘာမကျေနပ်မှုမှ မတွေ့မိပါဘူး... သမ္မတကြီး...”

“တိန်... ဂီးးးးး ခွီးးးးး”


Ko Nay Myo 

၅၉(စ)ပြုတ်ရင် ဘာနိုင်ငံဖြစ်သွားမလဲ



-ဒေါက်တာခင်နိုင်ဦး
-၂၅. ၄.၂၀၁၄

၅၉(စ) ဆိုတာ ဒေါ်စု သမ္မတဖြစ်လို့မရအောင် ညစ်ပတ်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ လူသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ပိတ် ထားတဲ့ ၅၉(စ) ပြုတ်အောင်ကို ပြည်သူ့ အင်အားနဲ့ ဖြုတ်ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။


ယနေ့ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ ၅၉ (စ)အရ သမ္မတလောင်း ရွေးချယ်ခံချင်သူရဲ့ ချွေးမဟာတိုင်းတစ်ပါးသား ဖြစ်နေမယ်ဆိုရင် အဲ့သည်သူ အရွေးချယ်ခံပိုင်ခွင့် ဆုံးရှုံးသွား တယ်လို့ပြပါတယ်။ တကယ်တော့ သားသမီး ကိုတောင်မှ အဲ့သလိုချုပ်ချယ်ချင်လို့ မဖြစ်ပါ ဘူး။ ငါသမ္မတဖြစ်ချင်လို့ ငါ့သားနင်လည်း နိုင်ငံခြားသားမလုပ်နဲ့ နိုင်ငံခြားသား မိန်းမ ကိုလည်း မယူနဲ့လို့ ပိတ်ထားရမယ့် အဖြစ် မျိုးပါ။ လူဆိုတာက အသက် ၂၁ ဆိုရင် သူ့လမ်းသူရွေးပြီပဲ။

အခြေခံဥပဒေမှာဖော် ပြထားတဲ့ ပြဋ္ဌာန်းချက် ပုဒ်မ ၃၄၇ နိုင်ငံ တော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည် အရ နိုင်ငံသားတိုင်းဟာ အမှန်တကယ်ပဲ နိုင်ငံ ရေးမှာ ပါဝင်နိုင်ရပါလိမ့်မယ်။ဒါ့အပြင်ပုဒ်မ ၃၄၈ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သည် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည် သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ် ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်း ရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိ စေရ။ ဆိုတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် မို့ဆိုပြီး ခွဲခြားထားလို့ မရပါဘူး။ ဒါဟာ အခြေခံဥပဒေက ပေးပြီးသား နိုင်ငံသားအခွင့် အရေး ဖြစ်ပါတယ်။

 

ပုဒ်မ ၃၄၈ နှင့် ၃၄၇ ကို ပုဒ်မ ၅၉(စ)က ပြန်ပြီး ကန့်သတ်လိုက်တာ ဖြစ်တဲ့အတွက် ပြင်ကိုပြင်ရပါလိမ့်မယ်။ မပြင် ရင် ကျွန်တော်တို့ ဖွဲ့စည်းပုံဟာ ရှေ့နောက် မညီလို့ ရှက်စရာကြီးပါ။ ဒါကြောင့် နိုင်ငံတ ကာက ဥပဒေပညာရှင်တွေက အမှိုက်ပုံးဆိုပြီး တင်စားခေါ်ရအောင် စွမ်းတဲ့ ဖွဲ့စည်းပုံဖြစ် နေလို့ပါ။

၅၉(စ) မပြင်ရင် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်နိုင်ပြီလား၊ မဟုတ်ပါ ဘူး။ ၅၉(စ)ကို မပြင်လည်း ၀ှိုက်ကတ်ရတဲ့သူ တောင်မှ ပါတီထောင်ခွင့်ပေးထားလို့ ဘယ် အမျိုးဘာသာသာသနာ စောင့်ရှောက်တဲ့ ဥပ ဒေထုတ်ထုတ် ဘာသာခြားအပြင်ကို နိုင်ငံ သားမဟုတ်သူပါ လွှတ်တော်ထဲ ရောက်လာ နိုင်တဲ့ အခွင့်အရေး ပေးထားပါတယ်။ ဒါ ကြောင့် ထူးပြီးခြားမလားနိုင်ပါဘူး။

၅၉(စ) ကိုပြင်ရင် ဘာဖြစ်မလဲ၊
ဘာမှမဖြစ်ပါဘူး။ နိုင် ငံခြားက ဘယ်လိုလူမျိုးကမှလည်း တက်ပြီး သမ္မတလာဖြစ်လို့ မရပါဘူး။ အတော် များများက ၅၉(စ)ကို မဲနေတာ။ သူ့ထက် ကောင်းတဲ့ ၅၉(ခ) နဲ့ ချုပ်ထားပြီးသားဖြစ်ပါ တယ်။ ၅၉(က) နဲ့ (ခ) နဲ့တင် အားလုံးပွဲသိမ်း ပါတယ်။

၅၉(ခ) မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေး ဖွားသော တိုင်းရင်းသားမှဖြစ်သည့် မြန်မာ နိုင်ငံသားဖြစ်ရမည်။ သေသေချာချာပြန်ဖတ် ကြည့်ပါဦး။ သမ္မတလောင်းတစ်ဦးဟာ မိမိ ရော၊ မိမိရဲ့ မိဘနှစ်ပါးစလုံးဟာ မြန်မာနိုင်ငံ မှာပဲ မွေးဖွားကြီးပြင်းသူဖြစ်ရမယ်၊ တိုင်းရင်း သားတွေ ဖြစ်ရမယ်၊ မြန်မာနိုင်ငံသားဖြစ်ရ မယ် ဆိုတဲ့ အချက်နဲ့တင် ဘယ်မှာလာပြီး ဘယ်နိုင်ငံက ကုလားတွေ၊ တရုတ်တွေလာပြီး မြန်မာနိုင်ငံရဲ့ သမ္မတလာဖြစ်တော့မလဲ။ သူ တို့ဟာ နိုင်ငံသားဖြစ်ခဲ့တယ်ထားဦးတော့ တိုင်း ရင်းသားမှ မဟုတ်ကြပဲ။ သည်တော့ အမျိုး ဘာသာ၊ သာသနာစောင့်ရှောက်ဖို့ ၅၉(စ) မလိုပါ။။ ၅၉(ခ)နဲ့တင် ပွဲသိမ်းနေပါပြီ။


၅၉(စ) ကတော့ ထဘီဝတ်မိန်းမသားတစ်ဦးကို ဘောင်း ဘီဝတ်စစ်သားကြီးများက ကြောက်ပြီး ရေး ထားတဲ့ ဖွဲ့စည်းပုံပြဋ္ဌာန်းချက်ပါ။ ဘုမသိ ဘ မသိ အမျိုးစောင့်သူများဟာ မလေ့လာဘဲ ကုန်းမအော်ကြပါနဲ့။ ၅၉(စ)ဖြုတ်လို့ ဘာသာခြား နိုင်ငံဖြစ်စရာအကြောင်း မရှိပါဘူး။ ဖြစ်စရာရှိ ကိုယ့်နိုင်ငံကို အကောင်းဆုံးမြှင့်တင်ပေးနိုင် မည့်သူကို ဆုံးရှုံးသွားမှာကိုပဲ စိုးရိမ်ကြပါ။ ၅၉(စ) မပြင်လို့ နစ်နာစရာရှိရင် ပြည်သူပဲနစ် နာမှာပါ။ ရေးခဲ့တဲ့ စစ်သားဘောင်းဘီကျွတ် တွေကတော့ နစ်နာစရာမရှိပါဘူး။

အမျိုးဘာ သာသာသနာ စောင့်ရှောက်မယ် အော်တဲ့ သူတွေ စိတ်ဆိုးထိုက်တာက ၅၉(စ) မဟုတ် ဘူး။ နိုင်ငံသားမဟုတ်ဘဲ ၀ှိုက်ကတ်ကိုင် တဲ့သူတွေ ပါတီထောင်ခွင့်ပေးတာကိုပါ။ အဲ့ ဒါကိုကော ဘယ်လို သဘောရလဲ။ ၅၉(စ)ကို ပဲ မြင်မြင်နိုင်လွန်းလို့ ပြောတာပါ။

သမ္မတ ရာထူး အရည်အချင်းအတွက် မြန်မာနိုင်ငံရဲ့ ဘယ်ဖွဲ့စည်းပုံမှာမှ ပြီးတော့ ဘယ်နိုင်ငံမှာမှ သားသမီး၊ ချွေးမ၊ သမက်တွေကို ကြည့်ပြီး ရွေးချယ်ခံပိုင်ခွင့်မရှိလို့ ပါတာ မတွေ့ဖူးပါဘူး။

၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်က နိုင်ငံတော်သမ္မတအတွက် သတ်မှတ်ထားတဲ့ အရည်အချင်းကို ပြပါဦးမယ်။ ၁၉၄၇ ဗိုလ် ချုပ်အောင်ဆန်းတို့ရေးခဲ့သော ဖွဲ့စည်းပုံပုဒ်မ ၄၉(က) မိမိကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘနှစ်ပါးသော်လည်းကောင်း ပြည် ထောင်စုနိုင်ငံ၏ ပိုင်နက်အတွင်း၌ မွေးဖွား ခဲ့၍ ပြည်ထောင်စုနိုင်ငံသားလည်းဖြစ်သော၊ ထို့အပြင် (ခ) ပါလီမန်အမတ်အဖြစ် ရွေး ကောက်တင်မြှောက်ခံနိုင်သည့် အရည်အ ချင်းနှင့်လည်း ပြည့်စုံသော ပုဂ္ဂိုလ်မျိုးမဟုတ် လျှင် မည်သူမျှ နိုင်ငံတော် သမ္မတရာထူးအ တွက် ရွေးကောက်ခံနိုင်ခွင့်မရှိစေရ။ ကဲ ရှင်း ပလား။

ဒါကြောင့်မို့ ၅၉(စ) ဆိုတာ အမျိုး ဘာသာစောင့်ရှောက်ဖို့ ထည့်ဆွဲထားတာ မ ဟုတ်ဘူးဆိုတာ သိရမယ်။


၅၉(စ) ဆိုတာ ဒေါ်စု သမ္မတဖြစ်လို့မရအောင် ညစ်ပတ်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်။ လူသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးကို ပိတ် ထားတဲ့ ၅၉(စ) ပြုတ်အောင်ကို ပြည်သူ့ အင်အားနဲ့ ဖြုတ်ချကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒေါက်တာခင်နိုင်ဦး

အမှတ်စဉ် ၉၈၊ သည်လေဒီးစ်နယူးစ်ဂျာနယ်

ဆရာတော်နှစ်ပါးအကြား အပြန်အလှန် ပြန်ကြားစာများမှာ တဖြည်းဖြည်း ပြင်းထန်လာ



Tomorrow
ဆရာတော် ဦးဝီရသူ (မစိုးရိမ်)၏ နိုင်ငံရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)မှ လူမှုရေး စာမျက်နှာပေါ်တွင် ထောက်ပြမိန့်ကြားခဲ့ရာမှ ဆရာတော် ဦးဇ၀နနှင့် ဆရာတော် ဦးဝီရသူတို့၏ အပြန်အလှန် ပြန်ကြားချက်

http://tomorrow.com.mm/?q=articles%2F388

ဆရာတော် ဦးဝီရသူ (မစိုးရိမ်)၏ နိုင်ငံရေး လှုပ်ရှားမှုနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)မှ လူမှုရေး စာမျက်နှာပေါ်တွင် ထောက်ပြမိန့်ကြားခဲ့ရာမှ ယခုအခါတွင် ဆရာတော်နှစ်ပါးအကြား အပြန်အလှန် ပြန်ကြာစာများမှာ တဖြည်းဖြည်း ပြင်းထန်လာခဲ့ပြီဖြစ်သည်။ ယင်းနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)၏ ဧပြီ ၁၇ရက်နေ့တွင် ပြန်ကြားခဲ့သော စာနှင့် ဧပြီ ၁၉ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ပြန်လည် ပြန်ကြားခဲ့သော စာများမှ ကောက်နုတ်ချက်အချို့အား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

“ညီမောင် ဦးဇင်းဝီရသူထံ အရှင်ဇ၀န (နိုင်ငံရေးအကျဉ်းသားဟောင်း) မှ မေတ္တာဖြင့် ပြန်ကြားခြင်း”

ဝေဖန်တာလား အပြစ်ပြောတာလားဆိုတာ လက်ခံရယူသူရဲ့ ဓာတ်ခံနဲ့သာဆိုင်တဲ့ကိစ္စမို့ ဒီစာကို ညီမောင် ရှိပြီးသား ဓာတ်ခံပေါ်ကနေပဲ လက်ခံရယူပါ။ ညီမောင့်မှာ လုပ်ရဲကိုင်ရဲတဲ့ သတ္တိရှိတယ်ဆိုတာ သိသာထင်ရှားနေတဲ့ကိစ္စ အထွေအထူး မပြောတော့ပါဘူး။ ညီမောင့်သတ္တိကို အကျိုးရှိရှိ အသုံးချစေချင်လို့ အချိန်နှောင်းသော်လည်း အချိန်မှီလောက်မယ်ထင်လို့ ဒီစာကိုပြန်ပါတယ်။ မြန်မာပြည်သားတွေက အာဏာရှင် လက်အောက်နေလာခဲ့ရတာ ကြာတော့ အတိုက်အခံဆိုတာနဲ့ မယဉ်ပါးကြချိန်မှာ တခုခုပြောရင် ဝေဖန်တယ်လို့မထင်၊ အပြစ်ပြောတယ်ထင်ပြီး တုန့်ပြန်တတ်ကြအထဲ ညီမောင် မပါဝင်တာ ဝမ်းသာတယ်။ နိုင်ငံတကာမှာတော့ အတိုက်အခံက ပြောတာကို ပြန်ငြင်းချင်ငြင်းမယ်၊ သူတို့ပြောတဲ့ စကားက ဒီအတိုင်းအတာအထိ ငါ့ကိုပြောနေတာ ဘယ်လို ချွတ်ယွင်းချက်ကြောင့်ဆိုတာ ပြန်ရှာကြ မှန်နေရင် လမ်းကြောင်းအသစ်ရွေးကြနဲ့ -အခုလည်းညီမောင် ပြန်ငြင်းပါ -ပြီးတော့ ဟုတ်မဟုတ် စဉ်းစားတာလောက်လေး ညီမောင် လုပ်မိတယ်ဆိုရင်တောင် ဒီစာရေးရကျိုးနပ်ပါပြီ။ အခုစာကို ရေးရတာဟာလည်း အမုန်းခံပြီး ရေးတာပါ။ ကိုယ်ကျိုးအတွက် တခုမှမပါပါ။ မြန်မာလူထုအားလုံး စစ်တပ်ထိန်းချုပ်ထားမှု အောက်က အမြန်လွတ်ဖို့ တခုပဲ ရည်ရွယ်ပါတယ်။ ကိုယ်ထောင်က ထွက်လာပြီးချင်းချင်းမှာ နွေးနွေးထွေးထွေး ကြိုဆိုတာဆိုလို့ မဟန ဆရာတော်တွေထဲက ဆရာတော် ဦးတိလောက တပါးတည်းသာ ရှိပါတယ်။ ဆရာတော် ဦးတိလောကကို ဆရာတော်ရဲ့ အမျိုးချစ်စိတ်ကို သံသယမရှိဘူးလို့ ဆိုခဲ့ပြီးသားပါ။ ဆရာတော်ရဲ့ ကျေးဇူးတွေကို အမြဲအမှတ်ရနေပါတယ်။ ဆရာတော်ကို ကြည်ညိုလေးစားလို့ အရာအားလုံး သဘောတူရမယ် ဆိုတာကတော့ မဖြစ်နိုင်ဘူးထင်တယ်။ ဆရာတော်ရဲ့ သီလသမာဓိ ဆရာတော်ရဲ့ အမျိုးချစ်စိတ်ကို အားယူပြီး အမုန်းတွေ ဟောပြောနေတဲ့ နောက်ပါ တချို့ရဲ့ ဟောပြောနေမှုကြောင့် အားလုံး သဘောမတူသင့်ဘူးဆိုတာ ထင်ရှားလာတယ်။ (တချို့ သံဃာတော်တွေဟာ ထိမ်းသိမ်းရ ခက်တယ်လို့ ဆရာတော်ကိုယ်တိုင် ညည်းတွားတာ အတွင်းစကား ကြားရပါတယ်)။ သာသနာရေးဆိုင်ရာ ကိစ္စမှာ တသွေမတိမ်း လိုက်နာဖို့ အဆင်သင့်ရှိပေမယ့် ဆရာတော် မကျွမ်းကျင်တဲ့ နယ်ပယ်အလုပ်ကို အားလုံး သဘောတူလို့တော့ ရမယ်မထင်ပါဘူး။ အခုဖြစ်နေတာက ဥပမာ ပုံစံတခုပြရရင် အင်မတန်ကြီးမားတဲ့ နဂါးမင်းဟာ သူ့ဦးခေါင်းလေး ရွှေ့လိုက်တာ မသိသာလှပေမယ့်၊ နောက်ပိုင်းက သူ့တကိုယ်လုံးရဲ့ အရွေ့က ဦးခေါင်း ရွေ့တာထက် အများကြီး အရှိန်ပိုပြင်းတယ်ဆိုတာ သိမှာပါ။ ဆရာတော် တပါးတည်း ကိစ္စက ပြောစရာမရှိပါ။ နောက်ပါ အချို့ကြောင့် လူအမြင်စောင်းတဲ့ဖက် ပိုပိုရောက်တာပါ၊ ရိုးရိုးသားသား အမျိုးချစ်သူများကို လေးစားပြီးသားပါ။ အမျိုးချစ်တာကို ရှေ့တန်းတင် အာဏာရှင်အတွက် စည်းရုံးရေးမှူးတွေအဖြစ် ပါဝင်နေသူ တချို့ကိုသာ ရည်ရွယ်ပါတယ်။ ဒါပေမယ့် အမျိုးချစ်စိတ် တခုတည်းနဲ့ အမှန်တရားကို တည်ဆောက်လို့ မရတာကတော့ လူ့သမိုင်းတွေက သက်သေခံ နေပြီးသားပါ။ အမျိုးသားရေး အမြင်တခုတည်းနဲ့ တည်ဆောက်ခဲ့လို့ ကမ္ဘာစစ်ကြီးတောင် ဖြစ်ခဲ့ဘူးပါတယ်။ သတ္တလောက တခုလုံးအတွက် ပွင့်ပေါ်လာရတဲ့ မြတ်ဗုဒ္ဓရဲ့ အမျိုးစောင့်ရှောက်မှုဆိုတာ ဆန့်ကျင်ဘက် အယူရှိသူကို သတ်ဖို့ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလို သဘောထားဖို့ မဟုတ်တာ အထူးပြောနေစရာ မလိုပါဘူး။ တဦးချင်း လွတ်မြောက်ရေးမှာ အတ္တပေါ် အခြေခံတဲ့ အမြင်ရှိလျှင်တောင် ဗုဒ္ဓက ဖယ်ရှားခိုင်းနေတာမို့၊ အမျိုးဘာသာ ကိစ္စမှာ ငါ့အမျိုးမှ အမျိုးဆိုတဲ့ အတ္တအားကြီးသူတွေကို အားပေးမယ် မထင်ပါဘူး။ တချို့လူတွေက သိင်္ဂါလ သတိုးသားကို ဟောကြားခဲ့တဲ့ စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို အကိုးအကားလုပ်ပြီး ငါ့အမျိုးမှ ငါ့အမျိုး လုပ်ချင်ကြတယ်။ သိင်္ဂါလကို ဟောခဲ့သလို သာကီဝင် ဆွေတော် မျိုးတော်တွေ အမျိုးဂုဏ် ထောင်လွှားလို့ တန်ခိုးပြဋိဟာ ပြပြီးဆုံးမခဲ့တာကိုတော့ လျှစ်လျှူရှုထားကြတယ်။ အမုန်းစကားတွေနဲ့ ဟောပြောပြီး တဖန် ငြိမ်းချမ်းရေးပါလို့ ပြောနေတာ မငြိမ်းချမ်းဘဲ မီးတောက်တွေသာ ပွားနေပါလိမ့်မယ်။ ညီမောင်ရေ..၊ တပည့်တော်တို့ သံဃာထုအနေနဲ့ မကြာခင်က ထွက်ပေါ်လာတဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ခြေလှမ်းများကို သတိထား စောင့်ကြည့်ပြီး ကန့်ကွတ်သွားရမှာသာ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်း တင်သွင်းမှုတွေက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောသမမွှေပြီး ပိုမိုရှုတ်ထွေးအောင်လုပ်ဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်။ ဒီမိုကရေစီ လမ်းကြောင်းကို ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ လမ်းပြောင်းဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်။ ဘာသာရေးနဲ့ နိုင်ငံရေးကို ရောထွေးမှုက တိုင်းပြည်ကို ချောက်ထဲ ဆွဲချဖို့သာ ဖြစ်တယ်။ မြန်မာပြည်မှာရော ကမ္ဘာမှာပါ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေးမှုကြောင့် ကောင်းကျိုးဖြစ်ခဲ့တဲ့ အရာ မရှိခဲ့ဖူးဘူး။ ခါးသီးမှုတွေသာ ကြုံခဲ့ကြရတယ်။ တပည့်တော်တို့ သံဃာတွေအနေနဲ့ သာသနာကို စောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ သာသနာ့ ၀န်ထမ်းတွေ ဖြစ်တယ်။ သာသနာ့ ၀န်ထမ်းတွေဟာ အစိုးရရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး အသုံးချမှုကို ပြတ်ပြတ်သားသား ဆန့်ကျင် သွားရမှာပဲ ဖြစ်တယ်။ ညီမောင်ဘုရား.. ၊ မစိုးရိမ် ကျောင်းတိုက်ကြီးဆိုတာ မြန်မာ့ သာသနာ သမိုင်းမှာကော ခေတ်သစ် သမိုင်းမှာပါ အံမခန်း တောက်ပြောင်ခဲ့ တောက်ပြောင်နေတယ် ဆိုတာ အထင်အရှားပါ။ ဆန့်ကျင်ဘက်ကို ရန်လို အမုန်းစကားတွေကြောင့် ရန်ပွဲတွေ တခြိမ်းခြိမ်း ဖြစ်လာတဲ့အခါ၊ ဒီမစိုးရိမ် နာမည် ကာဗာခုတုံးလုပ်ပြီး ဟောသမျှ ပြောသမျှ လုပ်နေတာဆိုလျှင် လူတွေက မစိုးရိမ် သံဃာအားလုံးရဲ့ သဘောထားလို့ ထင်နေတော့မှာ သေချာပါပဲ။ ကိုယ်က တသီးတခြားစီဆိုတာ ထင်ရှားအောင် မပြလျှင်တော့ လူတွေဆိုတာ ၀ီရသူနဲ့ မစိုးရိမ် ရောထွေးမြင်မှာ တွေးမှာပါပဲ။ မစိုးရိမ်တိုက်ဟာ မြန်မာသာသနာ့ သမိုင်းမှာ အရေးပါတဲ့ တိုက်ဖြစ်လို့ ညီမောင်ရဲ့ အစွန်းရောက် တရားတွေ ပြောဆိုပြုမူမှုတွေ၊ အစိုးရ အားရအောင် လုပ်မှုတွေဟာ တိုက်ကြီး သိက္ခာကို ထည့်တွက်သင့်တယ်။ ညီမောင် လုပ်သမျှကို မစိုးရိမ် တတိုက်လုံးက သဘောတူနေပြီလား ။ တခြားအကောင့်တွေ ကြေငြာချက်တွေမှာ ညီမောင်နဲ့ သဘောထား ကွဲလွဲသော အမြင်များကို တွေ့နေရလို့ မေးတာပါ။

ပိုထင်ရှားတာက မကြာခင်က မောင်သွေးချွန် ဟောပြောပွဲကို တိုက်မှ ဘယ်အတိုင်းအတာနဲ့ ခွင့်ပြုခဲ့သလဲ ဆိုတာက အဖြေပါ။ (မောင်သွေးချွန်ဆိုတာလည်း စာပေနယ်မှာ သိက္ခာမရှိ လူရာမသွင်းတဲ့သူကို တကယ့် ပညာရှိကြီး ထင်ပြီး ကိုးကွယ် နေကြတယ်လို့ ပြောဆိုစကားတွေ ၊ ကိုယ်ရထားတဲ့ ဘွဲ့ကိုမှ အားမနာလို့ ရှင်လူတွေက ပြောနေကြတာ ညီမောင် ကြားမိပါစ။) ဘာပဲဖြစ်ဖြစ် အမှန်မသိကြသူတိုင်းက ညီမောင်ပြောသမျှ ဟောသမျှ အားလုံးဟာ မစိုးရိမ် သံဃာအားလုံးရဲ့ အမြင်သဘောထားလို့ပဲ ထင်နေဦးမှာပါပဲ။ ညီမောင်က “ချစ်သူကို အားမကိုးရရင် အားကိုးရသူကိုပဲ ချစ်မှာပါဘုရား” - ဆိုပြီးပြောလာတော့ စစ်တပ်ကို လော်ဘီလုပ်နေတာ အထွေးအထူး ရှာစရာ မလိုတော့သလို ဖြစ်သွားပါပြီ။ အခု ချစ်သူကကော တကယ်အားကိုးရသူ အစစ်လား၊ အမျိုး ဘာသာ သာသနာ အတွက်ကို ပြောတာပါ။ သံဃာတွေ ဝရမ်းထုတ် ထောင်ချ ဘုရားဖြို ကျောင်းဖျက် တာလီဘန်နဲ့ တတန်းထဲရှိတဲ့ သူတွေကို မဘသတွေက အားကိုးရုံတင်မဟုတ် တာလီဘန်တွေက အမျိုးသမီးတွေကို ကန့်သန့်ချုပ်ချယ်တဲ့ အမှုမျိုးလို ဦးသိန်းစိန် တာလီဘန် အစိုးရလက်ထဲ ဥပဒေပြုဖို့ ဝကွက် အပ်လိုက်တာကတော့ တာလီဘန် နိုင်ငံအဖြစ် အတင်း တည်ဆောက် ခိုင်းတာနဲ့ မတူနေဘူးလား ဘုရား၊ တကယ့် မျောက်လက်ထဲ မီးဒုတ်အပ်လိုက်တာပါပဲ။ ဒါပေမယ့် စစ်တပိုင်း အစိုးရကတော့ ၂၀၁၅ အတွက် အရှင်ဘုရားများကို အားကိုးမှာပါ။ နိုင်ငံရေးသမားတွေက ရည်ရွယ်ချက် မပျောက်ကြပါ။ သူတို့လုပ်ရမည့် ၂၀၀၈ အခြေခံ ဥပဒေပြင်ရေး ကိစ္စကနေ တဆံချည်မရွေ့ ဦးတည်ချက် မပြောင်းကြပါဘူး။ အမျိုးသားရေး ပြောလိုက်၊ တမျိုးသားလုံးကို ဒုက္ခပေးခဲ့တဲ့ စစ်တပ်ကိုပဲ အားကိုးရမယ်လို့ ဟောပြော လိုက်လုပ်နေတဲ့ ညီမောင်တို့သာ လမ်းပျောက်နေတာပါ - ကိုယ်တွေကတော့ ရိုဟင်ဂျာဆိုတာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ဖြစ်ရေး ဆန့်ကျင်တာကို တသဘောထဲ မကွဲမပြား သဘောတူပြီးသားပါ။ ကျူးကျော်သူတွေကို တိုင်းရင်းသား အဖြစ် အတင်းလက်ခံခိုင်းသူ မှန်သမျှကိုလည်း အများနဲ့နည်းတူ တက်တက်ကြွကြွကို ဆန့်ကျင်ခဲ့ကြတာပါ - ရိုဟင်ဂျာ တိုင်းရင်းသား ဖြစ်ရေး ဆန့်ကျင်တာနဲ့ တပြည်လုံးရှိ မွတ်စလင်တွေကို ဆန့်ကျင်ဖို့ ဆိုတာကတော့ သဘောမတူနိုင်ပါဘူး။ ဒီပွဲတွေစရာကနေ ဒီဇာတ်ရှုပ်ကြီးက ဖြစ်လာတာပါ။ ကုလားမုန်းတာ တခုတည်းနဲ့ ကုလားကို ဆန့်ကျင်တာ တခုတည်းနဲ့တော့ အမျိုးသားရေး ဆိုတာကြီးကို မအော်ပါနဲ့။ တမျိုးသားလုံး ငတ်ပြတ် သေကျ -ဘာသာ-သာသနာဖျက်ခံ နေရတာတွေဟာလည်း အမျိုးသားရေးပါ။ လက်ပံတောင်း တောင်က လယ်တီသိမ်၊ ပျဉ်းမနားက ကျောင်းအဖျက်ခံ ထောင်ချခံ ဝရမ်းအထုတ်ခံ သံဃာတွေရဲ့ အရေးဟာလည်း အမျိုးသား အရေးပါပဲ။ နိုင်ငံခြားထွက် မြန်မာ အမျိုးသမီးတွေ ကျွန်ခံနေရတာလည်း အမျိုးသားရေးပါပဲ။ နောက်ပြီး စစ်တပ်က အဓမ္မ မုဒိမ်းကျင့်နေတဲ့ အမှုနဲ့ ကုလားမုဒိမ်းအမှု ဘယ်က ပိုများတယ်လို့ကော စစ်တမ်း ကောက်ကြည့်ဖူးလား။ ဒီကိစ္စ အားလုံးရဲ့တရားခံက စစ်တပ်ပါ။ ဒီတော့ စစ်အာဏာရှင် တည်တန့်ရေး - လုပ်တာဟာ - အာဏာရှင် ဖယ်ရှားလိုသူတွေက်ို အဟန့်အတား လုပ်တာနဲ့ အတူတူပါပဲ၊ အကုသိုလ် ဒုစရိုက် အမှုကို နေ့စဉ်ရက်ဆက် လုပ်နေတဲ့ စစ်အာဏာရှင်ကို အားပေး အားမြှောက် ပြုသူဟာ အလိုတူအလိုပါပါပဲ။ တပည့်တော်ကတော့ ရာစုဝက်ကျော် စစ်အာဏာရှင်တွေရဲ့ တလျှောက်လုံး လိမ်ညာကောက်ကျစ်ခဲ့တဲ့ အမှုတွေကြောင့် တိုင်းပြည် အတွက်ကော အမျိုးဘာသာ သာသနာ အတွက်ကော စစ်တပ်ကို ယုံကြည်လို့ မရသေးတာကတော့ ခွင့်လွတ်ပါ။ စစ်တပ်မှတပါး စစ်သား အသွင်ပြောင်း မဟုတ်တဲ့ အရပ်သား ဒေါ်စု မကလို့ ဘယ်သူဖြစ်ဖြစ် ထောက်ခံပါတယ်။ သူတို့က ဥပဒေအရ ဖြစ်စေ လူထုမကြိုက်ရင် ဖြစ်စေ ဆင်းပေးကြမယ်ဆိုတာ ယုံလို့ပါပဲ။ မဘသတို့ရဲ့ မျိုးစောင့် ဥပဒေကြောင့် တိုင်းရင်းသား စည်းလုံးမှု ရ-မရ ဆိုတာကတော့ တိုင်းရင်းသားတွေ အသံနားသာ ထောင်ကြည့်ပါ။ ဒီစာရေးတာ အမုန်းနဲ့ ရေးတာ မဟုတ်ပါ။ အမုန်းခံဖို့ ရေးတာပါ။ ဒီအမြင်ကြောင့် ဒီလိုကန့်ကွက် ရတယ်ဆိုတာ သိရအောင်ပါ။

မေတ္တာဖြင့် အရှင် ဇ၀န (နိုင်ငံရေး အကျဉ်းသားဟောင်း)

“ဆရာတော် ဦးဇဝနသို့ ပြန်ကြားချက် - (၂)” - ဆရာတော် ၀ီရသူ (မစိုးရိမ်)

၁။ “ဘုန်းကြီးဘုရား ညီမောင့် သတ္တိကို အကျိုးရှိရှိ အသုံးချစေချင်လို့ ဒီစာကိုပြန်ပါတယ်”

တပည့်တော် သတ္တိနဲ့ တပည့်တော် အတ္တကို တစ်မျိုးသားလုံး အတွက်၊ တစ်သာသနာလုံး အတွက်၊ တစ်နိုင်ငံလုံး အတွက်၊ အကျိုးရှိရှိ အသုံးချနေတာ မဟုတ်ဘူးလား ဘုရား….? ။

၂။ ပြည်သူတွေ အတိုက်အခံ ဆိုတာနဲ့ မယဉ်ပါးတာကို ခွင့်လွှတ်နိုင်ပါတယ် ဘုရား၊

အတိုက်အခံ ဆိုသူတွေကကော အတိုက်အခံနဲ့ ယဉ်ပါးနေကြပြီလား ဘုရား။

ဘုန်းကြီးတို့ နိုင်ငံရေး လောကသားတွေကို အတိုက်အခံနဲ့ ယဉ်ပါးအောင် အရင်ဆုံး သွန်သင် ပေးစေလိုပါတယ် ဘုရား။

ဝီရသူကတော့ အပြုသဘောဆောင်လာရင် ကုလားပေးတဲ့ အကြံဥာဏ်ကိုတောင် လေးစားပြီးသားပါ ဘုရား။

လက်ညှိုး နဲ့ လက်ခုပ်၊ လက်အုပ် နဲ့ လက်သီးကို တူညီသော လောကဓံအဖြစ် ရှုမြင်ထားသူပါ ဘုရား။

၃။ “မြန်မာလူထုအားလုံး စစ်တပ် ထိန်းချုပ်ထားမှုအောက်က အမြန်လွတ်ဖို့ တစ်ခုပဲ ရည်ရွယ်ပါတယ်”

ရည်ရွယ်ချက် ကောင်းပါတယ် ဘုရား။

သေနင်္ဂဗျူဟာအရ စနစ်တကျ ဆုတ်ခွာနေတာကို ပိတ်ဆို့ တိုက်ခိုက်ရင် ရလဒ်ဆိုးတွေ ဖြစ်ပေါ်လာမှာကိုလဲ တွက်ထားပါဦး ဘုရား။ ဦးတည်ချက် မှန်ပေမယ့် နည်းလမ်း မမှန်ရင်လဲ အဖြေဟာ ကျေနပ်စရာ ဖြစ်မလာနိုင်ပါ ဘုရား။

၎။ “ဆရာတော် ဦးတိလောက ဦးဆောင်လို့ အမှန်တရား ဖြစ်မယ်လို့ မယုံကြည်ပါဘူး” ဆိုတဲ့ စကားကို တာဝန်ယူ ဖြေရှင်းပါဦး ဘုရား။

ဘုန်းကြီး ဦးဆောင်လို့ အမှန်တရား ဖြစ်မယ်လို့ ယုံကြည်ရင် ဘုန်းကြီးကို ခေါင်းဆောင် တင်ပါ့မယ် ဘုရား။

အဖွဲ့သား တချို့တလေ အတွက်နဲ့ ဆရာတော်ကြီးကို ပြစ်မှားတာမျိုးတော့ မဖြစ်သင့်ပါဘူး ဘုရား။

မကြိုက်တာတွေ့ရင် သံသယရှိရင် ဆရာတော်ကြီးကို တိုက်ရိုက် လျှောက်ထားနိုင်ပါတယ် ဘုရား။

၅။ “အမျိုးချစ်တာကို ရှေ့တန်းတင် အာဏာရှင် အတွက် စည်းရုံးမှူးတွေ အဖြစ် ပါဝင်နေသူ တချို့ကိုသာ ရည်ရွယ်ပါတယ်”

အာဏာရှင်ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး အမုန်းတရားတွေကို ဖြန့်ချီနေတာ အချင်းချင်း အိုးမဲသုတ် ခွပ်ခိုင်းနေတာတွေက ဘုရား အလိုကျပါ့မလား ဘုရား။

ငါနဲ့မတူ ငါ့ရန်သူ ဝါဒီတွေထဲမှာ ဘုန်းကြီးလဲ ပါသွားမယ်နော်။

၆။ အမျိုးချစ်စိတ် တစ်ခုတည်းနဲ့ အမှန်တရားကို တည်ဆောက်လို့ မရသလို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု တစ်ခုတည်းနဲ့လည်း နိုင်ငံကို တည်ဆောက်လို့ မရပါဘုရား။

အမျိုးသားရေး အမြင် တစ်ခုတည်းနဲ့ တည်ဆောက်ခဲ့လို့ ကမ္ဘာစစ်ကြီးဖြစ်တာ ကလောင်ကိုင်သမား တွေကြောင့်လား…..? လက်နက်ကိုင် သမားတွေကြောင့်လား ဘုရား…….?။
၇။ သတ္တလောက တခုလုံး အတွက် ပွင့်ပေါ်လာရတဲ့ မြတ်ဗုဒ္ဓရဲ့ အမျိုးစောင့်မှုဆိုတာ ဆန့်ကျင်ဘက် အယူရှိသူကို သတ်ဖို့ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလို သဘောထားဖို့ မဟုတ်တာ အထူးပြောနေစရာ မလိုပါဘူး။

သတ်ဖို့ ဖြတ်ဖို့ ထောင်ချပစ်ဖို့ ရန်သူလို သဘောထားဖို့ ဘယ်ဘုန်းကြီးက ဟောနေလို့ပါလဲ ဘုရား…..?။

BBC.DVB လို ဘုန်းကြီးလဲ ကုလား သြဇာခံ ဖြစ်နေမယ်နော်။

အန္တရာယ်ကို အန္တရာယ်မှန်းသိရင် အန္တရာယ်ကင်းအောင် ကာကွယ်နိုင်ပါတယ် ဘုရား။ ရန်သူလို သဘောထားဖို့ ဟောကြတာ မဟုတ်ပါဘူး။ အန္တရာယ်ကို ကာကွယ်ဖို့သာ ဟောကြားတာပါ ဘုရား။

ငြိမ်းချမ်းဖို့အတွက် တရားဥပဒေ စိုးမိုးဖို့ လိုပါတယ်။ တရားဥပဒေ စိုးမိုးဖို့ဆိုရင် အပြစ်ရှိသူကို အပြစ် ရှိသလိုတော့ ဆုံးမဖို့ လိုမယ်နော်…..။

ဒါကြောင့် ငြိမ်းချမ်းရေး အတွက် မုဒိမ်းကောင် ကုလားကို ထောင်ချမှ ဖြစ်မယ်။

လုံခြုံရေး အတွက် အဖျက်သမား ကုလားကို ထောင်ချဖို့တော့ လိုမယ်နော်……။

၈။ “အမျိုး ဘာသာ ကိစ္စမှာ ငါ့အမျိုးမှ အမျိုးဆိုတဲ့ အတ္တ အားကြီးသူတွေကို အားပေးမယ် မထင်ပါဘူး”

ဣဒမေဝ သစ္စံမောဃမညံထဲ ဝီရသူ မပါပါဘူး ဘုရား။

ဘာသာတရား ကိုးကွယ်တာနဲ့ ဘာသာတရားကို ကာကွယ်တာ မကွဲပြားသူတွေကတော့ ဝီရသူကို ကြည်ဖြူမှာ မဟုတ်ကြပါဘူး ဘုရား။

၉။ စောင့်လေမျိုးနွယ်နဲ့ သာကီဝင်တွေကို တန်ခိုးပြတဲ့ ဥပမာနဲ့ မပတ်သက်ပါ ဘုရား။

ဗုဒ္ဓဟာ အနှိုင်းမဲ့ မေတ္တာရှင် တစ်ပါးပါ။

ဒါပေမဲ့ တိတ္ထိတွေကို တန်ခိုးပြပြီး နှိမ်နင်းခဲ့တဲ့ သာဓကတွေရှိခဲ့ဖူးပါတယ်နော်။
၁၀။ “အမုန်း စကားတွေနဲ့ ဟောပြောပြီး တဖန် ငြိမ်းချမ်းရေးပါလို့ ပြောနေတာ မငြိမ်းချမ်းဘဲ မီးတောက်တွေသာ ပွားနေပါလိမ့်မယ်”

ငြိမ်းချမ်းရေး လိုလားတဲ့ ပုဂ္ဂိုလ်ဆိုတာ ကိုယ့်အင်အားကိုတော့ မဖြစ်မနေ ပြကိုပြရပါမယ်။

အနောက် နိုင်ငံတွေက စစ်အစိုးရ အပေါ် အင်အားပြခဲ့တာလဲ ဒီရည်ရွယ်ချက်ပဲ မဟုတ်လား…….?
Smart Power လို့ ခေါ်တယ်နော်။

မြန်မာပြည်သူတွေ ငတ်အောင် ပိတ်ဆို့တာကိုကျတော့ လက်ခုပ်လက်ဝါးတီး အားပေးခဲ့ကြပြီး ၉၆၉ကို ကျတော့ အမုန်းစကားတဲ့လား…….? ဘုရား။

၁၁။ အမျိုးစောင့် ဥပဒေကို ဘုန်းကြီးဆန္ဒနဲ့ ကန့်ကွက်လိုက ကန့်ကွက်ပါဘုရား၊ သံဃာထုကတော့ တစ်ခဲနက်ကို ထောက်ခံနေတာပါ ဘုရား။

“ဒီမိုကရေစီ လမ်းကြောင်းကို ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေနဲ့ လမ်းပြောင်းဖို့ ကြံစည်ခြင်းသာ ဖြစ်တယ်”

အဲဒါလဲ နိုင်ငံရေးသမားတွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ အတွေးအခေါ် ဟောင်းကြီးပါ ဘုရား၊ အဓိကရုဏ်းတွေကြောင့် ပြောင်းလဲသွားသော နိုင်ငံရေးစနစ် မရှိခဲ့ဖူးပါ။

၁၂။ ဘာသာရေးနဲ့ နိုင်ငံရေး မတွဲစပ်ရဘူးဆိုတဲ့ စကားကို စစ်အစိုးရလဲ သုံးခဲ့ပါတယ်။ သံဃာတွေကို နှိပ်ကွပ်ဖို့ပါ။ အခုလဲ ဒီမိုကရေစီ ဆိုသူတွေက ထပ်ပြောနေကြပြန်ပါပြီ၊ သံဃာတွေကို နှိပ်ကွပ်ဖို့ပဲ မဟုတ်လား…..?။

အဲဒီအယူအဆဟာ ဘုရား အလိုတော်မကျပါ ဘုရား။ ဘာသာတရားကို နိုင်ငံရေးမှာ အသုံးမပြုကြရင် အဲဒီ နိုင်ငံရေးဟာ လွတ်လပ် ပွင့်လင်း မှန်ကန် မျှတ ငြိမ်းချမ်းနိုင်ပါ့မလား ဘုရား။

သာသနာ့ အလံတော်ဆိုတာ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ မျှတတယ်၊ မှန်ကန်တယ်၊ ငြိမ်းချမ်းတယ်၊ ဒါကြောင့် ဘယ်နိုင်ငံရေးမဆို သာသနာ့ အလံရဲ့ အရိပ်ကိုပဲ ခိုလှုံရပါမယ် ဘုရား။

ဘုန်းကြီးလည်း ဘုရားသားတော်ပီပီ သာသနာတော်ကို ဦးထိပ်ထားပါဘုရား၊ နိုင်ငံရေးကို သာသနာ အရေးထက် ဦးစားမပေးချင်ပါနဲ့ ဘုရား။ (ဒုတိယပိုင်း ဆက်လက်ဖော်ပြပါမည်)ဟု မိန့်ကြားထားသည်။

အဆိုပါ မိန့်ကြားချက်များနှင့် ပတ်သက်၍ ဆရာတော် ဦးဇ၀န (နိုင်ငံရေး အကျဉ်သားဟောင်းအား Tomorrow ဂျာနယ်မှ ဆက်သွယ်မေးမြန်းရာတွင် ဦးဝီရသူ (မစိုးရိမ်)၏ ပြန်ကြားချက် စာ-၂မှာ အဆုံးမသတ်သေးကြောင်း နောက်တစ်စောင် ထပ်မံရောက်ရှိလာဦးမည် ဖြစ်၍ ဆရာတော် ဦးဝီရသူ၏ ဧပြီ၁၉ရက်နေ့တွင် ရေးသားထားသော ပြန်ကြားစာ-၂အတွက် ပြန်လည်ရေးသားဖို့ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း ယခုစာများမှာ ကိုယ်ကျိုးအတွက် ရေးသားနေခြင်းမဟုတ်ကြောင်း ပြန်လည် မိန့်ကြားခဲ့သည်။

သားစဉ်မြေးဆက်အထိ ထုတ်ယူသုံးစွဲမယ်