Monday, April 28, 2014

ထောက်လှမ်းရေးကကွ

ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်မပေးပါကလမ်းမထွက် ဆန္ဒပြရမည်ဟုမိုးသီးဇွန်ပြောဆို



Monday, April 28, 2014
မြန်မာ့ခေတ်
ABSDF ကျောင်းသားတပ်မတော်နှင့် လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူမိုးသီးဇွန်သည် လာမည့်
၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲလစ်လပ် မဲဆန္ဒ ၃၁ တစ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ချင်သော်လည်း ၎င်း၏ ကိုယ်ပိုင်
မှတ်ပုံတင်မရရှိသေးသည့်တွက်ကြောင့် ရွေးကောက်ပွဲဝင်ပြိုင်ရန်ခက်ခဲနေလျက်ရှိကြောင်းဧပြီ ၂၈ ရက်နေ့ကသိရသည်။

လက်ရှိတွင် မိုးသီးဇွန်သည် အမေရိကန်နိုင်ငံသားအဖြစ်ခံယူထားသူတစ်ဦးဖြစ်ပြီးမှတ်ပုံတင်ပြန်လည် ရရှိရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီထံသို့ တင်ပြထားကြောင်း ၎င်းကပြောသည်။

“အကိုတစ်ယောက်ထဲမရတာတော့ မဟုတ်ဘူး ပြန်လာတဲ့သူတွေအကုန်မရသေးဘူး။ မှတ်ပုံတင်က ပြန်လျှောက်ထားပြီးပြီအကိုတို့က
နိုင်ငံသားတွေပါ မှတ်ပုံတင်ကို ပြန်ထုတ်ပေးပါ။ ဒါမရရင် အကိုအနေနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် ဘာမှဆက်လုပ်လို့မရဘူး ” ဟု
မိုးသီးဇွန်ကဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရအခြားနိုင်ငံသားအဖြစ်ခံယူထားသူသည် မြန်မာနိုင်ငံ၏ ရွေးကောက် ပွဲတွင် ယှဉ်ပြိုင်ခွင့်မရှိပဲ
မြန်မာနိုင်ငံတွင် ၁၀နှစ်ကျော်အခြေချနေထိုင်သူဖြစ်မှသာ ရွေးကောက်ပွဲအားဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိကြောင်းသိရသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးဖို့ မပြင်ပေးဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်လည်းသမ္မတလုပ်လို့မရသလို၊ငါတို့လည်း
အမတ်လုပ်လို့မရဘူး။ငါတို့ကို ပြန်ခေါ်ထားပြီးတော့ရွေးကောက်ပွဲဝင်ခွင့်မပေးဘူးဆိုရင် ငါတို့လမ်းမထွက် ဆန္ဒပြရတော့မယ် ” ဟု
မိုးသီးဇွန်ကထပ်လောင်းပြောဆိုသည်။

အမည်မဲစာရင်းပယ်ဖျက်ပေးခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် အခြားနိုင်ငံသားခံယူထားသော မြန်မာနိုင်ငံသားများအားမှတ်ပုံတင်
ပြန်ထုတ်ပေးခြင်းအခွင့်အာဏာသည်နိုင်ငံတော် သမ္မတထံတွင် သာရှိပြီးမိုးသီးဇွန်အနေဖြင့် မှတ်ပုံတင် ပြန်လိုချင်ပါက နိုင်ငံတော်
သမ္မတထံသာတိုက်ရိုက် လျှောက်ထားနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး
ကပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ရင်တော့ ကျွန်တော်တို့ အနေနဲ့ က ဘာမှလုပ်ပေးလို့မရဘူး။ သူမှတ်ပုံတင်ပြန်လိုချင်တယ် ဆိုရင် နိုင်ငံတော်
သမ္မတထံသာတိုက်ရိုက်လျှောက်ပါ။ နိုင်ငံတော်သမ္မတက လုပ်ပေးပါလို့ ကျွန်တော်တို့ ကိုပြောလာရင် ကျွန်တော်တို့အနေနဲ့ လုပ်ပေးမှာပါ “ဟု
ဦးထွန်းထွန်းဦးကဆိုသည်။

၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲအားအောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီးမိုးသီးဇွန်သည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအားဝင်ပြိုင်ခွင့်ရရှိခဲ့ပါက တသီးပုဂ္ဂကိုယ်စားလှယ်အဖြစ်သာ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဦးရဲမြင့်ပြောတာတကယ်လား

“ အိုဘားမားဖြေသည် စောထက်ခန့်မေးသည် “



April Maung Maung

 ( မလေးရှား ဧပြီလ ၂၇ ၊ ၂ဝ၁၄ )
ဘာသာပြန်ဆိုသူ - ကိုညီညီ ( တောင်ကြီး )

အစီအစဉ်တင်ဆက်သူ ။ ။ သမ္မတကြီးရှင့် ၊ အခုမေးမယ့်မေးခွန်းက အမေရိကန်အစိုးရရဲ့ လူမှုကွန်ယက်မှာမေးထားတဲ့ မေးခွန်းပါ ၊ သူက ကျွန်မတို့သူငယ်ချင်းဖြစ်တဲ့ မြန်မာနိုင်ငံက စောထက်အောင်ခန့် ဖြစ်ပါတယ် ၊ သူမေးခွန်းလေးကဒီလိုပါ ။

စောထက်ခန့် ။ ။ သမ္မတကြီးခင်များ ၊ မတူညီတဲ့လူမျိုးနွယ်စုကြီး ၊ မတူညီတဲ့ဘာသာစကား ၊ ကွဲပြားတဲ့ကိုးကွယ်မှု နဲ့ အမျိုးမျိုးသောယျဉ်ကျေးမှုတွေကြားမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကျွန်တော်တို့ရဲ့ နောင်လာနောက်သားမျိုးဆက်သစ် ခေါင်းဆောင်တွေအတွက် မြန်မာပြည်သာမက အာစီယံကမ္ဘာအတွက်ကိုပါ သမ္မတကြီးရဲ့ ကိုယ်ပိုင်ထိရောက်တဲ့စကား နဲ့ အားပေးမှုကို သိချင်ပါတယ် ။

သမ္မတ ဘရက်အိုဘားမား ။ ။ သိပ်ကောင်းတဲ့မေးခွန်းပါ ၊ ကမ္ဘာတစ်လွှားလုံးရဲ့ ပဋိပက္ခတွေ ၊ စစ်ပွဲတွေ ၊ ကြမ်းတမ်းမှုတွေဖြစ်စေတဲ့ အကြီးမားဆုံးအကြောင်းရင်းကိုကြည့်မယ်ဆိုရင် အဖြစ်တတ်ဆုံး အရေးကြီးဆုံးအကြောင်းအရာက ကိုယ်မကြိုက်တဲ့လူတွေအပေါ် မတူညီအောင် တစ်မျိုးထား ဆက်ဆံကြလို့ပဲဖြစ်တယ် ၊ ဟုတ်တယ်မဟုတ်လား ၊ ဒါဆို အခု မြန်မာနိုင်ငံမှာ သူတို့ဟာ ဆယ်စုနှစ်များစွာ အုပ်ချုပ်ခဲ့တဲ့ အရှေ့အစိုးရလက်ကနေ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ် ၊ အရာရာကို ဖွင့်ပေးဖို့ကြိုးစားနေတယ် ၊ နိုင်ငံကို ဒီမိုကရေစီကျအောင် ပြုလုပ်နေတယ် ၊ သူတို့သွားနေတာ အင်မတန် ရဲ့ရင့်တဲ့လုပ်ငန်းစဉ်ဖြစ်တယ် ။

---- အခုလို ဒီမိုကရေစီအသွင်းကူးပြောင်းရေးရဲ့ အန္တရာယ်က ပြည်တွင်းက မတူညီတဲ့လူမျိုးစုတွေ နဲ့ ဘာသာမတူသူတွေကြားမှာရှိနေတယ် ၊ လူတွေက သူတို့ရဲ့ဘာသာရေးတူတွေကိုစည်းရုံးတယ် ၊ နိုင်ငံရေးအရ သိမ်းသွင်းတယ် ၊ ဒိမိုကရေစီစကား ပြောဆိုကြတယ် ၊ အားလုံးခြုံပြီးတော့ အခြေခံလူ့ကျင့်ဝတ် ၊ တရားမျှတရေး ၊ တရားဥပဒေစိုးမိုးရေး နဲ့ ဒီမိုကရေစီစံနှုန်းတွေကို ဆွေးနွေးကြတယ် ၊ လက်တွေ့မှာ မြန်မာနိုင်ငံကို ဦးတည်ချက်လွဲသွားစေမယ့် ပဋိပက္ခတင်းမာမှုအကြောင်းတရားတွေ စမြင်နေရတယ် ။

---- အထူးသဖြင့် နိုင်ငံတွင်းက သမိုင်းကြောင်းရှိခဲ့တဲ့ လူနည်းစုမွတ်ဆလင်တွေကို ကျန်အများစုက ခွဲခြားဆက်ဆံတာကိုခံနေကြရတယ် ၊ သူတို့ရဲ့အခွင့်ရေးတွေကို မကာကွယ်နိုင်ပဲ ဖြစ်နေတယ် ၊ ဒါဟာ မြန်မာတစ်နိုင်ငံထဲဖြစ်နေတာမဟုတ်ဘူး ၊ ဒီလိုပဲ မွတ်ဆလင်အများစုနေထိုင်တဲ့ မလေးရှားမှာ မွတ်ဆလင်မဟုတ်သူ လူနည်းစုတွေ အခွင့်အရေးမရတာ သို့မဟုတ် ခွဲခြားဆက်ဆံခံနေကြရတာတွေရှိတယ် ။

---- အမေရိကားသမိုင်းမှာလည်း လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့တယ် ၊ ဒါကြောင့် ကျွန်တော်တို့ လူမှုတော်လှန်ရေးစစ်ပွဲတွေ လူမျိုးရေးတော်လှန်ရေးစစ်တွေ မျိုးဆက်နဲ့ချီပြီးတိုက်ခဲ့ကြတာ အခု ကျွန်တော်ကိုယ်တိုင် ခင်များတို့ရှေ့မှာ အာဖရိကနွယ်ဘွားသမ္မတတစ်ယောက်အနေနဲ့ မတ်တပ်လာမရပ်နိုင်ခင် အထိပဲ ၊ လုပ်ရမယ့်အလုပ်က အခုထိမပြီးသေးဘူး ၊ အသားအရောင်ခွဲခြားဆက်ဆံတာ နဲ့ အမေရိကန်လူမျိုးရေးပဋိပက္ခတွေ ကို အခုထိ ကျွန်တော်တို့ ပြည်လည်ကြည့်မြင် ဆန်းစစ်နေရတယ် ။

---- ကျွန်တော့ဆိုလိုရင်းက ကျွန်တော်တို့အားလုံးရဲ့ရင်တွင်းမှာ ဘက်လိုက်မှုတွေ ၊ ကျွန်တော်တို့နဲ့အမြင်မတူသူတွေအပေါ်ထားတဲ့ စိတ်ခံစားမှုတွေ ၊ ကွဲပြားတဲ့လူမျိုးခြားနောက်ခံကိုလိုက်ပြီး ခွဲခြားတဲ့စိတ်တွေရှိနေကြတုန်းပဲ ၊ ဒါပေမယ့် ကမ္ဘာကြီးက ကျုံ့သွားပြီ သေးသွားပြီ ၊ ကျွန်တော်တို့ ရွာလေးတွေမှာ သီးခြားလူမျိုးအနေနဲ့နေကြတယ်ဆိုကြပါဦး ၊ အင်တာနက်တို့ စမတ်ဖုန်းတွေရဲ့အကူအညီနဲ့ ကွဲပြားတဲ့ခံယူချက်ယျဉ်ကျေးမှုတွေဟာ လဲကျပြိုပျက်သွားကြပြီ ၊ ဟုတ်တယ် ကမ္ဘာဟာ တစ်ကယ်သေးသွားပြီ ။

---- ပြီးတော့ လူဦးရေတစ်ချို့ကို သီးခြားနေခိုင်းပြီး ခွဲခြားဆက်ဆံတဲ့ မည်သည့်နိုင်ငံမဆို မအောင်မြင်နိုင်ဘူး ၊ မွတ်ဆလင်မဟုတ်သူတွေကို အခွင့်အလမ်းမပေးရင် မလေးရှား မအောင်မြင်နိုင်ဘူး ၊ မွတ်ဆလင်တွေကိုဖိနှိပ်ထားမယ်ဆိုရင် မြန်မာလဲ မအောင်မြင်နိုင်ဘူး ၊ နိုင်ငံရဲ့လူဦးရေတစ်ဝက် တစ်နည်းအားဖြင့် အမျိုးသမီးတွေကို ယောက်ျားသားတွေကဲ့သို့ တန်းတူပညာရေး ၊ တန်တူအလုပ်အကိုင်အခွင့်အလမ်းမပေးရင် ဘယ်လူမှုအဖွဲ့အစည်းမှ မအောင်မြင်နိုင်ဘူး ။

---- ဒါကြောင့် ခင်များတို့ကိုပြောချင်တဲ့ အဓိကလူငယ်တွေကိုပြောချင်တဲ့အချက်က ခင်များတို့ ကိုယ်ယဉ်ကျေးမှုကိုကိုယ်ချိုးဖျက်စရာမလိုဘူး ၊ ခင်များတို့ဘယ်သူဆိုတာဂုဏ်ယူရမယ် ၊ နောက်ခံသမိုင်းကြောင်းကိုမြတ်နိုးရမယ် ၊ မတူညီတဲ့ဘာသာစကားတတ်မြောက်တာကို တန်ဖိုးထားရမယ် ၊ ကိုယ်ပိုင်အစားအသောက်ကိုတပ်မက်ရမယ် ၊ ခင်များတို့ ဘုရားကိုဘယ်လိုဘယ်ပုံ ရှိခိုးပူဇော်တယ်ဆိုတာကတော့ တူမှာမှမဟုတ်တာ ၊ ဒီအချက်တွေအားလုံးဟာ ခင်များတို့ မြတ်နိုးတန်ဖိုးထားရမှာ ၊ ဒါပေမယ့် ဒီအချက်တွေဟာ သူတစ်ပါးကိုဖိနှိပ်ဖို့အသုံးချတဲ့ ကိရိယာ လက်ကိုင်ပစ္စည်း မဖြစ်သင့်ဘူး ၊ မတရားခွဲခြားဆက်ဆံဖို့ အကြောင်းပြချက်မဖြစ်သင့်ဘူး ၊ ခင်များတို့ကအစ ခေါင်းဆောင်တွေအထိ နေ့တိုင်းမတူညီတဲ့ ဘာသာစကားတွေ ပြောပြီးတော့ လူတွေကိုခွဲထုတ်လိုက်မယ့်အစား လုံခြုံမှုရှိတဲ့ နိုင်ငံရဲ့ အတွင်းကို စည်းရုံးသိမ်းသွင်းဖို့ သေသေချာချာ လုပ်သင့်တယ် ၊ ဒီအချက်ဟာ အခုလက်ရှိမျိုးဆက်အတွက် အကြီးမားဆုံးအရာဖြစ်ပါတယ် ။

---- ဒီလိုလုပ်နိုင်ဖို့ အချက်တစ်ခုက သူများခြေရာကို နင်းနိုင်ရမယ် ၊ သူတစ်ပါးနဲ့ မျက်စိချင်းဆုံပြီး အမှန်မြင်နိုင်ရမယ် ၊ အားလုံးနီးပါးသော ဘာသာရေးတွေမှာ တူတဲ့အခြေခံယူဆချက်အရ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ကျွန်တော့ကို ခရစ်တော်ကသင်ပေးတဲ့အဆုံးအမက “ မိမိကိုဆက်ဆံစေချင်သလို အပြုအမူနဲ့ သူတစ်ပါးကိုဆက်ဆံပါ “ ဆိုတာပါ ၊ ဒီလိုအခြေခံလူ့ကျင့်ဝတ်ကို မလေးစား မကျင့်ကြံတဲ့ လူ့အဖွဲ့အစည်းဟာ ရှေ့ဆက်ကောင်းအောင်သွားမယ့်အစား နောက်ပြန်ဆွဲနေတာဖြစ်တယ် ၊ ဒီအချက်ဟာ ကမ္ဘာတစ်လွှားလုံးအတွက် အမှန်တရားဖြစ်တယ် ။

---- တခါတရံ အပြင်ဘက်က လူ့အဖွဲ့အစည်းဟာ သီးခြားဖြစ်နေပေမယ့် ကျွန်တော်တို့နဲ့တူနေတာတွေ့ရမယ် ၊ မြောက်အိုင်ယာလန်မှာ လူမျိုးရေးပဋိပက္ခတွေကို နောက်ဆုံးမှာ ငြိမ်ချမ်းအောင်ဆောင်ရွက်နိုင်ခဲ့တယ် ၊ တစ်ချို့တစ်ဝက်က ကက်သလစ်ဘာသာဝင်ဖြစ်ပြီး ကျန်တစ်ဝက်က နောက်ဘာသာတစ်မျိုးဖြစ်နေတယ် ၊ အပြင်ဘက်ကလကူကြည့်ပြီးပြောတယ် သူတို့ဘာသာစကားအတူတူပြောလျက်နဲ့ ဘာကြောင့်အငြင်းပွားနေရမှာလဲ ၊ ပြသနာမဖြစ်တဲ့ အိုင်ယာလန်နိုင်ငံဘက်ခြမ်းက စကားများရန်ဖြစ်နေတဲ့ဘက်ခြမ်းထက် အများကြီးတိုးတက်တယ် ။

---- အာဖရိကမှာဆိုရင် ကျွန်တော့အဖေရဲ့နိုင်ငံ ကင်ညာမှာ လူမျိုးရေးပဋိပက္ခတွေရှိတယ် ၊ ဒီလိုပဲ အပြင်ကလူကပြောတယ် ခင်များတို့ဘာကြောင့် ငြင်းနေဦးမှာလဲ ၊ နိုင်ငံက လူမျိုးစုတွေကို နိုင်ငံရေးအရစည်းရုံးပြီး အကြီးအကျယ် တိုးတက်ကြီးပွားရမယ့်အချိန်မှာ မတည့်ပဲကျိတ်ပြီးစကားများလို့ဘယ်ဖြစ်မလဲ ၊ တစ်ဖွဲ့က အပေါ်ရောက်သွားရင် နောက်တစ်ဖွဲ့ကဆွဲချပြီး အာဏာအလှည့်အပြောင်းတွေဖြစ်ကြတယ် ၊ ပြန်လုကြတယ် ၊ ဒီလိုပုံစံတွေကို အဖွဲ့အစည်းတော်တော်များများမှာ ကျွန်တော့်တို့တွေ့နေရတယ် ၊ အခုလက်ရှိလူငယ်မျိုးဆက်သစ်အတွက် ခင်များတို့ရဲ့ အတွေးအမြင် - MINDSET ကို အဆင့်ဆင့်ခွဲခြမ်းစိတ်ဖြာတတ်ဖို့ဟာ အရေးကြီးဆုံးဖြစ်ပါတယ် ။

---- ကျွန်တော် တိုကျိုရောက်တုန်းက ပြပွဲတစ်ခုမှာ ဂျပန်အာကာသယျာဉ်မှူး က အာကာသစခန်းမှာအလုပ်လုပ်တဲ့ပုံကိုတွေ့ခဲ့တယ် ၊ သူက ကမ္ဘာမြေကိုလှမ်းထောက်လှမ်းပြီး ရေထု ရေစီးကြောင်းကိုလေ့လာနေတာ ။ ဂျပန် ၊ အမေရိကန် ၊ ရှရှားအာကာသယျာဉ်မှူးတွေ အာကာသထဲမှာ တတူတကွအလုပ်လုပ်ရင်း အကွာအဝေးတစ်ခုကနေ ကမ္ဘာကိုလှမ်းကြည့်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ စကြာဝဠာထဲက ကျောက်တုံးအသေးလေးတစ်တုံးပေါ်မှာနေနေကြတာပဲ ၊ တစ်ကယ်တမ်း ကျွန်တော်တို့အင်မတန်အရေးကြီးလှပါတယ်ဆိုတဲ့ကိစ္စကို အကွာအဝေးတစ်ခုကလှမ်းကြည့်နိုင်မယ်ဆိုရင် ဘာမှမဟုတ်လောက်ဘူးဆိုတာ တွေ့ရလိမ့်မယ် ၊ ဒီအယူအဆကို မျိုးပွားပြီးတော့ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက်လေးစားရမယ် ၊ ကောင်းမွန်စွာဆက်ဆံရမယ် ၊ တန်းတူညီမျှ ဥပဒေအတွင်းမှာနေကြရမှာဖြစ်တယ် ၊ ဒီအခြေခံယူဆချက်နဲ့ ခင်များတို့လူငယ်တွေအားလုံးရဲ့အိမ်တွေကို ပြန်ကြရမှာဖြစ်တယ် ၊ သိပ်ကောင်းတဲ့မေးခွန်းပါ ။

Translator - koko2yeye@gmail.com

အမြန်လမ်းတွင် လုယက်မှုများ ရှိနေ



 ၈၀မိုင် နဲ့ ၉၀မိုင်ကြားတွင် လမ်းလယ်ဘ လော့တုံးများအား ချ၍လုမည့်အဖွဲ့မှ ခြုံခိုစောင့်နေတတ်သည်။
လမ်းတ လျှောက် ရှိ ကူညီပါရ စေ ဖုန်းများမှာ

တောင်ကိုရီးယားဝန်ကြီးချုပ်ရဲ့ နုတ်ထွက်ဖို့ကိစ္စကိုလက်ခံမှာ မဟုတ်

သင်္ဘောမှောက်မှု တောင်ကိုရီးယားဝန်ကြီးချုပ် နုတ်ထွက်
*******************************************
ဗွီအိုအေ (မြန်မာဌာန) 28.04.2014

တောင်ကိုရီးယားသမ္မတ ပါ့ခ်ဂင်ဟေး (Park Geun-Hye)က သူမအနေနဲ့ တောင်ကိုရီးယားဝန်ကြီးချုပ်ရဲ့ ရာထူးနုတ်ထွက်လွှာကို လက်ခံသွားမှာဖြစ်ပေမယ့် Sewol ကူးတို့သင်္ဘော တိမ်းမှောက်မှုပြဿနာ ကိုင်တွယ်ဖြေရှင်းလို့မပြီးမချင်း နုတ်ထွက်ဖို့ကိစ္စကိုလက်ခံမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဧပြီလ ၁၆ ရက်နေ့က လူပေါင်း ၃၀၀ ကျော် သေဆုံးတာ ဒါမှမဟုတ် ပျောက်ဆုံးတာတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့ တုံ့ပြန်မှုအပေါ် လူထုက မကျေမနပ်ဖြစ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးချုပ် Chung Hong-won က တနင်္ဂနွေနေ့ အစောပိုင်းမှာ သူ့ကို ရာထူးကနေ နုတ်ထွက်ခွင့်ပေးပြုဖို့ တောင်းဆိုလိုက်တာပါ။ ဝမ်းနည်းနေတဲ့ပုံပေါ်နေတဲ့ ဝန်ကြီးချုပ်က အစိုးရအဖွဲ့မှာ သူ ဆက်ရှိနေခြင်းအားဖြင့် အစိုးရအဖွဲ့အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတယ်လို့ ပြောပြီး ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ကြောင်းကို တနင်္ဂနွေနေ့ အစောပိုင်းက ရုပ်သံကနေ ပြောသွားခဲ့ပါတယ်။

တန်ချိန် ၆,၈၀၀ ရာရှိတဲ့ အဲဒီကူးတို့သင်္ဘောဟာ ကျောင်းသားတွေနဲ့ဆရာ ရာပေါင်းများစွာကို တင်ဆောင်ပြီး နိုင်ငံအနောက်တောင်ပိုင်းက Jeju ကျွန်းကို သွားနေတုန်း တိမ်းမှောက်နစ်မြုပ်သွားတာပါ။ ဒီကိစ္စအပေါ် တောင်ကိုရီးယားနိုင်ငံမှာ အကြီးအကျယ်ဒေါသထွက်ခဲ့ကြပြီး သင်္ဘောပေါ်ပါတဲ့သူတွေကို ကယ်ဆယ်ရေးတွေမပြီးခင် သင်္ဘောကိုစွန့်ခွာခဲ့တဲ့ သင်္ဘောသားတွေကို အကြီးအကျယ်ဝေဖန်ခဲ့ကြပါတယ်။

သူ့အနေနဲ့ အစောကတည်းက ရာထူးကနုတ်ထွက်ချင်ပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေက ဦးစားပေးလုပ်ရမှာဖြစ်တဲ့အတွက် ရာထူးကမထွက်ခင် ကူညီချင်တယ်လို့ ပြောပါတယ်။

(Photo တောင်ကိုးရီးယားဝန်ကြီးချုပ် Chung Hong-won)

Credit : VOA

အပြီးသတ်အဘဦးဝင်းတင်အုတ်ဂူ

Khin Lay

ဒီနေ့ကာတွန်း

သမီးနဲ့အဖေ လတ်တလောနှုတ်ဆက်ခွင့်က ဒီအတိုင်းပဲရှိနေသေး


Ma Lwin
မတရား အုပ်ချုပ်သူတွေလက်ထက်မှာ လူဖြစ်လာရတဲ့ ကျမတို့လို မိသားစုတွေ အားလုံးက တရားမှုကိုချစ်မြတ်နိုးတတ်သူတွေပါ။
ဒီနေ့ရုံးချိန်း ၁၁ နာရီ ၁၅ မိနစ်လောက်မှစတယ်။
သမီးက သူ့အဖေကို မှာနေတဲ့စကားက ဖေဖေ မြန်မြန်ပြန်လာနော် တဲ့။


ယူနတီဂျာနယ်သတင်းထောက်များကို ၈ ကြိမ်မြောက် ရုံးထုတ်
*********************************************
ဒီဗွီဘီ 28 April 2014

နိုင်ငံတော်လျှို့ဝှက်သတင်းဖော်ပြမှုနဲ့ ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုခံရတဲ့ ယူနတီဂျာနယ် သတင်းထောက်တွေ ဒီကနေ့ မနက်ပိုင်းကနေ စပြီး ပခုက္ကူမြို့တရားရုံးမှာ ၈ ကြိမ်မြောက် ရုံးထွက် စစ်ဆေးခံနေရကြောင်း ယူနတီဂျာနယ်သတင်းထောက် ဦးရာဇာဦးရဲ့ အမျိုးသမီး ဒေါ်သိဂီ င်္ထွန်းက ပြောပါတယ်။
မျက်မြင်သက်သေ ၄ ဦးကို စစ်ဆေးမှာ ဖြစ်တဲ့အတွက် ညနေပိုင်းအထိ ကြာနိုင်ပြီး ရန်ကုန်က ရှေ့နေတွေတော့ အခုတကြိမ် သွားရောက်ခြင်းမရှိဘူးလို့ သူက ဆိုပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ် အနီး တည်ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်း ရေး သား ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ်ရဲ့ နယ်ခံသတင်းထောက် အပါအ၀င် အမှုဆောင် အယ်ဒီတာချုပ်၊ အကြီးတန်းသတင်းထောက် ၂ ဦးနဲ့ သတင်းထောက် ၁ ဦးကို အခုနှစ် ဖေဖော်ဝါရီ လကတည်းက ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်။