Tuesday, April 29, 2014

အမျိုးစောင့်ဥပဒေအတည်ပြုရေးအား ဇွန်လတွင် လွှတ်တော်၌အဆိုတင်သွင်းမည်


The Myanmar Age
===========
အမျိုးဘာသာ သာသနာ့စောင့်လျှောက်ရေးဥပဒေတစ်ရပ်ဖြစ်သော အမျိုးစောင့်ဥပဒေအား အတည်ပြုရေး အဆိုပြုတင်သွင်းလွှာကိုနေပြည်တော် ပြည်သူ့လွှတ်တော် ၌လာမည့်ဇွန်လတွင် အဆိုပြုတင်သွင်းသွား မည် ဖြစ်ကြောင်းအရှင်ပါမောက္ခမှမိန့်ကြားသည်။

“အမျိုးစောင့်ဥပဒေဆိုတာ တကယ်လိုအပ်တယ် ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို အစ္စလာမ်ဘာသာဝင်ယောက်ျားတွေဘက်က အမျိုးမျိုးဖျားယောင်းသွေးဆောင်ပြီးတော့ ယူတယ်။ ယူပြီးရင်လည်း ဘာသာပြောင်းခိုင်းတယ် မပြောင်းရင်နှိပ်စက်ခံရတယ်။နောက်တစ်ချက်က တရားဝင် ဇနီးမဖြစ်ဘူး အပျော်ဇနီးပဲဖြစ်သွားတယ်။

သူတို့ဘာသာမှာတရားဝင်ဇနီးလေးယောက်ယူခွင့်ရှိတယ်။ပြီးရင်ကလေးများများမွေးခိုင်းတယ်၊
မွေးလာတဲ့ကလေးတွေအားလုံးကလည်း အစ္စလာမ်ဘာသာဝင်ဖြစ်ရမယ် ဒါကြောင့်အမျိုးဘာသာ သာသနာ့စောင့်လျှောက်ဖို့အတွက် ဦးဇင်းတို့ဘက်ကအမျိုးစောင့်ဥပဒေတစ်ရပ် ဖွဲ့စည်းဖို့ လွှတ်တော်ကို အဆိုတင်သွင်းခဲ့တာပါ။

လာမယ့်ဇွန်လမှာ လွှတ်တော်ကနေအတည်ပြုမပြုသိရ တော့မယ်။ ဦးဇင်းကတော့ အတည်ပြုပေးဖို့မျှော်လင့်တယ် ” ဟု မကွေးပရိယတ္တိစာသင်တိုက်မှ အရှင်ပါမောက္ခက မိန့်ကြားသည်။

၎င်းအမျိုးစောင့်ဥပဒေအား အချက်လေးချက်ဖြင့်ပြဌာန်းထားပြီး ယင်းအချက်များမှာ (၁)ဗုဒ္ဓဘာသာဝင်၏ ရိုးရာလက်ထပ်ထိမ်းမြားခြင်း (၂)တစ်လင် တစ်မယား စနစ်ပေါင်းသင်းခြင်း(၃)ဘာသာတရားအား လွတ်လပ်စွာ ကိုးကွယ်ခြင်း (၄)ကလေးမွေးဖွားနှုန်း ကန့်သတ်ခြင်းတို့ဖြစ်သည်။စင်ကာင်္ပူနိုင်ငံတွင် မည်သည့် ဘာသာဝင် ဖြစ်ဖြစ် တစ်အိမ်ထောင်လျှင် ကလေး(၂)ယောက်ထပ်ပိုမယူရ ဥပဒေတစ်ခုအားပြဌာန်းထားကြောင်းသိရသည်။

အမျိုးစောင့်ဥပဒေအား ပြည်သူများ၏ လက်မှတ် ၁သန်းထောက်ခံမည်ဆိုပါက လွှတ်တော်၌ အတည်ပြုမယ်ဟု ထုတ်ပြန်ထားသောကြောင့်ယခုအခါတွင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများ၏ သဘောတူ ထောက်ခံချက် လက်မှတ် ၁ သန်းကျော်ရှိပြီး အမျိုးစောင့်ဥပဒေတွင် ပါဝင်သော
(၂)အချက်ဖြစ်တဲ့ တစ်လင်တစ်မယားစနစ်ကိုအစ္စလာမ်ဘာသာဝင်အမျိုးသမီးများကလည်းထောက်ခံကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့၏ဥက္ကဋ္ဌ နိုင်ငံတော်သြဝါဒစရိယဘဒန္ဒတိလောကာဘိဝံသလက်မှတ်ထိုး ပေးပို့ထားသော ဥပဒေ ၄ ရပ်ကို ဥပဒေပြဌာန်းပေးဖို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ထံ ပေးပို့ထားကြောင်း၊
၎င်းဥပဒေတွင် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာဥပဒေ၊ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေနှင့်လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေတို့ ဖြစ်ကြောင်းသိရသည်။

တောင်ကြီးအတက်လမ်း ကားမီးလောင်မှုတွင် နောင်တရားမြို့နယ် လူဦးရေသန်းခေါင်စာရင်း စာရွက်များပါ လောင်ကျွမ်း



တောင်ကြီး၊ မဇ္ဈိမ။        ။

 ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့သို့ အတက်လမ်းပိုင်းတွင် ဧပြီလ ၂၈ရက် နံနက်၁၀နာရီ မိနစ်၂၀ခန့်က ကားမီးလောင်မှု ထပ်မံဖြစ်ပွားရာ ကားပေါ်တွင် တင်လာသည့် ရှမ်းပြည်နယ် နောင်တရားမြို့နယ်အတွင်း
ကောက်ခံ ထားသည့် လူဦးရေ သန်းခေါင်စာရင်း စာရွက်များ လောင်ကျွမ်းခဲ့သည်ဟု ယာဉ်မောင်းသူ ကိုကြည်သိန်းက မဇ္ဈိမကို ပြောသည်။

“သန်းခေါင်စာရင်းစာရွက်တွေက ကားနောက်ဖုံးထဲ နောင်တရားမြို့နယ် လ၀က ဦးစီးမှူးက လမ်းကြုံထည့်ပေးလိုက်တာ သူက အနောက်ကနေ ဆိုင်ကယ် နဲ့လိုက်လာတာပါ”ဟု ဦးကြည်သိန်းက ပြောသည်။

ပျက်စီးဆုံးရှုံးသွားသည့် သန်းခေါင်စာရင်းစာရွက် စာတမ်းများနှင့် ပတ်သတ်ပြီး မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည်ကို အခင်းဖြစ်နေရာတွင် ရောက်ရှိနေသော တောင်ကြီးမြို့နယ် လ၀ကမှ ဦးစီးမှူး ဦးပြုံးချိုကို မဇ္ဈိမက မေးမြန်းရာ ” ပြည်နယ်မှူး လာရင်ဖြေပေးလိမ့်မယ် ကျွန်တော့်အနေနဲ့ ဖြေဆိုခွင့်မရှိပါဘူး၊ သိလည်း မသိသေးပါဘူး”ဟုသာ ဖြေကြားခဲ့သည်။

ကားမီးလောင်သည့် နေရာသို့ တောင်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်အဖွဲ့များနှင့် အခြားပူးပေါင်းအဖွဲ့များ ဝိုင်းဝန်းငြှိမ်း သတ်ရာ ၁၀နာရီ ၄၅မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၁၀နာရီ ၅၀တွင် မီးငြိမ်းခဲ့သည်ဟု တောင်ကြီးခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်သူ က မဇ္ဈိမကို ပြောသည်။

မီးလောင်သည့် ပရိုဘောက်စ် ကားပေါ်တွင် နောင်တရားမြို့နယ်မှ မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ယင်းမြို့မှ ရဲသုံးဦးနှင့် အရပ်သား သုံးဦးတို့ လိုက်ပါလာခဲ့ပြီး လူအထိအခိုက် တစ်စုံတစ်ရာ မရှိခဲ့ပေ။

“မောင်းနေရင်းတန်းလန်း မီးခိုးတွေထွက်လာလို့ ဘောနပ်ဖုံးကို ဖွင့်ကြည့်တော့ မီးစတင်လောင်တာနဲ့ အကုန် ဆင်းပြေးလာတာ” ဟု ယာဉ်မောင်း ကိုကြည်သိန်းက ပြောသည်။

ဧပြီ ၂၄ရက်ကလည်း အေးသာယာမြို့မှ တောင်ကြီးမြို့သို့ တက်လာသည့် ဟွန်ဒါဖစ်ခဲရောင် အမျိုးအစား ကားတစ်စီး တောင်ကြီး အတက်လမ်း ‘ပ’ကွေ့ ရဲကင်းအနီး အရောက်တွင် အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်း ခဲ့မှု ဖြစ်ပွားခဲ့သေးသည်။

ဝန်ကြီးဌာန အချင်းချင်း လေးစားမှုမရှိ၍ သမ္မတရုံးမှ ၀င်စွက်နေရဟု သမ္မတရုံး ၀န်ကြီး ပြော



Author: မင်းဟိန်းကျော်
7Day Daily
ပြည်ထောင်စု အစိုးရအ ဖွဲ့အတွင်းရှိ ၀န်ကြီး ဌာနများ အချင်းချင်း လေးစားမှု မရှိသဖြင့် ၀န်ကြီးဌာနများ ပေါင်းစပ်ဆောင် ရွက်ရသည့် လုပ်ငန်းများတွင် သမ္မတရုံးမှ ၀င်ရောက်ဆောင် ရွက်နေရကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ ထိပ်တန်းဝန်ကြီး တစ်ဦးကပြောဆို လိုက်သည်။

ယခုလ ၂၈ ရက်တွင် ရန် ကုန်မြို့၌ ပြုလုပ်သော နည်း ပညာကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်း ပညာ ကဏ္ဍတိုးမြှင့် အကောင်အထည် ဖော်ရေး အဖွဲ့အထူး အစည်းအဝေးတွင် ဌာနဆိုင်ရာအချို့မှ လူစားထိုး တက်ရောက်လာမှု အပေါ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘တကယ်ဆိုဒါက သိပံ္ပနဲ့ နည်းပညာဝန်ကြီးဌာနက လုပ်ရ မှာ။ ဒါပေမဲ့ သူတို့အနေနဲ့ ဖိတ် ရင် တခြားဌာနတွေက မလာမှာ စိုးလို့ အထောက်အကူအဖြစ်နဲ့ ကျွန်တော်ဝင်ထိုင်ပေးနေရတာ’’ ဟု ဦးတင်နိုင်သိန်းကဆိုသည်။

ဝန်ကြီး ဌာနများအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်မှု အပိုင်းအား နည်းနေကြောင်း ကြားသိတွေ့ရှိ နေရပြီး ယင်းမှာ လုံးဝမဖြစ်သင့်ကြောင်း နိုင်ငံရေးဆောင်းပါးများရေးသားနေသည့် ဦးစည်သူအောင်မြင့်က ပြောသည်။

ဥပဒေစည်းမျဉ်းများအရ ဦး စီးအရာရှိအဆင့်မှသည် ၀န်ကြီး အဆင့်အထိ ဥပဒေမှ အခွင့်အ ရေးတန်းတူပေးထားပြီး ၀န်ကြီး ဖြစ်သဖြင့် အခွင့်အရေးပိုမိုရယူ လို၍ မရကြောင်း ဦးတင်နိုင်သိန်းက ပြောသည်။

‘‘ကျွန်တော် ပြောတာက Rule of Law အရဆိုရင် ဦးစီးအရာရှိလည်း ဒီလောက်ပဲ။ ၀န်ကြီးလည်း ဒီလောက်ပဲ။ အတူတူပဲ။ ၀န်ကြီးကျမှ တမူးပိုရှူချင်လို့မရ ဘူး။ ကျွန်တော်တို့က သိပ်ပြီး တော့မှ ဟိတ်ဟန်နဲ့ ကိန်းခန်းနဲ့ လုပ်နေရင် အလုပ်မဖြစ်ဘူး’’ ဟု ၎င်းကဆိုသည်။

‘‘ဒီလိုဖြစ်တယ်ဆိုတာ ကျွန် တော်မြင်တာကတော့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေ မသဲမကွဲရော ထွေးနေတာကြောင့်လို့ မြင်ပါ တယ်။ ၀န်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုတွေ အား နည်းရင်အဓိက တာဝန်ရှိတာက တော့ အစိုးရအဖွဲ့အကြီးအကဲ ဖြစ်တဲ့ သမ္မတမှာတော့ တာဝန်ရှိ ပါတယ်’’ဟု မြန်မာ့နိုင်ငံရေးလေ့ လာသုံးသပ်သူ ဒေါက်တာရန်မျိုး သိမ်းကပြောသည်။


မန္တလေးဟောပြောပွဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ခေါင်းဆောင်တွေ တက်ရောက်မည်


RFA Burmese

လာမယ့် မေလ ၁၈ ရက်နေ့ မန္တလေးမြို့မှာကျင်းပမယ့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ တက်ရောက်ဟောပြောမယ်လို့ သိရပါတယ်။

အဲ့ဒီဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် လူများများဆန့်တဲ့နေရာရဖို့ စီစဉ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး အန်အယ်လ်ဒီ ဥက္ကဌ ဦးတင်ထွတ်ဦးက ပြောပါတယ်။

"မေလ ၁၈ ရက်နေ့ကို လူထုဟောပြောပွဲလုပ်မယ်ဗျာ၊ ပြီးခဲ့တဲ့ ၂ဝ၁၂ တုန်းကတော့ အောင်ပင်လယ်ကွင်းမှာ အဆင်ပြေခဲ့တယ်ဗျ၊ လူများများဆံ့တဲ့ကွင်းမျိုးရဖို့ ကျနော်တို့ ကြိုးစားနေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လာမယ်ဆိုတော့ စည်စည်ကားကားရှိဖို့ ပိုများသွားပါတယ်၊ ဒါကြောင့် အစောပိုင်းက ဆန္ဒဖော်ထုတ်ပွဲတွေလုပ်ချင်တာတောင်မှ ထိန်းထားပြီးတော့ ဒီလိုပွဲမျိုးကို လူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်ပေါ့၊ ဖြစ်နိုင်ရင်ကျနော်တို့က အထက်ဗမာပြည် ကိုယ်စားပြုပွဲမျိုးဖြစ်အောင်ကို ကြီးကြီးကျယ်ကျယ်လုပ်ဖို့ စီစဉ်ထားတာပါ"

အဲဒီလူထုဟောပြောပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပထမဆုံးအကြိမ် ပူးပေါင်းစီစဉ်ကြတာ ဖြစ်ပါတယ်။

အဲဒီ ဟောပြောပွဲရဲ့ အဓိကရည်ရွယ်ချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ဟောပြောကြမှာဖြစ်တယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင်တွေဟာ ဖွဲ့စည်းပုံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြင်ဆင်နိုင်ဖို့အတွက် ၃ ကြိမ်လောက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

တချိန်က ကိုနေမျိုးဝေကိုလေးစားအားကျခဲ့သူ



(မဘသ)ခေါင်းစဉ်အောက်မှာ နေမျိုးဝေရှိသင့်သလား?

ကိုနေမျိုးဝေကိုပုဂ္ဂိုလ်ရေးအရခင်ပါတယ်။ပထမတော့မသိချင်ယောင်ဆောင်နေမို့ပဲ။ဒါမယ့်စိုးရိမ်စိတ်ဝင်လာတာနဲ့အခုလိုရေးလိုက်ရတာပါ။

ကိုနေမျိုးဝေက မ.ဘ.သ မပေါ်ခင် ဇေကမ္ဘာနဲ့
လယ်သမားတွေကြားက မတရားမှုတွေဖော်ထုတ်ပေးပြီး
လယ်သမားတွေဘက်ကရပ်တည်ပေးခဲ့တဲ့
အချိန်မှာကျနော်လေးစားအားကျမိခဲ့တာဝင်ခံပါတယ်။

ခုနောက်ပိုင်းဇေကမ္ဘာနဲ့ကိစ္စမှာ ဘယ်လိုတွေညှိနှိုင်းလိုက်လို့လည်းဆိုတာကို တော့ကျနော်
မသိလိုက်ပါဘူး။ဇေကမ္ဘာနဲ့ဇာတ်လမ်းကတစ်ခန်းရပ်သွားတယ်ပေါ့။

ရပ်သွားလို့သူနိုင်သွားပြီလားဆိုတော့ မဟုတ်ပါဘူး
မကြာသေးခင်ကပဲ ဇေခင်ရွှေက မီဒီယာကို " သူအနေနဲ့လယ်မြေတွေပြန်မပေးနိုင်ပါဘူး"တဲ့

ဒီတော့ နေမျိုးဝေလုပ်ခဲ့တဲ့ လယ်သမားကိစ္စက
ရှုံးသွားတာလား ၊လျော်ပေးလိုက်တာလား ၊ အဖျားရှူးသွားတာလား ၊နာမည်ကြီးလွယ်မယ့်လမ်းကိုပြောင်းလိုက်တာလား ဆိုတာစဉ်းစားစရာတစ်ခုပါ။

ဒါကတော့သူ့ရဲ့နောက်ကြောင်းတချို့ပေါ့။ဒါတွေပြန်ပြောရတာဟာ သူကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်ချင်လို့မဟုတ်ပါဘူး။ရပ်တည်ချက်ပြောင်းသွားတဲ့ အကြောင်းကိုစဉ်းစားချင့်ချိန်နိုင်အောင်လို့ပါ။

အဓိကပြောချင်တာ ခုမှစမှာပါ။နေမျိုးဝေက မ.ဘ.သ ဆိုတဲ့ခေါင်းစဉ်နဲ့ ကုလား ၊ တရုတ် ၊အစိုးရ ၊အတိုက်အခံ အားလုံးကိုဗျင်းတာကိုတွေ့ရတယ်။
သူအများဆုံးဗျင်းတာက မူစလင်တွေကိုပါ။quran bible ကိုတောင်ဘာသာပြန်ပြီးဗျင်းတာပါ။

ဘာကြောင့်မူစလင်တွေကိုဗျင်းတာလဲ စဉ်းစားကြည့်တော့

၁။ ဘာသာရေးအရ ဗုဒ္ဓဘာသာကိုကာကွယ်ချင်လို့လား ?
၂။ လူမျိုးရေးအရလား မုန်းတီးလို့လား ?
၃။ နာမည်ကြီးချင်လို့လား ?
၎။ တစ်ဦးတစ်ယောက်က ခိုင်းစေညွှန်ကြားလို့လား ?
ဆိုတဲ့ စဉ်းစားစရာတွေပေါ်လာပါတယ်။

ဒီထဲမှာဖြူစဉ်တဲ့ရည်ရွယ်ချက်ဆိုလို အမှတ်စဉ်တစ်ပဲရှိပါတယ်။
ကျန်တဲ့ ၂ကနေ ၄အထိကတော့ တိုင်းပြည်အတွက်
အဆိပ်အတောက်လိုယူဆပါတယ်။

ဗုဒ္ဓဘာသာကိုကာကွယ်ဖို့လို့ပြောရအောင် သူကဘာသာမဲ့တစ်ဦးဖြစ်တဲ့အတွက် မ.ဘ.သ ဆိုတဲ့ခေါင်းစဉ်အောက်မှာသူမနေသင့်တော့ပါဘူး။

ဘာသာမဲ့ဆိုရင် အနေသင့်ဆုံးခေါင်းစဉ်က ဒီမိုကရေစီဘက်မှာနေရင်နေ မနေရင် ကုလားမုန်းတီးရေးဆိုတဲ့ ခေါင်းစဉ်တစ်ခုတပ်ပြီး
သတ္တိရှိရှိ ပေါ်တင်လှုပ်ရှားသင့်ပါတယ်။

သံဃာတွေအနေနဲ့ သူတို့အမျိုးဘာသာ
သာသနာကိုကာကွယ်ချင်တာ သဘာဝကျပေမယ့်
ဘာသာမဲ့တစ်ယောက်က (မဘသ) ခေါင်းစဉ်နဲ့လှုပ်ရှားနေတာတော့ အန္တရယ်တစ်ခုလို့မြင်ပါတယ်။မဘသအတွက်လည် အဆိပ်အတောက်ဖြစ်စေပါတယ်။

ဘာလို့ဆို ဘာသာရေးခေါင်းဆောင်တစ်ယောက်
ဟာ သူတို့ဘာသာသာသနာအထိခိုက်မခံနိုင်လို့
သာ ကုလားကို တိုက်ခိုက်တာပါ အမုန်းတရားမပါပါဘူး။
သူ့တာဝန်သူယူတာပဲလေ။

ဘာသာမဲ့တစ်ယောက်က ဘာသာရေးခေါင်းဆောင်တွေနဲ့တွဲပြီး hate speech
သက်သက် လိုက်ဟောနေမယ်ဆိုရင် အများအမြင်မှာတော့ အမျိုးဘာသာသာသနာအတွက်လို့ဆိုပေမယ့် သာမန်လူထုထဲမှာ တည်ငြိမ်အေးချမ်းရေးအတွက် ပြသနာတွေရှိနိုင်ပါတယ်။

ဘာသာရေးခေါင်းဆောင်ဆိုတာက ဘာသာတရားနဲ့အညီ ကိုယ့်ကိုယ်ကိုယ်ထိန်းပေမယ့် ဘာသာမယ့်တစ်ယောက်မှာက အထိန်းအကွတ်မရှိပါဘူး။သူ့စိတ်ထဲမှာအမုန်းတရားပဲရှိနေမှာပါ။ဒီတော့ အမှန်တရားဆိုတာလည်း
ဝေလာဝေးပဲပေါ့။

ဒါကြောင့် ကိုနေမျိုးဝေကိုအထူးအကြံပြုချင်တာက
မဘသနဲ့ဝေးဝေးနေပြီးနဂိုလုပ်နေကျအလုပ်တွေကို ပဲဆက်လုပ်သင့်ပါတယ်လို့ ။မဘသကိုအရောင်မဆိုးသင့်ပါဘူး။

အလေးနက်ထားပြောလိုတာကတော့
နိုင်ငံရေးအရ နာမည်ကြီးချင်တယ်ဆိုရင်လည်း
ထိလွယ်ရှလွယ်တဲ့ အမျိုးသားရေးခေါင်းစဉ်(မဘသ)
အောက်မှာ မလုပ်ပဲ တခြားနည်းလမ်းနဲ့သာလုပ်
သင့်ပါကြောင်း ရွှေနားတော်အပါး ပေါက်ကြားစေလိုပါတယ်။

(တချိန်က ကိုနေမျိုးဝေကိုလေးစားအားကျခဲ့သူ) ကနောင် မင်း

ဒီနေ့ကာတွန်း

အလကားပေး ထားတဲ့ Facebook အကောင့်ကို မြန်မာပြည် မှာရောင်းစား

ရန်ကုန်လေဆိပ်နှင့် ဆိပ်ကမ်းများကို ဖောက်ခွဲမှုပြုလုပ်ရန်ကြံစည်ထား သူများကို အင်တာပိုလ် ဖော်ထုတ်



29.4.2014
ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်နှင့်ရန်ကုန်မြို့ ရှိ ဆိပ်ကမ်းများအား အကြမ်းဖက် ဖောက်ခွဲမှုပြုလုပ်ရန် ပါကစ္စတန်နိုင်ငံ မှ အစွန်းရောက်အဖွဲ့ တချို့က လုပ် ဆောင်ရန်ကြံစည်ထားခြင်းကို အပြည် ပြည် ဆိုင် ရာ ရဲတပ် ဖွဲ့အင်တာပိုလ် က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဖော်ထုတ်နိုင် ခဲ့ကြောင်း ပြည်ထဲ ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ ကြီးတစ်ဦးက ဒီမိုကရေစီ တူးဒေး သတင်းစာသို့ အတည်ပြုပြော သည်။
ပါကစ္စတန်ရဲတပ်ဖွဲ့နှင့် အင်တာ ပိုလ်တို့၏ ပူးပေါင်းဖော်ထုတ်ချက် အရ အဆိုပါအစွန်းရောက်အဖွဲ့ သည် ယင်းအစီအစဉ်ကို လတ်တလော အနေဖြင့် ကြံစည် ထားခြင်းသာဖြစ် ပြီး ယခုနှစ်အတွင်း အကောင် အထည် ဖော်ရန်ကြံစည်နေမှုများကို စာရွက် စာတမ်းအထောက် အထားများ ကို သိမ်းဆည်းရမိခဲ့သော်လည်း ကြံ စည်သူတချို့မှာ ထွက်ပြေး လွတ် မြောက်နေ ဆဲဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
အဆိုပါအရာရှိက ''အင်တာ ပိုလ်က အကြောင်းကြားတယ်။ မြန်မာ နိုင်ငံမှာ ဘာသာရေးနဲ့ ဆက်နွှယ်ပြီး ဖြစ်နေတဲ့ပြဿ နာတွေ ကို မကျေနပ် လို့လုပ် မယ့် ပါကစ္စတန်က အစွန်း ရောက်တချို့ကို တားဆီးနိုင်ခဲ့တယ် လို့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က အကြောင်းကြား ထားလို့ပါ။ ဒီကိစ္စနဲ့ ပတ်သက် ပြီး လုံခြုံရေးတွေကိုလဲ စနစ် တကျလုပ်ဖို့ ညွှန်ကြားထား ပါတယ်''ဟု ပြောသည်။
မြန်မာနိုင်ငံ ရှိ လေဆိပ်၊ ရေဆိပ် များတွင် လုံခြုံရေးများကို အထူးတင်း ကျပ်ထားကြောင်း၊ အထူးသဖြင့် ပြည်ပ မှဝင်ရောက်လာသည့် နိုင်ငံခြား သား များ ကို တစ်ဦးချင်းကျပ်မတ်စစ်ဆေး နေကြောင်း လေကြောင်းရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုံခြုံရေးတာဝန်ထမ်း ဆောင်နေသူတစ်ဦးက ''အခုတလော နိုင်ငံခြားသားတွေဆီက ကျည်ဆန် တွေ၊ ရွှေထည်တွေနဲ့ တရားမဝင်ပစ္စည်း တော်တော်များ များ ဖမ်းဆီးရမိတာ တွေတော့ရှိတယ်။ ဘလက် လစ်ဖြစ် နေတဲ့နိုင်ငံခြားသား တွေ့ ရင် လေဆိပ် က တာဝန်ရှိသူတွေကမေးမြန်းပြီး သံရုံးကနေတစ် ဆင့် ပြန်လွှတ် တာ တွေလဲရှိတယ်။ လုံခြုံရေး တော့တင်း ကြပ်ထားတယ်''ဟု ပြောသည်။
‎Democracy‬ today Daily Newspaper

ကိုယ်ကရောင်းတာ တယူနစ်(၂)ဒေါ်လာ။ ပြန်ဝယ်ရတာ( ၁၀)ဒေါ်လာ


Thetdwe Aung

ဥူးးဝီကိုဒေါ်မာမာအေးဆုံးမပြီ


Wira Thu

“ရန်ကုန်ခရီးစဉ်နဲ့ ဒေါ်မာမာအေးရဲ့ သြဝါဒ”
^^^^^^^^^^^^^^^^^^^^^^^^
၁။
21.4.2014 ရက်နေ့ကပါ။
လေယာဉ်ကွင်းချိန်းက 3:00 နာရီ။
လေယာဉ်ထွက်မှာက 4:30 နာရီ။
လေကြောင်းက အေးရှားဝင်း။
လေယာဉ်ပေါ်လည်းရောက်ပါပြီ။
စက်လည်းနှိုးထားပါပြီ။
နာရီဝက်လောက်နေတော့ ပြန်ဆင်းခိုင်းတယ်။
ကြိုပို့ကားပေါ်ပြန်တက်ရတယ်။
နေကပူ လေကပူ
နားနေဆောင်ကိုသွားမှာလား?
ကားပေါ်မှာပဲနေရမှာလား?
ကားဆရာမေးတော့ မဖြေတတ်။
နားနေဆောင်မသွားဘူးဆိုရင်
ကားအောက်ဆင်းပြီး ကားအရိပ်ကွယ်နေမယ်ပြောတော့
အောက်ကိုဆင်းကြပါတဲ့။
အောက်ကိုဆင်းတော့ အင်ဂျင်ငွေ့ရိုက်တာခံရလို့
မျက်နှာတွေပူလောင်ပြန်ရော။
လွတ်ရာကျွတ်ရာ သွားနေပြန်တော့
နားနေဆောင်သွားရမယ်တဲ့။
အရင်နားနေဆောင်မဟုတ် တခြားနားနေဆောင်မှာ နေကြရ။
နာရီဝက်တစ်နာရီကျော်တော့ လာခေါ်ပြန်
လောယာဉ်ပေါ်မဟုတ်ဘဲ အရင်နေရာမှာထပ်စောင့်ရ။
ဒီလိုနဲ့ 7:00 ကျော်မှ လေဆိပ်ရောက် စမ်းချောင်းတရားပွဲသို့တန်းသွား။
လေယာဉ်နောက်ကျလို့ လေယာဉ်ပေါ်မှဆင်းပြီး ပလ္လင်ပေါ်ကိုတန်းတက်ရတာ နှစ်ကြိမ်ရှိခဲ့လေပြီတည်း။
၂။
စုံစမ်းမေးမြန်းကြည့်တော့
လေယာဉ်အတက်အဆင်းများလို့ စောင့်ခိုင်းထားရာမှ
အင်ဂျင်တို့ ဘက်ထရီတို့ တစ်ခုခုဖြစ်သွားလို့ပါဆိုပဲ။
လေယာဉ်မယ်ကတော့ တစ်လမ်းလုံးကိုပြန်တောင်းပန်နေတော့တာပါပဲ။
အဲလိုသည်းခံပါ တောင်းပန်နေမည့်အစား လေကြောင်းရဲ့ အားနည်းမှုကြောင့် နစ်နာကြေးအဖြစ် တစ်ယောက် တစ်သောင်းလောက် ပြန်လျှော်ပေးရင် မကောင်းဘူးလားကွ-ပြောတော့ လေယာဉ်မောင်းက ရယ်လိုက်တာ ခွက်ခွက်ကိုမောလို့ပါပဲ။
၃။
လေယာဉ်ပေါ်မှဆင်းတော့ ဒေါ်မာမာအေးကိုတွေ့ရတယ်။
ပြုံးပြီး နှုတ်ဆက်နေတာ။
ကားဘေးမှာရော နားနေဆောင်မှာရော စကားတွေ ပြောခွင့်ရခဲ့တယ်။
မစိုးရိမ်ကိုလာတုန်းက ဝီရသူ ဓမ္မဒူတခရီးစဉ်ကျနေလို့ မတွေ့လိုက်ရဘူး။
ခုတော့လည်း အေးရှားဝင်းကို ကျေးဇူးတင်ရမလိုတောင်ဖြစ်နေပြီ။
၎။
ဒေါ်မာမာအေးက အသက် ၇၂ ရှိပြီ။
တစ်ယောက်တည်းသွားတုန်း။
သီချင်းတွေဆိုတုန်းပဲ။
မြန်မာ့တေးဂီတနဲ့ပတ်သက်ပြီး သူ့ခံစားချက်တွေ ရင်ဖွင့်ရင်း ဦးပဉ္စင်းကိုတောင် တာဝန်ပေးလိုက်သေးတယ်။
“ဘုန်းဘုန်းတို့က ထည့်ဟောရမှာ” တဲ့။
မြန်မာသီချင်း မြန်မာတေးဂီတ အကူးအလဲ လှိမ့်ပိန့်ခံနေရတာ ကိုယ်ချင်းစာသော်လည်း မိမိမှာ အနုပညာဝမ်းစာမရှိ။
ပွဲစီစဉ်ပေးမယ် ဒကာမကြီးက ဟောပြောပေးပေါ့ ဆိုတော့ ကိုယ့်အနုပညာအကြောင်းကို ဟောရမှာ ဝန်လေးနေသလို ဖြစ်နေရှာပုံပဲ။
၅။
ကြုံတုန်း ဆုံတုန်းမို့ ဘုန်းဘုန်းကိုလည်း သတိပေးရဦးမယ်။
တပည့်တော်မမှာလည်း မောင်ဘုန်းကြီးတွေပြည့်လို့ဆိုပြီး
အကြံရာတော်ပေးပါတယ်။
အပြုသဘောဆောင်ပါတယ်။
ဘုန်းဘုန်းလုပ်ရပ်တွေ လူတိုင်းလက်ခံတယ်။
ဒါပေမဲ့ ကြမ်းတမ်း ပြင်းထန်လွန်းတယ်။
ချိုချိုသာသာယဉ်ယဉ်ကျေးကျေးပြောပါ။
မီးစာပဲဖြစ်ပါစေ။
မီးထွန်းသူ မဖြစ်ပါစေနဲ့တဲ့။
၆။
မိခင်အရင်းထက် အသက်ကြီးတဲ့ ဝါရင့်သဘာရင့် အနုပညာရှင် တစ်ယောက်က ဝီရသူကို ဆုံးမတဲ့စကားပါ။
မိမိကိုအဲဒီလို အကြံပြုတဲ့သူတွေကို ကြည့်လိုက်ရင်
အထက်တန်းလွှာတွေနဲ့ နိုင်ငံခြားဒကာ/မတွေချည်းဖြစ်နေတာကို တွေ့ရတတ်တယ်။
မိမိပရိသတ်က အခြေခံလူတန်းစားနဲ့ ရွာသူရွာသားကများတယ်။
လူလတ်တန်းစားက အနည်းငယ်ပဲ။
အထက်တန်းလွှာဆို မရှိသလောက်ပါ။
ခရိုနီ ခရိုဝါဆို အနားကို မကပ်ရဲကြဘူး။
ဆင်းရဲသူ/သား ရွာသူ/ရွာသားတွေကျတော့ ထိပ်ထုတာတောင် ထုမှန်းမသိကြပြန်ဘူး။
ဗိုလ်ချုပ်လို တစ်တစ်ခွခွ ပြောတာတောင် အယားပြေရုံ လေးရုံပဲ ရှိကြတာ။
၇။
နိုင်ငံခြားမှ ဒကာကတော့ ဒါဆိုလဲ FB တင်တဲ့အခါ နူးညံ့ပြေပြစ်စွာ တင်ပါတဲ့။
၈။
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ။
ဦးပဉ္စင်း ရေးသမျှ ဟောသမျှတွေ ယဉ်ကျေးသိမ်မွေ့အောင် တည်းဖြတ်ကူညီပေးကြမယ့် ဝန်ဆောင်ကုသိုလ် ရှင်များရှိကြရင် ကောင်းမှာပဲဗျာ။

စေ့စပ်တာကိုကန့်ကွက်

ကုန်သည်ကြီးများ ဟိုတယ်အား ဆူးလေ ရှန်ဂရီလာ ဟိုတယ် အဖြစ် အမည်သစ် ပြောင်းလဲ



Chawchaw Mirror
ဧပြီ ၂၈ ကစလို့အခန်းပေါင်း
၄၈၄ ခန်းရှိ တဲ့ traders hotel ကို
Sule Shangri -La Hotels & Resorts လို့အမည်ပြောင်း

သင်္ဃန်းကျွန်းမြို့နယ် ဇ/မြောက် ရပ်ကွက်ဖယ်ရှားရှင်းလင်းရန်ရောက်ရှိနေ


သင်္ဃန်းကျွန်းမြို့နယ် ဇ/မြောက် ရပ်ကွက်သရက်တောလမ်း မြေကွက်အမှတ် (၂၆)တွင် နှစ်ပေါင်း၅၀ကျော်နေထိုင် လာခဲ့သောအိမ်ထောင် စု ၂၀ ကျော်ကို
တရားရုံးအမိန့်အရဟုဆိုကာဖယ် ရှားရှင်းလင်းရန်အတွက်ရဲတပ်ဖွဲ့ဝင် များနှင့်တာဝန် ရှိသူများဟုဆိုသူများ
ယ နေ့ ၂၉.၄.၂၀၁၄ နေ့တွင်ရောက် ရှိနေပါသဖြင့် မီဒီယာများမှသတင်းရယူနိုင် ရန် အသိပေးအပ်ပါသည်။
အ သေးစိတ်အချက်အလက်များကိုသိရှိလိုပါကသင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များသို့ဆက်သွယ်နိုင် ပါသည်။
Khaing Min

ရွေးကောက်ပွဲ တွေမှာ ယှဉ်ပြိုင်ဘို့ အတွက် ဦးဝင်းချို နဲ့ ကိုနေမျိုးဇင် တို့ မှ ဆုံးဖြတ်ထား


၂၀၁၄ ကြားဖြတ် ရွေးကောက်ပွဲ အပါအဝင် အထွေထွေ  ရွေးကောက်ပွဲ တွေမှာ တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ဘို့ အတွက် ဦးဝင်းချို နဲ့ ကိုနေမျိုးဇင် တို့ မှ ဆုံးဖြတ်ထား