Friday, May 2, 2014

မွေးစားသား

အညာသားကဓါးဆွဲယူပြီးမီးသတ်ကားပေါ်တက်



Tun T. Lin
April 30

(တစ်ကယ့် အဖြစ်အပျက်)
ပြီးခဲ့တဲ့ရက် လမ်းထဲမှာ မီးလောင်မှုဖြစ်တယ် ကျနော်အပါအဝင်အားလုံးဟာ
ဟာ ထိတ်လန့်တုန်လှုပ်နေကြတယ်
ကံကောင်းတယ်ပြောရမလား မီးသတ်ရုံးက လမ်းထိပ်မှာရှိတော့ ၅ မိနစ်အတွင်းမီးသတ်ကားတွေ ရောက်လာတယ် ဒါပေမယ့် ကံဆိုးလိုက်ပုံများ မီးလုံးကြီးတွေအမြင့်ကြီးတက်နေပေမဲ့ မီးသတ်ကိုကိုတို့က အထက်ကအမိန့်မရသေးလို့တဲ့ ရေမဖျန်းပဲဒီအတိုင်းကြည့်နေတယ်
အိမ်တစ်လုံးပြာကျလို့ နောက်တစ်လုံးကူးနေပြီ ကံကောင်းတယ်ပြောရမလားပဲ လမ်းထိပ်က အညာသားကဓါးဆွဲယူပြီးမီးသတ်ကားပေါ်တက်ပြီး မီးသတ်ကိုကိုကြီးကို ဓါးနဲ့ထောက်ပြီး ရေဖျန်းရင်ဖျန်း မဟုတ်ရင်း ရပ်ကွက်အတွက်သူရင်းလိုက်တော့မယ်ဆိုမှ ရေစဖျန်းပါတယ် ကံဆိုးချင်တော့ မီးသတ်ကားအစီးလေးဆယ်တော့ရပ်ထားတယ် ရေမပါဘူး ရေပါတဲ့ကားကရေကုန်လို့ မြောင်းပုတ်ထဲက ရေတွေနဲ့ဖြန်းဖို့ကြိုးစားတယ် ကံကောင်းစွာပဲ အိမ်ခြောက်လုံးလောက်ပြာကျပြီး မီးငြိမ်းသွားပါတယ် (ဓါးနဲ့ထောက်ပြီးရေဖြန်းခိုင်းတဲ့သူကတော့ မီးသတ်ကိုကိုတို့ကိုငွေသုံးသိန်းပေးပြီးကန်တော့တောင်းပန်လိုက်ပါတယ်) ရေမပါတဲ့မီးသတ်ကားအစီးလေးဆယ်အတွက်လဲ ကျသင့်ငွေရှင်းခဲ့ရမှာပေါ့ ပြည်သူ့ဝန်ထမ်းတွေတဲ့လားဗျာ အတော်စိတ်မကောင်းစရာပါပဲဗျာ။
မီးကပြီးပြီ မပြီးသေးတာက ဝန်ကြီး အောင်သိန်းလင်း မီးလောင်ပြီးနောက်နေ့ အိမ်တိုင်ယာရောက်လာပြီး စေတနာကောင်းလိုက်ပုံများ မီးထဲပါသွားတဲ့အိမ်တွေကို တစ်အိမ် ငွေ ၇ သောင်းကျပ်နဲ့ သွပ်သစ်အနဲငယ်ချပေးလို့ ကံကောင်းတယ်လို့မထင်ပါနဲ့ ကံဆိုးချက်ဗျာ ပြည်ခိုင်ဖြိုးပါတီထဲ
အတင်းဝင်ခိုင်းတယ် မဝင်ရင်အားလုံးပြန်သယ်မယ့် ပုံစံမျိုးပါ(ပွဲလန့်တုန်းဖြာခင်းတို့ ငိုရမှာလား ရီရမှာလား ကိုကိုကြံ့တို့ ဘာတို့..) ကျနော်တို့တွေအားလုံး ဒီအုပ်ချုပ်မှုစနစ်တွေအောက်မှာ ကံဆိုးမိုးမှောင်ကျလိုက်ပုံများ
အရပ်ကတို့ရေ ကြားလို့မှ ကောင်းကြသေးရဲ့လား....။

သမီး အတွက် ၅ သိန်း။တူလေးအတွက် ၅ သိန်း။

r

မနေ့ (30.4.14) က .. ရန်ကင်း ပညာရေး ကောလိပ် , လေ့ကျင့်ရေး အလယ်တန်းကျောင်း @ TTC Yankin မှာ ဝင်ခွင့် ရတဲ့ သူငယ်တန်း ကျောင်းသား သစ်များ နံမည် စာရင်းကို .. white board မှာ ကပ်ထားတဲ့ အတွက် .. သွားကြည့် ခဲ့ ပါတယ် ..

** (19.4.14 မှ 20.4.14 နေ့ထိ) သူငယ်တန်း အပ်ဖို့ လျှောက်လွှာများ ကို လာယူခိုင်းပြီး ..
** (22.4.14 မှ 23.4.14 နေ့ထိ) စာရွက် စာတမ်း အပြည့် အစုံနဲ့ ကျောင်းအပ် လက်ခံ ပါတယ် ..
** (30.4.14) နေ့ မှာ သူငယ်တန်း ဝင်ခွင့် ရ ခလေး နံမည် စာရင်းများ ကြေငြာ ပါတယ် ..

(1) ကျွန်မရဲ့ သမီးကြီး စန္ဒီလင်းမွန်ထွန်း @ Sweety ဟာ (7.10.2008) မှာ မွေးဖွား ခဲ့တဲ့ အတွက် .. ကျောင်းအပ် စလက်ခံတဲ့ (22.4.14) နေ့မှာ အသက် (5)နှစ် (6)လ နဲ့ ..(15)ရက် ရှိနေပါပြီ .. အသက်ပြည့် ပြီး မှ ကျောင်းလာ အပ်တဲ့ ကလေးပါ ..

(2) ကျွန်မတို့ မောင်နှမ များ ဖြစ်တဲ့
~ ဗိုလ်ကြီးမျိုးမင်း
~ မြတ်သက်မွန် (ကျွန်မ)
~ အောင်ကျော်ညိမ်း
~ လင်းဖြိုးအောင်
~ စိုးလွင်ကျော်
~ လှိုင်မှီယု (တစ်ဝမ်းကွဲ ညီမ)
တို့ ဟာ လည်း ဒီ ကျောင်းကြီး မှာ သူငယ်တန်း မှ အဠမတန်း အထိ တက်ခဲ့တဲ့ ကျောင်းသား/သူ ဟောင်းများ ဖြစ် ကြပါတယ် ..

(3) ဒီ TTC Yankin ကျောင်းကြီး ဟာ ရန်ကင်း မြို့နယ် တွင်းမှာ တည်ရှိပြီး ..
ကျွန်မတို့ မိသားစု နေထိုင်ရာ (14)ရပ်ကွက်, ရတနာလမ်း, ကျောက်ကုန်း ရန်ကင်း မြို့နယ် နှင့် နီးနီးလေး ဖြစ်နေပါတယ် ..

(4) ကျောင်းအုပ် ဆရာမကြီး များသာ အဆင့်ဆင့် ပြောင်းသွား သော်လည်း .. ကျွန်မတို့ သူငယ်တန်း တုန်း က စာသင် ပေးခဲ့တဲ့ ဆရာမ များ မှအစ ရှစ်တန်းထိ စာသင်ပေး ခဲ့ ဖူးသော ဆရာ ဆရာမ များ အဆုံး .. ကျောင်း မပြောင်း သေးဘဲ တော်တော် များများ ဆက်လက် ကျန်ရှိ တာဝန် ထမ်းဆောင် နေသေး ကြောင်း ကို .. ကျောင်းမအပ် ခင် ကတည်း က ဝမ်းမြောက် ဝမ်းသာစွာ စုံစမ်း သိရှိ ခဲ့ရပါတယ် ..

အထက်ပါ အချက်များ နှင့် ပြည့်စုံ သည့် အတွက် သမီးလေး စန္ဒီလင်းမွန်ထွန်း @ Sweety ကို (22.4.14 -- 23.4.14) အတွင်း စာရွက်စာတမ်း အပြည့် အစုံနဲ့ ကျောင်းသွား အပ်ခဲ့ပြီး.. ဒီနေ့ (30.4.14) မှာ ဝင်ခွင့်ရ စာရင်းကို သွားကြည့်ခဲ့ တာပါ ..

သမီးရဲ့ နံမည်ကို white board မှာ ကပ်ထားတဲ့ စာရင်းမှာ မတွေ့ရ လို့ ရုံးခန်းထဲ ဝင်ပြီး မေးမြန်း ခဲ့ပါတယ် ..
ကံဆိုးစွာနဲ့ သမီး စန္ဒီ ဟာ ဝင်ခွင့် ပယ်တဲ့ စာရင်းထဲ မှာ ပါနေတယ် လို့ သိရ ပါတယ် ..

တစ်ခြားနယ်မြေ က နယ်ကျော်ပြီး လာအပ်တဲ့ .. နယ်မြေပေါင်းစုံ က ကလေးများ , ၅ နှစ်ပြည့် ဖို့ တစ်လ, နှစ်လ, သုံးလ လို ကလေးများ တောင် ဝင်ခွင့် ရပြီး ,
အသက်လည်း ပြည့် , အထက်ပါ အချက် အလက်များ နဲ့ လည်း ပြည့်စုံ, ရန်ကင်း မြို့နယ် မှာလည်း နေထိုင်, ကျန်းမာ သန်စွမ်း ဥာဏ်ရေ ထက်မြက် သွက်လက် ချက်ချာ တဲ့ ကျွန်မ သမီးလေး ကို .. ဒီ yankin TTC ကျောင်းတော် ကြီး က , ဘာလို့ များ ကျောင်းတက်ခွင့် မပေး ပါသလဲ ?? WHY ??????

ကျွန်မ ဘက်က မကျေနပ်လို့ ကျောင်းရဲ့ ရုံးခန်းထဲမှာ complain တက် တဲ့ အခါမှာ .. ဆရာမကြီး က .. ကျောင်းဝင်ခွင့် ရတဲ့ ကလေးတိုင်း သက်ဆိုင်ရာ ဌါန ဝန်ကြီးများ ရဲ့ လက်မှတ် ပါလို့ ပါတဲ့ ..
ကျွန်မ ကို လည်း ဝန်ကြီး လက်မှတ် နဲ့ ပြန်လာခဲ့ ပါတဲ့ ..

*** ကျွန်မ အဖေ ဟာ MBBS ဘွဲ့ရ ဆရာဝန်ကြီး တစ်ယောက် (Dr. Than Win) ဖြစ်ပါတယ် ..
ကျွန်မတို့ ဆွေမျိုးများ ဟာ လည်း ပညာတတ် ဆရာဝန် (သာမန် မိသားစု) အသိုင်းအဝန်း သာ ဖြစ်ပါတယ် ..
ကျွန်မတို့ ဆွေမျိုး ထဲ မှာ "ဝန်ကြီး" လည်း မပါ သလို .. "ဘာကောင်ကြီး, ဘာကောင်လတ်, ဘာကောင်လေး" မှ လည်း မပါ ပါဘူး ရှင် ..

ဒီလို ဆိုရင် ဘယ် ဝန်ကြီးမှ အမျိုးထဲ မှာ မရှိလို့ လက်မှတ် မရ နိုင်တဲ့ အတွက် .. ကျွန်မ သမီးလေး စန္ဒီ , ကျွန်မတို့ ငယ်ငယ်က ပျော်ရွှင်စွာ တက်ခဲ့ ရတဲ့ ဒီ TTC yankin ကျောင်းတော် ကြီး မှာ တက်ခွင့် မရှိတော့ ဘူး ပေါ့ ..

TTC ပြည်လမ်း, Augustine, ဒဂုံ(1) , နန်ယံ, .. အစရှိတဲ့ ကျောင်း ကြီး တွေ မှာလည်း သူ့ မိတ်နဲ့သူ, သူ့ နယ်မြေနဲ့ သူ ကျောင်းသား/သူ အသစ်များ ပြည့်သွား ပါပြီ .. ဒီ အချိန် ကြီး ကျမှ ဘဲ ကျွန်မ သမီးလေး ကို ဘယ်ကျောင်း မှာ သွားအပ် ရမှာ ပါလဲ ..
သမီးလေး ကို ဘို ကျောင်းမှာ မထားချင် သလို , ပုဂ္ဂလိက ကျောင်းများ မှာလဲ မထားချင် ပါဘူး, အစိုးရ မြန်မာ ကျောင်းများ မှာသာ ထားချင် တာပါ ..

ကျွန်မရဲ့ ဒီ post လေးကို တစ်ဆင့် စကား တစ်ဆင့်ကြား (SHARE) ခြင်း ဖြင့် .. အောက်ခြေ ပြည်သူများ အကြား , ကျောင်းနေ အရွယ် ကလေး . (ဝန်ကြီး လက်မှတ် မပါလို့ ) ကျောင်းကြီး တက်ခွင့် မရ တဲ့ အတွက် .. စိတ်သောက ရောက်နေ ရတဲ့ မိဘများ ရဲ့ ဒုက္ခ ကို .. Mr.President နှင့် တကွ ပညာရေး ဝန်ကြီး ကြားမြင် သိရှိ ပါစေ ရှင် ...

မြတ်သက်မွန်
09 5189198
(1.5.14) , 2:02 AM



ကိုယ်တွေ တုံးကတော့ ဘယ်ဝန်ကြီး လက်မှတ်မှ ကို မတောင်းခဲ့ဘူး။
ဒဂုံ ( ၁ ) ကျောင်းဝင်းထဲက အပေါ် ထပ် မှာ နေတဲ့ ဦးကျော်ကျော် ကို
ငွေ ၅ သိန်း တိတိ သွားပေးလိုက်တယ်။
နှစ် တစ်နှစ် နဲ့ တစ်နှစ်သာ မတူတာပါ။

သမီး အတွက် ၅ သိန်း။တူလေးအတွက် ၅ သိန်း။

တစ်ခါ တစ်လေ စာအုပ်ကြီး အတိုင်း လုပ် လို့ မရတာတွေ ရှိပါတယ်။

လဘ် ပေး လဘ်ယူ ကို ဆန့်ကျင် ချင်ပေမဲ့။
အများ မိုးခါ ရေ သောက်လို့ ကိုယ် မသောက်ဘဲ နေရင်---

Chawchaw Mirror

ရွှေညဝါဆရာတော်ကို တရားဟောခွင့်ပိတ်လို့ ဆရာတော်ဒေါသထွက်ပြီး ဟောခဲ့တဲ့ Video


သက်နှင်း သုန္ဒရီ

ရွှေညဝါဆရာတော်ဟောတဲ့ အမျိုးဘာသာ သာသနာ
*******************************

" ဘယ့်နှယ့်! အသံသာကြားပြီး ဘာမှန်းကို မသိရသေးတဲ့ ဒီမိုကရေစီ!
အမျိုးဘာသာ သာသနာ ပျောက်လိမ့်မယ် ပျက်လိမ့်မယ်တဲ့ … မိုးပြော ဂျိုးပြောနဲ့ အစ္စလာမ်ဘာသာဝင် မွတ်စလင်ကုလားတွေချည်း လက်ညှိုးထိုးထိုးပြီး ပစ်မှတ်ပြုပြီးပြောနေကြတယ်… ဟောနေကြတယ်…
ဒါဟာလည်းပဲ သည်းခြေကြိုက်စကားပဲ…
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေက အဲ့ဒါမျိုးပြောလို့ရှိရင် သည်းခြေကြိုက်!
တကယ်တမ်းကျတော့ မှိုင်းတိုက်တာ!
ကိုယ့်ဟန်ချက်ညီညီနဲ့ အဲ့ဒီဟာကိုလည်းကာကွယ်! ကိုယ့်အတွင်းလူတွေကိုလည်း တွန်းလှန်ရမှာ!
အမျိုးဖျက်မှာ၊ အမျိုးပျောက်အောင်လုပ်မှာ၊ တိုင်းပြည်ပျက်အောင်လုပ်မှာ၊ ဘာသာ သာသနာပျောက်အောင်လုပ်မှာဆိုတာ ကုလားချည်း သွားပြီးတော့ မစွဲနဲ့! ကိုယ့်လူမျိုး အတူတူချင်း၊ ဘာသာအတူတူချင်း၊ ဘုန်းကြီးအတူတူချင်းက အခုလို ဖျက်တာ!
ဒါအမျိုးဖျက်တာ ဘာသာသာသနာဖျက်တာ!
ရှင်းလား!!"

အိမ်ရှင်ဇနီးမောင်နှံနှစ်ဦးမှ အရွယ်မရောက်သေးသော အိမ်အကူအလုပ်သမား မိန်းကလေးငယ်တစ်ဦးအား မတရားရိုက်နှက်



Nyein Chan May
April 29 at 11:39pm

သို့
ဒုတိယဗိုလ်ချုပ်ကြီးကိုကို
ပြည်ထောင်စုဝန်ကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ရက်စွဲ။ ။ ၂၅.၄.၂၀၁၄
အကြောင်းအရာ။ ။ အိမ်ရှင်ဇနီးမောင်နှံနှစ်ဦးမှ အရွယ်မရောက်သေးသော အိမ်အကူအလုပ်သမား မိန်းကလေးငယ်တစ်ဦးအား မတရားရိုက်နှက် ညှင်းပမ်းနှိပ်စက်ခြင်းအပေါ် ထိရောက်စွာ အရေးယူပေးပါရန် တိုင်ကြားခြင်း။
၁။ အထက်ပါကိစ္စနှင့် ပတ်သက်၍ ကျွန်မ နော်မိချို နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (လျှောက်ထားဆဲ)နှင့် ခင်ပွန်းဖြစ်သူ ဦးစောချစ်ဦး နိုင်ငံသားစိစစ်ရေးကဒ်အမှတ် (၁၄/ မမန (နိုင်) ၂၆၁၉၀၁) ကိုင်ဆောင်သူတို့သည် ဝဲဒေါင့်ကျေးရွာ၊ မဲကျော်ကျေးရွာအုပ်စု၊ မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူများ ဖြစ်ကြပါသည်။
၂။ ကျွန်မ နော်မိချိုနှင့် ခင်ပွန်းဖြစ်သူ ဦးစောချစ်ဦးတို့မှ သားသမီး (၆) ဦးထွန်းကားခဲ့ပြီး လက်လုပ်လက်စား ဘဝဖြင့်သာ ဘဝကို ရပ်တည်နေရပြီး စီးပွားရေးကြပ်တည်းမှုကြောင့် ကျွန်မနော်မိချို မွေးဖွားခဲ့သော သားသမီး (၆)ဦးအနက် အကြီးဆုံး သမီးဖြစ်သူ နော်မိုးမိုးအေး အသက် (၁၇)နှစ်မှ မိဘများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အရာရှိရိပ်သာလမ်းတွင် နေထိုင်သော ဦးကိုကိုနိုင်၏ နေအိမ်အကူလုပ်သားအဖြစ် (၂၀၁၃) ခုနှစ် (၁)လပိုင်းတွင် ဝင်ရောက်လုပ်ကိုင်၍ ကျွန်မတို့အား လုပ်ကျွေးသမှုပြုခဲ့ပါသည်။
၃။ ကျွန်မ၏ သမီးအကြီးဖြစ်သူ နော်မိုးမိုးအေး အိမ်အကူအလုပ်သမားအဖြစ် ဦးကိုကိုနိုင်၏ အိမ်တွင် အလုပ်လုပ်ကိုင်နေစဉ် ဦးကိုကိုနိုင်၏ ဇနီးဖြစ်သူမှ ရန်ကုန်တွင် နေထိုင်သော ၄င်း၏ ညီမနေအိမ်တွင် အိမ်အကူအလုပ်သမားတစ်ဦး လိုအပ်နေသဖြင့် ကျွန်မလည်း ငွေရေးကြေးရေးအဆင်ပြေစေရန် အတွက် ကျွန်မ၏ ဒုတိယသမီးဖြစ်သူ နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ရန်ကုန်ရှိ ၄င်း၏ညီမအိမ်တွင် အလုပ်လုပ်ရန် ပြောဆိုသဖြင့် (၂၃.၁.၂၀၁၄) ရက်နေ့တွင် ပုသိမ်မြို့တွင် နေထိုင်သည့် ဦးကိုကိုနိုင်၏ နေအိမ်သို့ ကျွန်မ၏ သမီး နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးအား ပို့ပေးခဲ့ပါသည်။
၎။ (၂၄.၁.၂၀၁၄) ရက်နေ့တွင် ဦးကိုကိုနိုင်၏ ဇနီးမှ ရန်ကုန်မြို့တွင် နေထိုင်သော ၄င်း၏ ညီမနေအိမ်သို့ အိမ်အကူအဖြစ် လုပ်ကိုင်ရန်အတွက် ကျွန်မ၏ သမီး နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး အသက် (၁၄)နှစ်အား ပို့ဆောင်ခဲ့ပါသည်။
၅။ ကျွန်မ နော်မိချို၏ သမီးဖြစ်သူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး၏ အိမ်အကူလုပ်အားခငွေတလလျှင် ကျပ် (၂၅၀၀၀ိ/) သတ်မှတ်၍ လုပ်အားခ (၆)လစာ ကျပ် (၁၅၀၀၀၀ိ/)အား ကျွန်မသမီး နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ရန်ကုန်သို့ အလုပ်လုပ်ရန်ပို့ဆောင်ပေးခဲ့သူ ဦးကိုကိုနိုင်၏ ဇနီးဖြစ်သူမှ ထုတ်ပေးခဲ့ပြီး ကျွန်မ၏ သမီးအား မည်သည့်နေရာသို့ ပို့ဆောင်ခဲ့သည်ကို ပြောကြားခဲ့ခြင်းမရှိခဲ့ပါ။
၆။ (၂၈.၃.၂၀၁၄) ရက်နေ့ ည(၈)နာရီခန့်တွင် နောင်ဝိုင်းကျေးရွာ၊ ပုသိမ်မြို့တွင် နေထိုင်သည့် ဆွေမျိုးတော်စပ်သူ စောသာထူးမှ ရန်ကုန်တွင် အိမ်အကူအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်နေသော ကျွန်မ၏ သမီးဖြစ်သူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးမှာ ဒဏ်ရာများဖြင့် ပုသိမ်ဆေးရုံတွင် တင်ထားကြောင်း အကြောင်းကြားလာသဖြင့် ကျွန်မတို့ နေထိုင်ရာကျေးရွာနှင့် ပုသိမ်သို့လာရာလမ်းမှာ ခရီးသွားလာမှု ခက်ခဲသောကြောင့် (၃၀.၃.၂၀၁၄) ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ကျွန်မတို့ဇနီးမောင်နှံ နှစ်ဦးရောက်ရှိခဲ့ပါသည်။
၇။ ကျွန်မနှင့် ခင်ပွန်းဖြစ်သူတို့ ပုသိမ်ပြည်သူ့ဆေးရုံသို့ရောက်ရှိစဉ် ဆေးရုံတွင်ဆေးဝါးကုသမှု ခံယူနေသော သမီးဖြစ်သူ နော်ထက်ထက် (ခ) နော်ဆဲအယ်ဝါးအား ဖြစ်ပျက်မှုအား မေးမြန်းကြည့်သောအခါ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကိုယ်မင်းကိုယ်ချင်းရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ အိမ်နံပါတ် (၃၀)တွင် နေထိုင်သော အိမ်ရှင်ဖြစ်သူ မသီတာ(ခ) သီရိကိုကိုနိုင် (အဘ- ဦးကိုကိုနိုင်)နှင့် ခင်ပွန်းဦးကြည်လှမြင့်တို့မှ (၂၂.၃.၂၀၁၄)ရက်နေ့တွင် ဟင်းချက်ခိုင်းရာ ဟင်းအိုးတူးသည်ကို အကြောင်းပြု၍ ဒယ်အိုးထဲရှိ ဆီအပူထဲသို့ လက်နှစ်ဘက်ကို အတင်းဆွဲ၍စိမ်ခြင်း၊ ခန္ဒာကိုယ်အနှံ့ရိုက်နှက်ခြင်း၊ ကတ်ကြေးဖြင့် ညာဘက်နားနောက်ကို ထိုးခြင်း၊ ဘက်ဘက်မျက်စိကို လက်သီးဖြင့်ထိုးခြင်း၊ မျက်နှာတည့်တည့်လက်သီးဖြင့် ထိုးထားသောကြောင့် ပါးစပ်အတွင်းရှိ အောက်အလယ်သွားတချောင်းပဲ့မှုများ ဖြစ်ခဲ့ရပါသည်။
၈။ ထိုသို့ အိမ်ရှင် မသီတာ(ခ) သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံညှင်းပန်းရိုက်နှက်မှုကြောင့် ခန္ဒာကိုယ်အနှံ့ဒဏ်ရာများ ရရှိနေခြင်းအား ကာယကံရှင် မိဘထံအကြောင်းကြားခြင်းမရှိဘဲ ပုသိမ်မြို့တွင် နေထိုင်သော ဦးကိုကိုနိုင်မှ ၄င်း၏တပည့်များအား ရန်ကုန်သို့စေလွှတ်၍ အိမ်ရှင်ဖြစ်သူ ၄င်း၏ သမီး မသီတာ(ခ) သီရိကိုကိုနိုင်နှင့် ခင်ပွန်း တို့နှိပ်စက်မှုကြောင့် ဒဏ်ရာရရှိခဲ့သော အိမ်အကူ နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါးအား (၂၄.၃.၂၀၁၄) ရက်နေ့တွင် သိုဝှက်စွာခေါ်ဆောင်ခိုင်းခဲ့ပြီး ဦးကိုကိုနိုင်နေထိုင်ရာ ပုသိမ်မြို့နေအိမ်တွင် ဆေးဝါးကုသသော်လည်း သက်သာမှုမရှိသောကြောင့် (၂၅.၃.၂၀၁၄)ရက်နေ့တွင် ပြင်ပပုဂ္ဂလိကဆေးခန်းဖြစ်သော လမင်းဆေးခန်းသို့ သွားရောက်ကုသသော်လည်း ရာဇဝတ်မှုမကင်းသောကြောင့် ၄င်းဆေးခန်းမှ ကုသပေးခြင်းမပြုလုပ်ပေးသဖြင့် ၄င်းတို့မှ (၂၆.၃.၂၀၁၄)ရက်နေ့တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ မည်သို့ပြောဆို၍ ဆေးရုံတင်ကုသခဲ့ကြောင်း မသိရှိရပါ။
၉။ ၄င်း ဦးကိုကိုနိုင်၏ သမီးဖြစ်သူ မသီတာ(ခ)သီရိကိုကိုနိုင်နှင့် သမက်ဖြစ်သူ ကိုကြည်လှမြင့်တို့ ရိုက်နှက် ညှင်းပန်းနှိပ်စက်မှုအား အရေးယူပေးပါရန် ပုသိမ်မြို့နယ်အမှတ် (၂) ရဲတပ်ဖွဲ့စခန်းသို့ (၃၀.၃.၂၀၁၄)ရက်နေ့တွင် လက်ခံစစ်ဆေးပြီး အခင်းဖြစ်ပွားရာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့ လွှဲပြောင်းပေးမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့ထက်ထိ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးစစ်ဆေးခြင်းများ မရှိသေးပါ။
၁၀။ ၄င်း ပြစ်မှုကျူးလွန်သူတို့၏ ရိုက်နှက်ညှင်းပန်းနှိပ်စက်မှုကြောင့် နော်ထက်ထက်(ခ) နော်ဆဲအယ်ဝါး၏ လက်နှစ်ဘက်မှာ ခွဲစိတ်မှု (၃)ကြိမ်ပြုလုပ်ရသော်လည်း ကောင်းမွန်ခြင်းမရှိ ခန္ဒာကိုယ်အနှံ့အပြားရိုက်နှက်ခံရမှုကြောင့် ရရှိသော ဒဏ်ရာများဖြင့် အသက်အန္တရာယ်ပါ စိုးရိမ်နေရပါသည်။
သို့ဖြစ်ပါ၍ အရွယ်မရောက်သေးသော အိမ်အကူအလုပ်သမား နော်ထက်ထက်(ခ)နော်ဆဲအယ်ဝါးအား မတရားညှင်းပန်းနှိပ်စက်ရိုက်နှက်ခဲ့သော ပြစ်မှုကျူးလွန်သူများအား ထိရောက်စွာအရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။
ဒဏ်ရာရရှိသောပုံများကိုပါ ပူးတွဲတင်ပြအပ်ပါသည်။
လေးစားစွာဖြင့်
နော်မိချို
နိုင်ငံသားစိစစ်ရေးကဒ် (လျှောက်ထားဆဲ)
ဝဲဒေါင့်ကျေးရွာ၊ မဲကျော်ကျေးရွာအုပ်စု
မြောင်းမြမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး

မူလပိုင်ရှင်တွေက ငါးကန်ထဲကရေတွေ ဖောက်ထုတ်ပစ်




မတ္တရာမြို့ အတွင်းက ကျေးရွာအချို့ရဲ့ လယ်မြေတွေကို တပ်မ ၁၁၆ နဲ့ ၁၁၉ က သိမ်းယူပြီး ငါးမွေးမြူရေးကန် ပြုလုပ်ထားတဲ့အတွက် မူလပိုင်ရှင်တွေက ငါးကန်ထဲကရေတွေ ဖောက်ထုတ်ပစ်လိုက်ကြပါတယ်။

ဒေါ်ခင်မင်းဇော်ရိုက်ကူး စူပါ

DVB

ဒီနေ့ကာတွန်း