Saturday, May 3, 2014

့ မြစ်ကြီးနားေ၇ာက်၇န်မိုင် ၃၀ သာလို

ဗိုလ်စိန်မှန်ကွင်းတွင် အဖွဲ့ချုပ်နှင့် ငြိမ်းပွင့်တို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် အဓိကဟောပြောကြမည်


ရန်ကုန် မြို့ ဗိုလ်စိန်မှန်ကွင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့်
၈၈မျိုးဆက် ပွင့်လင်း လူ့ အဖွဲ့ အစည်းမှ ခေါင်း ဆောင် များ
ဖွဲ့ စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်
အဓိကဟောပြောကြမည်

မေ လ ၁၇ - ရက်
မနက် ၉ နာရီ မှ ၁၀ နာရီ ၃၀ မိနစ် အထိ

ရန်ကုန် မြို့ ဗိုလ်စိန်မှန်ကွင်း

အဖွဲ့ချုပ်နှင့် ငြိမ်းပွင့်တို့ ပူးပေါင်းဆောင်ရွက်မည့် ကြေညာချက်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး အတွက် ကြေညာချက်။

သူခိုး နဲ့ သူဝှက် ပြသနာတက်



ရန်ကုန်၊ ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ ယခင်ကျောက်မြောင်း ယာယီဈေး ဖွင့်ခဲ့ရာ မြေကွက်အား အာဏာရကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် စည်ပင် ကော်မတီဝင်အချို့၊ တာမွေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ တို့ ပူးပေါင်းကာ အခိုင်အမာ ချုပ်ဆိုထားသော စည်ပင်မြေငှားစာချုပ်ပါ အမည်ပေါက် ကာယကံရှင်ကို အကြောင်းကြား၊ အသိပေးခြင်း မရှိဘဲ တာမွေမြို့နယ် ကြံ့ခိုင်ရေးပါတီ ကော်မတီဝင်တစ်ဦး အမည်ပေါက်သို့ ပြောင်းလဲ ခဲ့ခြင်း ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၊ ဈေးများဌာနမှ သတင်းရရှိခဲ့သည်။
ထိုသို့မြေငှားရမ်းမှုအပေါ် အလွဲသုံးစား ပြုလုပ်ခဲ့ခြင်းသည် ထိခိုက်နစ်နာစေသည်ဟု ကာယကံရှင်ဖြစ်သူ ဦးအောင်ကိုကိုက ““ကျွန်တော့်ကို အမည်ပေါက် ချထားပေးခဲ့တာ မြေကွက်ကနှစ်ခု။ နှစ်ခုစလုံးကို သူတို့ကပဲ လစဉ်ကြေးယူပြီး ကျွန်တော့်ကိုလည်း အသိမပေးဘဲ သူတို့ပဲစည်ပင်မှာ မြေငှားရမ်းခ သွားသွင်းတာ။ အခုက မြေတစ်ခုကို အမည်ပြောင်းတာပေါ့။ အမည်ပြောင်းတဲ့ မြေကွက်ကလည်း မပြောင်းခင်အထိ ကျွန်တော့်နာမည်နဲ့ ငှားရမ်းခ သွင်းထားတုန်းပဲ။ ရလိုမှုနဲ့ ပြောတာ မဟုတ်ပါ ဘူး။ ကျွန်တော်လိုချင်ရင် အစတည်းက ယူမှာပေါ့။ အကျိုးအမြတ်တွေက ဘယ်ရောက်ကုန်လဲ မသိဘူး။ ပါတီဆီကိုလည်း ရောက်မှာ မဟုတ်ဘူး။ အခု တာမွေထဲမှာ ကျွန်တော်က ဒီမြေငှားရမ်းခတွေ ကျွန်တော်ပဲ ရနေတယ် ထင်နေကြတယ်။ ချမ်းသာနေ တယ်ပေါ့။ ကျွန်တော် အကျိုးခံစားခွင့် တစ်ခုမှ မရခဲ့ဘူး။ အခုက လုံးဝ အသိမပေးဘဲ မြေအမည်ပေါက်ပါ ပြောင်းတာလေ။ စည်ပင်ကရော ကာယကံရှင် မပါဘဲ ငွေသွင်း လက်ခံလို့ရလား။ အမည်ပြောင်းလို့ရလား။ သူတို့ပဲ စီမံခဲ့တဲ့ ကိစ္စမှာ ကျွန်တော်က ကြားထဲက အလကား နာမည်ပျက်တယ်””ဟု ပြောသည်။
မူလအမည်ပေါက်သူ အမည်နဲ့နောက်အမည် မပြောင်းခင်အထိ ဆိုင်ငှားရမ်းခတွေကို ဈေးများဌာနကို ပေးသွင်း ထားတဲ့ အတွက် အဲဒါက ကာယကံရှင် ခံစားရမှာ။ ဒီလိုမလုပ်ရင် ဒါဥပဒေအရ အလွဲသုံးစားမှု ပြုလုပ်ရာ ရောက်ပါတယ်။ အမည်ပြောင်းတာကလည်း မူလကာယကံရှင်ကို အသိမပေးဘဲ ပြောင်းလို့ရတာက စည်ပင်ဘက်က တစ်ခုခုမှားနေတာပဲ””ဟု ရှေ့နေဦးဇော်လင်းက ပြောသည်။
အမည်ပြောင်းခြင်းခံရ၍ နစ်နာသူ ဦးအောင်ကိုကိုသည် ကြံ့ခိုင်ရေးအသင်းမှ ပါတီပြောင်းသည်အထိ မြို့နယ် အလုပ်အမှုဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ယခုအခါ ပါတီဝင် မဟုတ်တော့ကြောင်း သိရှိရသည်။

ဝတ်ရည်နွေးနွေး

Myanmartandawsint Newspaper

.
.

မလွှကုန်းဘူတာအနား ဘေးဝန်းကျင်


Thandar Tun

MPT လဲ ဦးနာအောက်လိုပဲ အရှုံးခံပြီး လုပ်နေတာပဲ



Dithar Myint
MPT လဲ ဦးနာအောက်လိုပဲ အရှုံးခံပြီး လုပ်နေတာပဲ (ဘာကြောင့်ရှုံးနေသလဲတော့မသိဘူး)
မျိုးချစ်စိတ်ရှိတဲ့ ရဲရဲတောက် အမျိုးသားရေးသမားတွေ MPT ပဲ ဆက်သုံးသင့်တယ်
ဘာ Ooredoo ဘာ Telenor မှမသုံးသင့်ဘူး အမျိုးသားရေးဆိုတာ ကိုယ့်လူမျိုးကြီးပွားဖို့ လုပ်ရမယ်မဟုတ်လား…
ဦးနာအောက်ကစီးပွားပျက်ခံ အရှုံးခံပြီး အမျိုးသားစိတ်အခံနဲ့ နိုင်ငံခြားလိုင်းကိုလိုက်ပြိုင်တယ်
မျိုးချစ်စိတ်မရှိတဲ့သူတွေကြောင့် ဆက်မတောင့်နိုင်ခဲ့ရှာဘူး…

အခု MPT လဲ ဦးနာအောက်လိုပဲအရှုံးခံပြီးလုပ်နေတာပဲ (ဘာကြောင့်ရှုံးနေသလဲတော့မသိဘူး)
မျိုးချစ်စိတ်ရှိတဲ့ရဲရဲတောက်အမျိုးသားရေးသမားတွေ MPTပဲဆက်သုံးသင့်တယ်
ဘာ Ooredoo ဘာ Telenor မှမသုံးသင့်ဘူး အမျိုးသားရေးဆိုတာ ကိုယ့်လူမျိုးကြီးပွားဖို့လုပ်ရမယ်မဟုတ်လား… တိုင်းတပါးသားတွေကိုဘယ်အားပေးပါ့မလဲ…

ကျုပ်ကတော့ Ooredoo တို့ Telenorတို့လာရင်
-
-
-
-
ကိုယ့်အမျိုးသားအချင်းချင်း
-
-
-
လည်ပင်းညစ်ခံရလွန်းလို့
ရတနာပုံက ADSL လိုင်းတောင်ပြန်ပိတ်ပြစ်မလားစဉ်းစားနေတယ် :

ဝန်ကြီးချူပ်၏အားပေးစကားများ(Nargis cyclone)



ထမင်းစားဖို့ပန်းကန်လိုတယ်....ရေသောက်ဖို့ခွက်လိုတယ်..
ဒါတွေကိုနိုင်ငံတော်ကစီစဉ်ပေးမယ်.....
ဒါဝန်ကြီးချူပ်...၀န်ကြီးချူပ်...နိုင်ငံတော်ဝန်ကြီးချူပ်....မှတ်ထား...

သေနေ့စေ့လို့သေရတာ
(၀န်ကြီးချူပ်၏အားပေးစကား)......
လူတသိန်းကျော်လုံးသေနေ့စေ့ရသလားဗျာ..

ရွာမှာဘယ်လောက်ကျန်လဲ...၁၅၀ ပါ....အေး..........ကံကောင်းလို့ကျန်တယ်လို့မှတ်..
(၀န်ကြီးချူပ်၏အားပေးစကား)

အဖွဲ့ဖွဲ့ထားအိမ်သာကျင်းတူးရမယ်..ကြားလား...
(ပြန်ကံဆိုးသွားသည်)

ဒီနေ့ကာတွန်း