Wednesday, May 7, 2014

အွန်လိုင်းမှတစ်ဆင့် မိုဘိုင်းဖုန်းသို့ SMS ပေးပို့နိုင်မည့် Myan Talk VOIP ဝန်ဆောင်မှုသစ် စတင်



 ကမ္ဘာ့နိုင်ငံပေါင်း (၂၀၀) ကျော်သို့ အွန်လိုင်းမှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သော VOIP ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Myan Talk ဝန်ဆောင်မှုကို စတင်လိုက်ကြောင်း သတင်းရရှိသည်။
Myan Talk မှာ မိမိခေါ်ဆိုလိုသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကြိုးဖုန်းများနှင့် မိုဘိုင်းဖုန်းများသို့ ချိတ်ဆက်၍ ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဆောင်ရွက်ထားသော VOIP ဝန်ဆောင်မှုဖြစ်သည်။ နိုင်ငံအသီးသီးမှလည်း မြန်မာနိုင်ငံသို့ ဈေးသက်သာစွာဖြင့် အပြန်အလှန် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ခေါ်ဆိုနိုင်မည်ဖြစ်ကာ Myan Talk အကောင့်တွင် မှတ်ပုံတင်လုပ်ရုံဖြင့် ပထမဦးဆုံး စမ်းသပ်ခေါ်ဆိုနိုင်ရန် မြန်မာကျပ်ငွေ ၁၀၀ ကို ထည့်သွင်းပေးထားကြောင်း၊ မိမိအသုံးပြုလိုသည့် ငွေပမာဏကို ကြိုတင်ထည့်သွင်းပေးရန်သာ လိုမည်ဖြစ်ကြောင်း၊ အသုံးပြုခြင်းအတွက် လစဉ်ကြေး၊ နှစ်စဉ်ကြေးပေးစရာမလိုကြောင်း သိရသည်။ ဖုန်းခေါ်ဆိုနိုင်သည့် အကောင့်သည် သက်တမ်းလွန်ရက်စွဲ (Expire Date) ရှိမည်မဟုတ်ကြောင်း တာဝန်ရှိသူက ပြောသည်။
“အဓိကဝန်ဆောင်မှုကတော့ VOIP ဖုန်းခေါ်မှုအပြင် ထူးခြားတာက e-Commerce Website တွေအတွက် မြန်မာဖုန်းတွေနဲ့ ကမ္ဘာအနှံ့ရှိဖုန်းတွေကို တိုက်ရိုက် Mobile SMS ပို့လို့ရမှာဖြစ်ပါတယ်” ဟု Myan Talk မှ တာဝန်ရှိသူက ပြောသည်။ Myan Talk အား Windows, Android, iOS, BlackBerry, Nokia Symbian, Window Phone များမှတစ်ဆင့် ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း သိရသည်။ အင်တာနက်ရှိရုံဖြင့် ကွန်ပျူတာမလိုအပ်ဘဲ Myan Talk Internet Phone Adapter များ အသုံးပြု၍လည်း ခေါ်ဆိုနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ မြန်မာနိုင်ငံအတွင်းရှိ GSM, WCDMA, CDMA 800MHz, CDMA 450MHz, MEC Tel ဖုန်းစသည့် ဖုန်းအမျိုးအစားအားလုံး Myan Talk အကောင့်ရှိရုံဖြင့် အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကမ္ဘာနေရာအနှံ့ရှိ မည်သည့် မိုဘိုင်းဖုန်းအမျိုးအစားကိုမဆိုလည်း Myan Talk Account ဖြင့်လည်း အွန်လိုင်း SMS ပေးပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။ Web Developer များ၊ Application Developer များအနေဖြင့်လည်း Myan Talk ကို အသုံးပြု၍ အွန်လိုင်း SMS လုပ်ဆောင်ချက်အား ထည့်သွင်းအသုံးပြုနိုင်ကြောင်း ဆိုသည်။ ခေါ်ဆိုခခန့်မှန်းနှုန်းထားများအနေဖြင့် မလေးရှားနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ်၊ စင်ကာပူနိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ တရုတ်နိုင်ငံသို့ တစ်မိနစ်လျှင် ၈ ကျပ်၊ ထိုင်းနိုင်ငံသို့ တစ်မိနစ်လျှင် ၁၁ ကျပ် အစရှိသည်ဖြင့် ခေါ်ဆိုနှုန်းထား အတိအကျကို ဖော်ပြပေးထားကြောင်း တွေ့ရသည်။ Myan Talk အား Desktop, Laptop, Mobile Phone, Tablet များမှတစ်ဆင့် အလွယ်တကူ ခေါ်ဆိုနိုင်မည်ဖြစ်သည်။
အဆိုပါ ဝန်ဆောင်မှုနှင့် ပတ်သက်၍ www.myantalk.com တွင် အသေးစိတ်ဖတ်ရှုနိုင်မည်ဖြစ်သည်။ ဝန်ဆောင်မှုအသုံးပြုရာတွင် ဝက်ဘ်ဆိုက်၌ ငွေဖြည့်သွင်းလိုပါက MyanPay Online စနစ်ဖြင့် ငွေဖြည့်သွင်း၍ ရရှိနိုင်ကြောင်း သိရသည်။ Myan Talk Account User Name ကို ဖြည့်စွက်ကာ မိမိဖြည့်သွင်းလိုသော Top Up Amount ကို ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ယင်းနောက် MyanPay Express Checkout Buttom ကို နှိပ်၍ အော်ဒါမှာယူနိုင်ပြီး MyanPay ဖြင့် အွန်လိုင်းငွေပေးချေမှုစနစ် ပြုလုပ်ကာ ငွေပေးချေရမည်ဖြစ်ကြောင်း သိရသည်။ မိမိပေးပို့လိုက်သော Payment ကို တစ်ဖက်မှ လက်ခံရရှိပြီးသည်နှင့် တစ်ပြိုင်နက် Myan Talk Account ထဲသို့ VOIP Credit များ ချက်ချင်းရရှိမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်း
Internet journal

KNUအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမည်


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့်
KNU တွေ့ဆုံ၍ အခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးမည်
==========================================

ခင်နှင်းကြည်သာ (မြစ်မခ) ၊ ရန်ကုန်၊ မေ ၂

ကရင်အမျိုးသားအစည်းအရုံး KNU က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်း ဆောင်များနှင့်တွေ့ဆုံရန် စီစဉ်လျက်ရှိပြီး ယင်းသို့တွေ့ ဆုံရာတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို ထည့်သွင်းဆွေးနွေးမည်ဟု KNU ဗဟိုကော်မတီဝင် ပဒိုစောလှထွန်း၏ ပြောကြားချက်အရ သိရသည်။

KNU ဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန် ဦး ဆောင်သည့်အဖွဲ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှခေါင်းဆောင်များဖြင့် မေလပထမအပတ်အတွင်း တွေ့ ဆုံနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

''ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအ တွက် အားလုံးပါဝင်ပြီး အားလုံးကိုအခြေခံရမှာ ဖြစ်တဲ့ အတွက် တွေ့ဆုံမှုတွေက ပိုပြီးတော့တွန်းအားဖြစ်စေဖို့ ပါ''ဟု KNU က နိုင်ငံရေးခေါင်းဆောင်များဖြင့် တွေ့ ဆုံရရန် စီစဉ်ရခြင်းနှင့်ပတ်သက်၍ ပဒိုစောလှထွန်း ကပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပြင် ကရင်လူထု၏ သဘောထားများနှင့် အနာဂတ်တွင် ငြိမ်း ချမ်းရေး တည်ဆောက်မည့်ပုံစံများကိုလည်း ထည့်သွင်း ဆွေးနွေးမည်ဖြစ်သည်။ KNU က ၂ဝဝ၈ ဖွဲ့စည်းပုံအ ခြေခံဥပဒေအား တဖြည်းဖြည်းခြင်း ပြင်ဆင်သွားသည့် ပုံစံဖြင့်သာ ပြောင်းလဲရန်ဆန္ဒရှိသည်ဟု KNU ဗဟို ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့က လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ကြေညာချက်များ ထုတ်ပြန် ထားသည်။ NLD နှင့် ၈၈ မျိုးဆက်အဖွဲ့တို့က ဦး ဆောင်ပြီး အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒထုတ် ဖော်ပွဲများကိုလည်း နိုင်ငံအနှံ့ ကျင်းပလျက်ရှိသည်။

KNU ဥက္ကဋ္ဌ မူတူးစေးဖိုးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကလည်း ဧပြီလ နောက်ဆုံးပတ် အတွင်းက 'ဝ'ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) တို့နှင့် တွေ့ဆုံခဲ့ရာတွင်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု KNU ဥက္ကဋ္ဌရုံးအတွင်းရေးမှူး စောတာမူလာက ဆိုသည်။

''တိုင်းရင်းသားတန်းတူညီမျှရေးရဖို့လဲ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြောင်းလဲပြင်ဆင်ရန်လိုတယ်ဆိုတဲ့ကိစ္စ ပြော ဖြစ်ကြတယ်''ဟု စောတာမူလာက ပြောသည်။
---------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

လက်တော့ပ်များရောင်း ရန်ရှိ မြို့တော်မျက်မှန်ဆိုင်သို့ ဆက်သွယ်မေးမြန်းနိုင်ရာမှ



လက်တော့ပ်နှင့် ဟန်းဆက်များခိုးယူသူများအား အွန်လိုင်းမှသဲလွန်စရကာ ဖမ်းမိ
=========================================

သော်ဇင်ထက် ၊ ရန်ကုန်၊ မေ ၂

ကွန်ပျူတာဆိုင်ရှိ လက်တော့ပ်နှင့် ဟန်းဆက် များ ခိုးယူသွားသူများအား အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် သဲ လွန်စရကာ ဖမ်းဆီးရမိလိုက်ကြောင်းသိရသည်။

ကမာရွတ်မြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ Technoland Computer Sale and Service Center ဆိုင်ရှိ ကျပ်သိန်းနှစ်ရာ ကျော်တန်ဖိုးရှိသော iPad, Mac Book များနှင့် မိုဘိုင်းဟန်းဆက် များကို ခိုးယူသွားသူများအား ကမာရွတ်မြို့နယ်ရဲစခန်းမှ စုံစမ်း ဖော်ထုတ်လျက်ရှိရာ ဧပြီ ၂၃ ရက်တွင် အွန်လိုင်း လူမှုကွန်ရက် တစ်ခုပေါ်တွင် တင်ထားသော လက်တော့ပ်များရောင်း ရန်ရှိကြောင်း မြို့တော်မျက်မှန်ဆိုင်သို့ ဆက်သွယ်မေးမြန်းနိုင် ကြောင်း ကြော်ငြာ တွင် ပါရှိသော iPad, Mac Book များကို တွေ့ရှိရသဖြင့် စုံစမ်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်စုံစမ်းရာ မျက်မှန်ဆိုင်သို့ ဝဏ္ဏ(ခ)ဝဏ္ဏထွန်း ဆိုသူ လာရောက်ရောင်းချသွားကြောင်းသိရှိရသဖြင့် တရားခံများ ဖြစ်သူ ဝဏ္ဏ(ခ)ဝဏ္ဏထွန်း ၂၄ နှစ် တာမွေမြို့နယ်နေသူနှင့် အလီ (ခ)ကျော်ကျော် ၄ဝ နှစ်ဆိုသူတို့အား ဖမ်းဆီးရမိခဲ့သည်။

အလီဆိုသူမှာ တာမွေမြို့နယ်တွင် သော့ပြင်သူတစ်ဦး ဖြစ်ပြီး ယင်းတို့နှစ်ဦးမှာ သော့ပြင်ရာမှသိကျွမ်းခဲ့ကြောင်း၊ ယင်း နောက် ဝဏ္ဏထွန်းမှအလီအား ဖုန်းဆိုင်တံခါးသော့အားဖျက်ပြီး ဆိုင်အတွင်းရှိ ပစ္စည်းများအား တစ်ယောက်တစ်ဝက်စီ ခွဲဝေယူ ကြမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ဧပြီ ၁၄ ရက် ည ၁၁ နာရီခွဲခန့် တွင် တံခါးသော့အား သော့တူဖြင့်ဖျက်ကာ အတွင်းရှိပစ္စည်းများ အား ခိုးယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွန်ပျူတာဆိုင်မှာ သင်္ကြန်တွင်း ဧပြီ ၁၂ ရက်မှ စတင် ပိတ်ထားသဖြင့် ဧပြီ ၁၉ ရက် ဆိုင်ပြန်ဖွင့်သည့်အချိန်မှသာ သိခဲ့ ရခြင်းဖြစ်သည်။ ဖမ်းမိခဲ့သော တရားခံနှစ်ဦးအား ကမာရွတ်မြို့နယ် မြို့မရဲစခန်းမှ ပြစ်မှုပုဒ်မ-၃၈ဝ ဖြင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
--------------------------------------------------------------------------
Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

ရန်ကင်းလူသတ်မှု ဒုတိယအကြိမ် အမှုစစ်ဆေးရာ၌ ကွဲလွဲချက်များရှိနေ



အောင်မြတ်ဟိန်း(မြစ်မခ) ၊ ရန်ကုန်၊ မေ ၂

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် (၁၂)ရပ်ကွက် ဝါးတံတား လမ်းမပေါ်၌ မတ် ၁၅ ရက် ည ၉ နာရီ ခန့်က အသက် ၂၅ နှစ်အရွယ် ကလေးသုံး ယောက်ဖခင်အား ဓားဖြင့်ခုတ်သတ်မှုကို ဒုတိယအကြိမ်အဖြစ် မေ ၂ ရက်က စစ်ဆေး ရာ၌ ကွဲလွဲမှုအချို့ရှိနေသည်ဟု သေဆုံး သူ၏ မိသားစုဝင်များက ဆိုသည်။

ရဲစခန်းတွင် စစ်ဆေးစဉ်က တ ရားစွဲဆိုခံရသူသည် ¤င်းအနေဖြင့်လူသတ် ခဲ့ကြောင်းနှင့် ပိုက်ဆံ ၂ဝဝဝ တောင်းယူ သွားကြောင်း ထွက်ဆိုခဲ့သော်လည်း တရား ရုံး၌ စစ်ဆေးစဉ်တွင် ¤င်းအနေဖြင့် ရဲစခန်း တွင်ထွက်ဆိုခဲ့စဉ်က ဘီယာမူးနေခြင်းကြောင့် မမှတ်မိတော့ကြောင်း ပြန်လည်ထွက်ဆိုခဲ့ သည်ဟုသိရသည်။

''ရဲစခန်းမှာ ထွက်ဆိုချက်ပေး ထားခဲ့တာတော့ တရားခံက သူလူသတ်ခဲ့ ကြောင်း၊ မင်းမှာ ပိုက်ဆံရှိလားဆိုပြီး ပိုက် ဆံ ၂ဝဝဝ ပေးလိုက်ကြောင်း၊ ရဲစခန်းမှာ ထွက်ဆိုခဲ့တယ်''ဟု တရားစွဲဆိုခံရသူ၏ သက်သေဖြစ်သူ ဂျပန်ကြီး(ခေါ်)အောင် ကိုလင်းက ပြောသည်။

ထိုကဲ့သို့ ထွက်ဆိုခြင်းမှာ မမှန် ကန်ကြောင်းနှင့် ယခုကဲ့သို့ထွက်ဆိုရန် တ ရားစွဲဆိုခံရသူ၏ ရှေ့နေဖြစ်သူက သင်ကြား ပေးခြင်းဖြစ်ကြောင်း သေဆုံးသူ၏ယောက္ခမ ဖြစ်သူ ဒေါ်နီနီက စွပ်စွဲပြောဆိုသည်။
''တရားခံရဲ့ရှေ့နေက သေသေ ချာချာ သင်ပေးထားလို့ အခုလို ကွဲလွဲပြီး ထွက်ဆိုတာ''ဟု သေဆုံးသူ၏ ယောက်ဖ ဖြစ်သူ ကိုချိုဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် တွဲဖက်ခရိုင်တရား သူကြီး(၄)၏ရုံး၌ မေ ၂ ရက်တွင် စစ်ဆေး ရာ ထိုကဲ့သို့ ကွဲလွဲမှုများရှိနေခြင်းကြောင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဒုတိယဥပဒေအရာ ရှိဒေါ်စန်းစန်းရီက တရားသူကြီးထံသို့ တင် ပြမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် တွဲဖက် ခရိုင်တရားသူကြီး(၄)ထံသို့ တင်ပြပြီးပါက ¤င်းအနေဖြင့် လိုအပ်သည့် သက်သေများ ကို ထပ်မံစစ်ဆေးပေးမည်ဖြစ်ပြီး မေ ၈ ရက်၌ တရားစွဲဆိုခံရသည့် သက်သေနှစ် ဦးအား ထပ်မံအမှုချိန်းဆိုထားသည်ဟု သိ ရသည်။

အဆိုပါလူသေဆုံးမှုကိစ္စနှင့် ပတ်သက်၍ ရန်ကင်း၌ နေထိုင်သူများအ ကြား စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ကိုလည်း ရန်ကင်းဒေသခံတချို့ကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရန်ကင်း မြို့နယ် ၁၂ ရပ်ကွက် ဝါးတံတားလမ်းပေါ် တွင် မတ် ၁၅ ရက် ည ၉ နာရီ အချိန်ခန့် ၌ အသက် ၂၅ နှစ်အရွယ် ကလေးသုံးဦး ဖခင်ကို ဓားဖြင့်ခုတ်သတ်ခဲ့သည့် ရန်ကင်း ရပ်ကွက်မှ တရားခံအား ပထမဆုံးအကြိမ် အဖြစ် ဧပြီလနောက်ဆုံးပတ်အတွင်းက ရုံး ထုတ်စစ်ဆေးခဲ့ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးမှ သိရသည်။
--------------------------------------------------------------------------

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

ရွှေစည်းခုံဘုရားရှိ ရှေး မူလက်ရာ သွပ်ပန်းချီကားများဦးခင်အောင်မြင့် တောင်းယူ



*******************************************************
သူသူထက်လွင် ၊ Flower News Journal အတွဲ (၁၀) အမှတ် (၁၇)
*******************************************************

ရွှေစည်းခုံဘုရားရှိ ရှေး မူလက်ရာ သွပ်ပန်းချီကားများကို ယခင် ယဉ်ကျေးမှုဝန်ကြီးဦးခင်အောင်မြင့် (ယခု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ) လမ်းညွှန် ချက်ဖြင့် အမျိုးသားပြတိုက်(နေပြည်တော်) တွင်ထားရှိရန် တောင်းယူခဲ့သောကြောင့် ပန်းချီကားအသစ်များ အစားထိုးထားရသည် ဟု ပုဂံရွှေစည်းခုံဂေါပကအဖွဲ့မှ ပြောသည်။
''ရွှေစည်းခုံ ပန်းချီကားဖြစ်စဉ် က ဗိုလ်ချုပ်ခင်အောင်မြင့်(ယခုအမျိုးသား လွှတ်တော်ဥက္ကဋ္ဌ) ယဉ်ကျေးမှုဝန်ကြီး ဖြစ် တုန်းက ရွှေစည်းခုံပန်းချီကားဦးစောမောင် ရဲ့ကားတွေကို အမျိုးသားပြတိုက်(နေပြည် တော်)မှာပြချင်တယ်။ လွှဲပေးစေချင်တယ်။ ကျွန်တော်တို့သာမက အာနန္ဒာဘုရားက ပန်းချီကားတွေကိုလဲ လွှဲပေးပါလို့ စာထုတ် တယ်။ ကျွန်တော်တို့ ပေးလိုက်ရတယ်။ အ ကုန်မပေးဘူး။ တချို့တစ်ဝက် ၁၄ ချပ် ပေး လိုက်တယ်။ ဟောင်းလောင်းကြီး ဖြစ်နေ လို့ ပန်းချီကားအသစ်တွေ အစားထိုး ပြန် ချိတ်ပေးတာပါ။

ကမ္ဘာပေါ်မှာ ရှေးဟောင်း အမွေအနှစ်တွေ တစ်စုတစည်းတည်း ရှိတဲ့ နေရာဆိုလို့ ပုဂံပဲရှိပါတယ်။ ရှေးဟောင်း အမွေအနှစ်တွေ မရှိတော့ရင် ဘယ်ဧည့် သည်မှ ပုဂံကို လာတော့မှာမဟုတ်ပါဘူး'' ဟု ရွှေစည်းခုံဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမောင်မြင့်က ပြောသည်။
ပုဂံဒေသတွင် ရှေးဟောင်းလက် ရာများ မရှိတော့ပါက ပုဂံဒေသသို့ ခရီး သွားဧည်သည့်များ လာရောက်ခြင်း ရပ်ဆိုင်း သွားနိုင်သဖြင့် ပုဂံရှိ ယဉ်ကျေးမှုလက်ရာ များကို မရွှေ့ပြောင်းသင့်ကြောင်းနှင့် ရွှေ စည်းခုံဘုရားတွင် ပန်းချီကား စုစုပေါင်း ၆၉ ချပ်ရှိသည့်အနက် ပန်းချီကား ၁၄ ကား ကို ပေးလိုက်ရခြင်းဖြစ်သည်။
''ရှေးဟောင်းပစ္စည်းဆိုတာ နေ ရာမရွှေ့ရဘူး။ သူ့နေရာနဲ့သူ ထားရတယ်။ ဥပဒေအရ မရွှေ့ရဘူး။ နိုင်ငံတကာမှာလဲ လက်မှတ်ထိုးထားရတယ်။ ရွှေ့မယ် ပြောင်း မယ်ဆိုရင် အထောက်အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ ပုဂံက အမွေအနှစ်လက်ရာတွေ ကို ယူဆောင်တာက အာဏာရှင်ဆန် တယ်''ဟု ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်က ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပုဂံဒေ သခံများဖြစ်သော ပုဂံချစ်သူအဖွဲ့မှ ကိုမင်း နိုင်အောင်က ''ကျွန်တော်တို့ ပုဂံရွှေစည်း ခုံဘုရားမှာ ရှေးပန်းချီကားတွေမရှိတော့ဘူး။ ပန်းချီကားအသစ်တွေ အစားထိုးထားတယ်။ ပန်းချီကားအဟောင်းနဲ့ အသစ်တွေကို ရော ထားပါတယ်။ အဲဒီပန်းချီကားတွေက ရှေး ပန်းချီကားတွေဖြစ်လို့ တန်ဖိုးဖြတ်လို့ မရ နိုင်ပါဘူး။ အဲလိုမျိုး မလုပ်သင့်ပါဘူး။ ဒီနေ ရာက ရှေးပစ္စည်းကို လိုသလိုနေရာရွှေ့လို့ ရနေတယ်ဆိုတာ အာဏာရှင်ဆန်သလို ဖြစ်နေပါတယ်''ဟု ပြောသည်။
ယင်းပန်းချီကားများကို ရွှေစည်း ခုံဘုရားသာမက ပုဂံအာနန္ဒာဘုရားမှ လည်းပေးရန် အစိုးရသစ်မတက်မီ အချိန် တွင် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပုဂံရှေးဟောင်း သုတေသနဦးစီးဌာနမှ ရုံးစာများ ထုတ်ပြန် ပြီး တောင်းယူခဲ့ကြောင်းနှင့် ရွှေစည်းခုံဘုရား အရှေ့ဘက်စောင်းတန်းတွင် သွပ်ပန်းချီကား ၂၈ ချပ်၊ တောင်ဘက်စောင်းတန်းတွင် ပန်း ချီကား ၁၇ ချပ်၊ ဆုတောင်းပြည့် ဘုရား အတွင်းတွင် ပန်းချီကား ၁ဝ ချပ်၊ စနေ ထောင့် အာရုံခံတိုက်အတွင်း ပန်းချီကား ၁၄ ချပ် စုစုပေါင်း ၆၉ချပ်ရှိခဲ့ကြောင်း၊ လက် ရှိအခြေအနေတွင် တောင်ဘက်စောင်းတန်း တွင် မူလပန်းချီကား ၁ဝ ကားအစား ထိုး ထားသော ကားခြောက်ကားနဲ့ လစ်လပ်နေ သော ပန်းချီကားနေရာ တစ်နေရာရှိနေ ကြောင်းသိရသည်။

အင်းလျားကန်ပေါင် လုယက်အကြမ်းဖက်မှု သံသယရှိသူငါးဦးကို ခေါ်ယူစစ်ဆေး




ရန်ကုန်၊ မေ ၆- ဧပြီ ၂၄ရက်က အင်းလျားကန်ပေါင်ပေါ်တွင် ဖြစ်ပွား ခဲ့သည့် မော်တော်ယာဉ်နှင့်ငွေကို အကြမ်းဖက်လုယက်ခဲ့ သည်ဟု သံ သယရှိသူငါးဦးကို ခေါ်ယူစစ်ဆေး နေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူက ''ဘယ်သူဘယ်ဝါ ဆိုတာတော့ လတ်တလော ပြောဖို့ စောသေးတယ်။ မသင်္ကာသူအမျိုးသား ငါးယောက်ကိုတော့ ခေါ်ယူစစ်ဆေး နေပါတယ်။ ဒီလောက်ပါပဲ''ဟု ပြော သည် ။

အဆိုပါ အကြမ်းဖက် လုယက် မှုကို အမြန်ဆုံး တရားခံပေါ်ပေါက် စေရန် ပြည်ထဲရေးဝန်ကြီးဌာနက လမ်းညွှန်ထားပြီး အသေးစိတ်ခေါ်ယူ စစ်ဆေးသူများ၏ အကြောင်းအရာ များကို အဆိုပါတာဝန်ရှိသူက ပြော ဆိုခဲ့ခြင်းမရှိပေ။

လှိုင်မြို့နယ် အင်းလျားကန်ပေါင် တံတားဖြူမှတ်တိုင်အနီးတွင် ဧပြီ ၂၄ ရက် နံနက် ၄နာရီခွဲခန့်က အင်းလျား ကန်ပေါင်ပေါ်တွင် လာအပန်းဖြေသည့် ကိုအောင်ငြိမ်းခန့်နှင့် သူငယ်ချင်းတစ်ဦး တို့ကို အမည်မသိလူငါးဦးခန့်က ဓားဖြင့် တိုက် ခိုက်ပြီး ရွှေထည်ပစ္စည်းများနှင့် ၎င်းတို့စီးလာသည့် လင်ခရူဆာကား ကို ဓားပြတိုက် လုယူထွက်ပြေးသွား ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

အမှုနှင့်ပတ်သက်ပြီး လိုအပ် သည့်အချက်အလက်များကို တိုင်း ခရိုင်မြို့နယ်များမှ သက်ဆိုင်ရာတာ ဝန်ရှိသူများက စုပေါင်းစစ်ဆေးနေ ပြီး အဆိုပါအမှုကို လှိုင်မြို့နယ်တရား ရုံးမှ စစ်ဆေးနေကြောင်း သိရသည်။

K M Z [--Democracy today Daily Newspaper--]

ပျော်ဘွယ်မြို့ လူထုဆန္ဒခံယူပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ပျော်ဘွယ် မှ ဦးဆောင်



ယနေ့ ၇-၅-၂၀၁၄ နံနက် ၉း၀၀ နာရီမှစတင်ကာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ပျော်ဘွယ် မှ ဦးဆောင်ကျင်းပသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲအား ပြုလုပ်ခဲ့ရာ မြို့ခံလူထုမှလည်း ၀န်းရံပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။
ပုဒ်မ ၅၉ဃ၊ စ ပြင်ဆင်ပေးရေး
ဒို့အရေး ဒို့အရေး

ပုဒ်မ၄၃၆ ပြင်ဆင်ပေးရေး
ဒို့အရေး ဒို့အရေး
စသည့်ကြွေးကြော်သံများနှင့်အတူ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မိုးသက်လေပြင်း ကျရောက်မှုကြောင့် ဒုက္ခထပ်ရောက်နေရတဲ့ မန်ဝိန်းကြီး ဒုက္ခသည် စခန်း



ဗူးလေးရာ ဖရုံဆင့် ဆိုသလို စစ်ဘေးကြောင့် ဒုက္ခရောက်နေရတဲ့အထဲ မိုးသက်လေပြင်း ကျရောက်မှုကြောင့် ဒုက္ခထပ်ရောက်နေရတဲ့ မန်ဝိန်းကြီး ဒုက္ခသည် စခန်းက စစ်ပြေး ဒုက္ခသည်တွေ ရဲ့  အဖြစ်က အင်မတန်ဆိုးရွားလှပါတယ် ။ ယမန်နေ့  မိုးကြီးလေကြီး ကျရောက်မှုကြောင့် ဒုက္ခသည် စခန်း တစ်ခုလုံး ရေလျှံသွားပြီး စခန်းမှာ ခိုလှုံနေတဲ့ စစ်ပြေး ဒုက္ခသည်များ မိုးထဲလေထဲ အတော့်ကို ဒုက္ခများသွားပါတယ် ။

( Namhkai Hka )

အင်းစိန်ထောင်ထဲတွင်ကိုနေမျိုးဇင်ကွန်ပြူ တာသင်တန်းဖွင့်


Nay Myo Zin

အင်းစိန်ထောင်ထဲတွင် ထောင်မှူးကြီးဧ။်ခွင့်ပြုချက်အရ ကွန်ပြူ တာသင်တန်းကို ၅.၅.၂၀၁၄ရက်နေ့ကစတင်ပြီး သင်တန်းသားပေါင်း၂၅ယောက်ကိုသင်ကြားပြသပေးနေပါသည်။ကွန်ပြူ တာစာအုပ်ပေါင်း(၂၀၀)ကို ထောင်မှူးကြီးအားပေးအပ်လိုက်ပါကြောင်း၊ ၇.၅.၂၀၁၄ရက် နေ့လည်တွင် ထောင်ဝင်စာသွားတွေ့သောအခါ ကိုနေမျိုးဇင်ကပြောပြပါသည်။

မျိုးစောင့်ဥပဒေကြမ်း ရေးဆွဲမှုကို လူ့အခွင့်အရေးအဖွဲ့ ၁၀၀ နီးပါး ပြစ်တင်ကန့်ကွက်



RFA Burmese

မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲဖို့ ပြင်ဆင်နေတာတွေနဲ့ ဘာသာရေုးကို အခြေခံပြီး နိုင်ငံရေးလုပ်ဆောင်မှုတွေဟာ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ လုံးဝ ကိုက်ညီမှုမရှိသလို ၂၀၁၅ မတိုင်ခင် ပြည်သူတွေကို အာရုံလွှဲတဲ့ကိစ္စသာဖြစ်ကြောင်း အရပ်ဘက် လူမှုအဖွဲ့ အစည်းပေါင်း ၉၇ ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီကြေညာချက်ကို အမျိုးသမီးရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက စုပေါင်းပြီး မနေ့က ထုတ်ပြန်ခဲ့တာပါ။ မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲဖို့ ပြင်ဆင်နေတဲ့ကိစ္စအပေါ် အဖွဲ့ပေါင်းစုံက ကန့်ကွက်တဲ့ကြေညာချက် ထုတ်ပြန်ခဲ့ရတာနဲ့ပတ်သက်ပြီး ကချင်အမျိုးသမီများ ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ဝင် ဒေါ်မေစပယ်ဖြူ က ခုလိုပြောပါတယ်။

"လက်ရှိမှာ အမျိုးဘာသာသာသနာ လှုံ့ဆော်နေတဲ့ ဘာသာရေးကိုအခြေခံတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ အစွန်းရောက်တဲ့ အကြမ်းဖက် ပဋိပက္ခတွေကို ဖြစ်စေနိုင်တယ်ပေါ့နော်၊ အမျိုးသမီးတွေရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ ရှင်သန်ခွင့်နဲ့ ရွေးချယ်ခွင့်ကို တိုက်ရိုက်ကန့်သတ်ချုပ်ချယ်လိုတဲ့သဘောပါမယ်၊ ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတဲ့မူနဲ့ လုံးဝကိုက်ညီမှုမရှိဘူး၊ ပြီးတော့ ဒီဟာဟာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြည်သူ့လူထုကို အာရုံလွှဲတာလို့ ကျမတို့ကထင်ပါတယ်"

မျိုးစောင့် ဥပဒေမူကြမ်းရေးဆွဲဖို့ ပြင်ဆင်နေတာဟာ အစိုးရကလက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ အမျိုးသမီးများကို နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေး သဘောတူစာချုပ် (စီဒေါ) ကို ချိုးဖေါက်ရာရောက်ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေဟာ မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲဖို့ထက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကိုသာ ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်းလည်း အဲဒီအဖွဲ့ပေါင်းစုံက ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ပိုက်ဆံချေးဖို့တွေမေ့မှာစိုးလို့...( ရေတပ်ချုပ် ဇေယျကျော်ထင်သူရသက်ဆွေ)

ဒီနေ့ကာတွန်း

ကျောင်းတွေမှာမနက်စာနဲ့နေ့ခင်းစာစနစ်တကျကျွေးရမယ့်အချိန်

ဘုရားတက်ဖူးဖို့လေ့ကျင့်နေတာ

အံ့ဖွယ်

ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့ရိုးမှန်ရင် စ၀်ရွှေသိုက်ဟာ ပထမဆုံးသော နိုင်ငံတော်သမတ ဖြစ်လာစရာ အကြောင်းမရှိ



D Myo Chit



၁၉၄၇ အခြေခံဥပဒေမှာ ၅၉(စ) - ချွေးမ၊ သမက်ဟာ နိုင်ငံခြားသားမဖြစ်ရဘူးလို့ ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့ရိုးမှန်ရင် စ၀်ရွှေသိုက်ဟာ ပထမဆုံးသော နိုင်ငံတော်သမတ ဖြစ်လာစရာ အကြောင်းမရှိဘူး။ ပါလီမန်လွှတ်တော်ဥက္ကဌဖြစ်လာစရာ အကြောင်းမရှိဘူး။

ဘာကြောင့်လဲဆိုတော့ သူ့သမီးစပ်စန္ဒာရဲ့ ခင်ပွန်း (Peter Sims ) ဟာ နိုင်ငံခြားသားဖြစ်နေလို့ပဲ

[ အခုပြောနေကြတဲ့ နိုင်ငံခြားသစ္စာခံမဖြစ်ရဆိုတာ ၁၉၄၇ ဥပဒေမှာ ပါလီမန်အမတ်... " ကိုယ်တိုင်"... အတွက်သာ ရည်ညွန်းတာ ဖြစ်ပြီး .." ဇနီး၊ခင်ပွန်း၊သား၊ သမီး၊ သားမက်၊ ချွေးမနဲ့မသက်ဆိုင်ဘူး"... ဆိုတာ ပထမဆုံး သမတကြီး၊ နောက် ၁၉၆၂ အထိ အထက်လွှတ်တော်ဥက္ကဌ ဖြစ်ခဲ့သူ စပ်ရွှေသိုက်က သက်သေခံနေပါတယ်။ ]



The Moon Princess ရဲ့ စာမျက်နှာ အပိုင်းအစ များ

May 6, 2014 at 10:15pm
တကယ်တော့.. The Moon Princess ကို ဖတ်နေ တဲ့ အချိန်မှာ..သမိုင်း တွေ.. နိုင်ငံရေး တွေ ထက်.. အမျိုးသမီး တယောက်..ဒါမှမဟုတ်.. ရှမ်း မင်းသမီးတပါး ရဲ့ လူသားဆန်ဆန် ဘ၀ တခု ကို သာ.. ဖမ်းဆုတ် မိ ခဲ့ တာပါ။ စာရေးသူ စ၀်စန္ဒာ ကိုယ်တိုင် ကလည်း ၀န်ခံ ရေးသား ထား ပါတယ်။ သူ့ဖခင် စော်ဘွားကြီး စ၀်ရွှေသိုက် ရဲ့.. မပြေ ခဲ့ တဲ့..သမိုင်း ကြွေး အချက်အလက် တွေ အတွက်.. စာအုပ် တအုပ် ပြုစု ဖို့ လို့ ရည်ရွယ် ခဲ့ ပေမဲ့.. တကယ့် တကယ် မှာ..စာရွက် စာတမ်း အထောက်အထား တွေ အကုန် မရ နိုင် တော့ တာ..မိသားစု တကွဲ တပြား ဖြစ် ခဲ့ တာတွေ ကြောင့်.. နောက်ဆုံး တော့..သူ မှတ်မိ သိမြင် ကြုံတွေ့ ခဲ့ ရ သလောက် နဲ့ .. ကိုယ်ရေး အတ္တုပတ္တိ တအုပ် သာ ဖြစ် သွား ခဲ့ ပါ တယ် တဲ့။ ဒါပေမဲ့ လည်း.. စာဖတ်သူ ကျမ အတွက် တော့.. ညောင်ရွှေ ဟော်နန်း ရဲ့ တောင်ဆောင် တော် ပြတင်း တံခါး တချပ် က နေ.. မြင်လိုက် ရ တဲ့.. သမိုင်း မြင်ကွင်း တခု ဆို လည်း .. မမှား နိုင် ပါ ဘူး။


( Draft  ထဲ မှာ..အဲဒီလို နိဒါန်း ချီ ထား ပြီး… ဆက်မရေး ဖြစ်ပဲ.. ဖြစ်နေ တဲ့.. The Moon Princess  စာအုပ် ကလေး အကြောင်း .. အခု ဘယ်လို မှ ဆက်ရေး လို့ မရ တော့ တာ နဲ့.. စကန် ဆွဲ ထား တဲ့  ပုံလေး တချို့ နဲ့.. စိတ်ဝင်စားစရာ အကျဉ်း တချို့ပဲ ဝေမျှ လိုက် ပါတယ်။ )

တကယ်တော့.. ဒီစာအုပ် ထဲ မှာ.. အမျိုးသမီး ၆ ယောက် ကြား မှာ ပတ်သတ် ဆက်နွယ် ဖြစ်ပေါ် နေ ခဲ့ တဲ့..လူသား ဆန် တဲ့ ခံစားချက် တွေ.. အကြောင်း ကို ပို ပြီး စိတ်ဝင်စား ခဲ့ မိတယ်။
Living in a polymanous family ဆိုပြီး အခန်း တခန်း သီးသန့် ရေး သား ထား တဲ့ အပြင်.. စာ အုပ် တအုပ် လုံး မှာ ဖြန့်ကျက်ပြီး ပါ နေ တဲ့.. အဖေတူ အမေကွဲ မောင်နှမ ၁၂ ယောက် နဲ့.. မိသားစု အကြီး ကြီး ရဲ့ အကြောင်းက.. စိတ်ဝင်စား စရာ တွေ နဲ့ ပြည့်နှက် နေ လေ တယ်။

တကယ်တော့.. စ၀်ရွှေသိုက် နဲ့ ပတ်သတ်ရင် နောက်ဆုံး မဟာဒေ၀ီ ဖြစ် တဲ့..မဟာဒေ၀ီ စ၀်ဟမ်းခိန်း ကိုသာ SSA ရဲ့ ခေါင်းကိုင် တယောက် အဖြစ် လူသိ များ ကြ တာပါ။ ဒီစာအုပ် ကို ဖတ် လိုက် တော့မှ.. ပထမဆုံး မဟာဒေ၀ီ စပ်နန်းရီ.. စ၀်နန်းစန္ဒာ..နန်းညွှန့်မေ..နန်းမြ၀င်း ဆိုတဲ့.. စော်ဘွား ကြီး ရဲ့ အိမ်ထောင် လေး ဆက်..ညီအမ လေးဖော် အကြောင်း ကို သိလိုက် ရတယ်။ စ၀်စန္ဒာ က တော့..ဒုတိယ အိမ်ထောင် ဖြစ်တဲ့..စ၀်နန်းစန္ဒာ ရဲ့ သမီး ဖြစ်ပြီး.. သူငယ်စဉ် ဘ၀ မှာပဲ.. မိခင် ဖြစ်သူ ဖျားနာ သေဆုံး သွားတဲ့ အတွ ကြောင့်.. ကြီးဒေါ် ဖြစ်တဲ့..မဟာဒေ၀ီ က..သူ့သားကြီး ၂ယောက် နဲ့ အတူ ကြည့်ရှူ ခဲ့ တာ..အတော်ကြီး တဲ့ အထိ အမေ အရင်း လိုပဲ ထင်နေ ခဲ့ သတဲ့။ နောက် တော့..မဟာဒေ၀ီ လည်း ဖျားပြီး သေဆုံး ပြန်တော့.. ကျန်ခဲ့ တဲ့ မောင်နှမ သုံးယောက် ကို ကြည့်ရှု ဖို့ အတွက်.. လက်ကျန် ညီအမ အငယ် ၂ ဖော် လည်း ဟော်နန်း ကို ရောက် လာ ခဲ့ ဟန် တူပါ ရဲ့။ တကယ်တော့ အဲဒီ ညီအမ လေးဖော် က.. ညောင်ရွှေ ဟော် က.. အခွန် ဘဏ္ဍာ ရေး ၀န် တယောက် ရဲ့ သမီး တွေ မို့..စော်ဘွား အနွယ် တွေ မဟုတ်တဲ့ အတွက်.. ခိုက်တယ် လို့ လည်း ပတ်ဝန်းကျင် က..ယူဆ ကြ သတဲ့။

အဲဒီ အထဲ မှာ.. ဒေါ်ဒေါ် လို့ အားလုံးက ခေါ်ကြတဲ့..တတိယ ညီမ နန်းညွန့်မေ ရဲ့.. ချစ်စရာ ကောင်းတဲ့ ဓါတ်ပုံ တချို့ကို ကြည့် ပြီး.. သူ့ဘ၀ ကို ပိုပြီး ဂရုဏာ သက်နေ မိ တယ်။ သူ့မှာ ကိုယ်ပိုင် သားသမီး မစီးပွား ခဲ့ ပေမဲ့.. အမ ၂ ယောက်က မွေးတဲ့.. စ၀်စန္ဒာ တို့ မောင်နှမ သုံးယောက် ရဲ့ တာဝန် တွေကို ယူ ရ တဲ့ အပြင်.. စော်ဘွား ကြီး ရဲ့.. အနွံအတာ ကို လည်း အတော် ခံ ရ ပုံ ပေါ် ပါတယ်။ နောက် တော့.. စော်ဘွားမျိုး နွယ်ခြင်း မဟာမိတ်ပြု ပြီး မဟာဒေ၀ီ ဖြစ်လာ တဲ့..စ၀်ဟမ်းခိန်း ရောက်လာ တဲ့ အခါ..တောင်ဆောင်တော် သခင်မ ဘ၀ နဲ့..အိမ်ထိန်း လို မျိုး နေ သွား ခဲ့ ရ တာ..။ စ၀်ဟမ်းခိန်း က မွေးတဲ့ ကလေး တွေ ကို ရော..သူ့ညီမ အငယ် ဆုံး နန်းမြ၀င်း က မွေးတဲ့ ကလေး တွေ ကို ရော.. နှလုံးသား ကြီးကြီး နဲ့ တသက်လုံး ကြည့်ရှု စောင့်ရှောက် သွား တာ တွေ ဖတ် ရ တော့.. မိန်းမ တယောက် ရဲ့ ရင်ထဲ ကို.. သိလို စိတ်..စာနာ နားလည် စိတ် တွေ နဲ့..၀င် ကြည့် နေ မိ တယ်။ သူတို့ ငယ်ငယ်က.. မိသားစု ကြီး ခရီး ထွက် ပြီ ဆိုရင်.. လမ်းမှာ..ဒေါ်ဒေါ်က.. စိန်ခြူးကြာညောင် သီချင်းကို..အမြဲ ညည်း ဆို လေ့ ရှိ တယ် ဆိုတာ ကြောင့် .. ရင်ထဲ မှာ ပို ဆွေး မိ တယ်။ အဒေါ်ငယ် ဒေါ်ဝင်း ကတော့.. ရန်ကုန် တက္ကသိုလ် မှာ ကျောင်းသွား တက် ပြီး.. သူ့ဘ၀ ကို.. လွတ်လွတ် လပ်လပ် ရွေးချယ် ခွင့် တွေ ရှိနေပါ လျက် နဲ့.. ဂျပန် တွေ ၀င်တော့.. ညောင်ရွှေ ကို ပဲ ပြန်လာ ရ ပြီး.. စော်ဘွား ကြီး အရိပ် အောက်ပဲ ၀င် ခဲ့ တာ ကို လည်း.. အံ့သြဟန် ပြု ရေး ထား လေ တယ်။




ဒီပုံကတော့..မဟာဒေ၀ီ စ၀်ဟမ်းခိန်း ရဲ့.. အဲလစ်ဇဘတ် ဘုရင်မ ကြီး မင်္ဂလာဆောင် ကို တက် တဲ့ ပုံပါ။

အဲဒီ တုန်းက..ပြည်ထောင်စု မြန်မာနိုင်ငံ တော် သမ္မတ ကြီး ဖြစ်ကာစ.. စ၀်ရွှေ သိုက် နဲ့ မဟာဒေ၀ီ ကို.. တော်ဝင် မိသားစု က..ဖိတ်ကြား တော့.. စ၀်စန္ဒာက.. မဟာဒေ၀ီ ရဲ့ အဖော် အဖြစ် နဲ့ လိုက်ပါ သွားရင်း.. အင်္ဂလန် မှာ ကျောင်းတက် ကျန် ခဲ့ တာ ဖြစ် တယ် ။ အဲဒီ အချိန် မှာ သူ့အကို ၂ ယောက် ကတော့.. အင်္ဂလန် မှာ ရောက်နှင့် ပညာသင် နေ ခဲ့ ကြ ပြီ ။ ဒီ စာအုပ် ထဲ မှာ စာရေးသူ က.. ကျန်တဲ့.. အမျိုးသမီး တွေ ကို တော့.. အဒေါ် ရင်း တွေ မို့.. ချစ်ခင် ရင်းနှီး စွာ ဖော်ပြ ထား ပေ မဲ့.. မိထွေး စစ်စစ် ဖြစ် တဲ့..မဟာဒေ၀ီ ကို တော့.. သမိုင်း အချစ် ဇာတ်လမ်း စာအုပ် တွေ ကြိုက်တတ် တဲ့.. နိုင်ငံရေး ရည်မှန်းချက် ကြီး တဲ့.. အမျိုးသမီး တယောက် အဖြစ် .. ခပ်ခွါခွါ လေးပဲ.. ရေး ပြ သွား တယ်။ အရွယ် ချင်း ကလည်း သိပ် မ ခြားလှ ဘူး ကိုး။ နောက်ပိုင်း မှာ ..သား သမီး တချို့ နဲ့ အတူ ကနေဒါ မှာ..ခေါင်းချ နေထိုင် သွားခဲ့တဲ့.. မဟာဒေ၀ီ စ၀်ဟမ်းခိန်း ရဲ့.. အတ္တုပတ္တိ ဆန်ဆန် စာအုပ် တအုပ် ဟာ.. The White Unbrella  ဆိုပြီး.. ဒီ စာအုပ် မတိုင် ခင် အတော် စောစော က..ထွက် ဖူး ထား ပေမဲ့.. ထူးဆန်းစွာ ပဲ.. စ၀်စန္ဒာ ရဲ့.. စာကိုး စာရင်း ထဲ မှာ.. မတွေ့ ရ ဘူး။  ကိုယ်တိုင် ရေး စာအုပ် မဟုတ် တာ ကြောင့် လည်း ဖြစ်မည် ထင် သည်။




ဝဘ်ဆိုဒ် တခု မှာ တွေ့ ရ တဲ့.. မဟာဒေ၀ီ စ၀်ဟမ်းခိန်း ရဲ့..အသက် ၈၀ ကျော် ပုံရိပ် ( ကွယ်လွန်)

စ၀်စန္ဒာ ရဲ့.. ဘိလပ် မှာ ကျောင်းတက် ခဲ့ တဲ့.. ၆ နှစ်တာ ကာ လ တွေ အကြောင်း လည်း ဖတ်လို့ ကောင်းသား ပါပဲ။ အဲဒီ တုန်းက..ခေတ်ပြိုင် ဗမာ ကျောင်းသား တချို့ အကြောင်း ဖတ် ရ တော့.. သြော်… လို့ပဲ.. တွေး မိ လိုက် ရ ပါ တယ်။ အင်္ဂလိပ် မြန်မာ အဘိဓါန် ပြုစု ခဲ့ တဲ့ ဒေါက်တာ ဘဟန် ရဲ့ သမီး ကက်သလင်း ဘဟန်.. သူ့ တ၀မ်းကွဲ.. အဓိပတိ ကြီး ဒေါက်တာ ဘမော် ရဲ့ သား.. ဇာလီမော်…
စ၀်ရွှေသိုက် နောက် သမ္မတ ဖြစ် တဲ့.. သမ္မတကြီး ဒေါက်တာ ဘဦး ရဲ့ သားတွေ ဖြစ်တဲ့.. ရစ်ချက် ဘဦး.. အဲလဘတ် ဘဦး တို့.. ဆို တော့ ကာ….. အင်း..။

နောက် တော့..သူလည်း ဘိလပ် မှာပဲ.. Peter Simms ဆို တဲ့.. အင်္ဂလိပ် တယောက် နဲ့ အကြောင်းဖက် တယ်။ ဟိုလူက.. ဗုဒ္ဓဘာသာ ကို လေ့လာ လိုက်စား တဲ့… ပညာရှင် တယောက် ။ စနေသမီး ဦး ပီပီ ..လုပ်ချင် ရာ လုပ် ခဲ့ တဲ့..သူ့ကို.. အိမ်ထောင်ဖက် ရွေးချယ်မူ အပေါ် မှာ လည်း..သူ့ဖခင်က.. သဘော မကျ ခဲ့ ဘူး။ ဒါပေမဲ့..နောက် တော့.. နားလည် လက်ခံ လာ ပြီး..သူတို့ မောင်နှံ..မြန်မာ ပြည် ကို ပြန်လာ ကြ တယ်။ သူတို့ နှစ်ယောက် ရဲ့..အချစ် ဇာတ်လမ်း မှာ...အဲဒီ တုန်းက..အင်္ဂလန် မှာ နေထိုင် တဲ့.. ဆရာကြီး ဒေါက်တာ လှဘေ က လည်း..တနည်း တဖုံ ပါဝင် နေ ခဲ့ သေးတယ်။

အဲဒီမှာ စိတ်ဝင်စားစရာ ကောင်းတာ က.. လန်ဒန် ကနေ .. မြန်မာ ပြည် ရောက် အောင်.. ဒုတ်ဒုတ်ထိ ကုန်းလမ်း ကနေ..ကားမောင်း ပြန်လာ ကြ တာ .. ၆ လ ကြာ သတဲ့..။  သူတို့ ရန်ကုန် ကို ရောက်တဲ့ အခါ.. ကားရဲ့..မီတာ က.. မိုင်ပေါင်း  တသောင်း လေးထောင် နဲ့ ငါးရာ နှစ်ဆယ့် နှစ်မိုင် ပြ နေ သတဲ့..။ အတော် အံ့သြ သွား မိတယ်..။.အင်္ဂလန် နဲ့.. မြန်မာပြည် ကို..ကုန်းလမ်း ပေါက်တယ် ဆိုတာ..သတိ မထား မိဘူး။ မြေပုံ တွေ ဘာတွေ ပြန်ကြည့် တော့ မှ.. သြော..ဟုတ်ပေ သား ပေါ့..။ သူ့ အမျိုးသားက တော်တော် လည်း စွန့်စား ချင် တဲ့.. အင်္ဂလိပ် ဖြစ်ပုံ ရ သည် ။




တကယ် ဆက်စပ် ဖတ် ကြည့် တော့ မှ.. အဲဒီ အချိန်က.. Land Rover ကား တွေ စ ပေါ် ကာစ.. overland drive ဆိုတာ ကို လည်း စစ်ကြီး အပြီး မှာ..ဖက်ရှင် တခု လို စွန့်စား မောင်းနှင် ကြ တဲ့ အချိန် ဖြစ်နေတယ် ဆိုတာ သွား တွေ့ရတယ်။ ဘာပဲ ပြောပြော..လွယ် တဲ့ ခရီး တော့ မဟုတ်..။ သူ့စာ ထဲ မှာ.. အဲဒီ တုန်းက.. ဆူးအက်ဇ် တူးမြောင်း ပြသာနာ ပေါ် နေတာ မို့.. သူတို့.. ဂျော်ဒန် ကို ဖြတ်တော့.. အသက် နဲ့ နီး တဲ့.. အခက်အခဲ တွေ တောင် ကြုံ ခဲ့ ရ သတဲ့။

နောက်ပိုင်းလည်း သူ့ အမျိုးသား ပီတာက.. Time တို့ ဘာတို့ မှာ ၊သတင်းထောက် အဖြစ် ဆက်လုပ်တာမို့ နှစ်ယောက်သား အာရှ တိုက်က  နိုင်ငံမျိုးစုံမှာ လှည့်လည် ပီး နေထိုင် သွား ကြသည် ။.. လာအို..ထိုင်း.. စင်ကာပူ..ဟောင်ကောင်.. အိုမန်.. အာရှနိုင်ငံ တော်တော်စုံခဲ့တယ်။ သူ့အမျိုးသား ပီတာ ကို ၊ အဲ့ဒီ အချိန် ၊ စစ်အေးကာလ တွေက  အနောက်သူသျှို လို့  ထင်တဲ့ သူတွေလည်း ရှိခဲ့တယ်။




လင့်ရိုဗာ ကားကြီး နဲ့..သူတို့ လင်မယား ရန်ကုန် ကို ပြန်ရောက်တော့..ပီတာက.. ရန်ကုန် တက္ကသိုလ် အင်္ဂလိပ်စာ ဌါန မှာ စာပြ.. ဒေါက်တာ လုစ် တို့ ဘာတို့ နဲ့.. အဖွဲ့ကျ… သူက.. BBS မြန်မာ့ အသံ မှာ.. သတင်း ကြေ ငြာ တဲ့ အလုပ် လုပ်ရင်း..နေထိုင် ဖြတ်သန်း ခဲ့တဲ့.. နှစ် တွေ တလျှောက်.. ရန်ကုန် မြို့က..အထက်တန်းလွှာ.. လူတန်းစား တချို့ အကြောင်း လည်း အမှတ် တမဲ့ ဆို သလို..ရုပ်ပုံလွှာ ကြမ်းလေး တွေ အဖြစ်.. ဖတ် လိုက် ရ တယ်။ ဥပမာ.. ဗိုလ်စကြာ ..နဲ့.. Purple Plane   မင်းသမီး ၀င်းမင်းသန်း တို့ အကြောင်း..။ ကပြား ဖြစ် တဲ့..၀င်းမင်းသန်းက..ဘယ်လို အက ကောင်း ..ဧည့်ခံ ကောင်း လို့.. ဗိုလ်စကြာ တို့ အိမ်က..ပါတီ တွေ ဆိုတာ..လူ အမြဲ စည် တဲ့ အကြောင်း.. ဆို တာမျိုး တွေပါ..။ လွတ်လပ်ရေး ရ ပြီး စ.. မြန်မာ ပြည် မှာ ..အဲဒီ တုန်းက.. အထက်တန်းလွှာ ကပြား တွေ.. အာဏာရ နိုင်ငံရေး သမား တွေ.. လိုင်စင် စီးပွား ရေး သမား တွေ နဲ့.. အတော် လည်း မျက်စိ နောက် စရာ ကောင်း နေ မှာ တော့.. အမှန် ပင်။ ဒီကြားထဲက.. ရိုးရိုးသားသား.. ကြိုးစားအောင်မြင် ရင်း..မြန်မာ ပြည် မှာပဲ တသက်လုံး နေထိုင် သွား ခဲ့ တဲ့.. BBS ဦးလှဘူး တို့ မိသားစု အကြောင်းလေး ကို လည်း တခုတ် တရ .. ရေးထား သေး တယ်။ (ဦးလှဘူး ရဲ့ အမျိုးသမီး အန်တီ အောလစ်ဗ် ဟာ လည်း .. မွန် အင်္ဂလိပ် ကပြား မကြီးပါ။ အခု ထက်ထိ အလုံ ဦးလူနီ လမ်းထဲ မှာပဲ နေထိုင် ပါတယ် )



လွတ်လပ်ရေးနေ့ အခမ်းအနားမှာ တွေ့ရတဲ့  စပ်စန္ဒာ

ဒီစာအုပ် မှာ ဖတ်လို့ အကောင်းဆုံး အပိုင်း ကတော့.. ၁၉၆၂ အာဏာ သိမ်းပြီး ..သူ့ဖခင် စ၀်ရွှေသိုက် နေ အိမ်ကို ဦးနေ၀င်း စစ်တပ်က..၀င်စီး တဲ့ အခန်း တွေ ပါ။ ဒါပေမဲ့…အဲဒီ အချိန် မှာ သူတို့ မောင်နှံ က.. နိုင်ငံရေး အခြေအနေ တွေ မကောင်း တော့ လို့.. လာအို ကို ရွှေ့ ပြောင်း နေ ပြီ မို့.. မျက်မြင် ကိုယ်တွေ့ တော့..မ ဟုတ် ဘူး ပေါ့..။ ဗမာ စစ်သား တွေက..`ရှမ်းမ..ထွက်ခဲ့..ထွက်ခဲ့..` လို့ အော် တာ…၊ ၁၇ နှစ်သားပဲ ရှိသေး တဲ့.. သူ့ မောင်လေး..စ၀်မြီမြီသိုက် က..တံခါး ဖွင့် ပြီး ထွက်ကြည့် တဲ့ အချိန်မှာ..တဖက်က..စစ်သား တွေက.. တလစပ် ပစ်ခတ် လို့ သေဆုံး သွား ခဲ့တာ …၊ သူ့ဖခင် ကိုလည်း ချက်ခြင်း..ဖမ်းထုတ် ခေါ်သွား ခဲ့တာ.. တွေကို..မိသားစုဝင် တယောက် အနေ နဲ့..သူမ ဘယ်လောက် ၀မ်းနည်း တုန်လှုပ် ခဲ့ မလည်း ဆိုတာ.. မှန်းဆ ကြည့်ယုံ နဲ့ တင် .. နားလည် လို့ ရ တဲ့.. အခြေအနေ တွေ ပါ..။

ဖတ် မိ ရ ပြန် တော့ လည်း..သူ့ နာကျည်း ကျေကွဲ မူ တွေက.. ရင်ထဲ ထိ ကူးစက် ခဲ့ ရ တယ်။

သူတို့ လင်မယား နှစ်ယောက် နောက်တနေ့ ချက်ခြင်း လေယဉ် နဲ့ ရောက်လာ တော့.. စောင့်ကြည့် ခံ နေ ရ တဲ့ ကြား ထဲ မှာ.. တအိမ်လုံးက..အားကိုး တကြီး စောင့်မျှော် လို့ ။ အိမ်မှာ...အမေ က မရှိ.. အဖေ ကိုလည်း ဖမ်းသွား ခဲ့ ပြီ။ သားတယေက် ပြစ်သတ် ခံ လိုက် ရ ပြီ။ ကလေး အငယ် တချို့က.. ၉ နှစ် ၁၀ နှစ် အရွယ် တွေ။ ဒေါ်ဒေါ်က..သူ့ကို ဖက် ပြီး ငို ။ အရင်က ..လူခြင်း ရင်းနှီး ခင်မင် ခဲ့ တဲ့.. နှုတ်ခမ်းမွေးကြီး ဦးလွင် ကို..ဖုန်းဆက် ပြီး..သူ့အဖေ ကို တွေ့ခွင့် တောင်း တော့.. မဖြစ်နိုင် ပါ တဲ့..။ အဲဒီ နောက် တော့..သူတို့ ဖခင်ကြီး စ၀်ရွှေသိုက် ကို.. သားတယောက် က လွဲ လို့..ဘယ်သူ မှ တွေ့ ခွင့် မရ လိုက် ပဲ.. ၈ လ အကြာ မှာ.. သေဆုံး သွား ပြီ ဆို တဲ့..သတင်း စကား သာ ရောက် လာ ခဲ့ သည်။ စာအုပ် ထဲ မှာ..စ၀်စန္ဒာက နာနာ ကျည်းကျည်း နဲ့.. မေးခွန်း တွေ အများကြီး ..ထုတ်ထား လေ တယ်။ အဲဒီ အချိန်တုန်းက..ဦးနု ကို တောင် အကျယ်ချုပ်ပဲ ထား ခဲ့ တာ..သူ့ အဖေ ကို တော့.. တလကြမ်း ၀င်ရောက် ဖမ်းစီး ပြီး.. ဘာလို့ အသက် သေ တဲ့ အထိ ဖြစ် စေ ခဲ့ တာ လည်း.. တဲ့။ ဒီလို ကြမ်းကြမ်း တမ်းတမ်း စီးနင်း ပြစ်ခတ် ဖို့..ဘယ်လို အကြောင်းတွေ ရှိ ခဲ့ လို့ လည်း တဲ့..။ သူတို့ ..နာကျည်း သင့်ပါ တယ် လေ.။ -
အဲဒီ အချိန် မှာ.. မဟာဒေ၀ီ က.. လန်ဒန် ကို ဆေးကု ဖို့ ရောက် နေတယ် ဆိုတော့.. ဒါဟာ လည်း..အခြေအနေ တွေကို မှန်းဆ မိ လို့.. ကြိုတင် ရှောင် နေ ခဲ့ တာလည်း ဖြစ် ပေ မည်။ လွှတ်တော် ထဲ မှာ အမတ် တနေရာ ရ လိုက်တဲ့..မဟာဒေ၀ီ ရဲ့.. ပရိယာယ်ေ၀၀ုစ် မပါ တဲ့.. ရှမ်းအရေး တောင်းဆိုမူ တွေ ကလည်း.. ဗမာ အများစု ကြီးစိုး တဲ့.. လွှတ်တော် ကြီး ထဲ မှာ.. သတိ ထားမိ စရာ ဖြစ်လာ နေ ခဲ့ တယ် လို့.. စ၀်စန္ဒာ ကိုယ်တိုင် ကလည်း သုံးသပ် ထား တယ်။

နောက်တော့..သူတို့ မိသားစု ကြီး လည်း တကွဲ တပြား..။ စ၀်ရွှေသိုက် အသုဘ ကို တက်ရောက်ဖို့.. လန်ဒန် ကနေ..ပြန် အခေါ် ခံ ရ တဲ့..မဟာဒေ၀ီ လည်း.. သိပ်မကြာ ခင် မှာ ပဲ.. စောင့်ကြည့် နေတဲ့ ကြားထဲ က..ခက်ခက် ခဲခဲ နဲ့.. ကလေးငယ် ၂ ယောက်ကို ခေါ် ပြီး.. ချင်းမိုင် ကို ပြေး..။ သားကြီး သမီးကြီး တွေ ကလည်း.. အဆင် ပြေ သလို.. ရန်ကုန်က ခွါ ကြ..။ တောခို တဲ့သူ က..ခို..။ ရှမ်းပြည် ပြန်တဲ့သူက..ပြန်။

သားသမီး မထွန်းကား တဲ့..စ၀်စန္ဒာ တို့ ဇနီးမောင်နှံ ကတော့.. ဘောက်ဇာ ခွေးကြီး တွေ ကို.. သားသမီး လုပ် လို့.သူတို့ ရဲ့..သမိုင်းဝင် လင့်ရိုဘာ လေး နဲ့.. ကမ္ဘာပတ်ရင်း.. နောက်ဆုံး ပြင်သစ် နဲ့ လန်ဒန် မှာ.. အနားယူ လေ သည်။ သူတို့ အကြာဆုံး နေထိုင် ခဲ့ တဲ့..လာအို နိုင်ငံ နဲ့ ပတ်သတ် လို့.. လာအို ဘုရင်နိုင်ငံတော် ဆို တဲ့ စာအုပ် တအုပ် ကိုလည်း.. ဇနီးမောင်နှံ အတူတူ ရေးသား ပြုစု ထုတ်ဝေ ပြီး သွား ခဲ့သည်။ သူ့ အမျိုးသားကို.. တော်တော် အားကိုး တွယ်တာ ပုံ ရ တဲ့.. စ၀်စန္ဒာ ဟာ… အခု စာအုပ် ကို လည်း.. နှစ်ယောက် အတူတူ ပြုစု ရေးသား နေ ရင်း..၂၀၀၄ ခုနှစ် မှာ..သူ့ခင်ပွန်း ဆုံး သွား တော့.. ဆက်ပြီး မရေး နိုင် တော့ လောက် အောင် ဖြစ်သွား ခဲ့ သတဲ့။

သူ့ရဲ့ ခံစားချက်တွေ.. စိတ်ဓါတ် ခွန်အား တွေ ကို.. အချိန်အတော်ကြာ ပြန်လည် စုစည်း ပြီး မှ..၂၀၀၈ ခု နှစ်မှာ ထုတ်ဝေ ဖြစ် ခဲ့ တဲ့..ကိုယ်တိုင်ရေး အတ္တုပတ္တိလေး ရဲ့.. နိဂုံး လေး ကို ဖတ် ရင်း.. ကျမ ရင် ထဲ မှာ လည်း အမျိုးအမည် မသိ တဲ့ ခံစားချက် တချို့ .. ဆို့နင့်လျက်…။


Little did we realize that the end would come so soon. It is now almost 5 years Peter’ departure. I sit at my desk looking out onto the brilliant blue waters of the Solent, gathering together my thoughts as I write. Beyond, on the opposite shores lie Gosport and Portsmouth and the horizon is tinged with a warm glow of pink. It is a moment in the late afternoon and all is quiet.

Neither the can ferry or the foot passenger ferry can be seen plying past. But before long and before the sun sinks low in the sky, a lone yacht will sail by and traffic will resume including a cruise ship making its way from Southampton towards the channel and the open sea.


As I watch, a thousand memories flash by of joy, of excitement, of sadness and sorrow – a past gone forever, but to remember and reflect upon, reminding me that all is transient.


အတိတ် တွေ ဆိုတာ..ဘယ်တော့မှ ပြန်မလာ တော့ဘူး..
ဒါပေမဲ့.. သတိရ နေ ကြဖို့.. ဆင်ခြင်သုံးသပ် ကြည့် ကြဖို့ နဲ့.. အရာအားလုံး ဟာ..ခရီးယာယီ သာ ဖြစ်တယ် ဆိုတာ..တရားသံဝေဂ ရ နေ ကြ ဖို့ ပါ.. တဲ့။
ကေ၂၁ နိုဝင်ဘာ ၂၀၁၁