Friday, May 9, 2014

အထက်မြန်မာပြည် (မန္တလေး) ဟောပြောပွဲ ဖိတ်ကြားလွှာ.

ပြည်ခိုင်ဖြိုးပါတီဟာ ဒီထက်ပိုပြီး သိက္ခာရှိရှိ မဲဆွယ်သင့်တယ်

စည်းကမ်းမဲ့တဲ့ဒုဗိုလ်မှုးကြီးရဲ့ကားကိုကြိမ်းမောင်းခံရလို့ပြန်ပေးလိုက်ရ

ညမထွက်ရ အမိန့် ညမထွက်ရ အမိန့် ဘင်္ဂါလီတွေ ဘက်ကိုတော့ မရောက်သေးဘူး



The Voice Weekly

စစ်တွေတွင် ညကိုးနာရီ နောက်ပိုင်း လမ်းပေါ် ရှိသူများကို ဖမ်းမည်

ရန်ကုန်၊ မေ ၈

ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်ကာ ည ၉ နာရီကျော်တွင် လမ်းပေါ်ထွက်သူများ ရှိနေသဖြင့် လာမည့် ရက်သတ္တတစ်ပတ်မှ စတင်ကာ ညကိုးနာရီ နောက်ပိုင်း လမ်းထွက်သူများကို ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း စစ်တွေမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

စစ်တွေမြို့တွင် ည ၉ နာရီကျော်မှ နံနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ကား၊ ဆိုင်ကယ်၊ စက်ဘီးများ သွားလာနေခြင်း၊ အရက်ဆိုင်၊ စားသောက်ဆိုင်များ ဖွင့်လှစ်ထားခြင်း စသည့်တို့ကို လုပ်ဆောင်နေ၍ မေလ ၅ ရက်နေ့မှ စတင်ကာ သတိပေးမှုများ ပြုလုပ်နေကြောင်း ၎င်းကဆိုသည်။
“ရပ်ကွက်တိုင်းမှာ သတိပေး စာရွက်တွေကို ကပ်ထားတယ်။ ဒီအပတ်ကုန်လောက်မှပဲ ဖမ်းဆီးတာ စမယ်” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

လက်ရှိတွင် ည ၉ နာရီ နောက်ပိုင်း လမ်းပေါ်၌ တွေ့ရှိသူများကို အုပ်ချုပ်ရေး အဖွဲ့များက ပညာပေးမှုများကိုသာ ပြုလုပ်လျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။
“ဘင်္ဂါလီတွေ ဘက်ကိုတော့ မရောက်သေးဘူး။ အဆင့်ဆင့် လုပ်သွားမှာပါ။ လောလောဆယ် မြို့ပေါ်ပဲ ပညာပေးတာပါ” ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

ည ၉ နာရီကျော် နောက်ပိုင်းတွင် အပြင်မထွက်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး များမှ တစ်ဆင့် သတိပေးချက်များကို ရပ်ကွက်တိုင်းရှိ နေရာအသီးသီးတွင် စာရွက်ဖြင့် ကပ်ထားသည်ကို တွေ့ရှိရကြောင်း စစ်တွေမြို့ခံများထံမှ သိရှိရသည်။

“ပုဒ်မ ၁၄၄ ဟာ ဘင်္ဂါလီတွေထက် ရခိုင်တွေနဲ့ပဲ သက်ဆိုင်သလို ဖြစ်နေတယ်” ဟု စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် ဇွန်လတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှ စတင်ကာ ကျင့်သုံးခဲ့သည့် ညမထွက်ရ အမိန့်ကို အချိန် အတိုးအလျော့ လုပ်ခဲ့သော်လည်း အပြီးသတ် ရုပ်သိမ်းမှု ပြုလုပ်ခဲ့ခြင်း မရှိသေးပေ။

ဗီယက်နမ် သင်္ဘောနှစ်စင်းကို တရုတ်သင်္ဘော ရည်ရွယ်ချက်ရှိရှိ ဝင်တိုက် တောင်တရုတ်ပင်လယ် တင်းမာမှုမြင့်တက်



The Voice Weekly
ဟနွိုင်း၊ မေ ၇

တောင်တရုတ် ပင်လယ် အငြင်းပွား ရေပြင်တွင်းရှိ ဗီယက်နမ်သင်္ဘော နှစ်စင်းကို တရုတ်သင်္ဘောက ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်ခဲ့သည်ဟု ဗီယက်နမ် နိုင်ငံက စွပ်စွဲလိုက်ပြီး တောင်တရုတ် ပင်လယ်ပြင်တွင်းရှိ အငြင်းပွားမှုများ တလိပ်လိပ် မြင့်တက်လာကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

သင်္ဘောတိုက်မှုမှာ တနင်္ဂနွေနေ့တွင် ဖြစ်ပွားခဲ့ပြီး ဗီယက်နမ် သင်္ဘောများ သိသိသာသာ ထိခိုက် ပျက်စီးသွားကာ လူခြောက်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
“လေကြောင်း အထောက်အပံ့ ရယူထားတဲ့ တရုတ်သင်္ဘောတွေက ဗီယက်နမ် သင်္ဘောတွေကို ခြိမ်းခြောက် ခဲ့ပါတယ်” ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားလိုက်သည်။

တရုတ်နိုင်ငံက ဒေါ်လာသန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရေနံတွင်းတူးစင် တစ်ခုကို တောင်တရုတ် ပင်လယ်တွင်းရှိ အငြင်းပွား ရေပိုင်နက် အတွင်းသို့ ရွှေ့ပြောင်း နေရာချထားပြီး အဆိုပါ နယ်မြေအတွင်း တရုတ်နှင့် ဗီယက်နမ် ရေတပ်သင်္ဘော ဒါဇင်နှင့်ချီကာ တပ်စွဲရောက်ရှိနေသည်။

“သေနတ်တစ်ချက်မျှ မပစ်ရသေးပါဘူး။ တရုတ်က အရင်မပစ်ရင် ဗီယက်နမ်က ပစ်မှာ မဟုတ်ပါဘူး” ဟု အမည်မဖော်လိုသူ ဗီယက်နမ် ရေတပ်အရာရှိ တစ်ဦးက ပြောကြားသည်။

ဗီယက်နမ်သင်္ဘောကို ဝင်တိုက်သည်ဆိုသော စွပ်စွဲချက်ကို တရုတ်နိုင်ငံက လက်ရှိအချိန်ထိ ဖြေရှင်းထားခြင်း မရှိသော်လည်း တရုတ် ရေနံတွင်းတူးစင် ရွှေ့ပြောင်းမှုသည် ဗီယက်နမ်၊ အမေရိကန် စသည့်နိုင်ငံများနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“တရုတ်ရဲ့အချုပ်အခြာ အာဏာပိုင် နယ်မြေတွင်းက တရုတ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကို အမေရိက စောဒက တက်ပိုင်ခွင့် မရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတိပေးလိုက်သည်။

တရုတ်နိုင်ငံသည် တောင်တရုတ် ပင်လယ်ဒေသ တစ်ခုလုံးကို ပိုင်ဆိုင်ကြောင်း ထုတ်ဖော် ပြောကြားထားသဖြင့် ဗီယက်နမ်၊ ဖီလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှားနှင့် ဘရူနိုင်းနိုင်ငံတို့နှင့် အငြင်းပွားမှုများ ပေါ်ပေါက်နေသည်။

ထို့အပြင် ရေနံတွင်းတူးစင် စေလွှတ်မှုသည် စီးပွားရေးရာ ဆုံးဖြတ်ချက် မဟုတ်ဘဲ အမေရိကန်၏ အာရှမဟာဗျူဟာကို တုံ့ပြန်ရန် စီစဉ်ထားသည့် တရုတ်ဗဟိုအစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက် ဖြစ်နိုင်ကြောင်း ဘေဂျင်းရှိ ရေနံ အရာရှိတစ်ဦးက ပြောကြားသည်။

အမေရိကန်သမ္မတ အိုဘားမားက တရုတ်နှင့် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေသော ဂျပန်နှင့် ဖိလစ်ပိုင် နိုင်ငံများသို့ ခရီးလှည့်လည် သွားလာပြီးနောက် တရုတ် ရေနံတွင်းတူးစင်အရေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၁၉၇၉ ခုနစ်တွင် စစ်ဖြစ်ခဲ့သော တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံသည် နယ်စပ်ဒေသ အငြင်းပွားမှုများကို ဘေးဖယ်သွားရန် ကြိုးပမ်းလျက်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိသော်လည်း ယခုတစ်ဖန် အငြင်းပွားမှုများက ထပ်မံပေါ်ပေါက်လာပြန်ပြီ ဖြစ်သည်။

အမှိုက်ကောက်မည့် စည်ပင်ကတိမတည်နာရေးကူညီမှုအသင်း တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အမှိုက်ကောက်မည်




နာရေးကူညီမှုအသင်း (ရန်ကုန်)က စည်ပင်သာယာကော်မတီ၏ ကတိမတည်မှုကြောင့် မကြာမီ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အမှိုက်ပြန်
လည်ကောက်ယူတော့မည်ဖြစ်သည်ဟု နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က
မေ ၆ ရက်တွင် FFSS ရုံးချုပ်၌ ကျင်းပသည့် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်” အစည်းအဝေးတွင် ပြောသည်။

၂၀၁၃ ခုနှစ်အတွင်းက နာရေးကူညီမှု အသင်း(ရန်ကုန်)အနေဖြင့် ရန်ကုန်မြို့အတွင်း အမှိုက်ရှင်းလင်းရေး အတွက် ကောက်ယူမှုများ လုပ်ဆောင်ရာတွင် စည်ပင်သာယာရေးကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သန့်ရှင်းရေးဌာနက တားမြစ်ခဲ့ပြီး

လပိုင်းအတွင်း အမှိုက်များကောက်ယူသွားမည်ဟု ဆိုခဲ့ခြင်း ကြောင့် တစ်နှစ်ခန့်ကြာသည်အထိ လုပ်ဆောင်ခြင်းမရှိသည့်အတွက် နာရေးကူညီမှုအသင်း အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒေါ်သန်းမြင့်အောင်က “မနှစ်တုန်းက ကျွန်မတို့က အမှိုက်လိုက်ကောက်တယ်၊ အစိုးရဌာနဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ခေါ်တားမြစ်တယ်။ သူတို့ လပိုင်းအတွင်း ဆောင်ရွက်မယ်ဆိုပြီး လပိုင်းအတွင်း ကြေညာတယ်။ အခု ၁၁ ရက်ဆို တစ်နှစ်ပြည့်ပြီ။ အကောင်အထည် မပေါ်လာဘူး” ဟုပြောသည်။

အမှိုက်ကောက်ယူရေးအစီအစဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း)၊၄၂ရပ်ကွက်တွင် စတင်လုပ်ဆောင်သွား မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ အခြားမြို့နယ်များတွင် ဆက်လက် ကောက်ယူမည်ဖြစ်ပြီး တစ်နိုင်ငံလုံးသို့ ဖြန့် ကျက်လုပ်သွားမည်ဖြစ်သည်။

၂၀၁၃ခုနှစ်၊ မေလ ၁၁ ရက်တွင် နာ ရေးကူညီမှုအသင်း (ရန်ကုန်)မှ ဗဟို အလုပ်မှုဆောင်များက ကျောက် တံတားမြို့နယ်၊ ပန်းဆိုးတန်းဆိပ်ကမ်းနှင့် မြောက်ဥက္ကလာပအ၀ိုင်း ကားဂိတ်များတွင် အမှိုက်ကောက်ခဲ့ ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ အမှိုက်မကောက်ရန် ခေါ်ယူတားမြစ်ခဲ့သဖြင့် အမှိုက်ကောက်ယူမှုလုပ်ငန်းစဉ်များကို ရပ်ဆိုင်း ခဲ့ခြင်းဖြစ်သည်။

အသင်း၏အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေက “အစိုးရကို စော်ကားတာ
မဟုတ်ဘူး၊ အစိုးရက နေရာတိုင်း မလုပ်နိုင်တာ ရှိတယ်။ တစ်ဖက်တစ်လမ်းကနေ အစိုးရကိုရော ကူညီရင်း ပြည်သူတွေကို ပါဝင်လာ အောင် ဆောင်ရွက်ပေးနေတာပါ” ဟု ပြောသည်။

အမှိုက်ကောက်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၏ အကူအညီရရှိနိုင်ရန် ညှိနှိုင်းပြောဆိုပြီး စတင် ကောက်မည့်ရက်ကို အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟုလည်း ဒေါ်မြင့်မြင့်ခင်ဖေက ပြောသည်။

အမှိုက်ကင်းစင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ငွေကြေးများစွာ အသုံးချနိုင်မည် မဟုတ်ဘဲ အမှိုက်လိုက်လံကောက်ယူမည့် အဖွဲ့အစည်းများအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျင့်သားရစေ ရန်ဟု ဒေါ်သန်းမြင့်အောင်က ဆိုသည်။

နာရေးကူညီမှုအဖွဲ့ဝင်အချို့မှာလည်း ကိုယ်ပိုင်ကားများဖြင့် အမှိုက်လိုက်လံကောက်ယူမှုများပြုပြီး ထို အမှိုက်များထဲမှ စနစ်တကျစွန့်ပစ်ရမည့်ပစ္စည်း၊ ပြန်လည် ချေဖျက်ကာ အသုံးပြုနိုင်မည့်ပစ္စည်း၊ဆေးရုံမှ စွန့်ပစ်သည့် အန္တရာယ်ရှိသည့်ပစ္စည်းဟူ၍ ခွဲခြားထုပ်ပိုးမှုများလုပ်ကာ ပြန်လည် ချေဖျက်ရသည့်ပစ်္စည်းများမှ ၀င်ငွေများအား ချို့တဲ့သည့် ကလေးသူငယ်များ၊ ကျောင်းများသို့ လှူဒါန်းမှုပြုလုပ်နေသည်မှာ ၁၀ သိန်းဝန်း ကျင်ခန့်ရှိနေပြီဖြစ်သည်ဟု ဆောင်ရွက်နေသူ ကိုထိန်အောင်လင်းက ပြောသည်။

သမ္မတ ဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုပေးပွဲအရှုပ်တော်ပုံ




အမှန်တကယ် လူသားများအကျိုးပြု ဦးကျော်သူ၏ နာရေးကူညီမှု အသင်းကိုမူ သမ္မတ နိုင်ငံ့စွမ်းဆောင်ရည် ဆုမပေး . . .

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုတွင်ဂုဏ်ပြုဆက်ကပ်ခြင်း ခံရသောဆရာတော်ကြီးများ၌
ဗိုလ်ချုပ် လက်ရေးမူအတွက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကိုဆန္ဒပြ တောင်းဆိုရန် ရှေ့တန်းမှ ပါဝင်ခဲ့သည့်
ဆရာတော် အရှင်ဆန္ဒာဓိကနှင့်ဒုဥက္ကဋ္ဌဦးဌေးဦး၏ ကြံ့ခိုင်ရေး အသင်းမှ စတင်တည်ထောင်ခဲ့သော
ဟင်္သာတစက္ခုပါလာဒိ ဖောင်ဒေးရှင်းကို နိုင်ငံနှင့် ပြည်သူ့အကျိုးပြုဆုပေး


နိုင်ငံတော်သမ္မတ၏ ၂၀၁၄ ခုနှစ် နိုင်ငံ့စွမ်းဆောင်ရည်ဆုများကို သမ္မတအိမ်တော်တွင် မေလ ၃ ရက်က ပေးအပ် ချီးမြှင့်ခဲ့ရာ လူမှုအကျိုးပြုမှု အကောင်းဆုံး လူမှုရေး အသင်းအဖွဲ့ဆုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးမှ လုပ်ဆောင်လျက်ရှိသည့် ဟင်္သာတမြို့နယ် စက္ခုပါလာဒိ ဖောင်ဒေးရှင်းကို ပေးအပ်ခြင်းသည် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲ မဲဆွယ်ခွင့် အခွင့်အရေး တစ်ရပ် ဖြစ်လာနိုင်သည်ဟု မေလ ၆ ရက်တွင် အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များက ဝေဖန်ခဲ့ကြသည်။

၂၀၁၄ ခုနှစ် နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုများ ပေးအပ်ရာ နိုင်ငံတော်၏ ပြည်သူတို့၏ လူမှုရေး အကျိုးပြုမှု အကောင်းဆုံး လူမှုရေး အသင်းအဖွဲ့ဆုကို ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ စက္ခုပါလာဒိ ဖောင်ဒေးရှင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီးမှ သုခကာရီ လူမှုရေးအသင်းတို့ ရရှိခဲ့သည်။

၂၀၁၄ ခုနှစ် နိုင်ငံ့စွမ်းဆောင်ရည် ဆုများကို ပေးအပ် ချီးမြှင့်ခဲ့ရာ လူမှုအကျိုးပြု အနေဖြင့် အခြားသော အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များက လုပ်ဆောင်လျက်ရှိသည့် နယ်လှည့် မျက်စိအခမဲ့ကုသခြင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပြုလုပ်သည့် မျက်စိအခမဲ့ ခွဲစိတ်ကုသခြင်း၊ သီတဂူ ဆရာတော်၏ လမ်းညွှန်မှုဖြင့် ရွှေပြည်ဟိန်း စက္ခုဒါန ဖွင့်လှစ်ကုသခြင်း စသည့်အဖွဲ့များ ရရှိခြင်းမရှိဘဲ ပြည်ခိုင်ဖြိုးပါတီမှ ယခင်လုပ်ဆောင်ခဲ့ပြီး ယခုဟင်္သာတ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆက်လက် လုပ်ကိုင်လျက် ရှိသည့် စက္ခုပါလာဒိ ဖောင်ဒေးရှင်း ရရှိခဲ့သည့်အတွက် ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

““လူမှုရေးအဖွဲ့ အနေနဲ့ဆိုရင် ဦးကျော်သူတို့ နာရေးကူညီမှု အသင်းကို ရစေချင်ပါတယ်။ မျက်စိဆိုတာ အလင်းရောင်ပေးတဲ့ ဒါနတစ်မျိုးပေါ့။ ဒါကို မပေးသင့်ဘူးပြောတာ မဟုတ်ဘူး။ ဒါကို လုပ်နေတဲ့အဖွဲ့တွေ၊ နယ်လှည့် ကုနေတဲ့ အဖွဲ့တွေ အများကြီးရှိတယ်။ ဦးကျော်သူတို့လည်း လုပ်နေတာပဲ။ တကယ့်လူမှုအဖွဲ့တွေ ကျန်ပြီး ဒီလိုပေးတာက မဖြစ်သင့်ဘူးပေါ့။ ဖောင်ဒေးရှင်းမှာတောင် တကယ်ထိထိ ရောက်ရောက် လုပ်တာနဲ့ မလုပ်တာလည်း ကွာသေးတယ်။ အဲဒါကို ဆန်းစစ်ဖို့က ပြည်သူ့အသံပဲ နားထောင်ရုံပေါ့။ နယ်မြို့လေး တစ်မြို့မှာ အောင်မြင်ရုံနဲ့ ဆုရဖို့က မဖြစ်နိုင်ဘူးလေ။ ဆုဆိုတာ တစ်နိုင်ငံလုံးအပေါ်၊ နိုင်ငံတော်အပေါ်၊ ပြည်သူအပေါ် အကျိုးသက်ရောက်နိုင်တဲ့ အရာမျိုးကို ပေးအပ်တာ။ အခုက ပါတီတစ်ခုရဲ့ လက်အောက်ခံ ဖြစ်နေတော့ စဉ်းစားစရာပေါ့””ဟူ၍ အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်သူ Winning Security Group ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်က ပြောသည်။

နိုင်ငံ့စွမ်းဆောင်ရည်ဆု ရွေးချယ်ခြင်းသည် ပွင့်လင်းမြင်သာမှု မရှိဘဲ မည်သူများက ရွေးချယ်၍ မည်ကဲ့သို့ အမှတ်ပေး ဆုံးဖြတ်ခြင်းကို မသိရှိရသည့်အတွက် တရားမျှတမှု မရှိနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကျန်းမာရေးကွန်ရက်မှ ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက သုံးသပ်သည်။

““အခုက ဘယ်သူတွေနဲ့ ဘယ်လိုဖွဲ့စည်းပြီး အမှတ်ပေးတာလဲ။ ဒါတွေမသိရဘူး။ ဘယ်လိုမျိုးဆိုရင် အမှတ်က ဘယ်လောက်ရလဲ။ တစ်နိုင်ငံလုံးကို ကြည့်တာလား။ ဘာပဲဖြစ်ဖြစ် ပြည်သူကပေးတဲ့ အမှတ်၊ ပြည်သူက ပေးတဲ့ဆုမှ မွန်မြတ်တာပါ။ အခုလို ဘာတွေလုပ်ပြီး ဘယ်လိုရလဲ မသိရတော့ဘာ ရည်ရွယ်ချက် လဲတော့ ဘယ်သူမှ မသိနိုင်ဘူး။ ဒီလိုဖြစ်တာ နှစ်နှစ်ရှိပြီ။ ဝေဖန်သံတွေကို အတုယူရမှာပါ။ လေးစား ရမှာပါ””ဟု ဒေါက်တာ တင်မျိုးဝင်းက ဆိုသည်။

ဟင်္သာတမြို့ အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ၂၀၀၉ ခုနှစ် မေလ ၂၈ ရက်မှ ဇွန်လ ၁ ရက်နေ့ထိ ကျန်းမာရေး ၀န်ကြီးဌာန ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးနှင့် ပြည်ခိုင်ဖြိုးအသင်း စက္ခုပါလာဒိ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဟင်္သာတခရိုင်အတွင်းမှ မျက်စိဝေဒနာရှင် ၆၃၄၂ ဦးအား အခမဲ့ စမ်းသပ် ကုသပေးခဲ့ရာ ၈၆၈ ဦး ခွဲစိတ်ပြီး သာမန်ပြသသူ ၅၄၇၄ ဦး ရှိခဲ့သည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းတွင် အထွေထွေ အတွင်းရေးမှူး တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရ လယ်/ဆည်ဝန်ကြီး ဦးဌေးဦးသည် စက္ခုပါလာဒိ ဖောင်ဒေးရှင်းသို့ မတည် လှူဒါန်းငွေကျပ် သိန်းပေါင်း ၇၉၄၁၃၇၀၀ လှူဒါန်းခဲ့ပြီး ပါတီ ဒုတိယဥက္ကဋ္ဌ ဖြစ်ပြီးနောက် ဟင်္သာတမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် ဟင်္သာတခရိုင် စက္ခုပါလာဒိ ဖောင်ဒေးရှင်းသို့ လူနာတင်ယာဉ်တစ်စီး လှူဒါန်းပွဲကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်က ကျင်းပရာ ဟင်္သာတမြို့သို့ ဇနီးဒေါ်နီနီဝင်းနှင့်အတူ ဦးဌေးဦး တက်ရောက်ခဲ့သည်။

အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ချီးမြှင့်သော နိုင်ငံ့စွမ်းဆောင်ရည်ဆုတွင် နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ဆုဟူ၍ ကြံ့ခိုင်ရေးဒုဥက္ကဋ္ဌ ဦးဌေးဦး၏ ဟင်္သာတ စက္ခုပါလာဒိ ဖောင်ဒေးရှင်းကို ရွေးချယ် ပေးအပ်ခဲ့သော်လည်း တစ်နိုင်ငံလုံး ထောက်ခံမှု ရရှိထားသည့် မြန်မာပညာရှိ ရုပ်ရှင် ဒါရိုက်တာ၊ စာရေးဆရာကြီး ဦးသုခ တည်ထောင်ခဲ့သော ဦးကျော်သူ ဥက္ကဋ္ဌ တာဝန်ယူထားသည့် နာရေးကူညီမှု အသင်းကိုမူ နိုင်ငံတော် သမ္မတက ဆုရွေးချယ် သတ်မှတ်ပေးခဲ့ခြင်း တစ်စုံတရာမရှိခဲ့ပေ။ ထို့အပြင် စာပေစိစစ်ရေး ဖျက်သိမ်းပြီးနောက် ကျော်သူရေးသားသော ““ကျွန်တော်သာ သမ္မတကြီးဖြစ်ရင်””စာအုပ်ကြော်ငြာနှင့် ပတ်သက်၍လည်း အစိုးရသတင်းစာများမှ ဖြတ်တောက် ပိတ်ပင်ခြင်းလည်း ခံခဲ့ရသည်။

ဘာသာ၊ သာသနာ အတွက် ထူးချွန်သည်ဟူ၍ နိုင်ငံတော်သမ္မတမှ ဂုဏ်ပြုဆက်ကပ် ပူဇော်သည့် ဆရာတော်ကြီး ၈ ပါးတွင် ပါဝင်သော ဆရာတော် အရှင်ဆန္ဒာဓိကသည် မကြာသေးမီက အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ရေနံချောင်းခရီးစဉ် ဗိုလ်ချုပ်လက်ရေးမူ စာအုပ် လွှတ်တော်သို့ ယူဆောင် သွားခဲ့ခြင်းအား ဒေသခံအချို့မှ ပြန်လည် တောင်းဆိုခြင်းအတွက် ဆရာတော် အရှင်ဆန္ဒာဓိကမှ ရေမြေ့သေနင်း ပြည့်ရှင်မင်းများသို့ မေတ္တာရပ်ခံ၍ အတူပါဝင် ဆန္ဒပြ တောင်းဆိုရန် စီစဉ်ခဲ့ခြင်းရှိခဲ့သည်။ သို့သော်လည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စစ်၊ မစစ် မသေချာကြောင်း မှတ်ချက်ပြုခဲ့ပြီးနောက် ဗိုလ်ချုပ် လက်ရေးမူ စာအုပ်ကို ရေနံချောင်း ဒေသခံများက အမျိုးသား လွှတ်တော်သို့ လာရောက်၍ ပြန်လည်ယူဆောင် သွားခဲ့ကြရာမှ ဆရာတော် အရှင်ဆန္ဒာဓိကနှင့် ရေနံချောင်း ဒေသခံ များ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို ဆန္ဒပြတောင်းဆိုရန် အစီအစဉ် ရပ်ဆိုင်းသွားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ဂုဏ်ပြုဆက်ကပ်ခြင်း ခံရသော ဆရာတော်ကြီးများအား သမ္မတဦးသိန်းစိန်မှ ဆက်ကပ်ပြီးနောက် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့်အတူ ဒုတိယသမ္မတများ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ အတူတက်ရောက် ပါဝင်ခဲ့သည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်သည် အစိုးရ၏ ယိုယွင်းနေသော ပညာရေးစနစ် အတွက် လွှတ်တော်တွင်း၌ ပညာရေးဒုဝန်ကြီးကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောကြားခြင်း၊ အစိုးရ၏ လုပ်ဆောင်ချက် အမှားများကို အတိအလင်း ထောက်ပြခြင်းများအတွက် အစိုးရအဖွဲ့အတွင်း၌ မကျေမလည် ဖြစ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီး ““မြန်မာ့လွှတ်တော်ပုံရိပ်””စာအုပ်၌လည်း ဦးခင်အောင်မြင့်၏ ပြောကြား ချက်များကို အစိုးရ သတင်းစာ ကြော်ငြာဌာနမှ ဦးခင်အောင်မြင့်၏ အမည်အပါဝင် ဆင်ဆာဖြတ်တောက် ဖော်ပြခြင်း၊ ဦးခင်အောင်မြင့် ဓာတ်ပုံပါသော သတင်းဂျာနယ် ကြော်ငြာကို ထည့်သွင်းခွင့် မရခြင်းများလည်း ရှိခဲ့သည်။

ဝတ်ရည်နွေးနွေး

http://myanmarthandawsint.com/

ရွေးကောက်ပွဲကော်မရှင် ဥရောပသမဂ္ဂနှင့် ပူးပေါင်း၍ စမ်းသပ်မဲစာရင်း ကောက်မည်



Friday 2014-05-09
ရန်မျိုးနိုင်
ရန်ကုန်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲမဲစာရင်းကို အငြင်းပွားဖွယ်မဖြစ်စေရန် ဥရောပသမဂ္ဂနှင့် ပူးပေါင်း၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စမ်းသပ် မဲစာရင်းများကို ဇွန်လတွင် စတင် ကောက်ယူမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ထံမှ သတင်းရရှိသည်။

စမ်းသပ်မဲစာရင်း ကောက် ယူရန် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နှင့် ကချင်ပြည်နယ် ၀ိုင်း မော်မြို့တို့တွင် ဥရောပသမဂ္ဂ၏ ကုန်ကျစရိတ်ဖြင့် ကောက်ယူ သွားမည်ဟု ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ရွေးကောက် ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

‘‘ရန်ကုန်က လူဦးရေ ထူ ထပ်တယ်။ နောက်တီးတိန်ကျ တော့ သွားရေး၊ လာရေးအဆင် သိပ်မပြေဘူး။ ကချင်ကလည်း တည်ငြိမ်မှုအားနည်းတော့ အဲဒီလိုဒေသတွေမှာ မဲစာရင်းကောက် ရင်ဖြစ်လာမယ့် အခြေအနေတွေ ကို သိရအောင် လုပ်တာပါ’’ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲကို တိကျ သော မဲစာရင်းဖြင့် ကျင်းပနိုင်ရန် ရည်ရွယ်ထားသဖြင့် မဲစာရင်း တိ ကျနိုင်စေရန် စမ်းသပ်မဲစာရင်း များကောက်ယူရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်ဟု ဦးသောင်းလှိုင်ကပြော သည်။

‘‘အခုလို ကောက်မယ်ဆို တော့ ကောင်းပါတယ်။ ၂၀၁၀ တုန်းကတော့ မဲစာရင်းက အငြင်း ပွားစရာတွေရှိတယ်။ ၂၀၁၅ မှာ မဲစာရင်းတိကျဖို့ လိုတယ်လေ။ ဒါပေမဲ့ အခုစမ်းသပ်တာကသူတို့ဘာ ရည်ရွယ်ချက်နဲ့ ကောက်တာလဲ ဆိုတာတော့ စောင့်ကြည့်ရမယ်’’ ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ အထွေထွေအတွင်းရေးမှူး ဒေါ် သန်းသန်းနုကဆိုသည်။

စမ်းသပ်မဲစာရင်း ကောက် ယူရာတွင် ဥရောပသမဂ္ဂက ကုန်ကျစရိတ်နှင့် နည်းပညာပိုင်းကို ထောက်ပံ့ပေးမည်ဖြစ်ကာ လက် ရှိအချိန်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ကော်မ ရှင် အဖွဲ့ခွဲများအား မဲစာရင်း ကောက်ယူခြင်းဆိုင်ရာသင်တန်း များပေးရန် စီစဉ်နေသည်ဟု လည်း ဦးသောင်းလှိုင်က ပြော သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများလည်း ပါဝင်လုပ်ဆောင်စေ မည်ဖြစ်ကာ ယင်းအဖွဲ့များမှ မဲ စာရင်းနှင့် ပတ်သက်သည့် အကြံ ပြုချက်များကိုလည်း လက်ခံသွား မည်ဟုဆိုသည်။

၂၀၁၀ အထွေထွေရွေး ကောက်ပွဲတွင် မဲစာရင်းများ တိ ကျမှုမရှိခဲ့ခြင်းအပြင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် လည်း မဲစာရင်း၌ သေဆုံးသူများ ပါဝင်လာခြင်းတို့ ရှိခဲ့သည်ဟု နိုင်ငံရေးပါတီ အချို့က ထောက် ပြခဲ့သည်။
http://7daydaily.com/story/10432#.U2y34FfDXrc

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ သြဝါဒခံယူ


အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ထံမှ သြဝါဒခံယူ

DSC01637ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော်များက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံမှ သြဝါဒခံယူပွဲကို ယမန်နေ့ ည ၇ နာရီက မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေ၊ မဟာဝိဇယ ဓမ္မသဘင်၌ ကျင်းပသည်။

သြဝါဒခံယူပွဲသို့ နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်ဆရာတော်ကြီး ၄၇ ပါး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသအမှူးပြုသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို) ဆရာတော် ၂၂ ပါး၊ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၊ ဒုတိယဝန်ကြီး ဦးစိုးဝင်း၊ နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးအံ့မောင်၊ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ဥပါသကာများ တက်ရောက်ခဲ့ကြသည်။

သြဝါဒခံယူပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) ဥက္ကဋ္ဌဆရာတော်က ဦးစွာလျှောက်ထားရာတွင် ယခုလတ်တလော အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နှင့်ပတ်သက်၍ မလိုလားအပ်သည့် သတင်းထုတ်ပြန်ချက်များကို အင်တာနက်များ၊ မီဒီယာများ၊ စာနယ်ဇင်းများ၌ တွေ့နေရပါကြောင်း၊ ထိုသတင်းများထဲတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်၍ ကန့်ကွက်မည်၊ ဆန္ဒပြမည်၊ ဖြတ်ချမည်စသော သတင်းများလည်း တွေ့နေရ၊ ကြားသိနေရပါ ကြောင်း၊ ထိုကိစ္စမျိုးကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က လုပ်ဆောင်ရန် လုံးဝ အစီ အစဉ်မရှိပါကြောင်း၊ နောင်လည်း ပြုလုပ်လိမ့်မည်မဟုတ်ကြောင်း၊ လုပ်ဆောင်နေသူများကိုလည်း အားပေးအားမြှောက်ပြုမည်မဟုတ်ကြောင်း၊ အဆိုပါသတင်းမျိုးကို ဖန်တီးမှုများသည် တိုင်းပြည်၏ စည်းလုံးညီညွတ်ရေးကို ပျက်ပြားအောင်၊ အမျိုးဘာသာသာသနာပျက်စီးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများသာ ဖြစ်ပါကြောင်း၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ သဘောထားမှာ ၁၃၇၆ ခု၊ ကဆုန်လဆန်း ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ကျင်းပမည့် ဂိုဏ်းပေါင်းစုံ သံဃအစည်းအဝေးပွဲကြီးကို ကြိုဆိုထောက်ခံပါကြောင်း၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သာသနာတော် တည်တံ့ရေး၊ ပြန့်ပွားရေးလုပ်ငန်းကို စွမ်းနိုင်သလောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ကြီးနှင့် ပူးပေါင်းဆောင်ရွက်မည်သာဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့တို့အတွက် အမျိုးဘာသာသာ သနာစောင့်ရှောက်ရေးကိစ္စများကို တစ်တပ် တစ်အား ကူညီဆောင်ရွက်ပေးသွားမည်သာဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ အခြားလူမျိုး၊ အခြားဘာသာများကို နှောင့်ယှက်ဟန့်တားဖျက်စီးရန် လုံးဝအစီအစဉ် မရှိပါကြောင်း၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရန်သာ ဖြစ်ပါ ကြောင်း၊ အမျိုးဘာသာသာသနာအတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ အဖွဲ့ အစည်းအဆင့်ဆင့်များသည် မိမိတို့ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက် ကြရန် တိုက်တွန်းကြောင်း၊ အမျိုးစောင့် ဥပဒေ ပေါ်ပေါက်ရေးအတွက် အကောင်အထည်ပေါ်အောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၁ – ၂၂ ရက်နေ့ကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့၏ နှစ်ပတ်လည်ညီလာခံကျင့်ပမည့် နေ့ရက်အဖြစ် သတ်မှတ်အတည် ပြုပါကြောင်း လျှောက်ထားသည်။

မဟနနှင့် မဘသ အမျိုးဘာသာကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
Friday, May 9, 2014
မင်းဟိန်းကျော်
ရန်ကုန်

မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ဦးစီး ဆောင်ရွက်နေသော အင်းစိန်ရွာ မဆရာတော်ကြီးဦးဆောင်သည့် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(မဘသ)အား နိုင်ငံတော် သံဃမဟာနာယက အဖွဲ့(မဟန)မှအသိအမှတ်ပြု လက်ခံ၍ အမျိုးဘာသာကိစ္စရပ်များကို လက်တွဲဆောင်ရွက်ရန် သဘောတူညီမှုရခဲ့ကြောင်း သတင်းရရှိသည်။ အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အနေဖြင့် နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများထံမှ အသိအမှတ်ပြုသြဝါခံယူခြင်း အခမ်းအနားကို ယခုလ ၈ ရက် ည ၇ နာရီတွင် ကမ္ဘာအေးကုန်း မြေမဟာဝိဇယ ဓမ္မသဘင်တွင် ကျင်းပခဲ့ပြီး မဟနအနေဖြင့် မဘသအား ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံသြဝါဒပေးခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန် အတည်ပြုထား သော သံဃာစည်းမျဉ်းများအရ သံဃာ့အဖွဲ့အစည်းများမှာတစ်ခု တည်းရှိရမည်ဆိုသည့်မူသဘော ရှိသဖြင့် သံဃာ့နာယကအဖွဲ့အ နေဖြင့် သံဃာ့အဖွဲ့အစည်းများ၊ ဘာသာရေး အဖွဲ့အစည်းများ အား ယခင်က လုံးဝအသိအမှတ် ပြုခဲ့ခြင်းမရှိသော်လည်း အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက် ရေးအဖွဲ့ကိုမူ သံဃာများဆောင် ရွက်သည့်သီးခြားလွတ်လပ်သော ဘာသာရေး အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုကာ လက်တွဲ ဆောင်ရွက်ရန် သဘောတူညီခဲ့ ခြင်းခြင်းသည်။

‘‘အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အနေနဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ကူညီဆောင်ရွက်ဖို့သာ ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါ တယ်။ မဟာနာယက အဖွဲ့ကို အတိုက်အခံလုပ်ဖို့၊ ဖျက်ဆီးဖို့ မဟုတ်ပါဘူး။ သံဃမဟာနာယ ကအဖွဲ့အနေနဲ့ ဆောင်ရွက်လို့ မသင့်တဲ့ကိစ္စတွေမှာ ဝင်ရောက် ဆောင်ရွက်ပေးဖို့သာ ဖြစ်ပါ တယ်’’ ဟု မဘသ(ဗဟို)ဥက္ကဋ္ဌ အင်းစိန်ရွာမ ဆရာတော် ဦးတိ လောကဘိဝံသက မဟနဆရာ တော်များသို့လျှောက်ထားသည်။

မိမိတို့အနေဖြင့် အမျိုးဘာ သာ၊ သာသနာကာကွယ်ရေး အတွက် လိုအပ်ချက်ကြောင့် ယခုအသင်းကြီးကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ပြီး မည်သည့်ဘာသာ၊ ပုဂ္ဂိုလ်၊ ပါတီ၊ အဖွဲ့အစည်းကိုမျှ တိုက်ခိုက်လိုစိတ်မရှိကြောင်း၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ မဖြစ်ပေါ်စေရန်အတွက် ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း အင်းစိန်ရွာမဆရာတော်ကြီးက မိန့်သည်။

‘‘အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့အနေနဲ့အ ခုလို သံဃမဟာနာယကအဖွဲ့နဲ့ လက်တွဲဆောင်ရွက်မယ်ဆိုတာ ကို ၀မ်းမြောက်ဝမ်းသာကြိုဆိုပါ တယ်။ နှစ်ဖက်က အတိုက်အခံ တွေမှမဟုတ်ဘဲ။ ဒါကြောင့် သံဃ မဟာနာယကအနေနဲ့အမျိုးဘာ သာသာနာစောင့်ရှောက်အဖွဲ့နဲ့ တွဲပြီးလုပ်ဖို့ အဆင်သင့်ပါပဲ’’ ဟု သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်း မော်ဆရာတော်ကြီးက သြ၀ါဒပေးရာတွင် ထည့်သွင်းမိန့်ကြား သည်။

ဥက္ကဋ္ဌဆရာတော်ကြီးက မိမိ အနေဖြင့်အချက်သုံးချက်ကိုသာ သြ၀ါဒပေးလိုကြောင်း၊ ညီညီညွတ်ညွတ်လုပ်ကြရန်၊ တိုင်တိုင်ပင်ပင်လုပ်ရန်၊ နိုင်ငံနှင့် ချီသော ကိစ္စရပ်များကို လုပ်ဆောင်မည်ဆိုပါက မဟနနှင့်တိုင်ပင်ဆောင်ရွက်ကြရန် စသည့် အချက်သုံးချက်ကိုမိန့်ကြားခဲ့ပြီး အင်းစိန်ဆရာတော်ကြီးက လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ပြန်လည်လျှောက်ထားခဲ့သည်။

သာသနာတော်ကြီး အရှည် တည်တံ့ပြန့်ပွားရေးကို ရည်သန် ၍ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပြီး မိမိတို့ညီညွတ်မှသာ အမျိုးဘာသာ၊ သာသနာအကျိုး အတွက် ရေရှည်ရပ်တည်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းဗန်းမော် ဆရာတော်ကြီးကမိန့်ကြားသည်။

ပြင်ပတွင် ကောလာဟလ ထွက်ပေါ်နေသော မဟနအဖွဲ့ကို ဆန့်ကျင်ဆန္ဒပြမည့်ကိစ္စရပ်များ ပြုလုပ်မည် ဆိုခြင်းနှင့် မကြာမီ ကျင်းပမည့်ဂိုဏ်းပေါင်းစုံအစည်း အဝေးအား ဖျက်ဆီးမည်ဆိုသည့် ကိစ္စရပ်များကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း မဘသ (ဗဟို)မှ ယခုလ ၈ရက်တွင် သဘောထား ကြေညာချက်ထုတ်ပြန်သည်။
http://7daydaily.com/story/10424#.U2y6lFfDXrc

ရွှေတိဂုံစေတီပုံစံတူ ကိတ်မုန့်ပြုလုပ်ခွဲစားခြင်း သာသနာရေးဝန်ကြီးဌာနမှ တရားစွဲဆိုရန်မရှိ သမ္မတရုံးမှ သဘောထားအတိုင်းသာ ဖြစ်မည်




ရန်ကုန်၊ မေ ၇

ဥရောပနှင့် မြန်မာပြည်သို့ တိုက်ရိုက်ပြေးဆွဲမည့် Condor လေကြောင်းလိုင်း ဖွင့်ပွဲတွင် စိန်ဖူးတော်နေရာ၌ လက်ဝါးကပ်တိုင် ပါရှိသော ရွှေတိဂုံပုံစံတူ ကိတ်မုန့် ပြုလုပ်၍ ခွဲစားခြင်းသည် ဘာသာနှစ်ခုကြား အငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်သည်ဟု မေလ ၆ ရက်တွင် ရွှေည၀ါ ဆရာတော် ဘဒ္ဒန္တပညာသီဟက မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ် ရွှေတိဂုံဘုရား စေတီပုံစံတူ ကိတ်မုန့်ပြုလုပ် စားခဲ့ခြင်းအတွက် ဥရောပ လေကြောင်းလိုင်းနှင့် ပါဝင်ခဲ့သူများအပေါ် မြန်မာနိုင်ငံ သာသနာရေး ၀န်ကြီးဌာနမှ တရားစွဲဆိုရန် မရှိကြောင်းနှင့် ယင်းကိစ္စမှာ အစိုးရ သမ္မတရုံး၏ သဘောထား အတိုင်း သာ ဖြစ်နိုင်ကြောင်း သာသနာရေး ပြည်ထောင်စုဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးအောင်သူမင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ထိုသို့ ရွှေတိဂုံပုံစံတူ ကိတ်မုန့်ပြုလုပ်ပြီး ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်နှင့်အတူ ၎င်းလေကြောင်းလိုင်း တာဝန်ရှိသူများက ယင်းကိတ်မုန့်ကို ပျော်ပျော်ပါးပါး လှီးဖြတ် စားသောက်သည့် ဓာတ်ပုံများနှင့်အတူ ဝေဖန်ချက်များ အင်တာနက် စာမျက်နှာပေါ်တွင် အကျယ်တ၀င့် ဖော်ပြခဲ့ကြသည်။

အဆိုပါ Condor လေကြောင်းလိုင်းဖွင့်ပွဲကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က ဂျာမနီနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး Condor လေကြောင်းလိုင်း ၀က်ဘ်ဆိုက် စာမျက်နှာများပေါ်တွင် နိုဝင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့ပြီး (၂)နှစ်ခန့် အကြာမှသာ မြန်မာနိုင်ငံ အင်တာနက်/၀က်ဘ်ဆိုက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

““မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ ရွှေတိဂုံစေတီကို ပုံစံတူပြုလုပ်ပြီး ကိတ်မုန့်လုပ် ခွဲစားတာ အင်မတန် အရုပ်ဆိုးလှပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို လုပ်တာ ဗုဒ္ဓဘာသာကို ညစ်နွမ်းစေပါတယ်။ လုံးဝ မလုပ်သင့်ပါဘူး။ မလုပ်လည်း မလုပ်အပ်ပါဘူး။ စိန်ဖူးတော်နေရာမှာ လက်ဝါးကပ်တိုင် ထားတာက ဘယ်လို သဘောမျိုးလဲ မသိပေမယ့် ဘာသာနှစ်ခုကြား အငြင်းပွားလာနိုင်တယ်။ ဒီလိုလုပ်နေတာတွေကို မြန်မာသံအမတ်ကိုက မတားဆီးဘဲ ပါနေတာ တော်တော်လေး အံ့သြဖို့ကောင်းတယ်။ ဒီလို လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ သူက ပိုသိရမယ်””ဟူ၍ ရွှေည၀ါဆရာတော်က မိန့်သည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့၊ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)၊ သာသနာရေး ၀န်ကြီးဌာနနှင့် အခြားသော ဘာသာရေး အဖွဲ့အစည်းများက ၎င်းလုပ်ရပ်ကို လည်းကောင်း၊ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်ကိုလည်းကောင်း မြန်မာပြည်သူပြည်သား များအားလုံး၏ ကိုယ်စား ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ပြီး ဖြစ်သည်။

ရွှေတိဂုံပုံစံတူ ကိတ်မုန့်ပြုလုပ်၍ ခွဲဝေ စားသောက်ရာတွင် ပါဝင်ခဲ့သူ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်အား မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ခေါ်ယူ သတိပေးပြောကြားခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့် စီမံရေးရာသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းသည့်အဖွဲ့ သီးသန့်ဖွဲ့စည်းထား၍ ၎င်းအဖွဲ့သို့သာ မေးမြန်းရန်နှင့် အဆိုပါဖြစ်စဉ်သည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့အရ ဖြစ်ခြင်းဖြစ်ပြီး အခြားသော ပြည်ပနိုင်ငံများသည် အယူအစွဲမရှိ၍ ယခုကဲ့သို့ ဖြစ်ပေါ်ခြင်း ဖြစ်နိုင်သည်ဟု တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့နောက် ယင်းကိစ္စရပ်များ ကိုင်တွယ် ဖြေရှင်းသည့်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ကိုင်တွယ်ခြင်း မဟုတ်ကြောင်း၊ စီမံဌာနမှသာ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် စီမံကိန်းနှင့် စီမံရေးရာ ဌာနသို့ ပြန်လည် ဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့် ထုတ်ဖော်ပြောကြားခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။

ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်တွင် တည်ရှိပြီး ဖိနပ်တော်မှ စိန်ဖူးတော်ထိ ဉာဏ်တော် ၃၂၆ ပေ ရှိသည့်အတွက် ကမ္ဘာ့အံ့ဖွယ် တစ်ခုဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ အမြင့်ဆုံးစေတီ တစ်ဆူဖြစ်သည်။ မြန်မာနိုင်ငံ၏ အစောဆုံး တည်ထားကိုးကွယ်သော စေတီတော်ဖြစ်ပြီး ပွင့်တော်မူပြီးသော မြတ်စွာဘုရား ၄ ဆူတို့၏ ဓာတ်တော်မြတ်လေးပါးဖြင့် ဌာပနာထား ကိုးကွယ်ခြင်းဖြစ်၍ မြန်မာ ပြည်သူ ပြည်သားများ၏ အထွတ်အမြတ်ထားရာ စေတီတော်မြတ်ကြီးဖြစ်သည်။

ဝတ်ရည်နွေးနွေး
http://myanmarthandawsint.com

ကိုထင်ကျော်၏ထောင်ကားပေါ်မှအသံများ



 ကိုထင်ကျော်အင်းစိန်ထောင်မှကျောက်တံတားမြို့နယ်ရုံးထွက်စဉ်
*******************************************

စီမံအုပ်ချုပ်မှုညံဖျင်းသောပြည်ထောင်စုအစိုးရ....အလိုမရှိ ။

တာဝန်ယူမှု၊တာဝန်ခံမှုမရှိသောပြည်ထောင်စုအစိုးရ... အလိုမရှိ။

တရားစီရင်ရေးကိုဝင်ရောက်နှောင်ယှက်ဖျက်ဆီးနေသောအစိုးရ
အလိုမရှိ။

ခရိုနီကိုကာကွယ်ပေးနေသောပြည်ထောင်စုအစိုးရ... အလိုမရှိ။

တိုင်ရင်သားတွေကိုစစ်သွားတိုက်သော
ပြည်ထောင်စုအစိုရအလိုမရှိ။

 Kyaw Lwin

ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာခဲ့ပြီးနောက်လမ်းပေါ် ရေတင်ရေလျှံ


DVB TV News
ဒီနေ့ နေ့လယ်က ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာခဲ့ပြီးနောက် ယုဇန ပလာဇာရှေ့လမ်းပေါ် ရေတင်ရေလျှံနေမှု မြင်ကွင်း။

ဓာတ်ပုံ - ပိုင်စိုး

ရန်ကုန်နှင့်သံလျင်တွင် လေပြင်းတိုက်
ဒီဗွီဘီ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြိုနဲ့ သံလျင်မြို့နယ်မှာ မနေ့ညနေပိုင်းက လေပြင်းတွေ တိုက်ခတ်ခဲ့တဲ့အတွက် ဓာတ်တိုင်တွေ သစ်ပင်တွေ လဲပြိုခဲ့သလို လူနေအိမ် ခေါင်မိုးတွေ လှန်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ကာတွန်း

မူဆယ်မြို့ ခရစ်ယာန်ဘုရားကျောင်းဝင်းထဲ မှာ ဖွင့်ထားတဲ့ စစ်ပြေး ဒုက္ခသည် စခန်း



 အသင်းသူ အသင်းသားတွေနဲ့ အသင်းတော် တာဝန်ရှိသူတွေက နေ့ မအား ညမနား မနားမနေ ကူညီစောင့်ရှောက်ပေးနေပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥရောပသမဂ္ဂနှင့် ပူးပေါင်း၍ စမ်းသပ်မဲစာရင်း ကောက်မည်



Friday 2014-05-09
ရန်မျိုးနိုင်
ရန်ကုန်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲမဲစာရင်းကို အငြင်းပွားဖွယ်မဖြစ်စေရန် ဥရောပသမဂ္ဂနှင့် ပူးပေါင်း၍ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က စမ်းသပ် မဲစာရင်းများကို ဇွန်လတွင် စတင် ကောက်ယူမည်ဖြစ်ကြောင်း ပြည် ထောင်စု ရွေးကောက်ပွဲကော်မ ရှင်ထံမှ သတင်းရရှိသည်။

စမ်းသပ်မဲစာရင်း ကောက် ယူရန် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နှင့် ကချင်ပြည်နယ် ၀ိုင်း မော်မြို့တို့တွင် ဥရောပသမဂ္ဂ၏ ကုန်ကျစရိတ်ဖြင့် ကောက်ယူ သွားမည်ဟု ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင် ရွေးကောက် ပွဲဌာန ညွှန်ကြားရေးမှူး  ဦးသောင်းလှိုင်ကပြောသည်။

‘‘ရန်ကုန်က လူဦးရေ ထူ ထပ်တယ်။ နောက်တီးတိန်ကျ တော့ သွားရေး၊ လာရေးအဆင် သိပ်မပြေဘူး။ ကချင်ကလည်း တည်ငြိမ်မှုအားနည်းတော့ အဲဒီလိုဒေသတွေမှာ မဲစာရင်းကောက် ရင်ဖြစ်လာမယ့် အခြေအနေတွေ ကို သိရအောင် လုပ်တာပါ’’ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲကော်မရှင်က ၂၀၁၅ ရွေးကောက်ပွဲကို တိကျ သော မဲစာရင်းဖြင့် ကျင်းပနိုင်ရန် ရည်ရွယ်ထားသဖြင့် မဲစာရင်း တိ ကျနိုင်စေရန် စမ်းသပ်မဲစာရင်း များကောက်ယူရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်ဟု ဦးသောင်းလှိုင်ကပြော သည်။

‘‘အခုလို ကောက်မယ်ဆို တော့ ကောင်းပါတယ်။ ၂၀၁၀ တုန်းကတော့ မဲစာရင်းက အငြင်း ပွားစရာတွေရှိတယ်။ ၂၀၁၅ မှာ မဲစာရင်းတိကျဖို့ လိုတယ်လေ။ ဒါပေမဲ့ အခုစမ်းသပ်တာကသူတို့ဘာ ရည်ရွယ်ချက်နဲ့ ကောက်တာလဲ ဆိုတာတော့ စောင့်ကြည့်ရမယ်’’ ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ အထွေထွေအတွင်းရေးမှူး ဒေါ် သန်းသန်းနုကဆိုသည်။

စမ်းသပ်မဲစာရင်း ကောက် ယူရာတွင် ဥရောပသမဂ္ဂက ကုန်ကျစရိတ်နှင့် နည်းပညာပိုင်းကို ထောက်ပံ့ပေးမည်ဖြစ်ကာ လက် ရှိအချိန်တွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ကော်မ ရှင် အဖွဲ့ခွဲများအား မဲစာရင်း ကောက်ယူခြင်းဆိုင်ရာသင်တန်း များပေးရန် စီစဉ်နေသည်ဟု လည်း ဦးသောင်းလှိုင်က ပြော သည်။ ထိုသို့ ဆောင်ရွက်ရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများလည်း ပါဝင်လုပ်ဆောင်စေ မည်ဖြစ်ကာ ယင်းအဖွဲ့များမှ မဲ စာရင်းနှင့် ပတ်သက်သည့် အကြံ ပြုချက်များကိုလည်း လက်ခံသွား မည်ဟုဆိုသည်။

၂၀၁၀ အထွေထွေရွေး ကောက်ပွဲတွင် မဲစာရင်းများ တိ ကျမှုမရှိခဲ့ခြင်းအပြင် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် လည်း မဲစာရင်း၌ သေဆုံးသူများ ပါဝင်လာခြင်းတို့ ရှိခဲ့သည်ဟု နိုင်ငံရေးပါတီ အချို့က ထောက် ပြခဲ့သည်။