Saturday, May 10, 2014

မအူပင် မြို့နယ်အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒသဘောထား ရယူဟောပြောပွဲကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်



National League for Democracy

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒသဘောထား ရယူဟောပြောပွဲကို မေလ ၅ ရက်နေ့ ယနေ့နံနက် ၉ နာရီက ဧရာဝတီတိုင်း မအူပင် မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ လည်းကောင်းဟော်ပြောပွဲကို မအူပင်မြို့နယ် ပြည်သူလူထုနှင့် အဖွဲ့ချုပ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပထမဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ကြည်ညွှန့်တို့မှ
 ဟောပြောပြီးနောက် ကောာ့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တရားဥပဒေစိုးမိုးရေးနှင့်တည်ငြမ်အေးချမ်ရေးကော်မတီဥက္ကဌ
 ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်လာသော ပြည်သူလူထုအား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ဟောပြောခဲ့ပြီး မေးခွန်းများ
လည်းမေးမြန်းခွင့်ပြုခဲ့သည်။ ထို့နောက် ဆန္ဒခံယူရာတွင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့်ပတ်သက်၍ ၉၉ ရာခိုင်နှုန်းထောက်ခံဆန္ဒပြုခဲ့ကြပြီး အခမ်းအနားကို ၁၁ နာရီခန့်တွင်ရပ်နားခဲ့သည်။ ထို့နောက် မြို့နယ်မှ ရပ်မိ ရပ်ဖများ၊ အဖွဲ့ချုပ် ခရိုင်၊တိုင်း၊ မြို့နယ် စည်းအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မွန်းလွဲ သုံးနာရီတွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာလာခဲ့သည်။

ဒီနေ့ကာတွန်း

လွတ်လပ်စွာ မဲဆွယ်ဟောပြောခွင့် ကန့်သတ်မည့်နည်းဥပဒေကြမ်း ထွက်လာ


သဘောထားအမြင်များပေးရန် ပါတီများထံ ပေးပို့ခဲ့ခြင်းဖြစ်ပြီး မဲဆွယ်ခွင့်ကန့်သတ်ချက်သည် ဒီချုပ်ပါတီကို အဓိကပစ်မှတ်ထားဟု ဝေဖန်မှုများထွက်ပေါ်
 Saturday, May 10, 2014
ရန်မျိုးနိုင်
ရန်ကုန်


 ရွေးကောက်ပွဲကာလ တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်များ ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းအတွက် အခြားလူပုဂ္ဂိုလ် များက မဲဆွယ်စည်းရုံးဟောပြောလိုပါက  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ စာတင်ကာ ခွင့်ပြုချက် တောင်းခံရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၏ နည်းဥပဒေမူကြမ်းတွင် ထည့်သွင်းထားကြောင်း နိုင်ငံရေးပါတီများထံမှ သတင်းရရှိသည်။

ရွေးကောက်ပွဲကာလအ တွင်း မဲဆန္ဒနယ်တစ်ခုတွင် သက် ဆိုင်ရာ မဲဆန္ဒနယ်၏ လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ မန်နေဂျာတို့ အနေဖြင့် အလိုအလျောက် ဟောပြောခွင့်ရရှိသော်လည်း ယင်းမဲဆန္ဒနယ်တွင်  အခြားသောသူများက မဲဆွယ်စည်းရုံးဟောပြောခြင်းကို ပြုလုပ်လိုပါက စာတင်ရမည် ဟု နည်းဥပဒေကြမ်းတွင် ဖော်ပြထားကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောသည်။

ကိုယ်စားလှယ်လောင်းများ ၏ မဲဆွယ်စည်းရုံးရမည့် ပုံစံများ ပါဝင်သည့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရေးဆွဲထားခြင်းဖြစ်သော်လည်း တရားဝင်နည်းဥပဒေအဖြစ် ပြ ဋ္ဌာန်းခြင်းမပြုရသေးဘဲ ယင်းနည်းဥပဒေအပေါ် နိုင်ငံရေးပါတီများ ၏ သဘောထား အမြင်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်ခံဆွေးနွေးရန် လည်းရှိသည်။

ရွေးကောက်ပွဲအတွင်း မဲ ဆွယ်စည်းရုံးခြင်းကို ကန့်သတ် လိုက်ခြင်းသည် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးထက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အား ၎င်းပါတီကိုယ်စားလှယ်များအတွက် မဲဆွယ်စည်း ရုံးပေးခြင်းကို ကန့်သတ်ရာ ရောက်သည့် သဘောဆောင်သည်ဟု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၌ ၈၈ မျိုးဆက်ကျောင်းသားများ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတွင် ပါဝင်ခဲ့ပြီး လက်ရှိအချိန်တွင် လွှတ်တော်စောင့်ကြည့်လေ့လာရေးပြုလုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့မှ သုတေသနမှူး ဦးအေးခိုင်က ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင်ပြိုင်ဘက်ကင်းနေသည့် ဒီချုပ်ပါတီနှင့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့အား ထိုးနှက်နိုင်ရန်ပြင်ဆင်ခြင်းသာဖြစ်ကြောင်းနိုင်ငံရေးသုံးသပ်သူ တစ်ဦးကဝေဖန်ပြောဆိုသည်။

‘‘ခွင့်ပြုချက်နဲ့ ကန့်သတ် ထားတော့ ပါတီခေါင်းဆောင် တစ်ယောက်က မြို့နယ်ပေါင်းစုံ ကို သွားပြီးတော့ ဟောပြောလို့ မရတော့ဘူးလေ။ စာတင်ရမယ် ဆိုတာ ကြာဦးမှာ ရှိသေးတယ်။ စာတင်တဲ့ရက်တွေကို ဖြတ်သန်း ရမှာရှိသေးတယ်’’ ဟု ၎င်းက ပြောသည်။ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခြင်း နည်းဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီတို့သည် ယခုလ ၁၅ ရက်တွင် ရန်ကုန်မြို့ တွင် တွေ့ဆုံကာ ဆွေးနွေးကြ မည်ဖြစ်သည်။

မဲဆန္ဒနယ်များတွင် ပါတီမှ ကိုယ်စားလှယ်လောင်းများကို ပါတီခေါင်းဆောင်များက မဲဆွယ် စည်းရုံးပေးခြင်းကို ကန့်သတ်ခြင်း နှင့် ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား အကျေအလည် ဆွေးနွေးမည်ဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေကလည်းပြောသည်။

ယခုနှစ်ကုန်ပိုင်းတွင် ကျင်း ပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆန္ဒနယ်၌ ၀င်ရောက်ယှဉ်ပြိုင် မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းကိုသာ ဟောပြောခွင့်ပြု မည်ဖြစ်ပြီး အခြားမည်သူ့ကိုမျှ ဟောပြောခွင့်မပြုရန် လုပ်ဆောင် မည်ဖြစ်ကြောင်း ဧပြီ ၇ ရက်တွင် ပုသိမ်မြို့၌ ပြုလုပ်ခဲ့သည့် ဧရာဝ တီတိုင်း ဒေသကြီးအတွင်းရှိ ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲ ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောခဲ့သည်။

နိုင်ငံရေးပါတီများ မဲဆွယ် စည်းရုံးရာတွင် နယ်ကျော်စည်း ရုံးခြင်း မပြုရဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တ ရားဝင်ထုတ်ပြန်လာမည်ဆိုပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီကလည်း ဥပဒေအရ တရား မ၀င်ကြောင်း ပြန်လည်တုံ့ပြန် မည်ဟု ပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက 7Day Daily သတင်းစာအား ပြောကြား ထားသည်။
http://7daydaily.com/story/10510#.U24M-1fDXrd

ဖေါက်ကြမလားဟေ့မောင်တို့ရေ၊


ဒီမိုခေတ်လား၊အရည်းကြီးခေတ်လား


နအဖရဲ့ဆည်းကပ်ခံနဲ့ နအဖလက်ကိုင်ဒုတ်ပူးသွားပြီကိုး၊
သစ်စဖေါက်တွေပေါများတဲ့နိုင်ငံတော်ကြီးအနာဂါတ်တွင် တွေ့ရလအံ့၊
ထေရ၀ါဒသာသနာညှိးနွမ်းလာလအံ့၊
ဘာသာတွင်းသန့်စင်ရေး၊အသုံးချအစိုးရပါဖယ်ရှားရလအံ့၊

( ၂၀၀၇ ရွှေဝါရောင်ဆရာတော် တစ်ပါးဖြစ်သူ ဦးပဏ္ဏဝံသ(ခ) ဦး ပြည်ကျော်က ''မြန်မာနိုင်ငံ မဟာသံ ဃနာယက (မဟန)ရော၊ အမျိုးဘာ သာ သာသ နာစောင့်ရှောက်ေ ရးအဖွဲ့ (မဘသ)ရော ထေရဝါဒမူအရ သွား မယ်ဆို ရင်တော့ ကောင်းတာပေါ့။ အာဏာရှင်လူတစ်စုအတွက် သွား မယ်ဆို ရင်တော့ တိုင်းပြည်အတွက် မကောင်းဘူး။ လူမှုရေး၊နိုင်ငံရေးတွေ မှာ အာဏာ ရှင် တစ်စုအတွက် လိုက် ပါဆောင်ရွက်ရင် ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့မှာပေါ့''ဟုမိန့်သည်။)

ပရိသတ်တွေရဲ့ မျက်ကြည်လွှာတွေ ကိုယ်စားလှူပေးခဲ့တဲ့ ထားထက်ထက်


ပရိသတ်များကို မျက် ကြည်လွှာလှူဒါန်းရန် ဖိတ်ခေါ်ခဲ့ ပြီး အနယ်နယ်အရပ်ရပ်မှ လူ ဦးရေ၃၀ နီးပါး၏ မျက်ကြည်လွှာ ကို ကိုယ်စားအနေဖြင့် အလှမယ်ထားထက်ထက်က လှူဒါန်းပေး ခဲ့ကြောင်း သတင်းရရှိသည်။
မေလ ၉ ရက်က မျက်စိဆေး ရုံကြီးတွင် ထားထက်ထက်က လှူဒါန်းပေးခဲ့သည်။
မျက်ကြည်လွှာလှူဒါန်းလို သော ပရိသတ်များကို ဖေ့စ် ဘွတ်ခ်ပေါ်တွင် သုံးရက်ကြာ တိုက်တွန်းခဲ့ပြီး နယ်မြို့များနှင့် ပြည်ပမှ ပရိသတ်များက မျက် ကြည်လွှာလှူဒါန်းရာတွင် လိုအပ် သောအချက်အလက်များကို ထားထက်ထက်ထံ ပေးပို့ကာ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူကိုယ် တိုင်လာရောက်လှူဒါန်းသော ပရိ သတ်အချို့လည်း ရှိခဲ့သည်။
‘‘သုံးရက်လောက် ဖေ့စ် ဘွတ်ခ်ကနေ ကြော်ငြာပြီးတင် ပေးထားတာ။ အဲဒီလောက်အများ ကြီးလှူကြမယ်လို့လည်း မထင်ခဲ့ ဘူး။ လူကိုယ်တိုင်လာပြီး မလှူ နိုင်လို့ မန္တလေးကနေ ငွေလွှဲပြီး လှူပေးပါလို့ပြောတဲ့သူရှိတယ်။ ကိုယ်လှူတာထက် လှူချင်တဲ့ သူတွေကို စုပြီးလှူပေးရတာ ပိုပြီး ဝမ်းသာတယ်’’ဟု ထားထက် ထက်က ပြောသည်။
ထားထက်ထက်သည် ၎င်း ၏ မျက်ကြည်လွှာကို ၂၀၁၃ ခုနှစ် အောက်တိုဘာက လှူဒါန်းခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင် ပရဟိတ များသာ လုပ်ဆောင်နေပြီး ပထမ ဆုံးရိုက်ကူးမည့် အက်ရှင်ကား အတွက် ပြင်ဆင်မှုများသာပြုလုပ် နေပြီး အခက်အခဲတချို့ကြောင့် ရိုက်ကူးရန်ကြန့်ကြာနေခြင်းဖြစ် ကြောင်း ထားထက်ထက်က ပြော သည်။
7day

မဉ္စူအောင်ရဲ့ မေလ ၉ ရက် ကြေးမုံသတင်းစာ ကြေညာချက်

ဒေါ်အောင်ဆန်းစုကြည်နှင့်ကရင်ရိုးရာ ကျွဲ ချို


ဓါတ်ပုံ - Susanna Soe

မအူပင်ဟောပြောပွဲမှ ဘုန်းဘုန်းရဲ့မေးခွန်းနဲ့အမေစုရဲ့အဖြေ



အဂ္ဂမဟာ ဘားမား လူရမ်းကား


ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲနေ့တွင် ကြံ့ခိုင်ရေးအမတ် ရှင်ပြုအလှူပွဲလုပ်

မအူပင်၊ မဇ္ဈိမ။ ။ မအူပင်မြို့တွင် ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲလုပ်မည့် မေလ ၁ဝရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်ဝင်းက ရှင်အပါး ၃ဝဝ ရှင်ပြုအလှူ ပြုလုပ်ခဲ့သည်။
ရှင်ပြုအလှူပွဲကို မအူပင်မြို့ ရွှေဘုန်းမြတ်စေတီတွင် ပြုလုပ်ခဲ့ပြီး ရှင်ပြုပွဲသို့ မအူပင်မြို့နှင့် အနီးရှိ ကျေးရွာများမှ ဒေသခံများက မေလ ၆ရက် နံနက်အရောက် ရွှေဘုန်းပွင့်စေတီသို့ လာရန် မေလ ၃ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံ ဆော်သြထားသည်ဟု ဒေသခံများက ပြောသည်။
ယင်းနေ့ နံနက် ၉ နာရီ ၁ဝမိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောရန် မအူပင်မြို့သို့ ရောက်ရှိခဲ့သည်။
သူမအလာကို ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များမှ လူအင်အား တစ်သိန်းခန့်က နံနက်အစောပိုင်းမှ စတင်၍ လာရောက် စောင့်ဆိုင်းခဲ့သည်။ ယမန်နေ့ (မေလ ၉ရက်)ကလည်း မအူပင်မြို့တွင် မိုးရွာသဖြင့် ဒေသခံများက ဟောပြောပွဲပြုလုပ်ချိန်တွင် မိုးရွာပါက ပွဲပျက်မည်ကို စိုးရိမ်သဖြင့် မိုးတားဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသေးသည်။
ဟောပြောပွဲကို နံနက် ၉နာရီခွဲခန့်တွင် စတင်ကာ ၁ဝနာရီ ၄ဝခန့်တွင် ပြီးစီးသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် မအူပင်မြို့ရှိ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဦးမည်ဖြစ်သည်။

ဂရုဏာလက်များ(ပခုက္ကူ )



Nan War War Mg