Monday, May 12, 2014

ရာဇာမင်း ခရီးသည်တင်ယာဉ် ၁၄ ဦး သေဆုံး ၃၀ ဦး ဒဏ်ရာ


နေပြည်တော်-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် အမြန်လမ်း ၁၉၇
မိုင်တွင်တံတားပေါ်မှ ထိုးကျပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး သေဆုံး
၃၀ ဦး ဒဏ်ရာရတဲ့ပုံတွေတင်ရာမှာမတင်သင့်တဲ့ပုံတွေမတင်ကြဖို့တိုက်
တွန်းပါတယ်။အချို့ ကအခြေအနေအရအ၀တ်အစားကင်းလွတ်နေတာ
ရှိပါတယ်၊နာကျင်နေတဲ့သူတွေထပ်မနာစေဖို့ပါ။
EMG ကတင်တဲ့ပုံလောက်ဆိုရပါပြီ၊

 Eleven Media Group

နေပြည်တော်-ရန်ကုန် ရာဇာမင်း ခရီးသည်တင်ယာဉ် အမြန်လမ်း ၁၉၇ မိုင်တွင် တံတားပေါ်မှ ထိုးကျပြီး ယာဉ်ပေါ်ပါ ခရီးသည် ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရ

နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာလာသော ရာဇာမင်း ခရီးသည်တင်ယာဉ် တစ်စီးသည် မေ ၁၂ ရက် ည ၇ နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၉၇/၆ အနီးရှိ ပျဉ်မနား-တောင်တွင်းကြီး မီးရထားခုံးကျော် တံတားအောက် ထိုးကျခဲ့ရာ ယာဉ်ပေါ်ပါခရီးသည် ၁၄ ဦးသေဆုံး ပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ် ချောက်ထဲထိုးကျမှုကြောင့် ကျား ၁၁ ဦး၊ မ နှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကာ ကျား၊ မခွဲခြားနိုင်ရန် စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သော ခရီးသည် ၃၀ ဦးတွင် ၂၇ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသနေပြီး ကျန်သုံးဦးကို နေပြည်တော်၊ လယ်ဝေးဆေးရုံတွင် ကုသနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါခရီးသည်တင်ယာဉ် 5G/1527 သည် မိုင်တိုင် ၁၉၇/၆ အရောက်တွင် မိုးသည်းထန်းစွာ ရွာသွန်းနေချိန်ဖြစ်၍ အရှိန်မထိန်းနိုင်ဘဲ ပျဉ်မနား-တောင်တွင်း မီးရထားကုန်းကျော် တံတားအောက် မီးရထားသံလမ်းပေါ်သို့ ထိုးကျခဲ့ခြင်းဖြစ်သည်ဟု အကြမ်းဖျင်း ယူဆရကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

"ဖြစ်ဖြစ်ချင်းမှာ ၁၃ ဦးပွဲချင်းပြီး သေတယ်။ တစ်ယောက်က ဆေးရုံမှာသေတယ်။ အခင်းဖြစ်ပွားနေတဲ့ အချိန်မှာ အမြန်လမ်းမှာ မိုးအရမ်းရွာနေတယ်။ အမြန်လမ်းမှာ မိုးအရမ်းရွာနေရင် ကားကိုရပ်ထားသင့်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကားက ရပ်မထားပဲ မိုးရွာနေတဲ့ အချိန်လည်း မောင်းလို့လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ အောက်ကိုထိုးကျ သွားတယ်လို့ အကြမ်းဖျင်း ယူဆထားပါတယ်။ ယာဉ်မောင်းဖြစ်သူကို နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ရဲတွေနဲ့ စောင့်ကြည့်ထားရှိ ထားပါတယ်။ ဒီဖြစ်စဉ်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အဆိုးရွားဆုံး ဖြစ်စဉ်လို့ ပြောလို့ရပါတယ်" ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက The Daily Eleven သို့ ပြောကြားခဲ့သည်။

အဆိုပါမီးရထား ခုံးကျော်တံတားမှာ ပေ ၂၀ ကျော်ခန့်မြင့်ကာ အောက်ဘက်ရှိ မီးရထားသံလမ်းပေါ်သို့ ယာဉ်၏ ဦးခေါင်းပိုင်းဖြင့် ထိုးကျခဲ့ခြင်းဖြစ်ပြီး မေ ၁၂ ရက် ည ၁၀ နာရီ မိနစ် ၃၀ ခန့်အထိ ၎င်းရာဇာမင်း ခရီးသည်တင်ယာဉ်ကို အပေါ်သို့မယူ၍ မရသေးကြောင်း သိရသည်။

"ကျွန်တော်တို့က အမြောက်တပ်ကပါ။ ကားမှောက်တယ်ဆိုလို့ ကျွန်တော်တို့ဆီက ကရိန်းကားနဲ့ဆွဲတင်ဖို့ လုပ်နေပါတယ်။ တပ်နဲ့သိပ်မဝေးတော့ ဖြစ်ပီးပီးချင်းနီးပါးလောက်တော့ ရောက်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ၀ိုင်းဝန်းပြီး ကယ်ဆယ်မှုတွေ လုပ်ခဲ့ပါတယ်" ဟု ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော တပ်မတော်သားတစ်ဦးက ဆိုသည်။

"မိုင်တိုင် ၁၉၇ မှာ ကားတစ်စင်း တံတားအောက် ထိုးကျသွားတယ်လို့ သတင်းရတာနဲ့ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေကို အကြောင်းကြားပြီး ချက်ချင်းလာခဲ့တာပါ။ ကားထဲကနေ ကယ်ထုတ်တဲ့အချိန်မှာ ၁၃ ယောက်လောက်က အသက်မရှိတော့ဘူး။ ကျန်တဲ့ဒဏ်ရာရတဲ့ သူတွေကိုလည်း ဆေးရုံပို့ဖို့ အမြန်လုပ်ဆောင် ရပါတယ်။ မသေသင့်ဘဲ မသေအောင်ပေါ့" ဟု ကြက်ခြေနီတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

အဆိုပါ ရာဇာမင်း ခရီးသည်တင်ယာဉ်တွင် ယာဉ်မောင်းအပါအ၀င် ခရီးသည် ၄၄ ဦး လိုက်ပါလာခဲ့ကြောင်း သိရပြီး ၁၄ ဦး သေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာသို့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများက ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားအောက်သို့ ထိုးကျသွားသော ယာဉ်အား တွေ့ရစဉ်

ဘင်္ဂါလီလူဦးရေ ၁.၃၃သန်းမှာ ၃သိန်းကျော်ပဲ သန်းခေါင်စာရင်း ထည့်သွင်း


ဆရာ ဟိန်းတင့်ဇော်

၂ဝဝ၉ခုနှစ် စာရင်းအရ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ လူဦးရေ ၁.၃၃သန်းရှိတဲ့အထဲ သန်းခေါင်စာရင်းမှာတော့ ရခိုင်ပြည်နယ်က ၂သောင်းအပါအဝင် ဘင်္ဂါလီလို့စာရင်းပြသူ ၃သိန်း၂သောင်းလောက်ပဲ ရှိတယ်လို့ ဦးခင်ရီက ပြောပါပြီ။ နာမည်စာရင်းသွင်းဖို့ အငြင်းပွားမှု ကိုယ်တိုင်သွားရှင်းတော့မယ်လို့ သူကဆိုပါတယ်။

ဘင်္ဂါလီ (ဒါမှမဟုတ်) ရိုဟင်ဂျာဆိုတဲ့ အမည်နာမပြဿနာကို ဌာနဆိုင်ရာအဆင့်မှာ ညှိနှိုင်းတာအဆင်မပြေလို့ သူကိုယ်တိုင် အခုသီတင်းပတ်ထဲ ရခိုင်ပြည်နယ်ကိုသွားပြီး ဖြေရှင်းမှာဖြစ်သလို မအောင်မြင်ရင်တော့ မညှိနှိုင်းတော့ ပဲ သန်းခေါင်စာရင်းကို အပြီးသတ်တော့မယ်လို့ ဆိုပါတယ်။

နည်းပညာနှောင့်နှေးလို့ ရခိုင်နဲ့ ကချင်မှာ မေလကုန်အထိ သန်းခေါင်စာရင်းတွေ ဆက်ကောက်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာ ဒါမှမဟုတ် ဘင်္ဂါလီလို့ နှစ်ခုစလုံး ပြောဖို့ခက်တယ်ဆိုရင် လူမျိုးနေရာ ချန်လှပ်ပေးသွား မှာဖြစ်ပြီး ရိုဟင်ဂျာဆိုတဲ့နာမည်ကိုတော့ လက်မခံဘူးလို့ ရန်ကုန်တိုင်းလွှတ်တော်ရုံးမှာ မေလ ၇ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေဟာ နိုင်ငံရေးပြဿနာဖြစ်တာကြောင့် နိုင်ငံရေးနည်းနဲ့ဖြေရှင်းပြီးမှ သန်းခေါင်စာရင်း ပြန်ကောက်ဖို့ အကြံပေးအဖွဲ့ ITAB က အကြံပေးထားတယ်လို့ ဆိုပါတယ်။ ၁၉၈၃ခုနှစ် သန်းခေါင်းစာရင်းတုန်းက ကျေးရွာပေါင်း ၁သောင်းကျော်က လူတစ်သန်းကျော်လောက်ကို မကောက်နိုင်ခဲ့ဘဲ ကချင်ပြည်နယ်က ရွာ ၉၇ရွာကလွဲပြီး ကျန် တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာ ကောက်နိုင်ခဲ့တယ်လို့ ဦးခင်ရီက ဆိုပါတယ်။

လူဦးရေ အကြမ်းဖျဉ်းစာရင်းကိုတော့ လာမယ့် သြဂုတ်မှာ ထုတ်ပြန်မှာဖြစ်ပြီး တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းအားလုံး ၂ဝ၁၅ မေလမှာ အဆုံးသတ်မယ်လို့ ဆိုပါတယ်။

မီးမဖြတ်ဘူးပြောပြီး နေ့စဉ် မီးပြတ်နေလို့ ရန်ကုန်ပြည်သူအချို့ ဒေါသထွက်


ဆရာ ဟိန်းတင့်ဇော်

ရန်ကုန်မြို့ကို လုံးဝမီးမဖြတ်ပါလို့ လျှပ်စစ်ဖြန့်ဖြူးရေးအဖွဲ့က ပြောပြီးတဲ့နောက်နေ့ကစပြီး မေလ ၆ရက်နေ့အထိ မြို့နယ်တိုင်း လျှပ်စစ်မီးတွေပြတ်တောက်နေဆဲပါ။ ပြည်သူကို အရူးလုပ်တာလားဆိုပြီး လုပ်ငန်းရှင်တွေလည်း ဒေါသတွေ ထွက်နေကြပါတယ်။

ဓာတ်ခအားနှုန်းထားသစ်တွေကြောင့် အင်တာနက်ကဖေးဆိုင်မှာ သုံးစွဲလို့ ကျသင့်တာက တစ်လ တစ်သိန်းခွဲကုန်နေတဲ့ ကိုထွန်းအောင်ကျော်က မီတာခတွေ တိုးကောက်တော့လည်း ၂သိန်းကျော် ပေးနေရတုန်းပါပဲလို့ ဆိုပါတယ်။ ဒါပေမယ့် မီးဖြတ်ဘူးဆိုပြီး မီးဖြတ်နေတာလို့ ထောက်ပြပါတယ်။

မီးပုံမှန်မလာတဲ့အပြင် လာတဲ့အခါမှာလည်း ဓာတ်အားမငြိမ်တာတွေရှိနေဆဲမို့ အစိုးရအနေနဲ့ အပြောနဲ့အဟော မညီတာကြောင့် သင်္ကြန်အမြှောက်တွေပါလို့ ဆိုလာသူက တာမွေ မေတ္တာညွန့်ရပ်ကွက်က သမာဓိလမ်းမှာ နေထိုင်သူပါ။

မီးဖြတ်ရတာဟာ လိုအပ်ချက်ကြောင်း စီမိံကန်းချပြီး မီးဖြတ်ရတာ၊ အရေးပေါ်အခြေအနေနဲ့ သဘာဝဘေးအန္တရာယ် ဆိုတဲ့ ၃ခုကလွဲရင် ကျန်တဲ့အချိန်မှာ မီးမဖြတ်ပါဘူးလို့ ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့က ဆိုပါတယ်။ မနှစ်တုန်းက နွေရာသီမှာ ဓာတ်အားမလုံလောက်လို့ မီးမပေးနိုင်ခဲ့ပေမယ့် ဒီနှစ်တော့ မိုးကောင်းခဲ့လို့ ရေအားလုံလောက်တာကြောင့် မီးပြည့်ပြည့် ပေးနိုင်မယ်လို့ ဆိုပါတယ်။

မီးအားလုံလောက်ဖို့ အာမ မခံနိုင်တာက လာမယ့်နှစ်မှာ တိုးလာမယ့် မီးသုံးစွဲမှု ၁၅%ရယ် လျှပ်စစ်မီးကို ရေအားနဲ့ ကျောက်မီးသွေးတွေကနေ ကန့်သတ်ချက်နဲ့ လုပ်နေရတာဖြစ်တယ်။ အခုမှ နေရောင်ခြည်ကနေ စွမ်းအင်ထုတ်ဖို့ ဆွေးနွေးဆဲပဲလို့ ဆိုပါတယ်။

မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက် NLD ထပ်မံမေးမြန်းမည်


Eleven Media Group

ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲ၌ မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက် NLD ထပ်မံမေးမြန်းမည်

လာမည့်ရွေးကောက်ပွဲများ၌ မဲဆွယ်စည်းရုံးခွင့် ကန့်သတ်ချက်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အား အတည်ပြုနိုင်ရန် ဦးတင်အေးထံသို့ NLD မှ စာဖြင့်မေးမြန်းခဲ့ရာတွင် ပြန်လည်ဖြေကြားမှုသည် တိတိကျကျ မရှိသဖြင့် မေ ၁၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့၌ တွေ့ဆုံရာတွင် ထပ်မံမေးမြန်း ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌထံမှ NLD သို့ ပြန်ကြားစာ၌ ဥပဒေပုဒ်မများအား ညွှန်းဆို၍ ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်း၊ ရွေးကောက်ပွဲကိုယ်စားလှယ်နှင့် ၎င်း၏ပါတီတို့မှ မဲဆွယ်စည်းရုံးခွင့်ရှိကြောင်းနှင့် ညွှန်ကြားချက်အသစ် ထုတ်ပြန်ရန်ရှိသည်ဟု ပါဝင်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

“သူက နောက်လာမယ့် လုပ်စရာ ရှိတယ်ဆိုတာ ပါတယ်။ လုပ်ထုံးလုပ်နည်းကတော့ ဘယ်ဟာကိုမှ သူမညွှန်းဘူး။ ပုဒ်မတွေညွှန်းတယ်။ ပုဒ်မတွေကတော့ လွဲနေတာပေါ့ဗျာ။ ဒီလဆန်းမှာ အစည်းအဝေးလုပ်ပြီး ထုတ်ပြန်ပါမယ်လို့ ဖော်ပြပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက “လာမယ့်ရွေးကောက်ပွဲမှာ Election Campaign (ရွေးကောက်ပွဲမဲဆွယ်မှု) ကာလ သတ်မှတ်ပေးပါမယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပြောပါ။ မဆိုင်တဲ့လူ လာမပြောပါနဲ့။ ၀င်ချင်ဝင်မ၀င်ချင်နေ။ ကျွန်တော် ဒီမြို့ဒီရွာမှာ အရွေးခံမယ်ဆို ကျွန်တော်ပြောဖို့ပဲ လိုတာပေါ့။ တခြားလူ လာပြောလို့ ဘာလုပ်မတုံး။ ဒါကြောင့် ကျွန်တော်က အချိန်၊ လူ၊ နေရာ ကန့်သတ်ပါမယ်။ ဒါကျွန်တော့်လုပ်ပိုင်ခွင့်ထဲမှာ ရှိနေပါတယ်” ဟု ဧပြီ ၇ ရက် ပုသိမ်ခရီးစဉ်တွင် ပြောကြားခဲ့ကြောင်း ဧရာဝတီသတင်းဌာန သတင်းဖော်ပြချက်တွင် ပါရှိခဲ့သည်။

ပုသိမ်၌ ကော်မရှင်ဥက္ကဋ္ဌ၏ ပြောဆိုချက်သည် ပါတီဥက္ကဋ္ဌကဲ့သို့ မဲဆန္ဒနယ်နှင့် မသက်ဆိုင်သူများ လာရောက်စည်းရုံးခြင်းကို ကန့်သတ်ရန် ရည်ညွှန်းခြင်းဖြစ်နိုင်ပြီး ရွေးကောက်ပွဲကော်မရှင်မှ ထပ်မံထုတ်ပြန်မည့် ညွှန်ကြားချက်တွင် အဆိုပါအချက်မှာ ပါဝင်လာနိုင်ကာ လက်ရှိရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း၊ ၎င်း၏ ရွေးကောက်ပွဲကိုယ်စားလှယ်နှင့် မြို့နယ်တွင်း ပါတီတို့၏ မဲဆွယ်စည်းရုံးခွင့်မှာ နဂိုမူလအတိုင်းပင် ရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ပြောကြားသည်။

မေ ၁၅ ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲသည် ရွေးကောက်ပွဲကော်မရှင်မှ မဲဆွယ်စည်းရုံးမှု ကန့်သတ်ချက်နှင့် ပတ်သက်သည့် ညွှန်ကြားချက်အား ထုတ်ပြန်နိုင်ရေး ဆွေးနွေးရန်အတွက်ဖြစ်ကြောင်း သိရသည်။

“အဲဒီဟာ ဆွေးနွေးမယ်ဆိုတော့ ကျွန်တော်တို့ဘယ်လောက်ထိ ဆွေးနွေးဖြစ်မယ်ဆိုတာတော့ အခုအချိန်အထိ မသိရသေးဘူး” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။

လက်ရှိရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းများအရ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲကိုယ်စားလှယ် ထားရှိခွင့်ပြုထားပြီး လာမည့်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများသာ မဲဆွယ်စည်းရုံးခွင့် ပြုမည်ဆိုသည်မှာ မဟုတ်ကြောင်း၊ သို့ရာတွင် ကိုယ်စားလှယ်လောင်းမှ ခန့်ထားသည့် ရွေးကောက်ပွဲကိုယ်စားလှယ်များပင် ကော်မရှင်၌ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေချိန်တွင် အခြားပြင်ပမှ ပုဂ္ဂိုလ်များအနေဖြင့် ခရီးသွားဟန်လွဲ ဟောပြောမှုများ လုပ်ဆောင်၍ မရကြောင်း၊ ယခင် ထိုသို့ ကိစ္စရပ်များ ရှိခဲ့နိုင်သော်လည်း လာမည့်ရွေးကောက်ပွဲများတွင် အဘက်ဘက်မှ Free & Fair နှင့် သတ်သတ်မှတ်မှတ်ဖြစ်စေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဧပြီ ၂၃ ရက်က The Daily Eleven သတင်းစာသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ သူမ၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ် အားလုံးနီးပါးတွင် ဟောပြောစည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးမြန်းခွင့်မပြုခဲ့



Eleven Media Group
အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးမြန်းခွင့်မပြုခဲ့

နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး မေ ၁၁ ရက်တွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးခွန်းမေးမြန်းခွင့်မပြုကြောင်း တားမြစ်ခဲ့ပါသည်။

ပုံမှန်အားဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံမှ သမ္မတသို့မဟုတ် ၀န်ကြီးချုပ်က ထိပ်သီးအစည်းအဝေးများ အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားလေ့ရှိသည်။

မြန်မာနိုင်ငံမတိုင်မီ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူခဲ့သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံများ၌လည်း အာဆီယံထိပ်သီး အစည်းအဝေးများ ပြုလုပ်ပြီးချိန်တိုင်းတွင် သမ္မတ(သို့မဟုတ်) ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။

၂၀၁၄ ခုနှစ်၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကမူ သတင်းစာရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးမှ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ့ခြင်းသာ ဖြစ်ပါသည်။

“ပြောစရာ၊ ဆိုစရာတွေ အားလုံးက ပြောလည်းပြောပြီးသွားပြီ။ ပြည့်စုံသွားပြီဆိုတော့ သမ္မတကြီးအနေနဲ့ အမေးအဖြေ ထပ်လုပ်စရာ မလိုတော့ဘူးလေ။ အဲဒါကြောင့် အမေးအဖြေကဏ္ဍ မလုပ်တော့တာပါ” ဟု သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မေ ၁၁ ရက် ညပိုင်းတွင် Weekly Eleven သို့ ပြောကြားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ပြုလုပ်ခဲ့သော အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးအပြီး ပြုလုပ်သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ကာကွယ်ရေးဦးစီးချုပ်အား မေးခွန်းမေးမြန်းခွင့်ရခဲ့သော သတင်းထောက်များမှာ သတင်းစဉ်၊ MRTV-4 နှင့် မြ၀တီ သတင်းဌာနများမှ သတင်းထောက်များသာ ဖြစ်သည်။

မေ ၁၀ ရက်နှင့် ၁၁ ရက်များတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည့် အကြောင်းအရာများနှင့် ပတ်သက်၍ အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပြီးဆုံးသည့် မေ ၁၁ ရက် ညနေ ၅ နာရီတွင် သမ္မတဦးသိန်းစိန်က သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ယခုထိပ်သီး အစည်းအဝေးသည် အာဆီယံအဖွဲ့သို့ မြန်မာဝင်ရောက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် အစည်းအဝေးဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ရွေးချယ်ထားသည့် “ရှေ့သို့တူညီ တက်လှမ်းချီ၊ ငြိမ်းချမ်းဝေစည် အသိုက်အ၀န်းဆီ” ဆောင်ပုဒ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ကာ ၎င်းဆောင်ပုဒ်မှာ မြန်မာနိုင်ငံ၏ လက်ရှိတည်ဆောက်နေသော ဒီမိုကရေစီစနစ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားသည်။

“အနာဂတ်ကို အလေးထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တာနဲ့အညီ အာဆီယံအသိုက်အ၀န်းရဲ့ ၂၀၁၅ ခုနှစ်အလွန် မျှော်မှန်းချက်များကိုလည်း ဘယ်လိုရွေးချယ် ချမှတ်သွားကြမလဲ ဆိုတာကိုပါ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်” ဟု သမ္မတကဆိုသည်။

ထို့ပြင် အာဆီယံအဖွဲ့အား ကျစ်လစ်ခိုင်မာပြီး ရည်ရွယ်ချက်များပြည့်မြောက်အောင် အာဆီယံအဖွဲ့အစည်းများကို ပြန်လည်သုံးသပ်ခြင်းနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးကို ပိုမိုခိုင်မာအောင် ပြုလုပ်ရန်အတွက်လည်း ဆွေးနွေးအမြင် ဖလှယ်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က မီဒီယာများသို့ ပြောကြားခဲ့သည်။ တောင်တရုတ်ပင်လယ်ကိစ္စ၊ အရှေ့ပင်လယ်ကိစ္စ၊ ကိုရီးယားကျွန်းဆွယ်ကိစ္စ မလေးရှားလေကြောင်းလိုင်း၊ သဘာဝဘေးအန္တရာယ်ကိစ္စ အစရှိသည့် ကိစ္စများကို ဆွေးနွေးနိုင်ခဲ့ကြကြောင်း ပြောကြားခဲ့သော်လည်း တင်းမာမှုများ ရှိနေပြီး အများစိတ်ဝင်စားနေကြသည့် တောင်တရုတ်ပင်လယ် အရေးကိစ္စနှင့်ပတ်သက်၍ အတိအကျ ပြောဆိုမှုများ မပြုလုပ်ခဲ့ပေ။

ရှင်းလင်းပွဲအတွင်း သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ကိုယ်စား သြစတြေးလျနိုင်ငံ၊ ဘရစ်ဇဘိန်းမြို့၌ ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရမည့် အကြောင်းကိုလည်း ပြောကြားခဲ့ပြီး ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

“ဒီအစည်းအဝေးရဲ့ အဓိကရလဒ်ကတော့ အာဆီယံအသိုက်အ၀န်းကို အကောင်အထည်ဖော်ရေးဆိုင်ရာ နေပြည်တော်ကြေညာစာတမ်းကို အာဆီယံခေါင်းဆောင်များ အနေနဲ့ အတည်ပြု ထုတ်ပြန်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၏ ရလဒ်နှင့်ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည်။

မေ ၁၁ ရက်ကပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ သမ္မတဦးသိန်းစိန် ရှင်းလင်းပြောကြားစဉ်

ဒေါ်အောင်ဆန်းစုကြည်နှင့်မအူပင်မြို့ မိမြို့ ဖ များတွေ့ဆုံဆွေးနွေးပွဲ



Sun Ny

ဖွဲ့ စည်း ပုံ အ ခြေ ခံ ဥ ပ ဒေ ကို
ကျွန် မ တို့ လို ချင် သ လို ပြောင်း
နိုင် လို့ ရှိ ရင် တော့ ပြည် သူ လူ ထု
ဟာ တ ကယ် ပဲ စစ် မှန် တဲ့ ဒီ မို က
ရေ စီ ဥ ပ ဒေ တစ် ခု အောက် မှာ
လုံ လုံ ခြုံ ခြုံ နဲ့ နေ နိုင် သွား မယ်
ဆို တာ တော့ ကျွန် မ တို့ ပြော လို့ ရ
ပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်

မြေယာပိုင်တာအသက်အန္တရာယ်ရှိသည် (ဒု - သမ္မတ)

ဂိုဏ်းပေါင်းစုံသံဃာ အစည်းအဝေး


၇န်ကုန်မြို့ ကမ္ဘာအေးကုန်းမြေမဟာပါသာဏလှိုင်ဂူတော်တွင်
ဂိုဏ်းပေါင်းစုံသံဃာ အစည်းအဝေးကို မေလ၁၂၇က်နေ့တွင်
ကျင်းပ။၎င်းအစည်းအဝေးကို ဂိုဏ်း ၉ ဂိုဏ်းမှ သံဃာတော်
၂၅၅၈ ပါးတက်ေ၇ာက်
Mizzima

ရွှေသံလွင် ကုမ္မဏီက သိန်းပေါင်း ၂ သောင်းကျော် ကုန်ကျခံ၍
 သံဃာညီလာခံ ကျင်းပပေးသည်ဟုလဲသတင်းများတွင်ပါရှိသည်။

ဒီနေ့ကာတွန်း

သန်း ၆၀ တောင်းဆိုရင် ပြင်ပေးမယ်။( ဦးအောင်မင်း )



၂၀၀၈ ဖွဲ့စည်းပုံက ကျွန်တော်တို့ ပိုင်တာမဟုတ်ဘူး။
 ဖွဲ့စည်းပုံကို ပိုင် တာ ပြည်သူ သန်း ၆၀ ကျော်က ပိုင်တာ။
 သန်း ၆၀ တောင်းဆိုရင် ပြင်ပေးမယ်။
တည်မြဲနေတဲ့ ဥပဒေ ဆိုတာ မရှိဘူး။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း
By Mizzima Daily 12- 05- 2014
=========================================
နာဂစ် ဖွဲ့စည်းပုံက ပြည်သူနဲ့ဆိုင်လဲမဆိုင်ဖူး၊ပိုင်လဲမပိုင်ဖူး၊
သူတို့ဖါသာတသိန်းကျော်သေကြေပျက်ဆီးတာတောင်ရက်
မရွှေ့နိုင်ပဲအတင်းလုပ်ယူခဲ့တာ။
တရားမ၀င်တဲ့၂၀၀၈ ဖွဲ့စည်းပုံကိုအခုမှသန်း ၆၀ တောင်းဆိုရင်
 ပြင်ပေးမယ် တို့ဘာတို့ နဲ့ရောမချနဲ့၊
နာဂစ်သွေးတွေနဲ့တခါထဲမျောလိုက်ရမှာ.....

ဖေါက်ကနေလောက်အဆင့်တက်လာပြီ၊


တရားဥပဒေစိုးမိုးရေး၊လူဝင်မှုကြီးကြပ်ရေး၊နယ်မြေလုံခြုံရေးနဲ့ဆိုင်တယ်။
ထိမ်းမြားခြင်းဆိုင်ရာဥပဒေကိုကန့်ကွက်တာနဲ့ကြေငြာချက်ပါအကြောင်း
ပြချက်လွဲနေတယ်။ဖေါက်ကနေလောက်အဆင့်တက်လာပြီ၊
လောက်ဆိုလဲလောက်၊ဖေါက်ဆိုလဲဖေါက်ပေါ့ ကွယ်၊
မဘသ သားတွေနဲ့တော့ရောမယိမ်းပါရစေနဲ့၊
အနောက်ကလက်မဲကြီးကအချိန်တန်ရင်နင်တို့ကိုမြောင်းထဲမှာ
ထားရစ်မှာ......

မေလ ၁၁ ရက်နေ့ထုတ် မက်ဆင်ဂျာ သတင်းဂျာနယ် အရှင်ဣန္ဒာစက္ကာ ဘိဝံသ တွေ့ဆုံမေးမြန်းခန်းမှာတော့ ဆရာတော်က “ သူတို့က ဘာကို တောင်းဆိုနေ သလဲ ဆိုတာ မသိရသေးဘူး၊ သတင်းစာမှာ ပါလို့ ဒီလို ကန့်ကွက်တယ်ဆိုတာ သိရတာ” ဆိုပြီး ဖြေထားပါတယ်။ တကယ့် ကြေငြာချက် အကြံပြု တင်ပြချက် (၁၁) ချက်ကို မတွေ့ရသေးပဲနဲ့ အလွန်ပြင်းထန်လှတဲ့ “အမျိုးသား သစ္စာဖေါက်” ဆိုတဲ့ စကားလုံးသုံးပြီး ကြေငြာချက် ထုတ်လိုက်တာပါ။ အရပ်ဘက် အဖွဲ့အစည်းတွေက ဘာတွေ အကြံပြုသလဲ၊ ဆရာတော် နှစ်ပါး ကြေငြာချက် ထုတ်လိုက်တော့ ဘယ်လို အဓိပ္ပါယ် သက်ရောက်သွားစေသလဲ၊ နောက်ဆက်တွဲ ဘာဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ......

. ဒေါသရှေ့ထား မှားတော်မူပါ့မယ် ဘုရား
စည်သူအောင်မြင့်
မဇ္ဇျိမ သတင်းစာ၊ ၁၂-၅-၁၄။ စာ- ၉။

ခြေဥ၊ ပုဒ်မ(၄၃၆)ပြင်ဆင်ရေးအတွက် ပြည်သူလူထုဆန္ဒထုတ်ဖော်ပွဲနှင့် လက်မှတ်ရေးထိုးပွဲ