Thursday, May 15, 2014

တောင်ကိုရီးယား (၁၂-၀) မြန်မာ

၂၀၁၄ အာရှ အမျိုးသမီးဖလား

အစားအသောက်နိုင်ငံတိုးတက်မှုနဲ့ပံ့ပိုးမှုတို့...ဘာတို့

ရဲအင်အားအများအပြားဖြင့် ဆရာတော်ဦးဝါယမကျောင်းတိုက်ကိုဝိုင်းထား


 သဲကုန်းမြို့နယ်၊ အောင်ကုန်းကျေးရွာတွင် မတရားသိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိရေးအတွက် သပိတ်စခန်းဖွင့်တောင်းဆိုနေသော လယ်သမားများနှင့် လယ်သမားများကို ဝန်ရံ၍ အကူအညီပေးနေသော ကျောင်းသားများသည်ယနေ့ နေ့လယ်တွင် မိုးကောင်းဘုရား၌ သပိတ်စခန်းကိုဖြိုးခွဲခဲ့ရခြင်းနှင့်ပတ်သတ်၍ ကိုပေါက်စပြန်လည်လွတ်မြောက်ရေး၊ မတရားဖြိုခွဲခံရမှုကို အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲပြုလုပ်ခဲ့သည်။

ယင်းသို့ဆုတောင်းနေစဉ် ခရိုနီလက်ကိုင်တုတ်ရဲများ သည် ယနေ့ နေ့လယ်၁၁နာရီ၌ အင်အားသုံး
အကြမ်းဖက်ဖြိုခွဲ ဖမ်းဆီးခဲ့ကြောင်း။ လယ်သမားခေါင်းဆောင်တစ်ဦးနှင့် လာရောက်အကူအညီပေးနေသည့် တောင်ငူတက္ကသိုလ်မှ ကျောင်းသားဖြစ်သူ ဗကသ ကျောင်းသားကိုကောင်းထက်ကျော် မှာဦးခေါင်းရိုက်ခွဲခံရကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း။ ထို့နောက် ရွာသားများမှ ပြန်လည်လုယူရာ တွင်ကိုကောင်းထက်ကျော်ကို ပြန်လည်ရရှိကြောင်းသိရပါသည်။

ယခုအခါတွင်ဘုန်းကြီးကျောင်းတွင် ခေါ်ဆောင်ထားပြီး ဆရာတော်ဦးဝါယမ သည် ရဲဆီမှသော့တောင်းကာ လက်ထိပ်ကို ဖွင့်ပေးခဲ့ပြီး ဆရာတော်၏ကျောင်း၌ခေတ္တနေထိုင်ခွင့်ပေးခဲ့သည်။ ယခုလက်ရှိတွင် ယင်းဘုန်းကြီးကျောင်း ထဲသို ဝင်ရောက်မပြုသော်လည်း ရဲအင်အားအများအပြားဖြင့် ဆရာတော်ဦးဝါယမကျောင်းတိုက်ကိုဝိုင်းထားကြောင်းသိရှိရသည်။

ကိုကောင်းထက်ကျော်မှာ ခေါင်းတွင်နံပါတ်တုတ်ရိုက်ချက်ကြောင့်ပေါက်ပြဲဒါဏ်ရာရရှိထားကြောင်းသိရသည်။

ပုံ- လယ်သမားအရေးအကူအညီပေးနေသူ ဗ.က.သ ကျောင်သားခေါင်းဆောင်(တောင်ငူခရိုင်) ကိုကောင်းထက်ကျော်

ဖြိုးဓနချစ်လင်းသိုက်
တောင်ငူတက္ကသိုလ် ဗ.က သ

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှု


 BBC Burmese
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ပြည်ပနိုင်ငံပိုင် စက်ရုံတွေ မီးရှို့ခံခဲ့ကြရပြီး ပျက်စီးသွားခဲ့ကြပါတယ်။

တောင်တရုတ် ပင်လယ်ပြင်အတွင်း တရုတ်နဲ့ ဗီယက်နမ်ကြား ပိုင်နက် အငြင်းပွားရာ နေရာမှာ တရုတ်ဘက်က ရေနံတူးစင် ချထားမှုကို ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရတဲ့ စက်ရုံတချို့က ထိုင်ဝမ်ပိုင် စက်ရုံတွေ ဖြစ်ကြပြီး တရုတ်ပိုင်အဖြစ် မှားယွင်း တိုက်ခိုက် ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဆန္ဒပြ တိုက်ခိုက်မှုတွေက နိုင်ငံရဲ့ တခြား နေရာတွေကိုပါ ပြန့်နှံ့သွား ခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်း အတော်များများကို ပိတ်ထားခဲ့ကြပါတယ်။

ဗီယက်နမ် အာဏာပိုင်တွေက လူတွေ ရာနဲ့ချီ ဖမ်းဆီးခဲ့ပါတယ်။

တရုတ်ဘက်ကလည်း ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ ဗီယက်နမ်ကို တိုက်တွန်းခဲ့ပါတယ်။

 မီးရှို့ခံရတဲ့ ဘင်ဒေါင်းမြို့က စက်ရုံတစ်ရုံ။

ရာဇာမင်းမှန်လုံယာဉ်တိမ်းမှောက်မှုတွင် ယာဉ်မောင်းများမှာ ကျွမ်းကျင်သူများဖြစ်သည်ဟုဆို




ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၉၇/၆) အနီး ဝက်လက် ရထားခုံးကျော်တံတားတွင် ယမန်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ရာဇာမင်း မှန်လုံယာဉ်တိမ်းမှောက်မှု၌ ယာဉ်မောင်းဖြစ်သူသည် (င)လိုင်စင်ရ ပြီးသည့် ကျွမ်းကျင်ယာဉ်မောင်းတစ်ဦး ဖြစ်ကြောင်း၊ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အခင်းဖြစ်ပွားခဲ့သည့် မော်တော် ယာဉ်သည် ဘောဂသီရိကားဝင်းမှ ညနေ ၅ နာရီတွင် ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပြီး မြို့မဈေးကားဂိတ်မှ တစ်ဖန် ညနေ ၆ နာရီတွင် ဆက်လက်ထွက်ခွာ သွားခဲ့ခြင်းဖြစ်ကြောင်း၊ မော်တော် ယာဉ်တွင် ခရီးစဉ်အတွက် ယာဉ် မောင်းနှစ်ဦးပါရှိရာ နှစ်ဦးစလုံးသည် အသက် ၁၈ နှစ် အရွယ်ကပင် ယာဉ်မောင်းလိုင်စင်ရရှိပြီးသူများဖြစ် သည့်အတွက် လက်ရှိတွင် (င) လိုင်စင်ရ ယာဉ်မောင်းကြီးများဖြစ်ကြ ကြောင်း မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (အဝေးပြေး) ဥက္ကဋ္ဌဦးဝင်းဆွေက မြန်မာ့အလင်းသို့ ပြောကြားသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားချိန်တွင် ခရီးစဉ်အစဖြစ်သည့် အတွက် အကူယာဉ်မောင်းက ဝင် ရောက်မောင်းနှင်ခြင်းကြောင့် ယာဉ် တိမ်းမှောက်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ဝေဖန်သုံးသပ် ပြောကြားမှုများနှင့် ပတ်သက်၍ ဦးဝင်းဆွေက ယင်းကဲ့သို့ ရှင်းလင်းပြောကြားခြင်းဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်တွင် ပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိ၍ နေပြည်တော်ခုတင် ၁ဝဝဝ ဆေးရုံ တွင် ကုသမှုခံယူနေရသည့် ခရီးသည် တစ်ဦးဖြစ်သူ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (နေပြည် တော်)မှ အကြီးတန်းစာရေး ဒေါ်သင်း သင်းနွယ်က ၄င်းကြုံတွေ့ခဲ့ရသည့် ယာဉ်တိမ်းမှောက်မှုဖြစ်ရပ်နှင့် ပတ် သက်၍ ''နေပြည်တော် toll gate ကနေ ထွက်လာပြီး သိပ်မကြာခင်မှာ ဖြစ်တာ၊ ကားက အရှိန်သိပ်မမြန်ဘူး၊ မိုးနည်းနည်းရွာနေတယ်၊ လေတွေ လည်း တိုက်နေတယ်၊ မြူတွေဆိုင်း နေပြီး
မြင်ကွင်းသိပ်မကောင်းဘူး၊ ''ဒုံး'' ဆိုပြီး တစ်ခုခုကို စတင်တိုက်လိုက်တဲ့ အသံကြားရတယ်။

ပြီးတော့ ကား ကစလစ်ဖြစ်သလို ရမ်းခါသွားတယ်။ ယာဉ်မောင်းလည်း လိုက်ထိန်းတယ်နဲ့ တူပါတယ်။ နောက်တော့ တံတား အောက်ကိုကျသွားပြီး တစ်ကားလုံး ဆူညံသွားတယ်၊ ကျွန်မသတိရတော့ ကူညီနေတဲ့လူတွေကို တွေ့ရပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ပေး ကြပါတယ်''ဟု ပြောကြားသည်။

အပတ်စဉ် နေပြည်တော်သို့ အလုပ်ကိစ္စနှင့် အမြန်လမ်းကို အသုံး ပြုသွားလာနေရကြောင်း ပြောကြား သည့် ရန်ကုန်မြို့ တာမွေမြို့နယ်နေ အမျိုးသမီးကြီးတစ်ဦးက ''အန်တီက ကားစထွက်ကတည်းက ဘုရားစာတွေ ရွတ်ဆိုနေခဲ့တာ၊ တိုးလ်ဂိတ်က ထွက်လာပြီးမကြာဘူး အခုလိုအဖြစ် ဆိုးကြီးကြုံရတာပဲ၊ ဖြစ်သွားတာက အလွန်မြန်ပါတယ်၊

ကားကအပေါ်က ပြုတ်ကျတဲ့အရှိန်နဲ့ ကိုယ်ထည်ပွင့် ထွက်သွားပြီး ထွက်ပေါက်လိုဖြစ် သွားတာ၊ အန်တီက ခေါင်းပဲနည်းနည်း ထိသွားလို့ ကံကောင်းပါတယ်'' ဟု ဆိုသည်။

ယာဉ်မောင်းကို ဆေးရုံတွင် ကုသနေရဆဲဖြစ်ပြီး အခင်းဖြစ်ပွား ချိန်က မော်တော်ယာဉ်ကို တစ်နာရီ လျှင် ၆ဝ ကီလိုမီတာနှုန်းဖြင့်သာ မောင်းနေခြင်းဖြစ်ကြောင်း၊ တိမ်း မှောက်မှုဖြစ်ပွားသည့်ယာဉ်မှာ YU-TONG အမျိုးအစား ယာဉ်အသစ် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


Andrew Myo Aung
ရာဇာမင်းကား ချောက်ထဲကျတဲ့ အဖြစ်
***************************

... ကိုင်းကောင်းကြသေးရဲ့လားအရပ်ကတို့ရေ

..အခြေအနေတော်တော်ဆိုးနေပြီ .......

ရာဇာမင်းကား ချောက်ထဲကျတဲ့ အဖြစ်မှန်ကို ဘယ်သူကိုမှ မပြောဖို့ ယာဉ်မောင်းကို ခြိမ်းခြောက်ထား ၊

နိုင်ငံတကာအကူအညီနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ ၅ ဖွဲ့လောက်ဖွဲ့ပြီး ရာဇာမင်းကားမှောက်မှုကို စုံစမ်းစစ်ဆေးသင့်

(နေပြည်တော်သတင်းရပ်ဝန်း)

၁၊ သဲကြီးမဲကြီး မိုးရွာသွန်းနေချိန်မဟုတ် ၊ မိုးစပ်စပ်ရွာထားသည် ၊

၂၊ အနောက်ဖက်မှ လေပြင်းများ အရှေ့ဘက်သို့ တိုက်နေသည် ၊

၃၊ တံတားမရောက်ခင် တစ်မိုင်လောက်အလို လမ်းညာဖက်တွင် ဘက်ဟိုးများ ဘူဒိုဇာများဖြင့် မြေပြင်ခြင်းလုပ်ငန်းများ လုပ်နေသည် ၊

၎၊ မြေကြီးများ အပြည့်ဖြင့် မြေသယ်ကားများက တံတား၏ ဟိုဘက် ဒီဘက်သို့ သွားလာနေကြသည် ၊

၅၊ လမ်းပေါ်တွင် မြေသယ်ကားများ၏ ဘီးများမှကပ်ကျန်ခဲ့သော မြေကြီးများ ၊ မြေသယ်ကားများပေါ်မှ ပြုတ်ကျနေသော မြေကြီးများ များစွာရှိနေသည်၊

၆၊ လမ်း၏ ညာဘက်ယာဉ်ကြောတစ်ခုလုံးသည် မြေကြီးများ များစွာပေကျံနေသည် ၊

၇၊ ခပ်စပ်စပ်ရွာထားသော မိုးကြောင့် ၊ လမ်းပေါ်တွင်ပေကျံနေသော မြေကြီးများကြောင့် လမ်းချော်နေဖွယ်ရှိသည် ၊

၈၊ ဘူဒိုဇာများ ဘက်ဟိုးများ မြေသယ်ယဉ်များ အလုပ်လုပ်နေသောလည်း သတိပေးဆိုင်းဘုတ် ထားရှိခြင်းမတွေ့ရပေ ၊

၉၊ တံတားသို့ ချဉ်းကပ်ရာအမြန်လမ်းပေါ်တွင် ရှေ့အကွာအဝေးဘ်ာလောက်တွင် တံတားရှိသည် ဟူသော မြင်သာထင်သာသော သတိပေးဆိုင်းဘုတ်မျိုးမတွေ့ရ ၊

၁၀၊ ရာဇာမင်းကားမှာ ဦးခေါင်းပိုင်းဖြင့် တံတားအောက်သို့ ကျသွားချင်းမဟုတ်ပဲ ၊ နောက်ပိုင်းဖြင့် ကျသွားခြင်းသာဖြစ် ၊

၁၁၊ ရာဇာမင်းကားက ရှေ့မှကားကို ကျော်တက်ရာတွင် စလစ်ဖြစ်သွားပုံရသည် ၊

၁၂၊ ရှေ့မှကား ဟုဆိုရာတွင် အဆိုပါ လုပ်ငန်းခွင်မှ မြေသယ်ယာဉ် တစ်စီးစီးဖြစ်နိုင်သည် ၊

၁၃၊ မြေသယ်ယာဉ်အများစုမှ နောက်မီးများ မပါကြ ၊

၁၄၊ အမြန်လမ်းပေါ် လမ်းပြုပြင်မှုများ ပြုလုပ်ရာတွင် ကြိုတင်သတိပေးဆိုင်းဘုတ်များ အသုံးပြုမှု မတွေ့ရ ၊

၁၅၊ ကားစပါယ်ယာ ၊ ကားဒရိုင်ဘာနှင့် သတင်းထောက်များ ချက်ခြင်းတိုက်ရိုက်တွေ့ဆုံမေးမြန်းခွင့်မရ ၊

၁၆၊ အခင်းဖြစ်ပြီးမကြာခင် လမ်းပေါ်တွင် ပေကျံနေသော မြေကြီးများကို လူအင်အားဖြင့် သန့်ရှင်းရေးအမြန်လုပ်နေကြ ၊

၁၇၊ သေဆုံးသော ခရီးသည် ၊ ဒဏ်ရာရသောခရီးသည်များ၏ ထိုင်ခုံဘယ်မှာထိုင်ခဲ့သည် ဆိုသော ပုံကြမ်းရလျှင် ဘယ်လိုဘယ်နည်းဖြင့် ကားချောက်ထဲကျသွားသည်ဆိုတာကို အစဖော်နိုင်သည် ၊

၁၈၊ အမြန်လမ်း အဆင့်မီ မမီဆိုတာကို ထိုင်း မလေး စင်္ကာပူ ဂျပန် ယူရုပ် ယူအက်အေ ချိုင်းနား သို့ သွားရောက်ခဲ့ဘူးသူများ ကို နိုင်းယှဉ်မေးမြန်းသင့် ၊

၁၉၊ သတင်းထုတ်ပြန်ပုံ နျင့် မြေပြင်တွင် ဆောင်ရါက်ပုံများကို ကြည့်လျှင် သင်ဆိုင်ရာမှ တစ်ခုခုကို အလွန်အမင်း ဖုံးကွယ်ထားချင်နေပုံရသည် ၊

၂၀၊ နိုင်ငံတကာအကူအညီနဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့များ တစ်ဖွဲ့ထက် ငါးဖွဲ့လောက်ဖွဲ့ပြီး ရာဇာမင်းကားမှောက်မှုကို စုံစမ်းစစ်ဆေးသင့် ၊

၂၁၊ အရင်က အမြန်လမ်းတလျှောက်တံတားတွေမှာ ဆိုလာမီးတိုင်တွေရှိတယ် ၊ အခု အဲဒီ တံတားမှာ ဆိုလာမီးတိုင်တွေကို ပြန်ဖြုတ်ထားပုံရတယ် ၊

နောက်ဆုံးရရှိသော သတင်းများအရ အဖြစ်မှန်ကို မပြောဖို့ ယာဉ်မောင်းအား ခြိမ်းခြောက်ထားဟု သိရ

အောက်ပါနေရာများကို ဂူဂယ်မတ်မှာ ရိုက်ပြီးရှာကြည့်နိုင်ကြပါသည် (လူအချင်းချင်း လှည့်ဖျားခြင်း ကင်းရှင်းကြပါစေ)

ချောက်ထဲသို့ ကားကျသွားသောနေရာ 19.613858, 96.076178

တံတားချဉ်းကပ်လမ်း အဆုံးနေရာ 19.614315, 96.075951
ဘက်ဟိုးများ ဘူဒိုဇာများ လုပ်နေသောနေရာ 19.616525, 96.074617

နေပြည်တော် တိုးဂိတ်နေရာ 19.616525, 96.074617

နေပြည်တော် သတင်းရပ်ဝန်းသို့ ပေးပို့လာသော သတင်းများကို စုစည်းဖော်ပြထားခြင်းဖြစ်သည် ၊

သတင်းများ ပေးပို့လာသော မိတ်ဆွေများကို အထူးကျေးဇူးတင်ရှိပါသည် ၊
(နေပြည်တော် သတင်းရပ်ဝန်း)

Nga Thant

ဒီနေ့ကာတွန်း

ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး ပိတ်သိမ်းခံရ


ရာဇာမင်း ခရီးသည်ပို့ဆောင်ရေးယာဉ်အား မဆင်မခြင် မောင်းနှင်ခြင်းနှင့် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ခရီးသည်များ လုံခြုံစွာ သယ်ယူပို့ဆောင်ရေးမှာ စနစ်တကျ ကြီးကြပ်ရန် အားနည်းခဲ့ခြင်းကြောင့် ရာဇာမင်း ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်အသင်းရဲ့ ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်ပြေးဆွဲခွင့်အား နေပြည်တော် ကုန်းလမ်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးအဖွဲ့မှ ၂၀၁၄ ခုနှစ် မေလ (၁၅) ရက်နေ့မှ စတင်ပြီး ပိတ်သိမ်းလိုက်ကြောင်း သိရှိရပါသည်။

(( MRTV ))

အဟာရပြတ်၍လဲကျနေသောအဖိုးအို



Khaing Min
ယနေ့( ၁၅.၊၅၊၂၀၁၄)ညနေ ၄း၀၀နာရီအချိန်တွင်သင်္ဃန်းကျွန်းမြို့နယ် ဇ/တောင်ရပ်ကွက် လေးထောင့်ကန်လမ်းမဘေးတွင်အဟာရပြတ်၍လဲကျနေသော
အသက်၆၅နှစ်ခန့်အခြေအနေမဲ့အဖိုးအိုတဦးကိုရပ်ကွက်နေလူထုမှတွေ့ရှိပြီးသင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးသို့အကြောင်းကြားအကူအညီတောင်းခံခဲ့ပါသည်။
သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့မှ သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)သို့ဖုန်းဆက်အကူအညီတောင်းခဲ့ရာညနေ ၄း၁၅နာရီအချိန်တွင် သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)မှလူနာတင်ကားစေလွှတ်ပေးခဲ့ပါသည်။
ထို့နောက်လူနာအဖိုးအိုကို သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)အကူအညီဖြင့်ဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။
သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်)ကိုအထူးကျေးဇူးတင်ပါတယ်ပါခင်ဗျား။

သွေးမေတ္တာ ပရဟိတအသင်း (ရန်ကုန်) နှင့်ဆက်သွယ်နိုင်ရန်ဖုန်းနံပါတ်များ
၀၉ ၇၃၀၀၆၁၃၁
၀၉ ၅၁၅၇၀၇၉
၀၉ ၃၁၃၄၁၂၇၁

အမြန်လမ်း ၇၆မိုင်တွင် Land Rover ကား တိမ်းမှောက်


April Maung Maung

၁၄-၅-၂၀၁၄ ရက်နေ့ ၁၃း၄၅ နာရီခန့်က ရန်ကုန် နေပြည်တော် လမ်း ၇၆ မိုင် အများသုံး သန့်စင်ခန်း အနီး တံတားပေါ်မှာ ရှေ့ဘီးကျွတ်ထွက်ပြီး တွေ့ခဲ့ရတဲ့ မော်ဒယ်မြင့် Land Rover ကားပါ



Kyaw Thu Aung
အမြန်လမ်းအကြောင်းရေးမှပင်ဖြစ်ချေလိမ့်တော့မည် အဘယ်ကြောင့်ဆိုသော် အစိုးကလည်းတာဝန်ယူမှုမရှိ အစိုးရလော်ဘီများကလည်း လမ်းအပြစ်ထက် လူအပြစ်ကပိုသယောင် ပြောပြောနေကြသောကြောင့် မရေးမဖြစ်ရေးရပေတော့မည်
တကယ်တမ်းတော့ အမြန်လမ်းစီမံကိန်းကြီးသည် စစ်အစိုးရ၏ အကြောက်တရားကြောင့် ပေါ်ထွက်လာသော နေပြည်တော်ကြီးနှင့် ဖွားဖက်တော်ဖြစ်ပါလေ၏ ပဲခူးရိုးမတစ်ကြောပေါ်တွင်ဖောက်လုပ်ထားသောအမြန်လမ်းစီမံကိန်းကြီးကို ၂၀၀၁ ခုနှစ်ဝန်းကျင်မှစတင်အကောင်အထည်ဖေါ်ခဲ့ရာတွင် GE တပ်နံပါတ်ပေါင်းစုံ ဝိုင်းဝန်းခိုးယူအကောင်အထည်ဖေါ်ခဲ့ကြလေသည်
အမြန်လမ်းမကြီးတလျောက်ရှိ အပြောင်ရှင်းသစ်ကွက်များကို နာမည်ကြီးခရိုနီကြီးမှပင် လက်ဝါးကြီးအုပ်နိုင်ခဲ့လေသည် ထို့နောက် အစားထိုးသစ်တောများကိုလည်း ရှေးမဆွခင်ကတည်းက ကုမ္မဏီပိုင်အဖြစ်မြေများသိမ်းယူစိုက်ပျိုးခဲ့ရာ ပျော်ဘွယ် - နတ်မောက် - မကွေး လမ်းပိုင်းကိုသာ အမြန်လမ်းမကြီးပေါ်မှ ဆင်း၍သွားကြည့်လိုက်ပါလေ

အမြန်လမ်းပြန်ဆက်ပါမည်
အမြန်လမ်းဖောက်လုပ်သူများသည် ထောက်ပို့တပ်မှစစ်သားများဖြစ်ရကား ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်္ဂျင်နီယာများလောက် လမ်းအကြောင်းနားမလည်ချေ သို့သော်လည်း အရပ်သားဝင်လာလျင် မိမိတို့ဂွင်ပျက်မှာကြောက်သော ဇတ်တူသားစား ထောက်ပို့စစ်သားများသည် အကြောင်းမျိုးစုံပြ၍ ပုတ်ထုတ်ခဲ့ကြလေသည် သို့သော်ကြံ့ဖွံ့ကို Backup ပေးထားသောကုမ္ပဏီအချို့ကိုမူ ငြင်း၍မရခဲ့ချေ ထားတော့ ခိုးခြင်းအကြောင်းဖော်နေခြင်းမဟုတ်သည့်အတွက် အမြန်လမ်းအကြောင်းပြန်ဆက်ပါမည်
လမ်းဆိုသည်မှာ အရှိန်ဖြင့်မောင်းနှင်နေသော ကားများမောင်နှင်နေသောအရာဖြစ်၏ ထို့ကြောင့် အနည်းဆုံးတော့ လမ်းဖောက်လုပ်သောသူသည် ဗဟိုခွာအား ဗဟိုခွာအား အကြောင်းနားလည်ထားသင့်ပေသည် ကလေးတွေပင် ရူပဗေဒ၌ ဗဟိုခွာအားအကြောင်းသင်ရ၏ ကားကြီးသမားတွေသုံးသောစကားအတိုင်း ပြောရမည်ဆိုလျင် လမ်းကဆွဲချသွားသည် ဟူသတတ် ထို့ကြောင့် လမ်းဖောက်လုပ်သောသူများသည် ဗဟိုခွာအားကို ဖြည်ပစ်နိုင်ရန်အလို့ငှာ ညာဖက်ကိုအကွေ့ဖောက်ရမည်ဆိုလျင် ဘယ်ဖက်လမ်းပုခုံးကို မြင့်ပေးထားရ၏ မျက်လုံးထဲမြင်အောင်ပြောရလျင် ညာဖက်ကွေ့လျင်လမ်းသည် ဘယ်မြင့်ညာနိမ့် ဖြစ်နေရမည်ဖြစ်ပြီး ဘယ်ဖက်ကွေ့လျင် လမ်းသည် ဘယ်နိမ့်ညာမြင့် ဖြစ်နေရမည်ဖြစ်ပေသည် ယုခုမူ ခိုးဖို့သာတတ်သော ထောက်ပို့သူခိုးများကို ဝကွက်အပ်ထားသော အမြန်လမ်းမကြီးတွင် ပြပါ အဘယ်နေရာတွင် ဗဟိုခွာအားကို ဖြည်ထားသောနေရာရှိသနည်း
နောက်တစ်ချက်ပြောနေကြသေးသည် ကိုယ့်တာယာကို ကိုယ်သေချမစစ်ဆေးကြလို့ ဒါဆိုရင်တော့ နိုင်ငံခြားမှာဆို တာယာကုမ္ပဏီများနှင့် အမြန်လမ်းကန်ထရိုက်တို့ အကြီးအကျယ် တရားရင်ဆိုင်နေကြတော့မည်ဖြစ်လေသည် ကားထုတ်လုပ်ရေးကုမ္ပဏီများ အာမခံကုမ္ပဏီများပါ အဆစ်ပါကြအုံးမည်ထင်
ကားထုတ်လုပ်သောကုမ္ပဏီများသည် ကားကြီးများဆို ဝန်တင်ခံနိုင်ရည်အလိုက် ၆ ဘီး ၁၂ ဘီး အစရှိသဖြင့် တွက်ချက်၍ထုတ်လုပ်ကာ တပ်ဆင်ရမည့် ဘီးအမျိုးအစားများဆိုဒ်များကို တံခါးဘောင်တွင်တစ်ခါတည်း စတေကာကပ်ပေးလိုက်လေ့ရှိလေသည် တာယာကုမ္ပဏီများကလည်း မည်မျှအလွှာထပ်ထားသော ပလိုင်းထပ်ခေါ်ကြသည် တာယာဆိုလျင်ဝန်တင်အားဘယ်လောက်နှင့်သက်တမ်းဘယ်လောက် ရေးပေးလိုက်လေ့ရှိ၏ တာယာတွင် ဗမာအခေါ် ပန်း ဟုခေါ်သော grip များပါရှိပါသည် ထို grip များ ပန်းများကုန်စင်အောင်မောင်းနှင်လျင်တောင် ကတ္တရာလမ်းဆိုလျင် လဲလှယ်စရာမလိုပဲ အသုံးပြုနိုင်ကြပါသည် အကယ်၍ တာယာကတုံးဖြစ်လျင်တောင် ယခင်လမ်းဟောင်း ကတ္တရာလမ်းခေတ်က တာယာများကို ကွန်ပေါင်းပြန်ပေါင်း၍ အသုံးပြုခဲ့ကြပါသည် မငြင်းစေလိုပါ
ကျွန်တော်တို့မန္တလေးရှိ တံခွန်တိုင်စစ်တပ်သည် ယခင်က တပ်မတော်ကားတာယာကွန်ပေါင်းစက်ရုံဖြစ်ပါ၏ တာယာဟူသည် ရော်ဘာဖြစ်သောကြောင့် ပွတ်အား friction ကိုအလွန်ကြောက်လေသည် အမြန်လမ်းမကြီးသည် ကမ္ဘာပေါ်ရှိ ဟိုင်းဝေးလမ်းမကြီးများနှင့်မတူ တစ်မူကွဲပြားစွာ ကွန်ကရစ်များဖြင့် တည်ဆောက်ထားရကား တာယာများကို ကျားလျှာနှင့် စားသကဲ့သို့ ပါးလျပ်အောင်စားပြစ်မည်ဖြစ်ပေသည် ပွတ်အားသည် တာယာကိုကျားလျာနှင့်စားရုံမကပဲ တာယာအပူရှိန်ကိုတက်စေကာ လေပေါင်အလိုလျောက်မြင့်တက်စေသော အန္တရာယ်ကိုပါ ဖိတ်ခေါ်လာလေသည်
ရေးရမယ်ဆိုလျင် မကုန်နိုင်သေးချေ ဤမျှလောက်ဆိုလျင်ပင် အစိုးရလော်ဘီများအဖို့ ဖင်ပိတ်မငြင်းသင့်တော့ဟုယူဆသဖြင့် ခဏနားကာ ရေးချိုးလိုက်ပါအုံးမည်ခင်ဗျား
ကျော်သူအောင်

နယ်လှည့် လိမ်နေတဲ့ တရုတ်လူမျိုးး

Saw Tu Tu James
 တောင်ငူ နဲ့ ပြင်ဦးလွင် မှာ လိမ်ခဲ့တဲ့ ပုံတွေ


အခု တောင်ငူမှာလို့ သိရပါတယ်။ပြီးခဲ့တဲ့ တပတ်လောက်က မေမြို့မှာပါ
  i7 SONY အတုများလိုက်ရောင်းနေပါတယ်