Friday, May 16, 2014

“ကျွန်တော်က ဂွန်ဒေါင်းမောင်းတယ်။ ဘုရားပင့်ဆိုပြီး ခေါ်လို့လိုက်လာတာ။


Eleven Media Group

အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်စေဖို့ ၅၉ (စ) ထောက်ခံစို့ အပါအ၀င် အချက် (၄) ချက် တောင်းဆိုကာ ဇလွန်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်ဆန္ဒပြ

အမျိုး၊ ဘာသာ၊ သာသနာတိုးတက်စေဖို့ ၅၉(စ) ထောက်ခံစို့ အပါအဝင် အချက်လေးချက် တောင်းဆိုကာ မေ ၁၅ ရက်က ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင် ဆန္ဒပြခဲ့သည်။

ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့မှ နံနက် ၈ နာရီခွဲတွင် စတင်ကာ ဗိုလ်ချုပ်လမ်းအတိုင်း လူဦးရေ ၅၅ဝဝကျော် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခဲ့ကြကာ ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီအရေး ၅၉(စ) ထောက်ခံရေး၊ အမျိုး၊ ဘာသာ၊ သာသနာ တိုးတက်စေဖို့ ၅၉ (စ)ထောက်ခံစို့၊ မြန်မာဒီမိုကရေစီ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်စို့ စသည့်ခွင့်ပြုမိန့် ရရှိထားသော အချက်သုံးချက်အပြင် ခွင့်ပြုမိန့်တွင် မပါရှိသော အမျိုးမစစ်ရင် အမျိုးမချစ်ဘူး၊ အမျိုးစစ်မှ အမျိုးချစ်မည်၊ အမျိုးဖျက်သူ အလိုမရှိ ရေးသားထားသော လက်ကိုင်ဆိုင်းဘုတ်များကိုပါ ကိုင်ဆောင်ကာ ဇလွန်ပြည်တော်ပြန်ဘုရားကြီးရှေ့အထိ ဆန္ဒပြခဲ့ကြပြီး နံနက် ၉ နာရီခွဲတွင် အဆုံးသတ်ခဲ့သည်။

ခွင့်ပြုမိန့်တွင် မပါဝင်သော အချက်ပါဝင်ကာ ဆန္ဒပြမှုအပေါ် အရေးယူရန် ရှိ၊ မရှိ ဇလွန်မြို့နယ်ရဲတပ်ဖွဲ့မှူးထံ မေးမြန်းခဲ့ရာ “ဆန္ဒပြပွဲ အေးအေးချမ်းချမ်းနဲ့ ပြီးနိုင်ဖို့အတွက်ကိုပဲ အဓိကထားပြီး လုံခြုံရေးဆောင်ရွက်ပေး ခဲ့ပါတယ်”ဟုသာ ဖြေကြားခဲ့သည်။

“ကျွန်တော်က ဂွန်ဒေါင်းမောင်းတယ်။ ဘုရားပင့်ဆိုပြီး ခေါ်လို့လိုက်လာတာ။ စိန်ဝိုင်းရွာရောက်တော့ ပြည်ခိုင်ဖြိုးရပ်ကျေး စည်းရုံးရေးမှူးဦးဝင်းမြင့်က ဘာအကြောင်းလဲတော့ မပြောဘဲ ပါလာတဲ့ဂွန် ဒေါင်းသုံးစီးက လူအားလုံးကို လက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်မထိုးချင်ပေမယ့် ဘာမှမဖြစ်ဘူးဆိုလို့ ထိုးလိုက်ရတယ်။ ကိုယ်ရေးအချက်အလက်တော့ မပေးခဲ့ဘူး။ ဒီရောက်တော့ သူတို့ဆန္ဒပြတဲ့အုပ်စုထဲ ခေါ်တော့ ကျွန်တော်က ဂွန်ဒေါင်းပျက်လို့ လိုက်မသွားဘူး။ ကျန်တဲ့ သူတွေ ကလေးကအစ ပါသွားတယ်။ ဒီမှာ ဆန္ဒပြမယ်ဆိုတာ မသိကြဘူး။ ပူဇော်ဖို့ ဘုရားပေးမယ်ဆိုလို့ အားလုံးက လိုက်လာကြတာ။ လူ ၆ဝ လောက်ရှိတယ်။ ဆန္ဒပြပွဲပြီးမှ ဘုရားကိုပေးတယ်။ လာတဲ့ ဂွန်ဒေါင်းတွေကို ဆီတစ်ဂါလန်၊ တစ်အုပ်စုကို ဝက်သားခုနစ်ပိဿာ ပေးတယ်”ဟု နှဲမှောက်တန်းအုပ်စုမှ ကိုအောင်မျိုးသန်းက ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးချို မြင့်ခိုင်က “ကြံ့ခိုင်ရေးပါတီနဲ့ ၇၁ အုပ်စုက ၅၉(စ)မပြင်ဆင်ရေး လိုလားတဲ့ ပြည်သူတွေ စုပေါင်းပြီး ခွင့်ပြုချက်အတိုင်း ဆန္ဒပြခဲ့ကြတာပါ။ လက်ကိုင်ဆိုင်းဘုတ်တွေကတော့ တူရာတူရာ ဝိုင်းပြီးဆောင်ရွက်ကြတယ်။ အများစုကတော့ ပါတီကပဲ လုပ်ပါတယ်။ ဒီပွဲက ၅၉(စ)မပြင်ဆင်ရေး ထောက်ခံခြင်း ဖြစ်သလို တိုင်းရင်းသားစစ်စစ် ၁၃၅ မျိုးရဲ့ သားစဉ်မြေးဆက် နိုင်ငံတော်ဦးဆောင်မှု အခန်းကဏ္ဍ မှာ ပါဝင်နိုင်ဖို့ကိုလည်း ရှေးရှုပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာကို အခြေခံပြီးပြတာ မဟုတ်ပါဘူး။ ဒီနေ့ဆန္ဒပြတာ အားပေးသူနဲ့ဆို ၅၅ဝဝ ကျော်ရှိပါတယ်။ ဆန္ဒပြတာကို အထောက်အကူပြုဖို့ မဟုတ်ပေမယ့် လူတွေ အလုပ်ချိန်ပိုရဖို့အတွက် ဘုရားလှူဒါန်းပွဲကို တစ်နေ့တည်းပဲ လုပ်ခဲ့တာပါ”ဟု ပြော ကြားသည်။

ကြံ့ခိုင်ရေးပါတီမှ ဆန္ဒပြမှုသည် ယခု အကြိမ်နှင့်ဆိုလျှင် ဧရာဝတီတိုင်းတွင်း ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုဖြစ်ပြီး ပထမအကြိမ်ဆန္ဒထုတ်ဖော်မှုကို လေးမျက်နှာမြို့နယ်တွင် ဧပြီ ၃ ရက်က ပြုလုပ်ခဲ့သည်။

(မေ ၁၅ ရက်က ဇလွန်တွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ဆန္ဒပြနေကြစဉ်)

သမ္မတကြီးပေးတဲ့ဆု



======================
မာဂျေ

“အစ်ကိုကြီး ပိုးပုဆိုးကြီးကို မီးပူတိုက်နေတာ ဘယ်မင်္ဂလာဆောင် သွားမလို့လဲဗျ”…..
ဆိုပြီး တပည့်မောင်ကြွက်နီ ရောက်ချလာပါတယ်။

“မင်းမို့လို့ ဒီလိုသိမ်သိမ်ဖျင်းဖျင်း တွေးတတ်ပလေကွာ၊ မင်္ဂလာဆောင်သွားမလို့
မဟုတ်ဘူး ကိုယ့်လူ၊ နေပြည်တော်မှာ သမ္မတကြီးပေးတဲ့ဆု သွားယူမလို့”

“အလို ကျားသားမိုးကြိုး၊ စာပေနဲ့ ပတ်သက်ရင် ရပ်ကွက်ကပေးတဲ့ ဆုတောင်မရဘူးပဲနဲ့၊ ဘယ်စာပေဟောပြောပွဲကိုမှ လိုက်ဟောဖို့ အဖိတ်မခံရဖူးပဲနဲ့ ခင်ဗျားကြီးကို သမ္မတကြီးက ဘာဆုတွေ ပေးမလို့တဲ့လဲ၊ ဒီလူနဲ့ဒီလူ ကြည့်လည်း ဖြန်းပါဗျာ”

“တကယ်ပါ မောင်ကြွက်နီရ၊ ငါယူမဲ့ဆုက သူများတွေလို နှာခေါင်းအရှုံ့ခံရမဲ့ ဆုလည်း
မဟုတ်ဘူး။ ဒီဆုကြောင့် သမ္မတကြီးလဲ ခရိုနီတွေကိုပဲ ဆုပေးနေတယ်ဆိုတဲ့ ပြစ်တင်သံ
တွေ လျှော့ကျ သွားစေနိုင်သေးတယ်”

“ကဲကဲ..မယုံတာကနောက်၊ လောလောဆယ် ခင်ဗျားကြီးကို ဘာဆုပေးမှာလဲ ပြောစမ်းပါဦး”

“ငါ့ကိုပေးမဲ့ဆုက ဒီနှစ်မှထွင်ပေးတာ၊ အစိုးရကို အဆဲဆုံး (အဲလေ) ပြတ်ပြတ်သားသား
ဝေဖန်ထောက်ပြတဲ့ဆု၊ တစ်နှစ်လုံး အစိုးရကို ဖားပြီး ရေးပေးနေတဲ့ ဂျာနယ်လစ် တစ်ယောက်ကတော့ ဒီလိုဆုသာ ပေးမှန်းသိရင် မြို့မေတ္တာခံယူပြီး အစိုးရဘက်ကနေ လိုက်မရေးပါဘူး၊ သူလဲ ဆဲတတ် (အဲလေ) ဝေဖန်တတ်ပါတယ်ဆိုပြီး ယူကျုံးမရ ဖြစ်နေသေးတယ်ကွ”

“ခင်ဗျားကြီးကတော့ နိုင်ကိုမနိုင်ဘူး၊ ဘာတဲ့ ခင်ဗျားရမဲ့ဆုက အစိုးရအဖွဲ့ကို ဝေဖန်
ထောက်ပြနိုင်ဆုံးဆု ဟုတ်လား၊ အဲဒါအစိုးရက မကောင်းတတ်လို့ အဲဒီ နာမည်
ပေးထားတာ နေမှာ၊ သူတို့ပေးချင်တဲ့ ဆုကသောက်မြင် အကပ်ဆုံး ဂျာနယ်လစ်ဆု
ဖြစ်လိမ့်မယ်၊ ဒါထက် နေစမ်းပါဦး သမ္မတ ဆုပေးတဲ့ အထဲမှာ ခင်ဗျားတို့က ဒီလူဟာ မကောင်းပါဘူး၊ အစိုးရပိုင် မြေတွေကို သူပိုင်လုပ်တယ်၊ အမြဲ မလိမ့်တစ်ပတ်လုပ်ပြီး ဥာဏ်နီဥာဏ်နက်တွေနဲ့ သူ့အိတ်ကို ဖောင်းအောင် ကြံနေတတ်တယ်ဆိုပြီး တွယ်ထားတဲ့ ခရိုနီတွေလည်း ဆုရတယ်ဆို”

“ငါလည်းကြားတာပဲ၊ ဘေးချင်းသာ ကပ်ထိုင်ရရင်တော့ မျက်နှာပူစရာကြီး၊ ဒါပေသိ
အဲဒီ အခါကျရင်လည်း မိတ်ဖွဲ့ပြီး ဂျာနယ်အတွက် သူတို့ဆီက ကြော်ငြာတွေ ဘာတွေ တောင်းလိုက်မှာပေါ့ကွာ၊ မင်းဆရာက မျက်နှာပြောင် တိုက်တတ်တဲ့ နေရာမှာ
နှစ်ယောက် မရှိပါဘူး” “ယုံပါတယ် ယုံပါတယ်၊ ယောက္ခမကို လက်သီးချင်း ယှဉ်ထိုး
မလား စိန်ခေါ်ပြီး ဟိုလူကြီးက သူ့အိမ်ပေါ်ကနေ ခင်ဗျားတို့ မိသားစုကို မောင်းချ
လိုက်တုန်းကလဲ ရွှေတိဂုံဘုရားက ကန်တော့ပွဲကြီးနဲ့ ပြန်တောင်းပန်ရဲတဲ့ ခင်ဗျားရဲ့ အခွက်ပြောင်တာကို သိပါတယ်”

“မောင်ကြွက်နီ၊ မင်းမဟုတ်တာတွေကို ငယ်ကျိုးငယ်နာ ပြန်ဖော်မနေနဲ့၊
ပြီးတာတွေက ပြီးခဲ့ပြီ”

“နို့ဒါဖြင့် ခင်ဗျားကြီးက ခရိုနီတွေ အစိုးရအဖွဲ့ဝင် ၀န်ကြီးဝန်ကလေးတွေ လာဘ်စားတာတွေကိုကျ ဘာလို့ပြန်ဖော်နေတာလဲ၊ သူ့ဟာသူ စားပြီးဝါးပြီးတာ ကြာပြီ၊ ထားလိုက်ပေါ့”

“မင်းက စားပြီးဝါးပြီးသွားတာ ကြာပြီလို့ ထင်နေတာကိုး၊ အခုထိ စားဆဲဝါးဆဲ
လက်သင့်ရာ စားတော်ခေါ်ဆဲ ဆိုတာရော မင်းသိရဲ့လား”

“ဒီမိုကရေစီခေတ်၊ ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ ဒါတွေ မရှိတော့ပါဘူးဗျ”

“အေး.. အဲဒီစကားကို တောသွားပြောရင်တောင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ မင်းပြောတာတွေက စာရွက်ပေါ်မှာ၊ ဂျာနယ်တွေ ပေါ်မှာပဲ ရှိတာ”

“ထားပါတော့၊ ထားပါတော့၊ ခင်ဗျားကြီးက ဘယ်သူတွေကို ဝေဖန်လိုက်လို့
အခုလို ဆုရတာလဲ”

“ငါကများများ မဝေဖန်ပါဘူး၊ သမ္မတကြီး မနိုင်တဲ့ ၀န်ကြီးတစ်ပါးနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်ကိုပဲ တစ်နှစ်လုံး ဝေဖန်နေတာ၊ သူကိုယ်သူ လာဘ်မစားပါဘူး ဆိုတဲ့ ၀န်ကြီးကို
ဝေဖန်တာ၊ သမ္မတက သူလည်း မနိုင်တော့ သူ့ကိုယ်စား ငါကတွယ်ပေးတယ်ဆိုပြီး သဘောကျသွားပုံရတယ်”

“နေစမ်းပါဦး အဲဒီဝန်ကြီးကို ခင်ဗျားတွယ်နေတာ နှစ်ပေါက်နေပြီ မဟုတ်လား”

“အေးလေကွာ၊ လာဘ်စားရင်လည်း ငြိမ်ငြိမ်နေရတယ်ကွ၊ အခုတော့ လာဘ်လဲစားသေး၊ ကြီးကြီးကျယ်ကျယ် လာဘ်စားတာ သိရင်လာပြော အရေးယူ ပစ်လိုက်မယ်လည်းဆိုသေး၊
ငါ့မှာ သူ့ကိုလာဘ်ပေးဖူး သူတွေက လာပြောထားတာ နည်းမှတ်လို့၊ အခုတော့ ငြိမ်သွားပြီ၊ ငါတွယ်လွန်းလို့လားတော့ မသိဘူး”

“ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုရော ဘာလို့တွယ်တာလဲ”

“အဲဒီကော်မရှင်က လူတွေက နိုင်ငံခြား ကုမ္ပဏီတွေ ဖက်ကနေ ပင်းလွန်းလို့ဟေ့၊
ကမ္ဘာကျော် စီးကရက် ကုမ္ပဏီ တစ်ခုကို လာဘ်မစားပါဘူးလို့ ဗြောင်လိမ်တဲ့ ၀န်ကြီးက ခွင့်ပြုပေးလိုက်တယ်၊ အဲဒီကုမ္ပဏီက မာလ်ဘိုရိုကလွဲရင် ကျန်တဲ့ ကမ္ဘာကျော် စီးကရက် အားလုံးထုတ်တာ၊ ငါတို့က ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အဲဒီကုမ္ပဏီက လန်ဒန်တင်
မကဘူး အခု လပ်ကီးစထရိုက်ပါ ထုတ်နေပြီ မတားကြတော့ဘူးလား မေးတော့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ကုမ္ပဏီကိုပဲ ခွင့်ပြုတာ၊ သူ့ကုမ္ပဏီက ထုတ်ချင်တာ ထုတ်လို့ရသတဲ့။ ဒီပုံနဲ့ ဆိုရင် ကမ္ဘာကျော် စီးကရက်တွေ ခဲပြီး မြန်မာလူငယ်တွေ
သေပွဲဝင်ကြရတော့မယ်၊ ဒါကြောင့် တွယ်နေတာ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အရာရှိတွေဆိုရင် လက်ဖျားငွေသီး နေတာကွ၊ ငါ့ကိုသာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး
ကော်မရှင်မှာ ခန့်ကြည့် ၀န်ကြီးဝန်ကလေးကစပြီး အကုန်လုံး ထောင်ထဲ ရောက်ကုန်မှာ”

“ဒါကြောင့် ခင်ဗျားကို စစ်တပ်က ထွက်ပေမဲ့ စစ်မှုထမ်းဟောင်း အဖွဲ့ထဲတောင် ပေးမ
ဝင်တာပေါ့။ ခင်ဗျားကြီးက အမွှေကိုးဗျ။ ကဲဒီလောက် အဖွဲ့တွေ ဖွဲ့နေတာ ခင်ဗျားကြီးကို အစိုးရက ဘယ်အဖွဲ့ထဲမှာများ ထည့်ဖူးသလဲ”

“အောင်မယ်၊ ထည့်ရင်ရော သူများတွေလို အမြီးနန့်ပြီးပါမယ့် ကောင်လို့များ
ငါ့ကိုထင်နေသလား”

“အဲဒီလိုပြောပြီး သမ္မတပေးမဲ့ ဆုတော့ အမြီးနန့်ပြီး သွားယူမယ် မဟုတ်လား”…..ဆိုပြီး ဆရာကောင်း တပည့်ပီပီ တစ်ခွန်းမခံ ပြန်ခွပ်နေလို့ “သြော် မောင်ကြွက်နီ မောင်ကြွက်နီ၊ ဘယ်သမ္မတ ကမှလည်း ငါ့ကို ဆုမပေးဘူး။ ဒါက ယောက္ခမဆီက မင်္ဂလာဆောင်
သွားတုန်း ငှားဝတ်တဲ့ ပိုးပုဆိုး ပြန်ပေးရမှာမိုလို့ မီးပူတိုက်နေတာ၊ မင်းစိတ်ထားကို သိချင်လို့ ပြောချင်တာတွေ ပြောလိုက်တာတောင် မင်းကငါ့ကို ဒီလောက်ပြောနေတာ၊ တကယ်သာ သမ္မတက ငါ့ကို ဆုပေးမယ်ဆိုရင် မင်းတို့တစ်တွေ မနာလိုလုံးဆို့ပြီး
သေတောင် သွားနိုင်တယ်”……..လို့ ပြောပြီး အနိုင်နဲ့ ပိုင်းလိုက်ရတော့တယ်။
ဟာဟာဟ။

မာဂျေ

( Tomorrow သတင်းဂျာနယ်အမှတ်(၁၁)ပါ သရော်စာဆောင်းပါး )

သမ္မတ နှင့် ကာကွယ်ရေး ဦးစီးချုပ်ကြား သဘောထားကွဲလွဲဟု သတင်းများထွက်



 Tomorrow

သမ္မတ ဦးသိန်းစိန် နှင့် ကာကွယ်ရေး ဦးစီးချုပ်ကြား သဘောထား ကွဲလွဲမှု တစ်စတစ်စ မြင့်မားလာနေသည်ဟု အစိုးရ အသိုင်းအ၀ိုင်း နှင့် တပ်မတော် အသိုင်းအ၀ိုင်းမှ သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ပထမဆုံး သဘောထား ကွဲလွဲမှုမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လက်နက်ကိုင်တပ်များ၏ အကြီးအကဲဖြစ်သူ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် မသိပဲ သမ္မတနှင့် ပြည်ထဲရေး ၀န်ကြီးတို့မှ ရဲတပ်ရင်း ဆယ်ရင်းတိုးချဲ့ခဲ့သည့် ကိစ္စဖြစ်သည်။ ထိုအကြောင်းကို နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကော်မတီ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရသည့်အတွက် တင်းမာမှုများ ဖြစ်ခဲ့သည်။ ထိုသတင်း မပေါက်ကြားရန်နှင့် အာရုံလွှဲရန်အတွက် လွှတ်တော်တွင် လုံခြုံရေး ၄၀ခန့်မည့် ကိစ္စကို သမ္မတ၏ အကြံပေး ဦးရဲထွဋ်က သူနှင့်ရင်းနှီးသည့် မီဒီယာများသို့ သတင်းထုတ်ပေးပြီး လွှတ်တော်က ခါးပိုက်ဆောင် လုံခြုံရေးတပ်ဖွဲ့ ဖွဲ့မည်ဟု မီဒီယာများဘက်တွင် ပါလာရန် ဆောင်ရွက်ခဲ့သည်။

ဒုတိယ သဘောထားကွဲလွဲသည့် ကိစ္စမှာ ကေအိုင်အို ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်းမော် အမေရိကန်သွားရန် ပတ်စ်ပို့ကို သမ္မတရုံး အစီအစဉ်ဖြင့် ထုတ်ပေးခဲ့ရာ စစ်မက်ဖြစ်ပွားချိန်တွင် ထိုကဲ့သို့ ထုတ်ပေးလိုက်ခြင်းအားဖြင့် ကေအိုင်အို အနေဖြင့် နိုင်ငံရေးအမြတ် ရရှိသွားမည်ဟု တပ်မတော်ဘက်မှ ယူဆခဲ့သည်။

ယခုနောက်ဆုံး သဘောထားကွဲလွဲမှုမှာ နိုင်ငံတော် သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုများ ပေးရာတွင် ဦးပိုင်သည် အခွန်အဆောင်ဆုံးတွင် ဒုတိယနေရာနှင့် တတိယနေရာတွင် ရှိသော်လည်း ဆုမပေးရန် ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ၏ စီးပွားရေး အကြံပေးဖြစ်သူ CBဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက သူ၏ ဘဏ်ဆုရရန်အတွက် ဦးပိုင်မှဆောင်သော အခွန်ငွေများသည် စီးကရက်၊ ဘီယာမှ ဆောင်သော အခွန်ငွေများဟုဆိုကာ ချန်လှပ်ခဲ့သည့်အပြင် အဆင့်လေးနေရာမှ CP Livestock ကုမ္ပဏီကိုလည်း နိုင်ငံခြားသားများဟုဆိုကာ ချန်လှပ်ခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ဦးပိုင်သည် နိုင်ငံတော်သို့ အခွန်မဆောင်ဘဲ စီးပွားရေးလုပ်ငန်းများ လုပ်နေသည်ဟု ပြည်သူများ အထင်မှားနေချိန်တွင် ယခုကဲ့သို့ အခွန်အဆောင်ဆုံး ဒုတိယ ရရှိခဲ့ပါက ပြည်သူများ အမြင်ရှင်းသွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တင်ပြသော်လည်း သမ္မတရုံးက ဦးခင်မောင်အေး၏ အစီအမံကိုသာ လက်ခံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ မေတ္တာရပ်ခံချက်ကို ပယ်ချခဲ့သည်။

ယခုဖြစ်ပေါ်နေသော အခြေအနေများအရ သမ္မတနှင့်သမ္မတ အကြံပေးများက တစ်ဖက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တစ်ဖက် မကျေလည်မှုများ တစ်စထက်တစ်စ ပိုမိုများပြားလာနေကြောင်း အစိုးရ အသိုင်းအ၀ိုင်းနှင့် တပ်မတော် အသိုင်းအ၀ိုင်းက ဝေဖန် ပြောဆိုလျက်ရှိကြသည်။ တပ်မတော် အရာရှိကြီး တစ်ဦးက ပြောကြားရာတွင် “သမ္မတကြီးက ရိုးသားတယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်။ တစ်ပြိုင်တည်းမှာပဲ သမ္မတကြီးက စီးပွားရေးလည်း သိပ်နားမလည်၊ အရပ်ဖက်က လူတွေနဲ့လည်း တွေ့ထိမှုနည်းခဲ့လေတော့ သမ္မတနားမှာ အကြံပေးဆိုပြီး သူတို့ ထင်ပေါ်အောင်၊ သူတို့ စီးပွားဖြစ်အောင် လုပ်နေတဲ့ သိုးမည်းတွေက အရမ်းများနေတယ်။ ဒီအတိုင်းဆိုရင် သမ္မတကြီးပါ နာမည်ပျက်လိမ့်မယ်။ အဲဒီထက်ဆိုးတာက အစိုးရနဲ့ တပ်မတော်ကြားမှာ ပြဿနာတွေ ထပ်မံကြီးထွားလာလိမ့်မယ်”ဟု သူ၏ အမြင်ကို Tomorrowသို့ ပြောကြားသွားခဲ့သည်။ ထို့ပြင် သမ္မတအကြံပေးများက အခွန်အများဆုံး ထမ်းဆောင်သူဆုကို အလှည့်ကျပေးအပ်ရန် စီစဉ်နေခြင်းသည် အခွန်အများဆုံး ထမ်းဆောင်သည့်ဆုရ ပြီးသူများကို နောင်နှစ်များတွင် အခွန်လျှော့ဆောင်ရန်နှင့် အခွန်ရှောင်ရန် တွန်းအားပေး သကဲ့သို့ဖြစ်ပြီး နိုင်ငံတော်၏ ဘဏ္ဏာငွေအ၀င်ကို ထိခိုင်နိုင်ကြောင်း ဘဏ်လုပ်ငန်းရှင် တစ်ဦးက Tomorrowသို့ ပြောကြားခဲ့သည်။

ဒီနေ့ကာတွန်း

ဒုတိယ Plan ရောက်ဖို့နည်းနည်းလေးပဲကျန်



http://www.bbc.co.uk/burmese/burma/2014/05/140515_utheinsein_mdy.shtml
အခုမှခြေဥပြင်ဖို့ဥပဒေဘောင်ထဲကတွေဘာတွေလုပ်ပါမပြောနဲ့ဦးပြောင်၊
ခင်ဗျားပါးစပ်နဲ့မတန်ဖူး၊
ဥပဒေဘောင်ထဲကဆိုတာကုလားနှိမ်နင်းရေးပါလား၊
အတိုက်အခံပါတီကြီးထောင်ထဲထဲ့ပြီး၂၀၁၀မှာတဖက်သတ်ကြံ့တွေဖွတ်
တွေလွှတ်တော်ထဲထိုးထဲ့တာပါလား၊
၂၀၀၈မှာနာဂစ်ကြောင့်ကယ်ပါယူပါတစာစာဖြစ်နေတာတလလောက်တောင်
ရက်မရွှေ့ပဲအတင်းအတည်ပြုခိုင်းတဲ့နာဂစ်ဖွဲ့စည်းပုံရောပါလား၊
လေပြေအေးလေးနဲ့ပျော်ပျော်ကြီးအုတ်မြစ်မချချင်ပါနဲ့ဦးနွားရယ်၊
ကျော်မကောင်းကြားမကောင်းအထီးကနို့တွေထွက်လာပါအုံးမယ်။
ဒုတိယ Plan ရောက်ဖို့နည်းနည်းလေးပဲကျန်တော့တယ်၊
တွေ့ကြပြီပေါ့ကွယ်။

ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ရေး ရန်ကုန်တိုင်း လူထုဟောပြောပွဲ


" ၁၆.၅.၂၀၁၄ နံနက်ပိုင်း ဗိုလ်စိန်မှန်ကွင်း ကြိုတင် ပြင်ဆင်မှုများ "


 Sanchaung NLD
၁၇.၅.၂၀၁၄ စနေနေ့ နံနက် ၈း၃၀ တွင် ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပြင်ဆင်ရန် ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ရေး ရန်ကုန်တိုင်း လူထုဟောပြောပွဲ ကို ၁၇.၅.၂၀၁၄ စနေနေ့ နံနက် ၈း၃၀ တွင် ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းရှိ ဗိုလ်စိန်မှန် အားကစားကွင်းတွင် ပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပွဲသို့ ဒီချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဖြစ်ပါသည်။

အောင်ပင်လယ်ကို မရောက်ရောက်အောင်ချီတက်လာမယ်

၁၈၊ ၅၊ ၂၀၁၄ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အောင်ပင်လယ်ကွင်း၊ မန္တလေးမြို့။

Bo Myo
နောက်တစ်မျိုးလုပ်ကြပြီလားဟေ့!

ထင်ထားပြီသားကိစ္စပါ၊
အကွက်ရိုးကြီးအတိုင်း ချိုးပြနေပြန်ပြီ ။

ဒီလိုမျိုးတစ်ခုမဟုတ်တစ်ခုတော့နှောက်ယှက်လိုက်မှ ပဲ နဂိုအတွင်းသရုပ်ကိုဖော်ပြရာရောက်မပေါ့။

ခုကြည့်လေ။
ကနေ့မနက် ၈ နာရီထိ အောင်ဇေယျလမ်းက ပွင့်လျက်သားရှိနေတုန်းပါပဲ။
အဲ--မနက် ၉ နာရီလောက်ရောက်တော့ လမ်းကပိတ်ပြီးသားဖြစ်နေပြီ။
တောင်မြောက်လမ်းတစ်သွယ်ဖြစ်တဲ့ ၅၄ နဲ့ ၅၅လမ်းကြားလမ်းတစ်လမ်း က အောင်ဇေယျလမ်းကိုဖြတ်ကာခင်းနေကြပြီလေ။
စည်ပင်တွေတော်တော်အလုပ်လုပ်ကြတာပဲ။
အောင်ပင်လယ်ကွင်းကို အောင်ဇေယျတစ်လမ်းက ပဲ ဝင်လို့ရတယ်များထင်နေသလား မသိဘူး။
၂၀၁၂ကြားဖြတ်တုန်းက ဒီလမ်းက ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ခဲ့ပြီးပြန်ထွက်တော့လည်းဒီလမ်းက ပဲ သွားခဲ့တာကြောင့် ဒီလမ်းကို မပိတ်ပိတ်အောင်လုပ်ကြတာ ပဲ ။
ညစ်ချင်ရင်ဗြောင်တောင်ညစ်ပတ်ရဲတဲ့သူတွေက ခုလိုလမ်းခင်းပေးနေတာကို မလုပ်ရအောင်ကျုပ်တို့က ပဲ နှောက်ယှက်နေတဲ့ ပုံစံမျိုးရောက်အောင် မလိမ့်တပတ်အကြံနဲ့ လုပ်ကြံဖို့မကြိုးစားကြပါနဲ့တော့။

ပြည်သူလူထု က ခင်ဗျားတို့အစိုးရရဲ့ လုပ်ရပ်ကိုသဘောပေါက်နေကြပါပြီ။
ဒါကြောင့် အောင်ပင်လယ်ကို မရောက်ရောက်အောင် ကျုပ်တို့ခေါင်းဆောင် နဲ့ပြည်သူလူထု က မရ ရတဲ့လမ်းက ချီတက်လာမယ်ဆိုတာတော့ မေ ၁၈ ရက်နေ့ကြတော့ သိပါလိမ့်မယ် လို့ကြိုပြောထားလိုက်ပါတယ်။့ 