Saturday, May 17, 2014

ဥူးး0ီရော၊ဥူးMilkအတွက်ပါစိတ်ကူးယဉ်စရာပဲ



၂၀၁၄ အိန္ဒိယရွေးကောက်ပွဲမှာ ဟိန္ဒူအမျိုးသားဝါဒီ၊ ဂူဂျရတ်ပြည်နယ် အုပ်ချုပ်ရေးမှူး နာရမ်ဒရာ မော်ဒီကအိန္ဒိယ၀န်ကြီးချုပ်သစ်အဖြစ် ရွေးကောက်ခံရတယ်တဲ့၊
၂၀၀၂ ခုနှစ်က ဂူဂျရတ်ပြည်နယ်မှာဖြစ်ပွားခဲ့ ဘာသာရေးအဓိကရုန်းတွေကို မတားဆီး မဟန့်တားနိုင်ခဲ့တာကြောင့် သူ့ရဲ့ခေါင်းဆောင်မှုအပေါ် သံသယရှိတဲ့ ပြည်သူတွေ လည်း အများအပြားရှိပါတယ်။ ဂူဂျရတ်အရေးအခင်းမှာ လူအနည်းဆုံး ၁၀၀၀ လောက်သေဆုံးခဲ့ပြီး အများစုက မွတ်စလင်တွေဖြစ်ကြပါတယ်။
http://burmese.dvb.no/

အဖွဲ့ချုပ်ကပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး လှုပ်ရှားမှု၂ လကြာမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူလူထုက လက်မှတ်ရေးထိုး ပါဝင်လာရေး လှုပ်ရှားမှုတရပ်ကို လာမယ့် မေလ ၂၇ ရက်ကစပြီး ၂ လကြာ ပြုလုပ်တော့မှာဖြစ်ပါတယ်။
ပုဒ်မ ၄၃၆ ကို ဘာ့ကြောင့် ပြင်ဖို့ လိုသလဲဆိုတာကို ပြည်သူတွေ သိအောင် ပြောဆိုရှင်းပြရင်း လက်မှတ်ကောက်ယူသွားမှာဖြစ်တယ်လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက ပြောပါတယ်။
ရရှိတဲ့ လက်မှတ်စာရင်းတွေကို ပြည်သူ့လွှတ်တော်ထံ ပေးပို့ဖို့ အစီအစဉ်လည်း ရှိတယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ ဒီ လက်မှတ်ထိုး လှုပ်ရှားမှုမှာ ဘယ်ပုံဘယ်နည်း ပါဝင်နိုင်ကြမလဲ စတဲ့ အကြောင်းတွေ သိရအောင် ဦးဥာဏ်ဝင်းကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

အဆင့်မြင့်မြင့် နိုင်ငံရေးလုပ်တဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်



DVB TV News

"အဆင့်မြင့်မြင့် နိုင်ငံရေးလုပ်တဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်"

ဒေါ်အောင်ဆန်းစုကြည်အခြေခံဥပဒေပြင်ဆင်ရေး ဗိုလ်စိန်မှန်ကွင်း ဟောပြောပွဲ ကောက်နှုတ်ချက် (ရိုက်ကူး - ယမင်းဦး)

လက်နက်အာဏာကြောင့် အခွင့်ထူးရတာဟာ သိက္ခာရှိရဲ့လားလို့ မေးခွန်းထုတ်

DVB TV News


အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး အခြေခံ ဥပဒေပြင်ဆင်ရေး လူထု ဟောပြောပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ မေလ ၁၇ ရက်နေ့ ပြုလုပ်သွားပါတယ်။ ဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုဖွဲ့ စည်းပုံဟာ သာမန် ပြည်သူတွေနဲ့  တပ်မတော်သားတွေ ကြားမှာ တန်းတူညီမျမှုကို ခွဲခြားထားတဲ့ ဖွဲ့စည်းပုံ ဖြစ်နေကြောင်း ပြောဆိုသွားပါတယ်။ ယုံကြည်မူကို တည်ဆောက်မယ့် ဖွဲစည်းပုံ ပြင်ဆင်ရေးကို ဘာကြောင့် မလုပ်ချင်ကြတာလဲ ဆိုတာကို မေးခွန်းထုတ်သွားပါတယ်။

ဒါ့အပြင် လက်နက်အာဏာကြောင့် အခွင့်ထူးရတာဟာ သိက္ခာရှိရဲ့လားလို့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို မေးခွန်းထုတ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်သားတွေ အပါအ၀င် ပြည်သူတွေ ၀ိုင်းဝန်း လက်မှတ်ထိုး ဆန္ဒြပုကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက နိုင်ငံရဲ့ အရေးကြီးတဲ့ ကံကြမ္မာကို ဆုံးဖြတ်တဲ့နေရာမှာ ရောက်နေတယ်။ နိုင်ငံရေးလုပ်ချင်ရင် တပ်ကထွက်ပါလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

မျိုးရိုးဗီဇဆိုင်ရာသံသယရှိခြင်းခံထားရသည့်တောင်ကိုရီးယားအမျိုးသမီး တိုက်စစ်မှူးး



Yangon Media Group

မျိုးရိုးဗီဇဆိုင်ရာသံသယရှိခြင်းခံထားရသည့်တောင်ကိုရီးယားအမျိုးသမီးအသင်း တိုက်စစ်မှူးးအရေးကိစ္စနှင့်
 ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စောင့်ကြည့်
--------------------------------------------
ရန်ကုန်၊မေ၁၇
အေကေ၊ငြိမ်းချမ်း

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ် နေသည့် အာရှအမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီး အသင်းနှင့်ပွဲစဉ်၌ခြေစွမ်းပြကစား ခဲ့သည့် Park Eun Sun လိင်မျိုးရိုးဗီဇဆိုင်ရာနှင့် သံသယရှိခြင်းခံခဲ့ရသူဖြစ်ပြီး ယင်း ကစားသမားနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှာစောင့် ကြည့်နေကြောင်းသိရသည်။
အသက်၂၈နှစ်ရှိပြီး အရပ်၅ ပေ၁ဝလက်မရှိကာကိုယ်အလေး ချိန်၁၆၃ Seol Metropolitan Government မှ Park Eun Sun မှာအမျိုးသမီးကစားသမား ဟုတ်မဟုတ်နှင့်ပတ်သက်၍ ကိုရီးယားအမျိုးသမီးလိဂ်အတွင်း အငြင်းပွားမှုများ၂ဝ၁၃နိုဝင်ဘာ ကာလအတွင်းဖြစ်ပွားခဲ့ကာ ယင်းအား မျိုးဗီဇစစ်ဆေးပေးရန် အမျိုးသမီးကလပ်အသင်း၅သင်းမှ နည်းပြ၅ဦးကတောင်းဆိုခဲ့ကာ စစ်ဆေးမှုမလုပ်လျှင် လိဂ်အား သပိတ်မှောက်မည်အထိပြုလုပ် မည်ဟုခြိမ်းခြောက်ခဲ့ကြသည်။
ယင်းနောက်ပိုင်းတွင်ကိုရီး ယားအမျိုးသမီးဘောလုံးအဖွဲ့ ချုပ် နှင့်ကလပ်အသင်းမှနည်းပြများ တံခါးပိတ်ဆွေးနွေးခဲ့ပြီး ယင်းကိစ္စ ပြေလည်ခဲ့သော်လည်း ခဲ့သည့် Park Eun Sun စစ်ဆေးမှု မှတ်တမ်းကိုထုတ်ပြန်ချက်မပြု လုပ်ခဲ့ကြောင်းကိုရီးယားသတင်း စာများတွင်ဖော်ပြခဲ့သည်။
Park Eun Sun အနေဖြင့်၂ဝဝ၃အမျိုးသမီးကမ္ဘာ့ ဖလား၂ဝဝ၄အေသင်အိုလံပစ် ပြိုင်ပွဲများတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း ၂ဝ၁ဝအာရှအမျိုးသ မီးပြိုင်ပွဲမတိုင်မီတရုတ်အမျိုးသမီး အသင်းနည်းပြက ယင်းကစားသ မားနှင့်ပတ်သက်၍ ဆေးစစ်ရန် တောင်းဆိုခဲ့သည့်နောက်ကိုရီး ယားအမျိုးသမီးဘောလုံးအဖွဲ့ချုပ် မှာ ယင်းကစားသမားမှာ ဒဏ်ရာ ပြဿနာရှိနေခြင်းကြောင့်လူစာ ရင်းတွင်ရွေးချယ်ခြင်းမပြုကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ မျိုးရိုးဆိုင်ရာ သံ သယရှိခြင်းခံထားရသည့်ကစားသ မားအရေးနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်မှမည်သို့ လုပ်ဆောင်မည်ဆိုခြင်းအပေါ် ဗီယက်နမ်နိုင်ငံတွင်မြန်မာအမျိုး သမီးအသင်းနှင့်လိုက်ပါသွား သည့်မြန်မာအမျိုးသမီးအသင်းမီဒီ ယာအရာရှိအားဆက်သွယ်ခဲ့ ရာ'' ကျွန်တော်တို့အနေနဲ့ ဒီကိစ္စနဲ့ပတ် သက်လို့သူ့သတင်းတွေ ကိုစောင့်ကြည့် နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့တရုတ်နဲ့ကစားမယ့် အရေးကြီးနေလို့ပါ။ ဒီပွဲပြီးရင် တော့ရလဒ်ပေါ်မူတည်ပြီးဆုံး ဖြတ်သွားမယ်''ဟုပြောသည်။
မြန်မာအမျိုးသမီးအသင်း သည် တရုတ်အမျိုးသမီးအသင်း နှင့် မေလ၁၇ရက်နေ့ကယှဉ်ပြိုင် ကစားခဲ့ပြီး(3-0 ) ဂိုးနှင့်ရှုံးနိမ့်ခဲ့ရာ ကိုရီးယားတိုက်စစ်မှူးးPark Eun Sun နှင့်ပတ်သက်၍မည်သို့ လုပ်ဆောင်မည်မှာစိတ်ဝင်စားစရာဖြစ်လာသည်။
မြန်မာအမျိုးသမီးအသင်းနှင့် ပွဲစဉ်တွင်ခြေစွမ်းပြ၂ဂိုးသွင်းခဲ့သည့်ယင်းကစားသမားသည် စက် တင်ဘာလက ပြီးဆုံးခဲ့သော ကိုရီးယားအမျိုးသမီးလိဂ်တွင် ၁၉ပွဲကစား၂၂ဂိုးဖြင့် ဂိုးအများ ဆုံးသွင်းသူအဖြစ်ရပ်တည်ခဲ့သူဖြစ်ကြောင်းသိရသည်။

ဗကသကျောင်းသား ကိုကောင်းထက်ကျော်အတွက် ဆန္ဒပြ



RFA Burmese

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဗ.က.သများအဖွဲ့ချုပ်ဝင် ကိုကောင်းထက်ကျော်ကို သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့က ရိုက်နှက်ပြီး လက်ရှိဖမ်းဆီးဖို့ ကြိုးစားနေတာကို ကန့်ကွက်ရှုံ့ချတဲ့အနေနဲ့ ဒီနေ့ မန္တလေးမြို့ ၇၃ လမ်း၊ Friend လ္ဘက်ရည်ဆိုင်ရှေ့မှာ မန္တလေးခရိုင် ဗ.က.သ များအဖွဲ့ချုပ်က ဆန္ဒပြခဲ့ကြပါတယ်။

လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဗ.က.သ အဖွဲ့ဝင် ကိုကောင်းထက်ကျော် အရိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူကို ဖော်ထုတ်ပေးဖို့နဲ့ ဖမ်းဆီးခံလယ်သမားတွေကို ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ မန္တလေးခရိုင် ဗ.က.သများအဖွဲ့ချုပ် ဥက္ကဌ ကိုဆွေလင်းထွန်းက ပြောပါတယ်။

"ကိုကောင်းထက်ကျော် အကြမ်းဖက်ခံရတဲ့ကိစ္စကို ကန့်ကွက်ရှုံ့ချတာပေါ့၊ တာဝန်ရှိတဲ့လူတွေကို ဖော်ထုတ်ပေးဖို့ပေါ့၊ တစ်နိုင်ငံလုံးမှာ ဒီအကြမ်းဖက် ဖြိုခွဲနေတဲ့ဟာတွေကို ရပ်တန်းကရပ်ဖို့ပေါ့၊ နောက်တစ်ခုက လယ်သမားတွေကို အကြမ်းဖက်တာ၊ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်တာတွေကို ရပ်တန်းကနေရပ်ပေးဖို့ အဲဒီရည်ရွယ်ချက်နဲ့လုပ်တာ"

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ကိုကောင်းထက်ကျော်ဟာ သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာက လယ်သမားကိုပေါက်စ အဖမ်းခံရတာကို ပြန်လွှတ်ပေးဖို့နဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ရရှိဖို့ တောင်းဆိုဆန္ဒပြပွဲမှာ ပါဝင်ကူညီခဲ့ပါတယ်။ ဆန္ဒပြပြီးအပြန်မှာ သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်ခဲ့တာကြောင့် ကိုကောင်းထက်ကျော် ဒဏ်ရာရခဲ့သလို လယ်သမား ၂ ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

ကိုကောင်းထက်ကျော်အပါအဝင် လယ်သမား ၄ ဦးကို ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆိုထားပြီး လယ်သမား ဒေါ်ညို နဲ့ ကိုမောင်ဝင်းတို့ကိုလည်း ပေါင်းတည်ထောင်မှာ ဖမ်းဆီးထားပါတယ်။

ကိုကောင်းထက်ကျော်နဲ့ ဒေါ်ခင်မာအေးတို့က ပုန်းရှောင်နေဆဲလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗ.က.သ က ကန့်ကွက်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။

သွေးခွဲတဲ့ စကားတွေပြောနေတာ ကျွန်မတို့ အများကြီး သတိထားရမယ်

collect from ဒီမို ဖက်တီး

"ဟိုဟာလေးကွက်ပြင်ပေးမယ်။ ဒီဟာလေးကွက် ပြင်ပေးမယ် လုပ်တာ ကျမ မကြိုက်ဘူး။ ဒါဟာ ကျမတို့ကို သွေးခွဲနေတာ။ ကျမတို့နဲ့ တိုင်းရင်းသားတွေ အကြား သွေးခွဲနေတာ။"


"ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အထင်မြင်လွဲအောင်လို့ အခု ၅၉ (စ) ၊ ၄၃၆ ပြင်ချင်တယ်တာတို့ ဆိုတာဟာ ဗမာတွေက ဗမာတွေအတွက်ပဲ လုပ်နေတာ။ ဒါထက် ပိုပြီးပြောလိုက်လို့ ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က၂၀၁၅ ရွေးကောက်ပွဲ နိုင်ချင်လို့ လုပ်နေတာပဲလို့ ပြောတာတွေရှိတယ်။ ဒါ တိုင်းရင်းသားတွေရဲ့ အရေး မပါဘူး လို့ တိုင်းရင်းသားတွေဘက် လှည့်မကြည့်ဘူးလို့  ဒီလိုသွေးခွဲတဲ့ စကားတွေပြောနေတာ ကျွန်မတို့ အများကြီး သတိထားရမယ်။"
တကယ်ပြန်ကြည့်မယ်ဆိုရင် ဖယ်ဒရယ်မူ ဆိုတဲ့ စကားလုံး ကို ပြောရင် အာဏာပိုင် က ရာဇဝတ်မှု လိုကြည့်နေတဲ့ အချိန်ထဲက ကျွန်မတို့ တိုင်းရင်းသားတွေ အတွက် ရဲရဲဝံ့ဝံ့ တစိုက်မတ်မတ် ပြောခဲ့တာပါ ။" နိုင်ငံရေး လုပ်ချင်လို့ရှိရင် တပ်ထဲက ထွက်။ ဒါဟာ ပညာကိုလည်း ပြတယ်။ သတ္တိ ကို လည်း ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ပြည်သူတွေ အပေါ်မှာထားတဲ့ စေတနာ ကိုလည်း ပြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလို့ရှိရင် ဘယ်အဖွဲ့အစည်း၊ ဘယ် အာဏာကိုမှ အားကိုးစရာမလိုဘူး”"တပ်မတော်သားတွေ..ပြည်သူတွေထက် အခွင့်ရေးပိုယူတာ ဝမ်းသာစရာ ဂုဏ်ယူစရာ ကောင်းနေလို့လား"၂၀၁၅ ရွေးကောက်ပွဲမှာနိုင်ချင်လို့လား။ နိုင်ချင်ရင် ပြည်သူ့ရဲ့အသည်းနှလုံးပဲရအောင်လုပ်ရမှာပဲ။ အခြားနည်းတွေတော့ မရဘူးထင်ပါတယ်။ မမျှတတဲ့ရွေးကောက်ပွဲ ဥပဒေတွေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ပဲဖြစ်ဖြစ်၊ မမျှတတဲ့ နည်းတွေနဲ့ပဲဖြစ်ဖြစ်၊ ၂၀၁၅ ရွေးကောက်ပွဲကို နိုင်မယ့်အစား မနိုင်တာကမှ ပိုသိက္ခာရှိတယ်လို့ ကျွန်မပြောချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဗိုလ်စိန်မှန်ကွင်း၊ ၁၇-၅-၂၀၁၄။

ကိုမင်းကိုနိုင် ဒီနေ့ပြောသွားတာလေး...
({( မသာအိမ်ကို မီးကွင်းပစ်ပြီး အတည်ပြုခဲ့တဲ့ အခြေခံဥပဒေ )}) 

နာဂစ်ဒဏ်ခံနေရလို့ ဝမ်းနည်းဒုက္ခရောက်နေတဲ့ လူထုကို ၂၀၀၈ အခြေခံဥပဒေ အတည်ပြုခိုင်းခဲ့တာဟာ အသုဘအိမ်ကို မီးကွင်းပစ်တဲ့ လုပ်ရပ်ပါပဲ။“ခေတ်အဆက်ဆက်က လူကို လူခြင်း လက်နက်နဲ့ အနိုင်ကျင့်ပြီးတော့ ဓားထက်တဲ့သူ ဘုရင်ဖြစ်စတမ်း ဆိုတဲ့ တောရိုင်း ဥပဒေကြီးကို ပြင်ပေးကြပါ။ ကျနော်တို့ ပြည်သူတွေ က ဥာဏ်အမျှော်အမြင် ရှိတယ်။ ရွေးချယ် ဆုံးဖြတ်နိုင်တယ်။ သတ္တိလည်း ရှိတယ် ဆိုတာကို ပြတဲ့အနေနဲ့ အခြေခံ ဥပဒေကို ပြင်ပေးကြပါ" ''ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲစဉ်ခါတုံးက တိုင်းပြည်ရဲ့ထိပ်တန်း ပုဂ္ဂိုလ်တွေ ပါတယ် လို့ ပြောကြပါတယ်။ ဘယ်လိုလူ တွေပါသလဲ။ ပြည်သူလူထုကို ကိုယ့် အသွေးအသားလို့ သဘောထား ရမယ့်အစား ပြည်သူလူထုက တစုံတရာ လိုချင်လို့ ငြိမ်းချမ်းစွာပြောတော့မယ် ဆိုတာနဲ့ အကြမ်းဖက်နှိမ်နင်းတဲ့ နေရာမှာ ထိပ်တန်းကျတဲ့ ပုဂ္ဂိုလ်တွေလား။ ပြည်သူတွေ ပိုင်တဲ့ ၊ နောက်မမွေးသေးတဲ့ ကလေးတွေပါ ပိုင်တဲ့ ပြည်ထောင်စုကြီးရဲ့ သယံဇာတတွေကို ကြောက်လို့ပဲဖြစ်ဖြစ်၊ အခွင့်အရေး အတွက်ပဲဖြစ်ဖြစ် လက်ညှိုး ထိုးပြီး ဈေးပေါပေါနဲ့ ရောင်းစားခဲ့တဲ့ ထိပ်တန်း ပုဂ္ဂိုလ်တွေလား။''" ပြည်သူလူထုဟာ သခင်ဖြစ်တယ်ဆိုတာကို ပြဖို့လိုပါပြီ။ သခင်စိတ် သခင်အကြံနဲ့ သခင်တို့ရဲ့ ဒေါင်းအလံကို လွှင့်ထူဖို့အတွက် ငါတို့ တိုင်းတစ်ပါးကျွန်၊ စစ်တပ်ကျွန် ဘယ်ကျွန်မှ မခံဘူးဆိုတာ ပြဖို့ ဒီနေ့ စုဝေးတာဖြစ်ပါတယ် ""ဒီကနေ့ဟာ လူထုရဲ့အရေအတွက် အင်အားနဲ့ပြရတဲ့ပွဲမျိုး မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ်တမ်းသာ အရေအတွက်အင်အားပြရမယ်ဆိုရင် ဟောဒီ ရန်ကုန်မြို့ တစ်မြို့လုံး၊ စည်ပင်သာယာနယ်နမိတ်တစ်ခုလုံး လူပင်လယ်ကြီး ပြည့် သွားအောင်၊ လမ်းတွေပေါ်ပြည့်လာအောင် ကျနော်တို့အားလုံး ဖန်တီးနိုင်ပါတယ်။ လိုအပ်ခဲ့ရင် အားလုံး လမ်းတွေပေါ်မှာ ပြည့်သွားအောင်အထိ စွမ်းဆောင်လည်း စွမ်းဆောင်နိုင် မယ်။ စွမ်းဆောင်လည်း ပြခဲ့ပြီးပါပြီ။ လိုအပ်တယ်ဆိုရင် အင်အားကိုပြတာမျိုး အရေအတွက်ကို ပြတာမျိုး ကျနော်တို့ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ဒီကနေ့ကျနော်တို့က အရေအတွက်အင်အားကိုပြပြီး ခြိမ်းခြောက်တာမျိုး မဟုတ်သေးပါဘူး။ ဘာကိုပြတာလည်း ဆိုတော့ ကျနော်တို့ပြည်သူလူထုရဲ့ အရည်အချင်းကို ပြတာပါ။ အရည်အချင်း ဆိုတာ ဘာလဲဆိုတော့ ပြည်သူလူထုဟာ ဘာမှ မသိနားမလည်တဲ့ကောင်တွေကွာလို့ အဲဒီအဓိပ္ပာယ်နဲ့ တင်းကြပ်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပြီး သူတို့ပြထားတယ်။ ကျနော်တို့ပြည်သူလူထုဟာ အခုကြည့်ပါ။ ငြိမ်သက်စွာ စည်းကမ်းရှိစွာနဲ့ နားထောင်တယ်။ ဒီမှာ လူထုခေါင်းဆောင် ရှိတယ်။ သူကသာ ပြည်သူလူထုကြီး မတ်တပ်ရပ်ပြလိုက်ပါဆိုရင် အားလုံး မတ်တပ်ရပ်ပြမယ် မဟုတ်လား။ ပြည်သူလူထုကြီး လက်တွေ အားလုံးမြှောက် လိုက်ပါဆိုရင် မြှောက်မယ် မဟုတ်လား။ "
ဦးမင်းကိုနိုင်
ဗိုလ်စိန်မှန်ကွင်း၊ ရန်ကုန်
မေလ ၁၇ရက်၊ ၂ဝ၁၄

ဘယ်အချိန်ရိုက်တဲ့ပုံလိုချင်လဲနေမျိုးဝေ


Khun Thuya

ပြင်ဆင်ထားတဲ့ မန္တလေး အောင်ပင်လယ်ကွင်း



Thaung Htay Lin
17-5-2014
5:30 p.m

မာနလေးတော့ ရှိကြစမ်းပါလို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူတွေကို ပြောခဲ့လဲ


Posted by Kamayut Media on May 17, 2014 at 7:12 pm

မြန်မာစစ်တပ်က ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးမှာ အခရာကျတဲ့ ဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာကို ကိုင်စွဲထားတာဟာ အထူးအခွင့်အရေးတွေကို ရယူထားတာဖြစ်တာကြောင့် တပ်မတော်သားတွေ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါပြီ။ မှန်ကန်တဲ့မာနလေးတော့ ရှိကြပါလို့ ဘာ့ကြောင့်ပြောတာလဲ။

ပြည်သူလူထုရဲ့ ထောက်ခံမှုမယူဘဲ ဖွဲ့စည်းပုံထဲမှာ အထူးအခွင့်အရေးတွေကို ရယူထားတာဟာ ရှက်စရာဖြစ်တာကြောင့် မှန်ကန်တဲ့မာနထားဖို့၊ ပြည်သူတွေထက် ပိုသာနေတဲ့ အခွင့်အရေးတွေ ရယူနေတာ ဝမ်းသာစရာမဟုတ်ဘူးလို့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ မေလ ၁၇ရက်နေ့က NLD နဲ့ ၈၈မျိုးဆက်တွေ ပူးပေါင်းပြုလုပ်တဲ့ လူထုဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။

၈၈မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင်ကလည်း လူထုခေါင်းဆောင်နဲ့အတူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောခဲ့ပြီး ပြည်သူလူထုရဲ့အင်အားနဲ့ အရေအတွက်ကို ပြတဲ့ပွဲမဟုတ်ဘဲ ပြည်သူကို အထင်သေးနေတဲ့သူတွေကို အရည်အချင်းပြတဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

လူတစ်စုက လူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်ပြီး ဖွဲ့စည်းပုံ အတည်ပြုတာမျိုး မဖြစ်သင့်ဘဲ ပြည်သူလူထုကသာ ဖွဲ့စည်းပုံ ရေးဆွဲသင့်တယ်လို့ လူထုဟောပြောပွဲကို တက်ရောက်ခဲ့တဲ့ နာရေးကူညီမှုအသင်းက ဒေါ်သန်းမြင့်အောင်က ဆိုပါတယ်။

ပြည်သူလူထု သိန်းနဲ့ချီတက်ရောက်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈မျိုးဆက်ကျောင်းသားတွေ ပထမဆုံး ပူးပေါင်းကျင်းပတာဖြစ်ပြီး မန္တလေးမြို့မှာလည်း မေလ ၁၈ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ပုဒ်မ ၄၃၆ပြင်ဆင်ဖို့ လူထုဆန္ဒကောက်ယူမယ့် ရက်စွဲကို မေလ ၂၇ရက်နေ့ကနေ ဇူလိုင် ၁၉ရက်အထိ သတ်မှတ်ထားပြီး NLD ရဲ့ မြို့နယ်နဲ့ ပြည်နယ်တိုင်းရုံးတွေမှာ လက်မှတ်ထိုးဖို့ စာအုပ်တွေထားမှာဖြစ်ပြီး ပြည်သူတွေကိုယ်တိုင် သွားရောက်ရေးထိုးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

http://bcove.me/1f72z06u

မဘသကရဲရင့်ငယ်၏နာမည်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနထံ စာပို့




The Right Time News
V0l -2, N0 - 16

ဥရောပနှင့် မြန်မာနိုင်ငံကို တိုက် ရိုက်ပြေးဆွဲပျံသန်းမည့် Condor လေကြောင်းလိုင်း၏ ဖွင့်ပွဲအခမ်းအနားတွင် ရွှေတိဂုံစေတီတော်ပုံတူ ကိတ်မုန့်ကို လှီးဖြတ်ကာ အခမ်း အနား ဖွင့်လှစ်ခဲ့ခြင်း နှင့်ပတ်သက် ၍ မြန်မာနိုင်ငံ သာသနာရေး ဝန်ကြီး ဌာနမှ ကန့်ကွက်ကြောင်း ကြေညာ ချက်ကို နိုင်ငံ ခြားရေးဝန်ကြီးဌာနထံ လိပ်မူ၍ ထုတ်ပြန်ခဲ့သည်။
အဆိုပါလေကြောင်းလိုင်း ဖွင့် ပွဲအခမ်းအနားတွင် ယင်းကဲ့သို့ ပြုမူ ခဲ့ကြောင်းကို ရဲရင့်ငယ် (ကနေဒါ)အမည်ဖြင့် ၂၅.၄.၂ဝ၁၄ ရက်နေ့ က အင်တာနက်တွင် လွှင့်တင်ခဲ့ သည်။ ရွှေတိဂုံစေတီတော်မှာ မြန်မာ နိုင်ငံ၏ အထွတ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦဖြစ် ရုံသာမက ဗုဒ္ဓဘာသာဝင်များက လေးမြတ်ကြည်ညိုရာ စေတီတော် ဖြစ်သည့်အတွက် ယင်းကဲ့သို့ ပြုမူ ခဲ့ခြင်းမှာ ဗုဒ္ဓဘာသာနှင့် ဘာသာ ဝင်များအပေါ် မလေးမစားပြုရာ ရောက်ကြောင်း ဖော်ပြထားသလို ပြစ်မှားခြင်း အကုသိုလ်ကံကို ကျူးးလွန်ရာ ရောက်သည့်အတွက် ပဉ္စာ နန္တရိယကံ ကျူးးလွန်သူကဲ့သို့ ဝန် ထုပ်ဝန်ပိုးလေးလံလှကြောင်း ဆရာ တော်ကြီးများက အမိန့်ရှိကြကြောင်း လည်းဖော်ပြထားသည်။
ထို့ကြောင့် အဆိုပါ ရွှေတိဂုံ စေတီမြတ်ကြီး ပုံတူအားကိတ်မုန့် ပြုလုပ်ပြီး ဓားဖြင့်လှီးဖြတ်ခဲ့သည့် လုပ် ရပ်နှင့် ပတ်သက်၍သာသနာရေး ဝန်ကြီးဌာနအနေဖြင့် အလေးအနက် ကန့်ကွက်ပါကြောင်း ထုတ်ပြန်ချက် တွင် ပါရှိသည်။ အဆိုပါ Condor လေကြောင်းလိုင်း၏ဖွင့်ပွဲအခမ်းအနား ကို ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးဦးစိုးနွယ်လည်းတက်ရောက် ခဲ့ပြီး ကိုယ်တိုင်ပါဝင်ကာ ရွှေတိဂုံ စေတီတော်ပုံတူ ကိတ်မုန့်ကိုလှီးဖြတ် ၍အခမ်းအနားဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါဖြစ်ရပ်နှင့်ပတ်သက် ၍အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့ (ဗဟို)မှ လည်း သဘောထားကြေညာချက် တစ် ရပ်ကို ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်၌ ကမ္ဘာ ပေါ်တွင် ပထမဆုံးစေတီဖြစ်သော ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏အလေး အမြတ်ထားရာစေတီတော်ကို လှီး ဖြတ်ခြင်း၊စေတီတော်ထိပ်တွင် လက် ဝါးကပ်တိုင်တင်ခြင်းများသည် အလွန် ဆိုးဝါးသော စော်ကားခြင်းများပင် ဖြစ်ကြောင်း၊အဆိုပါစော်ကားခြင်းလုပ် ရပ်ကိုလည်းကောင်း၊ ကာကွယ်ဟန့် တားခြင်းမပြုဘဲ ဝိုင်းဝန်အားပေးကူ ညီ သော မြန်မာသံအမတ်ကြီး ဦး စိုးနွယ်ကို လည်းကောင်း မြန်မာ ပြည်သူပြည်သားများ၏ ကိုယ်စား အမျိုးဘာသာသာသနာ စောင့် ရှောက်ရေး အဖွဲ့ကြီးမှ ပြင်းထန် စွာ ရှုတ်ချကြောင်းဖော်ပြခဲ့သည်။