Wednesday, May 21, 2014

ကိုယ်ရင် နဲ့သီလရှင် ပေါက်စလေးတွေနေစရာနေရာမရှိတော့ လျှို ထဲမှာဆင်းနေရ



* မန္တလေးရာသီဥတု အရမ်းကိုပူပြင်းနေပါတယ်

ကိုယ်ရင် * သီလရှင် ပေါက်စလေးတွေနေစရာနေရာမရှိတော့

လျိုထဲမှာဆင်းနေနေရတာ အလွန်သနားစရာပါ *

*ကျမ သူတို့လေးတွေကိုယ်တိုင်မြင်တွေ့

သူတို့နေထိုင်စားသောက်နေတာတွေ

လက်တွေ့မြင်ခဲ့ရတာ မျက်ရည်ကျမိပါတယ်*

*လူတိုင်းကိုယ်ချင်းစာတရားထားနိုင်ကြပါစေ*

(Chaw Chaw )

ဒီနေ့ကာတွန်း

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်၇၅ ရာခိုင်နှုန်းကျော်အစား သုံးပုံနှစ်ပုံဟုပြင်ဆင်ရန် ကော်မတီဆုံးဖြတ်


Eleven Media Group

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်အစား သုံးပုံနှစ်ပုံဟုပြင်ဆင်ရန် လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဆုံးဖြတ်

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ အား ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ သဘောတူလက်ခံမှုအစား ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံ၏ သဘောတူလက်ခံမှုဖြင့် ပြင်ဆင်ရန် လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၌ ဆုံးဖြတ်ချက်ချခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မေ ၁၉ ရက်တွင် ပြုလုပ်ခဲ့သော လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းပါ ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ရေးဆွေးနွေးခဲ့ပြီး ထိုသို့ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ဖြစ်ပေါ်သည်ထိ တာဝန်ယူဆောင်ရွက်နေရသဖြင့် လွှတ်တော်ဖွဲ့စည်းပုံပြင်ဆင်ရေး လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီမှ လွှဲပြောင်းပေးခဲ့သည့် ပြည်သူများထံမှရရှိသော အကြံပြုချက်များနှင့် နိုင်ငံတကာစံနှုန်းများကို အခြေခံကာ အဆိုပါကဲ့သို့ ပြင်ဆင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင်လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီအနေဖြင့် အခန်း(၁) နိုင်ငံတော်အခြေခံမူများပါ တိုင်းရင်းသားများနှင့်သက်ဆိုင်သည့် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ ကိစ္စရပ်များ၊ အခန်း(၁၂)ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းတို့ရှိ ပုဒ်မများအား စတင်သုံးသပ်ကာ ပြင်ဆင်ရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

သို့ရာတွင် လက်တွေ့ပြင်ဆင်ရန်မှာ ကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် မပြီးပြတ်ဘဲ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြစ်သောကြောင့် ပြင်ဆင်နိုင်ခြင်း ရှိ မရှိမှာ မသိရှိရသေးပေ။

အကယ်၍ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံဖြင့် ပြင်ဆင်ရန်ဆိုသည့်အချက်အား အတည်ပြုပြင်ဆင်နိုင်ခဲ့လျှင်ပင် ပုဒ်မ ၄၃၆ ပြင်ဆင်ရာ၌ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဆိုသည့်အချက်မှာ ကော်မတီ၏ပြင်ဆင်ချက်၌ မပါဝင်သဖြင့် အဆိုပါအချက်မှာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကဲ့သို့ ပုဒ်မ ၄၃၆ ပါပြဋ္ဌာန်းချက်အား ပြင်ဆင်ခြင်းမှာ နောက်ပိုင်းတွင် ပြင်ဆင်မှုများလုပ်ဆောင်ရန် အဆင်ပြေစေရေးအတွက်ဖြစ်ပြီး လက်ရှိ ပုဒ်မ ၄၃၆ အား ပြင်ဆင်ရန်မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် သဘောတူညီချက်ရရှိပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ရမည်ဆိုသည့် အဆင့်များဖြတ်ကျော်ရမည်ဖြစ်သဖြင့် အခက်အခဲများစွာရှိနေသည့် အခြေအနေ၌ရှိနေကြောင်း သိရသည်။

ပုဒ်မ ၄၃၆(က)တွင် "ဤဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း(၁) ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း(၂) ပုဒ်မ ၄၉ မှ ၅၆ အထိ၊ အခန်း (၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း(၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်" ဟုလည်းကောင်း၊ ပုဒ်မ ၄၃၆(ခ)တွင် "ပုဒ်မခွဲ(က)တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်" ဟု လည်းကောင်း ပြဋ္ဌာန်းထားသည်။

လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၄ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးပါဝင်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နှစ်ဦးပါဝင်ပြီး ကျန်အဖွဲ့ဝင်များမှာ အခြားနိုင်ငံရေးပါတီအသီးသီးမှ ဖြစ်ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ လူထုဟောပြောပွဲများ ပူးပေါင်းလုပ်ဆောင်လျက်ရှိပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူများ၏ လက်မှတ်ရေးထိုး ဆန္ဒပြုခြင်းအစီအစဉ်ကိုလည်း စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အလားတူ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အခြားနိုင်ငံရေးအင်အားစုများနှင့် ပြည်သူလူထုများမှ သီးခြားဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

(ပုဒ်မ ၄၃၆ အပါအ၀င် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်နေသည်ကို တွေ့ရစဉ်)

မှတ်သားစရာဒု-သမ္မတစကားများ

၄၃၆ ပြင်ဆင်ရေး နိုင်ငံတကာမှလည်း လက်မှတ်ထိုးနိုင်ပါပြီ။



National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့ ပူးပေါင်းဆောင်ရွက်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ်ရေးထိုးခြင်းအား ပြည်ပတွင်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများလည်း မိမိဆန္ဒအရ ပါဝင်ဆောင်ရွက်နိုင်ပြါ့ပီခင်ဗျာ။
ပြည်ပတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနေဖြင့်
၁။ အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
၂။ မြန်မာနိုင်ငံသားဖြစ်ရမည်။
၃။ မြန်မာနိုင်ငံသားလက်မှတ်အမှတ်(သို့မဟုတ်)မြန်မာနိုင်ငံကူးလက်မှတ်အမှတ်စဉ် ထည့်သွင်းဖေါ်ပြနိုင်ရမည်။
၎။ မိမိဆန္ဒအရသာ ဆန္ဒပြုလက်မှတ်ရေးထိုးခြင်းဖြစ်ရမည်။
၅။ လူတစ်ဦးလျှင် တစ်ကြိမ်သာ လက်မှတ်ရေးထိုးဆန္ဒပြုရပါမည်။
အထက်ပါအချက်များနှင့်အညီ အောက်တွင်တင်ပေးထားသော ဆန္ဒပြုလက်မှတ်ထိုးဇယားပုံစံအတိုင်းသာ လက်မှတ်ရေးထိုးကြပြီးနောက် စကင်ဖတ်၍ အဖွဲ့ချုပ် ရုံးချုပ် အီးမေးလ်လိပ်စာ info.nldburma@gmail.com သို့ ပြန်လည်ပေးပို့နိုင်ပါသည်။

လျှို့ဝှက်ထားတာ ဘာမှမရှိပါဘူး ပေါက်ကြားစရာဘာမှမရှိပါဘူးလို့ ယူနတီတရားလိုထွက်ဆို



Ma Lwin

တရားစီရင်ရေးမဏ္ဍိုင် ကအရေးကြီးတယ်လို့ပြောနေပေမယ့် ဒီစကားကို မလိုက်နာရင်အလကားပဲမဟုတ်လား။ No One Above On The Law လေ။ အဲဒါကိုမလိုက်နာသမျှတော့ တရားဥပဒေ စိုးမိုးရေးဟာ တရားမျှတမှု ကင်းနေအုံးမှာပဲ။ ဘက်လိုက်နေတဲ့တရားစီရင်ရေးဖြစ်နေမှာပဲ လို့ယူဆမိတယ်။ အခုရင်ဆိုင်နေရတဲ့ ယူနတီအမှုကို စွဲချက်တင်လိုက်တာကိုပဲဥပမာပြချင်တယ်။ လျှို့ဝှက်ထားတာ ဘာမှမရှိပါဘူး ပေါက်ကြားစရာဘာမှမရှိပါဘူးလို့ တရားလိုကိုယ်တိုင်ရဲ့ထွက်ဆိုချက်ဟာ တရားသူကြီးရဲ့ရှေ့မှောက်မှာပါ။
ဒါကို နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု အက်ဥပဒေနဲ့တရားစွဲတာဟာ ဘက်လိုက်မှုပဲမဟုတ်ဖူးလား။ ဘယ်မှာလဲ တရားမျှတမှု သာတူညီမျှမှု တရားရုံးတော်ရဲ့ဂုဏ်သိက္ခာ ။ တွေးပြီးရှက်တတ်ရင်တော့ ရှက်စရာပါ။ ဒါပေမယ့် အရှက်တရားကုန်နေသူတွေအတွက်က
တော့ အမှန်ကိုမြင်နိုင်မှာမဟုတ်ဖူး။

ဒေါက်တာသန်းငြိမ်းကွယ်လွန်



Ko Marky

“ ဒေါက်တာသန်းငြိမ်း၏ ကိုယ်ရေးရာဇ၀င်အကျဉ်း ”

ဒေါက်တာသန်းငြိမ်းကို (၅-၈-၁၉၃၈ ) ရက်နေ့တွင် ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊
ခနောင်အရှေ့ကျေးရွာတွင် အဖ ဦးတင်ညွှန့်၊ အမိ ဒေါ်ခင်ညွန့်တို့မှ မွေးဖွားသည်။
၁၉၅၄ခုနှစ်တွင် ရန်ကုန်မြို့မ အထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ပြီး
ရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ကို ၁၉၆၃ ခုနှစ်တွင်ရရှိခဲ့သည်။
တက္ကသိုလ်တက်နေစဉ်အတွင်း ကျောင်း သားလှုပ်ရှားမှုများနှင့် ရန်ကုန်ဆေးတက္ကသိုလ်
ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သည်။ တောင်ငူခရိုင်နှင့်မြင်းခြံ ခရိုင်တွင် အနာကြီးရောဂါ
တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊ မြင်းခြံဆေးရုံတွင် လက်ထောက် ဆရာဝန်
အဖြစ်လည်းကောင်း၊ မြို့နယ်ဆရာဝန်အဖြစ် ကျောက်ကြီး၊ရေကြည်နှင့် ရှမ်းပြည် ဖယ်ခုံမြို့နယ်တွင်
လည်းကောင်း၊ ကုလသမဂ္ဂစေတနာ့ဝန်ထမ်းဆရာဝန်အဖြစ် သိရိလင်္ကာနိုင်ငံတွင် (၁၉၈၄-၈၆အထိ)
လည်းကောင်း၊ ဆောင်ရွက်ခဲ့သည်။
၁၉၈၈အရေးတော်ပုံတွင် ပါဝင်မှုဖြင့် ဖယ်ခုံရဲစခန်းတွင် အချုပ်ခံရပြီးနောက် ပင်စင်အပေးခံခဲ့ရသည်။
ကျောက်တန်းမြို့နယ်တွင် အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်သို့ ပါတီဝင်တစ်ဥိးအဖြစ် ဝင်ရောက်ခဲ့ပြီး
မြို့နယ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် ကျောက်တန်းမြို့နယ်မဲဆန္ဒနယ်မြေမှ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တင်မြှောက်ခံရသည်။
၁၉၉၆ခုနှစ်တွင် ရန်ကုန်တိုင်းစည်းရုံးရေးကော်မတီတွင် ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံရသည်။
၁၉၉၇ခုနှစ်တွင် ဆေးခန်းဖွင့်သည့်ကိစ္စဖြင့် တရားစွဲခံရပြီး ဆမလက်မှတ် သိမ်းဆည်းခံခဲ့ရသည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလတွင် မရမ်းကုန်းမြို့နယ် လူငယ်ဖွဲ့စည်းရေးကိစ္စဆောင်ရွက်မှုဖြင့်
ဒေါ်မေဝင်းမြင့်တို့နှင့်အတူ ဖမ်းဆီးခံရပြီး ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရသည်။
ရန်ကုန်အင်းစိန်ထောင်၊ ပြည်ထောင်၊ ပေါင်းတည်ထောင်များတွင် နေခဲ့ရသည် ။
လွတ်ရက်စေ့သော်လည်း ပုဒ်မ ၁ဝ(က)ဖြင့် တစ်နှစ်စီတိုးပြီး သုံးကြိမ်တိုင်တိုင် ဆက်လက်ချုပ် နှောင်ခံခဲ့ရသည်။
၂ဝဝ၈ခုနှစ် ၊ စက်တင်္ဘာလတွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
ထောင်မှလွတ်ပြီး NLD ရန်ကုန်တိုင်းဒု-ဥက္ကဌ တာဝန်ကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
၂ဝဝ၉ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထောက်အကူပြုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။
ရွှေဂုံတိုင်စာတမ်းကို ပြုစုသောအဖွဲ့တွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၂ဝ၁ဝခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်
ကော်မတီဝင်အဖြစ် တာဝန်ပေးအပ်ခံရသည်။ ၂ဝ၁ဝ ခုနှစ်၊ မတ်လတွင် NLD ပါတီကို ထပ်မံမှတ်ပုံတင်ရန်နှင့်
ရွေးကောက်ပွဲဝင်သင့်ကြောင်းကို ဦးဆောင်ဆွေးနွေးခဲ့သည်။
NLD ပါတီ တရားဝင်သက်တမ်းကုန်သည့်နေ့ (၆-၅-၂ဝ၁ဝ)ရက်နေ့အထိ ပါတီနှင့်အတူ ရှိနေခဲ့သည်။
ရွေးကောက်ပွဲလမ်းကြောင်းမှတဆင့် ဒီမိုကရေစီစနစ်သို့ သွားရောက်နိုင်ရန်အတွက် နိုင်ငံရေးပါတီတစ်ခု
တည်ရှိရန် လိုအပ်ခြင်းနှင့် မပြီးဆုံးသေးသော တာဝန်များကို ဆက်လက်ထမ်းရွက်နိုင်ရန်အတွက်
အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ဇွန်လတွင် ထူထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ပါတီတရားဝင်မှတ်ပုံတင်ကျပြီးနောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂ဝ၁၂ ခုနှစ်တွင် ကျန်းမာရေးအရ ပါတီခေါင်းဆောင်တာဝန်ကို ပြောင်းလဲထမ်းဆောင်ခဲ့သည်။
အကျဉ်းကျခံနေရစဉ်အတွင်း အသည်းကင်ဆာရောဂါကို ရရှိခဲ့ပြီး ထိရောက်သောကုသမှုများ မခံခဲ့ရပါ။
ထို့ကြောင့် ထောင်မှလွှတ်ပြီးနောက် နိုင်ငံခြားသို့ ၁ဝ ကြိမ်တိုင်တိုင် သွားရောက်ဆေးကုသခဲ့သည်။
ပင်လုံဆေးရုံတွင် တက်ရောက်နေစဉ် ၂၁-၅-၂၀၁၄ရက်နေ့မနက်ပိုင်း အသက်(၇၆) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
နိုင်ငံရေးစာပေစာတမ်းများကို ရေးသားခဲ့ပြီး ရွှေဂုံတိုင်ရှင်းတမ်းစာတမ်းမှာ စိတ်ဝင်စားစရာဖြစ်သည်။
တောဆရာဝန်ဘဝ အတွေ့အကြုံ စာအုပ်ကို ထုတ်ဝေခဲ့သည်။ အချိုးကျကိုယ်စားပြုမဲပေးစနစ် ပီအာကို
မြန်မာပြည်တွင် ကျင့်သုံးသင့်ကြောင်းကို အများသိစေရန် စတင်ပြောကြားခဲ့သူလည်း ဖြစ်သည် ။