Thursday, May 22, 2014

ဒီကောင်တွေ ငါတို့ကိုထောက်ခံတယ်လုပ်တာ မဲရချင်လို့...



Khaing Thitsar

မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ဘုရား၏
ထိုင်းနိုင်ငံ စူရတ်ဌာနီတရားပွဲမှ ဒေါ်အောင်ဆန်းစုကြည်ဟာ
ကုလားဘက်ပါသလားဟု မေးသောမေးခွန်းကို ဖြေကြားထားတာပါ...
_______________________________________

မေး။ ။အမေစုဟာ ကုလားဘက်ပါတယ်ဆိုတာ မှန်ပါသလားဘုရား...

ဖြေ။ ။ဒါအမေစုကို မေးရမှာပေါ့....

မပါပါဘူး..... ပရိတ်သတ်တို့ ...မပါပါဘူး...။

အမေစုဟာ တို့တတွေထက် အမြင်ကျယ်တဲ့ ပုဂ္ဂိုလ်ပါ ...အထင်မလွဲကြပါနဲ့...

အခုတို့တတွေကို စစ်တပ်က ပုဂ္ဂိုလ်တွေက..
အမေစုနဲ့ သံဃာတော်တွေကို တိုက်ပေးတာ အောင်မြင်သွားတယ်...
အမေစုကို မုန်းအောင်လုပ်လိုက်တယ်...သံဃာနဲ့ လှည့်တိုက်တယ်...

တကယ်တော့ဒီစစ်တပ်ကကောင်တွေပဲ ငါတို့ဘုန်းကြီးတွေကို သတ်နေတာ...
မွတ်စလင်ဆို အဲကောင်တွေ အသေကြောက်တာလေ...
စေတီတွေ၊သိမ်တွေသာဖျက်ရဲတာ
ဗလီမဖျက်ရဲဘူး စစ်တပ်ကကောင်တွေ ဒီကောင်တွေပဲ...

အခုမှဒီကောင်တွေ ငါတို့ကိုထောက်ခံတယ်လုပ်တာ
မဲရချင်လို့...

အမေစုက ရိုးသားတယ်...ဖြောင့်မတ်တယ်...
သူမကြိုက်တာ မကြိုက်ဘူးလို့ပဲ ပြောတယ်..
မဲအဓိက မထားဘူး...
အဲဒါခေါင်းဆောင်ကောင်းလို့ ခေါ်တယ်...

အဲလိုခေါင်းဆောင်ကောင်းကို မထောက်ခံရင် တို့ထောက်ခံစရာမရှိတော့ဘူး...
တို့ကို ကယ်မယ့်သူ မရှိတော့ဘူး...
ရေစုံမျှောပြီး...

သူ့အနေနဲ့က နိုင်ငံခေါင်းဆောင်ကောင်းပီပီ နှစ်ဖက်မျှမျှတတ သူလုပ်ပေးလိမ့်မယ်...
မယုံမရှိကြပာနဲ့နော် ....

အဲဒီစကားဟာ... အမေစုကုလားဘက်ပါတဲ့..စကားဟာ..
စစ်တပ်က၀ါဒဖြန့်တဲ့ စကားဖြစ်ပါတယ်...
`လုံးဝ' မယုံပါနဲ့လို့ ဆရာတော်ပြောချင်ပါတယ်...
________________________________
(ဆရာတော် ဟောကြားချက်အတိုင်း အပိုအလိုမရှိ စာရိုက်ပေးခြင်းမျှသာ ဖြစ်ပါသည်)

ဒီနေ့၂၀၀၀ ကာတွန်း

တနိုင်ငံလုံးကလေးဆန်ဆန်စိတ်ကောက်ပြကြစို့

ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်ပြီ



BangkokPost

Gen Prayuth Chan-ocha, the army chief, has declared a coup to prevent further loss of life and prevent the conflict from further escalating.

The Peace and Order Maintaining Command (POMC) has now seized power from the caretaker government, Gen Prayuth announced on national television.

Gen Prayuth said this was necessary to restore the situation.

All government agencies are to continue working normally. No weapons movements are allowed. Foreign relations are not affected, he said.

Thailand's army has staged 11 coups since the end of absolute monarchy in 1932.
ထိုင်း စစ်အုပ်ချုပ်ရေး ကြေညာချက် မြန်မာ အစိုးရ ထောက်ခံ
ဧရာဝတီ၊ မေ ၂၂၊ ၂၀၁၄

ထိုင်းနိုင်ငံ၏ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားသည့် မြန်မာနိုင်ငံက ကန့်ကွက်စရာ မရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီးက ပြောဆိုသည်ဟု VOA သတင်းတရပ်တွင် ဖော်ပြထားသည်။ လက်ရှိ မြန်မာအစိုးရကို ယခင် စစ်ခေါင်း ဆောင်ဟောင်းများက ဦးဆောင်နေခြင်း ဖြစ်ပြီး၊ မြန်မာ့နိုင်ငံရေး သမိုင်းတွင် ရာစုဝက်ကျော် စစ်တပ်က အသွင်အမျိုးမျိုးဖြင့် အုပ်ချုပ် လာခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကမူ ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းကြောင့် စိုးရိမ် မကင်း ဖြစ်မှုများ၊ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်မှုများကို စိုးရိမ်မကင်း ဖြစ်မှုများ ဖြစ်ပေါ်နေချိန်တွင် ယင်းသို့ ပြောကြားခြင်း ဖြစ် သည်။ အမေရိကန်က စစ်တပ်အနေနဲ့ အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာရန် နှင့် သွေးထွက်သံယို မဖြစ် အောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် တိုက်တွန်းကြောင်းနှင့် စစ်အုပ်ချုပ်ရေးက ဂြိုဟ်တုနှင့် Cable ရုပ်မြင်သံကြား ၁၀ ခု ထက် မနည်းကို ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သဖြင့် CPJ အဖွဲ့က ကြေညာချက်ထုတ်ပြန် ရှုတ်ချခဲ့သည်။

အဲလိုပြောတဲ့လူ ငါ့ဖိနပ်စီးပြီး ငါဖြတ်သန်းနေရတဲ့ဘ၀ကို လာမြည်းစမ်းကြည့်လိုက်



ဘာတဲ့ ... တစ်နေ့ နှစ်ထောင်ဝင်ရင် နေလို့ရတယ် တဲ့လား။ အဲလိုပြောတဲ့လူ ငါ့ဖိနပ်စီးပြီး ငါဖြတ်သန်းနေရတဲ့ဘ၀ကို လာမြည်းစမ်းကြည့်လိုက်။

ထမင်းတစ်နပ် လျှော့စားတောင် ၂၀၀၀ မလောက်ဘူး။ ဒါတောင် နေမကောင်းလို့ ပါရာစီတမော ၀ယ်သောက်တာတို့၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတို့၊ သွားတိုက်ဆေး ဆပ်ပြာတို့ မပါသေးဘူး။ ဘယ် ဦးနှောက်နဲ့ တွက်ပြီးပြောတာလဲဟဲ့။

စဉ်းစဉ်းစားစားလေးနဲ့ တွက်ချက်ကြပါဦး အဘတို့ရာ။ ဒီ ပို့စ်လေး ဒုသမ္မတနဲ့ ဒုဝန်ကြီး ဖတ်မိရင်ကောင်းမှာပဲ။

Credit - Mon Mon

ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်လေးရောက်ပြီ(ဒုတိယ သမ္မတကြီးဥာဏ်ထွန်း)



ဒုတိယသမ္မတတဦးရဲ့ ဒီလို ပြောဆိုချက်တွေအပေါ် ဝေဖန်ချက်တွေ ကျယ်လောင်တာနဲ့ပတ်သက်လို့ သမ္မတ ပြောခွင့်ရ ဦးရဲထွဋ်ကို မေးမြန်းရာမှာ ဒီပြောဆိုချက်ဟာ ဆိုလိုချက်ကို အဓိပ္ပာယ်ကောက်ယူမှုလွဲပြီး ပြောဆိုတာ ဖြစ်တယ်လို့ ဖြေဆိုပါတယ်။

“လူတွေက ထုံးစံအတိုင်းပဲ ဆိုလိုချက်ကို တလွဲဖြစ်အောင် ကောက်ယူပြီးတော့ ပြောတာပါ။ တကယ်တော့ ဒုတိယ သမ္မတ ပြောတာက ကျနော်တို့ အားလုံးသိတဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှု မျဉ်းပေါ့နော်၊ ဆင်းရဲနွမ်းပါးမှုမျဉ်းက အရင်တုန်းက ၁ ဒေါ်လာ သတ်မှတ်တယ်။ နောက် ၂၀၀၈ ခုနှစ်မှာ ၁ ဒဿ မ ၂၅ ဒေါ်လာ အောက် ၀င်ငွေရှိတဲ့သူတွေကို ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်တယ်လို့ ပြောတယ်။ ဒုတိယ သမ္မတကြီးပြောတဲ့ ဆိုလိုတဲ့ သဘောကတော့ အဲဒီ ၂၀၀၀ အောက် အပေါ်ရောက်လို့ရှိရင် ဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ကို ရောက်ပြီပေါ့။ ဒါကို သူက ဆိုလိုတာပါ။ နိုင်ငံတကာသတ်မှတ်တဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းပေါ့။ နောက်တခုက ကျနော်တို့လုပ်နေတဲ့ ဆင်းရဲနွမ်းပါးလျော့ချရေးဆိုတော အဲဒီစံနဲ့ လိုက်လုပ်နေရတာကိုး။”
http://burmese.dvb.no/

နော်ဝေတို့ဆော်ဒီတို့လိုနိုင်ငံတွေကချမ်းသာတော့နိုင်ငံသားတွေကို
လစဉ်အပိုထောက်ပံ့တာတွေရှိတယ်၊နိုင်ငံခြားကျောင်းသွားတက်သူ
တလ$၂၀၀၀ထောက်ပံ့တာရှိတယ်၊
ကြံ့/ဒု က($2.25) ကျပ်၂၀၀၀ ကိုတောင် Tax ၁၂ရာနုန်းဖြတ်ချင်သေးလားမသိ၊
၂၀၁၅ အတွက်မဲဆွယ်ပေးနေတာလေ၊ —
၂၀၁၅မှာဆင်းရဲနွမ်းပါးမှုမျဉ်းရဲ့ အပေါ်ပါးပါးလေးရောက်စေရမယ် ကျွန်တော်တို့
ကြံ့ဖွတ်ကိုမဲထည့်ပါ။ —

ငြိမ်းပွင့်(၄၃၆) ပြင်ဆင်ရေး မိုးညှင်းခရီးစဉ်


၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) ပုဒ်မ
(၄၃၆) ပြင်ဆင်ရေး မိုးညှင်းခရီးစဉ်
=====================================
မေလ ၁၉ ရက် ၂ဝ၁၄ ခုနှစ်၊ နေ့လည် ၁၁းဝဝ နာရီတွင် ၈၈မျိုးဆက်
(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊
ကိုပဏ္ဍိတ်ထွန်း၊ကိုအောင်လတ်၊ကိုထွန်းသူရစိုး၊ကိုစည်သူအောင်၊
မမီးမီး၊ မတဉ္ဇာဦး၊ မမာယာ၊ မနန်းစော၊ မသဉ္ဇာခိုင်တို့သည် မိုးညှင်းမြို့
သို့ရောက်ရှိခဲ့ကြပြီး မိုးညှင်းမြို့ရှိ ဆရာတော် သံဃာတော်များအား
သွားရောက်ဖူးမြော်၍ ဆွမ်း၊ သင်္ကန်းများကပ်လှူခဲ့ကြသည်။

ည (၇းဝဝ) နာရီတွင် မိုးညှင်းမြို့၌ကျင်းပပြုလုပ်သော အခြေခံဥပဒေ
ပုဒ်မ (၄၃၆) ပြင်ဆင်းရေး လူထုဟောပြောပွဲတွင် ၈၈ မျိုးဆက်
(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုမင်းကိုနိုင်၊ ကိုကိုကြီး
မမီးမီးတို့မှ လူထုဟော ပြောပွဲအခမ်းအနားသို့ တက်ရောက်လာသော
လူထုပရိတ်သတ် ၂ဝဝဝကျော်အား အခြေခံဥပဒေ ပုဒ်မ (၄၃၆) နှင့်
ပတ်သက်ပြီး ရှင်းလင်းခဲ့ပြီး ပုဒ်မ (၄၃၆) ပြင်ဆင်ရေးအတွက်
ဆွေးနွေးဟောပြာခဲ့သည်။

ထိုနောက် မေလ ၂၀ ရက်နေ့တွင် ၈၈မျိုးဆက် (ငြိမ်း/ပွင့်) အဖွဲ့ဝင်များ
သည်မိုးညှင်းမှ ရန်ကုန်သို့ ပြည်လည် ထွက်ခွာလာခဲ့ပြီး လမ်းခရီး၌
အင်းတော်မြို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးနှင့် ဇီးကုန်းကျေးရွာရှိ
 တောင်သူလယ်သမား၊ ပြည်သူများအား နှုတ်ဆက်တွေ့ဆုံကာ
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၄၃၆)ပြင်ဆင်ရေး
လက်မှတ်ရေးထိုး လူထုလှုပ်ရှားမှု နှင့်ပတ်သက်ပြီး
ဆွေးနွေးဟောပြောခဲ့သည်။