Sunday, May 25, 2014

အဆိုတော် သံသာဝင်းမှ အနုပညာရှင်များကို ဖိတ်ကြား

r


(၂ရ)ရက်နေ့ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာကျင်းပမဲ့

ပုဒ်မ(၄၃၆) ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲကို

အနုပညာရှင်များလာရောက်အားပေး ဝန်းရံပေးကြဖို့

အဆိုတော် သံသာဝင်းမှ သူမရဲ့ Facebook စာမျက်နှာပေါ်ကနေ

အနုပညာရှင် မောင်နှမများအားလုံးကို ဖိတ်ကြားထားပါတယ်။

အဆိုတော် သျှီ ၊ ဒါရိုက်တာကြည်ဖြူသျှင်တို့ရဲ့ Facebook
 စာမျက်နှာတွေပေါ်မှာလဲ ဖိတ်ကြားထားတာကို တွေ့ရှိရပါတယ်။

"ယင်လတ် ရှင်နာဝတ်ကို ပြန်လွှတ်လိုက်ပြီ"



 BBC Burmese


ထိုင်းစစ်တပ်က ခေါ်ယူ ထိမ်းသိမ်းထားသော ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ကို ယနေ့ ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။

သိုသော် ထိုင်းစစ်တပ် အာဏာသိမ်းမှုသည် အခြားသော စစ်အာဏာသိမ်းမှုများ ကဲ့သို့ပင် စာအုပ်ကြီး အတိုင်း ဖြစ်လာနေပြီဟု လေ့လာသူများက ဆိုသည်။

ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ညမထွက်ရ အမိန့်များ၊ စစ်အုပ်ချုပ်ရေး ကြေငြာချက်များ၊ ရုပ်သံမှ စစ်ချီတေး ထုတ်လွှင့်မှုများနောက်တွင် မီဒီယာ ဆင်ဆာနှင့် ဖမ်းဆီးထိမ်းသိမ်းမှုများ ပါလာသည်။

နောက်ဆုံးတွင်တော့ အသင့် အနေအထား ရှိနေသော လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သားများက နေရာတိုင်း လိုလိုတွင် ရောက်လာခဲ့ပြီ။ ယခု အချိန်တွင် မြို့တွင်း လမ်းထောင့်မှ မက်ဒေါ်နယ်ဆိုင် ရှေ့တွင်ပင် လက်နက်ကိုင် စစ်သားအစောင့် ရှိနေပြီ ဖြစ်သည်။

တဖက်ခြမ်းတွင်တော့ ညနေအတွက် စားသောက်စရာ ၀ယ်ရန် တန်းစီနေသော ပြည်သူများ ရှိသည်။ သူတို့ကြားတွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း အော်ဟစ်ကာ ဆန္ဒ ဖော်ထုတ်ကြသူ လူတစ်စုက တန်းစီစောင့်ကြပ်နေသော စစ်သည်များကို ရင်ဆိုင်လျှက်ရှိသည်။

မကြာမီ စစ်တပ်က ထရပ်ကားတစ်စီး ရောက်လာပြီး အသင့်တင်ဆောင်လာသော အသံလွှင့်စက်များဖြင့် စစ်ချီသီချင်းများ ဖွင့်ကာ ဆန္ဒပြသူများ၏ အသံကို ဖုံးလွှမ်းပစ်လိုက်သည်။

ထိုင်းစံတော်ချိန် ညနေ ၆ နာရီတွင် လူစုခွဲခိုင်းထားသည်။ သို့သော် ယခု အချိန်ထိ လူစု မကွဲသွားဘဲ ဆန္ဒပြသူများက ပိုလို့ပင် တိုးလာသည်။ တပ်အနေဖြင့် ယခု အခြေအနေတွင် လမ်းပေါ်မှ ပြည်သူလူထု၏ ဆန့်ကျင်မှုများကို မည်သို့ တုံ့ပြန်ရမည်ကို ဝေခွဲမရ ဖြစ်နေဟန်တူသည်။

စစ်သည်ငယ် တစ်ဦး၏ တာဝန်နှင့် ခံစားချက်ကြားမှ ကြေကွဲနေရဟန် မျက်နှာကိုလဲ သတင်းပေးပို့ချက်များတွင် တွေ့ရသည်။ တိုက်ဆိုင်စွာပင် နေကလဲ ခြစ်ခြစ် ပူသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။

ယခုတကြိမ် အာဏာသိမ်းမှုသည် ယခင် အကြိမ်များနှင့် မတူ။ ဒေါသပါသည်။ တင်းမာမှု ပိုကြီးသည်။ ဆန့်ကျင်ဆန္ဒပြမှုများက ယခု အချိန်တွင် လူရာဂဏန်းမျှဖြင့် သေးငယ်သော်ငြား ပိုမို ကြီးထွားလာမည့် အရိပ်အယောင်များ ရှိနေသည်။ စစ်တပ်က အမှားမခံသည့် အနေအထားတွင် ထိပ်တိုက် ရင်ဆိုင်မှုများ ယခုထက် ပိုများပြီး ပိုလဲ ဆိုးလာနိုင်သော အနေအထား ဖြစ်သည်။

ဘန်ကောက်မြို့မှ ဘီဘီစီ သတင်းထောက်၏ သတင်းပေးပို့ချက် ဖြစ်ပါသည်။

ပုဒ်မ(၄၃၆) ပြင်ဆင်ရေး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လက်မှတ်ရေးထိုးမည်



Ko MawPyay

နေပြည်တော်နယ်မြေ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၄၃၆) ပြင်ဆင်ရေး
လူထုဆန္ဒ လက်မှတ်ကောက်ယူရေး အတွက် စတင်မည့်
(၂၇.၅.၂၀၁၄)ရက်နေ့ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်လက်မှတ်ရေးထိုးပြီး လူထုလက်မှတ်ထိုး ဆန္ဒပြုနိုင်ရေး
အတွက် ဆောင်ရွက်နေမှုများ ကြည့်ရှုကာ လူထုနှင့် စကားပြောဆိုရန်
နေပြည်တော် သီရိ(၅)မြို့နယ်များသို့ သွားရောက်မည့် အစီအစဉ်

(၂၇.၅.၂၀၁၄)ရက်နေ့

နံနက်(၈)နာရီ...ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမုကရေစီ အဖွဲ့ချုပ်ရုံး
(၈း၃၀)နာရီ......အဖွဲ့ချုပ်ဥက္ကဌ လက်မှတ်ရေးထိုးခြင်း ၊
ပြည်သူလူထုနှင့် စကားပြောဆိုခြင်း၊
(၉း၀၀)နာရီ.......ပုဗ္ဗသီရိမြို့နယ်
(၁၀း၀၀)နာရီ....ဇေယျာသီရိမြို့နယ်
(၁၁း၀၀)နာရီ....ဇမ္ဗူသီရီမြို့နယ်
(၁၂း၀၀)နာရီ....ဒက္ခိဏသီရိမြို့နယ်
နေ့လည်(၁း၀၀)နာရီ..အစီအစဉ်ပြီးဆုံးသောကြောင့်
ပြန်လည်ထွက်ခွာပါမည်။

မဘသ က အနစ

ဆီစစ်ကြော်ငြာ

ဒီနေ့ကာတွန်း

ဖိုးလပြည့် ကုမ္ပဏီထွန်တုံးတိုက်ပွဲဝင် လယ်သမား ၇ ဦးကို ထောင်တစ်လစီ ချမှတ်


RFA Burmese

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် တရားရုံးက လယ်သမား ၇ ယောက်ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွား ပျက်စီးစေမှု ပုဒ်မတွေနဲ့ မနေ့က ထောင်ဒဏ် တစ်လစီ ချမှတ်လိုက်ပါတယ်။

ပန်းတနော်မြို့နယ် ပြလင်းချောင်းကြီး၊ ထိန်ကုလားကုန်း၊ ကျခတ်တောကျေးရွာတွေက လယ်သမား ၇ ယောက်ကို ဖိုးလမင်းကုမ္ပဏီပိုင် လယ်မြေတွေမှာ ၀င်ရောက်ထွန်ယက်ခဲ့တဲ့အတွက် ပန်းတနော် တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာလို့ လယ်သမားမိသားစုဝင် ကိုချမ်းမင်းစိုးက ပြောပါတယ်။

"ဖိုးလပြည့် ကုမ္ပဏီကနေပြီးတော့ ဧက ၂၄၀၈ ဧကကို သိမ်းယူလိုက်ပါတယ်၊ ထွန်ယက်စိုက်ပျိုးခြင်းမရှိဘဲနဲ့ ငါးကိုပဲ ဦးစားပေးလုပ်ပြီး လယ်ယာမြေ အခန်းကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်အောင်မလုပ်ဘူး၊ အခြားတောင်သူတွေကို အကျိုးတူဆိုပြီး သီးစားချပြီးလုပ်ပါတယ်၊ မိမိတို့လယ်ယာမြေတွေကို မိမိတို့ပြန်လည်လုပ်ကိုင်လိုတဲ့ ဆန္ဒပြင်းပြပြီး မိမိတို့ကိုယ်တိုင် ပြန်လည်ထွန်ယက်စိုက်ပျိုးကြပါတယ်၊ မြို့နယ်တရားရုံးက တရားစွဲပြီး ထောင်သူ ၇ ဦးကို ထောင် ၁ လစီချလိုက်ပါတယ်"

ပန်းတနော်မြို့နယ်မှာ လယ်ဧကပေါင်း ၂၄၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၀၁ ခုနှစ်လောက်က အစိုးရက ရေနက်ကွင်းဖော်ထုတ်ရေး စီမံကိန်းဆိုပြီး လျော်ကြေးမပေးဘဲ သိမ်းခဲ့တာလို့လည်း လယ်သမားတွေက ပြောပါတယ်။ ဖိုးလမင်းကုမ္ပဏီက အစိုးရထံက ပြန်လည်ရယူထားပြီး ငါးမွေးတဲ့ အင်းတွေ လုပ်ကိုင်နေတာလို့လည်း သိရပါတယ်။

အင်းလုပ်ငန်းလုပ်ရာမှာ လယ်မြေအားလုံးမဟုတ်ဘဲ လယ်ဧကအတော်များများကို လယ်သမားတွေကို သီးစားချလုပ်ကိုင်ခွင့် ပေးထားတယ်လို့လည်း သိရပါတယ်။ ထောင်ဒဏ်တစ်လစီ ချမှတ်ခံရတဲ့ လယ်သမား ၇ ယောက်ဟာ ပြီးခဲ့တဲ့နှစ်က ၀င်ရောက်ထွန်ယက်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ပန်းတနော်မြို့နယ်မှာ ဖိုးလမင်းကုမ္ပဏီက တရားစွဲဆိုထားတဲ့ လယ်သမား ၂၀ လောက်ရှိပြီး ကျန်တဲ့လယ်သမား ၁၃ ယောက်ဟာ လာမယ့် ၂၈ ရက်နေ့မှာ အလားတူပြစ်ဒဏ် ချမှတ်ခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

လက်အုပ်ကလေးချီ .... မိချောင်းမျက်ရည်တွေ စီးကျပြ


လိမ်မော်ရောင် လက်ပတ်ဆိုတာ ထိုင်းဘုရင့်သစ်စာခံတွေ အစိုးရဆန့်ကျင်ရေး PDRC တွေ ရဲ့ ကမ်ပိန်း လက်ပတ်ပဲ


ထိုင်းတွေလည်း တီဗီလေးတောင် ကောင်းကောင်း မကြည့်ရ

The Nation သတင်းစာတိုက်

(ဟင်္သာတမြို့ လူထုဟောပြောပွဲ ၊ ၂၅.၅.၂၀၁၄)


ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဟင်္သာတမြို့မှာပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဒီနေ့ ဧရာဝတီတိုင်းဒေသကြီးဟင်္သာတမြို့မှာ လူထုဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ ဒီနေ့ လူထုဟောပြောပွဲကို လူထုပရိသတ် ၂ ထောင်နီးပါးတက်ရောက်ခဲ့ကြပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တောင်းဆိုကြတဲ့ပြည်သူတွေရဲ့ အသံကိုဆုံးဖြတ်ပေးဖို့ဟာ လွှတ်တော်ရဲ့ တာဝန်ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေကဒီနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လူထု ဟောပြောပွဲမှာ ပြောခဲ့ပါတယ်။

ဒီနေ့ လူထုဟောပြောပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ကိုမင်းကိုနိုင် နဲ့ ကိုကိုကြီး တို့အပြင် အန်အယ်လ်ဒီ ဟင်္သာတခရိုင် နဲ့ဧရာဝတီတိုင်းဒေသကြီးက တာဝန်ရှိသူ တွေကလည်း ဘာကြောင့် ပုဒ်မ ၄၃၆ကိုပြင်ဆင်သင့်သလဲဆိုတာတွေကို ရှင်းပြခဲ့ကြပါတယ်။

Photo:RFA သတင်းထောက်များ

National League for Democracy
ဦးတင်ဦး (ဟင်္သာတမြို့ လူထုဟောပြောပွဲ ၊ ၂၅.၅.၂၀၁၄)
စစ်အာဏာရှင်အစိုးရရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာက ဖဲကစားသလိုပဲ သူတို့ဘယ်လိုမှ မနိုင်နိုင်တဲ့ ဖဲကို ပြနိုင်လဲ ငါကိုယ်တိုင်က king ကွ ဆိုပြီးစားတဲ့ အပေါက်မျိုးချိုးထားတဲ့ ဥပဒေဖြစ်နေတယ်

ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖို့လိုအပ်ရင် ပြင်ဆင်နိုင်တယ်လို့ ထည့်ထားပေမဲ့ ပုဒ်မ ၄၃၆ မှာကျတော့ တကယ်တမ်း ဘယ်လိုမှ ပြင်မရအောင်လုပ်ထားတာပဲလေ

အခုဒီကိုရောက်လာတဲ့ လူငယ်တွေ မိန်းကလေးတွေ ၀ိုင်းဝန်းအားပေးကူညီကြသူတွေ တက်ရောက်လာတဲ့ ပြည်သူတွေ ကျနော်အကုန်လေးစားတယ်
အခုရောက်လာကြတာ ဒီဖွဲ့စည်းပုံ အမှားကြိးကို အမှန်ပြင်မယ်ဆိုတဲ့ စိတ်နဲ့ တက်ရောက်လာကြတာ
အမှားကို အမှန်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ကျနော်လေးစားတယ်

ဗိုလ်ချုပ် အောင်ဆန်းက သေနာပတိစစ်ဝန်ကြီး ဘ၀မှာ ကျနော်က ဗိုလ်လောင်း
လွတ်လပ်ရေးကိုတော့ရပြီ ဒီနိုင်ငံကို ဘယ်လိုဆက်သွားမလဲ ဆိုတာကို မိန့်ခွန်းပြောခဲ့တယ်
ဒီမိုကရေစီစနစ်နဲ့သွားမယ်လို့ပြောတယ် ၊
ဒီမိုကရေစိဆိုတဲ့ သဘောကို ပြောသော်လည်း ဖက်ဆစ်ယောင်ယောင် တွေဝင်လာတတ်တာကို မင်းတို့သတိထားရမယ် လို့ပြောခဲ့တယ်
ခုတော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ ယောင်ယောင်မဟုတ်ဘဲ တကယ့်စစ်စစ်ဖြစ်နေတာ ခင်ဗျားတို့အသိဘဲ

ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နောက်ကြောင်းပြန်ဥပဒေနဲ့ အရေးမယူရဘူး ဆိုတာထည့်ထားတယ် ဘယ်သူကိုအရေးမယူရမှာလဲ ဆိုတော့ န၀တ ဗိုလ်ချုပ်ကြီးတွေကို ဖြစ်နေတယ် တစ်ခြားဝန်ထမ်းတွေအတွက်ပြောထားတာမဟုတ်ဘူး

ဒီမိုကရေစီနိုင်ငံမှာ စစ်တပ်သည် လွှတ်တော်ကို မလွှမ်းမိုးရဘူး ၊ လွှတ်တော်ကသာ စစ်တပ်ကိုလွှမ်းမိုးရမှာ ခုတော့ကာချုပ်က ကာ/လုံ ၁၁ ယောက်မှာ ၆ ယောက်ယူထားပြီး လွှမ်းမိုးထားတယ် ။ အဲဒါ ဘယ်လို ဒီမိုကရေစီဖြစ်မလဲ

၈၈ မျိုးဆက် အဖွဲ့က လူငယ်တွေကို အနာဂတ်မှာ တိုက်ပွဲဆက်မ၀င်ရစေချင်တော့ဘူး ၊ ဒေါင်းအိုးဝေ ဖြစ်စေချင်လို့ ကဒေါင်း တံဆိပ်ကို နိမိတ်ယူ ပြီး အလံတော် သတ်မှတ်ထားတယ်လို့ ပြောကြပါတယ် ။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အလံတော်ကို ခွပ်ဒေါင်းအမှတ်အသား ကို ယူထားတဲ့ အဓိပ္ပါယ်က ၈၈ အရေးတော်ပုံ မှာ ဒီမိုကရေစီ တိုက်ပွဲအတွက် ကျောင်းသားတွေ အသက်သွေးချွေး ရင်းနှီးစတေးပြီး တိုက်ပွဲဝင်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ယူထားတာဖြစ်တယ် ၊ ခွပ်ဒေါင်းဟာ ပြည်သူတွေ အတွက်လိုအပ်လာရင် အရင်ကလည်း ခွပ်ခဲ့တယ် ၊ ခုလဲခွပ်နေတယ် ၊ နောက်လဲခွပ်ဦးမယ် ၊ လိုအပ် နေသမျှကတော့ ခွပ်ဒေါင်းက ဆက်ခွပ်နေမှာပါ ၊ ကျနော်လည်းဒီအသက်အရွယ်ဖြစ်နေပေမဲ့ ခွပ်နိုင်ပါ သေးတယ် ။

ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုက်ခိုက်မနေကြဘဲနဲ့ ကိုယ်စားလှယ်တွေ စာပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးကြဖို့ ကျနော်တို့ထောက်ခံတယ် ၊ သဘောထားရှိတယ် ၊ လုပ်ခဲ့တယ် ၊ ကျနော်တို့သဘောထားကို လက်ခံတဲ့ တိုင်းရင်းသားတွေနဲ့လည်း ဆွေးနွေးထားတယ်

တိုင်းရင်းသားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်ကြတယ် ၊
သူကသူ့အဖေလိုပဲ ပြောတဲ့အတိုင်းလုပ်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေလို့ပဲ


ကိုကိုကြီဲး (ဟင်္သာတ မြို့နယ် လူထုဟောပြောပွဲ ၊ ၂၅.၅.၂၀၁၄)
၁၉၄၇ဖွဲ့စည်းပုံဥပဒေအရ မတရားသည့်ဥပဒေများကိုပြင်မယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၆၇ရာခိုင်နှုန်းက သဘောတူရမယ် လို့ ပြဌာန်းထားတယ် ၊ ၁၉၇၄ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် ၇၅ရာခိုင်နှုန်းသဘောတူရမည်ဆိုသော်လည်း ယင်း၇၅ရာခိုင်နှုန်းဟာ ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် အဲဒီ ၇၅ရာခိုင်နှုန်းက အစစ်အမှန် လို့ပြောလို့ရတယ် ၊ အခု၂၀၀၈ဥပဒေမှာ ပြဌာန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်၇၅ရာခိုင်နှုန်းကျော်က သဘောတူရမယ် ဆိုတာက ၇၅ရာခိုင်နှုန်းပဲ ရှိတဲ့ ရွေးကောက်ခံကိုယ်စားလှယ်အရေအတွက်ထက်ကျော်လွန်နေတဲ့အတွက် တကယ်တမ်းကျတော့ ၁၀၀ ရာခိုင်နှုန်းကျော်ရမယ် လို့ ပြောတဲ့ သဘောဖြစ်နေတယ်


မေးနေကျ မေးခွန်းလေး မေးစမ်းပါရစေ
အခု ဒီကို ရောက်လာကြတာ မလာမနေရလို့ အမိန့်အာဏာနဲ့ ခေါ်လို့လား (မဟုတ်ပါဘူး .. )
ဟိုဟာပေးမယ် ဒီဟာပေးမယ် - ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ် လို့ကော ပြောပြီး ခေါ်လို့လား (မဟုတ်ပါဘူး )
ဒါဆို အခုရောက်လာကြတာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပုဒ်မ ၄၃၆ ကို ပြင်ဆင်ချင်လို့လာကြတာပေါ့ (ဟုတ်ပါတယ် )

ဒီဒေသ က တစ်ခြားတိုင်းနဲ့ပြည်နယ်တွေထက်ထူးခြားတယ် အမြဲတမ်း မသိချင်ယောင် မကြားချင်ယောင်ဆောင်တဲ့ အဘတွေ ကြီးစိုးတဲ့ ဒေသ ဒီလိုဒေသမှာ ဘာပေးမယ်လို့မှ မဆွယ်ပဲရောက်လာကြတဲ့သူတွေ ဆိုတော့ တကယ်ကို မတရားတဲ့ ဥပဒေကို ပြင်ဆင်ချင်ကြလို့ပေါ့
ဒီ ဖွဲ့စည်းပုံကို သေသေချာချာ နားလည်ချင်မှ နားလည်မယ် ဒါပေမဲ့ ဒီဥပဒေဟာ ပြည်သူတွေအပေါ် မတရားဘူး ဖိနှိပ်ချုပ်ချယ်တယ် ဒုတိယအချက်က တစ်စုတစ်ဖွဲ့ကိုတော့ အခွင့်ထူးခံ ဥပဒေဖြစ်နေတယ် ဒါကြောင့် အသေးစိတ်နားမလည်သော်လည်း ဒီဟာကို ပြင်မှ ဖြစ်မယ်လို့ ရောက်လာကြတာပေါ့
အားလုံးက ဒီ နာဂစ်ဥပဒေ စာအုပ်အစိမ်းကြီးကို အရည်ကျိုသောက်လောက်အောင် အစအဆုံးအလွတ်မရသည့်တိုင် ဒီစာအုပ်ထဲက ဥပဒေတွေဟာ မတရားဘူးဆိုတာကိုတော့ အားလုံးနားလည်ကြနေကြပါတယ် ။
အကြောပေးရတယ်ဆိုတာ အများတန်းမတူတဲ့ ဒုက္ခိတတွေကို ပေးရတာပါ လက်နက်ကိုင်အဖွဲ့အစည်းကြီးတစ်ခုက ဒီလို အခွင့်ထူးခံ အကြောပေးတာကို ခံစားတယ်ရယူတယ်ဆိုတာ အင်မတန်ရှက်စရာကောင်းပါတယ် ။ ဒီထဲမှာ ကာလုံလို့ခေါ်တဲ့ အထဲက အများစုဟာ ကာချုပ်က ခန့်အပ်တဲ့သူတွေသာ အများစုဖြစ်တယ် ပြည်သူက ဘယ်လောက်ပဲ သဘောထားရှိရှိ အဲဒီလူတွေက သဘောမတူဘူးဆိုရင် ဘာမှလုပ်လို့မရဘူး ၊ နိုင်ငံတော်သမ္မတ ဖြစ်နေလဲ စစ်တပ်ကသဘောမတူရင် လွတ်ငြိမ်းချမ်းသာခွင့်တောင် ကြေငြာလို့မရဘူး
အဲဒီအခြေခံဥပဒေက ပြည်သူတွေကို အကာအကွယ်ပေးမဲ့ ဥပဒေမဟုတ်ဘူး နှိပ်ကွပ်ဖို့ပဲ လုပ်ထားတဲ့ ဥပဒေပါ ကျနော်တို့သွားနေတာက ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့ကြိုးစားနေကြတာပါ ဦးနုက စပ်ခွန်ချိုကို ကျနော်တို့အားလုံးမျှော်မှန်းတဲ့ ဖက်ဒရယ်နိုင်ငံတော်ဖြစ်တော့မယ်ဗျလို့ပြောခဲ့ပြီး နောက်နေ့ပဲ စစ်တပ်က အာဏာသိမ်းတာပါဘဲ
သူများနိုင်ငံတွေမှာ စစ်တပ်ဆိုတာ အာဏာသိမ်းဖို့ဆိုတာကို တွေးလို့တောင်မကြောက်ကြပါဘူး ၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့အလုပ်ကိုသာတန်ဖိုးထားလုပ်ကိုင်ကြတဲ့ စစ်တပ်တွေဖြစ်နေကြလို့ပါဘဲ ၊ အမေရိကန်မှာဆိုရင် စစ်တပ်က အာဏာမသိမ်းနိုင်အောင် နိုင်ငံသားတိုင်း လက်နက် ကိုင်ဆောင်ခွင့်ရှိနေပါတယ် ။
အခုဆိုရင် ဘာဖြစ်လာပြီလဲ နောက်မျိုးဆက်တွေက အခွင့်အရေးရအောင် စစ်တပ်ထဲဝင်မယ် စစ်ဗိုလ်လုပ်မယ်ဆိုတဲ့ စိတ်တွေဝင်လာကြတော့မှာပေါ့ ပြောလာကြတော့မှာပေါ့ အင်ဒိုနီးရှားမှာ တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ရှိခဲ့ပါတယ် ဒါပေမဲ့အရပ်သား ၀တ်စုံနဲ့ပါ ခုတော့ ဒီမှာ စစ်ဝတ်စုံကြီးတွေနဲ့ လွှတ်တော်ထဲဝင်နေတာ နောက်တစ်ချိန်မှာ အဲဒီဓါတ်ပုံတွေ ပြန်ကြည့်စမ်းပါဗျာ ရှက်စရာကြီး
ပြည်သူလူထုက ကောင်းကင်ကြီး အစိုးရဆိုတာက တိမ်တွေပါ ၊ တိမ်တွေက မြဲသလား ၊ ကောင်းကင်ကြီးက မြဲသလား ခဏလေးပေါ်ပေါက်ရတဲ့ တိမ်တွေက ကောင်းကင်ကြီးကို ချိမ်းခြောက်ကြိမ်းမောင်းလွှမ်းမိုးချင်လို့ရမလား
စစ်အာဏာရှင်လက်အောက်မှာ နေ့စဉ်နဲ့အမျှ ပြည်သူတွေကြားနေရတာက အမိန့်တွေပါ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်တွေ အောက်မှာ နေလာခဲ့ကြရတာပါ
ဘယ်အာဏာရှင်ကမှ နိုင်ငံသားတွေမှာ လွတ်လပ်စွာ အခွင့်အရေးတွေရှိတယ်ဆိုတာကို ညဖက်မှာ အရပ်ထဲ လော်စပီကာနဲ့ အော်ပြီး အသိပေးမှာ မဟုတ်ပါဘူး ကျနော်တို့ပြည်သူတွေက ကိုယ့်ရဲ့အခွင့်အရေးတွေကို ကိုယ်ရအောင် ဘယ်အဘကြိုက်ကြိုက်မကြိုက်ကြိုက် ရအောင်လုပ်ယူရမှာပါ
ဒီအခွင့်အရေးတွေကို ရအောင်လုပ်ဖို့ဆိုရင် တာဝန်ယူမှုတွေလိုပါတယ် ။ အခု ဒီကိုရောက်လာတာဟာ ဒီရပိုင်ခွင့်တွေကို သိဖို့ သိအောင်လုပ်ဖို့တာဝန်ယူပြီးလာကြတာပါဘဲ ၊ ဒီလို ပြည်သူတွေစုစည်းလာဖို့ ဆော်သြသူတွေ အခမ်းအနားကျင်းပပေးသူတွေ သတင်းစကားဖြန့်ဝေသူတွေအားလုံးဟာ ကိုယ့်တာဝန်ကိုယ်ယူကြတာပါဘဲ ဒီအခွင့်အရေးတွေကို ရဖို့ ကျနော်တို့လက်ချင်းကျစ်ကျစ်ပါအောင်ဆုပ်လို့တိုက်ပွဲဝင်ရမှာပါ
လက်နက်တွေဟာ ပြည်သူကို ချိမ်းခြောက်လို့ဘဲရပါတယ် ။ ပြည်သူတွေ ရဲ့ နှလုံးသားကို မသိမ်းပိုက်နိုင်ပါဘူး
အခုကျနော်တို့ကို ဘယ်သူက အုပ်ချုပ်လဲ အထွေထွေအုပ်ချုပ်ရေး က အဲဒီလူတွေကို ဘယ်သူ ခန့်ထားလဲ မိုးကျရွှေကိုယ်တွေက ၊ ဒါဟာ အခွင့်ထူးခံတာမဟုတ်ဘူးလား
ပြုပြင်ပြောင်းလဲမှုတွေလိုလားတဲ့ဝန်ထမ်းတွေထဲမှာလည်း ဒါတွေကို ပြောင်းလဲဖို့လိုပါတယ်
ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း တိုင်းရင်းသားတွေရဲ့တန်းတူညီမျှမှုကိုလည်း လုပ်ဆောင်ဖို့လိုပါတယ်
ဒါဟာ တစ်ပြိုင်တည်းလုပ်ရမဲ့ အလုပ်ပါ ချန်ထားခဲ့လို့မရပါဘူး ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့လုပ်ရာမှာ အဲဒီနှစ်ခုလုံးတစ်ပြိုင်တည်းဖြစ်အောင်မလုပ်ရင် မငြိမ်းချမ်းမှုတွေကို အကြောင်းပြပြိး အာဏာရှင်စနစ်ကို အသက်သွင်းနေကြဦးမှာပါ ၊ တိုင်းရင်းသားတွေကလည်း ဒါကို သဘောတူပြီးသားပါ ၊ ပါဝင်ကူညီအားဖြည့်ဖို့လည်း ကတိက၀တ်တွေပြုကြပြီးသားပါ
ကချင်ပြည်နယ်မှာ သေနတ်သံတွေမတိတ်သေးပါဘူး ၊ ရှမ်းပြည်နယ်မှာ ပေါက်ကွဲသံတွေမတိတ်သေးပါဘူး ၊ ကလေးငယ်တွေ ကျောင်းမတက်နိုင်ကြသေးပါဘူး ၊ နေရာတိုင်းမှာ အဲဒီလို ဖြစ်နေတဲ့ ပြည်ထောင်စု တစ်ခုလုံး ကို မြင်အောင်ကြည့်ပါ ၊ ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားဖို့ ကျနော်တို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ပြင်ကို ပြင်ရမှာပါ
ကျောင်းသားတပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း လက်နှစ်ဖက်ပြတ်သွားလို့ တပ်ကနေ အနားယူခွင့်ပေးခဲ့တဲ့ ရဲဘော်တစ်ယောက်နဲ့တွေ့တဲ့အခါ သူက ကျနော့်မှာ လက်ဆွဲနှုတ်ဆက်စရာ လက်နှစ်လုံးမရှိတော့ပါဘူး ဒါပေမဲ့ ကျနော့တိုင်းပြည်အတွက် ကျနော် ဘာလုပ်ပေးနိုင်ဦးမလဲတဲ့ဗျာ .. အခု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်သူတွေ ပါဝင် လက်မှတ်ရေးထိုးပြီး ဆန္ဒဖော်ထုတ်ဖို့လုပ်နေပါပြီ ရဲဘော်ကြီးရေ ခင်ဗျား ဘာလုပ်မလဲဆိုတာ ခင်ဗျားသိမှာပါ လို့ကျနော်က ပြောတော့ သူက ကျနော့မှာ လက်မှတ်ရေးထိုးဖို့ လက်နှစ်ဖက် မရှိတော့ပေမဲ့ ဘော့ပင်ကို ပါးစပ်နဲ့ကိုက်ပြီး ကျနော်လက်မှတ်ထိုးပါမယ် .. လို့ပြောခဲ့တယ်
အဲဒီရဲဘော်လို စိတ်ဓတ်နဲ့ ကျနော်တို့နိုင်ငံအတွက် ကျနော်တို့ရဲ့နောင်လာနောင်သားတွေအတွက် လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ကြပါလို့ ပြောကြားချင်ပါတယ် ။

ဦးမင်းကိုနိုင် (ဟင်္သာမြို့ လူထုဟောပြောပွဲ ၊ ၂၅.၅.၂၀၁၄)

စကားဝှက်များနဲ့  စကားပြောခြင်း



မနက်က အပြင်ထွက်တော့ အိတ်ကပ်ထဲ ဦးဉာဏ်ထွန်းဘဲပါတယ်
အိမ်က ဘာမှစားမလာခဲ့တော့ လမ်းထိပ်ကဆိုင်မှာ ဦးသိန်းစိန်တစ်ခွက်ဝင်ဆွဲလိုက်ရတယ်
အဲဒီဆိုင်အထွက်မှာ ဘော်ဒါတစ်ယောက်နဲ့ တွေ့တယ် လက်ထဲမှာလည်း သူ့မိန်းမ ပြုပ်စားဖို့တဲ့ ဦးအောင်သိန်းလင်း လေးငါးဖူး ကိုင်လို့ ဒီကောင်အရင်က အရမ်းသောက်တယ် မူးလာရင်ဆိုးတယ် ဟိုလူ့ ဦးအုန်မြင့်လုပ်မယ် ဒီလူ့ ဦးအုန်းမြင့်လုပ်မယ်နဲ့ တခါကဆို ကားယူလာပြီး ဦးဉာဏ်ဝင်းလုပ်မယ်လုပ်လို့ မနည်းတားရတယ်။ သူမူးရင် ကိုယ့်မှာအမြဲတမ်း ဦးရဲထွဋ်လိုက်လုပ်နေရတာ ခုတော့လိမ္မာနေပြီ။ သီလတွေဘာတွေယူလို့ ဦးမြင့်လှိုင်တွေ ဘာတွေလုပ်နေပြီ မြို့ပြင်မှာ ခြံဝယ်ပြီး ဦးခင်ညွှန့်လုပ်စားနေတယ် သူ့ကိုနုတ်ဆက်ပြီးအထွက် အော် မေ့တော့မလို့ ကျုပ်မိန်းမ တရုတ်မ မှာတာ သတိရတယ် ညမိုးရွာရင် ဦးဇော်မင်းက မသေချာဘူး ဦးကိုကိုလှိုင် တစ်ထုပ်လောက်ဝယ်ခဲ့မှာလိုက်တာ မေ့လို့မဖြစ်ဘူး တော်ကြာ ဦးလှဆွေလုပ်ပြီး လိမ်ဆွဲခံရဦးမယ် ဘာလို့ကြောက်မှာလဲ ချစ်တာဗျ ဘာကျုပ်ကိုများ ဦးအောင်မင်းမှတ်နေလားမသိဘူး။
(Khin Mg Kyaw)

မုန့်ဟင်းခါးတစ်ပွဲ ဖိုးပဲ ရှိတယ်---ဒုဝန်ကြီး ဦးမောင်မောင် သိန်း


ဒီမို ဖက်တီး

လာပြန်ပီနောက် တစ်ယောက် .. တစ်ရက်တစ်ယောက် မရိုးစေရဘူး ...

အမြန်လမ်း သေဆုံးသူများလျော်ကြေးပေးအပ်ပွဲမှာ ဒုဝန်ကြီး ဦးမောင်မောင် သိန်းက "ပရီမီယံ ကြေးက သုံးရာပဲ ရှိတယ် မုန့်ဟင်းခါးတစ်ပွဲ ဖိုးပဲ ရှိတယ် လျော်ကြေးက အဆတစ်သောင်း ပေးတယ် ကမ္ဘာမှာ မြန်မာပြည် ပဲ ရှိတယ် "
"အာမခံ တစ်ခု ဝယ်ရင် သိန်းသုံးဆယ် နှစ်ခု ဝယ်ရင် သိန်း ၆၀ ရမယ် " တဲ့

ကိုမောင်မောင်သိန်း ရယ် ဒီစကားကို ပြောရအောင် ခရီးသွားတာ သေဖို့သွားနေကြတာ မှ မဟုတ်ပဲဗျာ ။

တကယ်ဆို ၀မ်းနည်းကြေကွဲစွာဖြင့်တို့ ဘာတို့ရေးပေါ့

-MPC က ဦးလှမောင်ရွှေ က ကိုမိုးသီးကို ဒီလို ပြောခဲ့ပါတယ်။



Nyein Chan Aung

ကိုမိုးသီးဇွန် ကို မြန်မာပြည်ကထွက်ဖို့ ဦးလှမောင်ရွှေ က ပြောပါတယ်။

-MPC က ဦးလှမောင်ရွှေ က ကိုမိုးသီးကို ဒီလို ပြောခဲ့ပါတယ်။
နိုင်ငံတော်က မိုးသီးဇွန် ရှိရင် မလုံခြုံဘူးတဲ့။
နိုင်ငံတော်လုံခြုံရေးအရ မြန်မာနိုင်ငံက ထွက်ပေးပါတဲ့။
ဦးလှမောင်ရွှေ ကိုမိုးသီးဇွန် ကို ပြောပြီးတော့ အခြားတယောက်နဲ့လည်း ဒီလို တောင်းပန်ခိုင်းပါတယ်။

-လူ့ဘောင်သစ် (ဦးအောင်မင်း) မှ ကန့်ကွက်ပြီ
-------------------------------------------------
အစိုးရက ခင်ဗျားကို မထွက်ခိုင်းပါဘူး၊ ကျနော်တို့ မြန်မာငြိမ်းချမ်းရေးစင်တာကလည်း မထွက်ခိုင်းပါဘူး။ ဒါပေမဲ့ ဦးအောင်မင်း အာမခံထားတဲ့ ပြည်ပက ပြန်လာတဲ့ လူ့ဘောင်သစ်ပါတီက တာဝန်ရှိတဲ့သူတွေက ခင်ဗျားရှိနေရင် လူ့ဘောင်သစ်ပါတီ (ဦးအောင်မင်း) အနေနဲ့ နှောင့်ယှက်မှု့တွေ ခံရနိုင်တယ်လို့ အလွတ်သဘောပြောတဲ့အတွက် အဖွဲ့အစည်း နဲ့ လူပုဂ္ဂိုလ်ဆိုတော့ ခင်ဗျားကို တိုင်းပြည်က ထွက်ခွာဖို့ ပြောရတာပါတဲ့။

ဇာဂနာ - သိသားပဲ


အစိုး၇ ကလဲ ကူလီကူမာ တော်တော် ပြောတတ်သလို တစ်ချို့  လူတွေကလဲ တော်တော် ကူလီကူမာ ပြောတတ် လုပ်တတ်တယ်ဗျာ။ ဖွဲ့ စည်းပုံ အခြေခံဥပဒေ ဆိုတာ ကြီးကို ပြင်ကိုပြင်ရမယ်၊ မပြင်ရင် တိုင်းပြည် ဒုက္ခရောက်မယ်ဆိုပြီး လေကြီး မိုးကျယ် ပြောလိုက်ကြတာ၊ ဇာ၈နာ ဖြင့်အံ့အားတွေ သင့်လို့ ။

စဉ်းစား ကြည့်လေ။ ညောင်နှစ်ပင် ညီလာခံ ပထမဆုံး စလုပ်ခဲ့ကတည်း က တစ်ရက်မှ မပျက်မကွက် တက်ခဲ့သူတွေက ဒိ စကားပြောနေတာ။ အိုး….. ပိုက်ဆံ များ ရှိလို့ ကတော့လေ..အဲဒီပါးစပ်တွေ ရွှေချ ထားလိုက်ချင်တယ် ။ လောလောဆယ်တော့ ရွှေဖိုးမတတ်နိုင်သေးလို့  စစ္စေးပဲ သုတ်ထားပါတော့မယ်။

ဒီ ညောင်နှစ်ပင် ဖွဲ့ စည်းပုံ ကြီးက တကယ့်ကို တိုင်းပြည်ကို အကျိုးမပေး ဒုက္ခပေး မယ်ဆိုရင် အဲဒီတုန်းကတည်း က မတက်ခဲ့ကြနဲ့ပေါ့။ အဲဒီတုန်းကတည်း ပြော ကြပေါ့ ။ ဒီလိုရေးတာ လုပ်တာဟာ နောင် တိုင်းပြည်ကို ချောက်ထဲ ကျစေနိုင်ပါ တယ် လို့  ပြောခဲ့ကြပေါ့ဗျာ။

ဒါမှ မဟုတ်လဲ NLD သပိတ်မှောက် ထွက်ကထဲက ထွက်လာခဲ့ ကြပေါ့။

ခုတော့ အစ အဆုံး ပြီးအောင်တက်၊ ပေးတာ ယူ ပြီး၊ ခုမှ ထ အော်
နေကြတော့ ဇာဂနာ တို့လေ သူတို့လို မျက်နှာရူးချင်လိုက်တာ အရမ်းပဲ။

ဇာဂနာ - သိသားပဲ
၁၇။၅။၂၀၁၄ ( ပဲ့တင်သံဂျာနယ်ပါ ဆောင်းပါး )

၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးကြသူ အနုပညာရှင်‌များ


She Singer