Monday, May 26, 2014

တရားဝင်ကားဖြင့် ဒုက္ခရောက်ခဲ့ရသူ (ကျော်စိုးစိုး)


Kyawsoe Soe
၂၅.၅.၁၄ ရန်ကုန်မန္တလေးအမြန်လမ်း၂၄၃မိုင်
ကျနော် ယနေ့ ရန်ကုန်မှမန္တလေးသို့ Kluger ၃စီး ဆိပ်ကမ်းမှ ထုတ်ပြီးပြန်ခဲ့သည်။ ၂၄၃မိုင် ရောက်တော့ Honda, CRV မှောက်နေပါတယ်။ ကားတွေရပ် ကူညီမယ့်စိတ်နဲ့ ဓါတ်ပုံရိုက်စဉ် ရဲအရာရှိရောက်လာပြီး ကျနော်တို့ မိတ္ထီလာ လိုက်ချင်လို့ဆိုလို့ ကားတစ်စီးပေါ်တင် ၁၂နာရီ ၃၀ကျော်နေပြီမို့ သီးကုန်း Zeal မှာ၎င်း အရာရှိနဲ့အတူထမင်းစားကြပါတယ်။ ကျနော် ပိုက်ဆံရှင်းပြီးတော့ ရဲအရာရှိက သူ့သူငယ်ချင်းတွေ့လို့ လိုက်သွားတော့မယ်ပြောပြီး ကျနော့် ကားပေါ်က အထုတ်တွေပြောင်းပါတယ် အဲ့ဒီနောက် ကျနော်တို့လည်း မန္တလေးခရီးဆက်ရန် ကျနော်၊သူငယ်ချင်း၊ညီလေး ၃ယောက် ထွက်ခဲ့ကြရာ သီးကုန်း Tool Gate က ညီလေးရဲ့ကားကို ဖမ်းထားလိုက်ကြပါတယ်။ ဖုန်းဆက်လာလို့ နောက်ပြန်လှည့်တော့ ကားကို သီးကုန်းရဲစခန်းခေါ်သွားပါတယ်။ အဲ့ဒီမှာ ကျနော့်အတွေး တစ်ခုဝင်လာပါတယ်။ ကားမှောက်တဲ့ နေရာကလိုက်လာတဲ့ နှစ်ယောက်ကြောင့်လား၊ အဲ့ဒီအချိန်မှာ စားသောက်ဆိုင်တန်းမှ သူတို့ပြောင်းစီးသွားတဲ့ကားထွက်လာလို့ ရဲတွေကို အဲ့ဒီကားတားပြီး ဖမ်းလို့ အော်လိုက်ပါတယ်။ သီးကုန်းရဲတွေ ၀ိုင်းဖမ်းလို့ အဲ့ဒီကားမိလိုက်ပါတယ်။ စစ်ဆေးတော့ ကားပေါ်မှာ ဗိုလ်ကြီး ၂ဦိး၊ ရဲအရာရှိ (၁ပွင့်) ၁ယောက်၊ အရပ်သား ၁ယောက် စုစုပေါင်း ၄ယောက်မှ ရဲအရာရှိမှ မှောက်သည့်ကားမှာ သူ့ကားမှန်ကြောင်း Without ဖြစ်ကြောင်း ပြောဆိုပါတယ်။ အဲ့ဒါဆိုရင် ကျနော့်ကားကို လွှတ်လိုက်ရင်ပြီးပြီပေါ့ မလွှတ်ပဲ ကျနော့်ကို ထိုင်ခိုင်း ဘာ့ကြောင့်လဲလို့ မေးတော့ Without ကားတွေ အုပ်စုလိုက် သွားပါတယ်လို့ တိုင်တန်းချက်ရှိတယ်။ ၂၄၃မိုင် အပိုင်ရဲစခန်းက ဖုန်းဆက်ထားလို့နေပါဦးဆိုပြီး ကျနော့် ကားတွေကို စာရွက်စာတမ်းကအစ စစ်ပါတော့တယ်။ ကျနော်က အမှန်အကန်ပဲ ဘာပြသနာမှမရှိ အကုန်ပြလိုက်တယ်။ ဒါကို တဘက် စခန်းကိုမှန်ကြောင်း သီးကုန်းစခန်းက ဖုန်းဖြင့်ဆက်ပြောပေမဲ့ လက်မခံခဲ့ပါဘူး။ တိုင်တန်းချက်ရှိလို့ ကျနော်တို့ လိုက်လာပါပြီ စောင့်ပါဦးဆိုလို့ ကျနော်မှာ ၂နာရီခန့် ထပ်စောင့်လိုက်ရပါတယ်။ ရောက်လာတော့ ကျနော့်ညီကို "မင်းတို့ တားတိုင်းတင်ရင် တစ်နေ့ ဒုက္ခရောက်မှာပဲလို့ " ကျနော့်ညိကို တဘက်ရဲစခန်း စခန်းမှူးက ငေါက်ငမ်း ပြောဆိုပါတယ်။ Without ကားမှောက်တဲ့ရဲကိုကျတော့ အချင်းချင်းတွေပဲ လျှော့ပေါ့လုပ်ကြတာပေါ့လို့ ပြောပါတယ်။ ရဲဝတ်စုံနဲ့တားလို့ ကျနော့်ညီက ကားရပ်ပြီးကူညီခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဒုက္ခရောက်ခဲ့ကြရပါတယ်။ တရားခံမိသွားလို့ ကျနော်တို့ညီအစ်ကိုတွေ သက်သာရာရခဲ့ကြရတာပါ။ မမိခဲ့လျှင် ညအိပ်ရပြီ ထင်ပါရဲ့ အကောင်းဆုံးက ဒီလမ်းပေါ်မှာဘယ်သူတားတား ရပ်မပေးတာအကောင်းဆုံးပါပဲ။

အမှန်တရားဆိုတာ ဘယ်မှာပါလဲ၊ ကူညီပါရစေ ဆိုတာကကော ဘယ်မှာပါလဲ

ပြည်သူချစ်သော အနုပညာရှင်များ အား တင်ပြခြင်း (၄)



ဒါရိုက်တာကြည်ဖြူ သျှင်

ပြည်သူကိုတန်ဘိုးထားသောအနုပညာရှင်ရုပ်ရှင်ဒါရိုက်တာကြည်ဖြူသျှင်

ပြောမယ်ဆို 2008 ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အားလုံးပြင်ဆင်သင့်တယ်
ရခက်နေတာ။ ကျွန်မအမြင်ကတော့ ဥပဒေဆိုတာ ခေတ်ကာလနဲ့အညီ ပြောင်းလဲပြုပြင်သင့်တဲ့ ပုဒ်မတွေ ပြောင်းလဲနိုင်ရမယ်။ ပြောင်းလဲလို့မရဘူး အတင်းအကြပ်ကိုင်ထားမယ်ဆိုရင် ဒါဟာ အာဏာရှင် ဆန် သွားပြီ။ ဆိုတော့ ကျွန်မတို့ အာဏာရှင်ကိုမကြိုက်ဘူး။ အာဏာရှင်ဆန်သော ဥပဒေပုဒ်မကို ကျွန်မတို့ မကြိုက်ဘူး။ ဒါကြောင့်မို့ ကျွန်မတို့ ဒီပုဒ်မပြင်ဆင်ရေးကို စိတ်ခံစားချက်အမှန်နဲ့ ပါဝင် လက်မှတ်ထိုးကြတာပါ။
photo@ bobo(D.wave)

ကားပါမစ်တွေ ရမယ်၊ ရုံးခန်း အတွက် မြေနေရာတွေရမယ်

ဒီနေ့ကာတွန်း

NLD နှင့် ၈၈ ပွင့် လင်း လူ့ အ ဖွဲ့ အ စည်း တို့ ပူး ပေါင်း ဆန္ဒ ဖော်ထုတ် ပွဲ တွင် ပြည်သူများ၅၀၀၀ကျော်ဆန္ဒပြ ချီတက်

Min Myanmar


Tun Wai

စစ်ကိုင်းတိုင်း ဒေသကြီး ကန့် ဘလူမြို့ မယ် ထန်းတပင်ဇီးကုန်းကျေးရွာ မှာ
၂၀၀၈ ခြေဥ ၄၃၆ ဥပဒေ ပြင်ဆင်ရေး အတွက် NLD နှင့် ၈၈ ပွင့် လင်း လူ့
အ ဖွဲ့ အ စည်း တို့ ပူး ပေါင်း ဆန္ဒ ဖော်ထုတ် ပွဲ တွင် ပြည်သူများ၅၀၀၀ကျော်
(ငါးထောင်ကျော်) ဆန္ဒပြ ချီတက်လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ပြည်သူချစ်သော အနုပညာရှင်များ အား တင်ပြခြင်း (၃)



ဒါရိုက်တာ ၀ိုင်း

ပြည်သူကိုတန်ဘိုးထားသော အနုပညာရှင်ရုပ်ရှင်ဒါရိုက်တာ ၀ိုင်း

ဘာလို့ဒီ 436 ကိုပြင်ချင် တာလဲ?

ဘာလို့ဒီ 436 ကိုပြင်ချင်လဲဆိုတော့ မတ္တရားညှင်းပန်းထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးရဲ့ အစိတ်အပိုင်း တော်တော်များများကို ကျွန်တော်ပြင်ချင်တယ်။ မပြင်ဘူးဆိုရင် ကျွန်တော်တို့ရနိုင်တဲ့အခွင့်အရေး၊ ရပိုင်ခွင့် ရှိတဲ့အခွင့်အရေးတွေ၊ ပြီးတဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်တွေမကောင်းဘူးလို့ ကျွန်တော် ထင်လို့ ဒါကိုပြင်ချင်တာ အဓိကကတော့ ပြည်သူတွေပေါ့နော်၊ အဓိကကတော့ ပြည်သူတွေကထင်နေတာရှိတယ်။ ပြည်သူ တွေကဘယ်လိုထင်လဲဆိုတော့ နှစ်ပေါင်းအစိတ် သုံးဆယ် ညှင်းပန်းနှိပ်ဆက်ခံရတဲ့အတွက် နိုင်ငံရေးဆို ရင် တော်ရုံတန်ရုံကကြောက်ကြတယ်။ သူတို့စိတ်ကိုက ကြောက်စိတ်ဖြစ်သွားတယ်။ အမှန်တော့ အဲဒီ့ကြောက် စိတ်ကမကောင်းဘူး။ အဲဒီ့တော့ သူတို့လက်မှတ်ထိုးချင်ရင်တောင် နည်းနည်းလေးကြောက်နေမှာစိုးလို့ ငါတို့က အနုပညာရှင်၊ ငါတို့က လူသိတယ်ကွာ၊ ငါတို့ဒုက္ခရောက်ချင်ရောက်ပါစေဆိုပြီးတော့ ပူးပေါင်းပါဝင်ကြတာပေါ့။ ပြည်သူတွေအတွက် ဒီပုဒ်မတွေမပြင်ရင် ကိုယ့်မှာ သားတွေသမီးတွေ၊ ကိုယ့်ရဲ့ မြေးတွေ မြစ်တွေ အထိကြည့်မယ်ဆိုရင် ဒီဟာကိုမပြင်ဘူးဆိုရင်တော့ တိုင်းပြည်က ကျိန်းသေတယ်၊ ဗမာစစ်စစ်ဆိုတာ ရှိတော့ မှာမဟုတ်ဘူး။ ပြီးတဲ့အခါကျတော့ အဲဒီ့ကလေးတွေက ကျွန်တွေပဲဖြစ်သွားလိမ့်မယ်။ ဥပမာတစ်ချက် ထောက်ပြမယ်ဗျာ သမ္မတဖြစ်ခွင့်ပေါ့နော်၊ အဲဒီ့နေရာမှာ စစ်ရေးအမြင်ရှိရမယ်တဲ့၊ အဲဒီ့စစ်ရေးအမြင်ရှိတဲ့ လူတွေ နှစ်ပေါင်း 50 ကျော် အုပ်ချုပ်ခဲ့လို့ ကျွန်တော်တို့တတွေ ချောက်ထဲကျနေတာမဟုတ်လား။ ကျွန်တော်တို့အာရှ မှာ ကျွန်တင်ပို့နိုင်ငံတွေထဲမှာ နံပါတ်နှစ်ဖြစ်နေပြီ။ ဒါတောင်တရားဝင်စာရင်းအရ တရားဝင်စာရင်းမှ မဟုတ်ရင် နံပါတ်တစ်ဖြစ်သွားမယ်။ အဲဒီ့စစ်ရေးအမြင်ရှိမဲ့သူတွေသာ ဆက်ပြီးအုပ်ချုပ်မယ်ဆိုရင် မြေဖို့ပြီးသတ်လိုက်တာ နဲ့အတူတူဖြစ်သွားလိမ့်မယ်။ အာရှမှာတင်မဟုတ်ဘူး ကမ္ဘာပေါ်မှာ ဗမာပြည်ဟာ ကျေးကျွန်အဆင့်အတန်း ဖြစ်သွားလိမ့်မယ်။

photo@bobo (d.wave)

ဒေါ်အောင်ဆန်းစုကြည် ထံသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (နေပြည်တော်) မှ ခြိမ်းခြောက်သတိပေးစာ ပေးပို့

Ko Toetoe (NDF)