Wednesday, May 28, 2014

မိုက်တီးမိသားစုလဲထိုး

ဒီနေ့ကာတွန်း

ဟွန်ဒိုင်းကားတစ်စီးနဲ့ ငွေများဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုလှူဒါန်း


ခွန် ဒီးယမ်

ဒေါက်တာဇော်ထွန်းနဲ့ ဇနီးတို့မှ ဟွန်ဒိုင်းကားအသစ်စက်စက်တစ်စီးနဲ့ ငွေများ မေမေ့ကို (ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို) လှူဒါန်း (22-5-2014)

တပ်မတော်၏၀န်ဆောင်မှုရရှိဆဲမိသားစု

ရုံးဆင်းချိန်ရုံးဝန်ထမ်းများ ပုဒ်မ၄၃၆ အတွက် လက်မှတ်ကို တကူးတက လာထိုး



ယနေ့ မေလ ၂၈ ရက် နံနက် ၁၀း ၀၀ နာရီအချိန်က ကရင်ပြည်နယ၊် ဖားအံမြို့၊ အမှတ် ၄ ရပ်ကွက် ၊ သီရိလမ်းရှိ ကန်သာဦး ခန်းမတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့၏ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး ဖားအံမြို့ လူထု ဟောပြောပွဲ နှင့် လက်မှတ်ရေးထိုးခြင်းကို ကျင်းပပြုလုပ်ခဲ့ရာ ၈၈မျိုးဆက်မှ မင်းကိုနိုင်နှင့် ကိုပြုံးချိုတို့မှလည်း ဒေသခံပြည်သူများနှင့်အတူ ပုဒ်မ - ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးခဲ့ကြသည်။

သင်ဇာလေးလဲထိုးပြီ...

ထွေအုပ်က၀န်းထမ်းတွေကို၄၃၆ပြင်ဆင်ရေးကိုကန့်ကွက်ခိုင်း

ကျိုက္ခမီနဲ့ မုဒုံ သုသန်တွေမှာ မီးသဂြိုလ်စက်အသစ်ဆောက်လုပ်ပြီးစီး



Myint Myint Khin Pe

ကျိုက္ခမီနဲ့ မုဒုံ သုသန်တွေမှာ မီးသဂြိုလ်စက်အသစ်ဆောက်လုပ်ပြီးစီးခြင်း အခမ်းအနားတွေမှာ ကိုကျော်သူတို့ ဟောပြောကြတဲ့ပွဲတွေကို လိုက်သွားတာ။ သုသန်တွေကိုသပ်သပ်ရပ်ရပ် ပြုပြင်ထားတာတွေကိုတွေ့ရတော့ သုသန်ကိုမရှင်းကောင်းဘူးဆိုတဲ့ အယူမှားတွေ ပျောက်လာလို့ ကျေနပ်တယ်။

မျက်နှာစိမ်းတွေကြီး



ပိုပြည့် သူ

အရင် ကအနီးစခန်းဆိုတာမေမြို့ ပန်းတွေစတော်ဘယ် ရီတွေစိုက် တဲ့ရွာလေးပါ..မိုးဦးကျချိန်ဆို မြေကြီးနီနီတွေထဲကထိုးထွက်လာတဲ့ မှို တွေ က သစ်ဆွေးတုံးတွေပေါ်မှာအပြိုင်းအရိုင်း၊ည နေခင်းတွေဆိုခြံထဲမှာတံမြက်စည်းလှည်းပြီးစိုစွတ်တဲ့သစ်ရွက် ကြွေတွေကိုမီးရှို့ ရာကထွက် တဲ့အူ နေတဲ့မီးခိုးတန်းလေးတွေ၊လိုင် ချီး သီး တွေသီးချိန်ဆို ဘယ် ခြံထဲမဆို တက်ခူးလို့ ရတယ်၊စက်ဘီးတစ်စီးနဲ့ လာပို့ တတ်တဲ့နွားတွေမွေးတဲ့ဂေါ်ရခါးအဖိုးကြီးတွေ၊စိမ်း လန်း လတ် ဆတ် တဲ့ မုန့်ညှင်းခင်း တွေ၊အဝါ ရောင် ဂန္ဓာပန်းခင်း တွေ၊မြေ ကြီး နီ နီ တွေ နဲ့ အနီးစခန်းက ခုများတော့ မျက်နှာစိမ်းတွေကြီးပါပဲ.

အိမ်လုံးကျွတ်လက်မှတ်ထိုးပုံက

လယ်သမားတွေကို ကြိုးဖြင့်တုတ် ရိုက်နှက်


စုစုနွေး

ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ အကြမ်းဖက်ထားသည့်ပုံ။

နှင်းပြား ဖြစ်ပြီး မိသားစု ဝမ်းစာရေး ရိုးသားစွာဖြင့် ရုန်းကန်နေရတဲ့ ကျေးဇူးရှင် တောင်သူလယ်သမားတွေကို ဘာသာရေးပဋိပက္ခဖြစ်အောင် နိုင်ငံရေးအရ အသုံးမချကြပါနဲ့ ။ (26 5 2014)ရက်နေ့ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှ ဦးစိုးမြင့်ကို အာရောဂျံဆေးရုံပိုင်ရှင် ဒေါ်မိမိလေးဘက်မှ ဖုန်ဖြင့်ဆက်ပြီး မြေယာကိစ္စညှိနှိုင်းရန်ခေါ်ခဲ့သဖြင့် ဦးစိုးမြင့်တို့ သွားရောက်ခဲ့တဲ့အပေါ် လယ်သမားတွေကို ကြိုးဖြင့်တုတ် ရိုက်နှက် အကြမ်းဖက်ခြင်းအပေါ် အခုလိုဖြစ်အောင် ဖန်တီးခဲ့ခြင်းရဲ့အဓိကလူဟာ ဒေါ်မိမိလေးဖြစ်နေပါတယ်။
ပြင်ဦးလွင်မှာ နောက်ထပ် အကြမ်းဖက်မှုတွေဖြစ်ခဲ့ရင် ဒေါ်မိမိလေးမှာ တာဝန်ရှိကြောင်းနှင့် ဒီလိုဖြစ်အောင် နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ တရားခံ အမှန်ပေါ်ပေါက်အောင် မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂမှ စုံစမ်း ဖေါ်ထုတ်သွားပါ့မယ်။
အခြေအနေအဖြစ်မှန်ကို သိရှိနိုင်ရန်နှင့် အကူအညီပေးနိုင်ရန်အတွက်ကျမတို့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေးကော်မတီမှ
ယနေ့ နံနက်(၇:ဝဝ)နာရီတွင်ပြင်ဦးလွင်သို့ စတင်ခရီးထွက်ခွာသွားပြီဖြစ်ပါသည်။

Ph(0949284398)ဒေါ်စုစုနွေး
Ph(0973016130)တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်း
ကိုအောင်ဇော်မင်းPh(0947140524) ပြင်ဦးလွင်
ကိုဇော်ထိုက်Ph(09403759742)ပြင်ဦးလွင်ကို ဆက်သွယ်ပါ
ကျမတို့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး ကော်မတီက
မနက်ဖန်နံနက်(6:00)ရီကားနဲ့ ပြင်ဦးလွင်ကို လိုက်သွားပါမည် ။

နောင်ကျရင်ပြင်နိုင်မယ်လို့ဌေးဦးပြော

အမေစုလက်မှတ်

အားကျိုးမာန်တက် လက်မှတ်ထိုးလျက်ရှိကြတဲ့ အနုပညာရှင်များ