Thursday, May 29, 2014

စစ်သားပါမကျန်ထိုးနေကြပုံကဒီလို

ဒီပဲယင်းလူသတ်သမားအောင်သောင်းက အမေစုဘေးမှာလာကျ


မနက်ဖန်ဒီပဲယင်းလုပ်ကြံမှုနှစ်ပတ်လည်လေ...
တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့အစည်းအဝေးမှာ
ဒီပဲယင်းလူသတ်သမားအောင်သောင်းက
အမေစုဘေးမှာလာကျတယ်....၊
ကျက်သရေယုတ်ပုံကအဲ့လို.....

၄၃၆ ပြင်ဆင်ရေးအတွက်စိုင်းစိုင်းယနေ့ လာရောက်ဆန္ဒပြုလက်မှတ်ရေးထိုး


ကျေနပ်တယ်....တောဂေါ်လီ

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် စူပါစတားဂီတ နှင့် ဗီဒီယို သရုပ်ဆောင်
အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင် ယနေ့ လာရောက်ဆန္ဒပြုလက်မှတ်ရေးထိုး
ခဲ့ကြောင်း သတင်းရရှိပါသည်။

မျိုးပိတ်ဥပဒေ

စုပေါင်းတရားရုံးကိုပြန်လိုချင်လို့ေ ရှ့ နေများမှ ဆန္ဒပြ



မြန်မာနိုင်ငံရှေ့နေများကွန်ရက် သတင်း

မေ ၂၈ ရက် နေ့လယ် ၁၀ :၃၀ နာရီ က ယခင်စုပေါင်းတရားရုံးကိုပြန်လိုချင်လို့ ဘဏ်လမ်းကစုပေါင်းရုံး မှ လိုက်ပါ အမှုလိုက်ပေးမယ့်ရှေ့နေတွေစာရင်းပေးလို့ရတယ် လို့  တရားလိုကရှေ့နေဦးကြီးမြင့် က ပြောဆိုလိုက်ပါတယ်။

ထိုမှဆက်ပြီး ရှေ့ နေများမှ ဆန္ဒပြ ချီတက်လမ်းလျောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
မူရင်း ပိုးပိုး
ကျော်စိုးမိုး


</span>

ပြည်ခိုင်ဖြိုးပါတီသစ္စာဖောက်သဖွယ် ပြောဆိုခံနေရသည်ဆိုသည့် သူရဦးအောင်ကို


=================================
နေပြည်တော်- ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေးကိစ္စရပ်များတွင် ပွင့်လင်းစွာ ပြောဆိုမှုများကြောင့် ပါတီတွင်း သဘောထားတင်းမာသူအချို့က ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်နေကြပြီး သစ္စာဖောက်ဟူ၍ မပြောရုံ အခြေအနေ အရောက်ခံနေရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် သူရဦးအောင်ကိုက ပြောကြားသည်။
ထို့ပြင် ယနေ့အထိ မည်သည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ သစ္စာခံအဖြစ် မပြုလုပ်ခဲ့ဖူးဘဲ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ သစ္စာကိုသာ ခံယူခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ သူရဦးအောင်ကိုက ဆိုသည်။
‘‘ပြည်ခိုင်ဖြိုးပါတီ တည်ထောင်ခဲ့တဲ့ သမိုင်းကြောင်းနောက်ခံ ဘယ်လိုပင်ရှိစေကာမူ ပြည်ခိုင်ဖြိုးပါတီကလည်း နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးအတွက် လုပ်ဆောင်နေတာဖြစ်လို့ ပါတီရဲ့သစ္စာကို ခံယူနေတယ်လို့ ပြောနိုင်ပါတယ်’’ ဟု သူရဦးအောင်ကိုက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုသူသည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် မိမိတို့သာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ရှိနေကြောင်း သူရဦးအောင်ကိုက မီဒီယာသို့ ထုတ်ဖော်ပြောကြားမှု ရှိခဲ့သည်။
===============
7Day Daily (29-5-2014)

မန်းသားတွေကပုပ်စော်နံသတဲ့



 မန္တလေး မြို့ ရဲ့ လက်မှတ် ထိုးရာ နေရာ တခုတခုဖြစ်တဲ့ ၂၇လမ်း ၆၅×၆၆

တောင်ဥက္ကလာ ၇ ရပ်ကွက်လက်မှတ်ထိုးပွဲ

ပုဒ်မ ၄၃၆ ဆိုတာ ဘာလဲ၊ ဘာလို့ ပြင်ဆင်ရတာလဲ ”


ပုဒ်မ ၄၃၆ ဆိုတာ ဘာလဲ၊ ဘာလို့ ပြင်ဆင်ရတာလဲ ”

အဓိကအားဖြင့် ၂ ချက် ရှိပါတယ်။

၁။ စစ်တပ် ထိပ်သီးပိုင်း (သို့) ကာကွယ်ရေး ၀န်ကြီးချုပ်က
တိုင်းပြည်ရဲ့ ကံကြမ္မာကို စီမံနိုင်ခွင့် (သို့) ချယ်လှယ်နိုင်ခွင့် အပြည့်အ၀ ရရှိနေခြင်း

အထွေအထူး ပြောစရာလိုမယ် မထင်ပါ။
ကာကွယ်ရေး ဦးစီးချုပ်က လုပ်ပိုင်ခွင့် မှန်သမျှကို ထိန်းချု့ပ်ထားကာ စစ်ကျွန်ပြုဖို့
 ရေးဆွဲထားတာကို ပြင်မရအောင် လုပ်ထားတဲ့ ပုဒ်မ ဖြစ်နေလို့ပါ။

၂။ ကမ္ဘာပေါ်တွင် ခေတ်အရ လိုအပ်ပါက ပြင်ဆင်ရန်
အခက်ခဲဆုံး အခြေခံ ဥပဒေ ဖြစ်နေခြင်း

ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ၎င်းတို့ ကိုယ်ကျိုးအတွက်၊
သားစဉ်မြေးဆက် စစ်ကျွန်ပြုနိုင်ဖို့ သေချာ ရေးဆွဲထားတဲ့ …

အခန်း (၁) နိုင်ငံတော် အခြေခံမှုများ ………………... ပုဒ်မ ၁ မှ ၄၈ ထိ
အခန်း (၂) နိုင်ငံတော် ဖွဲ့စည်းတည်ဆောက်ပုံ ……… ပုဒ်မ ၄၉ မှ ၅၆ ထိ
အခန်း (၃) နိုင်ငံတော် အကြီးအကဲ …………………. ပုဒ်မ ၅၉ မှ ၆၀ ထိ
အခန်း (၄) ဥပဒေပြုရေး ……………………………. ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁
အခန်း (၅) အုပ်ချုပ်ရေး …………………………….. ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆
အခန်း (၆) တရားစီရင်ရေး ………………………..... ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀
အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ . ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ
အခန်း (၁၂) ဖွဲ့စည်ဒပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ….. ပုဒ်မ ၄၃၆

မှာ ပါရှိတဲ့ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် …

ဘယ်နိုင်ငံရဲ့ အခြေခံ ဥပဒေမှာမှ မရေးဆွဲထားတဲ့ …

၁။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ “ ၇၅% ကျော် ” က ပြင်ဆင်ရန် သဘောတူရမယ်။

*** ပုံမှန်အားဖြင့် နိုင်ငံတကာတွင် ပြည်သူလူထု ရွေးချယ်ထားသော ၁၀၀% ကိုယ်စားလှယ် မှ ၃ပုံ ၂ပုံ
သဘောတူညီမှုရက ပြင်ဆင်နိုင်။
*** မြန်မာနိုင်ငံတွင် ပြည်သူလူထု ရွေးချယ်နိုင်သော ကိုယ်စားလှယ် ၇၅% သာရှိ။
စစ်တပ်မှ ၂၅% အလိုအလျောက် နေရာယူထား။

၂။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅% ကျော်မှ သဘောတူညီမှ ဒုတိယအဆင့် …
ပြည်လုံးကျွတ် ပြည်သူ့ဆန္ဒ ခံယူပွဲ ကျင်းပကာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ၅၀ % ကျော်က သဘောတူညီမှ ပြင်ဆင်နိုင်တယ်။
*** ဒီနေရာမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံး နဲ့ ဆန္ဒမဲ ပေးသူအားလုံး လုံးဝ (လုံးဝ)
အဓိပ္ပါယ် မတူညီဘူးဆိုတာကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။

ဥပမာ … ။ ဆန္ဒမဲ လာပေးသူရဲ့ ၈၀% က သဘောတူဦး။
မဲပေးပိုင်ခွင့်ရှိသူ ၅၀% ကျော် အရေအတွက် မဟုတ်ရင် မပြင်နိုင်ပါဘူး။

ဒါကြောင့် ဒီ ပုဒ်မ ၄၃၆ ကို မပြင်မဖြစ် ပြင်ဆင်ရပါမယ်။
ဒါမှ တိုင်းပြည်ကို စစ်ကျွန်ပြုဖို့ လူမဆန်စွာ ရေးဆွဲထားတဲ့ အခြေခံ ဥပဒေပါ
ကျန်သော ပုဒ်မများကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

စစ်ကျွန် အာဏာရှင်ကျွန် လူ့ကျွန်
ဘယ်သူ့ကျွန်မှ တို့မခံ
လူထုအားနဲ့ တို့တွန်းလှန်

“ ၂၀၁၅ တွင် စစ်အာဏာရှင် မှန်သမျှ ကျဆုံးစေရမည် ”

လေးစားခင်မင်စွာဖြင့်

စိုးထွန်း

အခြေခံဥပဒေ ပြင်သင့်ကြောင်း လွှတ်တော်ကော်မတီခေါင်းဆောင် ပြောကြား




တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ကြောင်း ပြည်သူ့လွှတ်တော် “တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာ-အသနားခံစာများ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီနေ့ ပြန်လည်စတင်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ သူရဦးအောင်ကိုက အခုလို ပြောခဲ့တာပါ။

"ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုရင် အခု ငြိမ်းချမ်းရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလုပ်နေတဲ့ ပထမအဆင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့် ထာဝရငြိမ်းချမ်းရေး အဆင့်နှစ်ဆင့်ရှိပါတယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်မယ့် အနေအထားကတော့ အခု အတိုင်းအတာတစ်ခုအထိတော့ အောင်မြင်မှုရနေပါပြီ၊ သို့သော်လည်း ထာဝရငြိမ်းချမ်းရေးရဖို့ ဆိုလို့ရှိရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကိုပြင်ရမှာဖြစ်ပါတယ်၊ အထူးသဖြင့် တိုင်းရင်းသားတွေက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သူတို့တည်ထောင်လိုကြတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်မယ်ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ကိုပြင်ရမှာဖြစ်တယ်"

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူတွေသာမက တိုင်းရင်းသားပါတီတွေနဲ့ နိုင်ငံတကာက တောင်းဆိုနေကြတာတွေရှိကြောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင် တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံရေးအကြပ်အတည်းတွေ မပေါ်ပေါက်စေဖို့အတွက် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လိုအပ်ကြောင်းလည်း သူရဦးအောင်ကိုက ပြောဆိုလိုက်ပါတယ်။

တတိယနေ့ NLD ရုံးချုပ် ဟာသ လူရွှင်တော်များ လာရောက် လက်မှတ်ရေးထိုး

လက်မှတ်ထိုးပြီးပြင်ဆင်ရန်တောင်းဆိုမှုအပေါ်စိုင်းစိုင်းသဘောထား

***တောဂေါ်လီ မှ ဘောဂေါ်လီ သို့ ခေါင်းစီးပြောင်း ***

ပုဒ်မ-၄၃၆ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ရာတွင် တိုင်းရင်းသားခေါင်းဆောင်ကြီးများလက်မှတ်ရေးထိုး

သူတို့ရပ်စေချင်တဲ့ရထားကို တားပေးဖို့ ဘူတာရုံပိုင်ကိုတော့ အသိပေးထားတယ်

Bluestar King 29.5.2014


ဒီနေ့မနက်၇နာရီ၈နာရီလောက်ကစပြီး
ခြေရှုပ်နေတာအခုချိန်ထိပဲဆိုပါတော့၊
ဘူတာနာမည်က ပဲခူး..ရန်ကုန်လမ်းပိုင်းက
ကျောက်တန်း တဲ့

ဒီနေ့ကာတွန်း