Tuesday, June 3, 2014

ကလေးကစားခွက် ထဲက စင်ကာပူ အကြွေစေ့ တွေ့လို့ ထောင်ချခံရတဲ့ ဒေါက်တာတင်မင်းထွဋ်


 Moe Zay Nyein
NLD ဆိုတာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ်(၂၀)ကျော်အတွင်း နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ခံခဲ့ရတဲ့ ပါတီဖြစ်တယ်။ ဦးဆောင်မှု အဆက်ပြတ်အောင် ခေါင်းဆောင်တွေကို ပုဒ်မ ပုဒ်ထီး အမျိုးမျိုး သုံးပြီး ထောင်နဲ့ အကျယ်ချုပ် တလှည့်စီထား ချုပ်နှောင်ခဲ့သလို အောက်ခြေပါတီဝင်တွေကို နည်းအမျိုးမျိုးနဲ့ ပါတီထဲ မနေနိုင်အောင်လုပ်ခြင်း၊ ဖဲ့ထုတ်စည်းရုံးခြင်းတွေနဲ့ စနစ်တကျ လုပ်ကြံခဲ့တယ်။
NLD ဆိုတာ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့ အနှစ်(၂၀)ကျော်အတွင်း နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ခံခဲ့ရတဲ့ ပါတီဖြစ်တယ်။ ဦးဆောင်မှု အဆက်ပြတ်အောင် ခေါင်းဆောင်တွေကို ပုဒ်မပုဒ်ထီးအမျိုးမျိုးသုံးပြီး ထောင်နဲ့ အကျယ်ချုပ် တလှည့်စီထား ချုပ်နှောင်ခဲ့သလို အောက်ခြေပါတီဝင်တွေကို နည်းအမျိုးမျိုးနဲ့ ပါတီထဲ မနေနိုင်အောင်လုပ်ခြင်း၊ ဖဲ့ထုတ်စည်းရုံးခြင်းတွေနဲ့ စနစ်တကျ လုပ်ကြံခဲ့တယ်။ NLD ပါတီဝင်တစ်ယောက်နဲ့ အခြားသူတစ်ယောက် စက်ဘီးချင်းတိုက်မိ၊ ပြောပလောက်စရာ ဒဏ်ရာမရကြလို့ အချင်းချင်းနားလည်မှုနဲ့ ပြေလည်တာတောင်မှ ထောက်လှမ်းရေးက NLD ပါတီဝင်ကို အမှုလုပ်၊ ထောင်ချခဲ့တာမျိုးတွေ အများအပြား ရှိတယ်။ NLD ရုံးကို ၀င်ထွက်တဲ့သူတွေ၊ NLD ပါတီဝင်တွေနဲ့ ရင်းရင်းနှီးနှီးဆက်ဆံတဲ့ ပါတီဝင်မဟုတ် သူတွေကိုလည်း မှတ်တမ်းတင်၊ ဖိအားပေးတာမျိုးတွေ ရှိတယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ NLD မိတ်ဆွေအချို့ကို ကျွေးမွေးပြုစုချင်လို့ စားသောက်ဆိုင်ကို လှမ်းခေါ်ပြီးတောင် သူတို့နောက်မှာပါလာမဲ့ စောင့်ကြည့်သမား ရှဲဒိုးတွေကို ကြောက်လို့ သူတို့နဲ့ တစ်ဝိုင်းထဲမထိုင်ရဲဘူး။ တစ်ဝိုင်းဆီထိုင်၊ အတန်ကြာမှ အပေါ့သွားသလိုလိုနဲ့ အိမ်သာမှာ သွားစောင့်၊ ကျသင့်ငွေပေး လုပ်ခဲ့ရဖူးတယ်။

ပန်းတနော် NLD ၉၀ အမတ် ဒေါက်တာတင်မင်းထွဋ်အိမ်မှာ ကလေးကစားခွက် ထဲက စင်ကာပူနိုင်ငံသုံး အကြွေစေ့(၂)စေ့ကို တွေ့လို့ နိုင်ငံခြားငွေကြေးနဲ့ပုဒ်မတပ် ထောင်ချခံရတယ်။ တောင်ငူ NLD က ဦးအောင်စိုးမြင့်လည်း ၂၀၀၃ ခုနှစ်၊ မတ်လမှာ သူ့ဆိုင်ကယ်နဲ့ ကျောင်းသူတစ်ယောက် စီးလာတဲ့ စက်ဘီးပွတ်မိတယ်။ ကာယကံရှင်ကျောင်းသူ မဆွေဆွေက သူ့အမှားပါ၊ လူလည်း ဘာမှမဖြစ်လို့ အမှုမဖွင့်ပါဘူးလို့ တရားရုံးမှာထွက်ဆိုတယ်။ ဒါပေမဲ့ စစ်ထောက်လှမ်းရေးက ထောင် (၇) နှစ်ချလိုက်တယ်။ ကန့်ဘလူ ၉၀ အမတ် ဒေါက်တာမြင့်နိုင်ကျတော့ ၂၀၀၄ ဒီဇင်ဘာမှာ ရွှေဘိုကနေ ကန့်ဘလူကို ပြန်အလာ မြို့အ၀င်မှာ ရပ်ထားတဲ့ သူ့ဆိုင်ကယ်ကို မိန်းကလေးတစ်ယောက်ရဲ့ဆိုင်ကယ်က ၀င်တိုက်တယ်။ တိုက်မိတဲ့ ကာယကံရှင် ကိုယ်တိုင်က ဒေါက်တာမြင့်နိုင်မှာ အပြစ်မရှိပါဘူးလို့ ကျေအေးလွှာ တင်တာတောင် ထောင်(၃) လချခံလိုက်ရတယ်။ ပဲခူးမြို့နယ်အမတ် ဦးစိုးဝင်းကို ဒီပဲယင်းအကြမ်းဖက်မှုအပြီး မေ(၃၀) မှာ ထောက်လှမ်းရေးတွေ ဖမ်းတယ်။ ဇွန်(၂၉) ရက်နေ့မှာ ဒဏ်ရာဗလပွနဲ့ အိမ်ကိုပြန်ပို့ပေးတယ်။ ထောက်လှမ်းရေးတွေ လက်ချက်နဲ့ ညာဘက်မျက်စိ ကွယ်သွားတယ်။ မဆလ ခေတ်က နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီးဇော်ဝင်းရဲ့ညီ ဦးတင်မောင်ဝင်း(ခရမ်း) ဟာလည်း ရေကြည်အိုင်မှာ အဖမ်းခံရတဲ့ တစ်လတာ ကာလအတွင်း ထောက်လှမ်းရေးတွေ နှိပ်စက်တဲ့ဒဏ်ကြောင့် ထောင်ထဲမှာ သေပါတယ်။

ကျွန်တော့်မိတ်ဆွေ NLD ပါတီဝင်တစ်ယောက် - (၉-၁၀) တန်း ကလေးတွေကို ဂိုက်ကျူရှင်ပြတယ်။ သူ့ဆီမှာ စာသင်တဲ့ ကလေးတွေရဲ့ မိဘတွေကို မယက၊ ရယကတွေက မကြာခဏ ခေါ်ပြီး ဖိအားပေး တယ်။ ကလေးမိဘတွေလည်း နောက်ဆုံးတော့ ကျွန်တော့်မိတ်ဆွေကို တောင်းပန်ပြီး သူတို့ကလေးတွေကို တခြားဆရာနဲ့ပြောင်းသင်ရတယ်။ မိတ်ဆွေ ကျူရှင်ဆရာလည်း ထမင်းမငတ်အောင် လမ်းထိပ်မှာ ကွမ်းယာဆိုင်ဖွင့်ရောင်းပါတယ်။ ဖွင့်ပြီးလို့ တစ်ရက်နှစ်ရက်နေတော့ စည်ပင်တွေ၊ ရယကတွေ ရောက်လာပြီး စည်ပင်ဥပဒေနဲ့မညီညွတ်လို့ ဘာတို့ အကြောင်းပြပြီး ပိတ်ခိုင်းပါတယ်။ သူ့ဆိုင်နားက တခြားဆိုင်တွေ ကိုတော့ ဘာမှမပြောပဲ သူ့ဆိုင်တစ်ဆိုင်ထဲကိုပဲ ကွက်ပြီး ရမယ်ရှာတာပါ။ ဆိုင်ပိတ်ပေးလိုက်ရ ပါတယ်။ နောက်တော့ “စီးပွားရေးလုပ်ချင်ရင် NLD ကထွက်၊ NLD မှာ ရှိနေသ၍ ဘာလုပ်လုပ် ပြဿနာရှာခံရမယ်” လို့ နယ်မြေခံသတင်းရဲနဲ့ ရယက ကသူ့ကို ခေါ်ပြောပါတယ်။ ဒါပေမဲ့ မိတ်ဆွေကတော့ အငတ်ငတ်အပြတ်ပြတ် ဘ၀နဲ့ပဲ NLD ပါတီဝင်အဖြစ် ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ရွှေဂုံတိုင်ရုံးမှာ အလှည့်ကျ ရုံးတာဝန်သွားယူရင်း လမ်းစရိတ်မရှိလို့ ရွှေဂုံတိုင်ကနေ သာကေတတို့၊ မြောက်ဥက္ကလာ၊ တောင်ဒဂုံတို့ကို လမ်းလျှောက်ပြန်ရတဲ့သူတွေလည်း ရှိပါတယ်။ သူတို့လို ရုံးတာဝန်ကျ သူတွေကို ပါတီဝင်အိမ်တွေက အလှည့်ကျ နေ့လည်စာ ကျွေးပါတယ်။ တခါတလေ အလှည့်ကျတဲ့ အိမ်က အဆင်မပြေလို့ ထမင်းမပို့နိုင်တဲ့ အခါ နေ့လည်စာငတ်ကြပါတယ်။

ပြောချင်တာကတော့ စစ်အစိုးရဟာ NLD ကို နည်းလမ်းအမျိုးမျိုးနဲ့ နာလန်မထူ နိုင်အောင် အကြီးအကျယ် ချေမှုန်းဖိနှိပ်ခဲ့တယ်။ အာဏာရှင်တွေရဲ့ ငွေကြေး၊ ရုပ်ဝတ္တုပစ္စည်း၊ အခွင့်အရေးတွေ ပံ့ပိုးမှုနဲ့ အရှင်မွေးလို့ နေ့ချင်းကြီး လာရတဲ့ ကြံဖွတ်ပါတီနဲ့တော့ ဖြောင့်ဖြောင့်ကြီး ကွာတာပေါ့။ NLD အနေနဲ့ ပါတီတွင်း၊ ပါတီပ အသိပညာပေးရေး၊ လေ့ကျင့်ရေး၊ စည်းရုံးရေးလုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်ခဲ့အချိန်ကာလ နှစ်တွေက လက်ချိုးရေလို့ ရပါတယ်။ လက်တစ်ဖက်စာ မပြည့်သေးပါဘူး။ NLD ဟာ အာဏာရှင်တွေရဲ့ နှစ်ရှည်လများ ရက်ရက်စက်စက် နှိပ်ကွပ်မှု အောက်မှာ အလဲလဲအကွဲကွဲဖြစ်တာတောင် လဲကျမသွားတဲ့၊ အနှစ်(၂၀) စာလောက် ပါတီလုပ်ငန်းတွေကို ခုမှ အသည်းအသန် လုပ်နေရတဲ့၊ ခေါင်းဆောင်တွေကို ထောင်ထဲထည့်ပြီး အချိန်ဖြုန်း၊ အသက်အရွယ် ထောက်၊ ရောဂါတွေတက်မှ ပြန်လွှတ်ပေးခံခဲ့ရတဲ့ ပါတီဖြစ်ပါတယ်။ အာဏာရှင် တွေရဲ့ အနိုင်ကျင့်လုပ်ရပ်တွေကြောင့် ကုန်ဆုံးခဲ့ရတဲ့ အချိန်တွေ၊ လူ့စွမ်းအားတွေ ကိုတော့ ထည့်မပြော၊ ထည့်မတွက်ပဲ NLD မှာ ကပယ်စတီ မရှိတာတွေ၊ မျိုးဆက်သစ်မရှိတာတွေပဲ လေကန် ဝေဖန်နေတဲ့ ဦးနှောက်ပိုင်ရှင်တွေကတော့ ချီးဘရိန်းတွေထင်ပါရဲ့။

ဒီနေ့ကာတွန်း

ဒေါ်အောင်ဆန်းစုကြည်ကိုပြောခဲ့တာဘယ်သူလဲ

r

ဒေါ်အောင်ဆန်းစုကြည်ကိုပြောခဲ့တာ၁၉၈၇ မဆလ ခေတ်ကဆန်စပါးဝယ်ယူရေးမှာ
ဥက္ကဌ ။အဲဒီတုန်းက သူကြောင့် တပ်ကုန်းကလယ်သမားတွေ တော်တော်များများ
ဒုက္ခရောက်ခဲ့ရတယ်။၁၉၈၈ ခုနှစ်မှာ ကျေးရွာဥက္ကဌ လုပ်တယ်။

ကုန်တာမသိတဲ့(မသိချင်ယောင်ဆောင်ပြီးတည်တည်ကြီးပြောကြားပါသော) ပြည်ထောင်စုဝန်ကြီး



" အရင်က အဆောင်မှုး တစ်ယောက် တစ်လ ကျပ်၁၅၀ပဲ ရတယ်။ အဆောင်နည်းပြက တစ်လ ကျပ်၁၀၀ပဲ ရတယ်။ အခု အဆောင်မှုး တစ်ယောက်က ကျပ်၂၀၀၀၀၀l အဆောင်နည်းပြ တစ်ယောက်က ကျပ်၁၅၀၀၀၀ တိုးပေးလိုက်တယ်"

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း
ဇွန်လ ၂ရက်နေ့ထုတ် ကြေးမုံသတင်းစာ

ဧရာဝတီဂျာနယ်သတင်းထောက် ကိုကျော်ထွန်းကို၅၃၂ ခြေလျင်တပ်ရင်းကထိုးကြိတ်ရိုက်နှက်



 Soe Yazar Tun

ဒီနေ့ ညနေ ၈ နာရီကျော်လောက်က ဧရာဝတီဂျာနယ် (ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုဂျာနယ်ပါ) က သတင်းထောက် ကိုကျော်ထွန်းကို လှိုင်သာယာ ၅၃၂ ခြေလျင်တပ်ရင်းက တပ်ရင်းဗိုလ်ကြီးအပါအ၀င် အကြပ်စစ်သည်အချို့နှင့် ထိုးကြိတ်ရိုက်နှက်ခြင်းများ ပြုလုပ်ကာ တပ်ရင်းထဲတွင် ဖမ်းစီးထိန်းသိမ်းထားလိုက်ကြောင်း လှိုင်သာယာမြို့နယ်ရှိ NDF ပါတီ၏ ဗဟိုအလုပ်သမားရေးရာကော်မတီ ကိုရဲကိုနိုင်(၈၈၈၈) ထံမှ သိရသည်။ ကိုကျော်ထွန်းမှာ ဒီနေ့ နေလည်ပိုင်းလောက်တည်းက ယင်းတပ်နယ်မြေ ၀န်းကျင်ရှိ လယ်သမားများပိုင်မြေနှင့် တပ်ပိုင်မြေအဖြစ် အငြင်းပွားလျက်ရှိသည့် သတင်းနှင့်ပတ်သက်ပြီး လယ်သမားများထံ သတင်းလာရောက်ယူခဲ့စဉ် ညနေအချိန်ပိုင်းတွင် ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်းဟု ကိုရဲကိုနိုင်က ပြောသည်။ ဖမ်းစီးခဲ့ခြင်းကို လက်တွေ့မြင်ခဲ့ရသည် လယ်သမားများက သတင်းသမားနှင့် မီဒီယာအပေါ် ဆဲဆိုကြိမ်းမောင်း သွားကြောင်း ကိုရဲကိုနိုင်ထံမှတဆင့် သိရသည်။ လက်ရှိ ကိုကျော်ထွန်းအား ရဲဖက်သို့ အပ်နှံရန် လှိုင်သာယာမြို့နယ် ရဲဖက်ဆိုင်ရာဝန်ထမ်းများနှင့် ဆွေးနွေးလျက်ရှိသည်ဟု သိရသည်။

>>> မီဒီယာမှ တာဝန်ရှိသည့် အဖွဲ့အစည်းများ အမြန်ဆုံးကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ဆက်သွယ်ရန် - ကိုရဲကိုနိုင် - ၀၉၄၂၀၇၆၉၉၆၉

Photo by Nay Minn

လက်ရှိအခြေနေကတော့ တရုတ်နှင့် မထူးမခြားနား



Ye Min Tun

တရုတ်ပြည် Tiananmen Square အရေးတော်ပုံမှာ ကျောင်းသားတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တဲ့ တရုတ်ကွန်မြုနစ်ပါတီ စကားက ခံပြင်းစရာကောင်းလှတယ် " ကျောင်းသားတွေက တကယ်ဆို အေးအေးဆေးဆေး လူစုခွဲသွားသင့်တယ် လူစုခွဲဖို့ အခွင့်ရေးပေးတုန်း ကျောင်းသားတွေက လူစုမခွဲလို့ အမျိုးသားလုံခြုံရေး အရ အရေးယူလိုက်ရတာပါ" ဆိုပဲ။ ၁၉၈၉ ခုနှစ် တရုတ်ကျောင်းသားတွေရဲ့ အရေးတော်ပုံမှာ ဘယ်လိုအရေးယူလိုက်လည်း ဆိုတာကိုတော့ ပြောပြဖို့လိုမယ် မထင်ပါဘူး။

အဓိကပြောချင်တာက တရုတ်ကျောင်းသားတွေရဲ့ Tiananmen Square အရေးတော်ပုံ အပြီးမှာ တရုတ်ကွန်မြူနစ်ပါတီက နို်င်ငံရေးဝန်ရိုးကို နည်းနည်းလှည့်ပြီး တရုတ်လူထုကို စီးပွားရေး နည်းနည်းဖွင့်ပေးတယ်။ နည်းပညာ နည်းနည်း ဖွင့်ပေးတယ်။ တရုတ်လူထုကြီး အလျှင်အမြန် ရုန်းထ ကုန်းထကြရင်း။ ဆင်းရဲချမ်းသာတွေ ကွာဟလာတယ်။ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူဒိုတွေနှင့် နီးစပ်ရာတွေ သူဌေးဖြစ်ကုန်တယ်။ လယ်သမားတွေ မြေယာပျောက်ကုန်တယ်။ မြစ်ကြောင်းထဲမှာ ငါးရှာတဲ့ တံငါသည်တွေ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေ အတွက် မြစ်ထဲက ထွက်ပေးရတယ်။ သာမန်လူထုကတော့ မထူးမခြားနားလှဘူး။ စီးပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်အရ ပညာတက်တွေ နေရာနည်းနည်း ရလာတော့ တရုတ်မျိုးဆက်သစ်တွေက ပညာရေးကို အငမ်းမရ ကုန်းလုပ်ကြတယ်။

တကယ်တော့ တရုတ်ပြည်ယနေ့တရုတ်ပြည် အနည်းငယ်ပြောင်းလွဲမှုက ၁၉၈၉ ခုနှစ် Tiananmen Square ကျောင်းသားအရေးတော်ပုံနှင့် အများကြီးဆိုင်တယ်ဆိုတာ သမိုင်းသိသူတိုင်းသိကြတယ်။ သို့သော် ၀ါဒမှိုင်းနှင့်အတူ စိတ်ဓါတ်စစ်ဆင်ရေး လုပ်ခံထားရတဲ့ ယနေ့ တရုတ်ပြည်သူ အများစုမှာ ကိုယ့်ဘ၀ ကိုယ်ကြည့်ဆိုတာပဲ သိတော့တယ်။ မိမိဝင်ငွေရဖို့အတွက် အခြားတရုတ်တွေကို ချနင်းရဲပြီ။ တရုတ်လူမျိုးတွေရဲ့ အစဉ်လာကြီးမားသော အမျိုးသားရေး သစ္စာစောင့်သိမှု ပျက်ဆီးကုန်တယ်။ တရုတ်ကွန်မြူနစ်ပါတီ အာဏာတည်မြဲလာတယ်။

ယနေ့ လူငယ်မျိုးဆက်သစ်တွေက Tiananmen Square အရေးတော်ပုံကျောင်းသားတွေကို သတိမရတော့ဘူး။ နိုင်ငံခြားကိုတိမ်းရှောင်ပြီး တရုတ်ပြည်ပြောင်းလွဲရေးကို ဖိအားပေးခဲ့တဲ့ အရေးတော်ပုံကျောင်းသားတွေ ယနေ့တရုတ်ပြည်ကို ပြန်ဝင်ခွင့် မရတော့ပါ။ တရုတ်ကွန်မြူနစ်ပါတီရဲ့ အညှိုးကို ခံနေရတဲ့ Tienanmen Square အရေးတော်ပုံ ကျောင်းသားဟောင်းကြီးတွေကို ယနေ့နိုင်ငံခြားထွက်လာတဲ့ တရုတ်မျိုးဆက်သစ် လူငယ်တွေက ပြဿနာငနဲကြီးတွေဆိုပြီး ဝေးဝေးရှောင်ကြပြီ။ ရင်နာစရာမြင်ကွင်းပါ။

တရုတ်အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံ မပြင်နိုင်ရင် အသစ်မရေးဆွဲနိုင်ရင် အနာဂတ်တော့ သွားပြီ။ လက်ရှိအခြေနေကတော့ တရုတ်နှင့် မထူးမခြားနားပါပဲ။

ရဲမင်းထွန်း

ပညာရေးဌာနမှအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုသည့်ဝန်ကြီး


Yangon Media Group

ပညာရေးဌာနမှအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုသည့်ဝန်ကြီးက ယင်းကိစ္စကို ဖြေကြားလိုခြင်းမရှိ

**********************************************************
မင်းအောင်ခိုင် ၊ Flower News Journal အတွဲ(၁၀) အမှတ်(၂၁)

ရန်ကုန်၊ မေ ၃၁- ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ပါးက ပညာရေးဌာန မှအရာရှိများကို ကိုယ်ထိလက်ရောက် ကျူးလွန်သည်ဆိုခြင်းနှင့်ပတ်သက်၍ အ ကြောင်းစုံကို ဖြေကြားပေးလိုသည့်ဆန္ဒမရှိကြောင်း အဆိုပါဝန်ကြီးက ဖလားဝါး နယူးစ်ဂျာနယ်သို့ပြောသည်။

''ကျွန်တော် ခရီးထွက်နေလို့ပါ၊ ဘာမှမမေးပါနဲ့''ဟု ယင်းကပြောသည်။
ဖလားဝါးနယူးစ်ဂျာနယ်မှ အဆိုပါဝန်ကြီးအား မေ ၃ဝ ရက်က ပညာရေး ဌာနမှ ဆရာများအား ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုများဖြစ်သည်ဆိုခြင်းကို သိလိုသည်ဟုမေးမြန်းခဲ့ရာ ယင်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီး တစ်ပါးသည် မေ ၂၇ ရက်တွင် ယင်း၏ရုံးခန်းသို့ ပြည်နယ်ပညာရေး ညွှန်ကြားရေး မှူးတာဝန်ကို ခေတ္တတာဝန်ယူထားသူ ဆရာတစ်ဦးနှင့် လက်ထောက်ကြီးကြပ်ရေး မှူးတစ်ဦးတို့ကိုခေါ်ယူပြီး မူလတန်းပြဆရာ၊ ဆရာမ အပြောင်းအရွှေ့ကိစ္စများနှင့် စပ်လျဉ်း၍ ချက်ချင်းအမိန့်ထုတ်ပေးရန်နှင့် ယင်း၏ရှေ့တွင် လက်မှတ်ထိုးခိုင်း ခဲ့ရာ ယင်းပြည်နယ်ပညာရေးညွှန်မှူးတာဝန်ကိုယူထားသူ ဆရာက မိမိအနေဖြင့် အမိန့်ကို ချက်ချင်းထုတ်ပြန်ပေး၍မရကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်ကို ခေတ္တစောင့်ဆိုင်းပေးပါရန် ပြောဆိုခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီးက ခိုင်းတာကို မလုပ်ပေးရကောင်းလားဟုဆိုကာ ပညာရေးညွှန်မှူး၏ မျက်နှာကိုလက် သီးဖြင့်ထိုးရာ ဘေးနားတွင်ရှိသော လက်ထောက်ကြီးကြပ်ရေးမှူးက ဝင်ပြောသည့် အတွက် ယင်းကိုပါ ထပ်ပြီး ပါးရိုက်လိုက်ကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ပညာရေး မှူးရုံးမှ ဆရာတစ်ဦးက ဆိုသည်။

''မူလတန်းပြ ဆရာ၊ ဆရာမ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ ရုံးကို ခေါ်ပြီး ချက်ချင်းအမိန့်ထုတ်ခိုင်းတယ်။ လက်မှတ်ပါ တစ်ခါတည်းထိုးခိုင်းတော့ ဆရာက မထိုးဘူး။ ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကို စောင့်ရပါမယ်။ နှစ် ရက်လောက်စောင့်ပါဆိုတော့ သူခိုင်းတာကို မလုပ်ရကောင်းလားဆိုပြီးတော့ လက် သီးနဲ့ထိုးတယ်။ ဘေးနားကဆရာက ဝင်ပြောတော့ သူ့ကိုပါ ပါးရိုက်တယ်''ဟု ယင်း ပညာရေးမှူးရုံးမှ ဆရာက ဆိုသည်။
အဆိုပါဝန်ကြီးသည် ပြီးခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲက ပြည်ခိုင် ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ဦးဖြစ်ပြီး တပ်မတော်တွင်လည်း ဒုတိယ ဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။

ကျောရိုးမာသူ နဲ့ ပျော့သူ



Aung Moe Win
June 1

ဒေါက်တာသန်းငြိမ်းဈာပန မှာတုံးက ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွှန့်ကို အငမ်းမရနှုတ်ဆက်( လက်အုပ်ချီတဲ့သူကချီ) နေတဲ့ နိုင်ငံရေးအကျဉ်းသမားဟောင်း ဆိုသူတွေအကြောင်းကို မိတ်ဆွေတယောက်က ပြောပြတယ်။

ဖြစ်မှဖြစ်ရလေ လို့ ပဲ ပြန်ပြောလိုက်မိတယ်။
အမှတ်သည်းခြေရှိသူ၊ ကျောရိုးမာသူ နဲ့ ပျော့သူ --- လောကကြီးမှာ အမျိုးမျိုးပေါ့လေ

အခုတလော ကျနော်တို့ နိုင်ငံရေးလောကမှာ မြေခွေးဥပုဒ်စောင့်ချိန် လွန်သွားသောအခါ ဆိုတဲ့ ဝေါဟာရတခု တိုးလာတယ်။ မြေခွေးဆိုတဲ့သတ္တဝါက အစာမရခင်တော့ ဥပုဒ်စောင့်တော့တာပေါ့. အစာလည်း ရရော နဂို စရိုက်တွေက ထိန်းမရတော့ဘူး။

ဒီနေ့မြန်မာပြည်က နိုင်ငံရေးလောက ကလည်း ဒီအတိုင်းပါပဲ။

လူထုရှေ့မှာတော့ ရဲရဲတောက်တွေပြောနေတာ။ ပြီးရင် ငြိမ်းချမ်းရေးစင်တာ က လူတွေဆီကို တွေ့ချင်လို့ဆိုပြီး ဖုံးခဏခဏ ဆက်တယ်။ ဟိုက လူတွေက ဟာသလုပ်နေတယ်။
ခင်ဗျားတို့ ကျောင်းသားခေါင်းဆောင်တွေဗျာ ကျနော်တို့ကို တွေ့ချင်တယ် ဆိုပြီး ဖုံးဆက်နေတာ (၃) ခါ လောက်ရှိနေပြီ။ ကျနော်တို့က နောက်ဆုံးအခေါက်လောက်ကျ မှ ဖုံးပြောလိုက်ပါတယ် တဲ့။

အမှန်က ဟိုဘက်ကလည်း သတင်းတွေကို လှည့်ပတ်ပို့ပေးပြီး ဟာသ လုပ်နေတာ။

တကယ်တော့ ကျနော်တို့ချင်းက လိမ်လို့မရပါဘူး။

လွန်ခဲ့တဲ့ (၂- ၃) နှစ်လောက်က ထိုင်းနယ်စပ်မှာ
၂၀၀၈ အခြေခံဥပဒေကို တိုက်ဖျက်ရမယ် ဆိုပြီး ပြည်တွင်းက လူတွေကို ခေါ်ပြီး သင်တန်းတွေပေးတယ်။ အောင်မယ်။ ဟော်တယ် တခု တခု မှာ သင်တန်းပေးတာ တပွဲ တပွဲ လူ(၅၀) ကျော်သတဲ့။

သင်တန်းဆရာက တလကို ဘတ် (၁) သောင်းရတယ်။ ကျန်တဲ့ လခ နဲ့ ပေါင်းလိုက်ရင် ဘတ်(၂) သောင်းလောက်ရတယ်။

၂၀၀၈ ကတော့ ဘာမှ မဖြစ်ပါဘူး။ သစ္စာဆိုတဲ့သူက ဆို၊ လွှတ်တော်ထဲ ရောက်တဲ့သူက ရောက်၊

နယ်စပ်က မဟာမဟာ့ ယူဂျီခေါင်းဆောင်များကလဲ ပြည်တွင်း ထဲ ပရောဂျက်တွေပွေ့ပြီး ပြန်ရောက်သွားတယ်။ ဦးအောင်မင်းက လက်ချာရိုက်နေတာကို ကုပ်ကုပ်လေးနားထောင်နေတဲ့ လက်ဝဲယောင်ယောင်လူငယ်ပါတီခေါင်းဆောင်များကိုလည်း စိတ်မကောင်းစွာကြည့်နေမိတယ်။

ဒီလူတွေက ထူးတော့ထူးတယ်။

ဘာအလုပ်မှသာ မရှိတာ မွေးနေ့ပွဲတွေကလည်း ခြိမ့်ခြိမ့်သဲ၊ သောက်စားနိုင်ကြတယ်။
ဘာမှန်းညာမှန်းမသိတဲ့ ပြည်တွင်းက ကျောင်းသားတွေကလည်း အဲ့ဒီပုံတွေကို တင်တင် ပြီး ပျော်ကြသဗျာ။

ထိုင်းနယ်စပ် နိုင်ငံရေးက ပြည်တွင်းကို ရွေ့သွားပြီ ဆိုမှ တော့ လူငယ်တွေလည်း ပျော်ကြပြီပေါ့။

တကယ်တော့ ဘဝမှာ သင်ခန်းစာယူစရာတွေက အများကြီးပါ

မတရားတဲ့အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ အစ ------
၂၀၁၀ ရွေးကောက်ပွဲ မသမာမှုစာတမ်း အလယ်၊
ခရိုနီ လေလံတင်ပွဲ နဲ့
ဖဆပလ လို လွတ်လပ်ရေးရစဉ်က အဆုံး ----

ဘယ်သူတွေ ပါဝင်ခဲ့သလဲ။ ဘယ်သူတွေ ပြောတဲ့အတိုင်းလုပ်ခဲ့သလဲ။ ကိုယ်တို့ချင်းလိမ်လို့မရပါဘူး။

အင်း -- နောက်ဆုံးတော့ ဘဝ ရဲ့ အတွေ့အကြုံအရ၊ တကယ် ဦးဆောင်တိုက်ပြမယ့် ခေါင်းဆောင်သာ ယုံပါတယ်။
ဝေဖန်လိုက်၊ သစ္စာဆိုလိုက်၊ ကိုယ်မုန်းတယ် ဆိုတဲ့ သူတွေ နဲ့ စီးပွားလုပ်လိုက် -----

ပုဂံက မနူဟာ ဘုရားကို သွားဖူးပါလားဗျာ။
မွန်ဘုရင် က စစ်သုံပန်ဖြစ်ပေမယ့် ပုဂံဘုရင် အနော်ရထာ နဲ့ ဗမာတွေကို သင်ခန်းစာပေးသွားတယ်။
ဘုရားရုပ်ထုကြီးကို မျက်နှာကြက်တော် နဲ့ ကပ်ပြီး ဆောက်ထားတော့ အဲ့ဒီ ဘုရားထဲကို ဝင်တဲ့သူတိုင်းဟာ မွန်းကြပ်သွားတယ် ။ သူတပါး လက်အောက်မှာ အကျဉ်းကျနေရတာ ဘာသာရေးအရလည်း မလွတ်လပ် လို့ ပြောသွားတာ။ မွန်ဘုရင် ကို စာနာနားလည်စိတ်ဖြစ်ခဲ့မိတယ်။

တကယ်တော့ ၂၀၀၈ အခြေခံကို လက်မခံဖို့ လိုသလို၊ စကားမတည်ကြည်၊
အကျင့်ပျက်နေတဲ့ နိုင်ငံရေးသမားတွေကိုလည်း ရှုတ်ချဖို့လိုပါတယ်။