Thursday, June 5, 2014

ဒီနေ့ကာတွန်း

မဘသနဲ့အူရီဒူးတွေကြပြီပေါ့...

အချိန်ပိုင်းမီးသဘက်ခါ

ရှေ့ဖာကြီးဖင်အေးတယ်မခံစားရဖူးလား



အပြာ Pages တွေ Like လေ့ရှိတဲ့ဝန်ကြီးရဲ့မိန်းမက
ဒေါ်စုမကောင်းကြောင်းတင်တာတွေကို Share
လုပ်နေတာရှေ့ဖာကြီးဖင်အေးတယ်မခံစားရဖူးလား

D Myo Chit အချိန်မှီရယူသည်၊(ယ္ခုဝန်ကြီးမိန်မအကောင့်ပိတ်သွားပြီဖြစ်သည်။

ယာဉ်မောင်းသစ် ပြောင်းဖို့ သင့်တော်တယ်



Thaung Su Nyein

နောက်အစိုးရသက်တမ်းအသစ် အရှိန်ဖြင့်ထွက်ပြီး အဆုံးအထိ ထိန်းထားရန် လိုအပ်
(KNU က သမ္မတကို သက်တမ်းဆက်စေချင်တယ် ဆိုလို့ တွေးမိ ရေးမိပါတယ်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ကျွန်တော် တစ်ခါ အနီးကပ် တွေ့ဖူးပါတယ်။ သမ္မတကြီးက စိတ်သဘောထား ကောင်းပါတယ်၊ နူးညံ့ပါတယ်၊ ပျော့ပြောင်းပါတယ်၊ စကားပြောရင် တိုးတိုးလေး အေးအေးလေး ပြောပါတယ်၊ ဒေါသထွက်လေ့ရှိပုံ မပေါက်ပါဘူး။ လောဘ ဒေါသ မောဟ နည်းပုံ ပေါ်ပါတယ်။ သူ ဒေါသထွက်လည်း ရှမ်းစိတ်ဆိုးသလောက်ပဲ ရှိမှာပါ (အေးအေးလေးပေါ့)။

ဒါပေမယ့် ကျန်းမာရေး မကောင်းဘူးလို့ ပြောပါတယ်။ နှလုံးထဲ စက်ထည့်ထားရတယ်လို့ သမ္မတကြီး ကိုယ်တိုင် သူ့ကျန်းမာရေးအကြောင်း နောက်ပြီးပြောပြတယ်။

သမ္မတဦးသိန်းစိန်ရဲ့ စိတ်သဘောထား ပျော့ပြောင်းမှု၊ တိုင်းပြည်အပေါ် ထားတဲ့ စိတ်စေတနာကြောင့် နိုင်ငံရေးအရ ဖြေလျှော့မှုတွေ လုပ်ပြီးသွားပါပြီ။ ကျွန်တော့် ဘကြီးတစ်ယောက်လို ကျွန်တော် ခင်မင်လေးစားချင်ပါတယ်။ အဖေနဲ့လည်း သက်တူရွယ်တူပါ။

သို့ဖြစ်ရာ ..... ဘယ်လို ဆက်လုပ်မလဲ။
၂၀၁၅နှောင်းပိုင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ နိုင်ငံတကာရေးရာ၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍအသီးသီးမှာ ပျားရည်ဆမ်းကာလ (honeymoon period) ကျော်လွန်သွားပါပြီ။ နိုင်ငံတကာက ဘာမှားမှား ခွင့်လွှတ်ပေးထားအုံးမယ်၊ စောင့်ကြည့်အုံးမယ် ဆိုတဲ့ ကာလ ကျော်သွားတော့မှာပါ။ ပြည်သူတွေကတော့ ခွင့်မလွှတ်တော့တာ ကြာပါပြီ။

တီဗီမှာ ကားပြိုင်ပွဲတွေ ကြည့်ဖူးတယ်မလား။ အဲဒီပွဲတွေမှာ ကားတစ်စီးကို အင်ဂျင်နီယာပိုင်း၊ မန်နေဂျာပိုင်း၊ ကြော်ငြာပိုင်း၊ ကားပစ္စည်းပိုင်း၊ ကွန်ပျူတာပိုင်း၊ ယာဉ်မောင်းပိုင်း အဘက်ဘက်က အတော်ဆုံးလူတွေ ဝိုင်းလုပ်ကြ၊ ပြင်ဆင်ကြရတယ်။ အသန်ဆုံး၊ အသစ်ဆုံး၊ အမာဆုံး၊ အတော်ဆုံး ဆိုတာတွေနဲ့ ကားတစ်စီး တည်ဆောက်ကြတယ်။ ပြိုင်ပွဲ စခါနီးဆိုရင် vroom ဝရွမ်း... ဝရွမ်း... ဆိုပြီး အင်ဂျင်သံကြီးတွေ အကျယ်ကြီးတွေ လုပ်ပြီး... သေနတ်ပစ်ဖောက်တာနဲ့ အရှိန်မြင့်ပြီး ထွက်ကြတယ်။

အခု မြန်မာနိုင်ငံဟာလည်း အဲဒီလို နေရာကို ရောက်နေပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲ ပြီးတာနဲ့ နောက် အစိုးရအသစ် သက်တမ်းစတာနဲ့ vroom vroom ဆိုပြီး ပြေးရတော့မယ်။

ဒါကြောင့် ကျွန်တော့် တစ်ဦးတည်း အမြင်ဆိုရင် နောက်သမ္မတကို အသစ်တစ်ယောက် ရွေးစေချင်ပါတယ်။ KNU ကလည်း သမ္မတဦးသိန်းစိန်ကို နောက်သက်တမ်းဆက်စေချင်တဲ့ ဆန္ဒရှိရင် ထုတ်ပြောလို့ ရသလို ကျွန်တော်လည်း နိုင်ငံသား တစ်သီးပုဂ္ဂလ အမြင်အဖြစ် ကျွန်တော် ဉာဏ်မှီသလောက် တွေးကြည့်ပြီး လက်ရှိပြိုင်ပွဲရဲ့ ချန်ပီယံ ယာဉ်မောင်းနှင်သူ (သမ္မတကြီး)ကို ချန်ပီယံဆုတွေ ဂုဏ်ပြုဆုတွေနဲ့ အငြိမ်းစား ပေးအပ်ပြီး နောက်ပြိုင်ပွဲအတွက် ယာဉ်မောင်းသစ် ပြောင်းဖို့ သင့်တော်တယ်လို့ တွေးမြင်မိကြောင်း တင်ပြလိုက်ပါတယ်။