Friday, June 6, 2014

ဖွတ်တို့ကကန့်ကွက်တယ်တဲ့



ကနေဒါမှာမနက်တခါ၊ညနေတခါ၊ဘယ်သူလာလာကျွေးတဲ့ Food bank
 တွေ၅မှတ်တိုင်လောက်တနေရာစီလောက်ရှိတယ်၊
အလုပ်အကိုင်ရှိသူတွေယောင်လို့တောင်မျက်စောင်းမထိုးပါဖူး။

ဘာကြောင့်ကန့်ကွက်တာလဲဆိုတာမီဒီယာကတဆင့်ပြည်သူ
သိပါရစေ၊

ကိုမြအေးကို၇ရက်နေ့မနက်၈နာရီမှာခွဲစိတ်ပါမယ်။



ကျွန်တော်နှလုံးသွေးကြောခွဲစိတ်ကုသမှု
လုပ်ပါပြီ။ရန်ကင်းကလေးဆေးရုံကြီးမှာ
၇ရက်နေ့မနက်၈နာရီမှာခွဲစိတ်ပါမယ်။
CABGဆိုတဲ့နှလုံးသွေးကြောအစားထိုး
ခွဲစိတ်မှာမို့အနည်းဆုံး၎နာရီကြာပါမယ်။ကျွန်
တော့ရဲ့သွေးAB positiveဆယ်ပုလင်း
နီးပါးကိုဝိုင်းဝန်းလှူဒါန်းပေးတဲ့ညီအစ်ကို
မောင်နှအားလုံးကိုကျေးဇူးတင်ပါတယ်။

Mya Aye
7.6.2014

ဒီနေ့ကာတွန်း

china made တွေ Eleven က၀ယ်ခဲ့သလားလို့...

မေမြတ်နိုး ပြန်ရောက်ပြီ




Asia Pacific World 2014 သရဖူရရှိခဲ့သည့်မေမြတ်နိုးသည် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ ဇွန်လ ၅ ရက်ည ၁၀ နာရီခွဲတွင် ကိုရီးယားလေကြောင်းလိုင်း ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။

လူကြိုက်များတဲ့ ဆုလို့ ခေါ်တဲ့ အင်တာနက်က တဆင့် မဲပေးမှုတွေကြောင့် အမှတ်အများဆုံးနဲ့ ဆုရခဲ့သ လို နောက်ဆုံး အလှမယ် သရဖူကိုလည်း ဆွတ်ခူးခဲ့သူ မေမြတ်နိုးဟာ တောင်ကိုရီးယား သရုပ်ဆောင်များ အသင်းရဲ့ အထူး အဖွဲ့ဝင်အဖြစ်လည်း ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူပါ။

အဲဒီလက်မှတ်ဟာ တောင်ကိုရီးယားမှာ ရုပ်ရှင် သရုပ်ဆောင်ခွင့်လည်း ရရှိတာဖြစ်ပါတယ်။

အခုတော့ မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ပြီး အလှသရဖူဆောင်းခဲ့သူ မေမြတ်နိုးဟာ နိုင်ငံဂုဏ် ကိုဆောင် ရင်း မိခင်နိုင်ငံကို ပြန်ရောက်လာခဲ့ပါပြီ။

အိမ့်သံစဉ် ~

Credit : ဧရာဝတီ

မန္တလေးတိုင်း ဝန်ကြီးချုပ် နေအိမ် မီးလောင်မှု ဝန်ကြီးချုပ်ကို တရားစွဲခွင့် မရှိဟုဆို


အစိုးရသစ် လက်ထက်တွင် ပထမဆုံးဖြစ်သည့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နေအိမ် မီးလောင် မှုကြောင့် ဝန်ကြီးချုပ်ကို ရဲစခန်း၌ အမှုဖွင့်ထားပြီး ယင်းမီးပေါ့ဆမှုဖြင့် ဝန်ကြီးချုပ်ကို တရားရုံး စွဲတင်ရန် ရှေ့နေချုပ်ရုံးထံ ဥပဒေအကြံ တောင်းခံထားရာ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ ညွှန်ကြားချက်အရ ဝန်ကြီးချုပ်ကို တရားစွဲဆိုခွင့် မရှိကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဥပဒေ ပြဋ္ဌာန်းချက်များ အရ မီး သို့မဟုတ် မီးလောင်လွယ်သော အရာဝတ္ထုနှင့် စပ်လျဉ်း၍ အရမ်း သို့မဟုတ် ပေါ့ဆစွာ ပြုလုပ်မှု ပျက်ကွက်မှု ပြုသူကိုသာ အရေးယူရန် ဖြစ်ကြောင်း အိမ်ရှင်၏ အလုပ်သမား သို့မဟုတ် စေခိုင်းခြင်းခံရသူက ပေါ့ဆခြင်း၊ ရမ်းကားခြင်း ပြုမိပါက အိမ်ရှင်ကို အပြစ်ပေး၍ မရကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူ ထားကြောင်း အောင်မြေသာ စံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်း အရ သိရှိရသည်။

The Voice Journal

NLD အပေါ်ခြိမ်းခြောက်မှုရပ်ဖို့ အစိုးရကို HRW ပြောကြား



ရွေးကောက်ပွဲကော်မရှင်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ခြိမ်းခြောက်နေမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ HRW လူ့အခွင့်ရေးစောင့် ကြည့်ရေးအဖွဲ့က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒါ့အပြင်နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ပွဲတွေကို ကန့်သတ်ချုပ်ချယ်ခြင်းမပြုပဲ လွတ်လပ်စွာဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်အနေ နဲ့ ဆောင်ရွက်ပါလို့လည်း နယူးယောက်အခြေစိုက် HRW အဖွဲ့ကပြော ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မေလ ၁၈ ရက်နေ့က မန္တလေးမှာပြောကြားခဲ့တဲ့ စကားတချို့ကို ကော်မရှင်က သတိပေးခဲ့တာနဲ့ စပ်လျဉ်းပြီး HRW ကအခုလိုကန့်ကွက်စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးဟာ စစ်တပ်ဘက်ကလိုက်ပြီး မှတ်ချက်ချပြောဆိုမှုတွေအမြောက်အများရှိကြောင်းလည်း HRW လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။

ကန်တော့ပွဲဖြင့်တောင်းပန်ရသည့် မန္တလေးကဖြစ်ရပ်



    Kyaw Swar Myint

    ၂၉-၅-၂၀၁၄ ရက်နေ.က မန္တလေးမြို.၊ နန်းတော်အထူးကုဆေးရုံမှသူနာပြုတာဝန်
    ထမ်းဆောင်နေသူ မန္တလေးသူနာပြုတက္ကသိုလ်ဒုနည်းပြဆရာမ ဒေါ်နန်းခိုင်ထက်
    အား လူပုံအလယ်တွင် ရိုင်းပြစွာကိုယ်ထိလက်ရောက် စော်ကားမိသည့်အတွက်
မန္တလေးပြည်သူ.ဆေးရုံ( အစိုးရဆေးရုံ ) မှ လက်ထောက်ဆရာဝန် ဒေါက်တာစံပယ်ဝတ်မှုံ
    က(၅-၆-၂၀၁၄) ရက်နေ.တွင်ကန်တော့ပွဲဖြင့် လာရောက်တောင်းပန်ခဲ့ရသော
    ဖြစ်ရပ်တစ်ခုမန္တလေးမြို.တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

    သတင်းဓါတ်ပုံ- Aung Ha Ppy.

ဇနီးမှ ဖြန့်ဝေခဲ့မှုအတွက်ဝန်ကြီး ဦးရဲထွဋ်မှတရားဝင် တောင်းပန်

Sai Phyo Wai Lin

ဒေါ်အောင်ဆန်းစုကြည်အား တိုက်ခိုက်ရေးသားထားသည့် ပိုစ့် အား ဦးရဲထွဋ်၏ ဇနီးမှ ဖြန့်ဝေခဲ့မှုအတွက် ဦးရဲထွဋ်မှ ဒေါ်အောင်ဆန်းစုကြည် ကို လည်းကောင်း၊ သူမကို ချစ်မြတ်နိုး ထောက်ခံသူများကိုလည်းကောင်း၊ သူ၏ ဖေ့ဘုတ်စာမျက်နှာပေါ်မှ တရားဝင် တောင်းပန်ခဲ့ကြောင်း ဖေါ်ပြထားသည်။
=================================================

Facebook သုံးတဲ့အခါ လိုက်နာရမယ့် ကျင့်ဝတ်တွေရှိပါတယ်။ အခြားသူတင်ထားတဲ့ ပို့စ်များကို မျှဝေမယ်၊ နှစ်သက်ကြောင်းပြောမယ်ဆိုရင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက်တွေ ပုံတွေ မဖြစ်ဖို့ သတိပြုရပါတယ်။ မိမိရေးတဲ့စာများဟာလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ အမုန်းတရားပွားစေတဲ့ ပြောကြားချက် မဖြစ်ဖို့ လိုပါတယ်။

ကျွန်တော့ဇနီးရဲ့ Facebook စာမျက်နှာမှာ မနေ့က မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဒေါ်အောင်ဆန်း စုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရာရောက်တဲ့ ဓာတ်ပုံ ပါဝင်နေတာတွေ့ရပါတယ်။

သူ့ရဲ့လုပ်ဆောင်ချက်ဟာ ကျွန်တော်ယုံကြည်လက်ခံထားတဲ့ လူမှုကွန်ယက်အသုံးပြုရာမှာ လိုက်နာရမယ့် ကျင့်ဝတ်များနဲ့လည်းကောင်း၊ ဒီမိုကရက်တစ်စံနှုန်းများနဲ့လည်းကောင်း လွဲချော်နေတဲ့အတွက် သိသိချင်း ပြန်ဖျက်ခိုင်းခဲ့ပါတယ်။

ကျွန်တော်ဟာ အစိုးရတာဝန်ရှိသူတစ်ဦးအနေနဲ့လည်းကောင်း၊ အိမ်ထောင်ဦးစီးအနေနဲ့ လည်းကောင်း မိမိမိသားစုဝင်များရဲ့ အပြုအမှုများကို အများလိုက်နာတဲ့ စံနှုန်းများနဲ့အညီ ဖြစ်အောင် သွန်သင်ဆုံးမဖို့ တာဝန်ရှိပါတယ်။

အဲဒီတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကို လည်းကောင်း၊ သူ့ကို ချစ်မြတ်နိုး ထောက်ခံသူများကိုလည်းကောင်း၊ ကျွန်တော့် စာမျက်နှာ ကို အလေးထားလာရောက်ဖတ်ရှုသူများကိုလည်းကောင်းတောင်းပန်အပ်ပါတယ်။

ကျွန်တော့်ဇနီးအနေနဲ့လည်း ဒီဖြစ်စဉ်ကနေ သင်ခန်းစာရခဲ့ပြီးလို့ ကျွန်တော်ယုံကြည်ပါ တယ်။

လေးစားလျှက်
ရဲထွဋ်

ဖိုးလ ပြည့်ကို စီးပွားရေး လုပ်ဖို့ ဦးသန်းရွှေက ခွင့်မပြုဘူးပေါ့နော်။( ဦးသန်းရွှေ၏ သမက် နေစိုးမောင်)


သူ (ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်) ကတော့ စီးပွားရေးကြီး ကြီးကျယ်ကျယ် မရှိဘူး။ လူများပေမယ့်လို့ ဘဏ်လုပ်ငန်းကြီးတွေ၊ Trade တို့ မီဒီယာ လုပ်ငန်း အကြီးကြီးတွေ မရှိဘူး။ ဆရာ့အနေနဲ့လည်း ဒီအရွယ်ဆိုတာ ပညာရှာရမယ့် အရွယ်ပေါ့။ နောက်တစ်ခုက ငွေဆိုတာ သုံးလိုက်ရင် ကုန်သွားတာပဲ။ နောက် လူတစ်ယောက်က တစ်နေ့ထမင်း၂ နှပ် ထက်လည်း ပိုစားလို့ မရဘူး။
ပွင့်ပွင့်လင်းလင်း ပြောရင်ကွာ သူတို့ကျတော့ Public ထဲမှာ ပေါ်ပြူလာတော့ ရှိတာပေါ့။ အဲဒီလို ရှိတဲ့ သူကနေပြီးတော့ ဒီလိုမျိုး Service Talk တွေ လုပ်ပေးမယ်ဆိုရင် ပိုပြီးအောင်မြင်တယ်။ လူတွေကလည်း လက်ခံတယ်လို့ ဆရာယုံကြည်တယ်။
သူ့ (ဦးနေရွှေသွေးအောင် (ခ) ဖိုးလ ပြည့်)ကို စီးပွားရေး လုပ်ဖို့သူ့အဘိုး (ဗိုလ်ချုပ်မှူးကြီး-ငြိမ်း ဦးသန်းရွှေ)က ခွင့်မပြုဘူးပေါ့နော်။ ဒါကြောင့်မို့သူ့မှာ ကုမ္ပဏီ အကြီးအကျယ် မရှိဘူး။ ဆရာ့အနေနဲ့တော့ သူ့ကို လူမှုရေး လုပ်ငန်းတွေ လုပ်စေချင်တယ်။ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ဖို့ အတွက်ပေါ့နော်။ တချို့ဟာတွေတော့ ဆရာ သူ့ကို ပါဝင်ဖို့ ဖိတ်ခေါ်တယ်။ စည်းရုံးတယ်။ လက်ရှိ ဘောလုံးပွဲ အားကစားတွေ သူလုပ်တယ်။ ဆရာလုပ်တဲ့ လုပ်ငန်းတချို့ကိုလည်း သူ့ကို ပူးပေါင်းကူညီခိုင်းတယ် ပေါ့နော်။ ဆရာ့သားကိုတော့ ဆရာ အခုလုပ်တဲ့ လုပ်ငန်းမျိုး လုပ်စေချင်တယ်။

ပါမောက္ခချုပ်ဒေါက်တာနေစိုးမောင်
(ပြည်သူ့ကျန်းမာရေးတက္ကသိုလ်)

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရှင်းလင်းစွာ သိပြီးမှသာ လက်မှတ်ထိုးသင့်၊ မထိုးသင့် စဉ်းစားမည်။

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) ဦးသန်းရွှေ၏ သမက်
ပါမောက္ခချုပ် ဒေါက်တာ ဗိုလ်မှူးကြီး။ နေစိုးမောင်

မြန်မာသံတော်ဆင့် ဂျာနယ်မှ


Soe Win
 ဒီကောင်က လုပ်စရာမလိုဘူးလေ...
၁။အောင်သောင်းဆီက တနှစ်$3သန်း..
၂။အောင်ကိုဝင်းဆီက တနှစ်$3သန်း..
၃။တေဇဆီက $3သန်း....
၎။အောင်သက်မန်းဆီက$3သန်း
၅။ဇေကမ္ဘာဆီက $3သန်း
 နှစ်စဉ် ၁၅ သန်း အနဲဆုံး ဝင်တယ်လေ။။


Renai Ssance ဒါပေမဲ့ အခု သူ ဝင်းသူဇာနဲ့ မြေကွက် တွေ ဝယ်ထားတယ်လေ

Kyi Soe ဝယ်တာက စီးပွားရေး မဟုတ်ဘူး

Zaw Naing Linn ပါမောက္ခချုပ်ဒေါက်တာနေစိုးမောင် ဆိုတာ ဖိုးလပြည့်ရဲ့အဖေအရင်းပါ။မဆလပါတီကဦးနေ၀င်းရဲ့လူယုံဗိုလ်ချုပ်တင်စိန်ရဲ့သားပါ။
သန်းရွေရဲ့သမက်အရင်းဆိုတာလည်းပြောပြပေးလိုက်ပါအုံး။

ပုဂ္ဂိုလ်ရေးတွေပါကြေးဆို တို့လဲတတ်ပါတယ်

by Tawtaw Tawtaw

ပုဂ္ဂိုလ်ရေးတွေပါကြေးဆို တို့လဲတတ်ပါတယ်
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဦးရွှေသန်း မေမြင့်တို့အကြောင်းလေး ပြောပါရစေ
ဦးရွှေသန်းရဲချုပ်ဘ၀တောင်းရမ်းစားသောက်တာကိုမပြောတော့ဘူး
ကြယ်ငါးပွင့်ရောက်တော့ သင်္ဘောအရာရှိတွေ
သူနဲ့တွေ့ခွင့်ရချင်ရင် အဲခေတ်က ၅၀၀၀ကျပ်
လိုင်းကောင်းတက်ချင်ရင် ရေခဲသေတ္တာ တီဗွီ
မြန်မာ့ကြယ်ငါးပွင့်က အဲ့ခေတ်မှီသူ အရာရှိတွေမေးသာကြည့်ပါ

မေမြင့်ကတော့ မောင်နှမတွေအားလုံးရဲ့ အမွေပုံကို မောင်ပိုင်စီးခိုးထားလို့
မောင်နှမအားလုံး စိတ်နာနေခဲ့သူ
သူအပိုင်စိးခဲ့တဲ့ထဲမှာ အေဒီထိပ်က အခုတိုင်းရင်းသားစားသောက်ဆိုင်ဖွင့်ထားတဲ့ခြံ
ကြီးတောင်ပါသေးတယ်
နောက်ဦးရဲထွဋ်ညီအရင်း ၀င်းထွဋ်ဦး ဆေးချတော့ခြံပါရောင်းရရော
နောက် ၀င်းထွဋ်ဦးက သူ့ယောက်ဖ အနီးကပ်ရဲ့သေနတ်ထင်တယ်
ခိုးပြီး အမှတ် ၃ လမ်းမပေါ်မှာ ဓားပြတိုက် ကားကို ပြည်ထောင်စုရိပ်သာထဲမှာသွားထိုး
သူ့ကို သွားခေါ်ပေးတဲ့ထဲမှာ ဗိုလ်ချုပ်ကြိးဟောင်းသားတစ်ယောက်တောင်ပါသေး
ပေါင်း၃ယောက် ထောင်ကျ မိသားစု အမွေဖြတ် ထောင်ထဲမှာသေ..

ညီမအရင်း ကလျာဆွေ .. ချိုပြုံးသားနဲ့နှစ်များစွာတွဲ
ဒွေးနဲ့တိတ်တိတ်ပုန်းညား ဒေါ်မြင့်လိုက်ပြောတော့ မိုးမိုးဆဲထုတ်လို့အရှက်ကွဲ
ခုလက်ရှိ.. အမျိုးဘာသာစောင့်ရှောက်ရင်း
မလေးကုလား မစ္စတာရှမ်းနဲ့(အေးချမ်းမေဘဲကြီး)တွဲနေဆဲ
နှစ်ပေါင်းများစွာ ရာဘ ညိနေသည် ဆေးသမားစစ်စစ်

ယောက်ဖ ဗခကဟောင်းတင်ထွန်းသား ကံလှတင်ထွန်း ဆေးသမား
ယောက်ဖ ဦးဇေယျာအောင် ယခု MIC ဥက္ကဋ္ဌ
ကိုယ်တိုင်စိးပွားရေးမလုပ် မွေးစားသားနှစ်ယောက်စိးပွားရေးတာဝန်ခံ
တစ်ဦး အရပ်သား တစ်ဦး အပတ်စဉ် ၄၀ မှ မှင်နီတားတပ်ထွက်
(ပိုင်ဆိုင်မှုတွေ မပြောတော့ပြီ)

ဦးရဲထွဋ်ဇနီး TTC 90 ခု ကျောင်းသူ
ဦးရဲထွဋ် ၀မ်းကွဲ ညီအကိုအတော်များများ ဆေးနဲ့သေပြီ
အောင်နိုင်မိုး တင်နိုင်မိုး
ထွန်းနိုင်မိုး အခြေနေမကောင်း

အော်... မေမြင့်နဲ့ ဒေါ်ဘေဘီစောက ၀မ်းကွဲညီအမဆိုတော့ ဂဠုန်ကြီးရဲ့
မြေးဝမ်းကွဲလေးတွေပေါ့နော..

မျိုးကောင်းရိုးကောင်း ၀ံဂျီးမင်းကို ဂုဏ်ပြုရင်းဒီပို့စ်ကိုတင်တယ်
ငြင်းနိုင်စွမ်းရှိရင် လာခဲ့ပါ
သူများကိုလက်ညှိုးဆက်ထိုးနေဦးမယ်ဆိုရင်တော့
ဝံဂျီးရေ မိသားစု ခိုးထားတဲ့ပိုင်ဆိုင်မှုတွေပါတင်မယ်

ဒေါက်တာစင်သီယာမောင်နှင့်တိုရန်တိုမြန်မာတွေ့ဆုံပွဲတက်ရောက်နိုင်



Rebecca Wolsak of Interpares is hosting Dr. Cynthia Maung and five other colleagues from their Burma program to learn about the Canadian federal health system. They plan to be in Toronto on Saturday June 7th for a few hours in the evening before flying out of Toronto late at night. Rebecca contacted a few of us (short notice) as Dr. Cynthia and group would like to meet the community in Toronto. They are:

1.      Dr. Cynthia Maung, Mae Tao Clinic, Director.
2.      Nang Snow, Back Pack Health Worker Team, Deputy Director
3.      Saw Nay Htoo, Burma Medical Association, Program Director
4.      Nai Ley Ye Mon, Mon National Health Committee, Director
5.      Gary Rozema, Burma Relief Centre, program coordinator
6.       Crystal Maung, Mae Tao Clinic

We are arranging a last minute effort for this gathering with Dr. Cynthia Maung and team.

Date & Time: Sat June 7th 7:30 PM

The meeting address is: 
                           20 Wade Avenue
                            Meeting Hall,  3rd Floor
                           ( Tamil Co-operative Homes Inc. right across Lansdowne subway station)
                            Tronto, ON  M6H4H3
                          
See you all.

NLDက မြေကွက်နဲ့ကားပါမစ်ယူမှာမဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူတို့ပါတီအနေနဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတော်သမ္မတထံတင်ပြထားတဲ့ မြေကွက်နဲ့ ကားသွင်းခွင့်ပါမစ်တွေကို လက်ခံရယူမှာမဟုတ်ဘူး လို့ ပြောကြားလိုက်ပါတယ်။ RFA ကပုံမှန်တင်ဆက်နေတဲ့ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ ခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

"ဒီလို ကားပါမစ်တွေ မြေကွက်တွေဘာတွေ ဒီလိုအချိန်မှာလည်း မလိုချင် ပါဘူး၊ အခုပြည်သူအများစုဟာ ဆိုလို့ရှိရင် သူတို့ရဲ့လယ်ယာမြေလေးတွေ ရရှိရေးအတွက် ရုန်းကန်နေရတဲ့ အချိန်မှာ ကျမတို့ပါတီအနေနဲ့ ဒီလိုမြေ ကွက်တွေလည်း အလကားမယူချင်ပါဘူး၊ ကားပါမစ်တွေလည်း မလို ပါဘူး"

ဒ့ါအပြင် ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က အမေရိကန် ဒေါ်လာ ၉ သောင်း နီးပါးနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဒေါ်လာ ၈ သောင်းနီးပါး ရုံးခန်းဌားရန်းခအဖြစ် လစဉ်သုံးစွဲနေတာဟာ အင်မတန်များပြားတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်ပါတယ်။

"တော်ရုံတန်ရုံ လစာပဲပေးသင့်တယ် လို့ထင်တယ်၊ ဒါပေမဲ့လည်း အိမ်လခတွေ အရမ်းတက်တာပဲ အထူးသဖြင့် ရန်ကုန်လိုနေရာမျိုးမှာ ပြီးတော့ ဒီအဖွဲ့အစည်းတွေက ဒီလောက်လခပေးရတဲ့ရုံးတွေ လိုတယ် မလိုတယ်ဆိုတာကတော့ အဖွဲ့အစည်းချင်း တစ်ခုရဲ့ လုပ်ရပ်ပေါ်မှာ ကြည့်ပြီးတော့ သုံးသပ်ရမှာပေါ့"

တဆက်တည်းမှာပဲ နိုင်ငံတဝန်းရှိကလေးသူငယ်တွေ အခမဲ့ပညာသင် ကြားခွင့်ရစေလိုကြောင်း၊ ဒါပေမယ့် နိုင်ငံမှာ ဘဏ္ဏာရေးတောင့်တင်းမှ အဲဒီလိုဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် ကပြောပါတယ်။ အပြည့်အစုံကို ဒီမိုကရေစီခရီးကြမ်း နဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ပါ။

RFA Burmese
Thursday, June 05, 2014