Sunday, June 8, 2014

ပဲခူးမြို့တွင် သမ္မတကြီး အညာမိသွားခြင်း


ပြီးခဲ့သော ကြာသာပတေးနေ့ နိုင်ငံတော်သမ္မတ ပဲခူးမြို့ကို လာရောက်ရ်ျ ပဲခူတိုင်း ၂၈ မြို့နယ်က လယ်ယာသုံးကုန်တွေ ခင်းကျင်းပြသ ရောင်းချမယ့်ပွဲတဲ့။။ဝယ်ချင်တဲ့သူတွေ ကိုအကြွေးစနစ်နဲ့ ရောင်းချပေးမယ်။။။။ ခန်းမကြီးက လည်းဟီး နေတာဘဲ ပစ္စည်းတွေကလည်း စုံမှစုံနေတာဘဲ။။။။။။။။။။။။။
သမ္မတကြီးပွဲကိုတက်မဲ့ မြို့နယ် မူတွေရဲ့ ဆွေမျိုးသားချင်းတွေကလည်း တက်တက်ကြွကြွပါဘဲ။။။။တနေ့ ၅၀၀၀ ကျပ်ရမှာကိုး။။။။။

သောကြာနေ့ ညနေ။။။။။။။ခန်းမကြီး မှာ လည်း ကြိုတင်အစမ်းတွေတိုက်လို့ နိုင်ငံတော် သမ္မတကြီး ကြွရောက် လာတော့မှာ ဖြစ်ပါသဖြင့်ဟန်းဖုန်းများပိတ်ပေးထားကြပါရန်။။။။။သူတို့ ကြမှဘဲ ဟန်းဖုန်းတောင်ပိတ်ပေးထားရမလို ။။။:):):):)
ပြုံးပြုံးပျော်ပျော်နဲ့သမ္မတကြီး လာတော့မယ် ကြိုကြမယ်။။။တင်ပြကြမယ်။။။။ပေါ့။။။။

ခန်းမ ထဲသို့မည်သူမျှမ၀င်ရ ။။။။တက်ရောက်မဲ့ မြို့နယ်က ရွေးချယ်ထားသူတွေမှ အပ မည်သူမျှတက်ရောက်ခွင့်မရှိ:):)ဗျာ

စနေ့နေ့ သမ္မတကြီး ကြွချီလာပါပြီ။။။။လက်ရာသုံးပစ္စည်းတွေ ကြည့်ကြ။။။ဝယ်ဖို့ ကြို စည်းဝားရိုက်ထားတဲ့ သူတွေ က ၀ယ်ကြ သမ္မတကြီးရှေ့မှာ လယ်ထွန်စက်ကြီး လေးလုံး ကြီးများတောင်ရောင်းပစ်လိုက်တယ်:):):):)။။။။

တိုင်းဝန်ကြီးချုပ် ရွှေမော်ဓော စေတီပေါ် ကားနဲ့ တက်လို့ သမ္မတကြီးကို ဂရုတစိုက် စောင့်ကြည့်ချိန် သမ္မတ ကျောက်ပန်းတောင်းဓမ္မာရုံနောက်လေး ကားရပ် မိုးရွာထဲ ခြေချင်လမ်းလျှောက်ထွက် ပဲခူးသူသားတွေ ၀မ်းသာကြတယ်။။။သမ္မတကြီးကျန်းမာပါစေ:):):) အသက်ရာကျော်ရှည်ပါစေ:):):)

သမ္မတကြီး တပ်မ ၇၇ လေယာဉ်ကွင်းက အတက် အခု ပြခန်းတွေ သိမ်းနေပါပြီ:):):)ဘာပစ္စည်းမှ ရောင်းလို့မရပါတဲ့:):-[ တကယ်သုံး ချင်တဲ့ တောင်သူတွေဘယ်လိုဝယ်ရမလည်း မသိ။။။အကုန်သိမ်းနေပါပြီ ခင်ဗျာ:):):):)

မြန်မာ စကားပုံမှာ ပွဲပြီးဖျာသိမ်းတဲ့။။။သမ္မတ ပဲခူးလာတာ ဘယ်သူတွေအကျိုး ရှိလည်း မြို့နယ် အုပ်ချုပ်ရေးမူးနဲ့ ဆွေမျိုးတွေ တစ်ယောက် ၅၀၀၀ :):):):)

သမ္မတကြီးကတော့ တောင်သူတွေ အကြွေးစနစ်နဲ့ ၀ယ်နေကြပြီပေါ့ ဟီ:):):):):)
အခုတော့ ပြခန်းတွေ ပိတ်ပစ္စည်းတွေသိမ်းကုန်ပီ:):):):)

သမ္မတကြီး ပဲခူးမှာ အညာခံလိုက်ရတယ်ဗျာ။။။

မျိုးမင်းမိုး ပဲခူးအင်းဝင်သား

ပလာတာဘာအရသာရှိလဲပေါသွပ်၊


ပြင်ဖို့မဖြစ်နိုင်အောင်၄၃၆ ဆိုတာကြီးလုပ်ခဲ့တယ်၊
၂၀၁၀မှာဖုန်မှုန့်လောက်ဝင်ပြိုင်တဲ့
ခြံကူးတွေကိုနေရာနဲနဲအနိုင်ပေးပြီးတော့၊နေရာလဲရအောင်ယူခဲ့တယ်
စစ်တပ်ထဲကကိုယ်စားလှယ်တယောက်မဲထည့်အောင်မဲဆွဲနိုင်ပြီ
ပဲထား၊ကြံဖွတ်ထဲကဌေးအူးလိုလူမျိုးတွေမဲထည့်မယ်ထင်လို့လား၊
ကြံဖွတ်ထဲက၂ရာနုန်းလောက်ရရင်တောင်ကံကောင်းတယ်မှတ်၊
လွှတ်တော်ထဲမှာပဲပြင်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား၊
ဒါကြောင့်လွှတ်တော်တော်ပြင်ပမှာလက်မှတ်ထိုးတာတွေစလာတာပေါ့၊
ကြံဖွတ်ကိုစည်းရုံးရမယ်ဟုတ်လားပေါသွပ်၊
ပလာတာဘာအရသာရှိလဲခင်ဗျားသိလား၊

=============================

တကယ်တမ်း ပွင့်ပွင့်လင်းလင်း ပြောရရင် ၇၅ ရာခိုင်နှုန်း အထက်လို့ ပြောပေမယ့် ခင်ဗျားတို့ တကယ်စည်းရုံးဖို့ လိုတာက တပ်မတော်သား ကိုယ်စားလှယ် တစ်ယောက်ပဲ။ မဲခွဲတဲ့အခါမှာ လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးမယ် ဆိုရင် ဘယ်သူမဆို မဲပေးလို့ ရတာပဲ။ ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြောရရင် သူတို့ လွှတ်တော်ထဲမှာ ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းလောက် ရှိတာပေါ့။ ကျန်တာတွေက တခြားပါတီတွေ။ ပထမဆုံးက ၇၅ ရာခိုင်နှုန်း ပြည့်အောင် သူတို့ တခြားပါတီတွေကို စည်းရုံးရမယ်။ အဲဒီ ပါတီတွေကနေပြီးတော့ လွှတ်တော်ထဲ ရောက်နေတဲ့ ကိုယ်စားလှယ်တွေကို သူတို့ စည်းရုံးရမယ်။ ပြီးရင်တော့ တပ်မတော်သား အနည်းဆုံး တစ်ယောက်ကိုတော့ သူတို့ စည်းရုံးနိုင်ရမယ်။ အဲလို စည်းရုံးနိုင်မှ နိုင်ငံရေးစွမ်းရည် ရှိတယ်လို့ ပြောလို့ရမယ်။

ဇွန်လ ၂ ရက်နေ့ထုတ် Messenger ဂျာနယ်ပါ
“နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်

မာ၇ဇ္ဇ လည်း၄၃၆ ပြင်မယ်တဲ့

MPTလည်းအမျိုးသားသစ္စာဖောက်ပဲလားမဘသ

မိုးထဲလေထဲမှာထားဝယ်သူ/သားများ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲသို့တက်ရောက်



မိုးထဲလေထဲမှ ပြင်းပြသောစိတ်ဓာတ်များနှင့် ထားဝယ်သူ/သားများ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟောပြောပွဲသို့တက်ရောက်

ကြံ့ခိုင်ရေးပါတီဝင်တွေလည်း ၄၃၆ ပြင်ဖို့ လက်မှတ်ထိုးနေကြပြီ

ဒီနေ့ကာတွန်း

NLD ကို မနိုင်မှန်းသိလို့ … PR စနစ်ကို တင်သွင်း

ဧရာရွှေဝါကုမ္ပဏီမှ အဓမ္မခြိမ်းခြောက်သိမ်းယူသွားသော လယ်များအား ပြန်လည်ပေးအပ်ရေး



တပ်ပိုင်မြေအားလုံးက ဦးရွှေမန်း သိမ်းခဲ့တာလား

အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးရာထူးအဖြစ် ဦးရွှေမန်း တာဝန်ယူနေချိန် သိမ်းဆည်းခံထားရသည့် လယ်များပြန်ပေးရန် ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာမှ လယ်သမား ၃ဝ ဦးခန့် ဇွန်လ ၆ ရက်က ပုသိမ်မြို့တွင် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ “သူရဦးရွှေမန်းလက်ထက် ဧရာရွှေဝါကုမ္ပဏီမှ အဓမ္မခြိမ်းခြောက်သိမ်းယူသွားသော လယ်များအား ပြန်လည်ပေးအပ်ရေး”၊ “တာဝန်ရှိသူများမှ ဥပဒေနှင့်အညီ တရားမျှတစွာ အမြန်ဆုံးဆုံးဖြတ်ဖြေရှင်းပေးရေး”၊ “ငါတို့လယ်မြေများ ဆုံးရှုံးနစ်နာမှုများအပေါ် ဧရာဝတီတိုင်းအစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ တရားမျှတစွာ ဆုံးဖြတ်ပေးပါရန်” စသည့် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒပြသူများက ပုသိမ်မြို့တွင်း လှည့်လည်တောင်းဆိုခဲ့ကြပါတယ်။

“ကျွန်တော်တို့လယ်တွေကို သူရဦးရွှေမန်းလက်ထက်က ဧရာရွှေဝါကလူတွေရယ်၊ ရယကကလူတွေရယ် လာပြီးတော့ အတင်းသိမ်းတယ်။ လယ်တွေကို တစ်ဧက ၂၇ဝဝဝနဲ့ အတင်းရောင်းခိုင်းတယ်။ မရောင်းရင်လည်း သူတို့က သိမ်းခဲ့တယ်။ ဧရာရွှေဝါကုမ္ပဏီလည်း ကျွန်တော်တို့ဆီမှာ ပျက်သွားပါပြီ။ ကျွန်တော်တို့လယ်ကတော့ ခုချိန်ထိပြန်မရသေးပါဘူး” ဟု လယ် ၆ဧက သိမ်းခံရသည့် ဒါးကရွာမှ ဦးအောင်မြင့်က မဇ္ဈိမကို ပြောခဲ့ပါတယ်။

ဧရာရွှေဝါကုမ္ပဏီက လွန်ခဲ့သော ၁၆နှစ်ခန့် (၁၉၉၈ ခုနှစ်) ကတည်းက ရေနက်ကွင်းနှင့် မြေလွတ်မြေရိုင်းများဖော်ထုတ်ရေး စီမံကိန်းအဖြစ် ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်အပါအဝင် ကန်ကြီးထောင့်၊ ရေကြည်၊ကျောင်းကုန်း၊ အိမ်မဲစသည့်မြို့နယ်များမှ လယ်မြေဧကပေါင်း ၄၁,ဝဝဝ ကျော်ကို သိမ်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်ထိ မူလပိုင်ရှင်တို့ ပြန်မရသေးခြင်းဖြစ်ပါတယ်။

ယခင်အစိုးရလက်ထက်က ဒါးကတိုက်နယ်အတွင်းသို့ ဧရာရွှေဝါကုမ္ပဏီ ဝင်ရောက်လာပြီး ကုမ္ပဏီအနေဖြင့် ဆန်စက်၊ ငါးမွေးကန်အပါအဝင် “ရွှေမေတ္တာ” အမည်ရှိ ဇီဝဓာတ်မြေဩဇာစက်ရုံကိုပါ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါတယ်။ ကုမ္ပဏီပိုင် “ရွှေမေတ္တာ” ဓာတ်မြေဩဇာများကိုလည်း မယူမနေရစနစ်ဖြင့် ဒေသခံလယ်သမားများထံ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်မြေဩဇာတွေက  လယ်သမားတို့အတွက် အလုပ်မဖြစ်ခဲ့ပဲ တောင်သူအများအပြား စီးပွားပျက်ခဲ့ရပါတယ်။

အဆိုပါ ကုမ္ပဏီ၏ အမည်ကို “ဧရာရွှေဝါ” ဟု ကိုယ်တိုင် နာမည်ပေးခဲ့သလို ထိုကုမ္ပဏီတွင် ၎င်း၏သားဖြစ်သူ ပါဝင်ပတ်သက်ခဲ့သည်ဟု လက်ရှိ ပြည်ထောင်စု လွှတ်တော်နာယကဖြစ်သူ သူရဦးရွှေမန်းက မတ်လအတွင်းက မီဒီယာများအား ပြောဆိုခဲ့ပါတယ်။

ဤကိစ္စနှင့် တဆက်တည်း စဉ်းစားသင့်သည်မှာ ယနေ့ တပ်သိမ်းမြေ ပြဿနာများဖြစ်ပါတယ်။ ဦးရွှေမန်းဟာ ယခင်အစိုးရလက်ထက်က နိုင်ငံတွင် တတိယအကြီးဆုံး ရာထူးကို ရထားသူတစ်ဦးဖြစ်၍ တပ်မြေသိမ်းမှုအများအပြားကို လက်မှတ်ထိုးခဲ့သူဖြစ်ကြောင်း သိရပြီး လက်ရှိ အရပ်သားအစိုးရလက်ထက်မှာ မြေသိမ်းမှုဖြင့်ပြဿနာမရှင်းနိုင်တဲ့ တစ်ဦးတည်းသော စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပါတယ်။

သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက အစိုးရသစ်လက်ထက်မှာ လယ်သိမ်းမှုလုံးဝ မရှိကြောင်း ပြောဆိုခဲ့ပြီး“တပ်မတော်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အစိုးရသစ်လက်ထက် လယ်သိမ်းဆည်းတာ လုံးဝမရှိဘဲ မြေပြန်စွန့်လွှတ်တဲ့ လုပ်ငန်းစဉ်သာ ရှိပါတော့တယ်”လို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့် က ပြောထားပါတယ်။

မတ္တရာ၊ ပုသိမ်၊ မုံရွာ နှင့် ယနေ့ တိုင်းဒေသကြီးနှင့် ပြည်နုယ်အများအပြားတွင် ပဋိပက္ခဖြစ်ပွားနေသော မြေများကို သိမ်းဆည်းခဲ့သူမှာ ဦးရွှေမန်းဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ ဦးရွှေမန်းက မဆိုင်သလို ဥပက္ခာပြုနေတာကြောင့် တက်လာတာ မကြာသေးတဲ့ အစိုးရနဲ့ ကာချုပ်က တာဝန်ယူရှင်းနေရတယ်လို့ သိရပါတယ်။ ဦးရွှေမန်းအနေဖြင့် ၎င်းရဲ့ပါတီနဲ့ စစ်တပ်အပေါ်မှာ သစ္စာမဲ့ခြင်းဟာ ၎င်းတို့ထိပ်ပိုင်းပြဿနာဖြစ်ပေမယ့် အခြေခံတောင်သူလယ်သမား ပြည်သူတွေအပေါ်မှာ သစ္စာ မမဲ့ဖို့ နဲ့ ယခင်လို နားလည်ပါးရိုက်မလုပ်ဖို့ သတိပေးလိုပါတယ်။ ဦးရွှေမန်းဖက်က ကိုယ်တိုင် တာဝန်ယူဖြေရှင်းပေးခြင်းမရှိပါက ၎င်းတို့မိသားစု ပိုင်ဆိုင်မှု စာရင်းများနှင့်တကွ ကမ္ဘာ့အဖွဲ့အစည်း အသီးသီးထံသို့ တိုင်ကြားသွားပါမယ်။

ကိုစိုးနိုင် (မြန်မာနိုင်ငံ တောင်သူလယ်သမားများ သမ္မဂ္ဂ)

သျှမ်းပြည်နယ်ဘက် ကျူးကျော်သတ်မှတ်သည့် တရုတ်နယ်ခြားမှတ်တိုင်အား ဒေသခံများမီးရှို့



3 Jun 2014

တရုတ်နိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန နှင့် မြန်မာနိုင်ငံနယ်နိမိတ်တိုင်းတာရေးဌာန တို့ပူးပေါင်း နယ်နိမိတ် တိုင်းတာ မှုတွင် သျှမ်းပြည်နယ်ဒေသခံများ၏ လယ်ယာခြံမြေများအား တရုတ်နိုင်ငံ ဘက်ခြမ်းသို့ ကျူးကျော်သတ်မှတ်ခြင်း ခံရသ ဖြင့် ဒေသခံများမကျေမနပ်ဖြစ်ပြီး နယ်ခြားတိုင် ဆွဲနုတ် မီးရှို့ဖျက်ဆီးလိုက်ကြောင်း စုံစမ်းသိရှိရသည်။

မေလ ၂၇ မှ ၃၀ ရက်နေ့အထိ ၂ နိုင်ငံအာဏာပိုင်များမှ တရုတ် - မြန်မာ နယ်ခြား မိုင်တိုင် ၆၃/၁ နှင့် ၆၃ /၂ ကြားတွင် နှစ်နိုင်ငံနယ်နိမိတ်များ ပြန်လည်တိုင်းထွာကြကြောင်း၊ နယ်ခြားတိုင်အသစ် အချို့ လည်း စိုက်ထူသတ်မှတ်ကြောင်း၊ ထိုသို့ နယ်ခြားမှတ်တိုင်သစ် သတ်မှတ်မှုတွင် သျှမ်းပြည်နယ် ဘက် ခြမ်းနမ့်ခမ်းမြို့နယ် မန့်နောင်၊ မန့်ကုန်းဆာ၊ မန့်ခေးခွန်ရွာသူရွာသားများပိုင်လယ်ယာမြေများတရုတ် အား တိုင်းထွာပေးလိုက်သဖြင့် ဒေသခံများ မကျေမနပ်ဖြစ်ကာ ထပ် မံ စိုက်ထူသည့် နယ်ခြားတိုင်သစ် များကို ဂျွန် ၂ ရက် ယနေ့နံနက်ပိုင်းက ရွာသားများစုပေါင်း ဆွဲနုတ် မီးရှို့ခဲ့ကြကြောင်း ဒေသခံ စိုင်းမောက်ခမ်းကပြောသည်။

“ မန့်နောင်ရွာက လယ်ယာမြေ ၃၀ ဧကကျော်၊ မန့်ကုန်းဆာက ၇၀ ဧက၊ မန့်ခေးခွန်ရွာက ၃၀ ဧက တရုတ် ကိုတိုင်းပေးတဲ့အထဲပါ သွား တယ်။ ဟိုးတုန်းက ကျနော်တို့ မန့်နောင်ရွာက (အခု) ရွှေလီမြစ် လယ် လောက် မှာရှိတယ်။ သျှမ်းပြည်ဘက်ခြမ်းကို မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါတွေပြိုပြိုကျပြီး ကျနော်တို့လယ်မြေတွေ ဆုံးရှုံးရတာများပါပြီ။ နောက်ပြီး ကျနော်တို့ဘက်က ကုန်းဆာရွာနဲ့ တရုတ် ဘက်က မန့်ကွန်ရွာဆိုရင်အရင်က နယ်နိမိတ် တိုင်ဆိုတာမရှိခဲ့ဖူးဘူး၊ ရွှေလီမြစ်ကိုဘဲ နယ်နိမိတ်အဖြစ် ထားတာလေ။ ” မန့်နောင်ရွာမှ အကြီးအကဲ တဦးဖြစ်သည့် စိုင်းစိုင်း ကပြောသည်။

“ လယ်ယာမြေတွေ အလကားပဲတင်း မဆုံးရှုံးရလေအောင် ကျနော်တို့ရွာသားတွေကနေ ထိထိ ရောက်ရောက် ဆန္ဒပြတောင်းဆိုသွားမှာပါ။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင် စား သောက်လာတဲ့ဒီမြေတွေကို တရုတ်ပိုင်အဖြစ် သတ်မှတ်မခံနိုင်ပါဘူး။ တစ်လက်မမှ ကျူးကျော် မခံစေရတဲ့ ဇာတိသွေးဇာတိမာန်တွေ ဘယ်ရောက် ကုန်ပြီလဲ ။ ဒါမှမဟုတ် သိလျက်နဲ့ တရုတ်ကို ပြန်မပြောရဲလို့ လိုက်လျောတာလား ။ ဒါ သျှမ်းပြည်ကြီး ဖဲ့ချိုးရောင်းစားခံရတာလို့ မြင်ပါတယ်။ အားလုံး ကာကွယ်မှ တော်ကာကျတော့မယ်” ဟု စိုင်းမောက်ခမ်းကဆက်လက် ပြောပြသည်။

ယမန်နှစ် စက်တင်ဘာလ ကတည်းက တရုတ်နိုင်ငံ မန့်ကွန်ရွာမှ မြန်မာနိုင်ငံဘက်ခြမ်း မန့်ကုန်းဆာ ရွာသို့ ရွှေလီမြစ်ကူးတံတား တည်ဆောက်ရန် တရုတ်ဘက်မှကမ်းလှမ်းခဲ့သော်လည်း မန့်ကုန်းဆာ ရွာသားများလက်မခံသဖြင့် တံတားတည်ဆောက်ရန် တရုတ်မှအကောင်အထည်မဖော်နိုင်ခဲ့ပေ။

တရုတ်နိုင်ငံ ပြည်ပရေးရာဆက်ဆံရေးဌာနနှင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့ အင်အား ၁၄ ယောက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန ညွှန်မှူး ဦးချမ်းအေး ဦးဆောင်သော အင်အား ၁၇ ဦး အဖွဲ့ အပြင် မူဆယ်ခရိုင် အုပ်ချုပ်ရေး မှူး ဦးကျော်ကျော်ထွန်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း မြေစာရင်း ဦးစီးမှူး ဦးဝင်းမြင့်သန်း စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးတို့ တရုတ်- မြန်မာ နယ်နိမိတ် တိုင်းတာ ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

ဝန်ကြီးချုပ် ဦးနု လက်ထက်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ဖြစ်သည့် ဂျေဂေါင် (စယ့်ကောဝ်) ရွာအား တရုတ်အစိုးရထံ ရောင်းစားကြောင်း၊ မူစယ်သားများပိုင် လယ်ကွင်းပြင်ကြီး အားလည်း လက်ရှိမြင်တွေ့နေရသည့် ရွှေလီ ခရိုင် စယ့်ကောဝ်မြို့ ဖြစ်ကြောင်း မူစယ်ဒေသခံ ရပ်မိရပ်ဖ များကပြောပြပါသည်။


တရုတ်နယ်ခြားမှတ်တိုင်ကြောင့် ဆန္ဒပြ နမ့်ခမ်းလယ်သမားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ခေါ် ယူသတိပေး
5 June 2014
တရုတ်-မြန်မာနယ်နိမိတ် တိုင်းထွာ စိုက်ထူခဲ့သည့် မှတ်တိုင်များအား နှုတ်ယူဖျက်ဆီးသော ဆန္ဒပြသူ ဒေသခံ များကို ဂျွန်လ ၃ ရက်နေ့က နမ့်ခမ်းမြို့နယ်အုပ် ချုပ်ရေးမှူးက ခေါ် ယူတွေ့ဆုံ သတိပေး တားမြစ်ခဲ့ ပါသည်။
ယမန်နေ့ ဂျွန်လ ၃ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက ဆန္ဒပြခဲ့ကြသော တောင်သူ လယ်သမား များအား ခေါ်ယူကာ ယာယီသတ်မှတ်ထားသည့် နယ်နိမိတ်မျဉ်းအား ထိပါးခြင်း မပြုဘဲ လယ်ယာခြံမြေတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်သွားဖို့ သတိပေးချက်နှင့်အတူ ဆွေးနွေးခဲ့ခြင်းဖြစ် ကြောင်း လယ်ယာမြေဆုံးရှုံးခဲ့သူ စိုင်းအာရ်ရှဲန့် ပြောသည်။
“ ရွာဘက်ကို အဆမတန် ကျူးကျော်လာရောက်စိုက်ထူတဲ့ နယ်နိမိတ် မှတ်တိုင်တွေကို ကျနော်တို့ နှုတ် ပစ် တယ်။ မီးရှို့ပစ်ကြတယ်။ ကျနော်တို့လုပ်ရပ်ကို မြို့နယ်အာဏာပိုင်တွေက ခံပြင်းတာလားတော့မသိ။ မနေ့က ဆန္ဒပြသူတွေကိုခေါ်ယူဆွေးနွေးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ပေါ့။ အခုချိန်အထိ နှစ်ဦးနှစ်ဘက် သဘော တူ တာဘာမှမရှိသေးဘူး လို့ပြောတယ်။ မိုင်တိုင် စိုက်ထားရုံဘဲလို့ပြောတယ်။ အဲတာ ကြောင့် နှုတ် ပစ်တဲ့တိုင်တွေကို ပြန်စိုက်ပေးပါတဲ့။ ဒီနေ့ကစပြီး ဘယ်သူမှ ဒီကိစ္စ ဆန္ဒမပြရဘူးလို့ နှုတ်နဲ့သတိပေး လိုက်သေးတယ်” ဟု စိုင်းအာရ်ရှဲန့် ကပြောသည်။
ယမန်နေ့ ညနေပိုင်းတွင်လည်း ရွာသားများက အဆိုပါမိုင်တိုင်များအား ဆွဲနှုတ်ကာ မီးရှို့ဖျက်ဆီးခဲ့သည့်အပေါ် တရုတ်ဘက်မှအာဏာပိုင်တချို့ လာရောက်ကြည့်ရှုကာ အစားထိုးစိုက်ထူသွားခဲ့သေးကြောင်း မျက်မြင်ဒေသခံများကပြောသည်။
နယ်မြေတိုင်းတာရေးနှင့်ပတ်သက်၍ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက “ ကျနော်တို့ ၂ နိုင်ငံစလုံးက ဂျီဘီအက်စ်သုံးတယ်။ ဂြိုလ်တုနဲ့ထောက်တယ်။ မြေပုံနဲ့တကွတိုင်းတာပါတယ်။ အတည်ပြုသတ်မှတ်ဖို့ကကျနော် တို့ အဆင့်ဆင့်တင်ပြရဦးမှာပါ။ သူတို့ကလိုအပ်ရင် ထပ်ပြီး တိုင်း တာဦးမှာပေါ့။ ဒါနှစ်နိုင်ငံ နှစ်ဘက် အကြိမ် ကြိမ် တွေ့ဆုံညှိနှိုင်းရမယ့်ကိစ္စပါ။ တောင်သူ လယ်သမား တွေအတွက်ကတော့ အခုတိုင်းတာ တာဟာ ယာယီ သာဖြစ်သေးတဲ့အတွက် အိနြေ္ဒမပျက်လယ်ယာ စိုက်စားသွားစေချင်ပါတယ်။ နှစ်ဘက်အတည်ပြုပြီး တော့မှ လယ်သမားတွေနဲ့ ပြန်လည် ညှိနှိုင်းရမှာပါ။” ဟု သျှမ်းသံတော်ဆင့်အားပြောဆိုပါသည်။
ရွာသားများတိုင်တမ်းချက်အရကျားဖြူပါတီကျားခေါင်းပါတီပူးပေါင်း၍ကွင်းဆင်း လေ့လာသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများလယ်ယာမြေမဆုံးရှုံးရလေအောင် လွှတ်တော်အမတ်များနှင့် တိုင်ပင်ဆွေးနွေးသွား မည်ဖြစ်ကြောင်း၊ နယ်ခြားမှတ်တိုင်တိုင်းထွာရေးမှ ယာယီစိုက်ထူထားသည့် နယ်ခြားမှတ်တိုင်များ ကျူးကျော် သတ်မှတ်မှုမဖြစ်ပွါးရလေအောင် လွှတ်တော်အတွင်း ဆွေးနွေးရသည်အထိ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံ ကျားဖြူပါတီအတွင်းရေးမှူး စိုင်းထွန်းလှကပြောပါသည်။
တရုတ်နိုင်ငံ ပြည်ပရေးရာဆက်ဆံရေးဌာနနှင့် နယ်နိမိတ်တိုင်းတာရေးအဖွဲ့ အင်အား ၁၄ ယောက်နှင့် မြန်မာနိုင်ငံ နယ်နိမိတ်တိုင်းတာရေးဌာန ညွှန်မှူး ဦးချမ်းအေး ဦးဆောင်သော အင်အား ၁၇ ဦး အဖွဲ့ အပြင် မူဆယ်ခရိုင် အုပ်ချုပ်ရေး မှူး ဦးကျော်ကျော်ထွန်း နမ့်ခမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်း မြေစာရင်း ဦးစီးမှူး ဦးဝင်းမြင့်သန်း စိုက်ပျိုးရေးဦးစီးမှူး ဦးမြတ်မင်းထွေးတို့က တရုတ်- မြန်မာ နယ်နိမိတ်ကို မေလ ၂၇ ရက်မှ ၃၀ ရက်နေ့အထိ တိုင်းတာ ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါသည်။
သျှမ်းသံတော်ဆင့်