Sunday, June 15, 2014

ဒီနေ့ကာတွန်း

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မွန်ပြည်နယ်၊ မော်လမြိုင်မြို့ လူထုဟောပြောပွဲ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) တို့ ပူးပေါင်းပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မွန်ပြည်နယ်၊ လူထုဟောပြောပွဲကို ယနေ့ ဇွန်လ ၁၄ ရက် မနက် ၁ဝး ဝဝ နာရီက မော်လမြိုင်မြို့၊ ဘိုကုန်းရပ်၊ အတက်လမ်းမကြီး၊ သံလွင်ဥယျာဉ်ရှိ နယူးစကိုင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ တစ်ထောင်ကျော်နှင့် မွန်အမျိုးသားပါတီမှ ကိုယ်စားလှယ်များ၊ ကရင်အမျိုးသား ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဇော်မင်း (ခေါ်) ဘောင်းဘောင်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြောကြားသွားခဲ့သည်။

ထို့နောက် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုဌေးကြွယ်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဥပဒေပညာရှင် ဒေါ်ခင်ဌေးကြွယ်တို့မှ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဟောပြောသွားခဲ့ကြသည်။

အခမ်းအနား နောက်ဆုံးအစီအစဉ်အဖြစ် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်
လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မွန်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာ ခင်ဆောင်က ပြောကြားသွားခဲ့ပြီး အခမ်းအနားအပြီးတွင် သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ဦးဥာဏ်ဝင်း၊ ကိုဌေးကြွယ်နှင့် မွန်အမျိုးသားပါတီမှ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း တို့က ပြန်လည်ဖြေကြားခဲ့ကြသည်။

The 88 Generation Peace and Open Society

ဦးအံ့မောင်သည်သမ္မတ၏ အကြံပေး မဟုတ်ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက ပြောဆို


The Voice
 မဟာသန္တိသုခကျောင်းတိုက် ချိတ်ပိတ် အရေးယူသည့် ကိစ္စနှင့် ပတ်သက်၍ သာသနာရေး ဦးစီးဌာနက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပါဝင် ရှင်းလင်းခဲ့သူ ဦးအံ့မောင်သည် နိုင်ငံတော်သမ္မတ၏ အကြံပေး မဟုတ်ကြောင်း သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ရှင်းလင်း ပြောဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ဦးအံ့မောင် ပါဝင်ခြင်းမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကိုသာ ကိုယ်စားပြု လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံတော်သမ္မတကို ကိုယ်စားပြု ရှင်းလင်းခဲ့ခြင်း မဟုတ်ကြောင်း ၎င်းက ထပ်လောင်း ပြောဆိုသည်။

သန္တိသုခကျောင်းတိုက်အရေးနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် အွန်လိုင်းစာမျက်နှာများတွင် ဦးအံ့မောင်ကို နိုင်ငံတော်သမ္မတ အကြံပေးဟု ဖော်ပြ သုံးနှုန်းထားခြင်းနှင့် ပတ်သက်၍ The Voice က အတည်ပြု မေးမြန်းရာတွင် အထက်ပါအတိုင်း ရှင်းလင်းပြောဆိုခြင်း ဖြစ်သည်။

အချိုးကျကိုယ်စားပြုစနစ် (PR) ကော်မရှင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အားလုံးနုတ်ထွက်


 အမျိုးသားလွှတ်တော်တွင် အတည်ပြုလိုက်သည့် အချိုးကျကိုယ်စားပြုစနစ် (PR) နှင့် ပတ်သက်၍ အကောင်အထည် ဖော်မည့် ကော်မရှင်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် အားလုံးနုတ်ထွက်လိုက်ကြောင်း သတင်းရရှိသည်။

‘‘လွှတ်တော်က အဆိုကို အနိုင်ရသွားတဲ့အခါမှာ PR နဲ့ ပတ်သက်ပြီး Design ဆွဲဖို့ ကော်မရှင်ဖွဲ့တယ်။ အဲဒီအဖွဲ့မှာ ဆွေး နွေးတဲ့ လူတွေအားလုံးကို ထည့်ထားတယ်။ ကျွန်တော်တို့က မပါနိုင်ဘူးဆိုပြီး ထွက်ခွင့်တင် လိုက်တာ’’ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မကွေးတိုင်းဒေသ ကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က ပြောကြားသည်။

အဆိုပါ ကော်မရှင်တွင် အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ၃၆ ဦးအပါအ၀င် လူပုဂ္ဂိုလ် ၄၀ ဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံထားသော ဒီချုပ် ကိုယ်စားလှယ် ငါးဦးစလုံး က ပါတီမူဝါဒနှင့် မကိုက်ညီသည့် အတွက် နုတ်ထွက်ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။

ထိုကော်မရှင်မှ နုတ်ထွက် ခွင့်ပြုရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌသို့ တင်ပြခဲ့ပြီးနောက် ဇွန် ၁၃ ရက်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုလိုက် ကြောင်း ၎င်းကပြောသည်။

‘‘ကြက်ဟင်းခါးသီးက ဘယ်အိုးနဲ့ ချက်ချက် ခါးမှာပဲလေ။ အိုး ပြောင်းချက်လို့ ချိုလာတာမှ မဟုတ်တာ’’ဟု ကော်မရှင်မှ နုတ် ထွက်ရသည့်အကြောင်းကို ဦး အောင်ကြည်ညွန့်က ဥပမာပေးရှင်းပြသည်။

www.7daydaily.com/story/13251#.U501TSg02ao

ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်ကြီးများ



On Sun, 2014-06-15 19:54

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းအတွင်း လမ်းလျှောက်နေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့်ဟီလာရီကလင်တန်(ဓာတ်ပုံ− William Ng)

သူက ပိန်ပိန်ပါးပါး။ ပိန်သည်မှ တကယ့်ပါးပါးလျားလျား။ သို့သော်အတွင်းစိတ်က မာမည်ဆိုတာကိုတော့ ယုံမှားသံသယရှိစရာမလို။ သူ့မျက်နှာပေါ်မှာတမင်တကာလုပ်ယူမထားဘဲ အလိုအ လျောက်ဖြစ်နေသည့် မာန်တွေရှိ သည်။ နှစ်ကာလကြာရှည်စွာ အကျဉ်းချခံခဲ့ရသည့် ထိုခန္ဓာကိုယ်ပိန်ပိန်ပါးပါးအတွင်းမှာ ထက်မြက်မာကျောသော စိတ်သဏ္ဌာန်က ကိန်းအောင်းနေခဲ့သည်။

တောင်အာဖရိက သမ္မတ ဟောင်း နယ်လ်ဆင်မန်ဒဲလားနှင့် ချက်သမ္မတဗက်ကလပ်ဟာဗဲလ် အပါအ၀င်ကျော်ကြားသောအ ခြား   နိုင်ငံရေးအကျဉ်းသမားဟောင်းတွေမှာ တွေ့ရသောအ ရည်အချင်းတွေကဖျတ်ခနဲကြည့်လိုက်ရုံဖြင့် သူ့ဆီမှာထင်ရှားစွာမြင်နေရသည်။ သူတို့လိုပင် သူကလည်းတိုင်းပြည်၏မျှော်လင့်ချက်များကိုပခုံးထမ်းသယ်ဆောင်လာသူဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကျွန်မ ပထမဆုံးအကြိမ်တွေ့စဉ် က ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၁ရက်ဖြစ်ပါသည်။ ကျွန်မတို့နှစ်ယောက်စလုံးအဖြူရောင်တွေကို တိုက်တိုက်ဆိုင်ဆိုင်ဝတ်ဆင်ထားခဲ့ကြသည်။ နှစ်ပေါင်းများစွာသူ့အကြောင်းကိုတွေး။  စာတွေဖတ်ခဲ့ရာက နောက်ဆုံးတွင် ကျွန်မတို့ မျက်နှာချင်းဆိုင်ဆုံတွေ့ကြပါသည်။ ဒေါ်စုကနေအိမ်အကျယ် ချုပ်မှ လွတ်မြောက်ခါစဖြစ်သလို ကျွန်မကလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးရာပြုပြင်ပြောင်းလဲမှုအလားအလာတွေကို သူနှင့်တွေ့ဆုံဆွေးနွေးရန် မိုင်ပေါင်းထောင်ချီခရီးနှင်လာခဲ့ရသူဖြစ်သည်။ အမေရိကန်ကောင်စစ်ဝန်၏ အိမ်ဖြစ်သည့် သာယာသောအင်းလျားကန်စောင်းဘေး၊ ကိုလိုနီအိမ်ဟောင်းကြီး၏ အပြင်ဘက်က သီးသန့်ညစာစားပွဲမှာ ကျွန်မတို့ အတူထိုင်စားခဲ့ကြသည်။ ကျွန်မတို့ အချင်းချင်းယခုမှတွေ့သော်လည်း ကျွန်မနှင့်သူက တစ်ဘ၀လုံးသိနေခဲ့ကြသည့်    မိတ်ဟောင်းဆွေဟောင်းတွေသဖွယ်ခံစားမိသည်။

ကျွန်မမှာကလည်း မေးခွန်း တွေက တစ်ပုံတစ်ပင်။ ဒေါ်အောင်ဆန်းစုကြည်မှာလည်း ထို့အတူ။ နှစ်ပေါင်းများစွာ ဒီမိုကရေစီရရှိ ရေးလှုပ်ရှားမှုခေါင်းဆောင်အ ဖြစ်ရှိခဲ့ရာမှ ဒီမိုကရေစီကိုလက်တွေ့ အတွေ့အကြုံယူရန် သူကပြင်ဆင်နေပါသည်။ ဆန္ဒပြမှုတွေကနေ နိုင်ငံရေးအဖြစ် ဘယ်လိုကူးပြောင်းမှာလဲ။ ရွေးကောက်ပွဲကို ဘယ်လိုပြင်ဆင် သွားရမလဲဆိုသည်နှင့် ကိုယ့်ကိုယ်ကိုယ်ပုံစံသစ်မှာ အံဝင်ခွင်ကျအောင်ဘယ်လိုလုပ်ယူမလဲ။ ကျွန်မတို့ဆွေးနွေးပွဲက ပွင့်ပွင့်လင်းလင်းနွေးနွေးထွေးထွေးရှိလှပါသည်။ မကြာပါချေ။ ကျွန်မတို့ နှစ်ယောက်မှာ စကား

များတွတ်ထိုးရင်းနှင့် မိတ်ဆွေဟောင်းတွေလို အားပါးတရရယ်မောမိကြပါသည်။

ထိုအခိုက်အတန့်သည် တ ကယ့်ကိုအရေးပါသော အချိန် တစ်ခုဆိုသည်ကို  ကျွန်မတို့နှစ် ယောက်စလုံးသိရှိကြပါသည်။ တိုင်းပြည်ကို အုပ်စိုးနေသော စစ် ဗိုလ်ချုပ်များက မြန်မာဟုခေါ်ပြီး  အတိုက်အခံများက ဘားမားဟုခေါ်သည့် မြန်မာပြည်သည် အရှိန်အဟုန်ပြင်းသော ပြောင်းလဲမှုများအတွက် ခြေမခိုင့်တခိုင်လှမ်းနေပါပြီ။ ယခင်ကကဲ့သို့ သွေးထွက်သံ ယိုမှုများ ဖိနှိပ်ညှဉ်းပန်းမှုများအ ခြေအနေဆီသို့ အလွယ်တကူ နောက်ပြန်လှည့်သွားနိုင်သည်။ အကယ်၍ ကျွန်မတို့က မှန်ကန် သော    လမ်းကြောင်းပေါ်သို့  ရောက်အောင် ကူညီပေးခဲ့ပါက ယခုတိုးတက်မည့်အလားအလာ သည် ယခင်ခေတ်အဆက်ဆက် က အခြေအနေများထက် အများ ကြီးပိုကောင်းသွားနိုင်ပါသည်။

အမေရိကန်ပြည် ထောင်စုအတွက် မြန်မာနိုင်ငံကို စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းခြင်းနှင့် တိုင်းပြည်ကို ပြန်လည်စုစည်းသွားအောင် ကူညီခွင့်ရခြင်းဆိုသည့် အခွင့်အရေးက စိတ်လှုပ်ရှားစရာဖြစ်သည်။မြန်မာနိုင်ငံကလည်း ထိုအားထုတ်မှုနှင့်ထိုက်တန်ပါသည်။ မြန်မာနိုင်ငံက သန်းပေါင်းများစွာသောပြည်သူလူထုသည် လွတ်လပ်ပြီးစည်ပင် သာယာဝပြောမှုနှင့်ထိုက်တန်ပါသည်။ထို့အတူမြန်မာနိုင်ငံအပေါ်မှာ ကြီးမားသော ဗဟာဗျူဟာဆိုင်ရာ   ရည်မှန်းချက်များ လည်း ရှိနေပါသည်။ မြန်မာက အရှေ့တောင်အာရှ၏ ဗဟိုတွင် တည်ရှိပြီး အမေရိကန်ရော တရုတ်အစိုးရကပါ  သြဇာလွှမ်းမိုးရန်အား ထုတ်နေသည့်ဒေသဖြစ်သည်။

စစ်မှန်သော ပြုပြင်ပြောင်း လဲရေးလုပ်ငန်းစဉ်ကသာ ကျွန်မ တို့ မျှော်မှန်းထားသည့် မဟာဗျူ ဟာအတွက် မှတ်ကျောက်တင် နိုင်မည်ဖြစ်ပါသည်။ ဒီမိုကရေစီ နှင့်အာရှတစ်ဝန်းက လူ့အခွင့်အ ရေးလှုပ်ရှားသူများကို အားပေးပြီး အာဏာရှင်အစိုးရများ ဆန့်ကျင်မှုကိုအားပေးရန်ဖြစ်ပါသည်။ ကျွန်မတို့မအောင်မြင်ခဲ့လျှင် အကျိုးဆက်များကပြောင်းပြန်ဖြစ်သွားနိုင်ပါသည်။ မြန်မာစစ်ဗိုလ်ချုပ်များက ကျွန်မတို့အပေါ် လှည့်ဖြားကစားနိုင်သည့်အန္တရာယ်လည်းရှိပါသည်။ အောက်ခြေမှာမပြောင်းလဲဘဲ အပေါ်ယံလူကြည့်ကောင်းရုံနည်းနည်းပါးပါးပြောင်းလဲရုံနှင့်   နိုင်ငံတကာအလယ်မှာအထီးကျန်ဖြစ်မှုကနေ ကျော်လွှားနိုင်မည်ဟု  သူတို့က  မျှော်လင့်ကောင်းမျှော်လင့်နေနိုင်ပါသည်။ အမေရိကန်ပြည်ထောင်စု၌ စောင့်ကြည့်အကဲခတ်သူ အတော်များများကမြန်မာနိုင်ငံကအခြေအနေများမှာ အဖြူအမည်းမသဲကွဲချိန်မှာ   ကျွန်မကအမှားတွေ လျှောက်လုပ်ကုန်ပြီဟု ထင်ကြသည်။ ကျွန်မကလည်း  ထိုအန္တရာယ်တွေကို မျက်စိရှင်ရှင်ထား ခဲ့ရ၏။ သို့သော်လည်း အခြေအနေများကို ချိန်ဆကြည့်သည့်အခါ သည်အခွင့်အရေးကို ကျွန်မက ဘယ်လိုလုပ်လက်လွှတ်ဆုံးရှုံးခံ နိုင်မှာလဲ။

၂နာရီနီးပါးကြာအောင်ဒေါ် အောင်ဆန်းစုကြည်နှင့် ကျွန်မတို့ ထိုင်စကားပြောခဲ့သည်။ ဒေါ်စုက လည်း အမေရိကန်ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို မည်သို့တုံ့ပြန် မည်ကို သိချင်လှ၏။ ကျွန်မက အမေရိကန်အနေဖြင့်    မြန်မာ ဘက်က ဆောင်ရွက်လှုပ်ရှားမှု များနှင့် ကိုက်ညီအောင်တုံ့ပြန် မည်ဟု ပြောကြားခဲ့သည်။

အပြည့်အ၀သံတမန်ဆက် ဆံရေးပြန်လုပ်ခြင်းမှ   အစချီ ပြီး အရေးယူပိတ်ဆို့မှုများ ဖြေ လျှော့ပေးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု များလုပ်ခြင်းစသည့် အခွင့်အရေး အတော်များများ ကျွန်မတို့က မြန် မာကိုပေးနိုင်ပါသည်။

သို့သော်လည်းနိုင်ငံရေးအ ကျဉ်းသားများပြန်လွှတ်ခြင်း၊ တ ရားမျှတသောရွေးကောက်ပွဲ၊တိုင်းရင်းသားလူနည်းစုများနှင့်လူ့ အခွင့်အရေးကို ကာကွယ်ခြင်း၊ မြောက်ကိုရီးယားနှင့်စစ်ရေးအ ဆက်အသွယ်ဖြတ်တောက်ခြင်း နှင့် ကာလကြာရှည်နေသည့်တိုင်း ရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများအဆုံးသတ်ခြင်းတို့ကို ကျွန်မတို့က မြင်တွေ့ရန်လိုအပ်သည်။ ကျွန်မတို့လုပ်ရပ်တိုင်းသည် မြန်မာတွင် နောက်တစ်ဆင့် တိုးတက်မှုဖြစ်လာအောင်ရည်ရွယ်ပါသည် ဟု ကျွန်မက  သူ့ကိုအခိုင်အမာ ပြောပြခဲ့ပါသည်။

ဒေါ်စုကလည်းထိုစိန်ခေါ်မှု  များနှင့်  မြန်မာကိုအုပ်ချုပ်နေ သည့်    စစ်ဗိုလ်ချုပ်ကြီးများအ ကြောင်းကို ကောင်းကောင်းသိပါ သည်။ ဗြိတိသျှအစိုးရလက်ထက် ကနေ နိုင်ငံလွတ်လပ်ရေးရ အောင်ဦးဆောင်တိုက်ယူခဲ့သည့်  သူ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းပင် လျှင် ၁၉၄၇ခုနှစ်က နိုင်ငံရေးပြိုင် ဘက်တို့၏ လက်ချက်ဖြင့်ကျဆုံးခဲ့ ရသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း နိုင်ငံရေးလှုပ်ရှား မှုများကြောင့် ၁၉၈၉ခုနှစ်ဇူလိုင် လတွင် ပထမဆုံးအကျယ်ချုပ်ကျ ခံခဲ့ရ၏။ ထိုကတည်းကစပြီးဒေါ် စုမှာနေအိမ်အကျယ်ချုပ်ကိုထွက် လိုက်ဝင်လိုက်ဖြစ်နေခဲ့သည်။ ၁၉၉၀ပြည်နှစ်တွင် စစ်တပ်ကရွေးကောက်ပွဲကျင်းပရာဒေါ်စု၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါ တီက မဲအပြတ်အသတ်ဖြင့်အနိုင် ရခဲ့သည်။ စစ်ဗိုလ်ချုပ်များကအ သိအမှတ်မပြုခဲ့ပါ။

နောက်တစ်နှစ်တွင်  ဒေါ် အောင်ဆန်းစုကြည်က   နိုဗယ် ငြိမ်းချမ်းရေးဆုဆွတ်ခူးခဲ့သည်။ သူ့ကိုယ်စား    ခင်ပွန်းဖြစ်သူ အောက်စဖို့ဒ်တက္ကသိုလ်၏ တိဗက် နှင့်ဗုဒ္ဓဘာသာဆိုင်ရာပါမောက္ခဒေါက်တာအဲရစ်က သားများနှင့် အတူ တက်ရောက်လက်ခံယူခဲ့ သည်။ နေအိမ်အကျယ်ချုပ်ကျနေ စဉ်အတွင်း ဒေါ်အောင်ဆန်းစု ကြည်မှာ မိသားစုကို တွေ့ဆုံခွင့် သိပ်မရခဲ့ပါ။ ခင်ပွန်းဖြစ်သူမိုက် ကယ်အဲရစ်ကင်ဆာရောဂါဖြင့် ဆေးကုသမှုခံယူနေစဉ်မကွယ် လွန်မီဒေါ်စုကို တွေ့ခွင့်ရရန်ကြိုး ပမ်းရာ မြန်မာစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ချေ။ သူတို့က ဒေါ်အောင် ဆန်းစုကြည်ကိုသာတိုင်းပြည်မှ သွားခွင့်ပေးခဲ့သည်။   သူသွား လျှင် မြန်မာပြည်ကိုပြန်ဝင်ခွင့်မ ပေးမှာစိုးသဖြင့် ဒေါ်စုကလည်း ထိုအခွင့်အရေးကို ငြင်းပယ်ခဲ့ သည်။ ထို့ကြောင့် နောက်ဆုံးနှုတ် ဆက်စကားပင်ပြောခွင့်မရခဲ့ဘဲ ၁၉၉၉တွင် မိုက်ကယ်အဲရစ်ကွယ် လွန်သွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာမှာ ဒီမိုကရေစီအခွင့်အ  လမ်းဖြစ်လာနိုင်မှုများကို အစစ် အမှန်ဟုယုံကြည်ထားခဲ့သော် လည်း သတိထားပြီး သုံးသပ်ကိုင် တွယ်ဖို့လိုသည်ဟု တွေးထားခဲ့ သည်။ ကျွန်မတို့အသေးစိတ်ကို ဆွေးနွေးရန် နောက်တစ်နေ့မှာ တွေ့ဆုံရန်သဘောတူကြသည်။ သည်တစ်ကြိမ်တွင်တော့သူအိမ် မှာတွေ့ဆုံမည်ဖြစ်ပါသည်။

   ထိုနေ့က ကျွန်မတို့နှစ် ယောက်လမ်းခွဲကြတော့ အိပ်မက် မက်နေသလားဟု ကျွန်မကိုယ် ကျွန်မဆွဲဆိတ်ကြည့်မိပါသည်။  ၂၀၀၉ခုနှစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့်အချိန်တွင် ကျွန်မကယခုလို လာရောက်ရန်စိတ်ကူးယဉ်ခဲ့ဖူးပါသည်။

ထိုအချိန်မတိုင်မီ လွန်ခဲ့ သော ၂နှစ်၊ ၂၀၀၇ခုနှစ်မှာငြိမ်းချမ်းစွာဆန္ဒပြနေသော သံဃာတော်များကို မြန်မာစစ်သားများက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြသည့် ကြောက်မက်ဖွယ်ရာမြင်ကွင်းများကို ကမ္ဘာကြီးကစောင့်ကြည့်ခဲ့ရသည်။ယခုတွင်မူ မြန်မာက ခေတ်သစ်ကိုပြောင်းဖို့ဦးတည်နေပါပြီ။

ထိုအချက်က ကမ္ဘာကြီးက သူ၏အမြင်များကိုဘယ်လောက် မြန်မြန်ပြောင်းလဲနိုင်သလဲဆို သည်ကို သတိပြုဆင်ခြင်ဖွယ်ရာ ပင်ဖြစ်ပါသည်။ ထိုပြောင်းလဲမှုများကို ပုံစံတကျလိုက်လျောညီ ထွေဖြစ်အောင် အကူအညီပေးရန်   အမေရိကန်နိုင်ငံအတွက် မည်မျှအရေးကြီးသည်ဆိုသည် ကိုလည်း ပြသနေပါသည်။

(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း ဟီလာရီကလင်တန်၏ မကြာသေးမီက     စတင်ဖြန့်ချိ လိုက်သော Hard Choices စာအုပ် ပါ မြန်မာနိုင်ငံအခန်းကဏ္ဍဖြစ် သည့် Burmaမှ The Lady & Gen−erals အခန်းကိုထားထားမြင့်ဘာ သာပြန်ဆိုသည်။)
http://www.7daydaily.com/story/13225#.U52hiyg1D9s

သန္တိသုခ ညအတွင်းရေး



    Friday, 13 June 2014
http://thevoicemyanmar.com/index.php/article/item/543-tdt


ရန်ကုန်မိုးဖွဲများအကြား သန်းခေါင်ယံ စစ်ဆင်ရေးတစ်ခု ဆင်နွှဲနေသည်ဆိုသော သတင်းက ပြည်တွင်းပြည်ပသို့ ချက်ချင်း ပျံ့နှံ့သွားသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခုကို သံဃာ့အဖွဲ့အစည်းဝင်များက ညသန်းခေါင်ယံ၌ ဝင်ရောက်စီးနင်းမှုမှာ စစ်မြေပြင်ရှိ ရန်သူ့စစ်စခန်းတစ်ခုကို တက်ရောက် သိမ်းပိုက်သည့်အလား။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆန္ဒပြသပိတ်စခန်း အချို့ကို ဝင်ရောက် ဖြိုခွဲသည့် လုပ်နည်းလုပ်ဟန်နှင့် ထပ်တူကျနေမှုများက မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ယင်းမှာ ၂၀၀၇ သံဃာ့အရေးအခင်းပြီး နောက်ပိုင်း ဘုန်းတော်ကြီးကျောင်းအတွင်း အဆိုးရွားဆုံးသော ညအချိန် ဝင်စီးမှုလည်း ဖြစ်သည်။

သံဃာအပါး ၃၀၀ ခန့် အပါအဝင် ရဲတပ်ဖွဲ့နှင့် သာသနာရေးဦးစီးဌာန တာဝန်ရှိသူများ ပူးပေါင်း၍ တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်အတွင်းရှိ ပြည်ပသာသနာပြု ပီနန်ဆရာတော် သီတင်းသုံးရာ မဟာသန္တိသုခကျောင်းတိုက်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျောင်းတိုက်အတွင်းရှိ ရဟန်းသံဃာအချို့နှင့် လူပုဂ္ဂိုလ်များကို ခေတ္တထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ ကျောင်းတိုက်ကို ဝင်ရောက် စီးနင်းရန်အတွက် မြို့နယ် ၁၃ မြို့နယ်မှ သံဃနာယက တာဝန်ရှိသူများ ည ၈ နာရီခွဲဝန်းကျင် အချိန်ကစ၍ ဗဟန်းမြို့နယ် အတွင်းရှိ ရန်ကုန်တိုင်း သံဃနာယက ရုံးခန်းတွင် စုဝေးနေကြခြင်း ဖြစ်သော်လည်း လာရောက်သူ သံဃာတော် အများစုက ယနေ့ည လုပ်ဆောင်မည့် အစီအစဉ်ကို စိုးစဉ်းမျှမသိ။
“တစ်မြို့နယ်ကို ၂၂ ပါးနှုန်းနဲ့ ၁၃ မြို့နယ်က သံဃနာယကတွေကို တိုင်းသံဃနာယကအဖွဲ့က လျှို့ဝှက်အစည်းအဝေး ဆိုပြီး ဖိတ်တယ်” ဟု အဆိုပါ အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့သူ သံဃာတော်တစ်ပါးက ထုတ်ဖော် မိန့်ကြားသည်။

တိုင်းသံဃနာယက အစည်းအဝေး ခန်းမအတွင်း သံဃာတော်များ အစုံအလင် ရောက်ရှိနေပြီ ဖြစ်သော်လည်း တိုင်းဥက္ကဋ္ဌ ဆရာတော် ဦးဣဒ္ဓိဗလနှင့် အခြားသံဃာတစ်ပါးက ည ၁၀ နာရီ ဝန်းကျင်မှသာ အစည်းအဝေး ခေါ်ယူရသည့် အကြောင်းရင်းနှင့် မဟန (နိုင်ငံတော်သံဃ မဟာနာယက) အဖွဲ့က ထုတ်ပြန်သည့် ညွှန်ကြားလွှာကို ဖတ်ပြသည်။ ဇွန်လ ၁၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာမှာ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီးကို ချိတ်ပိတ်ရန်နှင့် ကျောင်းတိုက်ရှိ သံဃာတော်များကို ဖယ်ရှားရန်။

“အရှင်ဘုရားတို့ ဖုန်းတွေ ပိတ်ထားပါ။ တပည့်တော် ဒီကိစ္စထက် အရေးကြီးတာ ဘာမှမရှိဘူး” ဟု အဆိုတော် မာမာအေး၏ တေးသံတစ်ခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားဟန်တူသော တိုင်းသံဃနာယက ဥက္ကဋ္ဌဆရာတော်က ယင်းအစည်းအဝေးတွင် မာန်ပါပါ ဆိုလိုက်သည်။
“ညီတော် နောင်တော်တွေက သတ္တိရှိရှိနဲ့ သမိုင်းကြောင်းရေးပါ။ နိုင်ငံတော် သံဃမဟာနာက ပိုင်တဲ့ကျောင်းကို မကာကွယ်ရင် ဘယ်သူ့ကျောင်း ကာကွယ်မလဲ။ အရှင်ဘုရားတို့ ကိုယ်ကျရာ တာဝန်ကို ပြတ်ပြတ်သားသားလုပ်ပါ။ သတ္တိရှိရှိနဲ့ လုပ်ဖို့ အထူးမှာချင်ပါတယ်။ ကမ္ဘာက စိတ်ဝင်စားတဲ့ သန္တိသုခကို ဒီနေ့ မှတ်တမ်းတင်မှာပဲ” ဟု အဆိုပါ ဥက္ကဋ္ဌဆရာတော် ဦးဣဒ္ဓိဗလက ထပ်မံတိုက်တွန်းကြောင်း The Voice Weekly က သီးသန့် ရရှိထားသော အသံဖိုင်အရ သိရသည်။

သန္တိသုခ သမိုင်းကြောင်းကို ရန်ကုန်တိုင်း ဥက္ကဋ္ဌဆရာတော်၊ မြို့နယ် သံဃနာယကများနှင့် တိုင်းဒေသကြီး အစိုးရတို့က ရှင်းလင်းခဲ့ကြောင်း မှတ်တမ်းရေးထိုး ရမည်ဟု ဆရာတော်က ဆက်မိန့်သည်။
“အဲဒီအထဲ (သန္တိသုခကျောင်းတိုက်) ကျောက်စာကြီး ထောင်ဦးမှာ” ဟု ဆရာတော်က မိန့်သည်။

ရဟန်းသံဃာငယ်များ လက်ရှောင်လိုသော ပီနန်ကျောင်းတိုက် အရေးအခင်းတွင် တိုင်းဥက္ကဋ္ဌက တစ်ဖက်လှည့်ဖြင့် အစည်းအဝေး ခေါ်ယူပြီး အင်အားပြ အသုံးချမည့်အရေးကို ကြွရောက်လာသူ သံဃာအများစုက နှစ်မြို့ဟန်မရှိ။ တိုင်းဥက္ကဋ္ဌ ဆရာတော်ကိုယ်တိုင်က “စည်းလုံးခြင်းသည်အင်အား” ဟု ဆိုသော တပ်မတော်အစိုးရ လက်ထက် ဆောင်ပုဒ်တစ်ခုကို ရေရွတ်ရင်း စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ကြမည် ဖြစ်ကြောင်း စည်းရုံး ပြောဆိုနေသည်။

ကြွရောက်လာသူ သံဃာအပါး ၃၀၀ ခန့်ကို ည ၁၀ နာရီခွဲခန့်တွင် အဝေးပြေး ခရီးသည်တင် ယာဉ်ကြီးများပေါ်သို့ တင်ဆောင်၍ တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်သို့ ဦးတည် ထွက်ခွာသွားကြသည်။ မဟနနှင့် တိုင်းဒေသကြီး ဥက္ကဋ္ဌ ဆရာတော်တို့၏ လုပ်ဆောင်မှုကို သဘောမတူသော သံဃာအချို့က တိုင်းရုံးမှပင် လှည့်ပြန်ကြသည်။ သံဃာအချို့ကမူ သဘောမတူသည့်တိုင် အခြေအနေကို သိလို၍ သန္တိသုခသို့ လိုက်ပါသွားခဲ့ကြောင်း ပြောဆိုသည်။

ယာဉ်မထွက်မီ မှာစရာ ရှိသည်များကို ဥက္ကဋ္ဌ ဆရာတော်က အသေအချာ မှာနေသည်။ အာဏာပိုင်အဖွဲ့ နေရာအပြည့် ချထားကြောင်း၊ ဝင်ရောက် ဖယ်ရှားရာတွင် လိုအပ်မည့် စကားပြောစက် (Walkie Talkie) များ အဆင်သင့် ပြင်ပေးထားပြီး အထပ် ၁၁ ထပ်ရှိ ကျောင်းတော်ကြီး၏ အထပ် ၅ နှင့် ၆ ကို အဓိက ဝင်ရောက်ရှာဖွေရန်၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရပါက သည်းမခံကြရန်၊ ထို့အတူ ယခုသတင်းကိုလည်း လုံးဝ မပေါက်ကြားစေရန် အထပ်ထပ် သတိပေးနေသည်။
“ပါလာတဲ့ ကားတွေအပြင် (တိုင်းရုံး) မှာ ထားခဲ့ပါ။ မှန်လုံကားနဲ့ သွားမယ်။ နိုင်ငံခြားဧည့်သည် သဘောမျိုးနဲ့ ဝင်မယ်။ သတ္တိရှိရှိနဲ့ သတိထား ဆောင်ရွက်ပါ။ အဲ့ဒီမှာရှိတဲ့ ကိုယ်တော်တွေက ငယ်ဖြူတွေ မဟုတ်ဘူး။ မြဝတီ။ ကော့သောင်းဘက်က အလင်းဝင်တဲ့ ကောင်တွေကို ဝတ်ပေးထားတယ်လို့ ကြားတယ်” ဟု ရှေ့တန်းထွက်မည့် တပ်သားများကို စစ်ဆင်ရေး အသေးစိတ်အား အထပ်ထပ် ရှင်းလင်း မှာကြားနေသည့်အလား တိုင်းဥက္ကဋ္ဌ ဆရာတော်က မိန့်ကြားနေသည်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့နှင့် ပီနန်ဆရာတော်တို့ အကြား ကာလအတန်ကြာ ပိုင်ဆိုင်မှု အငြင်းပွားနေသော အဆိုပါကျောင်းတိုက် ပြဿနာမှာ ပြေလည်မည့် အလားအလာများ ပေါ်ထွက်ခဲ့သော်လည်း ယင်းပြဿနာ ပြေလည်မည်ကို စိုးရွံ့နေသူ အပေါင်းအပါများ ရှိနေကြောင်း သာသနာရေးနှင့် သံဃာအသိုင်းအဝိုင်း ထံမှ စုံစမ်းသိရှိရသည်။ အဆိုပါ ပြဿနာ ပြေလည်သွားမည့်အရေး စိုးရွံ့နေသူများကပင် ကျောင်းတိုက် ချိတ်ပိတ်သည်အထိ ပြဿနာ ကြီးထွားလာစေရန် စီစဉ်ဖန်တီးခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော် သံဃမဟာနာယက၊ ပီနန်ဆရာတော်တို့ အပါအဝင် နိုင်ငံတော်သမ္မတရုံးတွင် အပြစ်မရှိကြောင်း ယင်းတို့က ကရုဏာစကား ဆိုကြသည်။
သူတို့ ပြောဆိုသော ကြိုးကိုင်သူစာရင်းတွင် နိုင်ငံတော်သမ္မတ အကြံပေး တကယ်မဟုတ်သူ ပုဂ္ဂိုလ်ကြီးက နံပါတ်တစ်။

၁၁ ထပ်ရှိ ကျောင်းတော် အဆောက်အအုံ အပါအဝင် ကျောင်းဝင်းအတွင်းရှိ ကျောင်းတိုက် အသီးသီး၌ အစည်းအဝေးခန်းမများ၊ အလှူမင်္ဂလာ ဧည့်ခံပွဲများ ကျင်းပရာ ကျောင်းခန်းမများနှင့် ပြည့်နှက်နေသည်။ ခန်းမနှစ်ခုက အချိန်ပြည့်နီးပါး မင်္ဂလာဧည့်ခံပွဲများနှင့် စည်ကားနေတတ်ပြီး မင်္ဂလာခန်းမ ငှားရမ်းလိုပါက တစ်နှစ်နီးပါး ကြိုတင်ရက်ချိန်း ယူရကြောင်း အဆိုပါကျောင်းတိုက်၌ မင်္ဂလာဧည့်ခံပွဲ ပြုလုပ်ခဲ့သူ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ရှင်းပြသည်။

ခန်းမငှားရမ်းခ အပါအဝင် ဧည့်ခံပွဲ တစ်ခုအတွက် အရပ်ရပ် ကုန်ကျစရိတ်က ကျပ်သိန်းဆယ်ဂဏန်း ပြေးမလွတ်။ အဆိုပါ ရငွေများမှာ ကျောင်းတိုက်နှင့် တိုက်ရိုက် သက်ဆိုင်သည့်အတွက် ကျောင်းတိုက်၏ ဘဏ္ဍာငွေစာရင်းတွင် ဆင့်ကာဆင့်ကာ ဘဏ္ဍာငွေများ တိုးပွားလာသော်လည်း စာရင်းသက်သက်သာ ဖြစ်ကြောင်း နီးစပ်သူများက ဖောက်သည်ချသည်။ သို့သော် မင်္ဂလာပွဲများ ကျင်းပခွင့် ပြုမထားကြောင်း သန္တိသုခညအပြီး ဇွန်လ ၁၁ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သာသနာရေးဦးစီးဌာနက ဗြောင်ငြင်းချက် ထုတ်ထားသည်။

အကယ်၍ သန္တိသုခကျောင်းတော်အရေး မဟနဆရာတော်ကြီးများနှင့် ပီနန်ဆရာတော် တို့အကြား ပြဿနာ ပြေလည်သွားပါက ကျောင်းတိုက် ဘဏ္ဍာငွေစာရင်းများကို ရှင်းလင်းရန် လိုအပ်လာမည် ဖြစ်ပြီး စာရင်းအင်း အမှန်အတိုင်း ရှင်းလင်းနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း သန္တိသုခကျောင်းတိုက်နှင့် နီးစပ်သော အသိုင်းအဝိုင်းက ပြောဆိုသည်။

နိုင်ငံတော်အဆင့် ကျောင်းတိုက်ကြီးတစ်ခု သံဃမဟာနာယက၏ ကွပ်ကဲမှုအောက်တွင် ရှိနေစဉ် ဘဏ္ဍာရေးရာ အဝဝအတွက် အဓိကတာဝန်ရှိသူတို့မှာ ကမ္ဘာအေးကုန်းမြေမှ အရာရှိ လူပုဂ္ဂိုလ်အချို့သာ ဖြစ်ကြောင်း၊ သမ္မတအကြံပေး တကယ်မဟုတ်သူ ပုဂ္ဂိုလ်ကြီးမှာ ထိပ်ဆုံးမှ တာဝန်ရှိကြောင်း သံဃာဦးသျှောင် ဆရာတော်ကြီးများ၏ အနီးကပ် ကပ္ပိယကာရကများက အတိအလင်း ပြောဆိုသည်။
သို့သော် ဝန်ကြီးဌာနက ပစားပေး ခံထားရသော ဘုန်းကြီးလူထွက် ညွန်ကြားရေးမှူးချုပ်ဟောင်း တစ်ဦးကို ပြစ်တင်ဖယ်ရှားရန်မှာ နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရခေါင်းဆောင်များ၊ မဟနအဖွဲ့ ကဲ့သို့သော သံဃာ့ဦးသျှောင် ဆရာတော်ကြီးများ လုပ်ဆောင်ရန်သာ ဖြစ်၍ ၎င်းတို့၏ အမည်ကို ထုတ်မပြောလိုကြောင်း အထက်ပါ တပည့် ဒါယကာများက ရှင်းပြသည်။

အဆိုပါ သမ္မတအကြံပေး တကယ်မဟုတ်သော ယင်းပုဂ္ဂိုလ်သည် တိပိဋက ယောဆရာတော် ကဲ့သို့သော ဆရာတော်ကြီးများ၏ အမည်နာမကိုပင် အလွဲသုံးစား ပြုခဲ့ဖူးသူ ဖြစ်၍ သူကိုယ်တိုင် အပါအဝင် ပတ်သက်သူအချို့ အရေးယူခံခဲ့ရဖူးသည်။
သို့သော် သန္တိသုခ အရေးကိစ္စမှာမူ မြန်မာနိုင်ငံအတွင်းရှိ ငါးသိန်းသော သံဃာများကို ဦးဆောင်နေသော ဆရာတော်ကြီးများအကြား ဝမ်းနည်းဖွယ် စိတ်ဝမ်းကွဲမှုများ ပေါ်ပေါက်လာနိုင်ဖွယ် ရှိပြီး သီတဂူဆရာတော် ကဲ့သို့သော ကမ္ဘာသိဆရာတော်အချို့က မဟနအဖွဲ့ကို ဝေဖန်ပြစ်တင်လိုက်ခြင်းမှာ သာသနာတော်အတွက် အနုတ်လက္ခဏာသာ ဖြစ်ကြောင်း ရန်ကုန်မြို့တော်တွင် သီတင်းသုံးနေသော မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက မှတ်ချက်ပြု မိန့်ကြားသည်။

သာသနာပြု တက္ကသိုလ်တစ်ခု ထူထောင်ရန် ရည်ရွယ်ဆောက်လုပ်ခဲ့သော မဟာသန္တိသုခ ဗုဒ္ဓစင်တာကြီးမှာ ယခုအခါ ချိတ်ပိတ်ခံထားရပြီ ဖြစ်သည်။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကမူ ပုဂ္ဂလိကပိုင်ပစ္စည်းကို သံဃိက (သံဃာပိုင်) ပြုလုပ်၍ မရသကဲ့သို့ သံဃိက ပစ္စည်းကိုလည်း ပုဂ္ဂလိကသို့ လွှဲပြောင်းမပေးနိုင်ကြောင်း အခိုင်အမာ ရပ်တည်ထားသည်။

၂၀၀၀ ပြည့်နှစ်အလွန် ခုနှစ်များတွင် ပြည်ပတွင် ရောက်ရှိနေသော ပီနန်ဆရာတော်က မြန်မာ့နိုင်ငံရေးနှင့် ဆက်နွှယ်သော ထုတ်ဖော်ပြောဆိုမှုများကြောင့် ထိုစဉ်က ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က မဟာသန္တိသုခကျောင်းတိုက်ကို မဟနအဖွဲ့ထံ လွှဲအပ်ခဲ့ပြီး ယင်းအချိန်မှ စတင်၍ အဆိုပါကျောင်းတိုက်ကို မဟန၏ စီမံခန့်ခွဲမှုဖြင့် အုပ်ချုပ်နေခြင်း ဖြစ်သည်။

ပီနန်ဆရာတော်၏ နိုင်ငံရေးဆိုင်ရာ ပြောဆိုဝေဖန်မှုကြောင့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တပ်မတော်အစိုးရက ပြည်ဝင်ခွင့်ပိတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြည်ပရောက် မစိုးရိမ်ဆရာတော်၊ လန်ဒန်ဆရာတော် စသည့် ဆရာတော်များ စုဖွဲ့၍ မဟနအဖွဲ့ကို အန်တုမည့် သံဃာ့ဦးသျှောင် အဖွဲ့ကို အမေရိကန်ပြည်ထောင်စုတွင် ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ယင်းသို့ သံဃာ့ဦးသျှောင်အဖွဲ့ ဖွဲ့စည်းမှုအပေါ် ပြည်ပနိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များက ထောက်ခံခဲ့သော်လည်း မဟနအဖွဲ့နှင့် အစိုးရတို့က အသိအမှတ်ပြု လက်ခံခြင်း မရှိပေ။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်လာသည့်နောက် ပီနန်ဆရာတော် ပြည်တွင်းသို့ ပြန်လည်ကြွရောက်လာပြီး သန္တိသုခကျောင်းတိုက်ကို မူလရည်ရွယ်ချက်ဖြစ်သည့် ဗုဒ္ဓစင်တာကြီး တစ်ခုအဖြစ် အကောင်အထည်ဖော်ရန် စတင်လုပ်ဆောင်ရာမှ ပိုင်ဆိုင်မှု ပြဿနာ တစ်ကျော့ပြန်လာခြင်း ဖြစ်သည်။

၁၉၉၉ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သော ကျောင်းတော်ကြီးကို နိုင်ငံတကာအဆင့်မီ သင်ကြားရေးခန်းမများ အစုံအလင်ဖြင့် ဗုဒ္ဓစာပေများကို အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချ၍ မြန်မာရဟန်းတော်များကို ပြည်ပသာသနာပြု စေလွှတ်ရန် ရည်ရွယ်ခဲ့ကြောင်း ပီနန်ဆရာတော် အရှင်ပညာဝံသက မိန့်ကြားထားသည်။ ယင်းအစီအစဉ်ကို ပြန်လည် အကောင်အထည်ဖော်ရန် ၂၀၁၄ ခုနှစ် ဇွန်လဆန်းအတွင်း နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် သင်တန်းသားများ ဖိတ်ခေါ်ခဲ့ပြီး အဆိုပါ ဖိတ်ခေါ်ချက်ကပင် ကျောင်းတိုက်ကို ချိတ်ပိတ်ရသည့် အကြောင်းအရင်း တစ်ခုဖြစ်ကြောင်း တိုင်းသံဃနာယက အဖွဲ့က ဖတ်ကြားသော ညွှန်ကြားလွှာတွင် ရေးသားထားသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သန္တိသုခအရေး အဆောတလျင် ဆောင်ရွက်ခြင်း မပြုရန် မဟနအဖွဲ့ထံသို့ ပန်ကြားခဲ့မှုကလည်း သံဃမဟာနာယက ဆရာတော်ကြီးများ၏ ဦးဆောင်မှုကို ထိပါးစေသည့်အတွက် ပို၍ပင် ရှေ့တိုး လုပ်ဆောင်ခဲ့ကြောင်း မဟနအဖွဲ့၏ ညွှန်ကြားလွှာတွင် ဖော်ပြထားချက်အရ သိရသည်။ “သမ္မတသြဇာခံ အဖြစ်မခံနိုင်” ဟု ဆိုကာ သမ္မတ၏ လျှောက်ထားချက်ကို မလိုက်နာနိုင်ကြောင်း ယင်းညွန်ကြားလွှာတွင် ထပ်ဆင့်ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်က မတည်ငြိမ်သေးသော တိုင်းရေးပြည်ရာ အခြေအနေများအကြား အကျပ်အတည်း ထပ်မံ မကြုံတွေ့စေရန် စေတနာဖြင့် လုပ်ဆောင်ခဲ့သော်လည်း “ဆေးကြောင့်လေး” သွားခဲ့ရပြီ ဖြစ်ကြောင်း သမ္မတရုံးနှင့် နီးစပ်သူများက အတည်ပြု ပြောဆိုသည်။

ပီနန်ဆရာတော် အနေနှင့် မိမိမှန်သည်ဟု ယူဆပါက အရပ်ဘက် သို့မဟုတ် သာသနာရေးဆိုင်ရာ တရားရုံး အဆင့်ဆင့်တွင် ဖြေရှင်းသွားရန်သာ ဖြစ်ကြောင်း မဟနအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

မည်သို့ပင် ဆိုစေကာမူ သန္တိသုခအရေးကြောင့် မဟနအဖွဲ့၏ ဂုဏ်သိက္ခာ ထပ်မံကျဆင်းခဲ့ရပြီး အွန်လိုင်းနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ခံရမှုများ ကြုံတွေ့လာရသည်။ တပ်မတော်အစိုးရ၏ အရိပ်လွှမ်းမိုး ခံခဲ့ရသော မဟနအဖွဲ့အနေနှင့် ယခင်ကတည်းက လူမြင်ကွင်းတွင် အမည်ကောင်း မရခဲ့ဘဲ ယခုထပ်မံ၍ ပြစ်တင်ပြောဆိုမှုများ ရင်ဆိုင်လာရခြင်း ဖြစ်သည်။ သို့သော် မဟနဆရာတော်အချို့နှင့် ပါဝင်ပတ်သက်သူ လူပုဂ္ဂိုလ်များက လျှော့မည့် အလားအလာမရှိ။ တရားဟု ယူဆလျှင် ကြိုက်ရာတရားရုံးသို့ သွားရောက် တိုင်ကြားနိုင်ကြောင်းပင် ဇွန်လ ၁၁ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ငေါက်ငမ်း ပြောဆိုလိုက်သေးသည်။

သန္တိသုခ အကျပ်အတည်းကြောင့် မဟနအဖွဲ့ကို ဝေဖန်သူများ အပြစ်ရောက်မည်ကို စိုးရိမ်သူများလည်း ရှိသည်။

အစိုးရနှင့် လူငယ်ထုအပေါ် သြဇာသက်ရောက်မှု ရှိသည့်အပြင် နှစ်ဘက် သံဃာ့ခေါင်းဆောင်များ၏ ယုံကြည်ကိုးစားခြင်း ခံထားရသော ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒကို ကြားဝင် စေ့စပ်ပေးသင့်ကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် နီးစပ်သူများက အကြံပြုထားသည်။ ဓမ္မဒူတဆရာတော် ကြားဝင် လာပါက ပြဿနာ အထိုက်အလျောက် လျော့ပါးမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မြို့နယ်အဆင့် သံဃနာယက ဆရာတော်များနှင့် စာသင်စာချ ရဟန်းတော်များ အပါအဝင် နိုင်ငံရေးလေ့လာသူ အများစုက မဟနအဖွဲ့၏ လမ်းညွှန်ချက်နှင့် အကောင်အထည် ဖော်သူများကို ပြစ်တင်ဝေဖန်ထားပြီး ပြဿနာ၏ နောက်ကွယ်က ဒါရိုက်တာ ပုဂ္ဂိုလ်ကြီးကို မီးမောင်းထိုးကြသည်။

ဘုန်းကြီးလူထွက် အဆိုပါပုဂ္ဂိုလ်မှာ တော်တန်ရုံ ရဟန်းတော်များကိုပင် ရှိခိုးဦးညွတ်သူ မဟုတ်ဘဲ အမြဲလိုလို သာသနာရေး ကိစ္စရပ်များတွင် ရှေ့ဆုံးမှ ပါလေ့ရှိသူ ဖြစ်ပြီး သူ၏ ပြောစကား တစ်ခွန်းကို မြို့နယ်သံဃနာယက ဆရာတော်တစ်ပါးက အောက်ပါအတိုင်း ပြန်လည်ဖောက်သည်ချ မိန့်ဆိုသည်။
“သူက ဘယ်နေရာရောက်ရောက် အမြဲတမ်း ထိပ်ကပဲနေမှာ။ ငရဲပြည်ရောက်ရင်တောင် ယမမင်းဖြစ်မှာလို့ ပြောတယ်”

နော်ကိုကို

သမ္မတဦးသိန်းစိန် ဆီးဆီးရီးသမ္မတ အာဆတ်ထံ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့



The Ladies News Journal


ရွေးကောက်ပွဲနိုင် ဆီးရီးယားသမ္မတ အာဆတ်ထံသို့ မြန်မာသမ္မတ ဦးသိန်းစိန်က ဂုဏ်ယူ ၀မ်းမြောက် ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း Far News Agency သတင်းဌာန က ဖော်ပြထားသည်။

အဆိုပါဂုဏ်ပြုသ၀ဏ်လွှာတွင် သမ္မတဦးသိန်းစိန်က မြန်မာနှင့် ဆီးရီးယားနိုင်ငံနှစ်ခုကြား ဆက်ဆံရေး ကို သမ္မတဦးသိန်းစိန်က မြန်မာနှင့် ဆီးရီးယားနိုင်ငံနှစ်ခုကြား ဆက်ဆံရေးကို သမ္မတအာဆတ်၏ နောင် ၇ နှစ် အုပ်ချုပ်ရေးကာလအတွင်း ပိုမိုခိုင်မြဲလာအောင် ပြုလုပ်မည်ဟု ယူဆပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်လာသည်နှင့် အမျှ နှစ်ဖက်ပြည်သူ များအတွက် ရလဒ်ကောင်းများ ဖြစ်ထွန်းလာမည်ဖြစ် ကြောင်း ဆီးရီးယား SANA သတင်း ဌာနကလည်း ဖော်ပြထားသည်။

သမ္မတအာဆတ်ထံ ဂုဏ်ပြုသ၀ဏ်လွှာပေးပို့ခဲ့ကြသည့် နိုင်ငံများမှာ နီကွာရာဂွါ၊ ရုရှား၊ မြောက်ကိုရီးယား၊ ဗီနီဇွဲလား နှင့် နှင့် အရှေ့ဥရောပမှ လူသိနည်းသည့် နိုင်ငံသေး Abkhazia နိုင်ငံတို့ဖြစ်သည်။

ထို့အပြင် မွတ်ဆလင်နိုင်ငံများဖြစ်ကြသည့် အီရန်၊ အယ်ဂျီးရီးယား၊ ဂျော်ဒန်၊ အာဖဂန်နှင့် အခြား ရှီးရားမွတ်ဆလင် အများစု နေထိုင်သည့် နိုင်ငံအချို့ကလည်း ဂုဏ်ပြုသ၀ဏ်လွှာများ ပေးပို့ကြ သည်။

အမေရိကန်အပါအ၀င် အခြား ဒီမိုကရေစီနိုင်ငံများ၊ အီးယူးနိုင်ငံများ၊ ဂျပန်၊ တောင်ကိုရီးယား တို့ကမူ သ၀ဏ်လွှာပေးပို့ခြင်းမရှိဟု သိ၇သည်။

အဆိုပါနိုင်ငံများက ပြည်တွင်းစစ်ဖြစ်ပွားပြီး လူပေါင်း ၂ သိန်းထက် မနည်းသေဆုံးခဲ့ပြီးဖြစ် သည့် ဆီးရီးယားနိုင်ငံအနေဖြင့် ပြည်သူ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဘ၀ဖြင့် အိမ်နီးချင်း နိုင်ငံများတွင် စစ်ပြေးဒုက္ခသည်ဖြစ်နေချိန် တွင် ရွေးကောက်ပွဲပြုလုပ်ခြင်းမှာ တရားဝင်မှု မရှိဟု ဆိုကြသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Alexandar Lukashevich ကမူ ရုရှား၏ မဟာမိတ် နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယတို့က ဆီးရီးယားရွေးကောက်ပွဲရလဒ်ကို ၀မ်းမြောက်ဝမ်းသာ မကြိုဆိုမှုအပေါ် ပြစ်တင်ဝေဖန်ခဲ့သည်။

ဆီးရီးယားရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ သမ္မတအာဆတ်မှာ မဲ ၉၀ ရာခိုင်နှုန်း အနိုင်ရခဲ့သည်ဟု သတင်းများ ဖော်ပြထားသည်။

KHTun
Source : Fars News Agency

နိုင်ငံရေးအမှုလျှော့ရက်မပေး



အမှန်မှာဆိုဒီနေ့ကိုနေမျိုးဇင်နှင့်ကိုဝင်းချို လျှော့ရက်ပါထည့်တွက်ရင်
ထောင်ကလွတ်ရမှာပါဒါပေမယ့် အစိုးရက
နိုင်ငံရေးသမားတွေဆိုပီးလျှော့ရက်မပေးပါဘူးတဲ့ဗျာ

ပုဒ်မ ၁၈ ကို
နိုင်ငံရေးအမှုလျှော့ရက်မပေးပါဘူးတဲ့
ဆိုးဝါးတဲ့လူမဆန်တဲ့အစိုးရ

15.6.2014
ဦး ခင်မောင်ရွှေ

ပုလဲမြို့မှာ စိတ်ကူးပေါက်ရာ လျှောက်ပြောပြီး ပြည်သူကို မှိုင်းတိုက်နေတဲ့ နေမျိုးဝေ