Monday, June 16, 2014

အလိုတော်ပြည့်ဆရာတော် မပြောပဲ ရေးလိုက်တဲ့ သာသနာရေးဝန်ကြီးသားထုတ်တဲ့ ဂျာနယ်တိုင်ကြားခံရ


Kyaw Swar Myint

မဟာသန္တိသုခကျောင်းတိုက်အရေးမှာ အလိုတော်ပြည့်ဆရာတော် မပြောပဲ
လှုံဆော်ရေးလိုက်တဲ့ သာသနာရေးဝန်ကြီးသားထုတ်တဲ့ ဂျာနယ်ဆောင်းပါး
တိုင်ကြားခံရခြင်း။
===============================================
စာနယ်ဇင်းကျင့်ဝတ်နှင့်စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်သည့်
မြန်မာသံတော်ဆင့်ဂျာနယ်အပတ်စဉ်ထုတ်သတင်းစာစောင်အားခေါ်
သတိပေးဆုံးမပေးရန်မေတ္တာရပ်ခံခြင်း။

ဒီမို ဖက်တီး

ပြီးခဲ့တဲ့ သောကြာနေ့က ဈေးကွက်ထဲ ရောက်ရှိနေတဲ့ သံတော်ဆင့်ဂျာနယ်များကို လိုက်လံသိမ်းဆည်းနေရုံမျှမက
ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးကို ၀င်ရောက် စီးနင်းရှာဖွေနိုင်ဖွယ်ရှိ။
ယခုအချိန်အထိ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်အား ရှာဖွေဆက်သွယ် မရနိုင်ဖြစ်နေ။

အဲဒါမရှင်းချင်ရင်ဒါလာရှင်း၊



မဟာသန္တိသုခကျောင်းပိုင်ဆိုင်မှု အငြင်းပွားရာမှ ပီနန်ဆရာတော်ကြီး၏
တပည့်သံဃာငါးပါးကို အတင်းလူဝတ်လဲစေကာ ထောင်ချသည့်ကိစ္စ
ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် တစ်စုံတစ်ရာ ၀င်ရောက်
ဖြေရှင်းမည်မဟုတ်ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး
ဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က မဇ္ဈိမကိုပြောသည်။

အဲဒါမရှင်းချင်ရင်ဒါလာရှင်း၊မရှင်းနိုင်ရင်ထွက်ပေါသွပ်.....

ဆရာတော် (၅)ပါးအတွက် ၈၈ မျိုးဆက်မောင်နှမများထောင်ဝင်စာတွေ.ဆုံ



 Tomorrow

ယနေ.တွင် အင်းစိန်ထောင်သို. မဟာသန္တိသုခမှဆရာတော် (၅)ပါး အတွက် ၈၈ မျိုးဆက်မှ မောင်နှမများ ထာင်ဝင်စာတွေ.ဆုံ.ပြီး ထောင်ဝင်စာထုပ်များ သွားရောက်ပေးပို.လှူဒါန်းကြကြောင်း သတင်းရရှိပါသည်။

ပီနန်ဆရာတော်မြန်မာနိုင်ငံသို့ပြန်ကြွကာ စောင့်ကြည့်မည်ဟုမိန့်ကြား

EMG

ကုသိုလ် ကွယ်လွန်


ဟာသသရုပ်ဆောင် ဦးမြင့်သိန်း (ခ) ကုသိုလ် အသက် (၆ဝ) နှစ်သည် ၁၅.၆. ၂ဝ၁၄ (တနင်္ဂနွေနေ့) မွန်းလွဲ (၁၂း၎ဝ) နာရီအချိန်တွင် အောင်ရတနာဆေးရုံ၌ အသည်းရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည်။
Credit : နာရေးကူညီမှုအသင်း-ရန်ကုန်

ဒေါ်အောင်ဆန်းစုကြည်သည်ဘုရားလောင်း ဖွားမြင်ရာ လုမ္ဗနီဥယျာဉ် သို့ သွားရောက်ကြည်ညို

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ နိုင်ငံ တတိယနေ့ ခရီးစဉ် အဖြစ် နီပေါနိုင်ငံရှိ ဘုရားလောင်း သိဒ္ဒတ္တ မင်းသားဖွားမြင်ရာ လုမ္ဗနီဥယျာဉ်သို့ သွားရောက် ကြည်ညိုခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ သည် ထို မှတဆင့် နီပေါနိုင်ငံ လုမ္ဗနီဥယျာဉ် ရှိ မြန်မာ ဘုန်းကြီးကျောင်းသို့သွားရောက် ဝတ်ပြုဆုတောင်းပြီး နဝကမ္မ အလှူငွေ ကို ဆရာတော်ထံ ဆပ်ကပ်လှူဒါန်း ခဲ့ပါသည်။


Civic Reception ပွဲကို တက်ရောက်
**************************
၂၀၁၄ ခုနှစ် ဇွန်လ ၁၅ ရက်နေ့  ညနေ ပိုင်းတွင် နီပေါ နိုင်ငံ ရှိ Bhadrakali ၌ ကျင်းပပြုလုပ်သော Civic Reception ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ တက်ရောက် ခဲ့ပါသည်


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ တွင် နီပေါနိုင်ငံ ဒုတိယ နေ့  ခရီးစဉ် အဖြစ် နီပေါနိုင်ငံလွှတ်တော်သို့ သွားရောက်ကာ လွှတ်တော်ဥက္ကဋ္ဌ Rt. Hon. Mr. Subash Chandra Nembang နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့နောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ သည် လွှတ်တော်အဆောက်အဦးအတွင်းရှိ International Conference and Convention Centre တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။


NLD Chairperson

တစ်နေ့ နှစ်ထောင်ကျပ်ဖြင့်ဌားရမ်းထားသောလုံထိန်းရဲများမှုးယစ်ပျော်ပါးနေပုံ



Ko Han Win Aung

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအားလယ်သမားများ၏လယ်ယာမြေများကိုသိမ်း၍အကြမ်းဖက်အကောင်အထည်ဖော်နိုင်ရန်
စစ်ခရိုနီဦးပိုင်၊ဝမ်ဘောင်ကုမ္ပဏီမှတစ်နေ့ နှစ်ထောင်ကျပ်ဖြင့်ဌားရမ်းထားသောလုံထိန်းရဲများသည်၊ဒေသတွင်း၌အရက်ဆိုင်များ၊
ဖာခန်းများအားဖွင့်လှစ်ရန်အားပေးအားမြောက်ပြုလုပ်လျှက်လည်းကောင်းတို့ ကိုယ်တိုင်လည်းနေ့ စဉ်မှုးယစ်ပျော်ပါးနေကြသည်၊၊
၁၅-၆-၂၀၁၄
လက်ပံတောင်းတောင်းတောင်ကြေးနီစီမံကိန်းတာဝန်ကျရဲတပ်ဖွဲ့ ဝင်တစ်ယောက်မှုးယစ်ပျော်ပါးနေပုံ

ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူများ ဥပဒေကိုလေးစားမလိုက်နာလျှင် နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးမည်



Sun, 2014-06-15 10:37

 မွေးရာပါနိုင်ငံသား မဟုတ်ဘဲ ဥပဒေအရ နိုင်ငံသား ဖြစ်ခွင့်ရထားသူများသည် တည် ဆဲဥပဒေများကို လေးစားလိုက် နာကျင့်သုံးနေထိုင်ကြရန်လိုပြီး ထိုကဲ့သို့လေးစားလိုက်နာခြင်းမရှိ ပါက မိမိတို့အနေဖြင့် နိုင်ငံသား ဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခွင့် ရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

ယခုလ ၁၄ ရက်က ရခိုင် ပြည်နယ်၊ မြေပုံမြို့ရှိ မြို့မိမြို့ဖ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူ များနှင့် တွေ့ဆုံပွဲတွင် ဦးခင်ရီကအထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မိမိတို့နိုင်ငံအတွင်း နေထိုင် လျက်ရှိသော နိုင်ငံသားဆိုရာတွင် မွေးရာပါနိုင်ငံသားနှင့် ဥပဒေအ ရနိုင်ငံသားဟူ၍ နှစ်မျိုးနှစ်စားရှိ သည့်အနက် ဥပဒေအရဖြစ်ပေါ် လာသည့် နိုင်ငံသားတစ်ဦးအနေ ဖြင့် နိုင်ငံတော်မှ ထုတ်ပြန်ထား သော တည်ဆဲဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးနေထိုင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။

 တည်ဆဲ ဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပ ဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ်ကာလအတွင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရှစ်နှစ်တစ် ဆက်တည်း နေထိုင်သူ၏ တတိ ယမျိုးဆက်သည် မွေးရာပါနိုင်ငံ သားမဟုတ်သော ဥပဒေအရ နိုင်ငံသားပြုခွင့်ရရှိမည်ဖြစ်သည်။

ဒေသခံတိုင်းရင်းသားများ၏ တောင်းဆိုမှုအရ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် မိုးပွင့်စီမံချက်ကို အဆင့်လိုက် ချမှတ်ဆောင်ရွက် လျက်ရှိပြီး အဆိုပါ စီမံချက်အရ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးမှုကို မြေပြင်အထိ ကွင်း ဆင်း ဆောင်ရွက်ပေးခဲ့သဖြင့် တိုင်းရင်းသားဦးရေ သုံးသောင်းနီး ပါးအား နိုင်ငံသားစိစစ်ရေးကတ် ပြားထုတ်ပေးနိုင်ခဲ့ကြောင်း ပြည် ထောင်စုဝန်ကြီးကပြောသည်။

ထို့အပြင် လာမည့် ဇူလိုင်လ အတွင်း မိုးပွင့်အဆင့် (၆) အဖြစ် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေနှင့် အညီ မြေပုံမြို့နယ်ကို စမ်းသပ် နယ်မြေအဖြစ် သတ်မှတ်ကာ စိစစ်ဆောင်ရွက်သွားမည်ဖြစ်၍ ဒေသခံများမှ ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း ဦးခင်ရီက ဆိုသည်။

http://www.7daydaily.com/story/13284#.U57RwCg1D9s

ဦးအံ့မောင်နှင့် ပတ်သက်၍ သာသနာရေးက ရှင်းလင်းပြောဆိုရန်မရှိဟုဆို



 Mon, 2014-06-16 13:56

ဦးအံ့မောင်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)

ဦးအံ့မောင်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ရှင်းလင်းပြောဆိုရန် အစီအစဉ်မရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်အဖြစ် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ရှင်းလင်းခဲ့သော ဦးအံ့မောင်သည် သမ္မတအကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူက ငြင်းဆိုထားခြင်းအပေါ် အထူးရှင်းလင်းရန်မရှိကြောင်း သာသနာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

  ‘‘ဦးအံ့မောင်ကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ဘက်ကတော့ အထူးတလည်ပြန်ရှင်းလင်းဖို့မရှိပါဘူး။  သမ္မတရုံးအကြံပေးပုဂ္ဂိုလ်ဆိုတဲ့အတွက် သမ္မတရုံးနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ သူ့ရာထူးက သာသနာရေးဝန်ကြီးဌာနက ခန့်ထားတာမဟုတ်ပါဘူး’’ဟု သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 မကြာမီရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော မဟာသန္တိသုခကျောင်းတိုက် ကိစ္စရပ်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနမှ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်အဖြစ် ရှင်းလင်းခဲ့သောဦးအံ့မောင်မှာ သမ္မတ၏ အကြံပေးပုဂ္ဂိုလ်မဟုတ်ကြောင်းနှင့် ၎င်း၏  ရှင်းလင်းပြောဆိုချက်များသည်  သမ္မတအား ကိုယ်စားမပြုကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ငြင်းဆို ပြောကြားထားသည်။

 ဇွန်လ ၁၁ ရက်တွင် ပြု လုပ်ခဲ့သော အထက်ပါသတင်းစာရှင်းလင်းပွဲ၌  သတင်းထောက်တစ်ဦးက သံဃနာယကအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မေးမြန်းမှုအပေါ်  ဦးအံ့မောင်က‘‘သံဃမဟာနာယကအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် ကြိုက်တဲ့ တရားရုံးကို သွားလို့ရ တယ်’’ဟု ဒေါသတကြီးပြန်လည် ပြောဆိုမှုအပေါ်  ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် သမ္မတရုံးတာဝန် ရှိပုဂ္ဂိုလ်ထံမှ အထက်ပါအတိုင်း ဖြေရှင်းချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးအံ့မောင်၏ အမည်နှင့် ရာထူးကို ဖော်ပြသော ကတ်ပြား၌ နိုင်ငံတော်သမ္မတရုံးအကြံပေးပုဂ္ဂိုလ်ဟု ဖော်ပြပြီး မီဒီယာအားလုံးကလည်း သမ္မတရုံးအကြံပေးပုဂ္ဂိုလ်ဟူ၍ ရေးသားဖော်ပြခဲ့ကြသည်။

ထို့အပြင်သာသနာရေးဝန်ကြီးဌာန(ရန်ကုန်ရုံးခွဲ)ရုံးဝင်းအတွင်းရှိ ၎င်း၏ရုံးခန်းတွင်လည်း နိုင်ငံတော်သမ္မတရုံး   အကြံပေးပုဂ္ဂိုလ်ဟု  ချိတ်ဆွဲရေးသားထားသည်။ ဦးအံ့မောင်သည် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။
http://www.7daydaily.com/story/13347#.U57QaCg1D9s

သန္တိသုခတွင် ပီနန်ဆရာတော်ကြီး လမ်းညွှန်ချက်ဖြင့် ဖွင့်မည့် သာသနာပြုသင်တန်း ကြော်ငြာ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြ



 Mon, 2014-06-16 11:47

အငြင်းပွားဖွယ်အခြေအနေဖြင့် ချိတ်ပိတ်ခံခဲ့ရသည့် မဟ သန္တိသုခကျောင်းတိုက်တွင် ပီနန်ဆရာတော်ကြီး၏ လမ်းညွှန်ချက်ဖြင့် သာသနာပြုသင်တန်း ဖွင့်လှစ်မည်ဟု  ဇွန်လ  ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာများ ပါဝင်လာသဖြင့် လူအများ အံ့အားသင့်ခဲ့ရသည်။

ကျောင်းတိုက်ကို   ညအချိန် ၀င်ရောက်စီးနင်းအပြီး ငါးရက်အကြာတွင် ထွက်ပေါ်လာသည့် အဆိုပါကြော်ငြာ၌   သင်တန်းအတွက် ဆက်သွယ်ရန်ထည့်သွင်းထားသည့် ဖုန်းနံပါတ်များတွင် လူဝတ်လဲပြီး ထိန်းသိမ်းခံထားရသည့် ဆရာတော်ဦးဥတ္တရ၏ ဖုန်းနံပါတ် ပါဝင်ခဲ့ခြင်းကြောင့် လူအများအတွက် ပိုမိုအံ့အားသင့် စေခဲ့သည်။

အဆိုပါကြော်ငြာကို သတင်းစာများတွင် ယခင်ကတည်းက ထည့်သွင်းခဲ့ဖူးကြောင်း၊ သုံးကြိမ်သုံးခါထည့်ရန် သတင်းစာတိုက်နှင့် သဘောတူထားသောကြောင့် ထပ်မံဖော်ပြခံခဲ့ရခြင်း ဖြစ်ကြောင်း   သင်တန်းအတွင်းရေးမှူး ဦးသိန်းဦးကပြောသည်။

‘‘သတင်းစာတစ်စောင်မှာ သုံးကြိမ်ထည့်ဖို့ စီစဉ်ထားတာ။ သုံးခါမပြည့်သေးလို့ ဆက်ပါနေတာ’’ဟု   သင်တန်းအတွင်းရေး မှူး ဦးသိန်းဦးကပြောသည်။

ဇွန်လ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာများ ထည့်သွင်းထားသော်လည်း ယင်းသင်တန်းကို ရက်အကန့်အသတ်မရှိ ရွှေ့ပြောင်းလိုက်ကြောင်း ဦးသိန်းဦးကပြောသည်။

‘‘(ပီနန်)ဆရာတော်ကြီးရဲ့ ရည်ရွယ်ချက်က နိုင်ငံခြားမှာရှိတဲ့ ကျောင်းတွေက မြန်မာဘုန်းကြီးတွေမရှိရင် သိမ်းခံရတာတွေရှိတယ်။ နိုင်ငံတကာက မြန်မာကျောင်းတွေကို ထိန်းသိမ်းဖို့ရည်ရွယ်တာ’’ဟု ဦးသိန်းဦးကပြောသည်။

နှစ်နှစ်မှ လေးနှစ်အထိ ကြာမြင့်မည်ဖြစ်ပြီး သံဃာတော်နှင့်သီလရှင်များအတွက် ရည်ရွယ်သည့် အဆိုပါ သာသနာပြုသင်တန်းသို့ စိတ်ဝင်တစား လာရောက် လျှောက်ထားမှုများရှိခဲ့ကြောင်း ဦးသိန်းဦးကပြောသည်။

http://www.7daydaily.com/story/13327#.U57OZyg1D9s

ဒီနေ့ကာတွန်း

စင်ကာပူနိုင်ငံကို အိမ်အကူစေလွှတ်ဖို့ သင်တန်းတတ်နေတဲ့ အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိမှု



Tomorrow
-------------
( ၁၅-၆-၂၀၁၄) ရက်နေ. ညနေလးနာရီခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အလယ်ရပ်ကွက်မှာရှိတဲ့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုကို အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ နယ်မြေထိန်း၊ သတင်းရဲတပ်ဖွဲ့ တို့က ညကိုးနာရီကျော်အထိ ဝင်ရောက်စစ်ဆေး ရှာဖွေခဲ့ပါတယ်။

စင်ကာပူနိုင်ငံကို အိမ်အကူစေလွှတ်ဖို့ သင်တန်းတတ်နေတဲ့ အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိခဲ့ပြီး အသက် ၁၆နှစ်အရွယ် တိုင်းရင်းသူနှစ်ဦးအပါအဝင် အသက်၁၈နှစ် မပြည့်သေးတဲ့ အမျိုးသမီးငယ် ၃ဦးပါဝင်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

၁၆နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို ကုမ္ပဏီက အသက်၂၄နှစ်ပြည့်ပြီဖြစ်ကြောင်း လက်မှတ်လိမ်လည်ထိုးစေခဲ့တယ်လို့ကလေးငယ်တွေက
ပြောပါတယ်။အဲ့ဒီထဲက ကလေးတစ်ဦးကတော့ စင်ကာပူသွားဖို့အတွက် ပက်စ်ပို့ ရရှိထားပြီလို့လည်း သိရပါတယ်။

လက်ရှိအချိန်မှာတော့ ကလေးငယ်နှစ်ဦးနဲ့ အုပ်ထိန်းသူက ဗဟန်းရဲစခန်းမှာ စစ်ဆေးမှု ခံယူနေပါတယ်။ ကျန်ရှိတဲ့ အမျိုးသမီးငယ်တွေကိုတော့ ကုမ္ပဏီတိုက်ခန်းမှာ အစောင့်အရှောက်နဲ့ ထားရှိဆဲပါ။

အမျိုးသမီးငယ်တွေက ဧရာဝတီတိုင်းဒေသကြီးဘက်မှ ၄ဦးနဲ့ ရှမ်းပြည်နယ် ညောင်ရွှေ အင်းလေးဒေသက ၉ဦး စုစုပေါင်း ၁၃ဦးပါ။
``ဖြစ်စဉ်က ရှင်းနေပေမယ့် ဆောင်ရွက်မှုတွေက ကြန့်ကြာနေတယ်´´လို့ ၈၈ ငြိမ်း/ပွင့်က အမျိုးသမီးရေးရာဌာန တာဝန်ခံ မနီလာသိန်းကပြောပါတယ်။

သတင်းလိုက်လိုသူ မီဒီယာများအတွက် ဖုန်းနံပါတ်များ -
အမှတ် ၆ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု - ၀၁ ၂၁၇၅၁၆
ဗဟန်းမြို့နယ် ရဲစခန်း - ၀၁ ၅၅၄၆၃၀
မနီလာသိန်း - ၀၉ ၄၃၁၉၆၄၁၁

သတင်း- ထက်နောင်နောင် FB.

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မိုဘိုင်း လက်မှတ်ကောက်ခံ

r
The 88 Generation Peace and Open Society

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးများ၊တကသ ကျောင်းသားများ မင်္ဂလာဒုံမြို့နယ် NLD နှင့်
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး မိုဘိုင်း လက်မှတ်ကောက်ခံ
===============================================

ဇွန်လ ၁၄ ရက်နေ့ ၂၀၁၄ ခုနှစ်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းအမျိုးရေးရာဌာနမှ မနီလာသိန်း၊ မမီးမီး၊ မမာယာ၊ မသဉ္ဇာခိုင်၊ မတဉ္ဇာဦးတို့နှင့် တကသ မှ ကျောင်းသားများသည် မင်္ဂလာဒုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပူးတွဲ၍ မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံဈေး၊ ဝါယာလက်ဈေးနှင့် ထောက်ကြံ့လမ်းဆုံများတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပြည်သူလူထုလက်မှတ်ရေးထိုးနိုင်ရန် လက်ကမ်း စာစောင်းများ၊ စတစ်ကာများ ဝေ၍ လက်မှတ်ကောက်ခံမှုပြု လုပ်ခဲ့ရာ စည်ပင်သာယာမှ သန့်ရှင်းရေးဝန်ထမ်းတာဝန် ထမ်းဆောင်နေသော ညီမငယ်တစ်ဦးသည် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်ပတ်သက်ပြီး လက်ကမ်းစာစောင် ကို သေချာဖတ်၊ မရှင်းသည်များကို မနီလာသိန်းအား မေးမြန်းပြီး ဆန္ဒပြု လက်မှတ်ရေးထိုးခဲ့သည်ကိုလဲ ဝန်ထမ်းအားလုံး ပူးပေါင်းပါဝင်လာရေးအတွက် ဖေါ်ပြလိုက်ပါသည်။