Wednesday, June 18, 2014

စင်ကာပူတွင် အိမ်ဖော်လုပ်မည့် ၁၆ နှစ်အရွယ် မိန်းကလေးနှစ်ဦးကို အုပ်ထိန်းသူများထံ ပြန်အပ်




ဗဟန်းမြို့နယ် ရွှေဂုံတိုင် အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုတွင် စင်ကာပူနိုင်ငံသို့ အိမ်ဖော်အလုပ် သွားရောက် လုပ်ကိုင်မည့် ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ဒေသမှ အသက် ၁၆ အရွယ် မိန်းကလေးနှစ်ဦးကို ဇွန်လ ၁၆ ရက် ညနေပိုင်းက ၎င်းတို့၏ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံမည် ဖြစ်ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာ ဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

“ကောင်မလေးတွေက ဒီနှစ် ၁၀ တန်းကျပြီး မိဘတွေကလည်း စီးပွားရေး အဆင်မပြေလို့ အေဂျင်စီနဲ့ ဆက်သွယ်ပြီး အကြွေးစနစ်နဲ့ စင်ကာပူမှာ အိမ်ဖော်အလုပ် သွားလုပ်မှာ။ ဒါပေမဲ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတာ။ ဟိုရောက်ရင် မိမိကိုယ်ကိုယ် ကာကွယ်ပေးနိုင်မယ့် ဥပဒေ အကြောင်းအရာတွေ နားမလည်သေးတော့ ကြုံသလို ဘဝတွေ ဖြတ်သန်းရင်းနဲ့ လမ်းမှားရောက်မှာ စိုးရိမ်လို့ အုပ်ထိန်းသူတွေထံ ပြန်အပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ မိန်းကလေးနှစ်ဦးကို ပြန်လည်ခေါ်ဆောင်ပေးရန် ၎င်းတို့ ပညာသင်ကြားခဲ့သော တောင်ကြီးမြို့နယ် ရေကြည်စမ်း ဘကကျောင်းမှ ဆရာတော်နှင့် စင်ကာပူနိုင်ငံတွင် သီးတင်းသုံးနေသူ ဦးထေရဝသင်္တတို့က ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း အမျိုးသမီးရေးရာ ဌာနသို့ အကူအညီ တောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဇွန် ၁၅ ရက် ညနေပိုင်းက စင်ကာပူကို ပို့ပေးမယ့် ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီရုံးကို ဝင်စစ်ဆေးခဲ့တာ။ အိမ်အကူ စေလွှတ်ဖို့ သင်တန်းတက်နေတဲ့ အမျိုးသမီးငယ် ၁၃ ယောက်ကို တွေ့ခဲ့တယ်။ အေဂျင်စီက လိုင်စင်ရှိတယ်။ ပြီးတော့ အခုပို့မယ့် အမျိုးသမီးတွေက သူတို့ရဲ့ သဘောတူဆန္ဒနဲ့ ပြည်ပမှာ အိမ်ဖော်သွားလုပ်ချင်တာကြောင့် လူကုန်ကူးမှု မမြောက်ပါဘူး။ အသက် ၁၆ နှစ်အရွယ် ကလေးမ နှစ်ယောက်ကို အုပ်ထိန်းသူတွေက ပြန်ခေါ်ချင်တယ် ဆိုလို့ ရဲတပ်ဖွဲ့က ကူညီပေးခဲ့တာပါ” ဟု အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

စင်ကာပူသို့ အိမ်ဖော်စေလွှတ်မည့် အမျိုးသမီး ၁၃ ဦးမှာ ရှမ်းပြည်နယ်မှ အမျိုးသမီးကိုးဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသမီး လေးဦးတို့ဖြစ်ပြီး ၎င်းတို့အထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသော အမျိုးသမီးငယ် သုံးဦး ပါရှိကြောင်း၊ ယခု အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးမည့် မိန်းကလေးနှစ်ဦးမှာ ပြည်ပနိုင်ငံတွင် ဒုက္ခရောက်မည်ကို ၎င်းတို့၏ အုပ်ထိန်းသူများက စိုးရိမ်သောကြောင့် ပြန်လည် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဗဟန်းမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတော့ တခြားနိုင်ငံတွေမှာ အရွယ်မရောက်သေးတဲ့သူတွေ သွားလုပ်နေရတာ။ ဒါပေမဲ့ အရွယ်မရောက်တော့ ကိုယ်ကို ကာကွယ်ပေးနိုင်မယ့် ဥပဒေကို ကလေးတွေက မသိကြဘူး။ တချို့အေးဂျင့်တွေကလည်း လွှတ်ပေးရုံသက်သက် တာဝန်ယူတာ။ ကျန်တာ ဘာမှ တာဝန်ယူပေးတာ သိပ်မရှိတော့ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးတွေ ပြည်ပနိုင်ငံမှာ ကြုံသလို ဘဝတွေ ရင်ဆိုင်ရတာ အများကြီးရှိတယ်” ဟု ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးရေးရာဌာန တာဝန်ခံ ဒေါ်နီလာသိန်းက ပြောကြားသည်။

ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုကို လူကုန်ကူးတိုက်ဖျက်ရေးမှ ဝင်ရောက်စစ်ဆေး

ဇွန်လ ၁၅ ရက်၊ ညနေလေးနာရီခန့်က ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်အလယ်ရပ်ကွက်ရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ
တစ်ခုကို အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ သတင်းရဲတပ်ဖွဲ့နှင့် ဒေသခံနယ်မြေထိန်းတို့က ဝင်ရောက်
စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။

တိုက်ခန်း လေးလွှာတွင်ရှိသည့် အဆိုပါ LTPC ကုမ္ပဏီ၏ ရုံးခန်းအတွင်း ဝန်ထမ်းအမျိုးသမီးသုံးဦးနှင့် စင်ကာပူနိုင်ငံသို့
အိမ်အကူစေလွှတ်ရန် သင်တန်းလေ့ကျင့်ပေးနေသည့် အမျိုးသမီးငယ် ၁၃ဦးကို တွေ့ရှိခဲ့ပြီး အသက် ၁၆နှစ်အရွယ်
တိုင်းရင်းသူနှစ်ဦးအပါအဝင် အသက်၁၈နှစ် မပြည့်သေးသည့် အမျိုးသမီးငယ် ၃ဦးပါ ပါဝင်ကြောင်း သိရှိရသည်။

၁၆နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို ကုမ္ပဏီက အသက်၂၄နှစ်ပြည့်ပြီဖြစ်ကြောင်း လက်မှတ်လိမ်လည်ထိုးစေခဲ့ကြောင်းယင်းကလေးငယ်နှစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

ယင်းအနက် ကလေးငယ်တစ်ဦးသည် စင်ကာပူနိုင်ငံသို့ သွားရောက်ရန်ရန် ပက်စ်ပို့ ရရှိထားပြီဖြစ်ကြောင်းလည်း သိရှိရသည်။

“သမီးတို့နှစ်ယောက်က ဒီနှစ်ဆယ်တန်းကျလို့ စင်္ကာပူမှာ အလုပ်သွားလုပ်ဖို့ ဒီကိုရောက်လာတာပါ၊ သင်တန်းကြေးနဲ့ ကျန်တာတွေအတွက် ပိုက်ဆံမပေးရပါဘူး၊ ဟိုကိုရောက်တော့မှ လုပ်ခလစာထဲက ခြောက်လစာဖြတ်မယ်လို့ ကုမ္ပဏီကပြောပါတယ်”ဟုရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ လယ်စောင်းကျေးရွာမှ ရောက်ရှိနေသည့် ၁၆နှစ်အရွယ် အမျိုးသမီးငယ်မှ ပြောပြခဲ့သည်။

၎င်းတို့အပါအဝင် ရှမ်းပြည်နယ် ညောင်ရွှေ အင်းလေးဒေသမှ ၉ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးဘက်မှ ၄ဦး၊ စုစုပေါင်း အမျိုးသမီးငယ်၁၃ဦးသည် ကုမ္ပဏီတိုက်ခန်းသို့ ရောက်ရှိနေသည်မှာ တစ်လခွဲခန့် ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

ဝင်ရောက် စစ်ဆေးခဲ့သည့် အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်ဝေလွင် က
“ကလေးနှစ်ယောက်ကိုတော့ အုပ်ထိန်းသူတွေဆီ ပြန်အပ်ပေးပါ့မယ်၊ လက်တလော ဘာပုဒ်မနဲ့ အရေးယူမယ်ဆိုတဲ့ အနေအထားမရှိသေးပါဘူး၊ ဧရာဝတီတိုင်းနဲ့ ညောင်ရွှေဘက်က ရရှိတဲ့ အချက်အလက်တွေ၊ နောက်ပြီး လဝက ရုံးက အချက်အလက်တွေနဲ့တိုက်ဆိုင်စစ်ဆေးသွားရဦးမှာပါ”ဟု ပြောသည်။

ကုမ္ပဏီရှိ ဝန်ထမ်းအမျိုးသမီးသုံးဦး၏ ပြောပြချက်အရ ၎င်းတို့သည် ကလေးများ၏ သင်တန်းဆရာမများသာ ဖြစ်ကြောင်း၊ မန်နေဂျင်းဒါရိုက်တာမှာ စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေကြောင်း၊ ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာတစ်ဦးသာ ရန်ကုန်မြို့တွင်ရှိကြောင်း သိရသည်။

အဆိုပါ အမှုဆောင်ဒါရိုက်တာ ဆိုသူသည် ဝန်ထမ်းများနှင့် ဖုန်းဆက်သွယ်ပြောဆိုခဲ့သော်လည်း စစ်ဆေးမှုပြီးဆုံးသည့် ညဆယ်နာရီချိန်အထိ ကုမ္ပဏီသို့ ရောက်ရှိလာခြင်းမရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟန်းမြို့နယ်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာတွင် အဆိုပါကုမ္ပဏီသည် တရားဝင်လိုင်စင်ရကုမ္ပဏီဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ လူကုန်ကူးမှု ဥပဒေနှင့် မညှိစွန်းကြောင်း၊ အကယ်၍ ညှိစွန်းခဲ့ပါကလည်းလူကုန်ကူးမှုတိုက်ဖျက်ရေးဌာနမှ တရားလိုပြုလုပ်ကာ တိုင်ကြားလာမည်ဖြစ်ကြောင်း ဒုရဲအုပ် လင်းထွဋ် ကပြန်လည်ဖြေကြားခဲ့သည်။

မဟာသန္တိသုခကျောင်း၏ ပိုင်ရှင်အစစ်က ဘယ်သူလဲ ..... ????????



အပ်နှံထားတယ်ဆိုတာ အပြီးအပိုင်ပေးလှူ လိုက်တာ မဟုတ်ခဲ့ပါ ။
ဗိုလ်ခင်ညွန့်ကိုယ်တိုင် ရေးသားပေးပို့ အကြောင်းကြားထားသည့် လျှောက်ထားချက်မှ စာမျက်နှာ - ၃ - တွင် အောက်ပါကဲ့သို့ အတိအလင်း ဖော်ပြထားသည် ။ ။

( ဤ မဟာသန္တိသုခစင်တာ ကျောင်းတော်ကြီးကို နိုင်ငံတော်အစိုးရအနေဖြင့် သိမ်းပိုက်ခြင်း လုံဝမပြုသည့်အပြင် သာသနာတော်အကျိုး ထပ်ဆင့်တိုးပွားစေရန်အတွက် စီမံခန့်ခွဲအုပ်ချုပ်ပိုင်ခွင့်ကို သံဃာတော် ၅ သိန်းတို့က ရွေးချယ်တင်မြှောက်ထားသည့် ကိုယ်စားလှယ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့သို့ အပ်နှံခဲ့ခြင်းသာ ဖြစ်ပါသည်ဘုရား ။ )

ဖော်ပြပါ အထောက်အထားများကို ဆရာတော်ဦးဇဝန ခေတ္တ-နယူးယောက်ခ်၏ ဖေ့စ်ဘုတ်မှ ကူးယူပါသည် ။

( ဦးနိုင်ဝင်း လန်ဒန် )

ကျောင်းသား ကိုနိုင် ငံရေး နဲ့ မပတ်သက် အောင်ခြိမ်း ခြောက်

ခေါင်းရှောင် အယ်ဒီတာချုပ်များ အလိုမရှိ



Soe Yazar Tun

ဂျာနယ်တိုက်တစ်တိုက်မှာ ဘယ်သူတာဝန်အရှိဆုံး ပါလဲ။ အဲဒီတာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးက သူ့ကြောင့် လက်အောက်ငယ်သားတွေ ဒုက္ခရောက်သွားတာကို ရှင်းရှင်း ပြောရရင် ထောင်ကျသွားတာကို ခေါင်းရှောင်နေတာ တွေ့ရပါတယ်။

မီဒီယာတစ်ခု တည်ထောင်ထားပြီး အယ်ဒီတာချုပ် တက်လုပ်ပါတယ်။ ထင်ပေါ်ချင်လို့ ဇာက်လမ်းတစ်ခု ဖန်ဆင်းတယ်။ ဇာက်လမ်း ရိုက်နည်းရိုက်ချက် ဥပဒေသတွေကို နားမလည်တော့ တစ်လွဲလုပ်မိရာကနေ သူ့ လက်အောက်ငယ်သား ဂျာနယ်လစ်တွေ ထောင်ကျတယ်။ အဲ့ဒါ ဘယ်သူ့မှာ တာဝန်အပြည့် ရှိလဲ။ အရှင်းကြီးပါ။ ထောင်ကျရတာ သူ့ကြောင့်ပါ။

ဂျာနယ်လစ်တွေ ထောင်မကျခင် သက်မှတ်လစာ ကိုယ်စီနဲ့ပါ။ ထောင်ကျပြီးတော့ လစာမဲ့ရတဲ့ အဖြစ်ကို ဘယ်ဂျာနယ်လစ်တွေက လက်ခံမလဲ။ အခြားမီဒီယာတစ်ခုမှာလည်း ထောင်ကျနေတဲ့ ဂျာနယ်လစ် ရှိနေတာပဲ သူဘာကြောင့် လစာမဲ့မဖြစ်သလဲ။ ခင်ဗျားတို့လည်း ဒီလိုဖြစ်ခဲ့ရင် လက်ခံမှာလား။ ဆုတော့ လိုချင်တယ်။ ခေါင်းတော့ ရှောင်မယ်ဆိုတာ အဲဒါ ခေါင်းဆောင်လား။

အဲဒီထောင်ကျသွားတဲ့ UNITY ဂျာနယ်က သတင်းသမား ၄ ယောက်လုံး လစာမရပါဘူး။ ဒါပေမယ့် ရာဇာဦးတစ်ယောက်ပဲ ၃ ပုံ ၂ ပုံ ရပါတယ်။ ဒါဟာ သူကိုယ်တိုင် အမေတစ်ယောက်တည်း ကျန်ခဲ့လို့ တောင်းပန်ထားလို့ ဒီလစာရတာပါ။ ကျန် ၃ ယောက်က လုံးဝ မရဘူးလို့ အဲဒီထောင်ကျ သတင်းထောက်တစ်ယောက်ဆီကနေ လက်ရှိအခြေအနေတွေကို ကျွန်တော်ကြားသိ ခဲ့ရပါတယ်။ ဒါ ဖြစ်သင့်ပါသလား။

သူ့ကြောင့် ထောင်ကျရပါတယ်။ သူ့ကြောင့် နစ်နာခဲ့ကျရတယ်။ သတင်းထောက်တွေ မသိတာ ထားလိုက်ပါ။ ဘယ်သူ့ကြောင့် သူတို့ မသိခဲ့ကြတဲ့အပေါ်မှာပဲ ကျွန်တော်တို့ ဝေဖန်ကြည့်ကျ ရအောင်။ သူ့မှာ ငွေမရှိလို့ လစာမပေးနိုင်ရင်တောင် အနည်းဆုံးတော့ ပြောပြသင့်တယ်။ အခုတော့ တိတ်ဆိတ်ပြီး သူ့ကိုယ်ပိုင်ရှေ့နေနဲ့ပဲ ကိုယ်လွတ်ရုန်းနေပါတယ် တဲ့။ အဲ့ဒါ ခေါင်းဆောင်လားဗျ။ ပေးစရာ လစာမရှိရင် အိမ်ပေါင်ပြီး ပေးရပါလိမ့်မယ်။ ထောင်ထဲက သတင်းသမားတွေက သဋ္ဌေးမင်းတွေ မဟုတ်ဘူး၊ သဋ္ဌေးမင်းသား/မင်းသမီးတွေ မဟုတ်ဘူး။ သူတို့မှာ မီသားစုတွေနဲ့ပါ။

အခု ထောင်ထဲက သတင်းသမားတွေကို သတင်းလွတ်လပ်ခွင့်ဆုအတွက် ပြည်ကအဖွဲ့အစည်းတစ်ခုက အချက်အလက်တွေ ကောက်နေပါတယ်တဲ့။ ဒီဆုကို တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးက အငန်းမရ အိမ်မက်တွေ မက်နေပြီး သရေတွေလည်း ကျနေပါတယ်တဲ့။ ဦးတင့်ဆန်းခင်ဗျား။ ခေါင်းဆောင် ပီသာစေချင်ပါတယ်။ ကိုယ့် တာဝန်ကိုကိုယ် ယူသင့်ပါတယ်။ လူကြီးလူကောင်း ဆန်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပြောပြောနေရတာ။ သတင်းသမားစိတ်ဓာက်မရှိရင် ဒီအသိုင်းအ၀ိုင်းထဲက အစောကြီးထွက်သွားလိုက်ပါလို့။

မိုက်မိုက်ရိုင်းရိုင်း ပြောဆိုဆက်ဆံတဲ့ ရဲမှူးး


Nik Nayman

မန္တလေးတိုင်း၊ ပလိပ်ချည်ထည် စက်ရုံက အလုပ်သမားတွေ လခ အပြည့်အဝ မရလို့  ဆန္ဒဖော်ထုတ်နေတာကို မိုက်မိုက်ရိုင်းရိုင်း ပြောဆိုဆက်ဆံနေတဲ့ ရဲမှူးး

ဦးဥတ္တရအား တရားရုံးထုတ်မည့်နေ့တွင် ဗြိတိသျှသံအရာရှိ သက်သေထွက်ဆိုမည်


မဟာသန္တိသုခကျောင်းတိုက်ကိစ္စ အင်းစိန်ထောင်၌ ထိန်းသိမ်းခံ အင်္ဂလန်ဆရာတော် ဦးဥတ္တရအား တရားရုံးထုတ်မည့်နေ့တွင် ဗြိတိသျှသံအရာရှိ သက်သေထွက်ဆိုမည်

 18-6-2014
 အေးမြတ်မွန်၊ သက်ထား

မဟာသန္တိသုခကျောင်းတိုက်ဖြစ်ရပ်နှင့်ပတ်သက်၍ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသော အင်္ဂလန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာငါးပါးအား တရားရုံးထုတ်မည့်နေ့ ဇွန် ၂၀ ရက်တွင် ဗြိတိသျှသံရုံးမှအရာရှိက သက်သေထွက်ဆိုပေးမည်ဖြစ်ကြောင်း အဆိုပါသံရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။

"ဒီနေ့မနက်မှာ ဗြိတိန်သံရုံးအရာရှိက အင်းစိန်ထောင်ကိုသွားပြီး ဦးဥတ္တရနဲ့ တွေ့ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံသားက သူတစ်ယောက်တည်းဖြစ်တဲ့အတွက် သူ့ကိုကူညီပေးသွားဖို့ လုပ်ဆောင်သွားဖို့ရှိပါတယ်။ ၂၀ ရက်နေ့ တရားရုံးထုတ်တဲ့အခါမှာလည်း ဗြိတိသျှသံရုံးအရာရှိကလာပြီး သက်သေအနေနဲ့ ထွက်ဆိုပေးပါမယ်" ဟု ဗြိတိသျှသံရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့ပြင် ဖမ်းဆီးခံ သံဃာတော်ငါးပါးအနက်မှ လန်ဒန်ဆရာတော် ဦးဥတ္တရအတွက် ဗြိတိသျှသံရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး အမြန်ဆုံးလွှတ်ပေးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း ဗြိတိသျှသံရုံးမှ အဆိုပါတာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့ အင်္ဂလန်က နိုင်ငံခြားရေး ဒုတိယ၀န်ကြီးနဲ့ မြန်မာနိုင်ငံက နိုင်ငံခြားရေးဒုဝန်ကြီးတို့က ဦးဥတ္တရကိစ္စနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပြီးသွားပါပြီ။ လက်ရှိမှာတော့ အဲဒီလောက်ပဲ ပြောပြနိုင်ပါသေးတယ်" ဟု ဗြိတိသျှသံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။

ဗြိတိသျှသံရုံးအရာရှိက ဆရာတော်ဦးဥတ္တရအား သွားရောက်တွေ့ဆုံခဲ့ရာတွင် ဆရာတော်၏ကျန်းမာရေးအခြေအနေ၊ စားဝတ်နေရေးများကိုမေးမြန်းကာ ထောင်အာဏာပိုင်များကိုလည်း ဆရာတော်၏ စားသောက်ရေး၊ နေထိုင်ရေးနှင့်ပတ်သက်၍ ပြည့်ဝစွာဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် ဖမ်းဆီးထိန်းသိမ်းခံဆရာတော် ဦးဥတ္တရနှင့်ပတ်သက်၍ ဗြိတိန်အစိုးရအနေဖြင့် တုံ့ပြန်မှုအမြန်ဆုံး ပြုလုပ်ပေးရန် Ber mondsey & Old Southwark လွှတ်တော်အမတ် Simon Hughes မှ တိုက်တွန်းလိုက်သည်ဟူ၍ လန်ဒန်အခြေစိုက် လူမှုကွန်ရက်ဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Londonse 1 တွင် ဖော်ပြထားကြောင်း သိရသည်။

မဟာသန္တိသုခကျောင်းတိုက်တွင် သီတင်းသုံးသည့် ပီနန်ဆရာတော်ကြီး ဦးပညာဝံသ၏ တပည့်ရင်း ဦးဥတ္တရ (လန်ဒန်ဆရာတော်) အပါအ၀င် သံဃာတော်ငါးပါးကို တိုင်းသံဃနာယကအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀/၉၀၊ ပုဒ်မ-၂၉၅(က)ဖြင့် ဇွန် ၁၃ ရက်တွင် လူဝတ်လဲစေကာ အင်းစိန်ထောင်သို့ ပို့ဆောင်ထားပြီး ဇွန် ၂၀ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံသံဃာတော်များမှာ ဦးဥတ္တရ (လန်ဒန်ဆရာတော်)၊ ဦးသုန္ဒရ၊ ဦးပညာဝရ (လန်ဒန်ဆရာတော်)၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒ(နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ ကယားဆောင်အဆောင်မှူး) တို့ဖြစ်ကြပြီး ဆရာတော်ငါးပါးစလုံးမှာ အာဂန္တုအနေဖြင့် လာရောက်သီတင်းသုံးသည့် သံဃာတော်များသာဖြစ်ကြောင်း ပီနန်ဆရာတော်က မိန့်ကြားထားသည်။


 Eleven Media Group

တစ်ထောင့်တစ်နေရာ ကနေ ဖြည့်ဆည်း

မှတ်ပုံတင်အတု လုပ်ခဲ့သည်များကို ဖော်ထုတ်ရန်လိုအပ်


Coral Arakan News

ကျောက်ဖြူတွင် ကုလားများအား ၈၂-ဖြင့် နိုင်ငံသားစိစစ်ခြင်းရာတွင် မှတ်ပုံတင်အတု လုပ်ခဲ့သည်များကို ဖော်ထုတ်ပြီး မှန်မှန်ကန်ကန် ဖြစ်စေရန် ဆောင်ရွက်ရန်လိုအပ် ဟု ဒေသခံတိုင်းရင်းသားများက ယုံကြည်


By Mra Wah

ကျောက်ဖြူ ၊ ၁၈ ဇွန်လ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]

ကျောက်ဖြူမြို့တွင် ဘင်္ဂလီကုလားများအား ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်
စီစစ်ဆောင်ရွက်ရန် ဌာနဆိုင်ရာအကြီးအကဲတချို့၊
မြို့မိမြို့ဖကိုယ်စားလှယ်တချို့ဖြင့် ၁၆-၆-၂၀၁၄(တနင်္လာ) နေ့တွင်
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ စီစစ်ရေးအဖွဲ့
ဖွဲ့စည်းခဲ့ကြောင်းသိရှိရသည်။

ယင်းကိစ္စအား Coral Arakan News မှ
ကျောက်ဖြူဒေသခံအချို့၏သဘောထားအားဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ကျောက်ဖြူမြို့နယ်မှာဘင်္ဂလီကုလားအများစုဟာယခင်စစ်အစိုးရလက်ထက်ကကမန်လူမျိုးနာမည်လိမ်နဲ့
နိုင်ငံသားစီစစ်ရေး(ပန်းရောင်)ကဒ် များကိုနည်းလမ်းမျိုးစုံဖြင့်
ကိုင်ဆောင်ခဲ့ကြပါတယ် ဒီအကြောင်းအရာတွေကိုသေချာစီစစ်မှုမရှိဘဲ
နိုင်ငံသားဖြစ်ခွင့်ကိုဆောင်ရွက်ခဲ့မယ်ဆိုရင် ကျွန်တော်တို့
တိုင်းရင်းသားတွေအတွက် အများကြီးထိခိုက်နစ်နာနိုင်ပါတယ်
နောက်ပြီးမလိုလားအပ်သောလူမျိုးရေး ပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်
အဲဒါကြောင့် ဘင်္ဂလီလူမျိုးများယခင်ကကိုင်ဆောင်ခဲ့ရတဲ့
သုံးခေါက်ချိုးအမျိုးသားမှတ်ပုံတင်ကဒ် နှင့်
ပန်းရောင်နိုင်ငံသားစီစစ်ရေးကဒ်
လိမ်လည်ရယူထားခြင်းတွေကိုသေချာစွာစီစစ်ပြီးမှသာ
နိုင်ငံသားဖြစ်ခွင့်ကိုဆောင်ရွက်သင့်ကြောင်း”
ဒေသခံရပ်မိရပ်ဖတစ်ဦးမှပြောကြားပါသည်။

“ကုလားပိုက်ဆိပ်ရပ်ကွက်မှ
ဘင်္ဂလီလူမျိုးဦးကျော်ကျော်ဦး(ယခုလက်ရှိကျောက်ဖြူအကျဉ်းထောင်တွင်
အကျဉ်းကျလျက်ရှိ) ဆိုရင် ဘင်္ဂလီတော်တော်များများကိုကမန်လူမျိုးအမည်ခံပြီး
နိုင်ငံသားစီစစ်ရေးကဒ်ပြားတွေ ရအောင်
သက်ဆိုင်ရာတွေကိုချည်းကပ်ကာမသမာတဲ့နည်းလမ်းမျိုးစုံအသုံးပြုပြီးဆောင်ရွက်ခဲ့ဖူးပါတယ်၊
ဒီမှတ်ပုံတင် ကဒ်ပြားတွေဟာ တရားဝင်ကိုင်ဆောင်ခွင့်ရခဲ့ကြတာပါ။
ဒါတွေကိုသေသေချာချာမစီစစ်ဘဲမှတ်ပုံတင်ရှိသူတိုင်းကိုသာ
နိုင်ငံသားဖြစ်ခွင့်ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ကျောက်ဖြူမြို့က
ဘင်္ဂလီတွေ အကုန်လုံးနီးပါးကမန်နာမည်နှင့် နိုင်ငံသားဖြစ်ခွင့်ရသွား
နိုင်ပါတယ်” ဟု ၎င်းမှဆက်လက် ပြောကြားခဲ့သည်။

ကျော်ကျော်ဦးဆောင်ရွက်ပေးခဲ့သောကမန်အမည်ခံဘင်္ဂလူမျိုးမှတ်ပုံတင်ကဒ်ပြားများ
ကျောက်ဖြူဒေသခံလူငယ်တစ်ဦးမှလည်း “ ဥပဒေအတိုင်းလုပ်မယ်ဆိုတာကကောင်းပါတယ်
ဒါပေမေ့ ကမန်အမည်ခံပြီးဘင်္ဂလီလူမျိုးများကိုင်ဆောင်ထားတဲ့
နိုင်ငံသားစီစစ်ရေးကဒ်ပြားတွေကိုတော့
သေသေချာချာစစ်ဆေးဖေါ်ထုပ်ပေးဖို့လိုပါတယ်
သေချာစီစစ်မှုမရှိဘဲမှတ်ပုံတင်ကိုင်ထားတိုင်းကိုသာ နိုင်ငံသား
ဖြစ်ခွင့်ပေးမေဆိုရင် အခုစီစစ်မယ့်နိုင်ငံသားဖြစ်မှုကို
ကျွန်တော်တို့ကန့်ကွက်သွားပါမယ် ”ဟုပြောကြားသည်။

ကျောက်ဖြူမြို့တွင် လွန်ခဲ့သော ၁၉၉၇-၉၈ ခုနှစ်ခန့်က ဦးမောင်လှ
ဆိုသူဘင်္ဂလီလူမျိုးတဦးမှ နိုင်ငံသားစီစစ်ရေးကဒ်ပြားအတုများ နှင့်
ဖောင်းကြွရုံးတံဆိပ်အတု ဖြင့် ဘင်္ဂလီလူမျိုးများအား နိုင်ငံသားစီစစ်ရေးကဒ်
အများအပြားကိုအတုပြုလုပ်ပေးခဲ့ဖူးပါသည်။ ယင်းအမှုဖြင့် ဦးမောင်လှသည်
ထောင်ဒဏ် အနှစ် (၂၀)ခန့် ပြစ်ဒဏ်ကျခဲ့သည်။ ၎င်းပြုလုပ်ပေးခဲ့သော
နိုင်ငံသားစီစစ်ရေးကဒ်ပြားများအားသက်ဆိုင်ရာမှ ပြန်လည်
သိမ်းဆည်းနိုင်ခြင်းမရှိခဲ့ကြောင်း Coral Arakan News
မှစုံစမ်းသိရှိရသည်။

( Coral Arakan News အတွက် မြ၀ါ ရေးသားသည်။ )


(မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ နုတ်ထွက်စာ တင်ရသည့် အကြောင်းရင်း တစ်ခု)
ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကို မကြိုက်တဲ့အ တွက် ထွက်စာတင် လိုက်တာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၂ဝ၁ဝ ရွေးကောက် ပွဲတုန်းက နိုင်ငံသားမဟုတ်တဲ့သူတွေကို ကော်မရှင်က ပယ်ချ ခဲ့ပေမယ့် အတင်းထည့်ခိုင်းခဲ့ပါတယ်။ အဲဒီမှာပဲ ကော်မရှင် ရဲ့လုပ်ပိုင်ခွင့်က ဘာမှမှရှိဘူးဆိုတာကို သိခဲ့ရပါတယ်။ အဲဒီအ ချက်တွေကြောင့် ထွက်စာတင်လိုက်တာဖြစ်ပါတယ်''

ဦးသာ သာမောင်
ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ
မောင်တောခရိုင်

Yangon Media Group

အကွက်တော့အကွက်ပဲ.....

သမ္မတ၏ ပြောရေးဆိုခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်သို့ အိတ်ဖွင့်ပေးစာ


The Ladies News Journal

လေးစားရပါသော ဆရာဦးရဲထွဋ်ရှင့် -

ကျွန်မကတော့ ပြန်ကြားရေးဝန်ကြီးဌာန က ဒု/ဦးစီးမှူးအဆင့်ရှိ ၀န်ထမ်းတစ်ဦးဖြစ်ပါ တယ်။ ဆရာဦးရဲထွဋ်ကို ဌာနဆိုင်ရာလုပ်ငန်း ကိစ္စတွေကြောင့် မကြာခဏတွေ့ဖူးဆုံဖူးနေ ကျဖြစ်သလို ဆရာ့ဇနီး ဒေါ်ခင်စန္ဒာထွန်းကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သာရေး နာရေး ကိစ္စတွေမှာ တွေ့ဖူး ကြုံဖူး မျက်မှန်း တန်းမိနေပါတယ်။ ဖေ့စ်ဘုတ် အသုံးပြုတဲ့ ပြည်သူ တစ်ယောက်အနေနဲ့ ဆရာ့ရဲ့ဖေ့စ်ဘုတ် အကောင့်ကို အမြဲဝင်ရောက် ဖတ်ရှုလေ့လာ ခဲ့သလို ဆရာ့ဇနီး ဒေါ်ခင်စန္ဒာထွန်းနဲ့ ဖေ့စ် ဘုတ်ပေါ်မှာ ခေတ္တခဏ အွန်လိုင်းမိတ်ဆွေ ဖြစ်ဖူးပါတယ်။

အခု ကျွန်မရေးတဲ့စာကတော့ သာမန် ပြည်သူတစ်ဦးအနေနဲ့သာ ရေးခြင်းဖြစ်ပါတယ်။ အကြောင်းအရာကတော့ ပြီးခဲ့တဲ့ သုံးလေး ရက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစု ကြည်ကို မွတ်ဆလင်အမျိုးသမီးတစ်ဦးလို ပုံဖျက် သရော်ထားတဲ့ ဘာသာရေးအစွန်း ရောက် တစ်ဦးဖြစ်တဲ့ မောင်ဆန္ဒ (MgSan Da) ရဲ့ပို့စ်ကို ဆရာ့ဇနီး ဖေ့စ်ဘုတ်အကောင့် ကနေ ရှယ်ခဲ့တဲ့ အတွက်ကြောင့် ဆိုရှယ်မီ ဒီယာ အသုံးပြုတဲ့ မြန်မာလူမျိုးများကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ သိပ်မ ကြာမီမှာပဲ အစ်မ ဒေါ်ခင်စန္ဒာထွန်းရဲ့အကောင့် လည်း ပိတ်သွားပါတယ်။ ဆရာ့ဇနီးအနေနဲ့ သာမန် အမှတ်တမဲ့ ရှယ်မိတဲ့ပို့စ်လို့ မယူဆမိပါဘူး။

သည်အကောင့်မှာ အစ်မဟာ ကိုယ်ပိုင် အမည် ကိုယ်ပိုင်ဓာတ်ပုံကို အသုံးပြုရုံသာမ က သူမသည် သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူရဲ့ ဇနီးဖြစ်ကြောင်း ပေါ်ပေါ်ထင်ထင် ဖော်ပြထား ပြီး မိသားစုဆိုင်ရာ ဓာတ်ပုံတွေကိုလည်းတင် လေ့ရှိပါသည်။

ကျွန်မ သတိပြုမိတာကတော့ ဦးရဲထွဋ်ဟာ သာမန်ဒုဝန်ကြီးတစ်ဦးသာဖြစ် မယ်ဆိုရင် ဦးရဲထွဋ်ဇနီးက ဘာကိုဘယ်လို ရှယ်တယ်ဆိုတာကိုလည်း လူအများက ဂရု စိုက်မိမှာ မဟုတ်ဘူးလို့ ထင်မိပါတယ်။ ဆ ရာ့အနေနဲ့ သမ္မတရုံးကိုသာမက အခုအစိုးရ တစ်ဖွဲ့လုံးနဲ့ ယခင်အစိုးရလူကြီးများကိုပါ ခု ခံပြောဆိုရတဲ့တာဝန်ရှိသူတစ်ဦးဆိုတာကိုလည်း သဘောရိုးနဲ့နားလည်ထားပါတယ်။

ဒီနေရာမှာ ကျွန်မပြောချင်တာက ယခု ၃ နှစ်ကျော်ကာလအတွင်းမှာ အုပ်ချုပ်ရေး မဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင်တို့အကြား မ ကြာခဏ ပွတ်တိုက်မိနေခြင်းပဲ ဖြစ်ပါတယ်။ ဆရာ့ကိုလည်း ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်ကို ဒေါက်တာဆိတ်ဖွားအမည်နဲ့ ဝေဖန်တိုက်ခိုက်တဲ့ စာတွေကို ဘလော့ ရေးသားသူဖြစ်တယ်လို့ ပုံနှိပ်မီဒီယာတွေမှာ ရေးသားလေ့ရှိပြီး ဆိုရှယ် မီဒီယာအသုံးပြုသူ အများကပါ မှတ်ထင်ယုံကြည်လျက်ရှိနေပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကနဲ့ ယှဉ်ကြည့်မယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သာမန် အတိုက် အခံခေါင်းဆောင် မဟုတ်တော့ဘဲ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ဥပဒေပြု အမတ်တစ်ယောက် ဖြစ်လာခဲ့တာ ၂ နှစ်ကျော်ခဲ့နေပါပြီ။ ဒါ့အပြင် လွှတ်တော်ရဲ့ တရားဥပဒေ စိုးမိုးရေးကော်မတီ ဥက္ကဋ္ဌတစ် ဦးလည်းဖြစ်ပါတယ်။

ပညာရေးဥပဒေမူကျမ်း ရေးဆွဲဖို့၊ ဆေးရုံများပြုပြင်ဖို့အပါအ၀င် မြန် မာနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်း ကြောင်းပေါ် ဖြောင့်ဖြောင့်လျှောကလှမ်းနိုင် အောင် တိုက်တွန်းအားပေးမှုတွေ အလျဉ်း သင့်သလို ပြုလုပ်နေတဲ့ နိုင်ငံရေးခေါင်းဆောင် တစ်ဦးအဖြစ် သတင်းဂျာနယ်တွေ မှ ဖော်ပြ ချက်ကိုလည်း မကြာခဏ ဖတ်ရပါတယ်။

ကျွန်မတို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေတဲ့ သတင်းစာများမှာပင် သူမရဲ့ ရုပ် ပုံနဲ့ သတင်းတွေကို အလျဉ်းသင့်ရင် သင့် သလို ဖော်ပြနေပါပြီ။

ဒါကြောင့်မို့ ဆရာလို အုပ်ချုပ်ရေးမဏ္ဍိုင် ဘက်မှ အရာရှိကြီးတစ်ဦးရဲ့ ဇနီးအနေနဲ့ ဥပဒေပြုရေး မဏ္ဍိုင်ဘက်မှ အထင်ကရရှိလှ တဲ့ ခေါင်းဆောင်တစ်ဦးကို လီဆယ်သရော် လှောင်ပြောင် ထားတဲ့ပို့စ်အား မျှဝေဖြန့်ဖြူး ခြင်းမှာ လွန်စွာအပြစ်ကြီးတယ်လို့ ထင်မြင် ယူဆမိပါတယ်။

ဒါ့အပြင် ဆရာ့ဇနီးဟာ မြန် မာနိုင်ငံ အမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းမှာ ပထမ သို့မဟုတ် ဒုတိယ ခုံတန်း မှာ နေရာရသူ လူကြီးကတော်တစ်ဦးဖြစ်ပါတယ်။ နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသမီးစွမ်း ဆောင်ရှင်များအသင်း နှစ်ပတ်လည်ပွဲမှာလည်း အခြား အမျိုးသမီး စွမ်းဆောင်ရှင် အဖွဲ့ဝင် ၀န် ကြီးကတော်တွေနဲ့ ဖက်လဲတကင်းရှိတာကို သူမရဲ့ဖေ့စ်ဘုတ်ပေါ် တင်ခဲ့ဖူးတဲ့ ဓာတ်ပုံတွေ ကတစ်ဆင့် သိရှိခဲ့ရပါတယ်။

ဆရာ့ဇနီးအနေ နဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တစ်ဦးရဲ့ ရှု ထောင့်မှနေပြီး အခြားအမျိုးသမီးများ စွမ်း ဆောင်မှုကို အားပေးရမှာ ဂုဏ်ယူရမှာဖြစ်ပါ တယ်။ အခုလို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ မှာပင် စွမ်းဆောင်နိုင်သူအဖြစ် သတ်မှတ်ခံ ထားရသူတစ်ဦးကို လှောင်ပြောင်ပျက်ရယ်ပြု ခြင်း မှာ ကျွန်မတို့ မြန်မာအမျိုးသမီးထုအတွက် လွန်စွာရုပ်ဆိုးစေပါတယ်။

ဒါ့အပြင် ဆရာ့ဇနီးအနေနဲ့ စစ်သားကြီး တစ်ဦးရဲ့ သမီးဖြစ်ကြောင်း စစ်သားလေးတစ် ဦးရဲ့ ဇနီးဖြစ်သည်ကို ဂုဏ်ယူစွာ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရေးသားခဲ့ဖူးပါတယ်။ အဲ့ သလို စစ်သားနဲ့ စစ်တပ်အသိုင်းအ၀ိုင်းမှာ ပျော် မွေ့တဲ့အမျိုးသမီးတစ်ဦးအနေနဲ့ တပ်မတော် ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ် သူကိုပင် ချမ်းသာမပေး လူပုံအလယ်မှာ ပြက်ရယ်ပြု တိုက်ခိုက်ခြင်းကို ကျွန်မအနေနဲ့ များစွာ အံ့သြမိပါတယ်။

လင်နဲ့မယား ဆိုတာ အသွင်တူလို့ အိမ်သူဖြစ်ကြတယ်ဆိုတာ အိမ်ထောင်ရှိဇနီးသည် ကျွန်မက နားလည်ထားပါတယ်။ သမ္မတရုံး အတွက်သာမက အစိုးရတစ်ဖွဲ့လုံးရဲ့ ပြော ရေးဆိုခွင့်ရ အရာရှိကြီး တစ်ဦးရဲ့ဇနီးသည် တစ်ဦးအနေနဲ့ ဒီလိုပြုမူဆောင်ရွက်လိုက်ခြင်း က ခင်ပွန်းဖြစ်သူ ဆရာရဲ့ သဘောထားကို လှစ်ဟပြောဆိုတာလား ဆိုတာကတော့ ပြည်သူတွေအတွက်ကတော့ စဉ်းစားစရာဖြစ်သွားပါတယ်။

စိတ်သဘောထားချင်း မတိုက်တာတွေ ရှိကြရင်တောင် ခင်ပွန်းသည်ရဲ့ ရင်ထဲက ခံစားချက်နဲ့ နားလည်မှုတွေကို ဇနီးဖြစ်သူ ဒေါ်ခင်စန္ဒာထွန်းက ထပ်တူခံစားမိပါလိမ့်မယ်။ ခင်ပွန်းက ချစ်တဲ့သူကို ဇနီးက လိုက်ချစ်မယ်။ ခင်ပွန်းက မုန်းတဲ့လူကို ကိုယ်ကလိုက်မုန်း မယ်ဆိုတာ ဆရာနဲ့ အစ်မတို့လို နှစ်ကိုယ်တူ ချစ်သမျှ ချစ်ခရီးလမ်းလျှောက်လှမ်းနေကြတဲ့ ဇနီးမောင်နှံတွေ အတွက် တစ်စိတ်တည်း တစ် ၀မ်းတည်းရှိနိုင်မယ်လို့ စွပ်စွဲပြောဆိုစရာ ဖြစ်သွားနိုင်ပါတယ်။

ပိုဆိုးတဲ့အချက်ကတော့ ဆရာ့ဇနီးက သူမရဲ့အကောင့်ကို ပိတ်ပြီး နိုင်ငံတစ်ခုရဲ့ ပြောရေးဆိုခွင့်ရ သူဖြစ်တဲ့ ဆရာ့အကောင့်က တစ်ဆင့် တောင်းပန်ခိုင်းခြင်းဖြစ်ပါတယ်။ ဒီ အပြုအမူဟာ အိမ်ထောင်သည်အမျိုးသမီး တွေကို သိက္ခာကျဆင်းစေပါတယ်။

ကိုယ့် ခင်ပွန်း အိမ်ထောင်ဦးစီး၊ သမ္မတရုံးတော်မှ ဂုဏ်သရေရှိ ထိပ်တန်းအရာရှိကြီးကို ဇနီး ဖြစ်သူရဲ့အမှားအပြုအမူအတွက် အလွဲသုံး တောင်းပန်စေခြင်းက အမျိုးသမီးစွမ်းဆောင် ရှင်တစ်ဦး ပြုလုပ်ရတဲ့အပြုအမူ မဟုတ်ဘူး လို့ ထင်မိပါတယ်။ မလျော်သြဇာကို အသုံးပြု တယ်လို့ ထင်မြင်မိပါတယ်။ ဒီလို တောင်းပန်လိုက်တဲ့အတွက် စဉ်းစားစရာတစ်ခု ရလာတာက ဦးရဲထွဋ်ကို ဇနီးသည် က လွှမ်းမိုးချုပ်ကိုင်ထားလို့လား (သို့) ဇနီးသည်ကို ဦးရဲထွဋ်က မပါနဲ့တော့ ငါပဲကြည့် ရှင်းမယ်ဆိုပြီး မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲနေခြင်းမျိုး လုပ်လိုက် သလားဆိုတာပါ။

ဆရာ့အနေနဲ့လည်း မိမိရဲ့ကိုယ်ရေးကိုယ် တာကိစ္စတွေကိုလည်း အစိုးရ သတင်းထုတ် ပြန်ရေး အတွက် အသုံးပြုနေတဲ့ အကောင့်က နေ တောင်းပန်ခြင်း မျိုးပြုလုပ်ခြင်းဟာ အဆို ပါကိစ္စကို လူသိများစေပါတယ်။ ဖေ့စ်ဘုတ် ကို တစ်ပတ်တစ်ခါ နှစ်ခါလောက်သာ အသုံး ပြုသူများပင် ဆရာ့ဇနီးဖြစ်သူရဲ့ လုပ်ရပ်ကို သတိပြုမိစေပါတယ်။

ဆရာ့ဇနီး အနေနဲ့ သူမရဲ့ အကောင့်မှ သူမကိုယ်တိုင် တောင်းပန်ခဲ့လျှင်ပင် ယခုကိစ္စဟာ အကျဉ်းရုံးပြီး သွားနိုင်မည့်ကိစ္စမျိုးဖြစ် တယ်လို့ ယူဆမိပါတယ်။

နိဂုံးချုပ်အားဖြင့် ထောက်ပြချင်တာက တော့ ဆရာ့ရဲ့ ကိုယ်ပိုင်အကောင့်ဆိုင်ရာ ဖြစ်ပါတယ်။ ကျွန်မကလည်း ဆရာ့အကောင့် ကို အမြဲတစေ ၀င်ဖတ်သူတစ်ဦးဖြစ်ပါတယ်။ ဆရာ့ပို့စ်တွေမှာ ၀င်ရောက် ကွန်းမန့်ပေးတဲ့ သူတွေကလည်း အတိုက်အခံတွေကို ဆဲဆို ခြင်း၊ လက်ရှိ အစိုးရအုပ်ချုပ်သူများကို ဆဲဆို ခြင်း၊ ဘာသာခြားတွေကို ဆဲဆိုခြင်း ဖိုတို ရှော့ရုပ်ပြောင်တွေ အသုံးပြုခြင်းတို့ကို အများ အပြားပြုလုပ်ကြပါတယ်။ အဆိုပါသူများကို ဆရာအနေနဲ့ စိစစ်ခြင်း ပိတ်ပင်ခြင်း၊ သတိ ပေးခြင်းတို့ကို လုံးဝမပြုလုပ်တာကိုတွေ့ရှိရ ပါတယ်။ ဆရာ့ရဲ့ပြန်ကြားရေး အတွက် အသုံးပြုနေတဲ့ ဖေ့စ်ဘုတ်အကောင့်ဟာ ရန်မီးများရဲ့အစလို ဖြစ်နေပါတယ်။

ဆရာ့ အနေနဲ့ အဲ့သလိုအပြုမူတွေကို တစ်စုံတစ်ရာတား မြစ်ခြင်းမပြုဘူးဆိုရင် ဆရာ့ ဇနီး အကောင့်ကိုလည်း ဆရာ့အကောင့်ထဲမှာ ၀င်ရေးနေကြသလို ရေးသားပြောဆိုနေတာတွေကို တန်းတူ လက်ခံပေးထားရတော့မှာ ဖြစ်ပါတယ်။

ဆရာ့အနေနဲ့ ကွန်းမန့်တွေ မစိစစ်နိုင်ရင် ကွန်းမန့်ဘောက်စ်ကို ပိတ်ထားရမှာဖြစ်ပါတယ်။ ဆရာ့ဇနီး ကိုယ်တိုင် ရေးတဲ့ ပို့စ်တစ်ခုမှာ အဲဒီ အကြောင်းကို ရေးသားထားပါတယ်။ လွန်ခဲ့တဲ့ ၂ လကျော်လောက်က ဆရာ့ ဇနီးက သူမအနေနဲ့ ဆရာ့ပို့စ်များအောက် မှာ ၀င်ရောက် ဆဲဆိုထားတဲ့ ကွန်းမန့်တွေကို ဖတ်တဲ့အခါ များစွာစိတ်မကောင်းဖြစ်ရကြောင်း ဆရာ့ကို အလုပ်ပင်ထွက်စေချင်ကြောင်း ရေးသားထားတာကို ဆရာလည်း ဖတ်ခဲ့ဖူးမှာ ဖြစ်ပါတယ်။

ဆရာ့ပို့စ်တွေမှ ကွန်းမန့်တွေကြောင့် ဆရာ့ဇနီးမှာ ဆရာ့ကို အမြဲတစေ ဝေဖန်လေ့ရှိတဲ့ ၊ ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံနေတဲ့ ဖေ့စ်ဘုတ်ယူဇာ များကို အမြင်ကတ် မုန်းတီးရာမှ စတင်ပြီး ဒေါ် အောင်ဆန်းစုကြည်ကိုပါ တစ်ပါတည်း မုန်းစပျိုးမိခြင်း လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်မသည်လည်း အိမ်ထောင်သည် အမျိုးသမီးဖြစ်တဲ့ အတွက် ဆရာ့ဇနီးရဲ့ ခံစားချက်ကို နားလည်မိပါတယ်။

ဒါကြောင့် ဆရာ့အကောင့်များမှလည်း ရန်ပွဲများမဖြစ်ပွားအောင်၊ အမုန်းစများမကြီး ထွားအောင် ပြုလုပ်သင့်သည်များကို ရဲရဲဝံ့ဝံ့ ပြုလုပ်ပါလို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ဆရာနဲ့ ဆရာ့မိသားစု စိတ်ချမ်းသာကိုယ် ကျန်းမာရှိပါစေ။ အခုစာကို အမည်မပါဘဲ ရေးရတာ ကိုလည်းတောင်းပန်ပါတယ်။ အစိုးရ ၀န်ထမ်းတစ်ယောက်ရဲ့ ပြောချင်တာ မပြောရတဲ့ဘ၀ကို ဆရာ စာနာနိုင်ပါလိမ့်မယ် ယူဆမိပါတယ်။

လေးစားမှုဖြင့်
ပြန်ကြားရေးဝန်ကြီးဌာနမှ ငယ်သားဝန်ထမ်းတစ်ဦး

အတွဲ (၂) အမှတ်စဉ် ၁၇၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။
ကျေးဇူးတင်ပါသည်။

“ ဒေါ်အောင်ဆန်းစုကြည် အတွက် အာမခံချက်ပေးပါ ”



စည်သူအောင်မြင့်
မြန်မာပို့စ်၊ ၁၆-၆-၁၄။

ဒီရက်ပိုင်းအတွင်း မီဒီယာတွေဆီ ပေါက်ကြားလာတဲ့ သတင်းတစ်ပုဒ်ကတော့ ဖွဲ့စည်းပုံ ပြင်ရေး ဆွေးနွေးနေတဲ့ လွှတ်တော်ကော်မတီ အနေနဲ့ ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့ ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းပါ။ လွှတ်တော်ကော်မတီ အတွက် နာယကကြီး သူရဦးရွှေမန်း ချမှတ်ပေးထားတဲ့ သံမဏိ စည်းမျဉ်းတွေအရ ကော်မတီတွင်း ဆွေးနွေးတာတွေကို လျို့ဝှက်ထားရမယ် ဆိုတာကြောင့် ဘယ်ကော်မတီဝင် အမတ်ကမှ သူတို့ နာမည်နဲ့ တကွ ထုတ်ဖော်ပြောဆိုတာ မလုပ်ကြလို့ သတင်းကို လုံးဝ မှန်ကန်ပါတယ် ဆိုပြီး အတည်ပြုလို့တော့ မရပါဘူး။ ဒါတင်မက အရင် စစ်အာဏာရှင်တွေဆီက အမွေဆက်ခံထားတဲ့ ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်သူ စစ်ဗိုလ်ဟောင်းတွေ ဆိုတာကလည်း ပြည်သူတွေရဲ့ အသံဗလံတွေ ထွက်လာရင် ခုတစ်မျိုး တော်ကြာတစ်မျိုး အပြောင်းအလဲ လုပ်လေ့ရှိတဲ့ သာဓကကလည်း အများကြီးရှိလေတော့ အဲဒီ သတင်း တစ်ထစ်ချ ပြောဖို့ ခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကတော့ အဲဒီ သတင်း ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဆို ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် မရှိတော့ဘူးလား၊ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ် ဘာကြောင့် အဲဒီလို လုပ်ရတာလဲ၊ ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
တကယ်တော့ ဖွဲ့စည်းပုံထဲက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် ပိတ်ပင်တားမြစ်ထားတဲ့အချက်ကို အရင် စစ်အာဏာရှင်တွေက ချမှတ်သွားခဲ့တာပါ။ အခု ပွင့်လင်းစ ပြုလာတဲ့ အခြေအနေ တစ်ခု ရောက်လာတာတောင် အဲဒီ အချက် ပြင်နိုင်ရေး လုပ်ပိုင်ခွင့် အာဏာ ပြည်သူတွေ လက်ထဲမှာ ရှိမနေပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကနေ တဆင့် လွှတ်တော်နှစ်ရပ်ကို အပိုင်စီးထားတဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော် လက်ထဲမှာပဲ ရှိနေတာပါ။ သူတို့ကိုယ်သူတို့ ပြည်သူ့ကိုယ်စားလှယ်တွေလို့ ကြွေးကြော်ပြီး ဖွဲ့စည်းပုံပြင်ဆင်မယ့် အခွင့်အရေးကိုလည်း အပြည့်အ၀ ရယူထားကြတာပါ။
တကယ်တော့ အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေး အင်အားစုတွေ တစ်ခုနဲ့ တစ်ခု ဆွေးနွေးညှိနှိုင်း အဖြေရှာကြမယ့်အစား လွှတ်တော်၊ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ ကော်မတီ၊ အဲဒီ ကော်မတီအတွက် ချထားပေးတဲ့ တစ်ဖက်သတ် ဆန်လွန်းတဲ့ စည်းမျဉ်းစည်းကမ်းတွေကနေ တဆင့် ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဟာ သူတို့လိုချင်တာကိုပဲ ပုံဖော်ကြမယ့် သဘောရှိပါတယ်။ ဒါကို အထူးအထွေ ထပ်ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားဆီးထားတဲ့ ပြဌာန်းချက် ဆိုတာ ပြည်သူတွေကရော နိုင်ငံတကာကပါ နားလည်ကြပါတယ်။ ဒီ ပုဒ်မ ဖျက်ပေးဖို့ ပြည်သူတွေ တောင်းဆိုလာကြတဲ့အခါ လူတစ်ဦးတစ်ယောက်အတွက် ပုဒ်မ တစ်ခုကို ပြင်မပေး၊ ဖျက်မပေးနိုင်ဘူးလို့ အာဏာပိုင်တွေက တုန့်ပြန်ကြပါတယ်။ တစ်ချို့အင်အားစုတွေကတော့ ပုဒ်မ ၅၉ (စ) ကို ပြင်လိုက်တယ် ဆိုရင်ပဲ အမျိုးဘာသာ သာသနာ ညှိုးနွမ်းကုန်တော့မယ့်အလား၊ ဘာသာခြားတွေကပဲ မြန်မာနိုင်ငံမှာ သမ္မတ တက်လုပ်တော့မယ့်အလား မဟုတ်မမှန် လုပ်ကြံ ၀ါဒ ဖြန့်တာတွေ လုပ်ကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒါနဲ့ ပါတ်သက်ရင် သမ္မတ ဦးသိန်းစိန် ပြောတဲ့စကားဟာ မယုတ်မလွန် ရှိသလို လက်ခံလို့လဲ ရနိုင်ပါတယ်။ သူက ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပါတ်သက်တဲ့ သူ့သဘောထား ရပ်တည်ချက်ကို ပြောဆိုရာမှာ (၁) ငြိမ်းချမ်းရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အထောက်အကူ ဖြစ်စေဖို့ (၂) ဒီမိုကရေစီ စံနှုန်း ပြည့်မီအောင် ကြိုးစားအားထုတ်ဖို့ ပြောပြီး နံပါတ် (၃) အနေနဲ့ “ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တစ်ဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ် တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုသည့် နိုင်ငံရေး စေတနာ ရှိသလို တစ်ဖက်တွင်လည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံဇ။် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်သော အကာအကွယ် ပေးနိုင်သည့် အခြေခံများ ရှိရန် လိုအပ်ကြောင်း” လို့ ဆိုပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတ်သက်ပြီး ရည်ညွှန်းချက်ဖြစ်သလို တစ်ကြိမ်မက ပြောဆိုတဲ့ အချက်လည်း ဖြစ်ပါတယ်။ နောက်ဆုံး ပြောလိုက်တာက မေလ ၃၁ ရက်နေ့ ရေဒီယို မိန့်ခွန်းမှာပါ။
တကယ်လို့ သမ္မတ ကသာ လက်ရှိ ဖြစ်ပွားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်နဲ့ သက်ဆိုင်တဲ့ အငြင်းပွားမှုကို ပြီးပြတ်စေချင်ရင် ဒီ ထက် ရှင်းရှင်းလင်းလင်း ပြောဆို သင့်ပါတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဖခင်ကြီး ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရင်နှစ်သည်းခြာ သမီး တစ်ယောက်ဖြစ်တယ်၊ သာမန် နိုင်ငံသားထက် ပိုတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဖြစ်တယ်၊ တိုင်းရင်းသား ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်နိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် သမ္မတ ဖြစ်ခွင့်နဲ့ ပါတ်သက်ရင် တိုင်းပြည်ရဲ့ အထွတ်အထိပ် နေရာ ဖြစ်တာကြောင့် “အမျိုးသား အကျိုးစီးပွားနှင့် နိုင်ငံဇ။် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ကို မထိပါးစေမည့် သင့်တင့် လျောက်ပတ်သော အကာအကွယ် ပေးနိုင်သည့် အခြေခံ” တွေကို ထည့်သွင်းထားမယ်။ စသဖြင့် ပြောဆိုဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို မိမိကတော့ဖြင့် သမ္မတ ဖြစ်ခွင့်မပေးနိုင်ပါဘူး စသဖြင့် ခပ်ရှင်းရှင်း ပြောရဲဖို့ လိုပါတယ်။
ဒီနည်းအတိုင်း သူရဦးရွှေမန်းကလည်း အလားတူ သဘောထားမျိုး ရှင်းရှင်းလင်းလင်း ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပေးနိုင်သလား၊ မပေးနိုင်ဘူးလား၊ အဲဒီ သဘောထားကို လက်ရှိ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်ကော်မတီ ကို အလုပ်လမ်းညွှန်အဖြစ် ရှင်းရှင်းလင်းလင်း ပေးထားဖို့ လိုပါတယ်။ တကယ်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်ထီး ပုဒ်မတွေကို လျောက်ပြောနေကြတာဟာ ရှည်လျား၊ ထွေပြား၊ ပေများပြီး သတ္တိမရှိ၊ သူရဲဘောကြောင်ရာလည်း ရောက်ပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖွဲ့စည်းပုံအရ သမ္မတ ဖြစ်ခွင့်ပေးထားလိုက်ရင်တောင် အလိုအလျောက် သမ္မတ ဖြစ်လာမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကို ဖြတ်သန်းရဦးမှာ ဖြစ်ပါတယ်။ အမတ် ဖြစ်ပြီး လွှတ်တော်ထဲမှာ ဒုသမ္မတ အဖြစ် ရွေးချယ်ခံရဦးမှာ ဖြစ်ပါတယ်။ ဒုသမ္မတ ဖြစ်သည့်တိုင် သမ္မတ ဖြစ်ဖို့ရာ သေခြာတာ မဟုတ်ပါဘူး။ ဖွဲ့စည်းပုံအရ တပ်မတော်သား အမတ်တွေ အပါအ၀င် ရွေးကောက်ခံ အမတ်တွေ အားလုံးပါဝင်တဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးကောက်တင်မြှောက်ဖို့လည်း လိုပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ခရီး မနီးပါဘူး၊ မလွယ်ကူပါဘူး။
ဒါပေမယ့်လည်း စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲ ဘယ်နေမှန်း မသိပဲ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ အရည်အချင်း မပြည့်မီဘူးဆိုတဲ့ ကန့်သတ်ချက်နဲ့ စောစောစီးစီး ကတုတ်ကျင်းတူးပြီး ကာထားတာဟာ စစ်ရေးအမြင်အရ အဆင်ပြေနိုင်ပေမယ့် နိုင်ငံရေးမှာတော့ အဆင်မပြေနိုင်ပါဘူး။ ပထမ အရေးအကြီးဆုံးက ပြည်သူလူထုရဲ့ အမုန်းတရားကို ရင်ဆိုင်ကြရပါလိမ့်မယ်။ စစ်ဗိုလ်ချုပ်တွေကို၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ခိုင်ဖြိုးပါတီကို တရားမျှတမှု မရှိတဲ့ လူ၊ တရားမျှတမှု မရှိတဲ့ အဖွဲ့အစည်း၊ သူရဲဘောကြောင်တဲ့ အဖွဲ့အစည်းတွေ အဖြစ် မြင်ကြပါလိမ့်မယ်။ အလားတူ နိုင်ငံတကာကလည်း ဒီလိုပဲ မြင်ကြပါလိမ့်မယ်။
ဒီမိုကရေစီ လမ်းကြောင်းကို သွားမယ်ဆိုပြီး ကိုယ့်နိုင်ငံ လွတ်လပ်ရေး ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီးရဲ့ ရင်နှစ်သည်းခြာ သမီးတစ်ယောက်ကို သမ္မတ ဖြစ်ခွင့်မရှိဘူးဆိုပြီး ဥပဒေရေးဆွဲ ကန့်သတ်ထားတာဟာ အလွန် မမျှတမှုအဖြစ်၊ ညစ်ပတ်မှု တစ်ခုအဖြစ်၊ သူရဲဘောကြောင်တဲ့ အပြုအမူအဖြစ် မလွဲမသွေ ရှုမြင်ကြပါလိမ့်မယ်။ ဒါဆိုရင် ၂၀၁၅ အလွန် နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ မကောင်းပါဘူး။ ကမ္ဘာကြီးဟာ နည်းပညာသစ်တွေနဲ့ ရှေ့ကို အရှိန်အဟုန်နဲ့ ချီတက်သွားနေချိန် မြန်မာနိုင်ငံဟာ ရွံ့ထဲ ဗွက်ထဲ မိုးထဲ ရေထဲ ခရီးနှင်ကြရပါဦးမယ်။ ဒါတွေဟာ ဘယ်သူမပြု မိမိမှု ဆိုသလို စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အပြုအမူကြောင့် ထွက်လာတဲ့ ရလာဒ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီအတွက် ဖွဲ့စည်းပုံပြင်ရေး တာဝန်ယူထားသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဖြစ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်မီကြောင်း အာမခံချက်ပေးပြီး ကျန် ကြိုက်ရာ ပုဒ်ထီးပုဒ်မတွေကို ကြိုက်သလို ရေးဆွဲ ထည့်သွင်းကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။

စည်သူအောင်မြင့်။

ဘူးလက်လှဆွေေ++ာင်ပြန်ပြီ

ဒီနေ့ကာတွန်း

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် အာဏာပိုင်များငြင်းပယ်၍မရတော့



 Wednesday, June 18, 2014

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တောင်းဆိုဆန္ဒပြသူများကို တွေ့ရစဉ် (ဓာတ်ပုံ- နစ်ကီ)

ရန်ကုန်- ငြိမ်းချမ်းစွာစုဝေးလှည့်လည်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများသို့ ခွင့်ပြုချက်တောင်းခံပါက ငြင်းပယ်ပိတ်ပင်ခွင့်မရှိသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ပြင်ဆင်ချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သဖြင့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု သကဲ့သို့ဖြစ်ကြောင်း ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးမှဆုံးဖြတ်ခဲ့ပြီး ဥပဒေကြမ်းကို ဥပဒေအဖြစ်ထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော် သမ္မတထံသို့ အမြန်ဆုံးပေးပို့သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောသည်။

အတည်ပြုလိုက်သော ဥပဒေကြမ်းအရ ဆန္ဒထုတ်ဖော်လိုသူများသည် ဥပဒေပါခွင့်ပြုချက်တောင်းခံသည့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက ခွင့်ပြုချက်တောင်းခံမှုများကို ယခင်ကဲ့သို့ ငြင်းဆိုပိတ်ပင်ခြင်းများ လုံးဝပြုလုပ်နိုင်ခြင်းမရှိတော့ကြောင်း ပြင်ဆင်ထားသည့် ဥပဒေကြမ်းတွင် ဖော်ပြထားသည်။

ထို့အပြင် ပြင်ဆင်သည့် ဥပဒေကြမ်းအရ ထောင်ဒဏ်များကို မူလက အများဆုံးနှစ်နှစ်မှ အနည်းဆုံးခြောက်လအထိ သတ်မှတ်ထားရာ ယခု အများဆုံး တစ်နှစ်မှ အနည်းဆုံးတစ်လအထိ လျှော့ချပြဋ္ဌာန်းထားသည်။
7daydaily

သံတော်ဆင့်ဂျာနယ် တာဝန်ရှိသူများအား ခေါ်မေး



သာသနာရေးဝန်ကြီး ပြောကြားချက် အမှန်တကယ် ဟုတ်၊ မဟုတ် တိုင်းအစိုးရက သံတော်ဆင့်ဂျာနယ် တာဝန်ရှိသူများအား ခေါ်မေး

အေးသူစံ
Tuesday, June 17, 2014

မြန်မာသံတော်ဆင့် ဂျာနယ်တွင် ဖော်ပြခဲ့သော မဟာသန္တိသုခကျောင်းတော်ကြီး သတင်းတွင် သာသနာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ ပြောကြားချက် အမှန်တကယ်ဟုတ်၊ မဟုတ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က သံတော်ဆင့်ဂျာနယ်အယ်ဒီတာ နှင့် ပုံနှိပ်သူတို့အား ယနေ့(ဇွန် ၁၆)တွင် ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။
ဇွန်လ ၁၄ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် သတင်းဂျာနယ် စာမျက်နှာ ၂၁ တွင် ‘‘မဟာသန္တိသုခကျောင်းတော်ကြီး အရေးကိစ္စတွင် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဘက်မှ ရပ်တည်မှုမရှိ၍ ဆရာတော်ကြီးများ စိတ်နှလုံးထိခိုက်’’ခေါင်းစဉ်ဖြင့် သတင်းတွင် ၀န်ကြီးဦးဆန်းဆင့် ပြောကြားချက်နှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း စာပေစိစစ်နှင့် မူပိုင်ခွင့်ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းကပြောသည်။

‘‘အဲဒီသတင်းမှာ သာသနာရေးဝန်ကြီးပြောတာ တကယ် ဟုတ်၊ မဟုတ် မေးတာပါ။ ခေါ်ယူ သတိပေးတာမျိုးမဟုတ်ပါဘူး။ သံတော်ဆင့်ဘက်ကလည်း သူတို့မှာ အသံဖိုင်ရှိတယ်။ မဟန ဆရာတော်ကြီးတွေပြောတာလည်း တကယ်အမှန်ဖြစ်တယ်။ ဒါပေမဲ့ သတင်းရင်းမြစ်ကို ကာကွယ်ရမှာမို့ အဲဒီသတင်းမှာပါတဲ့ မဟနဆရာတော် ဘယ်ကိုယ်တော်လဲဆိုတာတော့ သူတို့ပြောလို့မရလို့ပါလို့ပြောပါတယ်။ အစိုးရအဖွဲ့ကလည်း အေးအေးဆေးဆေးပဲ။ ၀န်ကြီးပြောတာ ဟုတ်၊မဟုတ် ခေါ်မေးတာပဲဖြစ်ပါတယ်’’ဟု တွေ့ဆုံမှုတွင် ပါဝင်ခဲ့သည့် ဒေါ်ယုယုဝင်းကပြောသည်။

ယင်းသတင်းတွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က မဟာသန္တိသုခကျောင်းတော်ကြီး ပိုင်ဆိုင်မှုအတွက် ပီနန်ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပြဿနာတွင် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့မှ နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ ဆုံးဖြတ်ပေးထားသည်ကို လိုက်ပါဆောင်ရွက်ပေးခြင်းမရှိကြောင်း၊ သာသနာရေးဝန်ကြီးဌာန တစ်ခုတည်းကသာ ဆုံးဖြတ်ချက်ကို နာခံဆောင်ရွက်ရကြောင်း သာသနာရေးပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မြန်မာသံတော်ဆင့်သို့ပြောသည်ဟု ဖော်ပြထားသည်။

ခေါ်ယူတွေ့ဆုံမှုကို မြန်မာသံတော်ဆင့်၏ စီမံအယ်ဒီတာ ဦးအောင်ကိုကိုက အတည်ပြုခဲ့ပြီး မည်သည့်သတင်းအတွက် ခေါ်ယူတွေ့ဆုံခြင်းကိုမူ ပြော၍မရကြောင်း 7 DAY သို့ ဖုန်းဖြင့် ဖြေကြားခဲ့သည်။

‘‘ကျွန်တော်တို့ကို သတိပေးတာလည်း မဟုတ်ဘူး။ ခြိမ်းခြောက်တာလည်း မရှိဘူး။ သတင်းတစ်ပုဒ်အနေနဲ့ ခိုင်လုံမှုရှိ၊ မရှိ မေးတာဖြစ်တယ်။ ပုံနှိပ်တိုက်ပိုင်ရှင် ပါတယ်ဆိုတာကလည်း ကျွန်တော်နဲ့ အဖော်လိုက်ပေးတာ။ သံတော်ဆင့်က သတင်းခိုင်လုံမှုရှိတယ်လို့ပဲပြောခဲ့တယ်။ အေးအေးဆေးဆေးပဲ’’ဟု ၎င်းက ပြောသည်။

ယင်းတွေ့ဆုံမှုတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး အတွင်းရေးမှူးတို့ ပါဝင်ပြီး မြန်မာသံတော်ဆင့်ဘက်မှ စီမံအယ်ဒီတာ ဦးအောင်ကိုကိုနှင့် ဦးအေးဝင်းတို့ ပါဝင်ကြောင်း သတင်းရရှိသည်။

ထို့အပြင် မြန်မာသံတော်ဆင့်ဂျာနယ် ရိုက်နှိပ်သည့် အေးကမ္ဘာ့ပုံနှိပ်တိုက်ကို ဇွန်လ ၁၅ ရက် ညပိုင်းက မြို့နယ်ရဲတပ်ဖွဲ့ မှူးနှင့် ရဲတပ်ဖွဲ့တို့က ၀င်ရောက်၍ ဖြန့်ဝေမည့် ဂျာနယ်ထုပ် ၁၇ ထုပ်ကို ကမ္ဘာအေးရှိ သာသနာရေးပုံနှိပ်တိုက်မှ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းသို့ ယူဆောင်သိမ်းဆည်းသွားကြောင်း သတင်းများ ထွက်ပေါ်နေခြင်းကို တိုက်၏ တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က ‘‘ကျွန်တော်တို့ အနောက်ပိုင်းရဲတပ်ဖွဲ့ဝင်တွေ မသိမ်းပါဘူး။ သာသနာရေးက ဖြစ်နေတဲ့အခါကျတော့ တခြားအဖွဲ့က သိမ်းတာဆိုရင်တော့ မသိနိုင်ပါဘူး’’ဟု ဖြေကြားခဲ့သည်။

မြန်မာသံတော်ဆင့်သတင်း ဂျာနယ်သည် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ သားနှင့် ချွေးမတို့ ပိုင်ဆိုင်သည်ဟု စာပေစိစစ်နှင့် မူပိုင်ခွင့်ဌာနခွဲမှ တာဝန်ရှိသူကပြောကြားပြီး မြန်မာ့သံတော်ဆင့်ဂျာနယ်နှင့် ၎င်းမှာ ပတ်သက်မှုမရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က ပြောကြားထားသည်။

7daydaily