Thursday, June 19, 2014

ဥူးးဝီကလဲပြော....သာသနာဖျက်တဲ့

ဦးအောင်မင်းဝန်ခံပြီ

ကိုထင်ကျော် မြောက်ဥက္ကလာပ တရားရုံးမှာ ဆန္ဒပြ



ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာတရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားရပြီး ဒီနေ့ ရုံးထုတ်တဲ့အခါ မြောက်ဥက္ကလာပမြို့နယ် တရားရုံးရှေ့မှာ တရားစွဲဆိုခံထားရတဲ့ အမှုကို မကျေနပ်လို့ သပိတ်မှောက် ဆန္ဒပြခဲ့ပါတယ်။

Photo: Kyaw Htoon Naing / RFA

၇၂ သိန်း အလွဲသုံးစားမှုနဲ့ဝန်ကြီး ဦးဆန်းဆင့်ပုပ္ဗသီရိမြို့နယ် မြို့နယ်တရားရုံးမှာစစ်ဆေးခံနေ


Eleven Media Group

အထူးစုံစမ်းစစ်ဆေးရေး (စစစ) ၏ အမှုဖွင့် စစ်ဆေးခံနေရသော ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တင်ဆောင်လာသည့် ယာဉ်နှင့် အခြားယာဉ်များကို ပုပ္ဗသီရိမြို့နယ် မြို့နယ်တရားရုံးမှ ဇွန် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်က ပြန်လည်ထွက်ခွာလာသည်ကို တွေ့ရစဉ်


RFA Burmese
ဝန်ကြီးဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာသဘောထားကွဲစေမှုတို့နဲ့ ဖမ်းဆီးစစ်ဆေးနေ
သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင်လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ၀န်ကြီး ဦးဆန်းဆင့်ကို တရားစွဲလိုက်ကြောင်း နေပြည်တော်အသိုင်း အ၀ိုင်းက ပြောပါတယ်။
၂၀၁၃-၂၀၁၄ သာသနာရေးဝန်ကြီးဌာန ဘဏ္ဍာရေးနှစ်အတွက် ၀န်ကြီးဌာနရဲ့ လျာထားချက်မှာမပါတဲ့ လယ်ဝေးမြို့နယ် ယက္ကန်းစင်တောင် နှစ်ကျိပ်ရှစ်ဆူဘုရား ထီးတော်တင်ချိန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ ဦးဆန်းဆင့်က မိသားစုအမည်နဲ့ သာသနာရေးဝန်ကြီးဌာနရဲ့ ငွေကျပ်သိန်း ၁၀၀ ကိုသုံးစွဲခဲ့ တယ်လို့ သိရပါတယ်။
ဒီနှစ် ဇန်န၀ါရီလအတွင်းက သာသနာရေးဝန်ကြီးဌာနကို ငွေကျပ် ၂၈ သိန်း ပြန်လည်သွင်းခဲ့ပေမဲ့ ကျန်တဲ့ငွေ ကျပ် ၇၂သိန်းကို ကိုယ်ကျိုးစီးပွားအတွက် သုံးစွဲတယ်ဆိုပြီး စ ၃ လုံးက တရားလိုပြုပြီး နေပြည်တော်ကောင်စီနယ်မြေ ဘုရားကုန်းရဲစခန်းမှာ တရားစွဲလိုက်တာ ဖြစ်ပါတယ်။
ဦးဆန်းဆင့်ဟာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ကြံခိုင်ဖွံ့ရေးပါတီ ကိုယ်စားလှယ်အဖြစ် ဧရာဝတီတိုင်း ရေကြည်မြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးကောက်ခံရပြီး ဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်မယူမီ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စစ်အစိုးရလက်ထက်က ဗိုလ်မှုးချုပ်ရာထူးနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယစစ်တိုင်းမှူး၊ နောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ စစ်ရာထူးခန့်ချုပ်အထိ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။
အခုတရားစွဲရာမှာ သံဃာနဲ့ သံဃာ့မဟာနာယကအကြား အထင်မြင်လွဲအောင် ဆောင်ရွက်ချက်တွေ ပါဝင်တယ်လို့သိရပေမဲ့ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညက မဟာသန္တိသုခကျောင်းတိုက် ဝင်ရောက်စီးနင်း သိမ်းယူမှုနဲ့ ပတ်သက်မှုရှိမရှိ မသိရှိရသေးပါဘူး။

အုန်းမြင့်စကားငှားပြောလိုက်ချင်ပါတယ်


 ဆရာညီမင်းညို တာချီလိတ်ပွဲထဲက အပိုင်းလေးပါ

စံရိပ်ငြိမ်သား

ကော်မတီဆောင် I-12 တွင်ကျင်းပပြုလုပ်ခဲ့သည် မွေးနေ့ပွဲ မှာဝန်ထမ်းများကဂါရ၀ပြု

ဒီနေ့ကာတွန်း

အလိုတော်ပြည့် ကြေညာချက် မီဒီယာတိုင်ပတ်



ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး၏သား ပိုင်ဆိုင်သော 7 Day သတင်းစာမှ မြန်မာသံတော်ဆင့်ကို တိုက်ခိုက်စွပ်စွဲ ရေးသားချက်များအား တပ်မတော် ထောက်လှမ်းရေးများ အကြီးအကျယ် ကိုးကွယ်ခဲ့သည့် အလိုတော်ပြည့် ဆရာတော် ကြေညာချက်များနှင့် ပူးတွဲ၍ ဆက်တိုက် ဖော်ပြလာ၍ သတိပေးခြင်း

ရန်ကုန်၊ ဇွန် ၁၈

မြန်မာ့နိုင်ငံရေး အဖွဲ့အစည်းများနှင့် ပြည်သူများအား စစ်အစိုးရ ကာလအတွင်း ဖမ်းဆီးနှိပ်ကွပ်ရာ၌ ကမ္ဘာကျော်ခဲ့သော တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကြီးခင်ညွန့် ၀န်ကြီးချုပ် တာဝန်ယူသည့် အစိုးရ၌ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သော ဦးဝင်းအောင်၏သား ပိုင်ဆိုင်သည့် 7 Day Daily သတင်းစာ ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက် ဆက်တိုက် မြန်မာသံတော်ဆင့်အပေါ် အများပြည်သူ အထင်အမြင် လွဲမှားစေသည့် သတင်းများအား အကျယ်တ၀င့် တိုက်ခိုက် ဖော်ပြခဲ့သည်။ ၎င်းသတင်းများ ဖော်ပြရာတွင်လည်း အထက်ပါ တပ်မတော် ထောက်လှမ်းရေးများ အကြီးအကျယ် ကိုးကွယ်၍ လူသိများခဲ့သော အဂ္ဂမဟာပဏ္ဍိတ အလိုတော်ပြည့် ဆရာတော်ကြီး၏ မြန်မာသံတော်ဆင့်ကို စွပ်စွဲ ကြေညာချက်များ ထည့်သွင်း၍ ရေးသား ဖော်ပြခဲ့ခြင်းဖြစ်သည်။ အလားတူ The Voice သတင်းစာမှလည်း မြန်မာသံတော်ဆင့်အား စွပ်စွဲ ဖော်ပြချက်ကို သတင်းရေးသား၍ ထုတ်ဝေခဲ့ပါသည်။

မြန်မာသံတော်ဆင့်မှ အလိုတော်ပြည့် ဆရာတော် မိန့်ကြားချက်များ အသံဖိုင်များ ရှိ၍ အထောက်အထား ဓာတ်ပုံ မှတ်တမ်းများ ပူးတွဲကာ ဖြေရှင်းရန် အသင့်ရှိနေချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာန အဆင့်မြင့်အရာရှိကြီး အချို့နှင့် မူပိုင်ခွင့်ဌာနခွဲ (ယခင် စာပေစိစစ်ရေး) တို့မှ မြန်မာသံတော်ဆင့်အပေါ် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် ပိုင်ဆိုင်သော ဂျာနယ် ဖြစ်သယောင်ယောင် ပြောဆိုထုတ်ပြန် ရေးသားလာခဲ့သည်။ ထိုကဲ့သို့ အစိုးရအဖွဲ့ဝင်ဟောင်း၏ သားတစ်ဦး ပိုင်ဆိုင်သော 7 Day သတင်းစာမှ မြန်မာသံတော်ဆင့်အပေါ် လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦး ပိုင်ဆိုင်သော ဂျာနယ်အဖြစ် ရေးသားခြင်းမှာ မြန်မာသံတော်ဆင့်၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး အစိုးရအပေါ် မထောက်မညှာ ဝေဖန်ရေးသားရဲသည့် မြန်မာသံတော်ဆင့်၏ စာဖတ်ပရိသတ်များကိုလည်း အထင်အမြင် သေးရာ ရောက်ပါသည်။

မြန်မာသံတော်ဆင့်အနေဖြင့် မည်သည့် ပြည်ထောင်စုဝန်ကြီးများ၏ အထောက်အပံ့ကိုမျှ ရယူထားခြင်းမရှိဘဲ ကိုယ်ပိုင် ရပ်တည်လျက်ရှိပြီး ပရိသတ်များ အားပေးသည့် ငွေကြေးများဖြင့်သာ သန့်သန့်ရှင်းရှင်း ရပ်တည် ထုတ်ဝေနိုင်သည့် ပုဂ္ဂလိက မီဒီယာစစ်စစ် ဖြစ်ပါသည်။

မြန်မာသံတော်ဆင့်အပေါ် တိုက်ခိုက် ရေးသားသော 7 Day နှင့် The Voice သတင်းစာ ဂျာနယ်တို့၏ စာနယ်ဇင်း ကျင့်ဝတ်သာမက လူမှုကျင့်ဝတ်တို့ကိုပါ ဖောက်ဖျက် ဖော်ပြသော သတင်းများအားလည်း အများ ပြည်သူ သိရှိရန် မြန်မာသံတော်ဆင့်မှ တည်းဖြတ် ဖော်ပြခဲ့ပြီးလည်း ဖြစ်ပါသည်။ မြန်မာသံတော်ဆင့်အပေါ် မဟုတ်မမှန် သတင်းများအား ဆက်လက်ရေးသား ဖော်ပြမည် ဆိုပါက ယခင် တပ်မတော် အစိုးရနှင့် လက်ရှိ အစိုးရအဖွဲ့တို့နှင့် ဆက်နွှယ်မှု ရှိနေသော The Voice နှင့် 7 Day သတင်းစာ ဂျာနယ်တို့၏ အများ ပြည်သူတို့အပေါ် ကျင့်ဝတ်ဖောက်ဖျက်၍ ဖော်ပြခဲ့သော ဖြစ်စဉ်များအား မြန်မာသံတော်ဆင့်မှလည်း တုံ့ပြန် ဖော်ပြရန် အသင့်ရှိနေပါသည်။

မြန်မာသံတော်ဆင့်အပေါ် ထိခိုက်ပုတ်ခတ် ရေးသား ထုတ်ဝေနေသည့် The Voice နှင့် 7 Day သတင်းစာတို့ အနေဖြင့် သတိပြု ဆင်ခြင်နိုင်ရန် ပြင်းထန်စွာ သတိပေးလိုက်ပါသည်။

အယ်ဒီတာအဖွဲ့၊

မြန်မာသံတော်ဆင့်

    စံတော်ချိန်သတင်းစာ မျက်နှာဖုံးပါသတင်း

အကြံပေးတွေခန့်ပြန်ပြီ



ဦးသိန်းစိန်ရဲ့ သမီး ယဉ်သူဇာသိန်းရဲ့ ယောက္ခမ "လက်ရှိ ရွှေတိဂုံ ဂေါပက" ဦးစိန်ဝင်းအောင်
 (အငြိမ်းစား သံအမတ်ကြီး) ကို သာသနာရေး အကြံပေး အဖြစ် ခံအပ်လိုက်ခြင်းဖြစ်ပါတယ်။

သမ္မတ အကြံပေးဖြစ်သွားသူ ဒေါ်နုနုသာ ဆိုတာ အောင်မင်းမိန်းမ ဒေါ်ဝေေ၀သာရဲ့
အစ်မလား ညီမလား။ ကြံဖွတ်အမာခံ ဖွတ်ခေါင်းဆောင် ဦးစိုးသာရဲ့ ညီမ။
ယခင် ရန်ကုန်ဆေးရုံအုပ်ကြီး၊ တိုင်းပြည်ဘဏ္ဍာရှာပေးနေတဲ့ ဆေးရုံကြီးပါလို့ ဟစ်ကြွေးခဲ့သူ ဖြစ်ပါတယ်။

ဒီမို ဖက်တီး


ပြည်ထောင်စုအစိုးရအဖွဲ့
အမိန့်ကြော်ငြာစာ
(အမှတ် ၄၀/၂၀၁၄)
၁၃၇၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်
(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်းနှင့် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုအစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၁) ဖြင့် ဖွဲ့စည်းခန့် အပ်တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များကို အောက်ပါအတိုင်း တိုးချဲ့ဖွဲ့စည်း၍ ယှဉ်တွဲပါ ပုဂ္ဂိုလ်များအား အကြံပေးအဖွဲ့အသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-

(၁)

သူရဦးမြင့်မောင်
(အငြိမ်းစားဝန်ကြီး)
အဖွဲ့ခေါင်းဆောင်
သာသနာရေးအကြံပေးအဖွဲ့

(၂)

ဦးစိန်ဝင်းအောင်
(အငြိမ်းစားသံအမတ်ကြီး)
အဖွဲ့ဝင်
သာသနာရေးအကြံပေးအဖွဲ့

(၃)

ဒေါက်တာဒေါ်နုနုသာ
(အငြိမ်းစားဆေးရုံအုပ်ကြီး)
ကျန်းမာရေးအကြံပေးအဖွဲ့

(၄)

ဒေါက်တာဒေါ်ရင်ရင်နွယ်
(အငြိမ်းစားယူနီဆက်ဝန်ထမ်း)
အဖွဲ့ခေါင်းဆောင်
ပညာရေးအကြံပေးအဖွဲ့

(၅)

ဒေါက်တာကျော်ရင်လှိုင်
ပညာရေးအကြံပေးအဖွဲ့
အဖွဲ့ဝင်

(၆)

ဦးတင်ထွဋ်ဦး
(အငြိမ်းစားညွှန်ကြားရေးမှူးချုပ်)
အဖွဲ့ဝင်
စီးပွားရေးအကြံပေးအဖွဲ့

အမိန့်အရ

ဇော်သန်းသင်း
အတွင်းရေးမှူး
ပြည်ထောင်စုအစိုးရအဖွဲ့

အရှင်ဆန္ဒာဓိက မှ ၄၃၆ ပြုပြင်ရေး ထောက်ခံဆန္ဒပြု လက်မှတ်ရေးထိုး





ဓါတ်ပုံ - Ohmar Saw

၂၀၀၂ခုနှစ်ကကပီနန်ကျောင်းသိမ်းရန်ဦးခင်ညွန့်ထံပေးသောအတွင်းရေးစာ

မယောင်ရာဆီလူး PRစနစ်နှင့် လွှတ်တော်ပေါ်က ပြဇာတ်



ဇော်သက်ထွေး

၂၀၁၄ ခုနှစ်မှာ နိုင်ငံရေး အနှုတ်အသိမ်းတွေက တော်တော် များလာတယ်။ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းပေါင်းပြီး ၂၀၀၈ အခြေခံ
 ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက ၄၃၆ နဲ့ ၅၉(စ)ကို ပြင်ဖို့ လူထုလှုပ်ရှားမှုနဲ့ အတူဆောင်ရွက်လာတာကို
 တွေ့ရတယ်။ အစကတည်းက အမှားလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဖို့ စည်းရုံးရာမှာ
အမှန် တရားကို မြတ်နိုးကြတာဖြစ်လို့ မခက်ခဲခဲ့ပါဘူး။

ဒါပေမယ့် ပြသာနာကဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ပြည်သူလူထုရဲ့ ၉၂. ၈၄ ရာခိုင်နှုန်း
ထောက်ခံခဲ့တယ်လို့လည်း ဆိုသေးရဲ့။ သေချာမေးကြည့်တော့ လူ ၁၀၀မှာ ၉၃ ယောက်
လောက်က ဒီဥပဒေတွေကို နားမလည်ဘူး။ ၄၃၆လည်း မသိဘူး။ ၅၉(စ)လည်း ခေါင်း
ထဲမှာ မရှိဘူး။ ဒီအခြေအနေမှာ လူထုကို နားလည်အောင် ပညာပေးရင်း ၂၀၀၈ ဖွဲ့စည်းပုံ
 အခြေခံ ဥပဒေ မခိုင်မာမှုဟာ တစ်ဖြည်းဖြည်း ပေါ်လွင်လာတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပြင်ဖို့
လူတွေကလည်း အားတက်သရောလက်မှတ်ထိုးလာကြတယ်။ နိုင်ငံတကာကလည်း ထောက်ခံ
အားပေးလာကြတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ပေးဖို့ လူထုလှုပ်ရှားမှုတွေကို တားဖို့ကလည်း
တစ်နေ့ထက်တစ်နေ့ ခက်ခဲလာတယ်။

ဒီအခြေအနေမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် အနာဂတ် ရွေးကောက်ပွဲတွေမှာ PR
လို့ခေါ်တဲ့ Proportional Representationဆိုတဲ့ ဝေပုံကျစနစ်နဲ့ ပြည်သူ့ ကိုယ်စားလှယ်
တွေရွေးမယ့် အချိုးကျ ကိုယ်စားပြု စနစ်ကို ကျင့်သုံးဖို့ အဆိုကို အတည်ပြုခဲ့တယ်။

ဒီအဆိုကို အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က
တင်သွင်းခဲ့တာဖြစ်ပြီး အမျိုးသား လွှတ်တော်မှာရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ
NLDနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေက ကန့်ကွက်ကြပြီး အာဏာရပါတီဖြစ်တဲ့
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ထောက်ခံကြတဲ့ အတွက် ထောက်ခံမဲ
၁၁၇မဲ၊ ကန့်ကွက်မဲ ၈၅မဲနဲ့ အတည်ပြုခဲ့ပါတယ်။ ထောက်ခံမဲ ကန့်ကွက်မဲ ရွေးချယ်ရာ
မှာလည်း အရှေ့တောင်အာရှမှာ အကြီးဆုံး လွှတ်တော်ဖြစ်တဲ့၊ ကျပ်ငွေ ဘီလီယံပေါင်း
များစွာ အကုန်အကျခံ တည်ဆောက်ထားတဲ့ နေပြည်တော်က အမျိုးသား လွှတ်တော်
အဆောက်အအုံမှာ မတ်တပ်ရပ်ပြီး ဆန္ဒပြုကြရပါသတဲ့။

ဒီနေရာမှာတော့ လျှို့ဝှက်မဲတို့၊ Electronic Voting Systemတို့မသုံးတာတော့ အကုန်
အကျများမှာ စိုးလို့လား မသိဘူး။ ထူးဆန်းတယ်နော်။ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်က “မတ်တပ်ရပ် ဆန္ဒပြုတာဟာ တရားမမျှတစရာ မရှိကြောင်း၊ စနစ်
နှစ်ခုရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ဆွေးနွေးကြကြောင်း၊ ထို့အတွက် ကော်မရှင်
တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နှပ်ကြောင်းပေးသွားခဲ့သည်။

ဦးခင်အောင်မြင့်၏ ပြောစကား အရ ကော်မရှင်၏ အစီရင်ခံ စာပေါ်မူတည်ပြီး
ရွေးကောက်ပွဲ ကော်မရှင်နှင့် တိုင်ပင်ကာ လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း ဆိုပါသည်။
အချိုးကျ ကိုယ်စားလှယ် စနစ် ကျင့်သုံးရန် မတ်တပ်ရပ်၍ ဆန္ဒရယူရာတွင် တပ်မတော်သား
ကိုယ်စားလှယ်များ အားလုံး၊ NLD ကိုယ်စားလှယ်များ အားလုံး၊ တိုင်းရင်းသားပါတီ
ကိုယ်စားလှယ်များ အားလုံးက ကန့်ကွက်သည့် အနေဖြင့် မတ်တပ်မရပ်ပဲ ထိုင်နေခဲ့
ကြသည်။

ဤမြင်ကွင်းကိုကြည့်ပြီး လွှတ်တော်တွင် ဆန္ဒ၊ သဘောထား လွတ်လပ်သည့် အသွင်
ဆောင်သလို လိုတော့ရှိသည်။ တပ်မတော်သား ကိုယ်စားလှယ်များက ကြံ့ခိုင်ရေး ပါတီ
၏ ဆန္ဒသဘောထားကို မထောက်ခံသည့် အတွက် ပို၍ကြည့်ကောင်းနေသယောင်
ရှိသည်။ သို့သော် လွှတ်တော်တွင် ထောက်ခံမည်၊ မထောက်ခံမည်ကို တွက်ချက်ရသည်
မှ အလွန်လွယ်ကူသည်။ အဘယ့်ကြောင့် ဆိုသော် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင်
ပါတီကြီး တစ်ခုတည်းက အပြတ်အသတ် အနိုင်ရထားသောကြောင့် ဖြစ်သည်။
အမျိုးသား လွှတ်တော်တွင် ပြည်သူ့ဆန္ဒကို ထင်ဟပ်နိုင်ပါသည် ဆိုသည့် ကိုယ်စားလှယ်
များက သဘောကျသည့် PRစနစ်သည် ဘယ်လို ရွေးကောက်ခံ စနစ်ဟူသည်ကို
ကျွန်တော်တို့ နားလည် ကြေညက်အောင် လေ့လာကြည့်ခဲ့ပါသည်။

ကျွန်တော်တို့လို နိုင်ငံရေး နှင့် နှစ်ပေါင်း ၂၅နှစ်လောက် လက်ပွန်းတတီးနေခဲ့တဲ့
သူတောင် အတော်လေ့လာယူရသည်။ သာမာန်ပြည်သူတစ်ယောက် (သို့) လယ်သမားကြီး
တစ်ယောက်(သို့) အိမ်ရှင်မ တစ်ယောက်က PRစနစ်အောက်တွင် နိုင်ငံ၏ ကောင်းကျိုး
ကို ပုံဖော်မည့် မည်သူကို မဲပေးကြရပါမည်လဲ။ မြန်မာနိုင်ငံသား သန်း၆၀သည်
လောလောလတ်လတ် အထွေထွေ ရွေးကောက်ပွဲ တစ်ကြိမ်နှင့် ကြားဖြတ်ရွေးကောက်
ပွဲတစ်ကြိမ်ကိုသာ ဖြတ်သန်းဖူးသေးသည်။ ရိုးရှင်းလွယ်ကူသည့် ထိုရွေးကောက်ပွဲ
များမှာတောင် ဆန္ဒပြုပုံ မှားယွင်းသည့်အတွက် ပယ်မဲတွေ ဘယ်လောက် ရာခိုင်နှုန်း
ရှိခဲ့သလဲ ဆိုသည်ကို အားလုံးသိကြပြီး ဖြစ်ပါသည်။

ထိုစနစ်ကို မကြေညက်သေးသည့် ပြည်သူများ အနေဖြင့် ရှုပ်ထွေးလွန်းသော အချိုးကျ
ကိုယ်စားပြုမှု စနစ်ကို မည်ကဲ့သို့သွားပါမည်လဲ။ တိုင်းရင်းသား လူမျိုး ၁၀၀ကျော်
မှီတင်းနေထိုင်သည့် ပြည်ထောင်စုတွင် ခိုင်မာသည့် ငြိမ်းချမ်းရေး မရသေးပဲ မည်ကဲ့သို့ သွားပါမည်လဲ။
လက်ရှိအစိုးရနှင့် အတိုက်အခံ နိုင်ငံရေးပါတီတွေကြားတွင် ပီပြင်သည့်
နိုင်ငံရေး ပဋိညဉ် မရှိပဲ မည်ကဲ့သို့ သွားပါမည်လဲ။

ရွေးကောက်ပွဲတွင် မိမိပါတီက တစ်နိုင်ငံလုံးတွင် ရခဲ့သည့် ထောက်ခံမဲ ရာခိုင်နှုန်း
အလိုက် လွှတ်တော် ကိုယ်စားလှယ် ခွဲတမ်းရသည့် စနစ်ကို PRဟု ဆိုပါသည်။ လာမည့် အထွေထွေ
 ရွေးကောက်ပွဲတွင် NLDက ၅၀ ရာခိုင်နှုန်း ကြံ့ခိုင်ရေးက ၂၅ ရာခိုင်နှုန်း
ရခဲ့လျှင် ကိုယ်စားလှယ် ၃၀၀ ရှိမည်ဆိုပါက NLDက ၁၅၀၊ ကြံ့ခိုင်ရေးက ၇၅ယောက်
ရွေးပေးရမည်။ ကျန်သည့် တိုင်းရင်းသား လူဦးရေက ဗမာလူ ဦးရေထက် နည်းပါးသည့်
အတွက် တိုင်းရင်းသား အားလုံးပေါင်းမှ ၇၅ ဖြစ်ဖြစ်မြည်အောင် ရပေလိမ့်မည်။

PRစနစ်အတည်ဖြစ်လျှင် နောက်ထပ် နှစ်ပေါင်းများစွာ တိုင်းရင်းသားများ ခံကြပေဦးတော့။
ကိုယ်စားလှယ်ကိုလည်း ပါတီကရွေးသည့် အတွက် ကိုယ့်မြို့နယ်က ကိုယ် သဘော
ကျသည့် သူကိုတောင် မဲပေးရဖို့မလွယ်။ ယခုအချိန်အထိလည်း ကိုယ်စားလှယ်တွေမှာ
 ဘာအခွင့်အရေးမှ မရှိမှန်း ကြံ့ခိုင်ရေး နှင့် NLD ပါတီများကိုကြည့်လျှင် သိနိုင်ပါသည်။
ဒီအခြေအနေမျိုးမှာ PRစနစ်လုပ်လို့ကတော့ အားလုံး ကျွမ်းပြန်ကုန်ပါလိမ့်မည်။

လက်ရှိ နိုင်ငံ့တာဝန် ထမ်းဆောင်နေသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ
အတွက် တစ်ရက်ခြင်း၊ တစ်နာရီခြင်းသည် တိုင်းပြည်အတွက် အဖိုးတန်လှပါသည်။
လွှတ်တော် ကိုယ်စားလှယ်များ လတ်တလော ဆောင်ရွက်ရမည့် ခေတ်နှင့် မလျှော်ညီ
သည့် ဥပဒေများ ပြင်ဆင်ပြောင်းလဲရန် ကိစ္စ၊ အကာအကွယ်မဲ့နေသော နိုင်ငံသားများကို
ဥပဒေအရ အကာအကွယ်ပေးရန် ကိစ္စများ လုပ်ဆောင်ရန် ရှိနေပါသည်။

အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့သော ဥပဒေ အားလုံးကို ယခုလွှတ်တော် နှစ်ရပ်လုံးမှ
ခေတ်နှင့်ညီအောင် မပြင်ဆင်နိုင်သေးပါ။ ထို့ကြောင့် လက်ရှိ လူ့အဖွဲ့အစည်းတွင်
လည်းကောင်း၊ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေး မဏ္ဍိုင်တွင် နေ့စဉ် ပြသာနာများ
ဖြစ်ပွားလျှက်ရှိပါသည်။ ဥပမာနှစ်ခုလောက်ကို ပြောပြချင်ပါသည်။ ယခင်က
 စားသောက်ဆိုင်များတွင် အရက်သေစာ ရောင်းချလိုပါက ယစ်မျိုး လိုင်စင်ယူရပါသည်။
ယစ်မျိုး လိုင်စင်တွင်လည်း ပြည်တွင်း အရက်ရောင်းချလျှင် အခွန်တစ်မျိုး နိုင်ငံခြား
အရက်ရောင်းချလျှင် အခွန်တစ်မျိုး သတ်မှတ်ထားပါသည်။ အကယ်၍ အရက်ဆိုင်
တစ်ဆိုင်သည် ယစ်မျိုးလိုင်စင်ယူပါက ကျပ် ၁သိန်းမှ ကျပ် ၄သိန်းကြား ကျသင့်ပါသည်။
အကယ်၍ လိုင်စင် မယူပဲ ရောင်းချပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီး
တရားစွဲ ဆိုနိုင်သည်။ သို့သော် တရားရုံးက လိုင်စင်မယူသည့် အတွက် ပြစ်ဒဏ်မှာ
ဒဏ်ငွေ ၁၀၀၀သာဖြစ်သည်။

ထို့ကြောင့် အရက်ဆိုင် အားလုံးမှာ လိုင်စင် မယူကြတော့ပဲ အဖမ်းခံပြီး ဒဏ်ငွေ
တစ်ထောင်ကို ပျော်ပျော်ပါးပါး ဆောင်ကြသည်။ ကဲ လွှတ်တော် ဘာလုပ်နေသလဲ။
ထိုနည်းတူ ကုန်ကားကြီးများအား တန်ပိုတင် ဆောင်မှုဖြင့် စစ်ဆေးရေး ဂိတ်များတွင်
အရေးယူကြသည်။ ပြစ်ဒဏ်က ငွေ ၂၀၀၀၀ ခန့်သာရှိသည်။ တန်ပိုတင်ဆောင်ကားခ
 ရသည့်အကျိုးအမြတ်မှာ ကျပ်သိန်း ဆယ်ဂဏန်းမျှရှိသည်။

ထို့ကြောင့် ကားပိုင်ရှင်တွေက ဥပဒေကို လေးစား လိုက်နာခြင်းမ ရှိကြတော့။
ကဲ လွှတ်တော်က မည်သို့ ဆောင်ရွက်ပါမည်လဲ။ လက်တွေ့ လိုအပ်ချက်များကို
ဖြေရှင်းရေးသည် အဓိကကျပါသလား (သို့) အင်မတန် ရှုပ်ထွေးခက်ခဲသည့် PRစနစ်
ကို ခမ်းနားကြီးကျယ်သည့် လွှတ်တော်ကြီးထဲတွင် နိုင်ငံတော် ဘဏ္ဍာငွေထဲမှ
တစ်လ ကျပ် ၆ သိန်းယူကာ ဆွေးနွေးကြမည်လော။ တိုင်းသူပြည်သားများ ကိုယ်စား
 ကျွန်တော်တို့က လွှတ်တော် ကိုယ်စားလှယ်ကြီးများကို မေးခွန်းမေးရန် ရှိပါသည်။

ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၁၆)ပါ ဆောင်းပါး )

ဦးဆန်းဆင့်ကို သိန်း ၁၀၀ ခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး (စစစ) က ဖမ်းဆီး

Eleven Media Group

ပြည်သူသဘောကျလက်ခံသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို သိန်း ၁ဝဝ ခန့် အလွဲသုံးစားပြုမှုဖြင့် စသုံးလုံးက ဖမ်းဆီးအမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

နေပြည်တော် ဥတ္တရသီရိမြို့ ရုံးအမှတ် ၃၁ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်တွင် ၂ဝ၁၃ ခုနှစ် ဧပြီ မှ ဒီဇင်ဘာလအထိ သာသနာ့ဝန်ကြီးဌာန၏ စည်းကမ်းချက်တွင်ပါဝင်ခြင်းမရှိသော လုပ်ငန်းရပ်ဖြစ်သည့် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော်ကို မိသားစုအလှူ တစ်ရပ်အနေဖြင့် ဆည်းကပ်ကိုးကွယ်ရာတွင် ဌာနပိုင် မော်တော်ယာဉ်ဝန်ထမ်းများအား ဌာနလုပ်ငန်းနှင့် မသက်ဆိုင်ဘဲ အသုံးပြုခဲ့ပြီး ဌာနပိုင်ဘဏ္ဍာငွေ၊ စက်သုံးဆီအပါအဝင် ငွေကျပ် ၃၃ သိန်းကျော်ကို မိသားစုအနေဖြင့်လှူဒါန်းသော ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲခဲ့ပြီး ၃ဝ.၁၁.၂ဝ၁၃ တွင် ဌာနသို့ပြန်လည်ပေးသွင်းခဲ့ကြောင်းသိရသည်။ ၂ဝ.၁၂.၂ဝ၁၃ တွင် ပြုလုပ်ခဲ့သည့် ယင်းစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ ကျပ်သိန်း ၁ဝဝ ကျော် ထုတ်ယူသုံးစွဲခဲ့ရာ ယင်းငွေများအနက် ငွေ ကျပ် ၂၈ သိန်းကျော်ကို ၆.၁၁.၂ဝ၁၃ နေ့မှာ ပြန်လည်ပေးသွင်းခဲ့ကြောင်းသိရသည်။ ကျန်ငွေ ၇၂ သိန်း ကျော်ကို ဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိသည့် မိသားစုအနေဖြင့်လှူဒါန်းကာ ဘုရားအတွက် ကိုယ်ကျိုးသုံးစွဲပြီးနောက် ဝန်ကြီးဌာနငွေစာရင်းများတွင် မမှန်မကန် စာရင်းပြခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဦးဆန်းဆင့်အပေါင်းအပါများအား ပ/၂၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄ဝ၉/ ၁ဝ၉ အရ ဥတ္တရသီရိမြို့ ဘုရားကုန်း မြို့မရဲစခန်းတွင် စ.စ.စ(အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန)က တရားလိုပြု အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသော သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်သည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သာသနာရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့အတူ ယခင်စစ်အစိုးရလက်ထက်ကလည်း ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး(ဗိုလ်မှူးချုပ်)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ရာထူးတိုးမြှင့်ခံရပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပြီး ၎င်း၏ တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းတစ်လျှောက် အဂတိတရားကင်းစင်သူအဖြစ်လည်း မှတ်ယူခံထားရသူတစ်ဦး ဖြစ်သည်။ ၎င်းသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌရာထူးမှ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရချိန်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများ က ၎င်းအား တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ရာထူးတွင်သာ ဆက်လက်တာဝန်ယူရန် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခြင်းခံရသူတစ်ဦးလည်း ဖြစ်သည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်ကိစ္စအပါအဝင် ဆရာတော်ကြီးများအား လူဝတ်လဲစေသည့်ကိစ္စတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ယင်းကိစ္စကို လက်မခံခဲ့ကြောင်း ယင်းကိစ္စကို ဆောင်ရွက်ခဲ့သူမှာ နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်သာဖြစ်ကြောင်း ဝန်ကြီး ဦးဆန်းဆင့်နှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်းရရှိသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းတွင် သံဃာတော်များကို အကြမ်းဖက်နှိမ်နင်းခဲ့သည့်ကာလ၌ သာသနာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးမြင့်မောင်ကို နိုင်ငံတော်သမ္မတ၏ သာသနာရေးအကြံပေးအဖွဲ့ခေါင်းဆောင်အဖြစ် ဇွန် ၁၉ ရက်တွင် ခန့်အပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ယနေ့ညနေသတင်း၌ ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲအချို့ ရှိမည်ဖြစ်ပြီး ပြည်သူလူထုနှင့်နီးစပ်သော သဘောထားပျော့ပျောင်းသည့်ဝန်ကြီးများ အနားပေး (သို့မဟုတ်) အထုတ်ခံရဖွယ်ရှိသည်ဟု သိရသည်။

ယမန်နေ့ကလည်း ပညာရေးလောက၌ သမာသမတ်ကျသည်ဟု လူကြိုက်များသည့် ယခင်နိုင်ငံခြားဘာသာသင်တက္ကသိုလ်ပါ မောက္ခခဟောင်း ပညာရေးဒုဝန်ကြီး ဒေါက်တာမျိုးမြင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်သွားခဲ့ပြီး ဝန်ကြီးအဖွဲ့အတွင်း အပြောင်းအလဲများ၊ နုတ်ထွက်မှုများ ရှိလာမည်ဟု နိုင်ငံရေးကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

သို့ရာတွင် လာဘ်ပေးလာဘ်ယူမှုများ၊ စကားကျွံမှုများနှင့် နာမည်ဆိုးဖြင့်ကျော်ကြားသော ပြည်ထောင်စုဝန်ကြီးအချို့ ပါဝင်ဖွယ်မရှိဟု ခန့်မှန်းနေကြသည်။

“တပ်မတော်ဖက်က ငြိမ်းချမ်းရေးကိစ္စတွေ၊ တပ်အတွင်းမှာ သပ်လျှိုတဲ့ကိစ္စတွေ၊ လာဘ်ပေးလာဘ်ယူနဲ့ နာမည်ပျက်တဲ့လူတွေ၊ မီဒီယာအပေါ်မှာ စကားအမျိုးအမျိုးပြောတဲ့ သူတွေနဲ့ပတ်သက်ပြီး သမ္မတကိုတင်ပြထားလို့ သိရတယ်။ ဒါပေမဲ့ ဒီဝန်ကြီးတွေကိုတော့ လက်ကျန်သက်တမ်း တစ်နှစ်ကျော်အတွင်းမှာတော့ ဖယ်ရှားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ နောက်တက်လာမယ့်အစိုးရအဖွဲ့ ဘယ်သူဖြစ်ဖြစ် သူတို့မချောင်ဘူး” ဟု ဝါရင့် ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပါသည်။

၂ဝဝ၄ ခုနှစ်ကလည်း တပ်မတော်၊ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်အပါအဝင် ထောက်လှမ်းရေးအရာရှိကြီးများအား လာဘ်စားမှုဖြင့် အနှစ် ၁ဝဝ ကျော် အထိ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့အပြီး ဦးဆန်းဆင့်အား လာဘ်ပေးလာဘ်ယူမှုဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းမှာ အထင်ရှားဆုံးဖြစ်သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ယခင် နရက အစိုးရလက်ထက်၌ လာဘ်ပေးလာဘ်ယူမှုနှင့် နာမည်ပျက်အနည်းဆုံးဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီးအငြိမ်းစား ဦးဆန်းဆင့်မှာလည်း ၎င်းကိစ္စ၌ နာမည်ပျက်နည်းသူ ဖြစ်သည်။

ယခု ဦးဆန်းဆင့်အား အရေးယူသောကိစ္စမှာ အံ့ဩဖွယ်ရာကိစ္စဖြစ်ပြီး သိန်းသောင်းနှင့်ချီ၍ အလွဲသုံးမှု သတင်းထွက်ပေါ်ခဲ့သော ဆက်သွယ်ရေးဝန်ကြီးအား အလုပ်မှနုတ်ထွက်ခွင့်သာပြုခဲ့ပြီး အရေးယူမှု မပြုခဲ့ချေ။ ယခင် တော်လှန်ရေးကော်စီမှစ၍ မဆလနှင့် စစ်အစိုးရအစဉ်အဆက် ထိပ်တန်းအရာရှိကြီးများ လာဘ်ပေးလာဘ်ယူမှုဖြင့် အရေးယူမှုအများစုမှာ နိုင်ငံရေးနှင့်ဆက်စပ်မှု အများစုသာဖြစ်ခဲ့သည်။

“အခု လာဘ်ပေးရတယ်။ အလွဲသုံးစားလုပ်တယ်ဆိုတာ ပြည်ထောင်စုဝန်ကြီးအဆင့် မပြောနဲ့ DG ၊ MD အဆင့်မှာတောင် သိန်း ရာဂဏန်းမရပါဘူး။ တချို့ဆိုရင် ဒေါ်လာ သန်းရာချီ ချမ်းသာတယ်လို့တောင် သိရပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

မည်သို့ပင်ဖြစ်စေ လာဘ်ပေးလာဘ်ယူမှု၊ အလွဲသုံးမှုများနှင့် ပတ်သက်၍ ဝေဖန်မှုများနှင့် ရင်ဆိုင်ရသော သမ္မတဦးသိန်းစိန်အတွက် ပထမဆုံးအရေးယူမှုမှာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့သည်။

ဘာပဲဖြစ်ဖြစ် လက်ကျန် တစ်နှစ်ခွဲအတွင်းမှာတော့ အစိုးရအဖွဲ့ဝင်တွေရဲ့ သူတို့ သားသမီး မိသားစုတွေရဲ့ပိုင်ဆိုင်မှုနဲ့ အလွဲသုံးမှုအစစ်အမှန်တွေကို ပြည်သူတွေနဲ့ တာဝန်သိ ဝန်ထမ်းအဆင့်ဆင့်တွေက ဖော်ထုတ်ကြပါလိမ့်မယ်။ သမ္မတအနေနဲ့ ကျန်တဲ့ဝန်ကြီးတွေနဲ့ ဝန်ထမ်းအကြီးအကဲတွေကို အတိအကျတိုင်ရင် အရေးယူမလား စိတ်ဝင်စားပါတယ်” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ဆိုပါသည်။

(်ပုံစာ - မေ ၂၉ က ရှမ်းပြည်နယ် ဟိုပုံးတွင် ပြုလုပ်သည့် ဘုန်းတော်ကြီးသင်ကျောင်းများညီလာခံသို့ တက်ရောက်ခဲ့သော သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို လုထုမြင်ကွင်းတွင် နောက်ဆုံးမြင်တွေ့ခဲ့ရစဉ်)

တောင်ပြာတန်းလိုင်းက လျော်ကြေး ၁၅သိန်းပေးမည်ဟု သိရ



(၁၂.၄.၂၀၁၄) ရက်နေ့က တောင်ပြာတန်းကားပေါ်တွင် မီးလောင်သေဆုံးခဲ့သော
သေဆုံးသူ မိသားစုတို့သည် သမ္မတ ကြီးထံသို့ အရေးယူပေးရန်
တိုင်ကြားပြီးနောက်ပိုင်းတွင် ယာဉ်လိုင်းမှ တာဝန်ရှိသူတို့က
သေဆုံးသူများအား ယာဉ်လိုင်းမှ နစ်နာကြေး ၁၅သိန်းစီပေးမည်ဟု သိရသည်။
အစိုးရမှ နစ်နာကြေး ၅သိန်းနှင့် အာမခံကြေး ၁၀သိန်း စုစုပေါင်း
၁၅သိန်းပေးမည်ဖြစ်၍ သေဆုံးသူတစ်ဦးလျှင် ၃၀သိန်းပေးမည်ဖြစ်ကြောင်း
သိရှိရသည်။

(၁၂.၅.၂၀၁၄)ရက်နေ့တွင် တိမ်းမှောက်ခဲ့သော ရာဇာမင်းလိုင်းတွင်
သေဆုံးသူများကို အစိုးရနှင့် ယာဉ်လိုင်းမှ နစ်နာကြေး ၆၀ သိန်းပေးရန်
အစိုးရမှ ညှိနှိုင်းပေးခဲ့ပြီး အာမခံကြေးများ ဖြစ်ဖြစ်ချင်းထုတ်ပေးခဲ့သည်။
ဒဏ်ရာရသူများအားလည်း ထောက်ပံ့ကြေးများ ပေးအပ်ခဲ့သည်။

တောင်ပြာတန်းယာဉ်လိုင်းသည် ဖြစ်စဉ် ဖြစ်ပြီး ၂လကြာသည်အထိ မည်သည့်
ဆက်သွယ်မှုမှ ဆောင်ရွက်ပြီး လျော်ကြေးပေးအပ်ခြင်းမရှိဘဲ သမ္မတကြီးထံ
တိုင်ကြားပြီးနောက်ပိုင်းမှသာ ၁၅သိန်းပေးမည်ဟု သတင်းရရှိခဲ့ခြင်းဖြစ်သည်။
ရာဇာမင်းလိုင်းသည် ဘာသာခြားလိုင်းဖြစ်၍ အစိုးရကြားဝင်ခြင်းသာဖြစ်သည်ဟု
ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။