Friday, June 20, 2014

၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလမယ် ရွှေတံဆိပ်ဆုရှင် မအေးအေးစိုး

မယ်စကြဝဠာပြိုင်ပွဲအတွက် ဇွန်သံစဉ် မဲအများဆုံးဖြင့်ဦးဆောင်

ဒေါ်ကြိုင်ကြိုင်အတွက်ဆုတောင်းပေးမယ့်ဆုတောင်းပေးကြမယ့် ဆရာတော်ဦးဝီရသူနဲ့ သမ္မတကြီး

ဦးဆန်းဆင့်ကို ရမည်းသင်းထောင် ပို့၍ မိသားစုအား နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိ


By
မင်းဟိန်းကျော်
အိဖြူလွင်
Fri, 2014-06-20 23:27
ရန်ကုန်

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

တာဝန်မှ ရပ်စဲ၍ တရား စွဲဆိုခြင်းခံထားရသော သာသနာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးဆန်းဆင့်ကို ရမည်းသင်း ထောင်သို့ ဇွန်လ ၂၀ ရက်တွင် ပို့ဆောင်လိုက်ပြီဖြစ်ကာ ၀န်ကြီး ဟောင်း၏ မိသားစုအား နေအိမ် အကျယ်ချုပ်ထားရှိကြောင်း သ တင်းရရှိသည်။


အထူးစုံစမ်းစစ်ဆေးရေးဦး စီးဌာန (စစစ) က တရားလိုပြု လုပ်ကာ အမှုဖွင့်တရားစွဲဆိုထား သည့် ကိစ္စရပ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းရန် ထိုကဲ့သို့ ခေါ်ဆောင်သွားသည်ဟု သိရှိရ ကြောင်း ဦးဆန်းဆင့်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

‘‘ရမည်းသင်းထောင်ကို ပို့ လိုက်တယ်လို့ သိရပါတယ်။ သူ တစ်ဦးတည်းပါပဲ။ မိသားစုက တော့ နေအိမ် အကျယ်ချုပ်ရှိနေ ပါတယ်’’ ဟု ၎င်းက ဆိုသည်။

သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦး ဆန်းဆင့်သည် ဘုရားတည်ရာ တွင် နိုင်ငံပိုင်ငွေများ အလွဲသုံးစား ပြုသည်ဟုဆိုကာ နေပြည်တော် ဥတ္တရသီရိမြို့နယ် ဘုရားကုန်း မြို့မရဲစခန်း၌ ပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

ပုဒ်မ ၄၀၉ မှာ ပြစ်ဒဏ်ထင်ရှားလျှင် ထောင်ဒဏ် ဆယ်နှစ်မှတစ်သက်တစ်ကျွန်းထိ ချမှတ်နိုင်ပြီး ပုဒ်မ ၁၀၉ မှာ ထောင်ဒဏ် ၃နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲသည့်ကိစ္စတွင် မဟာသန္တိသုခပြဿနာမှာ  အကြောင်းတစ်ခုအနေဖြင့်ပါဝင်သော်လည်း ပြည် ထောင်စုဝန်ကြီး တစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင် သည့်အတွက် ဖြစ်သည်ဟု နိုင်ငံ တော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။

‘‘တချို့ဟာတွေဆိုရင် သမ္မ တကြီး မှာကြားတာတွေကို ကျော် လွန်ပြီး လုပ်တာမျိုးထိ ရှိတယ်။ သတင်းမပို့ဘဲနဲ့ပေါ့။ သမ္မတကြီး က သာသနာရေးဝန်ကြီးအနေနဲ့ မဟနရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အ ထည်ဖော်နိုင်အောင် တစ်ဖက်က လည်း ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီး အနေနဲ့ရော၊ ဆရာဒကာ အနေနဲ့ရော ၀င် ရောက်ဖြေရှင်းဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အဲဒီကိစ္စအပြင် တခြားကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေက ပါဝင်ပတ်သက်နေသူတွေကြားထဲမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှု ဖြစ်စေတယ်’’ ဟု ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူထားသည့် အကြောင်းရင်းကို ဇွန် ၂၀ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်နားချိန်တွင်မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

မလွှဲမရှောင်သာ၍သာ အ ရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ယခင်ကတည်းက အကြိမ်ကြိမ် ပြောကြားခဲ့ပြီးဖြစ်သည်ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဦးဆန်းဆင့်အား ယခုကဲ့သို့ အမှုဖွင့်စွဲဆိုကာ ရာထူးမှ ရပ်နား လိုက်သည့်အတွက် ၀န်ထမ်းများ အကြား စိတ်မကောင်းမှုများ ဖြစ် ပေါ်နေပြီး ဦးဆန်းဆင့်အနေဖြင့်  ၀န်ကြီးတာဝန် ထမ်းဆောင်စဉ် တွင် မှန်ကန်မျှတစွာ ဆောင်ရွက် ခဲ့မှုအတွက် လုပ်ငန်းများ ဆောင် ရွက်ရာတွင် အဆင်ပြေချောမွေ့ ခဲ့ကြောင်း သာသနာရေးဝန်ကြီး ဌာနမှ ၀န်ထမ်းအချို့က ပြော ကြားသည်။

‘‘အိပ်မက်လိုပဲဗျာ။ တကယ် ထင်မထားဘူး။ တရားကို နတ် စောင့်ပါတယ်။ ဥက္ကဋ္ဌကြီးက ဒီလို အလုပ်မျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူးဆိုတာ ယုံတယ်ဆို တာထက် ပိုပြီး ယုံပါတယ်။ တ ကယ်ကို မှန်ကန်တဲ့သူပါ။ ဒီလို ဖြစ်သွားတဲ့အတွက် စိတ်မကောင်း တာထက်ကို လူမှန်တစ်ယောက် လုပ်ကြံခံရတယ်လို့ မြင်ပါတယ်’’ ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

သာသနာရေး ပြည်ထောင်စု ၀န်ကြီးတာဝန်မှ ရပ်စဲမှုပြုလိုက် ပြီး အဂတိလိုက်စားမှုဖြင့် အမှု ဖွင့်အရေးယူမှုအပေါ် ပြည်သူများ အကြား ဝေဖန်မှုများ ရှိနေသည်။

ဦးဆန်းဆင့်သည် ဧရာဝတီ တိုင်းဒေသကြီး ရေကြည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရပြီး တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တင် မြှောက်ခံခဲ့ရသူ ဖြစ်သည်။

ထို့နောက် သာသနာရေးဝန် ကြီးဌာန ယခင်ပြည်ထောင်စုဝန် ကြီး သူရဦးမြင့်မောင် အနားယူ ပြီးနောက် ၂၀၁၃ ဖေဖော်ဝါရီလ တွင် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရကာ ၀န်ကြီး အဖြစ် တစ်နှစ်နှင့် လေးလခန့် တာ ၀န်ထမ်းဆောင်ခဲ့ရပြီး ယခုနှစ် ဇွန်လ ၁၉ ရက်တွင် ပြည်ထောင် စုဝန်ကြီးတာဝန်မှ ရပ်စဲခံလိုက်ရ ခြင်းဖြစ်သည်။

လစ်လပ်လျက်ရှိသော သာ သနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိသာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်ထားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ဇွန်လ ၂၀ ရက်တွင် သ၀ဏ်လွှာပေးပို့ခဲ့သည်။

http://www.7daydaily.com/story/13716#.U6SAbLGjM5d

ငါတို့ရင်ဘတ်နဲ့ ဖေါ်ထုက်ရလိမ့်မယ်။......ရွှေည၀ါ ဆရာတော်ကြီး

ထောင်နုက်ခမ်းနင်းပြီး လိုက်တမ်း ပြေးတမ်းမှာ ငါအပျော်ဆုံးကွ

ဒီနေ့ကာတွန်း

အလယ်က စားတဲ့ကြည်လွင်တောင်းရမ်းလက်ထပ်ပြီ

မနက်ဖန်တောင်ငူမှာဒေါ်စုဟောပြောမည်

ကားဂိတ်က မှတ်ပုံ တင် နံပါတ် လိုက်မေးတော့ အဲ့ဒီတရုတ် တွေကို ကျော် သွား တယ်



Hsu Myat Thiri feeling annoyed

ဒီနေ့ရွှေစင် စင်္ကြာ ည နေ ၆ နာ ရီကားနဲ့ မုံ ရွာ ရန် ကုန် ပြန် ပါ တယ်။ ကားပေါ် မှာ မြန်မာစကား လုံး ဝ မတတ် တဲ့ တရုတ် လေးယောက် နဲ့ မှတ်ပုံတင် မရှိပါ ဘူးဆိုတဲ့ တရုတ်ကြီးတစ်ယောက်ပါ ပါ တယ်။ တရုတ် သံတွေ ကို ပွက် လော ညံ နေ တာပဲ ။ကားဂိတ်က မှတ်ပုံ တင် နံပါတ် လိုက်မေးတော့ အဲ့ဒီတရုတ် တွေကို ကျော် သွား တယ်။ဘယ်သူတွေမှာ တာဝန် ရှိပါ သ လဲ။ ဒါတောင် ဒီနိုင် ငံ က ညနက်သန်းခေါင် ခြင်ထောင် လှန် ပြီး ဧည့် စာ ရင်းစစ် တတ် တဲ့သောက်ကျင့် ရှိတဲ့ တိုင်းပြည် နော် ။

ဖမ်းဆီးခံ သံဃာတော်များကို တာမွေတရားရုံးမှာ ဆွမ်းဆပ်ကပ်


ပန်း ကြာ မုံ

ကြံခိုင်ရေးဆရာဒကာစီမံချက်

အဖမ်းဆီးခံဆရာတော်များ ရဟန်းပြန်ဝတ်ခဲ့ပြီ

သင်္ကန်းလဲပြန်ဝတ်ပြီးပြီဆိုတော့ သတင်းသုံးဖို့သော့ပြန်ဖွင့်ပြီးပြီ တဲ့လား၊

 Kyaw Swar Myint

ဦးဆန်းဆင့်ပြောခဲ့ဖူးတယ်


April Maung Maung

အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ…၊ အရာရှိကြီးတွေ..၊ ၀န်ကြီးဌာန အကြီးအကဲတွေရဲ့ အကျင့်ပျက်ခြစားမှုစာရင်းတွေကို တပ်မတော်မှာ စစ်ရာထူးခန့်ချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်က အဲ့ဒီအချက်အလက်တွေကို မှတ်တမ်းပြုစု ထိန်းသိမ်းကိုင်တွယ်ရတာကြောင့် ကျွန်တော့်ဆီမှာ သက်သေအထောက်အထား စာရင်းတွေ ရှိနေပါတယ်…။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုရင် အချက်အလက်တွေ..၊ ကိန်းဂဏန်းတွေ..၊ အထောက်အထားဓါတ်ပုံတွေ..ရှိတယ်…။ အချိန်မရွေး ဖွင့်ချဖော်ထုတ်လို့ရတယ်….။

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်
=================
မြန်မာပို့စ် ဂျာနယ်မှ..

ဦးဆန်းဆင့် တာဝန်မှရပ်စဲခံရခြင်းသည် ၀န်ကြီးတစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင်၍ဟုဆို



http://www.7daydaily.com/
နေပြည်တော်- သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှရပ်စဲသည့်ကိစ္စတွင် မဟာသန္တိသုခပြဿနာမှာ အကြောင်းတစ်ခုအနေဖြင့် ပါဝင်သော်လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦး၏ တာဝန်များကို ကျော်လွန်လုပ်ဆောင်သည့်အတွက်ဖြစ်သည်ဟု နိုင်ငံတော်သမ္မတ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က မီဒီယာများအား ပြောကြားလိုက်သည်။

‘‘သမ္မတကြီးက သာသနာရေးဝန်ကြီးအနေနဲ့ မဟနရဲ့ ဆုံးဖြတ်ချက်ကိုလည်း အေးအေးချမ်းချမ်း အကောင်အထည်ဖော်နိုင်အောင် တစ်ဖက်ကလည်း ဟိုဘက်နဲ့ဒီဘက်ကြားမှာ သာသနာရေးဝန်ကြီးအနေနဲ့ရော၊ ဆရာဒကာအနေနဲ့ရော ၀င်ရောက်ဖြေရှင်းဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ အဲဒီကိစ္စအပြင် တခြားကိစ္စတွေမှာ ဦးဆန်းဆင့်ရဲ့ ဆောင်ရွက်ချက်တွေက ပါဝင်ပတ်သက်နေသူတွေကြားထဲမှာ နားလည်မှုဖြစ်စေဖို့ထက် စိတ်ဝမ်းကွဲပြားမှုဖြစ်စေတယ်။ နောက်ဆုံးမှာ အစိုးရနဲ့ သံဃာတွေကြားထဲမှာပါ နားလည်မှုလွဲစေတဲ့ အဖြစ်မျိုးထိ ဖြစ်လာတယ်။ တချို့ဟာတွေဆိုရင် သမ္မတကြီးမှာကြားချက်တွေကို ကျော်လွန်ပြီး လုပ်လိုက်တယ်ဆိုတဲ့ သဘောမျိုးထိ ရှိတယ်’’ ဟု ဦးရဲထွဋ်က ဦးဆန်းဆင့်အား အရေးယူထားသည့်အကြောင်းရင်းကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ရပ်နားချိန် မီဒီယာများအား ရှင်းလင်းပြောကြားခဲ့သည်။

မလွှဲမရှောင်သာ၍သာ အရေးယူဆောင်ရွက်ရခြင်းဖြစ်ပြီး ယခင်ကတည်းက အကြိမ်ကြိမ်ပြောကြားခဲ့ပြီးဖြစ်သည်ဟု ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ လာရောက်စဉ် သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဦးရဲထွဋ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် လက်ရှိသာသနာရေး ဒုဝန်ကြီး ဦးစိုးဝင်းအား ခန့်ထားလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်။

ဦးရဲထွဋ်ကဒေါ်စုကိုဝန်ချတောင်းပန်ပြီ

မျက်နှာချင်းဆိုင်တော့လည်းတောင်းပန်ဦးကျိုးလိုက်ရတာပဲမို့လား
အရင်ကတော့မျက်နှာချင်းဆိုင်တွေ့ခဲ့ရင်ဆင်ဖမ်းမယ်ကျားဖမ်းမယ်နဲ့
အခုတော့ကြွက်စုတ်လေးပါလားသွပ်သွပ်ရယ်

မဟာသန္တိသုခ ဆရာတော် ၅ ပါးကို အာမခံနဲ့ ပြန်လွှတ်ပြီ

သူတို့ အပြစ်မရှိဘူးလို့ဆိုရင်ဖမ်းပြီးလူဝတ်လဲထောင်ထဲထည့်ခိုင်း တဲ့သူမှာအပြစ်ရှိတယ်။


မဟာသန္တိသုခကျောင်းတိုက်မှ ဖမ်းဆီးခံသံဃာငါးပါးသည် ယနေ့ ညနေ ၄ နာရီတွင် သင်္ကန်းပြန်ဆီးနိုင်ရန်အတွက် တာမွေတရားရုံးမှ မဟာသန္တိသုခကျောင်းတိုက်အနီးရှိ သုံးထပ်ကျောင်းဆောင်သို့ လမ်းလျှောက်ကြွချီရန် ပြင်ဆင်နေကြပြီဖြစ်ကြောင်း တာမွေတရားရုံးရှေ့မှသတင်းထောက်က သတင်းပေးပို့သည်။
7daydaily


မဟာသန္တိသုခကျောင်းမှ သံဃာတော်များကို တရားရုံးထုတ်
(ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ)