Sunday, June 22, 2014

ဦးဆန်းဆင့် အား နုတ်ပိတ်သတ်ဖြတ်မည့်အရေး စိုးရိမ်နေကြ

..ကောလဟာလဟုသာလတ်တလောမှတ်ယူပါ..

Nyein Chan Aung

    မျိုးစောင့်ဥပဒေကိစ္စအား အတည်ပြုရေးတွင် သာသနာရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသမျှ ဦးဆန်းဆင့် မှ
    လက်မှတ်ထိုးပေးမည် မဟုတ်သလို၊ မထောက်ခံသောကြောင့် အဖမ်းခံရခြင်းဖြစ်

    ဦးဆန်းဆင့် သမတ ရုံးအဖွဲ့နှင့် စကားများသောကြောင့် အညှိုးနှင့် အဖမ်းခံရကြောင်း အကျဉ်းထောင်အတွင်းမှ သိရှိရပါသည်။ အမျိုးစောင့် ဥပဒေကိစ္စအား သာသနာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပြီး တရားခံလုပ်ခိုင်းကို ဦးဆန်းဆင့်မှ လက်မခံကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းကို လေးစား၍ စစ်တပ်ထဲသို့ ၀င်ရောက်လာခြင်းသာ ဖြစ်ပြီး၊ ဦးသိန်းစိန်ကဲ့သို့ ထမင်းငတ်၍ စစ်ထဲသို့ ၀င်ရောက်ခြင်း မဟုတ်ကြောင်းနှင့် ဗိုလ်ချုပ်ပြောကြားထားသည့် မိန့်ခွန်းထဲတွင် ဗုဒ္ဓဘာသာကို မြန်မာနိုင်ငံရဲ့ တခုတည်းသော ကိုးကွယ်ရာ ဘာသာလုပ်မယ်ဆိုရင် ခွေးထက် မိုက်တဲ့သူ ဖြစ်သွားမှာပေါ့ စတဲ့ မင်းတို့ကြားဖူးလား၊ အခုလည်း လင်ယူသားမွေးကိစ္စဟာ ဘုန်းကြီးတွေ အလုပ်မဟုတ်ဘူး ဟု သမတရုံးမှ အဖွဲ့ဝင်များကို ပြောဆိုခဲ့သောကြောင့် အညှိုးဖြင့် ဖမ်းခိုင်းခြင်း ဖြစ်သည်ဟု သတင်းရရှိပါသည်။
 
    ဦးဆန်းဆင့် အား နုတ်ပိတ်သတ်ဖြတ်မည့်အရေး စိုးရိမ်နေကြ
    -
    ဦးဆန်းဆင့် အမှု့ ပွင့်လင်းမြင်သာမှု့ ရှိစေရန် ဧရာဝတီတိုင်းတွင် မြို့ကြီးများ၌ ဆန္ဒဖော်ထုတ်မည်။
    -
    ဧရာဝတီတိုင်းဒေသကြီးတွင် လွှတ်တော်ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးဆန်းဆင့်အား ဦးသိန်းစိန်အစိုးရမှ မတရားဖမ်းဆီး ထောင်ချခြင်းကို မကျေနပ်သည့် ဧရာဝတီတိုင်းရှိ မြို့ကြီးများမှ ပြည်သူများက လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းနှင့် ပြည်သူ့ဘက်မှ တပ်မတော်သားတဦးကို စစ်အာဏာရှင်များက မတရားအပြစ်ပေး အရေးယူခြင်းကို မကျေနပ်သောကြောင့် ဆန္ဒထုတ်ဖေါ်ကြမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။
    -
    ဧရာဝတီတိုင်းမှ လူ့အခွင့်အရေး ဦးဆောင်သူများအနေဖြင့် ဦးဆန်းဆင့်ကို ထောင်သွင်း သတ်ဖြတ်မည်ကို စိုးရိမ်နေကြကြောင်းလည်း ထပ်မံဖြည့်စွက် ပြောဆိုကြပါသည်။

   

အထူး သတင်းတပ်ဖွဲ့က ဂျာနယ်အချို့ ခေါ်ယူမေးမြန်း


ဦးသိန်းစိန်တို့ဦးရဲထွဋ်တို့နဲ့မတဲ့တဲ့ဝန်ကြီးတွေနာပြီ၊
သူတို့နောက်ကွယ်ကပိုက်ဆံထုတ်ပေးတယ်ထင်တဲ့ဂျာနယ်
တွေကိုရန်ကုန်တိုင်းရဲသတင်းတပ်ဖွဲ့ကခေါ်မေးနေပြီ၊
သူတို့နဲ့တဲ့ဝန်ကြီးတွေပိုက်ဆံထုတ်ပေးနေတဲ့ဂျာနယ်
တွေကိုရောရှောင်သွားသလားစောင့်ကြည့်ရမယ်။ — feeling hopeful.

RFA Burmese


ပြည်တွင်းထုတ် သတင်းဂျာနယ်တချို့ရဲ့ ငွေကြေးလည်ပတ်မှုတွေနဲ့ပတ်သက်ပြီး ဂျာနယ်တိုက် တာဝန်ရှိသူတချို့ကို အထူးသတင်းတပ်ဖွဲ့က ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။

မြန်မာပို့စ်ဂျာနယ်ရဲ့ ငွေကြေးလည်ပတ်မှုနဲ့ပတ်သက်ပြီး အစစ်ဆေးခံဖို့ အကြောင်းကြားခံထားရတဲ့ အကြောင်း မြန်မာပို့စ်ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုဇော်မင်းနိုင်က အခုလိုပြောပါတယ်။

"ငွေကြေးလည်ပတ်ပုံကို ခေါ်ယူပြီးမေးတယ်ဆိုတာ ဒါကျနော်တို့ တစ်ခါမှလည်းမကြားဖူးဘူးပေါ့နော် ဘာကြောင့်မေးတာလည်း ကျနော်တို့ ပြန်မေးလိုက်တယ်၊ သူကအထက်အမိန့်အရလို့ သူကပြောပါတယ် အထက်အမိန့်အရဆိုတော့ ဘယ်လိုအထက်အမိန့်အရလည်းဆိုတာ ထပ်မေးတော့ သူတို့ ပြောပိုင်ခွင့်မရှိပါဘူးဆိုပြီးတော့ အဲ့အတိုင်းပြောသွားတယ်၊ သူတို့လက်ရှိ lest money အဲ့ဒီဟာမျိုးကိုပဲ သိချင်တာလား ဒါမှမဟုတ်လို့ရှိရင် ဆုံးဖြတ်သင့်ကိစ္စတွေလည်း ရှိနေတာအတွက်ကြောင့်မို့လို့ ဒါအများကြီးပဲ တွေးစရာတွေပါ"

မြန်မာပို့စ်ဂျာနယ်အပြင် မြန်မာသံတော်ဆင့်ဂျာနယ်က တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ် လို့သိရပါတယ်။အစစ်ဆေးခံမယ့် အချိန်ကို အတိအကျ မသတ်မှတ်ထားဘဲ ဂျာနယ်တိုက် တာဝန်ရှိ သူတွေ အဆင်ပြေမယ့်အချိန်ကို ပြန်လည်ဆက်သွယ်ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ခေါ်ယူမေးမြန်းခံရတဲ့ ပေါ်ပြူလာ ဂျာနယ်က ကိုမျိုး ( မြန်မာစာ ) ကလဲ အခုလိုပြောပြပါတယ်။

"သူများဂျာနယ်အကြောင်းအရ ကျနော်တို့ဆီက အစ်အောက်ထုတ်တဲ့မျိုးဆန်တယ်လေ အဲ့လိုမျိုးတော့ ကျနော် သတိထားမိပြီးတော့ သူတို့ကိုပြောတယ်၊ ကျနော်တို့ကို ဘာကြောင့်မေးတာလည်းလို့ ကျနော်မေးခဲ့တယ်၊ ကျနော်တို့ကိုမေးတဲ့ဥစ္စာက အခုလက်လောဖြစ်နေတဲ့ သံတော်ဆင့်တို့ ဘာတို့နဲ့ပတ်သက်လား၊ မဟုတ်ပါဘူးကျုပ်ကသိချင်ရုံသက်သက်ပါတဲ့ နောက်ဆုံးအဆုံးသက်တော့ မိတ်ဆွေတစ်ယောက်အနေနဲ့ မေးတယ်ဆိုတဲ့ပုံစံမျိုးပါပဲ ၊ညကျတော့မှ ဆရာဦးဖေမြင့်က အဲ့ညနေပေါ့နော် ဆရာဦးဖေမြင့်က ပြောတော့မှ ဂျာနယ်တိုက်တွေကို ခေါ်တယ်ဆိုတာ ကျနော် သိရတာပေါ့"

ဒီလိုခေါ်ယူမေးမြန်းတာမှာ ဂျာနယ်တစောင်ထုတ်ဝေရင် လူအင်အား ငွေအင်အား ဘယ်လောက်သုံးရမယ်ဆိုတာမျိုးကို အလွတ်သဘောမျိုးမေးမြန်းတာဖြစ်ပြီး ဂျာနယ်တိုက်တချို့ရဲ့ ငွေထုတ်ပေးနေသူ အစိုးရအဖွဲ့ဝင်များနဲ့ ပတ်သက်သူ စသည်တို့ကို မေးမြန်းတာမျိုးလည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိမေးမြန်းခံရပြီးတဲ့ ဂျာနယ်တိုက်များမှာ ပေါ်ပြူလာ နဲ့ The Voice ဂျာနယ် တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
============================================================

DVB TV News
ရန်ကုန်တိုင်းရဲသတင်းတပ်ဖွဲ့က ရန်ကုန်အခြေစိုက် သတင်းစာနဲ့ ဂျာနယ်အယ်ဒီတာတွေကို ခေါ်ယူပြီး ငွေကြေးနဲ့ ပတ်သက်လို့ မေးမြန်းမှတ်တမ်းယူနေတယ်လို့ သွားရောက်မေးမြန်းခံခဲ့တဲ့ သဗွိုင့်စ်နေ့စဉ်သတင်းစာ အယ်ဒီတာအဖွဲ့ အတွင်းရေးမှူး ကိုအောင်စိုးက ပြောပါတယ်။

ဇွန်လ ၂၁ ရက် စနေနေ့က လာရောက် ခေါ်ဆောင် မေးမြန်းခဲ့တာဖြစ်ပြီး သတင်းနဲ့ မဆိုင်ဘဲ သတင်းစာတွေရဲ့ အရှုံးအမြတ် ငွေကြေးကိစ္စတွေ အဓိကထားမေးမြန်းခဲ့တာလို့ ကိုအောင်စိုးက ပြောပါတယ်။

အဲ့ဒီနေ့က သူကြားသိခဲ့ရသလောက် ယူနတီဂျာနယ်၊ မြန်မာပို့စ်နဲ့ ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာတွေကိုလဲ ခေါ်ယူမေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

သတင်းတပ်ဖွဲ့က သတင်းစာဂျာနယ်တိုက်တွေကို သတင်းနဲ့ ပတ်သက်ပြီး ခေါ်ယူမေးမြန်းတာပဲ အရင်ရှိခဲ့ဖူးပေမယ့် အခုလို ငွေကြေးအရှုံးအမြတ်ကိစ္စ ခေါ်ယူမေးမြန်းတာကတော့ ဒါ ပမထဆုံး ဖြစ်ပါတယ်။

သတင်းစာဆရာ ကိုဇော်သက်ထွေးကတော့ သတင်းစာဂျာနယ်အယ်ဒိတာတွေကို ငွေကြေးကိစ ခေါ်ယူမေးမြန်းပိုင်ခွင့် ရှိမရှိ အရင်ဆုံး လေ့လာရမယ်လို့ သုံးသပ် ပြောပါတယ်။ အခုကိစနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)အနေနဲ့ ဘာလုပ်မလဲဆိုတာ လောလောဆယ် သတင်းထွက်ပေါ်လာတာ မရှိသေးပါဘူး။

အခုလို သတင်းစာဂျာနယ်တိုက်တွေရဲ့ ငွေရေးကြေးရေးပိုင်းတွေ မေးမြန်းစုံစမ်းမှုရဲ့ နောက်ကွယ်မှာ ဂျာနယ်တချို့ကို ပိုင်ဆိုင်မှု အကြောင်းပြပြီး ပစ်မှတ်ထား အရေးယူဖို့ လုပ်ဆောင်လာတာလဲ ဖြစ်နိုင်တယ်လို့ ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းက သုံးသပ်ကြပါတယ်။

မဟာသန္တိသုခအရေး နောက်ကွယ်က ကြိုးကိုင်သူတွေကိုလည်း အရေးယူမည်


RFA Burmese

မဟာသန္တိသုခအရေး နဲ့ ဆက်စပ်ပြီး နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အပြင် အဲဒီအတွက် တာဝန်ရှိသူ နောက်ထပ် ၉ ဦး နဲ့ နောက်ကွယ်ကကြိုးကိုင်သူတွေ ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ အစိုးရအသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးအံ့မောင်ကို အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်ပြီး အရေးယူလိုက်တာလို့ ဆိုပါတယ်။



နောက်ကွယ်က ကြိုးကိုင်သူတွေကိုအရေးယူရင်းလက်စနဲ့
နောက်ကွယ်ကကြိုးဆွဲသူတွေလဲအရေးယူရေး
ဒို့အရေး...
ဒို့အရေး...
ဒို့အရေး...
ဥပမာ
ငါးလောင်းပြိုင်တို့ဘာတို့ ......


ဒီနေ့ကာတွန်း

စဥ့်ကိုင်မြို့နယ်အတွင်းရှိ ရွာများ၄၃၆ ပြင်ဆင်ရေးလက်မှတ်ထိုး ဆန္ဒဖော်ထုတ်

နီနီခင်ဇော် ရဲ့မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးရဲ့ဘ၀ကိုဖော်ကျူးထားတဲ့ပုံလေး


Myanmar Model Girls

နီနီခင်ဇော် ရဲ့ မျှော်လင့်ချက်တစုံတရာ MTV မှာဒီလိုမြန်မာဝတ်စုံလေးနဲ့ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်တစ်ဦးရဲ့ဘ၀ကိုဖော်ကျူးထားတဲ့ပုံလေးနဲ့ သရုပ်ဆောင်ထားပါတယ်။ ဒီသီချင်းကို ဆောင်းဦးလှိုင် က ရေးစပ်သီကုံးထားတာဖြစ်ပြီး နီနီခင်ဇော် ရဲ့ အသံ နဲ့ အလွန်လိုက်ဖက်ညီတာတွေ့ ရမှာပါ။

ဆရာတော် ဦးကောဝိဒနဲဦးကုမာရတို့မဟာသန္တိသုခအကြောင်းမိန့်ကြား

RFA Burmese
တနင်္ဂနွေ စကားဝိုင်း

ဟောင်းနေတဲ့ဓာတ်ကြိုးတွေကို အရင်ကတည်းက လာလဲထားရမှာ


ကမာရွတ်မြို့နယ် လှည်းတန်းဈေးအနီးတွင် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျ၍ ဓာတ်လိုက်ပြီး နှစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ၃ ရပ် ကွက်တွင် ဇွန် ၂၁ ရက် ညနေ ၅ နာရီ မိနစ် ၃ဝ ခန့်က မိုးသည်းထန်းစွာ ရွာနေချိန် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်ပြီး လူနှစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးကာ လူနှစ်ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လှည်းတန်းဈေးအနီး ထန်းတပင်လမ်း နှင့် ပေ ၅ဝ လမ်းထောင့်ရှိ ဓာတ်တိုင်မှ ပြတ်ကျသွားသော လျှပ်စစ်ဓာတ်ကြိုးမှာ ၄ဝဝ ကေဘီအမျိုးအစား ဟောင်းနွမ်းနေသော ဓာတ်ကြိုးအဟောင်းဖြစ်ကြောင်း ကမာရွတ်မြို့မရဲစခန်းမှ သတင်းရရှိသည်။

အဆိုပါ ဓာတ်ကြိုးပျက်ကျမှုကြောင့် အသက် ၂၃ နှစ်ရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၄၉ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးတို့ ဓာတ်လိုက်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယင်းဓာတ်တိုင်အနီး ကုန်ဈေးရောင်းချနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“အခင်းဖြစ်ပွားမှုကြောင့် လူနှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့ နှစ်ဦးကို အနောက်ပိုင်းခရိုင်ဆေးရုံမှ ကုသမှုခံယူနေတယ်”ဟု ကမာရွတ်မြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်ဦးက ပြောကြားသည်။

ဖိနပ်ဆိုင်မှ အမျိုးသားတွင် ဝဲဘက်ပါး ပွန်းစုတ်ဒဏ်ရာရှိပြီး သတိလစ်မေ့မြောနေကြောင်း၊ အမျိုးသမီးမှာ အောက်နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ ဝဲပေါင်နှင့် ဒူးခေါင်းအောက် ပွန်းစုတ်ဒဏ်ရာ၊ ဝဲလက်မောင်းရင်း ပွန်းစုတ်ဒဏ်ရာတို့ရရှိခဲ့ပြီး အတွင်းလူနာစိုးရိမ်ရအဖြစ် ကုသလျက်ရှိကြောင်း သိရသည်။

“လေတိုက်လို့ ဓာတ်ကြိုးတွေလှုပ်ခါပြီး ဓာတ်ကြိုးတွေ ကြိုးချင်းပူးပြီး ပြတ်ကျသွားတာပါ။ ပြတ်ကျသွားတဲ့ ဓာတ်ကြိုးကို လဲလှယ်ပြီးသွားပါပြီ။ အောက်ကို တိုက်ရိုက်ပြတ်မကျနိုင်တဲ့ ပိုက်တွေခံပြီး ပြန်လည်သွယ်တန်းပေးထားပါတယ်။

လျှပ်စစ်ဓာတ်အားကိုလည်း ပြန်လည်လွှတ်ပေးထားပါတယ်”ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၊ အနောက်ပိုင်းခရိုင်အဖွဲ့မှ ခရိုင်မှူးဦးခိုင်ဇော်ငြိမ်းက ဇွန် ၂၁ ရက် ညပိုင်းက ပြောကြားခဲ့သည်။ “ဓာတ်ကြိုးတွေ ပြတ်ကျတဲ့အချိန်မှာ မိုးတွေက သည်းနေတယ်။ ဒီနားမှာ ဈေးရောင်းနေသူတွေ ရှိတယ်။ အဲဒီနားက ကုန်စိမ်းရောင်းနေတဲ့အမျိုးသမီးက ဓာတ်လိုက်ပြီး အဲဒီနေရာမှာ သေသွားတယ်။

ပြီးတော့ ဒီနားမှာရှိတဲ့ ဖိနပ်ဆိုင်ကို ဖိနပ်လာပို့တဲ့ကားက အမျိုးသားတစ်ယောက်လည်း ဓာတ်လိုက်ပြီး သေတယ်။ ဖိနပ်ဆိုင်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးလည်း ဓာတ်လိုက်သွားတယ်” ဟု ကမာရွတ်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဓာတ်ကြိုးပြတ်ကျမှုဖြစ်ပွားခဲ့သည့် ပေ ၅ဝ လမ်းတွင် နေထိုင်သူတစ်ဦးက “အခုတစ်ကြိမ် ဓာတ်ကြိုးပြတ်တာနဲ့ဆို ငါးကြိမ်လောက်ရှိပြီ။ အရင်တုန်းကတော့ ကိုယ့်ဘာသာပြင်ကြတယ်။ အခုတစ်ကြိမ်ပြတ်ကျတဲ့ အခါမှာတော့ လူပါသေတယ်။

ဒီလမ်းထဲမှာ နေတဲ့သူတွေနဲ့ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေအတွက် အရမ်းကို စိုးရိမ်းစရာကောင်းပါတယ်။ ဖြစ်မှလာပြင်ကြတာထက် ဟောင်းနေတဲ့ဓာတ်ကြိုးတွေကို အရင်ကတည်းက လာလဲထားရမှာ။ ဓာတ်အားတွေမမှန်၊ မီးလာတာ မမှန်နဲ့ အခုလိုမိုးရွာနေတဲ့အချိန် ပြတ်ကျတော့ အပြစ်မရှိတဲ့ ပြည်သူတွေပဲကြားထဲကသေရတယ်”ဟုဆိုသည်။

ရှိုင်းလင်းအောင်
Eleven Media Group

ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်း


RFA Burmese

နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မနေ့ညက ဖမ်းဆီးထိန်းသိမ်းထားတယ်
လို့ နေပြည်တော် အသိုင်းအ၀ိုင်းက သိရပါတယ်။
ဦးအံ့မောင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့ကိစ္စဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အဖမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း
ဦးဆန်းဆင့်ကိစ္စနဲ့ ဆက်စပ်နေတယ်လို့လည်း သိရပါတယ်။
အဲ့ဒီအဂတိလိုက်စားမှုနဲ့ ပါဝင်ပတ်သက်သူ ၉ဦးရှိပြီး နောက်ကွယ်က ပါဝင်သူအားလုံးကို အထူးစုံစမ်းစစ်ဆေးရေး
ဦးစီးဌာနက စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။