Tuesday, June 24, 2014

မန်းလေးသူ မေသွယ်မောင်



Kant Gaw

အမေရိကန်နိုင်ငံကာလီဖိုးနီးယားမှ ကာယအလှ မော်ဒယ်
ဒုတိယရရှိဖူး..
၃၁-၂၄-၃၃ ရှိ
ကျမ်းမာရေးအုပ်ချုပ်မှုဆိုင်ရာမာစတာတက်ရင်းအလုပ်လုပ်နေ
ရင်သားအနည်းငယ်ပြင်ထား၊ကျန်တာအစစ်...
အသက်-၂၄နှစ်

ဦးဆန်းဆင့်ကို ဖမ်းဆီးသည့်ကိစ္စ သင့်လျော်သည့်အချိန်တွင် ရှင်းလင်းမည်

By
မင်းဟိန်းကျော်
On
Tue, 2014-06-24 06:03
Location
http://www.7daydaily.com/story/14025#.U6oEk7GTGSo
 သာသနာရေးဝန် ကြီးဦးဆန်းဆင့်ကို ဖမ်းဆီးအ ရေးယူထားသည့် ကိစ္စရပ်နှင့်ပတ် သက်၍ သင့်လျော်သည့်အချိန် တွင် ရှင်းလင်းပြောကြားမှုများပြု လုပ်မည်ဖြစ်ပြီးပြန်ကြားရေးဒုတိ ယ၀န်ကြီး၊ ရဲချုပ်တို့ပါဝင်သော သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်း လင်းမည်ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယ၀န်ကြီးဗိုလ်မှူးချုပ်ကျော် ကျော်ထွန်းက ပြောသည်။

ယခုလ ၂၃ရက်တွင်ပြုလုပ် သော ပြည်သူ့လွှတ်တော်အစည်း အဝေးအတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ်ပြည်ထဲရေးဒုတိယ၀န် ကြီးက အထက်ပါအတိုင်း ဖြေကြာဲး့ခြင်းဖြစ်သည်။

‘‘ဦးဆန်းဆင့်ကိစ္စရပ်နဲ့ပတ် သက်လို့ အခုအချိန်မှာ ကျွန်တော့် အနေနဲ့ ဘာမှထုတ်ပြောလို့မရ သေးပါဘူး။ သင့်လျော်တဲ့အချိန် မှာ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောပါလိမ့်မယ်။ ဦးရဲထွဋ်တို့ ရဲ ချုပ်တို့ပါပါတယ်’’ဟု ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကပြောသည်။

ငွေကြေးအလွဲသုံးစားမှုကိစ္စ ရပ်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန က ဦးဆန်းဆင့်ကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကာ နေပြည်တော် ပုဗ္ဗသီရိတရားရုံးတွင် အမှုဖွင့်တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတော်သမ္မတ  ရုံးအကြံပေးဦးအံ့မောင်ကို ဖမ်း ဆီးစစ်ဆေးနေသည်ဆိုသည့်သ တင်းအား မိမိအနေဖြင့်အတည်ပြု ပြောကြားနိုင်ခြင်းမရှိဘဲ မည်သူမ ဆို လိုအပ်ပါက ခေါ်ယူစစ်ဆေးမှု များရှိနိုင်ကြောင်း ဒုတိယ၀န်ကြီး ကပြောသည်။
လက်ရှိတွင် ဦးဆန်းဆင့် ကို ရမည်းသင်းထောင်သို့ ပို့ ဆောင်ထားပြီး ၎င်း၏ကိုယ်ရေး အရာရှိဖြစ်သူဦးအောင်သူမင်းမှာ မူ မည်သည့်နေရာတွင် ဖမ်းဆီး ထားသည်ဆိုခြင်းကို သိရှိရခြင်းမ ရှိကြောင်း ဦးဆန်းဆင့်နှင့်နီးစပ် သည့်အသိုင်းအ၀ိုင်းမှ သတင်းရရှိ သည်။ အဆိုပါကိစ္စရပ်နှင့်ပတ် သက်၍ ဦးဆန်းဆင့်နှင့် နီးစပ်သူ များအပါအ၀င် ဌာနဆိုင်ရာဝန်ထမ်းအချို့ကိုပါ စစ်ဆေးမေးမြန်းမှုများ ရှိနေကြောင်းသတင်းရရှိသည်။

ဦးဆန်းဆင့်ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ လူ့အခွင့်အရေးလှုပ် ရှားသူများ၊လယ်သမားများ၊ ပြည် သူများက ဆန္ဒဖော်ထုတ်မည်ဖြစ် ကာ အမှန်တရားပေါ်ပေါက်ရေး၊ ဦးဆန်းဆင့်ကို အမြန်ဆုံးလွှတ် ပေးရေးအတွက်တောင်းဆိုသွား မည်ဖြစ်ကြောင်း ပုသိမ်မြို့ရှိ လူ့ အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

‘‘ဦးဆန်းဆင့်ကကျွန်တော် တို့ ဧရာဝတီသားတွေအတွက် အားကိုးရာပဲ။ အခုကိစ္စကသူ့ကို ပုဂ္ဂိုလ်ရေးမုန်းတီးမှုနဲ့ လုပ်ကြံ တာ။ နောက်ပြီး ပွင့်လင်းမြင်သာ မှုမရှိဘဲ ဒီလိုခေါ်ဆောင်ဖမ်းဆီး တာက လူ့အခွင့်အရေးချိုးဖောက် ခံရတာဖြစ်တယ်။ အဲဒီအတွက် ကျွန်တော်တို့က ခွင့်ပြုချက်တင် ပြီး အနီးဆုံးရက်ပိုင်းအတွင်း ဆန္ဒ ထုတ်ဖော်မှုပြုလုပ်မယ်’’ဟု အဆို ပါပုဂ္ဂိုလ်ကပြောသည်။

ဦးဆန်းဆင့်သည် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များအနက်ဧရာဝတီလွှတ်တော်ကို ထင်ပေါ်သော လွှတ်တော်ဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းနာမည်ကောင်း ရရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်း ဖျက်သိမ်းရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းတော်များ တောင်းဆို

By
အိဖြူမွန်
On
Tue, 2014-06-24 06:03
Location
ရန်ကုန်
http://www.7daydaily.com/story/13995#.U6oDirGTGSo014

ကိုးကွယ်မှုဆိုင်ရာ ဘာ သာကူးပြောင်းခြင်း ဥပဒေကြမ်း အား ဖျက်သိမ်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ   ခရစ်ယာန်အသင်း တော်များက   တောင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။

ကိုးကွယ်မှုဆိုင်ရာ ဘာသာ ကူးပြောင်းရာတွင် ကူးပြောင်း မည့်သူသည် ဖိအားပေးခံရသည် လားဆိုသည့် အချက်ကို စစ်ဆေး ခြင်း၊ ဘာသာကူးပြောင်းရာတွင် စစ်ဆေးရေး၌   ပါဝင်သော အုပ်ချုပ်ရေးအာဏာပိုင်များ ထောက်ခံထားသည့်     ဆုံးဖြတ်ချက်ကို ရယူခြင်း၊ ဥပဒေပြဋ္ဌာန်းချက်အ တိုင်း လိုက်နာမှုမရှိပါက ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်ခြင်း သည် လူတစ်ဦးချင်းစီ၏ လူ့အ ခွင့်အရေးကို    ချိုးဖောက်ခြင်း ဖြစ်သောကြောင့် ဖျက်သိမ်းပေး ရန် မြန်မာနိုင်ငံဆိုင်ရာ ခရစ်ယာန် အသင်းတော်များက တောင်းဆို ခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘ဘာသာမတူသူ နှစ်ဦးရဲ့ ချစ်ရေးကြိုက်ရေးကိစ္စကို တား မြစ်လို့ မရဘူး။ ဒါ့အပြင် ဘယ် ဘာသာကို ကိုးကွယ်မယ်၊ မကိုး ကွယ်ဘူးဆိုတာ ကာယကံရှင် နှစ် ဦးကပဲ ဆုံးဖြတ်ရမှာ။ ဘာသာ ရေးဆိုတာ ကိုးကွယ်ယုံကြည်မှု လေ။ ကိုယ်ကြိုက်တာကို လွတ် လပ်စွာ ယုံကြည်ကိုးကွယ်လို့ရ တယ်။ တစ်ဦးတစ်ယောက်က စေခိုင်းလို့ပဲဖြစ်ဖြစ်၊ မစေခိုင်းလို့ ပဲဖြစ်ဖြစ် စိတ်ထဲမှာ ရှိတာဟာ ပြောင်းလဲလို့မှ   မရတာ။   ဒါ ကြောင့် ဘာဥပဒေပြဋ္ဌာန်းချက်မှ မလိုဘူးလေ’’ ဟု မြန်မာနိုင်ငံ ဓမ္မ တက္ကသိုလ် ပါမောက္ခ ဒေါက်တာ စောလှိုင်ဘွားက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ် ယာန်အသင်းတော်များတွင် မြန် မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးများအဖွဲ့၊ မြန်မာ နိုင်ငံ ခရစ်ယာန်အသင်းတော် များကောင်စီ၊ မြန်မာနိုင်ငံ သတ္တမ ဥပုသ်အသင်း၊ ဧ၀ံဂေလိအသင်း တော်များအဖွဲ့ချုပ်တို့ ပါဝင်ပြီး ယင်းအသင်းအဖွဲ့များအောက်တွင်အသင်းတော်ခွဲပေါင်း များစွာ ပါဝင်သည်။

နိုင်ငံတော်က ပြဋ္ဌာန်းထား သော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကိုးကွယ်မှုဘာသာကူးပြောင်းရာ ၌  ဖိအားပေးခံရသူများကို ကာ ကွယ်ထားကြောင်း၊ ယခုရေးဆွဲ ထားသော ဥပဒေကြမ်းကို အ တည်ပြုပြီး အကောင်အထည်ဖော်မည်ဆိုပါက အကောင်အထည် ဖော်မှု အားနည်းချက်များကြောင့် ကိုးကွယ်သူတစ်ဦးနှင့် တစ်ဦး ကြားတွင် အမှားများလာကာ ပဋိ ပက္ခများဖြစ်ပေါ်လာနိုင်ကြောင်း ဖျက်သိမ်းပေးရန် တောင်းဆိုသူ များက ထောက်ပြထားကြသည်။

‘‘စစ်ဆေးတဲ့အချိန်မှာ ကိုယ် ကိုးကွယ်တဲ့ ဘာသာကို အထိမ်း အမှတ်တစ်ခုခု အိမ်မှာပြထားပေ မယ့် သူယုံကြည်ကိုးကွယ်တဲ့ ဘာ သာက သူ့စိတ်ထဲမှာဆိုရင် အဲဒါ ကို ဘယ်လို စစ်ဆေးမလဲ။ စိတ် ထဲမှာ ဖြစ်ပေါ်နေတဲ့အရာကို စစ် ဆေးဖို့ ခက်တယ်လေ။ လိုမှ မလို တာ’’ ဟု အရပ်ဘက်လူ့အဖွဲ့အ စည်းတွင် လုပ်ကိုင်နေသူ မဖြူ ကြည်ခိုင်က ပြောသည်။

ကုလသမဂ္ဂ၏   သတင်း ထုတ်ပြန်ရေးစင်တာကလည်း မြန်မာနိုင်ငံရှိ ဘာသာကူးပြောင်း မှု ကန့်သတ်ခြင်း ဥပဒေကြမ်း သည် လွတ်လပ်စွာ ရွေးချယ်ပိုင် ခွင့်၊ ပြောင်းလဲပိုင်ခွင့်ကို ကန့် သတ်ထားသောကြောင့် ဒီမိုကရေ စီစံနှုန်းနှင့် မကိုက်ညီသော တား မြစ်ချက်တစ်ခုဖြစ်သောကြောင့် ဖျက်သိမ်းပေးရန် သမ္မတဦးသိန်း စိန်အား တိုက်တွန်းခဲ့သည်။

အမျိုးစောင့်ဥပဒေကို ပြ ဋ္ဌာန်းပေးရန် တောင်းဆိုသူများ၏ တောင်းဆိုမှုကို လွှတ်တော်သို့ သမ္မတက    အကြောင်းကြားစာ ပေးပို့ပြီးနောက် ကိုးကွယ်မှုဘာ သာကူးပြောင်းခြင်း ဥပဒေကြမ်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်နေရာ မိမိတို့ ရသင့်တယ်



RFA Burmese

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာအတွက် ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်နေရာ အများဆုံးရထားတဲ့ ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ရွေးချယ်ခန့်အပ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

သဘောထားကြေငြာချက်ထုတ်တာနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီ ANP ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးခင်မောင်ကြီးက အခုလိုပြောပါတယ်။

"ဒီနေ့ အခြေအနေဟာ ရခိုင်ပြည်နယ်အတွက် သိပ်အရေးကြီးတဲ့ အခြေအနေ၊ အဲ့အခြေအနေမျိုးမှာ ဝန်ကြီးချုပ်တစ်ယောက် အပြောင်းအလဲဖြစ်လာတယ်ဆိုတဲ့ဥစ္စာဟာ ဒီဖြစ်လာတဲ့ ဝန်ကြီးချုပ်ကို တတ်နိုင်သမျှ ရခိုင်တိုင်းရင်းသား ဖြစ်စေချင်တယ်၊ နောက်ပြီးတော့ ရွေးကောက်ခံထားရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ထဲက ဖြစ်စေချင်တယ်၊ ဥပဒေအရအနေနဲ့ သမ္မတက ခန့်ပေးလို့ရတာပေါ့၊ လွှတ်တော်ကို အဆိုတင်ပေးလို့ရတာပေါ့၊ ဒါပေမဲ့ ဒီမိုကရေစီစံနဲ့ ပြန်တိုင်းမယ်ဆိုလို့ရှိရင် ဒါမဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ ပါတီက ဒီမူအတိုင်းပဲရပ်တယ်"

သဘောထားကြေညာချက်ထဲမှာ အသစ်ခန့်အပ်တာဝန်ပေးအပ်မယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေထဲကသာ ဖြစ်သင့်ကြောင်းလည်း ထောက်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်ကို နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးချုပ်ရာထူးကနေ နှုတ်ထွက်ခွင့်ပြုခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ခန့်အပ်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လောလောဆယ်မှာ ဗိုလ်ချုပ်မောင်မောင်အုန်းကို ဇွန်လ ၂၀ ရက် နေ့စွဲနဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

လစ်လပ်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အရေးပေါ်ပြည်နယ် လွှတ်တော်အစည်းအဝေးကို မနက်ဖြန် ဇွန်လ ၂၅ရက်နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။

အိမ်နီးချင်းနိုင်ငံတွင် မစားသုံးသည့် ကြက်ကလီစာတွေ ပြည်တွင်းကို ၀င်ရောက်


DVB
အိမ်နီးချင်းနိုင်ငံတွေကနေ အရည်အသွေးမကောင်းတဲ့ ပုစွန်ဖြူတွေနဲ့ ကြက်ကလီစာတွေ မြန်မာပြည်ဈေးကွက်ထဲကို တရားမ၀င် ၀င်ရောက်မှုတွေ ရှိတယ်လို့ တရားမ၀င်မှောင်ခို ကာကွယ်တားဆီးရေးအဖွဲ့ (Mobile Team) က ပြောပါတယ်။

Chicken-gibletsအရည်အသွးနိမ့် ပုစွန်ဖြူတွေ ပုစွန်ပျော့တွေဟာ ထိုင်းနိုင်ငံဘက်ကနေ တရားမ၀င် လမ်းကြောင်း တွေက ရောက်ရှိလာတာဖြစ်ပြီး ကြည့်မြင်တိုင် ငါးဈေးအတွင်းမှာရောင်းချနေ တာဖြစ်တယ်လို့ စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမ၀င် မှောင်ခိုကာကွယ်တားဆီးရေးအဖွဲ့က ပြောပါတယ်။

ပုစွန်အမျိုးအစားပေါ် မူတည်ပြီး ၁ ပိဿာ ကို ကျပ် ၁၀၀၀၀ မှ ၁၄၀၀၀ အထိ ရောင်းချ နေတာပါ။ အဲ့ဒီ ပုစွန်တွေဟာ ကော့သောင်းဘက်ကလည်း ၀င်ရောက်လာသလို ဘုရားသုံးဆူ မော်လမြိုင် လမ်းကြောင်းနဲ့ မြ၀တီ-ဘားအံ လမ်းကြောင်းတွေ ဘက်ကလည်း ၀င်ရောက်လာတယ်လို့ Mobile Team ရဲ့တာဝန်ရှိသူ ၁ ဦးဖြစ်တဲ့ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးတင်အေးဝင်း က ပြောပါတယ်။

အလားတူ ထိုင်းနိုင်ငံကနေ တရားမ၀င် ရောက်ရှိလာတဲ့ ကြက်ကလီစာတွေလည်း ရောင်းချနေ တာတွေ ရှိရပြီး အဲဒီ ကလီစာတွေကို ပြည်တွင်းက အကင်ဆိုင်တွေနဲ့ စားသောက်ဆိုင်ကြီးတွေက ပါဈေးပေါပေါနဲ့ ၀ယ်ယူရောင်းချနေကြတာတွေ ရှိတယ်လို့ သူက အခုလို ဆိုပါတယ်။

“ထိုင်းနိုင်ငံဘက်က ကြက်ကြော်လုပ်ငန်း ကြက်သားလုပ်ငန်းတွေကနေ ထွက်လာတဲ့ ဘေးထွက် ပစ္စည်း အထူးသဖြင့် ကလီစာတွေ အူတွေက ကျနော်တို့ နိုင်ငံမှာ ကီလိုထုတ်တွေနဲ့ ရောင်းနေတာ တွေ့ရတယ်။ အဲဒီကလီစာတွေက ကျနော်တို့ဆီမှာ ဘာမှာ အကာအကွယ်မှ မပါပဲ ရောင်းနေတာ။ ဘယ်လိုဟာတွေက ၀ယ်သလဲလို့ လိုက်တော့ လမ်းဘေးမှာ ရောင်းနေတဲ့ အကင်ဆိုင်တွေနဲ့ တချို့ စားသောက်ဆိုင်က ဒါတွေကို လာဝယ်တယ်။ တဖက်နိုင်ငံက လွှင့်ပစ်လိုက်တဲ့ ပစ္စည်းတွေက ကျနော်တို့ဆီမှာ ဈေးကွက်ဝင်စားသောက်ကုန်ဖြစ်နေတော့ ကျနော်တို့လူမျိုးက သူများနဲ့ ယှဉ်လိုက်ရင် တဆင့်နိမ့်နေသလို ဖြစ်နေတယ်။”

ကြက်ကလီစာတွေနဲ့ အူတွေကို လိုသလောက် ရောင်းချပေးနိုင်ပြီး ဈေးကွက်အတွင်းမှာ ၁ ပိဿာကို ၄၀၀၀ ကျော် နဲ့ ရောင်းချနေကြတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံစားသုံးသူ ကာကွယ်စောင့်ရှောက်ရေးအသင်းက ဦးဗအုပ်ခိုင် ကတော့ ဒီပုစွန်တွေက လီစာတွေဟာ ကျန်မာရေးထောက်ခံချက်တွေ ဘာမှမပါလို့ စားသုံးရင် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။
“ကြက်ကလီစာတွေ ဈေးတော်တော်များမှာ တွေ့နေတယ်။ အဲဒါတွေက ရေခဲရိုက်ထားတာတင် မကဘူး မပုပ်အောင် ဓာတုဆေးဝါးတွေနဲ့ ထိုးထားတာတွေ များတယ်။ အဲဒီကောင်တွေက ကင်ဆာဖြစ်နိုင်ခြေ များတာပေါ့။ အဲဒါတွေကို နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနက အဲဒါတွေကို စစ်ဆေးရမှာပါ။”

၂၀၁၂ နိုဝင်ဘာလကနေ ၂၀၁၄ ဧပြီလအထိ ၂ နှစ်အတွင်း တရားမ၀င် ကုန်စည်တွေ ဖမ်းဆီးရရှိမှုကနေ မြန်မာကျပ်ငွေ ၁၅ ဘီလျှံကျော် ရရှိခဲ့ပြီဖြစ်ပြီး စားသုံးရန်မသင့်တဲ့ စားသောက်ကုန်တွေ ဖျက်ဆီးမှုကတော့ ကျပ်သန်းပေါင်း ၃၆၀ ကျော်ခန့်ရှိတယ်လို့ Mobile Team ကပြောပြပါတယ်။

ဦးဝင်းချို နှင့်ကိုနေမျိုးဇင်အင်းစိန်ထောင်က ဒီနေ့ ဇွန် လ ၂၄ ရက်နေ့ မနက်မှာ လွတ်လာ


ကျနော် ဦးဝင်းချို အင်းစိန်ထောင်က ဒီနေ့ ဇွန်
လ ၂၄ ရက်နေ့ မနက်မှာ လွတ်လာပါပြီ။
လွတ်လာတဲ့ အမှုက လယ်သမားတွေ နဲ့အတူ
 မြို့တော်ခန်းမ ရှေ့မှာ ဆန္ဒ ပြတဲ့ အမှု။နောက်အမှု
က ဖရောင်းတိုင်မီးထွန်းတဲ့
အမှု။နောက်မှု အတွက်
အာ မခံ ယူထားတယ်။ ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်း။
ကျနော့်ကိုစစ်ရမယ်။ ကိုယ်ပိုင်စစ် ခေါ်တယ်တဲ့။
အဲဒီအမှု အတွက်စီရင်ချက်ကျရင်
အင်းစိန်ထောင်ကို ပြန်သွားရအုံးမှာပေါ့လေ။
ဘယ်လိုဘဲဖြစ်ဖြစ် ခဏတဖြုတ်တော့ ထောင်ပြင်မှာ မိသားစု နဲ့
နေခွင့်ရအုံးမှာပါ။ မိတ်ဆွေများ အားလုံး
မင်္ဂလာပါ ခင်ဗျား။
ဦးဝင်းချို ၀၉ -၇၃၂၀၆၈၃၈



ကျနော် ထောင်ကျနေစဉ် အတွင်း ထောင်မှ လွတ်မြောက်ဖို့ ဆုတောင်း၊ တောင်းဆို၊ ကီးဘုတ်လက်နက်ဖြင့် ရရာ ရောက်ရာ နိုင်ငံ ဒေသမှ တောင်းဆို တိုက်ပွဲဝင်ပေးသော ဖေ့ဘုတ်နိုင်ငံတော်မှ မြန်မာပြည် တိုးတက်ကောင်းစားရေး လိုလားသော ကျနော့် မိတ်ဆွေများ အားလုံး၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး ကျနော်နဲ့ ဦးဝင်းချိုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပေးခဲ့ကြသော ဆရာတော် သံဃာတော်များ။ တောင်သူလယ်သမား အဖွဲ့အစည်း အားလုံး နဲ့ လူမှုနိုင်ငံရေး လှုပ်ရှားသူများ။ နိုင်ငံရေး ပါတီ ၀င်များ အားလုံးကို ရိုးဖြောင့်သော ဂုဏ်ပြုကျေးဇူးတင်မှုဖြင့် ကျေးဇူးတင်နေပါကြောင်း လေးစားစွာ ဖေါ်ပြခွင့် ပြုပါ ခင်ဗျား

ပြည်သူ့ ဘက်တော်သား
နေမျိုးဇင်

ကိုထင်ကျော်ဆန္ဒပြဖို့ရဲတပ်ဖွဲ့ကကားအကူအညီပေး

ဒေါ်ခင်ဝိုင်းကြည်နေအိမ် ဖောက်ထွင်းခံရ



    Tuesday, 24 June 2014 08:48
http://thevoicemyanmar.com/index.php/news/item/723-dky

အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်ခဲ့တဲ့ ဒေါ်ခင်ဝိုင်းကြည်နေအိမ် မနေ့က ညသန်းခေါင်ယံမှာ ဖောက်ထွင်းခံလိုက်ရပါတယ်။ ခြိမ်းခြောက်ခံရတဲ့အတွက် စိုးရိမ်နေတယ်လို့ ထုတ်ဖော်ပြောဆို အပြီးမှာ အခုလို ဖောက်ထွင်းမှုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

အရေးကြီး စာရွက်စာတမ်းတွေကို ခိုးယူဖို့ လာခဲ့တယ်လို့ ထင်ခဲ့ပေမယ့် အဲဒီစာရွက်စာတမ်းတွေ မပါသွားဘူးလို့ ဒေါ်ခင်ဝိုင်းကြည်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။
“ဖုန်းရယ် ပိုက်ဆံအိတ်ရယ်ပဲ ပါသွားတယ်” လို့ သူက ရှင်းပြပါတယ်။

နေအိမ် ဖောက်ထွင်းခံရတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက် မေးမြန်းခဲ့တယ်လို့ ဒေါ်ခင်ဝိုင်းကြည်ရဲ့ မိသားစုဝင်တစ်ဦးက ဆိုပါတယ်။ ဖောက်ထွင်းခံရမှုနဲ့ ပတ်သက်လို့ အမှုဖွင့်ထားတာတော့ မရှိသေးပါဘူး။

တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးမြန်း နှောက်ယှက်တာတွေ ရှိတဲ့အတွက် ရန်ကုန်မှာ ရှိနေတဲ့ မိသားစုအတွက် စိုးရိမ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice ကို ဇွန်လ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။

လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် တယ်လီဖုန်းနဲ့ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်းမှာ စောင်းမြောင်းပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်းတရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီးတော့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မေးမြန်း နှောက်ယှက်တာတွေ ရှိတဲ့အတွက် ရန်ကုန်မှာ ရှိနေတယ် မိသားစုအတွက် စိုးရိမ်တယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က The Voice ကို ဇွန်လ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။

ဒေါ်ခင်ဝိုင်းကြည် ဘယ်လို ခြိမ်းခြောက်ခံနေရလဲ




    Monday, 23 June 2014 11:29
    http://thevoicemyanmar.com/index.php/news/item/718-dk

လာမည့်ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြု (PR) စနစ်ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် ခြိမ်းခြောက်ခံနေရပါတယ်။

ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ ဆက်သွယ်ခြိမ်းခြောက်တာ၊ လွှတ်တော်အတွင်းမှာ စောင်းမြောင်း ပြောဆိုတာ၊ မီဒီယာတွေမှာလဲ သမိုင်းတရားခံအဖြစ် ရေးသားဖော်ပြမှုတွေ ကြုံတွေ့နေရတယ်လို့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဇွန်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

NDF ပါတီဝင် တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်က ခြိမ်းခြောက်ခံနေရတဲ့အတွက် စိုးရိမ်တဲ့အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။ “ဖုန်းကနေတစ်ဆင့် ကိုယ်ရေးကိုယ်တာတွေ မိသားစု အရေးကိစ္စတွေအထိ မေးမြန်းနှောက်ယှက်တာတွေ ကြုံရတယ်။ အန်တီက နေပြည်တော်မှာ ရှိနေပေမဲ့ ရန်ကုန်က မိသားစုကို စောင့်ကြည့်နေတဲ့ပုံစံမျိုးအထိ ဖြစ်လာတော့ နည်းနည်းတော့ စိုးရိမ်တာပေါ့”

PR စနစ် အဆိုတင်တဲ့ အချိန်က ပြည်နယ်တွေမှာ မကျင့်သုံးဘဲ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့ တင်ပြခဲ့ပေမယ့် တိုင်းရင်းသားပါတီ အများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ နားမလည်နိုင်ဘူးလို့ သူကဆိုပါတယ်။ ညီနောင်တိုင်းရင်းသားများပါတီ ဖက်ဒရေးရှင်းအဖွဲ့ဝင် တိုင်းရင်းသားပါတီတွေက PR စနစ်ကို အပြင်းအထန် ကန့်ကွက်ထားပါတယ်။ တိုင်းရင်းသား ပြည်နယ်တချို့မှာတော့ ဆန္ဒပြကန့်ကွက်မယ်လို့ ကြေညာထားပါတယ်။

မေမြတ်နိုးအကြောင်း

ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးခဲ့သူများ နာရေးအတွက်သာ ၀န်ကြီးဌာန တာဝန်ယူ


By
နိုင်လင်းအောင်
ရဲနိုင်
On
Tue, 2014-06-24 11:04
Location
ရန်ကုန်
Issue No.
No.419 Tuesday, June 24, 2014
http://www.7daydaily.com/story/13990#.U6l03rE1D9t
ဓာတ်ပုံ− နစ်ကီ

လှည်းတန်းဈေးအနီး တွင် ဓာတ်ကြိုးပြတ်ကျ၍ သေဆုံးသူနှစ်ဦးအတွက် လျှပ်စစ်စွမ်း အားဝန်ကြီးဌာနက နာရေးလိုအပ် ချက်များနှင့် ရက်လည်ဆွမ်း ကျွေးအတွက်သာ ဆောင်ရွက် ပေးကြောင်းနာရေးတွင် လိုက်ပါဆောင်ရွက်နေသည့် ဈေးသူ၊ ဈေးသားများကပြောသည်။

သေဆုံးသူနှစ်ဦးတို့အနက် အမျိုးသမီးငယ်ကို ထိန်ပင်သု သာန်နှင့်  အမျိုးသားကို ရေဝေး သုသာန်တွင် ဇွန်လ ၂၃ ရက် ညနေ ၃ နာရီက အသီးသီးမီး သင်္ဂြိုဟ်ခဲ့သည်။

‘‘ရက်လည်ဆွမ်းကျွေးရယ်၊ နာရေးရယ်အတွက် သွားရေး၊ လာရေးအားလုံးလုပ်ပေးတယ်။ ထောက်ပံ့ကြေးကတော့ အစအ ဆုံးဌာနကနေ ကူညီပေးတယ်’’ ဟု ကမာရွတ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးအောင်ကျော်မိုးညိုက ပြောသည်။

သေဆုံးသွားသည့် မိန်းက လေးသည် လှည်းတန်းဈေးထဲ တွင် ပြောင်းဖူးနှင့် ကုန်စိမ်း ရောင်းသော မိန်းကလေးဖြစ်ပြီး မိဘနှစ်ဦးကို အလုပ်အကျွေးပြု နေသော မိန်းကလေးဖြစ်သည်။

‘‘ကျွန်တော့် မြို့နယ်ထဲမှာ မတော်တဆပဲဖြစ်ဖြစ်၊ ဘာ ကြောင့်ပဲဖြစ်ဖြစ် ဌာနကတာဝန် ရှိတဲ့ ကျွန်တော့်ကိုပဲ အရေးယူ ဆောင်ရွက်သွားမှာပါ’’ဟု ကမာ ရွတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦး အောင်ကျော်မိုးညိုကပြောသည်။

ဇွန်လ ၂၁ ရက် ညနေ ၅ နာရီခွဲခန့်က လှည်းတန်းဈေးအနီး  ပေ ၅၀ လမ်းတွင် Main Service လျှပ်စစ်ကြိုး ပြတ်ကျခဲ့သော ကြောင့် ဓာတ်လိုက်၍ လူနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ ခြင်းဖြစ်သည်။

ထိုကဲ့သို့လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျ သေဆုံးခဲ့ခြင်းကြောင့် လျှပ်စစ်ဝန်ကြီးဌာနက ဖြေရှင်းပေးသင့်ပြီး တာဝန်ရှိသူများကိုလည်း အရေးယူမှုများ ပြုလုပ် သင့်ကြောင်း ပြည်သူများကြား ဝေဖန်မှုများလည်း ပေါ်ထွက်နေသည်။

“မဟာသန္တိသုခကျောင်းနှင့် ပတ်သက်၍ ဆရာတော်အရှင်ဆန္ဒာဓိက မိန့်ကြားချက်”


==============================================
“ကျောင်းကိုသိမ်းယူတယ်ဆိုတာ ခိုးယူတာနဲ့အတူတူပါပဲ။ ခိုးယူပြီးတော့မှ အပ်နှံတယ်
ဆိုတော့ အပ်နှံခံရတဲ့ ဒုတိယမြောက်လက်ခံသူက ခိုးရာပါပစ္စည်း လက်ခံတာနဲ့
အတူတူပါပဲ။ ပီနန်ဆရာတော်ဘုရားကြီးကို လှူစေချင်ပါတယ်ဆိုပြီး လက်မှတ်ထိုးမယ့် သံဃာတော်တွေက ၉၉.၉၉ ရာခိုင်နှုန်းရှိတယ် ”

တကယ်လို့သာ ဆရာတော်ကြီး တွေက သူတို့ကိုခွင့်လွှတ်ပေးလိုက်ပါကွာဆိုရင်
အလွယ်တကူ လွှတ်ပေးလို့ ရတယ်။ ဒကာမကြီး ဒေါ်အောင်ဆန်းစု ကြည်တောင်မှ
ဒီပဲယင်း အရေးအခင်း မှာ ကိုယ့်ကို အသေသတ်မှာကိုတောင် ခွင့်လွှတ်နိုင်ခဲ့တယ်ပေါ့။
အဲဒီတော့ လူဝတ်ကြောင် ဒကာမကြီးဒေါ်အောင် ဆန်းစုကြည်တောင်မှ ခွင့်လွှတ်
နိုင်တယ်ဆိုရင် ဗုဒ္ဓဘာသာပြန့်ပွားရေး အတွက် လုပ်ဆောင်နေတဲ့ သံဃာတော်တွေကို ဘာမှခွင့်မလွှတ်နိုင်စ ရာအကြောင်း မရှိဘူးလို့ မြင်ပါတယ်။ အဲဒီတော့ ဆရာတော်
သံဃာတော် တွေအနေနဲ့ ခွင့်လွှတ်နိုင်မယ်လို့ ယုံ ကြည်ပါတယ်။ ခွင့်လွှတ်နိုင်တဲ့
တစ်နေ့ အမြန်ဆုံးရောက်ပါစေလို့လည်း ဆုတောင်းပါတယ်။

သန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှု နဲ့ပတ်သက်ပြီး သတင်းစာတွေထဲမှာ လည်းပါ
နေပြီးသားပဲလေ။ ပီနန်ဆရာတော်ဘုရားကြီးဆိုတာ ဦးဇင်းတို့ စာသင်သား
ဘ၀ကတည်းက ဆရာတော်ဘုရားအတ္ထုပ္ပတ္တိတို့၊ စာရေးဆရာတွေကရေးထားတာ
အင်မတန်မှ ကြည်ညိုလေးစားခဲ့တဲ့ ဆရာတော် ဘုရားကြီးပါ။ ပြည်ပသာသနာပြု
လုပ်ငန်းတွေ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ တာပေါ့နော်။

အဲဒီတော့ မြန်မာပြည် ပြန်ရောက်လာတော့လည်းပဲ မြန်မာ နိုင်ငံကနေ ကမ္ဘာအနှံ့ သာသနာပြု နိုင်တဲ့ သာသနာ့အာဇာနည် ပုဂ္ဂိုလ် တွေအများကြီး ပေါ်ပေါက်
လာအောင် ဖော်ထုတ်ခဲ့တယ်။ အဲဒီတော့ သူ့ကို ကူညီခဲ့တာ ပြည်တွင်းပြည်ပက လူ တွေအများကြီးပါတယ်။ နိုင်ငံတော် လူကြီးပိုင်းဆိုင်ရာက တချို့လည်းပါ တယ်ပဲပြောရမှာပေါ့နော်။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဦးတစ်ယောက် တည်း ကုသိုလ်ကတော့မဟုတ်ဘူး ပေါ့နော်။ နိုင်ငံတော်အစိုးရပိုင်ငွေနဲ့ နိုင်ငံတော်တစ်ခု
တည်းရဲ့ကောင်းမှုနဲ့ ဆောင်ရွက်ထားတာ မဟုတ်ဘူး။ ဆရာတော်ကို ကြည်ညိုကြတဲ့
အလှူရှင်အားလုံးရဲ့ ကောင်းမှုနဲ့တည် ဆောက်ထားတာ ရေစက်ချကတည်း က သံဃာကိုလှူဒါန်းတာ။ သံဃာ ကို လှူတယ်ဆိုပေမဲ့လို့ ဒီကျောင်းကို ထိန်းသိမ်း
စောင့်ရှောက်မယ့် ပုဂ္ဂိုလ် ကတော့ အများဒကာ၊ဒကာမတွေ သတ်မှတ်ထားတဲ့
ဆရာတော်ကိုပဲ လှူဒါန်းတာ။ ဆရာတော်ဘုရားကြီး ကိုပဲ ဒီကျောင်းကို အုပ်ချုပ်စီမံဖို့
အတွက် လှူဒါန်းထားပြီးသား။ နောက် ပိုင်းကျတော့မှ အခြားအဖွဲ့တစ်ခုကို လွှဲပြောင်းလိုက်တယ်ပေါ့နော်။ မဟန က ပိုင်တယ်လို့ပြောလို့မရဘူး။
ဆိုင် တာပေါ့လေ။ ပီနန်ဆရာတော်ဘုရား ကြီးကတော့ သူ့ကိုလှူဒါန်းထားတဲ့
အတွက်ကြောင့်မိုလို့ ပိုင်တာပေါ့နော်။

၂ နှစ်သင်တန်းပေးတဲ့အချိန်တုန်း က ၂၀၀၀ ပြည့်နှစ်တုန်းက ဦးဇင်း တို့ရောက်ဖူး
ပါတယ်။ အဲဒီကျောင်း မှာ အင်မတန်မှအေးချမ်းပြီးတော့ စာရေးလို့လည်း ကောင်း၊
တရားအား ထုတ်လို့လည်း ကောင်းတဲ့နေရာ။ အဲ ဒီကတည်းက ဒီကျောင်းကို
ထိန်းသိမ်း စောင့်ရှောက်ကြတဲ့ ဂေါပကခေါင်း ဆောင်တချို့ရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ သတင်းတော့ ကြားနေရတာ ပေါ့လေ။ အဲဒီတော့လည်း ဘာတွေ ဖြစ်မလဲဆိုတာမျိုး သံသယဖြစ်နေ ကြတာပေါ့လေ။ နောက်ဆုံးကျတော့ သူတို့ရဲ့အပြစ်တွေကို ဖုံးကွယ်
ချင်တဲ့ အတွက်ကြောင့် ဆရာတော်ဘုရား ကြီးက နိုင်ငံရေးလုပ်နေပါတယ်၊ အစိုးရကို
ဆန့်ကျင်နေပါတယ်နဲ့ အဲဒီ တုန်းက ဒကာကြီးဦးခင်ညွန့်က ဒီ ကျောင်းကို ပြန်လည်
သိမ်းယူလိုက်တာပေါ့။ အဲဒီတော့ ဆရာတော်ဘုရားကြီးကို လှူဒါန်းထားတဲ့
အတွက် ကြောင့် သိမ်းယူပိုင်ခွင့်မရှိဘူး။ တစ် နည်းပြောရင်တော့ သံဃာကို
လှူထားတာမိုလို့ ပီနန်မပိုင်ဘူး၊ မဟနပဲပိုင်တယ်ဆိုတော့ သံဃာကိုလှူထားတယ်
ဆိုမှတော့ အစိုးရလည်း ပြန် လည်သိမ်းယူပိုင်ခွင့်မရှိဘူး။

ဆရာတော်ဘုရားကြီးကိုယ်တိုင်က ကြည် ကြည်ဖြူဖြူ ကျေကျေနပ်နပ်နဲ့ စွန့်လွှတ်
လိုက်တာမဟုတ်တဲ့အတွက် ကြောင့် ဒီကျောင်းကို သိမ်းယူတယ်ဆိုတာ ခိုးယူတာနဲ့အတူတူပဲပေါ့နော်။ ခိုးယူပြီးတော့မှ အပ်နှံတယ်ဆိုတော့ အပ်နှံခံရတဲ့ ဒုတိယမြောက်လက်ခံ သူက ခိုးရာပါပစ္စည်းလက်ခံတာနဲ့ အတူတူပါပဲ။
အခုချိန်မှာ ခိုးရာပါ ပစ္စည်းဆိုတာလည်း လူတွေကလည်း သိထားပြီးသားပဲပေါ့။
ဒါပေမဲ့လည်း အကြောင်းမညီညွတ်လို့ ပြန်ပေးပိုင် ခွင့်မရှိဘူး၊ အခုချိန်မှာ မူလပိုင်ရှင်
ကပဲ ဒီကျောင်းကို အုပ်ချုပ်စီမံပြီး တော့ ကမ္ဘာ့သာသနာပြုအာဇာနည် ပုဂ္ဂိုလ်တွေ အများကြီး ပေါ်ပေါက် လာအောင် ပြုစုပေးတော့မယ်၊ မွေး ထုတ်ပေးတော့မယ်ဆိုပြီး
သတင်း စာထဲမှာ ကြေညာတာပဲလေ။ အဲဒီ သင်တန်းတွေသာ ဆရာတော်ဘုရားကြီး ဖွင့်ခွင့်ရမယ်ဆိုရင်တော့ ကမ္ဘာ့ သာသနာပြုပုဂ္ဂိုလ်တွေ အများကြီး ပေါ်ထွက်လာမှာပေါ့။

တခြားတခြားလည်းပဲ ကမ္ဘာ့သာ သနာပြု ပုဂ္ဂိုလ်တွေပြုစုပျိုးထောင် နေတာရှိပါတယ်။
ဒါပေမဲ့ ဆရာတော် ဘုရားကြီးက ပြည်ပနိုင်ငံတွေမှာ နှစ် ပေါင်း ၂၀ ကျော်သာသနာ
ပြုခဲ့တာ ဆိုတော့ ပြန်လည်မျှဝေတဲ့အခါမှာ စာသင်သားတွေ နိုင်ငံခြားသွားတဲ့ အခါ ပညာအရည်အချင်းတွေနဲ့ပြည့် စုံသွားကြတယ်။ ပြီးတော့ ဆရာတော် ဘုရားကြီး
မှာ ကျောင်းတွေ ကမ္ဘာအ နှံ့မှာ ရှိတဲ့အတွက်ကြောင့်လည်း ဒီ သင်တန်းမှာအောင်မြင်
သွားတဲ့ ပညာ အရည်အချင်းပြည့်ဝသွားတဲ့ သံဃာ တော်တွေဟာ ပြည်ပသာသနာပြု လုပ်ငန်းလုပ်ကိုင်ခွင့်လည်း ချက်ချင်း လက်ငင်းရကြရမယ်ပေါ့လေ။

အခု ခေတ်စကားနဲ့ပြောမယ်ဆိုရင် အရပ် ဘက်ဆေးတက္ကသိုလ်က ဆရာဝန် ဖြစ်သွားတဲ့ လူတွေက ဆရာဝန်ဖြစ် သော်ငြားလည်း အလုပ်အကိုင် အ ခွင့်အလမ်းမသေချာဘူး။
ဒါပေမဲ့တပ် မတော် ဆေးတက္ကသိုလ်ကနေ ဘွဲ့ ရသွားတဲ့ လူတွေကတော့ ချက်ချင်း ရာထူးလည်းရတယ်။ နေရာဌာနက လည်း ရတယ်။ အဲဒီတော့ ဆရာ တော်
ဘုရားကြီးရဲ့ကျောင်းတိုက်က တော့ အဲဒီလိုအခွင့်အလမ်းပေးနိုင် တာပေါ့လေ။
ဒါကြောင့်မို့ ဒီကျောင်း တော်ကြီးကို ဆရာတော်ကြီးကိုယ် တိုင်အုပ်ချုပ်စီမံပြီးတော့ သာသနာ ပြုခွင့်မရတာဟာ အင်မတန်ဝမ်းနည်း စရာကောင်းတယ်။

မြတ်စွာဘုရားရှင်လက်ထက်က တည်းက ရှိခဲ့တဲ့ ရှင်သာရိပုတ္တရာ၊ အရှင်မဟာ
မောကလန် အစရှိတဲ့ အ ရိယာသံဃာတော်တွေ အရှင်သူမြတ် ကြီးတွေ အပါအ၀င်ပေါ့နော်။ ခေတ် တစ်လျှောက်လုံးရှိခဲ့တဲ့ သံဃာတော် တွေအားလုံးရော၊ အခုလောလော ဆယ်ပုစ္စုပ္ပန်မှာ ရှိနေကြတဲ့ သံဃာ တော်တွေအားလုံးရော
ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား အစရှိတဲ့ သံဃာ တော်တွေ တစ်ကမ္ဘာလုံး အရှေ့၊ နောက်၊တောင်၊မြောက် သံဃာတော် တွေအားလုံးရော နောင်တစ်ချိန်မှာ
ပေါ်ပေါက်လာတဲ့ သံဃာတော်တွေ အားလုံးရော အတိတ်၊ ပစ္စုပ္ပန်၊ အ နာဂတ်
ကာလသုံးပါးလုံးမှာ ရှိရှိသမျှ သော သံဃာအားလုံးကို လှူဒါန်းတာပါ။

ကျောင်းတိုက်တစ်ခုချင်းစီမံတာ ကျတော့ ပဋိကတ်တော်မှာလည်း ရှိ ပြီးသား။ သံဃာတော်တွေလည်းသိ ပြီးသား။ဂေါပက ဆိုတာ လုံခြုံစေသူတို့ အဓိပ္ပာယ်ရတယ်။ မြန်မာလိုဆိုရင် တော့ ဒီကျောင်းတိုက်ကို ထိန်းသိမ်းစောင့်ရှောက်
တဲ့သူပေါ့။သံဃာတော်အားလုံး လက်ခံ ထားတာက ဒီမဟာသန္တိသုခကျောင်းတိုက်ကို ထိန်းသိမ်းစောင့်ရှောက်သူ ဟာ ပီနန်ဆရာတော်ဘုရားကြီးပေါ့။ ငါးသိန်းသော သံဃာတော်တွေကို လက်မှတ်ထိုးခိုင်းမယ်ဆိုရင် ပီနန်ဆရာတော်ဘုရားကြီးကို
လှူစေချင်ပါတယ်ဆိုပြီး လက်မှတ်ထိုးမယ့်သံဃာတော်တွေက ၉၉.၉၉ ရာခိုင်နှုန်း
ရှိတယ်။

ဇော်မင်းထွန်း
အတွဲ (၂) အမှတ်စဉ် ၁၈၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။

ဘာသာရေးကိုအကြောင်းပြု၍ နိုင်ငံရေးဟောပြောပါက အရေးယူမည်ဆိုသော်လည်း တိုင်ကြားမှုများ မရှိသေးဟုဆို


..နေမျိုးဝေကိုဖမ်းပါ

(7daydaily)
လူမျိုးရေး၊ ဘာသာရေး ကို အကြောင်းပြုပြီး ပဋိပက္ခများ ဖြစ်စေရန် နိုင်ငံရေးပါတီအချို့၏ ခေါင်းဆောင်များက ဟောပြော နေကြောင်း သက်သေအထောက် အထားဖြင့် တိုင်ကြားလာမှု မရှိ သေးသဖြင့် အရေးယူမှုပြုလုပ်နိုင် ခြင်း မရှိသေးကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်မှ သတင်းရရှိသည်။

‘‘အကြားနဲ့တော့ ကျွန်တော် တို့က ဘာမှလုပ်လို့မရဘူး။ တကယ်လို့ ဘာသာရေးကို နိုင်ငံ ရေးအရ အလွဲသုံးနေတယ်လို့ အထောက်အထားအပြည့်အစုံနဲ့ တိုင်လာရင် ဥပဒေအတိုင်းလုပ် မှာပါ’’ ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောသည်။

ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ဘာသာရေး၊ လူ မျိုးရေးကို အကြောင်းပြုပြီး အဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောနေကြောင်း အထောက်အထား အခိုင်အလုံဖြင့် တိုင်ကြားလာမှုများ မရှိသေး ကြောင်းလည်း ၎င်းကဆိုသည်။

လူမျိုးရေး(သို့) ဘာသာရေး (သို့) လူတစ်ဦးချင်း(သို့)လူအများ စုနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပေါ် စေနိုင်သည့် သိက္ခာနှင့်ကိုယ်ကျင့် တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု (သို့)စည်း ရုံးမှုပြုလုပ်ခြင်း၊ ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားလုပ် ခြင်းတို့ကို ပြုလုပ်ပါက နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်းမှ ပယ်ဖျက် မည်ဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတွင်ပါရှိ သည်။

ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ် ပြန်ထားသော လွှတ်တော်ကိုယ် စားလှယ်လောင်းများ စုဝေးဟော ပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ဆိုင်ရာ ပြဋ္ဌာန်းချက်တွင်လည်း ဘာသာရေးကို နိုင်ငံရေးတွင် အလွဲသုံးစားပြုလုပ်ခြင်း မလုပ် ဆောင်ရန် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် နိုင်ငံရေး ပါတီအချို့မှ ခေါင်းဆောင်ပိုင်းအ ချို့သည် ဘာသာရေး၊ လူမျိုးရေး ဦးတည်သောဟောပြောမှုများကို မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် တွေ့ရှိလာရသည်။

ဘာသာရေးနှင့် လူမျိုးရေး ကို အကြောင်းပြုပြီး ဦးတည်ဟော ပြောနေမှုများသည် လူမျိုးရေးအဓိကရုဏ်းများ ဖြစ်စေနိုင်သည့် အပြင် ယင်းအကြောင်းအရာများ အပေါ် အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်မထုတ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောသည်။

ပုံရိပ်ဆိုရင်ဆိုင်းဘုတ်ကစဖြုတ်ရမှာ



ပါတီပုံရိပ်ထိခိုက်စေသူများ ပါတီမှထုတ်ပစ်ရန် ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ ဆုံးဖြတ်ထား
By-ရန်မျိုးနိုင်
 (7daydaily)
အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်း ပါတီပုံရိပ်ကို ထိခိုက်စေပြီး ပြည်သူလူထု မကြိုက်နှစ်သက်သည့် သူများကို ထုတ်ပယ်ရန် ပါတီဗဟိုက ဆုံးဖြတ်ထားကြောင်း သတင်းရရှိသည်။

နိုင်ငံရေး ဦးဆောင်ပါတီတစ်ခု ဖြစ်နေသည့်အတွက် ပြည်သူလူထု မလိုလားသူများ၊ မကြိုက်နှစ်သက်သူများရှိနေပါက ပါတီ၏ ပုံရိပ်ကို ထိခိုက်စေနိုင်သည့်အတွက် ပါတီဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးတင့်ဇော်ကပြောသည်။

ပါတီပုံရိပ်ကို ထိခိုက်စေသူများအား အရေးယူမှုများ စတင် ပြုလုပ်နေပြီဖြစ်ပြီး ယင်းပုဂ္ဂိုလ်များကို လုပ်ငန်းတာဝန်များ ပေးအပ်ခြင်းမရှိတော့ဘဲ ပြည်သူလူထုမှ ထောက်ခံမှုရှိနိုင်သည့်သူများကိုသာ တာဝန်ပေးအပ်မှုမျိုးကို လုပ်ဆောင်နေသည်ဟု ဦးတင့်ဇော်က ဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်သူ့ပါတီတစ်ခု ဖြစ်စေရန် ပြောင်းလဲနေသည့်အတွက် ပြည်သူလူထု ထောက်ခံမှုမရှိသူများကို လဲလှယ်ခြင်းသည် ဖြစ်သင့်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း နယ်မြို့အချို့၌ ပြုလုပ်ခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ရန် ထောက်ခံသည့် ဆန္ဒထုတ်ဖော်မှုအချို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အချို့ ပါဝင်ခဲ့ကြသည်ဟု မီဒီယာများ၌ ရေးသားဖော်ပြခဲ့ကြသည်။

၂၀၁၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နေရာအများစု အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ကာ လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အင်အားအကြီးဆုံးပါတီတစ်ခု ဖြစ်သည်။

သို့သော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်မူ အနိုင်ရရှိခဲ့ခြင်းမရှိပေ။

ယခုနှစ်ပွင့်လင်းရာသီတွင် ကျင်းပပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် လစ်လပ်မဲဆန္ဒနယ် နေရာ ၃၀ လုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဒီနေ့ကာတွန်း

ထောက်လှမ်းရေး အရိပ်မည်းကြီး ပြန်ပေါ်လာပြီလား၊



Eleven Media Group

 အစိုးရအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းတပ်ဖွဲ့(ထောက်လှမ်းရေး) မှတစ်ဆင့် ပုဂ္ဂလိက သတင်းမီဒီယာများအား ခေါ်ယူမေးမြန်းခြင်းသည် သတင်းလွတ်လပ်ခွင့်ကို တိုက်ရိုက်ထိန်းချုပ်ရန် ကြိုးပမ်းသကဲ့သို့ ဖြစ်နေ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့ (ထောက်လှမ်းရေး) က ပုဂ္ဂလိကသတင်း မီဒီယာများမှ တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် ပုဂ္ဂလိက သတင်းမီဒီယာ အားလုံးကိုလည်း ခေါ်ယူမေးမြန်းမည်ဟု သတင်းရရှိသည်။ ယင်းကဲ့သို့ လုပ်ဆောင်မှုသည် ပုဂ္ဂလိက သတင်းမီဒီယာများအား တိုက်ရိုက်ထိန်းချုပ်ရန် လုပ်ဆောင်သကဲ့သို့ ဖြစ်နေပြီး သမ္မတလက်မှတ်ဖြင့် မကြာခင်က အတည်ပြုပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေပါ အချက်အလက်များနှင့်လည်း ကွဲလွဲနေကြောင်း ဝေဖန်မှုများရှိနေသည်။

ယခုလက်ရှိအချိန်တွင် သတင်းရဲတပ်ဖွဲ့မှ မီဒီယာများအား ခေါ်ယူမေးမြန်းမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးသတင်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီးကျော်ကျော်ဟန်က "လိုအပ်တဲ့ အကြောင်းအရာ အပိုင်းတွေရှိလို့ တွေ့ဆုံမေးမြန်းတာဖြစ်တယ်။ ဒီလို ခေါ်ယူမေးမြန်းတဲ့အခါမှာ ငွေကြေးကိစ္စတွေက သတင်းရဲတပ်ဖွဲ့နဲ့ဆိုင်လားလို့ ပြောနေကြတယ်။ ကျွန်တော်တို့က သတင်းရဲတပ်ဖွဲ့ဆိုတော့ သတင်းနဲ့ပတ်သက်တာတွေ အားလုံးနဲ့ သက်ဆိုင်တယ်။ ဒါကြောင့် အဓိကတော့ သတင်းနဲ့ ပတ်သက်တာမှန်သမျှကို ခေါ်ယူ ဆွေးနွေးမေးမြန်းတာ ဖြစ်တယ်။ ကျွန်တော်တို့အလုပ်က လုံခြုံရေးဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့လုပ်ငန်းရဲ့ လိုအပ်ချက်တွေအရ ခေါ်ယူမေးမြန်းတာပါ။ အခု မီဒီယာတွေအနေနဲ့ သတင်းရေးတဲ့အခါမှာ သတင်းအချက်အလက်တွေကို ရရှိဖို့ ဘယ်လိုလုပ်နေတယ် ဆိုတာကိုလည်း မေးမြန်းတယ်" ဟု ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မီဒီယာများအား ခေါ်ယူဆွေးနွေးမေးမြန်းရာတွင် သက်ဆိုင်ရာမီဒီယာများမှ တာဝန်ရှိသူများ၏ အချိန်ပေးနိုင်သည့်ရက်တွင်သာ တွေ့ဆုံမေးမြန်းနေကြောင်း၊ ယခုလက်ရှိအထိ မီဒီယာငါးခုအား မေးမြန်းထားပြီးဖြစ်ကြောင်းနှင့် မီဒီယာအားလုံးကို တွေ့ဆုံမေးမြန်းမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

"သတင်းတပ်ဖွဲ့အနေနဲ့ သတင်းဂျာနယ် တိုက်တွေကိုခေါ်ပြီး မေးမြန်းနေတယ်လို့ ကြားရပါတယ်။ ဒီကိစ္စပတ်သက်လို့ ပြောရမယ်ဆိုရင် (၁) နိုင်ငံတော်သမ္မတ ကိုယ်တိုင် အသိအမှတ်ပြု ဖွဲ့စည်းပေးထားတဲ့ စာနယ်ဇင်းကောင်စီဆိုတာ ရှိတယ်။ (၂) အဲဒီစာနယ်ဇင်းကောင်စီနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ ရေးဆွဲထားတဲ့ သတင်းမီဒီယာဥပဒေဆိုတာရှိပြီ။ (၃) ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းတပ်ဖွဲ့က ဘာတွေသိချင်တယ်ဆိုတာ စာနယ်ဇင်းကောင်စီကို အကြောင်းကြားရပါမယ်။ (၄) အခုတော့ ဘာမှအသိမပေးဘူး။ ခေါ်စစ်တာလား၊ ဖိတ်ခေါ်တာလား ဘာမှမသိရဘူး။ ရဲထောက်လှမ်းရေးအနေနဲ့ စာနယ်ဇင်းတွေအပေါ် ဒီလိုဆက်ဆံတာမကြိုက်ဘူး။ လိုအပ်ရင် စာနယ်ဇင်းကောင်စီကို အရင်မေးပါ။ အခု ဒီလိုလုပ်နေတာက စာနယ်ဇင်းကောင်စီကို အသိအမှတ်မပြုရာရောက်တယ်။ သက်ဆိုင်ရာအစိုးရကိုယ်တိုင် အသိအမှတ်မပြုရင် ဘယ်သူက အသိအမှတ်ပြုမှာလဲ။ အခု သတင်းတပ်ဖွဲ့က စာနယ်ဇင်းတွေရဲ့ သတင်း ဘယ်လိုရယူနေတယ်ဆိုတာကအစ မေးမြန်းစစ်ဆေးမယ်လို့ ဆိုတာဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့သဘောလားဆိုရင် ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်တဲ့လုပ်ရပ်ပဲလို့ ပြောရမှာပဲ။ သတင်းစာဂျာနယ်တွေ ဘာလို့အရှုံးခံပြီး ထုတ်နေတာလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ကျွန်တော်ကြားရတာဆိုရင် စာရွက်တစ်ရွက်ကို ၄၀ လောက်ကျတဲ့ သတင်းစာကို တစ်စောင် ၅၀ နဲ့ ရောင်းနေတဲ့ သတင်းစာတိုက်တောင် ရှိတယ်ပြောတော့ သူတို့က စိတ်ဆိုးသေးတယ်။ အစိုးရကိုယ်တိုင်က ကြားမနေဘဲ ဘက်လိုက်နေတော့ ဘယ်လိုလုပ်မလဲ"ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဌ ၀ါရင့်သတင်းစာဆရာကြီး ဖိုးသောကြာက ပြောကြားသည်။

လက်ရှိအချိန်တွင် The Voice Daily၊ မြန်မာ့ပို့စ်၊ သံတော်ဆင့်နှင့် The Unity အပါအ၀င် သတင်းမီဒီယာငါးခုအား ခေါ်ယူမေးမြန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

" SB ကခေါ်မေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်အမြင်ကို ဖေ့ဘွတ်ခ်ပေါ်မှာလည်း ရေးတင်ထားပါတယ်။ အဲဒီထဲကအတိုင်းပါပဲ။ သီးခြားထပ်ပြီးပြောချင်တာကတော့ ဒီကိစ္စမှာ ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည် ဖြစ်စေ သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်ပြီး ခြိမ်းခြောက်သလိုမျိုးဖြစ်သွားတယ်"ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှုးဖြစ်သူ The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေက ပြောပါသည်။

" SB လို့အများသိထားတဲ့ ရဲအထူးသတင်းတပ်ဖွဲ့က ကျွန်တော်တို့ အပါအ၀င် မီဒီယာအချို့ကို အရှုံးအမြတ်ကိစ္စတွေနဲ့ ပတ်သက်ပြီး ခေါ်မေးတယ်။ ကျွန်တော် မသိလို့မေးချင်တာက အဲဒါ သတင်းတပ်ဖွဲ့ရဲ့ အလုပ်လား၊" စ"သုံးလုံးလို့ သိထားကြတဲ့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ရဲ့ အလုပ်လားလို့ အဲလိုခေါ်မေးခွင့်ကို ဘယ်သူက အပ်နှင်းတာလဲ။ ခေါ်မေးဖို့အတွက် ဘယ်သူက ဘယ်ဥပဒေကိုသုံးပြီး အမိန့်ညွှန်ကြားချက်ထုတ်တာလဲ။ ဘာအထောက်အထားမှ မပါဘဲ ဘာတရားဝင်စာမှမရှိဘဲ ဒီလိုလက်လွတ်စပယ်အပေါ်စီးကနေ ခေါ်မေးတာဘာ သဘောလဲဆိုတဲ့ မေးခွန်းတွေပေါ်လာတယ်။ ဥပဒေနဲ့အညီ၊ ဥပဒေနဲ့အညီ ပြောလွန်းတဲ့ အစိုးရက အခုကိစ္စကိုရော ဘယ်ဥပဒေ၊ ဘယ်ပုဒ်မ၊ ဘယ်အပိုဒ်၊ ဘယ်စာကြောင်းက ပြဋ္ဌာန်းချက်ကို ကိုးကားပြီးလုပ်တာလဲ။ ဒီ နေ့ ဒီကာလမျိုးမှာ အရင်စနစ်ဆိုးက အိမ်ကြီးပေါ် အိမ်ငယ်ဆောက်၊ အိမ်ငယ်ပေါ် ထပ်ခိုးဆောက်ထားတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ တရားလက်လွတ် လုပ်ပုံကိုင်ပုံအတိုင်း ဖြစ်မနေဘူးလား"ဟူ၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှုးဖြစ်သူ The Voice Daily အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

"နေ့စဉ်သတင်းစာတွေ ကိုယ့်ချွေးနဲစာ (ကျွန်တော်တို့ဆို အပတ်စဉ်ထုတ်က ၀င်ငွေ) နဲ့ ရပ်တည်ပြီး အရှုံးခံထုတ်နေတာကို သိသိချည်းနဲ့ တမင်အဲလိုဖြစ်ပြီး ပုဂ္ဂလိက သတင်းစာတွေ တဖြည်းဖြည်းရပ်သွားအောင် ရည်ရွယ်ချက်ရှိရှိ ဘယ်သူလုပ်နေတာလဲ။ အဲလိုရပ်သွားရင် အဆင်သင့် ၀င်ဖျာခင်းလို့ရအောင် ဘယ်ဒီမိုကရေစီနိုင်ငံမှာမှမရှိတဲ့ ဥပဒေတစ်ခုပြဋ္ဌာန်းပြီး အသင့်ပြင်ထား တာ ဘယ်သူတွေလဲ"ဟူ၍လည်းကောင်း "အစိုးရရဲ့ အရေးယူမှု၊ သံသယနဲ့ စောင့် ကြည့်မှုတွေ တောက်လျှောက်ခံလာရတဲ့ ကျွန်တော်တို့မီဒီယာကို အခုရဲသတင်းတပ်ဖွဲ့က ခေါ်မေးတာ ဒေါသမဖြစ်သင့်ဘူးလား။ ဒါ ကျွန်တော်တို့ရဲ့ ဂုဏ်သိက္ခာ၊ အဆင့်အတန်းကို စော်ကားတယ်လို့ မြင်တယ်။ ဥပဒေ ကို မထေမဲ့မြင်လုပ်တယ်လို့ ယူဆတယ်။ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ကို အိုးမဲသုတ်တယ်လို့ ပြောချင်တယ် " ဟူ၍ လည်းကောင်း ကိုကျော်မင်းဆွေ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

"အမှန်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးသွားနေတဲ့ သွားနေတယ်ဆိုတဲ့နိုင်ငံမှာ လူတွေက ယုံကြည်တဲ့ ဥပဒေချိုးဖောက်တာ မဟုတ်ဘူးဆိုရင် ခေါ်ယူစစ်ဆေးလို့ မရဘူး။ အဲ့ဒီလို ခေါ်ယူစစ်ဆေးလို့ မှန်တယ်ထင်နေရင် သူတို့နားလည်ထားတဲ့ ယူဆချက်တွေ ဒီမိုကရေစီကို နားလည်ထားတာတွေက တော်တော်လေးကို လွဲနေတယ်။ သူတို့ သိချင်တဲ့ အချက်အလက်ရှိရင် လာမေးဖို့ လိုတယ်။ ခေါ်မေးမယ်ဆိုရင်တော့ သူတို့လက်ထဲမှာ ခိုင်မာတဲ့ အထောက်အထားရှိမှ ခေါ်မေးလို့ရမယ်။ နိုင်ငံတော်လုံခြုံရေးဆိုတာတော့ အရင်ခေတ်ကတည်းက တစ်လျှောက်လုံးပြောခဲ့တာပဲ။ အဲ့ဒီစကားလုံး သုံးလိုက်တဲ့အချိန်မှာ အရင်ခေတ်တုန်းက ဘာမှပြောလို့မရတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အဲ့ဒီစကားလုံးသုံးပြီး နှစ်ပေါင်းများစွာ ဖမ်းထားခဲ့တာ ပဲ။ ဘာမှလည်း အထောက်အထားမရှိဘူး။ အမှန်အတိုင်းပြောရင်တော့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန် မဟုတ်ဘူး။ အရင် အာဏာရှင်ခေတ်တုန်းက လုပ်ခဲ့တာလို့ ပြောရမှာပါ။ ဒီအပေါ်မှာ ပြောရရင်တော့ မြန်မာဂျာနယ်လစ်ကွန်ရက်ဆိုတာထက် ပုံနှိပ်ထုတ်ဝေအသင်းတို့ စာနယ်ဇင်းကောင်စီတို့က ဦးဆောင်လုပ်တာ ပိုကောင်းပါတယ်။ ကျွန်တော်တို့ ကတော့ သတင်းသမား၊ သတင်း လွတ်လပ်ခွင့်ကို အဓိက ဦးစားပေးပြီး တက်တက်ကြွကြွ လုပ်ပါတယ်။ ကျွန်တော်တို့ကတော့ မီဒီယာတိုက်တွေကို ဒီလိုလုပ်တဲ့ ကိစ္စအပေါ်မှာ သဘောမတူပါဘူး" ဟု ဦးမြင့်ကျော် (အထွေထွေအတွင်းရေးမှုး မြန်မာဂျာနယ်လစ်ကွန်ရက်) က ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို့ လုပ်ဆောင်မှုများသည် သတင်းမီဒီယာဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီခြင်းမရှိကြောင်း သုံးသပ်မှု များ ရှိနေသည်။ သတင်းမီဒီယာဥပဒေတွင် သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များ၊ သတင်းမီဒီယာလုပ်ငန်း ထူထောင်ခြင်း၊ အရေးယူခြင်း၊ ပြစ်မှု ပြစ်ဒဏ်များကို ပြဋ္ဌာန်းထားပြီး သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များကိုလည်း ပြဋ္ဌာန်းထားပြီးဖြစ်သည်။

၂၀၁၄ ခုနှစ် မတ် ၁၄ ရက်နေ့စွဲဖြင့် ပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေ အခန်း (၃) သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များ အခန်းတွင်
- သတင်းမီဒီယာသမားများသည်
(က) ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ လွတ်လပ်စွာ ဝေဖန်ထောက်ပြအကြံ ပြုရေးသားခွင့်ရှိသည်။
(ခ) နိုင်ငံသားတိုင်းသိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထား အမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ် လွှင့်ခွင့် ရှိသည်။ ဟူ၍ ဖော်ပြထားသည်။

ထို့ပြင် အခန်း (၈) ပါ အရေးယူခြင်းနှင့် ပတ်သက်၍လည်း
၂၁။ နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာသမား တစ်ဦးက ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့်ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်ဟူ၍ ဖော်ပြထားသည်။

"ဥပဒေရှုထောင့်က ပြောရမယ်ဆိုရင် စုံစမ်းစစ်ဆေးခြင်းဆိုတဲ့အဆင့်ကို ဘယ်အချိန်မှာ စရတယ်ဆိုတာ နှစ်ချက်ရှိပါတယ်။ ပြစ်မှုကျူးလွန်တယ်လို့ ရဲကိုယ်၌က စုံစမ်းသိရတာက တစ်ပိုင်း၊ ပြည်သူက တိုင်ကြားအမှုဖွင့်တာကတစ်ပိုင်း ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာမှ စုံစမ်းမေးမြန်းခွင့် စတင်ပေါ်ပေါက်တယ်လို့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေက အတိအလင်းပြဌာန်းထားတယ်။ အခုလိုမျိုးသတင်းရတာလဲ မဟုတ်၊ ပြီးတော့ အမှုအဖြစ်ရှိနေတာလဲမဟုတ်၊ အမှုဖွင့်ထားခြင်းလဲ မရှိတဲ့ဟာကို စုံစမ်းစစ်ဆေးတယ်ဆိုတာက ဥပဒေနဲ့မညီပါဘူး။ အမှုအခင်းလဲမရှိ ပထမသတင်းပေးတိုင်ချက်လဲမရှိဘဲ အုပ်ချုပ်ရေးပိုင်းက ဥပဒေဘောင်ကျော်ပြီး ဆောင်ရွက်တယ်ဆိုရင် တရားစီရင်ရေးပိုင်းကနေ အပြန်အလှန်ထိန်းကျောင်းခွင့်ရှိပါတယ်။ ဒီ့အတွက် စုံစမ်းခံရသူတွေဘက်က ကျွန်တော်တို့လို လွတ်လပ်တဲ့ရှေ့နေတွေကို ဒီကိစ္စအပ်လာမယ်ဆိုရင် လက်ခံဆောင်ရွက်ပေးဖို့အသင့်ပါပဲ။ တရားစီရင်ရေးပိုင်းက အပြန်အလှန်ထိန်းကျောင်းခွင့်အာဏာကို ကျင့်သုံးခြင်းက ပြည်သူ့အခွင့်အရေးကို ကာကွယ်ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက ဘယ်ဥပဒေမှာမှ အမှုအခင်းမဖြစ်၊ ပထမသတင်းပေးတိုင်ချက်မရှိ၊ အမှုဖွင့်ထားတာလဲမရှိဘဲနဲ့ အမှုစုံစမ်းမေးမြန်းခွင့်ကို ဘယ်သူ့အပေါ်မှ အပ်နှင်းထားတာမရှိပါဘူး" ဟု ကိုဖိုးဖြူ (ဥပဒေပညာရှင်) ကဆိုသည်။

ယခုကဲ့သို့ သတင်းတပ်ဖွဲ့မှ ပုဂ္ဂလိကသတင်းမီဒီယာများအား ခေါ်ယူမေးမြန်းနေ ခြင်းနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန် ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော် ကျော်ထွန်းက " ခေါ်ကတည်းကိုက မီဒီယာ တွေနဲ့ပတ်သက်ပြီးတော့ ဘယ်လိုတွေလုပ် နေကြလဲ။ ဒါကို ဆွေးနွေးတဲ့သဘောပဲ။အဆင်ပြေတဲ့အချိန်လာပါ။ ဘယ်နေ့လာနိုင် မလဲ။ လာနိုင်တဲ့နေ့ကိုလာပါ ဘယ်သူလာမှာလဲ။ ဒီလိုပဲမေးပြီးတော့ ခေါ်ပြီးတော့ ဆွေးနွေးတာ။ စစ်ဆေးမေးမြန်းတယ်ဆိုတာက အဲဒီလိုမဟုတ်ဘူးလေ။ ဟုတ်တယ်မ ဟုတ်လား။ အခုဟာက တစ်ယောက်နဲ့တစ် ယောက် ခေါ်ပြီးတော့ ဆွေးနွေးတာ။ သူတို့ လည်းသိပါတယ်။ တချို့ဂျာနယ်တွေဆိုလို့ ရှိရင်လည်း တကယ့်အောင်မြင်နေတဲ့ ဂျာနယ်တွေရှိတယ်။ ဒီဂျာနယ်တွေနဲ့ပတ်သက် ပြီးတော့မှ ဘယ်လိုတွေ လုပ်နည်းလုပ်ဟန်ကြောင့် အောင်မြင်နေသလဲ။ တချို့ဟာတွေ ကြတော့လည်း မအောင်မြင်တာတွေရှိတယ်။ ဒါ အခြေခံအကြောင်းတရားလေးတွေသိချင် လို့ ခေါ်ပြီးဆွေးနွေးတာပါ။ စစ်ဆေးမေးမြန်း တဲ့သဘောမဟုတ်ပါဘူး။ ဟိုကိစ္စ (ဦးဆန်းဆင့်ကိစ္စ) နဲ့ပတ်သတ်လို့ ဘာမှတော့ မပြော ချင်ပါဘူး။ မပြောသေးပါဘူး။ ဒီမီဒီယာ ကိစ္စကတော့ သူဟာနဲ့သူ လုပ်ငန်းလေးတွေ ဆောင်ရွက်မှုအခြေအနေတွေသိချင်လို့ ခေါ် ပြီးတော့ မေးတဲ့သဘောပါ"ဟု ဇွန် ၂၃ ရက်က လွှတ်တော်၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။

သတင်းတပ်ဖွဲ့၏ ခေါ်ယူမေးမြန်းခြင်းခံခဲ့ရသော မြန်မာသံတော်ဆင့်ဂျာနယ် တာဝန်ခံအယ်ဒီတာ (သတင်း) ဦးအောင်ထွန်းလင်းက"အဓိက ကတော့ ကျွန်တော်တို့ ဂျာနယ်စောင်ရေ ဘယ်လောက်ရှိသလဲ။ ဒီဂျာ နယ်ကို ဘယ်လိုပုံစံမျိုးကနေ တည်ထောင် လာတာလဲ စတာတွေမေးတယ်။ ကျွန်တော် တို့ဆီက ဒုတိယအယ်ဒီတာချုပ်သွားတွေ့ခဲ့ပြီး မေးမြန်းချိန် တစ်နာရီခွဲလောက်ကြာတယ်။ ကျွန်တော်တို့ဂျာနယ် ဘယ်လိုလည် ပတ်နေရသလဲ။ ဘယ်နေရာမှာ ဘယ်လိုဖြန့်နေလဲ ဆိုတာတွေကအစ ဖြေခဲ့ရ၊ ထုတ်ပြော ခဲ့ရတာတွေရှိတယ်။ ဒါဟာဘာလဲဆိုရင် ဂျာနယ်တစ်စောင်ရဲ့ ထရေးဒင်းပိုင်းကို ချပြ လိုက်ရတာတွေဖြစ်နေတယ်။ ဒီအချက်အလက်တွေက ဈေးကွက်လက်ဝါးကြီးအုပ်မှု အရဆိုရင် သုံးလို့ရတယ်။ အကျိုးသက်ရောက်မှုက မကောင်းဘူး။ နောက်တစ်ခုက ကျွန်တော်တို့ဂျာနယ်ရဲ့ ကလောင်နာမည် တွေကို မေးတာတွေရှိတယ်။ ဒီလိုအမေးခံရတဲ့အတွက် ဘယ်လိုမျိုးခံစားရသလဲဆိုရင် အရင်အစိုးရလက်ထက်မှာ စာပေစိစစ်ရေး က ကလောင်နာမည်တွေလိုက်ပြီး ဘယ်သူ ဘာလဲ၊ ဘယ်လဲဆိုပြီး လိုက်ပြီး စုံစမ်းတာ တွေရှိတယ်။ သူတို့အဲ့လို မေးလိုက်တာဟာ အရင်အစိုးရလက်ထက်က ပုံစံမျိုးနဲ့တူနေတော့ ကျွန်တော်တို့အနေနဲ့ သဘောမကျ ဘူး။ အခုလို စုံစမ်းမေးမြန်းခံရတာဟာ လက်ရှိအစိုးရမှာ ၀န်ကြီးတွေ အဖမ်းခံရတာတွေ၊ အလုပ်ထုတ်ခံတာတွေကြောင့်လို့ ထင်မြင်ပါတယ်"ဟု ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က ပြောကြားခဲ့သည်။

"ဇွန် ၂၁ ရက်က ကျွန်တော့်ရုံးကို သူတို့ဆီက ၀န်ထမ်းတစ်ယောက်လာပြောတယ်။ ကျွန်တော်က ဇွန် ၂၂ ရက်မှာ သွား တွေ့တယ်။ နေရာက ပန်းဆိုးတန်း အရင် ပတ်စ်ပို့ရုံးဟောင်းနေရာပါ။ ဟိုရောက်တော့ ရုံးခန်းထဲမှာ သုံးလေးယောက်လောက်ရှိ တယ်။ ကျွန်တော့်ကို မေးတာကတော့ တစ်ယောက်တည်းပါ။ မေးတာက ကျွန်တော်တို့ ဂျာနယ်ရဲ့ ရပ်တည်မှုရယ် အရှုံးအမြတ်တွေရယ် ၀င်ငွေထွက်ငွေတွေကိုမေးတယ်။ နောက်ပြီး အရင်ဂျာနယ်အစမှာလုပ်တဲ့ အယ်ဒီတာအဖွဲ့တွေနဲ့ သတင်းထောက်တွေကိုလဲမေးတယ်။ ကျွန်တော်က ၂၀၁၃ ခုနှစ် ငါးလပိုင်းမှာ စအလုပ်ဝင်တာ။ အရင်စလုပ်တဲ့သူတွေကိုတော့ မသိဘူးဖြေတယ်။ ဂျာနယ်ရဲ့ ၀င်ငွေထွက်ငွေတွေကတော့ ကျွန်တော်တို့ရဲ့ စီအီးအိုနဲ့ အုပ်ချုပ်ရေးပိုင်းပဲသိတာပါ။ ကျွန်တော်မသိပါဘူး။ ထုတ်ဝေသူကို မေးတယ်။ နောက်ပြီး လက်ရှိဂျာနယ်ရဲ့ရပ်တည်မှုရယ်၊ လက်ရှိလူဦးရေတွေကိုမေးတယ်။ ကျွန်တော်နဲ့ တွေ့တဲ့အချိန်က နာရီဝက်ကြာပါတယ်" ဟု ယူနတီဂျာနယ်၏ ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်းက သတင်းတပ်ဖွဲ့နှင့် တွေ့ဆုံခဲ့မှုအပေါ် ပြန်ပြောကြားခဲ့သည်။

"ငွေကြေးခ၀ါချမှု ရှိ မရှိ သိချင်တယ်ဆိုရင် ဒါလည်းလွယ်တာပဲ။ မြန်မာနိုင်ငံမှာ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးဥပဒေကို ၂၀၁၄ ခုနှစ် မတ် ၁၄ ရက်မှာ ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းထားတယ်။ နောက် အဲဒီဥပဒေအရ စစ်ဆေးဆောင်ရွက်ဖို့ အဖွဲ့တွေရှိပြီးသားပဲ။ အဲဒီအဖွဲ့တွေကပဲ စစ်ရမှာပေါ့။ နိုင်ငံအတွက် တကယ်အကျိုးရှိမယ့် ငွေကြေးခ၀ါချမှု စစ်ချင်တယ်ဆိုရင်တော့ အခုအစိုးရသစ်လက်ထက် သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် IMC ရဲ့ခွင့်ပြုချက်နဲ့ မြန်မာနိုင်ငံသားလုပ်ငန်းရှင်ကြီးတွေ မြှုပ်နှံထားတာ ကျပ်ဘီလျံပေါင်း ၃၀၀၀ ကျော်အထိရှိတယ်။ ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်ကနေ ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်နေ့အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှုဥပဒေအရ မြှုပ်နှံထားတဲ့ပမာဏ တစ်မျိုး တည်း ကျပ်ဘီလျံပေါင်း ၃၀၀၀ ကျော်ရှိတာ။ အဲ့ဒီငွေတွေကမှ ရလမ်းသေချာစစ်မထားတဲ့ ငွေတွေပဲ။ သေချာတယ် အဲဒီငွေတွေထဲမှာ အခွန်မဆောင်ထားတဲ့ ငွေတွေပါကိုပါတယ်။ ငွေကြေးခ၀ါချမှု ရှိမရှိစစ်ချင်ရင် ဒါတွေကို MIC ဆီက စာရင်းတောင်းပြီးစစ်ပေါ့။ နောက်တစ်ခု အရေးအကြီးဆုံးအချက် ကျန် သေးတယ်။ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီနဲ့ အဖွဲ့အစည်းပေါင်း ၄၁၀၀၀ ကျော်ရှိတယ်။ မနှစ်ကအထိ အခွန်ဦးစီးဌာန က စာရင်းမှာရှိနေတာ ကုမ္ပဏီပေါင်း ၂၀၀၀၀ တောင်မပြည့်ဘူး။ အဲဒီ ၂၀၀၀၀ မပြည့်တဲ့ကုမ္ပဏီထဲမှာ ဟန်ပြအခွန်ဆောင်တဲ့ကုမ္ပဏီက အများကြီးပါသေးတယ်။ အဲ့ဒါ တွေလိုက်စစ်လေ။ တစ်လက်စတည်းပြောရ ဦးမယ်၊ ဘယ်ပြည်ထောင်စုဝန်ကြီးရဲ့သား က ဘယ်ရွှေတူးတဲ့လုပ်ငန်းမှာ ပတ်သက်နေတယ်၊ ဘယ်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ သားက ဘယ်လုပ်ငန်းတွေမှာ ပတ်သက်နေ တယ်ဆိုတာ ဒီကိစ္စကိုခိုင်းတဲ့သူတွေကိုယ့်ကိုယ်ကိုယ် သိကြပါတယ်" ဟု ဂျာနယ်လစ်တစ်ဦးက ပြောကြားသည်။

"ငွေကြေးခ၀ါချမှုနဲ့ပတ်သက်ပြီး မေးရလောက်အောင် လက်ရှိမီဒီယာတွေရဲ့ အနေအထားက MIC မှာရှိတဲ့စာရင်းထဲက တကယ်မေးသင့်တဲ့လုပ်ငန်းကြီးတွေနဲ့ ယှဉ်ရင်သေးသေးလေးပါ။ ရာနဲ့ချီတဲ့ ပုဂ္ဂလိကပုံနှိပ်မီဒီယာတွေအားလုံးရဲ့ ပိုင်ဆိုင်မှု၊ ၀င်ငွေအားလုံးပေါင်းရင်တောင် SkyNet ရဲ့ ပိုင်ဆိုင်မှုကိုမမီဘူး။ ခရိုနီတွေ လာဘ်ပေးလာဘ်ယူလုပ်တဲ့ အစိုးရတာဝန်ရှိသူအချို့နဲ့ မိသားစုဝင်တွေရဲ့ပိုင်ဆိုင်မှုနဲ့ ယှဉ်လိုက်ပါဦး။ ငွေရေးကြေးရေးအချက်အလက်တွေ၊ အခွန်ကိစ္စရပ်တွေကို အခွန်ဦးစီးဌာနမေးရင်ရပါတယ်။ သတင်းတပ်ဖွဲ့နဲ့မဆိုင်ဘူး။ သတင်းရဲတပ်ဖွဲ့မို့ သတင်းနဲ့ပတ်သက်တာတွေအားလုံးဆိုင်တယ်၊ ခေါ်မေးလို့ရတယ်၊ လုံခြုံရေးအရမေးလို့ရနိုင်တယ်ဆိုပေမယ့် မေးချင်ရင် ဘယ်လိုလုံခြုံ ရေးလည်း ကြည့်ရမယ်။ သတင်းဘယ်လိုရတယ်။ သတင်း Source က ဘယ်လိုဆိုတာမေးရင် သတင်းစာကျင့်ဝတ်အရ မဖြေနိုင်ဘူး။ ဒါဟာအာဏာရှင်စနစ်ကို ပြန်သွားနေတာ၊ သတင်းတပ်ဖွဲ့လို့ခေါ်တဲ့ထောက်လှမ်းရေးက လုံခြုံရေးအကြောင်းပြချက်နဲ့ အာဏာကိုသုံးပြီးလုပ်တာဟာ စာပေစိစစ်ရေး ရှိထားသလိုပဲ သတင်းမီဒီယာတွေအားလုံးရဲ့အထက်က ချုပ်ကိုင်ဖို့ကြိုးစားတာ၊ ခြိမ်းခြောက်တာပါပဲ။ စစ်အစိုးရလက်ထက်ထက်ဆိုးတဲ့ အခြေအနေပဲ။ သတင်းမီဒီယာဆိုတာ သူပုန်မဟုတ်ဘူး။ တရားမ၀င်ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ဥပဒေနဲ့မညီဘူးလို့ ယူဆရသူတွေကို ခေါ်ယူမေးမြန်းနိုင်ပေမယ့် အားလုံးကိုခေါ်မေးတာ မလုပ်ရဘူး။ ဒါဟာ ဥပဒေနဲ့မညီညွတ်ဘူး။ ဥပဒေနည်းလမ်းမကျတဲ့အတွက် ကျွန်တော်တို့ Eleven Media Group အနေနဲ့မဖြေနိုင်ဘူး။ ဒီလိုလုပ်ရပ်တွေကို အစိုးရအနေနဲ့ ရပ်တန်းကရပ်သင့်ပြီ" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းတပ်ဖွဲ့က ပုဂ္ဂလိက သတင်းစာနှင့် ဂျာနယ်များကို ခေါ်ယူမေးမြန်းမှုသည် မည်သည့်ညွှန်ကြားချက်ကြောင့်(သို့) သမ္မတရုံး၏ ညွှန်ကြားချက်ကြောင့် ဟုတ်မဟုတ် သိရှိလိုကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်အား အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ "ကျွန်တော် သိရသလောက် သမ္မတရုံးအနေနဲ့ စစ်ဆေးဖို့ သီးခြားညွှန်ကြားထားတာ မရှိပါဘူး။ သတင်းတပ်ဖွဲ့အနေနဲ့ သူတို့စုံစမ်းစစ်ဆေးဆဲ ကိစ္စများနှင့် ပတ်သက်ပြီး ပြည့်စုံတဲ့ သတင်းအချက်အလက်များရနိုင်ဖို့ စုံစမ်းလေ့လာတာ ဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကို မေးရင် ပိုပြီးတိတိကျကျ သိနိုင်ပါတယ်။ ဘယ်သူတွေကို ခေါ်ယူမေးမြန်းနေတယ်ဆိုတာ ကျွန်တော်အသေးစိတ် မသိပါဘူး။ လိုအပ်တဲ့ ဆက်စပ်တဲ့သူတွေကို ဥပဒေနဲ့အညီခေါ်ယူ မေးမြန်းမှု ပြုလုပ်ဆဲဆိုတာပဲ သိပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရဲသတင်းတပ်ဖွဲ့(ထောက်လှမ်းရေး)က သတင်းမီဒီယာများအား ခေါ်ယူမေးမြန်းခဲ့သလို ထပ်မံ၍လည်း သတင်းမီဒီယာအားလုံးကို ခေါ်ယူမေးမြန်းဦးမည်ဟု တရားဝင်ပြောကြားလာခဲ့သည်။ ထို့ကြောင့် အာဏာရှင်များ၏ ခွေးသွားစိတ်သဖွယ် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော ထောက်လှမ်းရေးအရိပ်မည်းကြီး ပြန်ပေါ်လာပြီလားဟူသောမေးခွန်းများ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

သတင်းမီဒီယာများအား ခေါ်ယူမေးမြန်းသည့် ရန်ကုန်မြို့ပန်းဆိုးတန်းလမ်းရှိ ရဲသတင်းတပ်ဖွဲ့ (ရန်ကုန်တိုင်း) ရုံး (ယခင်ပတ်စ်ပို့ရုံး) အားတွေ့ရစဉ်

ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများကို သိမ်းယူ


နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများကို သာသနာရေးဝန်ကြီးဌာနက ပြန်လည်သိမ်းယူ
Published on: June 23, 2014
Written by:
နေပြည်တော်သတင်းအဖွဲ့

နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်အား ဇွန် ၂၃ ရက်က တွေ့ရစဉ်

နိုင်ငံတော်မှပေးထားသော ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ နေအိမ်ရှိပစ္စည်းများအား သာသနာရေးဝန်ကြီးဌာနမှ ပြန်လည်သိမ်းယူခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၄ ခုနှစ် ဇွန် ၂၃ ရက် နံနက်ပိုင်းတွင် သိန်းတစ်ရာခန့် အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူခံထားရသည့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ နေပြည်တော်ရှိ နိုင်ငံတော်မှပေးထားသော နေအိမ်ရှိပစ္စည်းများအား သာသနာရေးဝန်ကြီးဌာန၏ ၀န်ထမ်းများက လာရောက်သယ်ယူသွားခဲ့ကြောင်း ပတ်ဝန်းကျင်ရှိ မျက်မြင်သက်သေများပြောပြချက်အရ သိရသည်။

"ဒီနေ့ မနက် ၉ နာရီဝန်းကျင်က ကားတွေနဲ့လာပြီး အဲဒီအိမ်ကပစ္စည်းတွေကို သယ်ယူသွားတာတော့တွေ့တယ်။ ကျွန်မတို့လည်း အဲဒီအနားကို ကပ်လို့မရတာနဲ့ အဝေးကပဲကြည့်နေရတယ်။ အဲဒီမှာလုံခြုံရေးရဲတွေလည်းပါတယ်။ ဘယ်သူ့အိမ်မှန်းတော့မသိပါဘူး" ဟု ရတနာသိဒ္ဓိရပ်ကွက်တွင် နေ့စားအလုပ်လုပ်သူတစ်ဦးကဆိုသည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏နေအိမ်သည် ဒုတိယ၀န်ကြီးများအား နိုင်ငံတော်မှချပေးထားသည့် ရတနာသိဒ္ဓိရပ်ကွက် ရေနီလမ်း အိမ်အမှတ် ၂၁၈၉ တွင် ပြည်ထောင်စုဝန်ကြီးထမ်းဆောင်ချိန်တွင် နေထိုင်ခဲ့ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဇွန် ၁၉ ရက်တွင် လယ်ဝေးမြို့နယ် ယက်ကန်းစင်တောင်ကျေးရွာ၌ နှစ်ကျိပ်ရှစ်ဆူ အောင်တော်မူစေတီတော် ထီးတော်တင်ပွဲတွင် ဌာနပိုင်ဘဏ္ဍာငွေ အလွဲသုံးစားပြုလုပ်မှုဖြင့် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် (စ.စ.စ) အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုအမှုဖွင့်တိုင်ကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မြို့နယ် တရားရုံးတွင် ဇွန် ၁၉ ရက်က ပထမဦးဆုံးအကြိမ်အဖြစ် ရုံးထုတ်ခဲ့ကြောင်း၊ အဆိုပါနေ့ ညနေပိုင်းတွင် ဦးဆန်းဆင့်အား ရမည်းသင်းထောင်၌ ထိန်းသိမ်းထားရှိပြီး လာမည့်ဇူလိုင်လဆန်းတွင် ဒုတိယအကြိမ်အဖြစ် ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်
 http://news-eleven.com

မ.ဘ.သ ကနုတ်ထွက်ပြီ

တောကြောင် အံ့မောင် လက်ပမ်းမောင်းခတ်မလား



၁၉၈၈ မြန်မာ့စစ်ဘက်ဆိုင်ရာမှ အကြမ်းဖက် သတ်ဖြတ်ကာ နိုင်ငံတော် အာဏာအရပ်ရပ်အား သိမ်းယူပြီးနောက်တွင် အထူးသဖြင့် ရဟန်းသံဃာများအား ဖမ်းဆီးထောင်ချမှု စစ်ကြောသတ်ဖြတ်မှု နှင့် အစဖြောင့် သုတ်သင်ရှင်းလင်းမှုများအား အထူးကြပ်မတ် အကြံပေးဆောင်ရွက်ခဲ့သည့် တဦးတည်းသော သူမှာ ဦးအံ့မောင် ဖြစ်ကြောင်း စားရေးသူတွင် တိကျစွာ သက်သေ အထောက်ထားများ အချက်လက်များ သိမ်းဆည်းထား၏။။။ သိသာထင်ရှားအောင် ထောက်ပြရသော် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးခံရသော ဟာသ လူရွှင်တော် ကိုသူရ (ဇာဂနာ) နှင့် တနေရာတည်း ချုပ်နှောင်ခံရသော အရှင် ဆန္ဒိမာ အား စစ်ထောက်လှမ်းရေး အမှတ်(၆) ရေကြည်အိုင်တွင် မည်သို့ နှိပ်စက်ခဲ့ကြောင်း ၂၀၁၁ ခု အစောပိုင်းတွင် ပြန်လည် လွတ်မြောက်လာသော ကိုသူရ (ဇာဂနာ) ၏ ပထမဆုံး ရင်းတွင်းဖြစ် ဖွင့်ဟမှုများတွင် ဦးစွာ ၄င်း၏ အတွေ့ကြုံအား တင်ပြပြောဆိုခဲ့ဘူးလေသည်။

၁၉၉၀ ခုနှစ်မှ ၁၉၉၆ ခုနှစ် ကျောင်းသားအရေးခင်း ကာလတလျောက်တွင် ဖမ်းဆီးခံရသော သံဃာတော် ၂၆၉ ပါး ရှိပြီး ၊ စစ်ထောက်လှမ်းရေး စခန်းများတွင် ပျံလွန်တော် မူခဲ့လေသော သံဃာတော် ၄၇ ပါး ရှိကြောင်း …ယခု ပြင်ပသို့ရောက်နေသော စစ်ထောက်လှမ်းရေးဆိုင်ရာ သုတေသန နှင့် မှတ်တမ်း ဌာနမှ အမည်မဖေါ်လိုသူ အရာရှိကြီး (ဗိုလ်မှူး) မှ စာရေးသူအား ပြောပြလေသည်။

ဗိုလ်ချုပ်ကြီးဟောင်း (ယခု) ဦးခင်ညွန့်အား ၁၉၉၁ ခုနှစ်တွင် ဦးအံ့မောင်သည် တိုင်းပြည်အ၀ှမ်းနှင့် တိုင်းပြည်ပြင်ပသို့ ရောက်ရှိ သတင်းသုံးနေကြသော သံဃာတော်များအား စည်းရုံးသိမ်းသွင်းသည့်အနေဖြင့် ဘွဲ့တံဆိပ်များ ဆက်ကပ်ရန် အကြံပေးနည်းလမ်းပြခဲ့ပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့်မှ ၄င်း၏ အမိန့်ဖြင့် ဘုန်းတော်ကြီးကျောင်းများအား ဆရာတော်များ ခရီးသွားရန် ကား ၊ အပြင်းပြေကြည့်ရှု့ဇိမ်ခံနိုင်ရန် ဘလက် အန် ၀ှိုက် ၁၈ လက်္မ တယ်လီဗေးရှင်း များအပြင် မြန်မာ့အလင်းသတင်းစာတိုက်တွင်ပင် ဆက်ကပ်၇န် ဘွဲ့တံဆိပ်ပေါင်းများစွာအား ပုံနှိပ်ရိုက်ထုတ် ဘောင်သွင်း၍ နိုင်ငံအနှံ့ သံဃာတော်များ ဘုန်းကြီးကျောင်းများသို့ ပေးပို့ လှူဒါန်းမှုများ ပြုလုပ်ပြခဲ့သည်ကို စာဖတ်သူများ ပြန်လည် တွေးတော စဉ်းစားနိုင်ကြမည် ထင်ပါသည်။

ဗိုလ်ခင်ညွန်၏ ကလိမ်ဆင် ဇာတ်လမ်းရှည်သည် ၂၀၀၄ ခုနှစ် နိုဝင်ဘာတွင် အဆုံးသတ်သွားပြီးနောက် အကြီးမားဆုံးနှင့် ပြောင်မြောက်ဆုံး သံဃာ့ဖိနှိပ် သတ်ဖြတ်ပွဲကြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့မှ စ၍ ဒီရေတက်လာသကဲ့သို့ အရှိန်မြင့်လာသည်ကို တွေ့ခဲ့ကြဘူးလေမည်။ ထိုအချိန်တွင် ၀န်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး စိုးဝင်းမှာ သွေးကင်ဆာရောဂါဖြင့် အိပ်ရာထဲတွင် ဘုံးဘုံးလဲနေခဲ့ပြီး ယာယီ ၀န်ကြီးချုပ်အဖြစ် ညောင်နှစ်ပင် ညီလာခံ ဥက္ကဌ ( ညောင်စောင့် ရုက္ခစိုး) ဗိုလ်ချုပ်ကြီး သိန်းစိန်အား အရေးပေါ် နေပြည်တော်မှ ခေါ်ယူကာ တာဝန်ထမ်းဆောင် စေခဲ့ရာ နေပြည်တော် စစ်မဟာဗျူဟာ ကွပ်ကဲရေးရုံးတွင် ဗိုလ်ချုပ်ကြီး သိန်းစိန် (ယခု) သမ္မတ ဦးသိန်းစိန်သည် ဦးအံ့မောင်နှင့် တွဲဖက်ကာ ၂၀၀၇ ရွှေဝါရောင် ဆရာတော် သံဃာတော်များ ကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာ ရေးဆွဲချမှတ်ရာတွင် တက်ညီလက်ညီ လုပ်ဆောင်ခဲ့ကြလေသော သွေးသောက်ရဲဘော်များ ဖြစ်ခဲ့ရပြန်လေသည်။
၁၈ ရက် ဒီဇင်ဘာ (၂၀၀ရ) မဂ္ဂင်ကျောင်းကို စစ်အစိုးရက မတရားပိတ်ပစ်ခဲ့သည်ကို ရုပ်သံမှတ်တမ်း ရိုက်ကူးရန် ကြိုးစားသူများ ဖမ်းဆီးခံရသည် ဟု စာဖတ်သူများ ကြားကြဘူးလေမည်။ ထိုသို့ စွပ်စွဲပြီး အဖမ်းခံရသူများမှာ ဦးရေ ၂၀ ရှိပြီး၊ ဆရာတော် ဘုရားကြီး၏ တပည့်ဖြစ်သူ=အောင်ကြီး နှင့် မြတ်စံ ဆိုသူ ၂ ဦး ပါဝင်သည်ဟု မျက်မြင်များက ပြောကြားခဲ့လေသည်။

ကြံ့ဖွံ့ နှင့် စွမ်းအားရှင် စသည့် စစ်တပ် လက်ပါးစေများက ဆရာတော်ကြီးကို ရန်ကုန်နှင့် ၅ မိုင်အကွာ၊ တောင်တွင်းကြီး မြို့သစ်၊ ကျောင်းကုန်းကျောင်း သို့ အငှားယာဉ်ဖြင့် မပို့ပေးမီ အချိန်အထိ၊ မဂ္ဂင်ကျောင်းအနီးရှိ မီးကင်းတဲတွင် ဆရာတော်ကြီးက ၃ ရက် ကျော် သီတင်းသုံးခဲ့ရသည် ဆိုပါသည်။ ကျန်ကိုယ်တော်များကို မိမိတို့ ရပ်ရွာများသို့ အတင်းအကြပ် ပြန်ပို့ ခဲ့လေသည်။
ရပ်ကွက်က လူများက ပစ္စည်း ၄ ပါး ကပ်ကြသော်လည်း ကြံ့ဖွံ့များက ခြိန်းခြောက် တားမြစ် ကြကြောင်း၊ မှတ်ပုံတင် မိတ္တူများ ပေးထားရန် တောင်းကြောင်း၊ ဆရာတော်က ကြံ့ဖွံ့များ ကပ်သည့် ဆွမ်းကို မဘုန်းကြောင်း၊ ထိုသို့ နှိပ်ကွပ်မှုကို အနီးကပ် ညွှန်ကြားသူမှာ - စအဖ (စစ်ဖက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့) နှင့် တိုင်းမှူး လှဌေးဝင်း ဖြစ်ကြောင်း နှင့် ထိုအမိန့်အား ဦးအံ့မောင်မှတဆင့် ဗိုလ်ချုပ်မြင့်ဆွေက ဆက်လက် ညွန်ကြားနေကြောင်း ဖြစ်လေသည်။ ထိုအချိန်တွင် ဆရာတော်ကြီးက ဆေးဝါးများ လိုအပ်နေသည်ဟု မိန့်သဖြင့် ကျန်းမာရေး ထိခိုက်နေပုံရပါသည်။ ထိုအချိန်တွင် ဦးအံ့မောင်၏ စေလွှတ်မှုအရ ဒါရိုက်တာ ဇင်ယော် မောင်မောင်တို့အဖွဲ့ရောက်ရှိလာပြီး မဂ္ဂင်ကျောင်းထဲတွင် သံဃာတော်များ မတော်မလျော် လုပ်ကြောင်း ဇာတ်လမ်းများထွင်ကာ အတုယောင် မှတ်တမ်းများပင် လာရောက်ရိုက်ကူးခဲ့လေသည်။

၂၇ ရက်နေ့ ည ၁၀ နာရီ ၄၀ စက်တင်ဘာလ (၂၀၀၇ ) ခုနှစ်တွင် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်အတွင်းမှ ငွေကြာရံကျောင်းတိုက်အား အကြမ်းဖက် အဓမ္မ ၀င်စီးသော ကိစ္စအား ဗျူဟာရေဆွဲချမှတ်သူမှာ ယခု သမ္မတ ဦးသိန်းစိန် ဖြစ်ပြီး ထိုသို့ ၀င်ရောက်စီးနင်းဖမ်းဆီး၍ လုပ်ဆောင်ရန် အဓိက ချပြသူမှာ ဦးအံမောင်ဖြစ်ခဲ့ပြီး အဆိုပါကျောင်းတိုက်အား စီးနင်းမှုတာဝန်အား တလုံးတ၀ အကောင်ထည်ဖေါ်ခဲ့သူမှာ လက်ရှိ ရန်ကုန်တိုင်း ၀န်ကြီးချုပ် မြင့်ဆွေ ဖြစ်ခဲ့ပြီး ဘုန်းတော်ကြီးများ သံဃာတော် ငယ်များအား ဆောင့်ချောင့်ထိုင်းခိုင်းကာ ဖိနပ်ဖြင့် ဦးခေါင်းတို့အား ရိုက်နှက်ခဲ့သူမှာ လက်ရှိ ကြံဖွတ် အမတ်မင်းကြီး အောင်သိန်းလင်း(ယခင် ၂၀၀၇တွင်) ရန်ကုန်တိုင်း တိုင်းမှူးကြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းတိုက်မှ သံဃာတော် ၃၂ ပါး ဖမ်ဆီးခံခဲ့ရပြီး သံဃာတော် ၁၁ ပါးသာ အကျဉ်းထောင်သို့ ရောက်ရှိခဲ့သည်။ ကျန်သော သံဃာတော်၂၂ ပါးမှာ ယနေ့ထက်တိုင် ပြောက်ဆုံးနေလေသည်။

ထိုနေ့ ညနေအစေားပိုင်း( ၁၇ စက်တင်ဘာ ၂၀၀၇ ခုနှစ်) တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပတ်သက်သော အရေးပေါ် သတင်းတပုဒ်အား ယခု ပြည်တွင်းသတင်းဌာနတခုအဖြစ် သွားရောက်လုပ်ကိုင်နေပြီဖြစ်သော မဇ္ဇျိမ သတင်းဌာနတွင် (ယနေ့ညနေ လာအို စံတော်ချိန် ညနေ ၆ နာရီတွင် ဗီယန်ကျင်း လေဆိပ်သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် အဲယားပုဂံ လေယာဉ် ဆိုက်ရောက်ခဲ့ပြီး ခရီးသည် ၈ ဦး ပါရှိသည်ဟု သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် မိသားစုဝင် အရင်းအချာများ ဖြစ်သည်ဟု ဆိုသည်) ဆိုသော သတင်းအား အတိလင်း တင်ပြခဲ့လေသည်။ အကြောင်းမှာ ဦးအံ့မောင် နှင့် ဗိုလ်ချုပ်သိန်းစိန်တို့ ခြေလွန်လက်လွန် လုပ်ကိုင်ရန် အမိန့်ပေးထားခဲ့ပြီး ပြသနာ ကြီးကြီးမားမား ဖြစ်လာလျှင် ၄င်းနှင့် မသက်ဆိုင်ကြောင်း ငြင်းချက်ထုတ်နိုင်ရန် ရှောင်ထွက်သွားသည်ဟု အငြိမ်းစားဗိုလ်မှုကြီး တဦးမှ ၂၀၁၀ ခုနှစ်တွင် စာရေးသူအား ပြောပြခဲ့လေသည်။

ယခုနောက်ဆုံး အကြီးကျယ်ဖြစ်ပွားခဲ့သော လက်ပံတောင်းဒေသအတွင်း မီးလောင်ဗုံးများ ဖြင့် ပစ်ခွင်းခဲ့သော ကိစ္စရပ်တွင်လည်း ဦးအံ့မောင်သည် အဓိက အကြံပေးနေရာမှ ပါဝင်ခဲ့ပြီး ဗမော်ဆရာတော် ဘုရားကြီးမှ ထိုကိစ္စသည် မိမိအနေဖြင့် အလွန် ၀မ်းနည်းရပါကြောင်း ပြောဆိုလေမှ ဦးသိန်းစိန်တို့အစိုးရအဖွဲ့မှ ပြန်လည် တောင်းပန်ရန် ဆရာတော် ၀ီရသူ အား အသုံးချခဲ့ကြောင်း စာရေးသူတွင် ခိုင်မာစွာ အထောက်ထား ရှိပါ၏။
နောက်ဆုံး နေပြည်တော်တွင် လုပ်ငန်း ဦးစီးရေးရုံးဖွင့်လှစ်ထားသော တရုတ်ဝမ်ပေါင်ကုမ္မဏီမှ ဦးအံ့မောင်အား ဒေါ်လာ (ငါးသောင်း)ပေးအပ်၍ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီ နှစ်ဆူအား ထိုးချဖြိုဖျက်နိုင်ရန် လဒ်ထိုးခဲ့ကြောင်း ဦးအံမောင်မှ စစ်ဘက်ဆိုင်ရာ ဒုဗိုလ်ချုပ်ကြီး ဝေလွင်နှင့်တွေ့ဆုံကာ ဦးပိုင်အနေဖြင့် ဗမော်ဆရာတော်ဘုရားကြီးထံသို့ သာသနာရေး ၀န်ကြီးဌာနမှ ချင်းကပ်ကာ ဖြိုချဖျက်ဆီးခဲ့ကြောင်း စာရေးသူ တိတိပပ တင်ပြနိုင်ပါသည်။

နေပြည်တော်တွင် အဓမ္မ ဖျက်ဆီးခြင်းခံရသော ဘုန်းတော်ကြီးကျောင်း (၂၇)ကျောင်းရှိပြီး သာသနာရေးဦးစီးဌာနမှ ဦးအံ့မောင်၏ အကြံဥာဏ်ဖြင့် သံဃာတော် ၇ ပါးအား လူဝတ်လဲကာ ယခု တောင်ငူ အကျဉ်းထောင်ထဲသို့ ပို့ဆောင်ခဲ့လေသည်။

စာရေးသူ မှ ဦးအံ့မောင်၏ ယုတ်မာ ကောက်ကျစ် ဆိုးသွမ်းလွန်းသော အကြံဥာဏ်များအား ယခုကဲ့သို့ ဖေါ်ထုတ်ခဲ့ရခြင်းမှာ ဦးအံ့မောင်အား ပုဂ္ဂိုလ်ရေးအရ မုန်းတီးခြင်း မရှိခဲ့ရပေ လက်ရှိ ဖြစ်ပေါ်လာသော ဦးအံ့မောင်၏ လုပ်ကွက်များအား အများပြည်သူ တရပ်လုံး သိရှိနိုင်အောင် အတိုချုံးတင်ပြခဲ့ခြင်းသာ……

ဦးအံ့မောင်မှ စာရေးသူ တင်ပြခဲ့မှုများအား မကြေနပ်၍ တုံ့ပြန်ခြေပလိုပါလျင် သက်ဆိုင်ရာ တရားရုံးတခုခုတွင် အများပြည်သူ ကြားနာနိုင်သော တရားစစ် တရားစီရင်မှုများဖြင့် အချိန်မရွေုး လက်ပမ်းမောင်းခတ် စိန်ခေါ်နိုင်ကြောင်းပါ………..

မဟာသန္တိ သုခ ကျောင်းတော်၏ နောက်ကွယ်မှာ အသေးစိတ် ဇာတ်လမ်းအမှန်အား လိုအပ်လျင် ဆက်လက် ထုတ်ဖေါ်တင်ပြသွားရန် စိစဉ်ထားကြောင်း ဦးအံ့မောင် သိစေလိုပါသည်။

စာဖတ်သူများအား ကျေးဇူးအထူးတင်စွာဖြင့်
ဂိုလ်ရှယ်လေး