Friday, June 27, 2014

ဒီနေ့ကာတွန်း

နိုင်းစရာကုန်သွားတဲ့ဦးလှဆွေ


ဂျနီရဲ့တင်အာမခံက၂၇သန်းလောက်ရှိပါတယ်၊တခြမ်းပျက်လဲ၂၇သန်းရမှာပဲ
လစဉ်ကြေးတော့မသိ ... :P

(၃) နှစ်ကျော် အတွင်း သက်ငယ် မုဒိမ်းမှု (၁၀၀၀) ကျော်ရှိ



Messenger News Journal

(၃) နှစ်ကျော် အတွင်း သက်ငယ် မုဒိမ်းမှု (၁၀၀၀) ကျော်ရှိ ထက်ဝက်ခန့်မှာ (၁၀) နှစ်အောက် ကလေးအမှုများ ဖြစ်နေ
အစိုးရသစ် တာဝန်ယူချိန်မှ စ၍ ၂၀၁၄ ခုနှစ် မေလကုန်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ငယ်မုဒိမ်းမှု တစ်ထောင်ကျော် ဖြစ်ပွားခဲ့ပြီး ထက်ဝက်ခန့်မှာ အသက် (၁၀)နှစ်အောက် ကလေးအမှုများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သက်ငယ် မုဒိမ်းမှုများမှာ ၂၀၁၁ ခုနှစ် တွင်(၃၅၉)မှု၊ ၂၀၁၂ ခုနှစ်တွင် (၃၁၈) မှု၊ ၂၀၁၃ ခုနှစ်တွင် (၃၁၅) မှုနှင့် ၂၀၁၄ ခုနှစ် မေလကုန်ထိ (၁၆၀) မှု စုစုပေါင်း သက်ငယ် မုဒိမ်းမှု (၁၁၅၂) မှု ဖြစ်ပွားခဲ့ပြီး အမှု(၅၀၀) ကျော်မှာ အသက်(၁၀) နှစ်အောက် အမှုများ ဖြစ်ကြောင်း သိရသည်။
““သက်ငယ်မုဒိမ်းမှုတွေ လျော့ကျလာအောင် စီမံချက် ဆောင်ရွက် နေပါတယ်။ မိဘတွေ အနေနဲ့ကလည်း ကိုယ့်ကလေးကို တစ်ယောက်တည်း လွှတ်တာတွေ မလုပ်ဖို့ သတိထားသင့်တယ်””ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းဌာန ရဲအဖွဲ့မှူး ၀င်းစိန်က The Messenger Media သို့ပြောသည်။
သက်ငယ်မုဒိမ်းမှု ဆိုသည်မှာ အသက် (၁၈) နှစ်အောက် ကလေးငယ်များအား မုဒိမ်းမှု ကျူးလွန်ခြင်း ဖြစ်ပြီး၊ အသက်ခြောက်နှစ်သာ ရှိသေးသော ကလေးငယ် များလည်း ပါဝင်ကြောင်း သိရသည်။
““မိဘတွေက ကိုယ့်ကလေးကို ဒီအရွယ်လေးတွေမှာ ရင်အုပ်မကွာ စောင့်ရှောက် ထားသင့်တယ်။ ဒီကလေးတွေကို ကျူးလွန်တဲ့ သူတွေကိုလည်း တစ်ခါတည်းသေဒဏ် ပေးသင့်တယ်။ ကလေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ အဖွဲ့အစည်းတွေ လိုအပ်နေတယ်””ဟု ရန်ကုန်တိုင်း ဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ ဒေါ်အေးအေးမြင့်က ပြောသည်။
အဆိုပါ အမှုများ လျော့နည်းလာ စေရန် သက်ဆိုင်ရာ အသင်းအဖွဲ့များ၊ တာဝန်ရှိသူများ ပူးပေါင်းကာ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ရုပ်သံများတွင် ပညာပေး အစီအစဉ်များ ထုတ်လွှင့်ခြင်း၊ ဂျာနယ်များတွင် သတင်းဆောင်းပါးများ ဖော်ပြခြင်းစသည် တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားမှုအများဆုံး တိုင်းဒေသကြီးများမှာ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီး တို့ဖြစ်ပြီး ပြစ်မှု ကျူးလွန်ပါက ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူကာ ထောင်ဒဏ် (၁၀)နှစ်မှ တစ်သက်တစ်ကျွန်းထိ ကျခံနိုင်ကြောင်း သိရသည်။
အဆိုပါ သက်ငယ်မုဒိမ်းမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ကျူးလွန်သူ များအား သေဒဏ်ပေးရန် အဆိုကို လွှတ်တော်တွင် နှစ်ကြိမ်တိုင်တိုင် တင်သွင်း ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်မှ ပယ်ချ ခံခဲ့သည်။

ကိုအောင်စိုအားအာဏာပိုင်တို့ တရားစွဲထောင်ချရန်ပြင်ဆင်နေပြီ


Ko Han Win Aung
ကိုအောင်စိုး
အဖအမည်-ဦးစိုးမြင့်
အတန်းပညာ-မြန်မာစာဘွဲ့ ရ
အသက်-၃၈နှစ်
ကိုအောင်စိုးသည်ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်စတင်ထူထောင်စဉ်ကပင်
ပါဝင်ခဲ့ပြီးကွန်ရက်၏အလုပ်သမား၊လယ်သမား၊ဖိနှိပ်ခံနေရသောဆင်းရဲသားနင်းပြား
များလွတ်မြောက်ရေးလှုပ်ရှားမှုတိုက်ပွဲများတွင်တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့သည်၊
လက်ပံတောင်းတောင်ဒေသအားစစ်ခရိုနီတို့ မှကျွန်ပြုသွေးစုပ်နေမှုကိုဒေသခံများနှင့်
အတူပါဝင်ဆန့် ကျင်ခဲ့သည်၊၊လက်ပံတောင်ဒေသသပိတ်စခန်းများအားအရေးနှင့်ပတ်
သတ်၍ရန်ကုန်တွင်ဆန္ဒပြခဲ့ရာ၂-၁၂-၂၀၁၂ရက်တွင်ပုဒ်မ(၁၈)ဖြင့်ဖမ်းဆီးခံရပြီး၊အင်း
စိန်ထောင်ကိုပို့ ခံခဲ့ရသည်၊၊အင်းစိန်ထောင်မှ၁၁-၁၂-၂၀၁၂ရက်တွင်အာမခံဖြင့်ပြန်
လည်လွှတ်မြောက်ခဲ့သည်၊၊ကိုအောင်စိုးလက်ပံတောင်းဒေသကိုပြန်လည်ရောက်ရှိပြီး
နောက်ကြေးနီစီမံကိန်းအတွက်လျှော်ကြေးမယူထားသည့်မြေယာများကိုစစ်ခရိုနီ
တို့ မတရားသိမ်းပိုက်ထားသည်ကိုဆန့် ကျင်သောအားဖြင့်ကျောက်ကြီးတောင်ခြေ
အနီးလယ်သမားများ၏မြေသိမ်းတိုက်ပွဲတွင်ပါဝင်လှုပ်ရှားရာ၂၅-၄-၂၀၁၃ရက်မနက်
ဆယ့်တစ်နာရီတွင်ဖမ်းဆီးခံခဲ့ရသည်၊ကိုအောင်စိုး၊ဆည်းတည်းရွာမှဦးမောင်စန်း၊ကို
စိုးသူတို့ ဖမ်းဆီးခံရသည်၊ကိုအောင်စိုးအား၂၉၅၊၂၉၅(က)၊၁၄၃၊၁၄၇၊၅၀၀၊၄၄၇၊
၃၄၂၊၃၄၁၊၃၂၃၊၁၈၊၃၃၃၊၁၁၈၊၃၄ပုဒ်မ(၁၃)ခုတပ်ကာထောင်ဒဏ်၁၂နှစ်၆လချမှတ်ခဲ့
ကာသည်၊၁၅-၁၁-၂၀၁၃ရက်တွင်သမ္မတဦးသိန်းစိန်၏လွတ်ငြိမ်းသက်သာအမိန့် ဖြင့်
ရွေဘိုထောင်မှလွတ်မြောက်ခဲ့သည်၊၊ကိုအောင်စိုးထောင်မှလွတ်ပြီးနောက်မြေသိမ်းခံ
လယ်သမားအရေးကိုမတ္တရာ၊ဒေသတွင်ဆောင်ရွက်ခဲ့ရာမတ္တရာရဲစခန်းမှ၁-၅-၂၀၁၄
့တွင်ကိုအောင်စိုး၊ရွားသားများဖြစ်တဲ့ကိုမော်တင်၊မစန္ဒာဦး၊ဒေါ်ဒေါင်း၊ဒေါ်ကြည်စန်း၊
ကိုသိန်းထွန်းတို့ အား၄၄၇၊၄၂၇၊၁၁၄၊၅၀၆ပုဒ်မ၊၊၄-၅-၂၀၁၄တွင်ရဲမှထပ်မံပေးပို့ 
၊၅-၅-၂၀၁၄တွင်ကိုအောင်စိုး၊ကိုမော်တင်တို့ အား၁၄၃၊၁၄၄၊၁၄၅၊၅၀၅(ခ)ပုဒ်မ
တို့ ဖြင့်အစစ်ခံရန်ည(၉)နာရီတွင်ရဲမှစာပို့ သည်၊၊ရွာလူထုလက်မခံခဲ့ကြ၊၊ကိုအောင်
စိုးအားသည်လက်ပံတောင်းကိုရောက်ရှိနေစဉ်၁၈-၅-၂၀၁၄ရက်၌စစ်ခရိုနီဆန့် ကျင်
ရေးကျိမ်စာတိုက်ပွဲပြုလုပ်ရန်ရှိသော်လည်းဒေါ်အောင်ဆန်းဆန်းစုကြည်၏၂၀၀၈
ခြေဥပြင်ဆင်ရေးဟောပြောပွဲမန္တလေးအောင်ပင်လယ်တွင်ရှိနေသဖြင့်ကျိမ်စာတိုက်
ပွဲအားရက်ရွေ့ ဆိုင်းခဲ့သည်၊ထိုနေ့ မနက်(၁၀)နာရီတွင်လက်ပံတောင်းဒေသ၌မတ္တရာ
လယ်သမားအရေးဖြင့်ဖမ်းဆီးခံခဲ့ရသည်၊၊မတ္တရာဒေသ၊သပြေသာရွာလယ်သမားများ
၏မြေဧက(၄၀၀)ကိုစစ်တပ်နှင့်ခရိုနီတင်မြင့်တို့ မှပူးပေါင်းသိမ်းယူထားပြီးစံပြငါးကန်
ပြုလုပ်ထားသည့်အတွက်ထွန်တုံးတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်၊၊ယခုအခါကိုအောင်
စိုးအားမန္တလေးအိုးဘိုထောင်တွင်ချုပ်နှောင်ထားပြီး၊ကိုအောင်စိုးအား၂၅-၆-၂၀၁၄ရက်
တွင်ရုံထုတ်စစ်ဆေးသည်ကာအိုးဘိုထောင်ကိုပြန်လည်ပို့ ဆောင်လိုက်သည်၊၊
မတ္တရာတရားရုံး၌ရုံးတင်စစ်ဆေးကာပြစ်ဒဏ်ပေးထောင်ချနိုင်ရန်ဦးသိန်းစိန်အစိုးရမှဆောင်ရွက်နေကြပြီ၊၊

၂၆-၆-၂၀၁၄
ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်

ဓါတ်ပုံ
ကိုအောင်စိုးအားမတ္တရာတရားရုံးကိုအိုးဘိုထောင်မှခေါ်ထုတ်လာစဉ်ဒေသခံလယ်
သမားများမှသွားရောက်အားပေးကြစဉ်၂၅-၆-၂၀၁၄ရက်

တန်ဘိုးနားမလည်ကြသူများ




တို့ရွာနံဘေးက ကားလမ်းမှာ
ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့
ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း
ဖြတ်သွားဖြတ်လာ လူတစ်ယောက်က
ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့
သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။
သူ့အတွက်တော့
ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့
ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့
အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။
ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး
အမှိုက်ပုံ ရောက်သွားကြတယ်။
ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။

တို့ရွာနားက လယ်ကွင်းမှာ
ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့
နောက်နှစ်အတွက် မပြန်တော့ဘဲ
နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။ရွာမှာ ဇရှိတဲ့လူတွေက
ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး
သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။
ဘိုဒူဇာပြင်ဘို့ ကုမ္မဏီကစင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။
သူခိုး နွားကောင်းမသိရ ဆိုတာ
ဒါမျိုးနဲ့တူပါရဲ့။

မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုယိုးဒယားကိုရောင်းတာ
တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။ယိုးဒယားကလာတဲ့ ဓာတ်ဆီက
တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။
မနက်မိုးလင်းတိုင်းမှာထိုင်းပြည်သူတွေက
ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း
နှုတ်ခွန်းဆက်နေလေရဲ့။

ရွှေလီမြစ်ပေါ်က
ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်
တရုပ်ပြည် ယူနန်ပြည်နယ်မှာ
တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။

လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ
ကျုပ်တို့ပြည်သူတွေမသိရပေမဲ့
ယူနန်ပြည်သူအပေါင်းကတော့
ညနေမိုးချုပ်လေတိုင်း
ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီးအိပ်ယာဝင်တိုင်းကျေးဇူးတင်လေရဲ့။

ကျုပ်တို့မြန်မာပြည်မှာတော့
မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး
မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း……ထောင်ဘိုး
သင်္ကန်းကျွန်းဈေး…………
ပခုက္ကူဈေး……………
မုံရွာဈေး………………………မော်လမြိုင်ဈေး………………
ဈေးတွေ…………..ဈေးတွေ…….

မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ
လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့
လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ
အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ

ပူအိုက်တဲ့ရာသီမှာ မီးမလာလို့
မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ
အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်
ကာဗွန်အဆိပ်သင့်ပြီးမာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။
ဒီအချိန်မှာ မီးပျက်နေကျ
မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး
လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။

တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့
ကာဗွန်ဓာတ်ငွေ့တွေကြောင့်
ထောင်သောင်းမကသော
အဆုတ်ရောဂါသည်တွေဟာ
တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို
ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။
၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့
သကြားလုံးက အဆစ်ပါလာသေးတယ်။

ချောင်းဆိုးရင် ရွှေတောင်ကြီး
ရင်ကြပ်တော့ ထက်လင်း
သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ
ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး
ဘာမှန်းမသိတဲ့ ဆေးတွေနဲ့
၂ပါးသွားနေလိုက်ကြတာ
ကွမ်းယာသည် ကုလားအတွက်တော့
ဟီးနေတဲ့တိုက်အိမ်ကြီးကို
အပြီးတိုင်စေခဲ့တယ်။
ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း
မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ
မှိုလိုပေါလာခဲ့တယ်။

ငွေကြေးတက်နိုင်တဲ့ သူတွေကတော့
ကိုယ့်တိုင်းပြည်က ဆေးရုံကို
ဘာကြောင့်ရယ်မသိ ကျော်ခွလို့
ယိုးဒယားသွား ဆေးကုဘို့အတွက်
သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။

တရုပ်နဲ့ ထိုင်းကလာတဲ့
လျှပ်စစ်နဲ့ ပတ်သက်သမျှသော
တီဗီအောက်စက် ရေခဲသေတ္တာအစရှိသောလူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း
မမှန်လေသော လျှပ်စစ်မီးကြောင့်
ပျက်အစဉ် ပြင်ခဏဆိုသောစကားကဲ့သို့
ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်
ပြင်ခမတတ်နိုင်ရကား
အမှိုက်ပုံသို့ သာမြန်းရလေသတည်း။

လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း
လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း
ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့်
အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်
ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။

နံနက်လင်းတိုင်း
ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍
မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏
အကြောင်းချင်းရာအစုံလင်ကို
နှံ့စပ်သိမြင်သောအရာ၌
ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍
မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော
မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ
ဆည်အရာ၌ ဧတဒဂ်ရတော်မူသော
နွားနှင့်ပင်လျှင်
လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌
သူလည်းတပါးအပါဝင်ဖြစ်သော
ဟိုဝန်ကြီးပြောစကားအရ
လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ
မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်
အိမ်နီးချင်းတိုင်းပြည်ကိုအလကားနီးပါးဈေးနှင့်
ကြိုးသွယ်၍ရောင်းရသည်။

ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်
ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော
ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှလုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း

ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော
ကြယ်ခေါင် ကာရာအိုကေခန်းမှ
ပလောင်ပျိုဖြူငယ်တို့၏
ငိုညည်းသံကဲ့သို့သော်လည်းကောင်း

ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော
ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော
မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း
အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍
ထောက်ခံအပ်၏။

တိမ်သလ္လာဖုံးအုပ်သော
လကွယ်ည၏သန်းကောင်ယံအခါကာလ၌တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကားညအိပ်ယာဝင်လေတိုင်း
ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။
တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။
ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။

စက်မှုစွမ်းအား ခေတ်ကျော်လွှား
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့
အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာစက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော
လျှပ်စစ်ဓာတ်အားကို
ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော
ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား
ဘူရိဒတ် ဇာတ်တော်လာ
စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသောပုဏ္ဏားနှင့်သာ တူချေတော့သည်။

နံနက်လင်းသော်
ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း

ညနေမိုးချုပ်သော်
တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း
မြန်မာပြည်ဘက်သို့ လှည့်ကာ
နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း
မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။

( နေရဲနီ )

မြန်မာငြိမ်းချမ်းရေးစင်တာက ဖဆွယ်


By Aung Moe Win
စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ အိုးလေး လှုပ်ပါအုံး၊ အိုးလေး လှုပ်ပါအုံး” ဆိုတာ
ဒီမှာတော့ Shake it Shake it ဆိုပြီး နောက်ပိုင်းတခုလုံး ခါလှုပ်ပြတဲ့အကတွေပေါ့။
Spring Break လို့ ခေါ်တဲ့ နွေဦးကျောင်းပိတ်ရက်တွေမှာ ဆိုရင် ဒီလိုအကတွေကို မိုင်ယာမီကမ်းခြေမှာ ပိုလို့တောင်တွေ့ရသေးတယ်။

ဖေါ်တာချွတ်တာတွေနဲ့ ပတ်သက်ပြီး ပြောချင်တာနဲ့ နားလည်တာ လွဲနေသူတွေရှိတယ်။
တကယ်တော့ ဒါတွေက ဒီမှာ အထူးအဆန်းမဟုတ်ပါဘူး။
(၅) မိနစ်လောက်သွားလိုက်ရင် Gentlemen Club ( တချို့နေရာတွေမှာ strip club) တွေမှာ
မိန်းကလေးတွေ အကုန်ချွတ်က တာကို ဘီယာသောက်ပြီးကြည့်လို့ရပါတယ်။

သူတို့ကနေတဲ့နေရာကို သွားရပ်ပြီး (၁) ဒေါ်လာလောက်ပေးလိုက်ရင် ဟိုပွတ်ဒီပွတ်တွေလည်း
လုပ်လို့ရသေး။ ဒါပေမယ့် အမေရိကန်ပြည်သူတွေက ဒီလို နေရာတွေကို သွားလာနေသူတွေကို သိက္ခာရှိတဲ့သူတွေအဖြစ် သတ်မှတ်ထားတာမှ မဟုတ်တာ။

ထားပါ။ ဘယ်လိုပဲ ဖြစ်ဖြစ်။ သူ့ယဉ်ကျေးမှု နဲ့ သူ။ ဘာမှပြောစရာမရှိ။
ပြောစရာရှိတာက နိုင်ငံခြားသားတွေရဲ့ အထင်ကြီးမှုကို ရယူဖို့အတွက် တချို့လူတွေ လုပ်ပြနေတာက လွဲနေတယ်။

ထိုင်းနယ်စပ်တုံးက ဥပမာတခုကို ပြောပြမယ်ဗျာ။
အခု MPC လို့ခေါ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ လုပ်နေတဲ့ တယောက်ဆို ထိုင်းမှာတုံးက ဖာဆွယ်အဖြစ်နာမည်ကြီးတယ်။ သူက ထိုင်းနယ်စပ်ကို နိုင်ငံခြားဧည့်သည်တွေလာပြီး မြန်မာ့အရေးလာလေ့လာကြတဲ့အခါတိုင်း ညနေစောင်းပြီဆိုရင် ဘီယာဝိုင်းဖွဲ့ပေးပြီး မူးယစ်လာတဲ့အခါ မြန်မာပြည်က လာလုပ်စားတဲ့ ကောင်မလေးတွေ ဘယ်လိုဈေးပေါကြောင်း ဆွယ်လေ့ရှိတယ်။ တော်တော့်ကို မျိုးချစ်စိတ်ရှိတဲ့သူပါ။

တချို့ကတော့ မြန်မာသားစားချင်တော့ လိုက်သွားတာပေါ့။

တချို့က အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်တဲ့အခါ သူ့အကြောင်းကို စိတ်ပျက်လက်ပျက်ပြောကြတယ်။

“ ငါတို့ဆီမှာကွာ Sex ကိစ္စတွေဆိုတာ အထူးအဆန်းမှ မဟုတ်တာ။
ထိုင်းနယ်စပ်ကို သွားတယ် ဆိုတာ မြန်မာတိုင်းရင်းသားတွေရဲ့ ရုန်းကန်မှုတွေကို လေ့လာချင်လို့သွားတာ။ သူက ငါတို့ကို မဟုတ်တယုတ်နေရာတွေချည်းပဲ ခေါ်သွားတယ်။ တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့ကောင်ပါကွာ” တဲ့။

ခုလည်း ငြိမ်းချမ်းရေးပွဲစားယောင်ယောင် နဲ့ MPC မှာ အတည်ပေါက်တိုက်ပုံဝတ်ပြီး နေနေပေမယ့် သူ့အကြောင်းသိတဲ့ နိုင်ငံခြားသားတွေကပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်မှာ အယုံအကြည်ရှိပါတော့မလဲ။

တကယ်တော့ အမေရိကန်တွေအပါအဝင် နိုင်ငံခြားသားတွေက သူများနိုင်ငံတွေဆီ အလည်သွားတယ်။ လေ့လာတယ် ဆိုတာ သူများတွေရဲ့ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို လေ့လာ သုတေသန လုပ်ချင် လို့ သွားကြတာများပါတယ်။
အဖေါ်အချွတ်တွေကြည့်ဖို့အတွက် သီးသန့်သွားဖို့မှ မလိုတာ။
သူတို့ဆီမှာ ပြည့်နှက်နေတာမို့လား။

ဒီနေရာမှာ ဂလိုဘယ်လိုက်ဇေးရှင်းကို ကောင်းကောင်း ပြန်အသုံးချနိုင်တဲ့ တရုတ်ပြည်ရဲ့ ပါဝါအပျော့တွေအကြောင်းလေ့လာသင့်တယ်။
အခုဆို တရုတ်က အမေရိကန်၊ အင်္ဂလန်၊ ဂျာမဏီ အပါအဝင် အနောက်တိုင်းနိုင်ငံတွေမှာ သူတို့ရဲ့ ယဉ်ကျေးမှုကပွဲတွေကို Cultural Exchange programs အဖြစ် လှည့်လည်ကပြကြတယ်။ တရုတ်တွေရဲ့ အနုပညာကို ပြကြတယ်။ လာကြည့်တဲ့ အဖြူတွေကို ကြည့်လိုက်ပါ။ တချို့ဆို တရုတ်အဝတ်အစားတွေ နဲ့ ပိုတောင်လှနေသေးတယ်။ သူတို့က အဲ့သလိုမျိုး ကိုယ်ပိုင်ဟန် အနုပညာတွေကို အထင်ကြီးလေးစားတာလေ။

ဒါတွေပြောနေလို့ ကိုယ့်လူမျိုးကို ဗဟိုပြုစွဲလန်းနေတဲ့ Ethnocentric အယူအဆကို တင်နေတာ မဟုတ်ပါဘူး။

သူတို့ဆီက တိုးတက်တဲ့ ပညာရေး၊ အနုပညာ၊ နည်းပညာတွေကို လေ့လာသင်ကြားဖို့ လိုသလို၊ ကိုယ့်ဆီက အလှအပတွေ၊ ဖန်တီးမှုတွေကိုလည်း ပြန်ပေးနိုင်ရမယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ကို လူရည်လည်စွာ ရင်ဆိုင်ကြဖို့လိုပါတယ်။ Comparative advantage ကို နားလည်ဖို့လိုပါတယ်။

အဲ့သလို အနုပညာတွေ ပြပြီးပြီ ဆိုမှ Jlo နဲ့ Shakira တို့လို ကောက်ကြောင်းတွေ ကို နိုင်ငံတကာအဆင့်မှီပြကြပေါ့။ Sex အရိပ်အငွေ့တွေချည်း ပြနေလို့ကတော့ အနောက်တိုင်းသားတွေအတွက် ထူးဆန်းတာမှ မဟုတ်တာ။
ကိုယ့်နိုင်ငံက အနုပညာသမားတွေကို အထင်ကြီးစေချင်လို့ပါ။

တာမွေတ၇ား၇ုံးကမြင်ကွင်း

NDF ပါတီရဲ့ နိဂုံး




စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊ ၂၆-၆-၁၄။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ NDF ဟာ ကြေငြာချက် တစ်စောင် ထုတ်ပြန်ပါတယ်။ ကြေငြာချက်ပါ အဓိက အချက်တွေကတော့ PR လို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို ပြည်နယ်တွေ မပါပဲ တိုင်းဒေသကြီးတွေမှာပဲ ကျင့်သုံးဖို့၊ အမျိုးသား လွှတ်တော်မှာ အင်န်ဒီအက်ဖ် ပါတီကိုယ်စား PR စနစ် တင်သွင်းခဲ့သူ ဒေါ်ခင်ဝိုင်းကြည်ကို တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တာ၊ လွှတ်တော်ထဲမှာတောင် စောင်းမြောင်း ပြောဆိုတာ ခံရတဲ့အကြောင်း၊ မီဒီယာတွေကလည်း သူတို့ပါတီကို နိုင်ငံကိုချောက်ထဲ ဆွဲချသူ၊ ဘုံရန်သူ တွေလို့ တံဆိပ်ကပ်ကြရုံတင်မက သမိုင်းတရားခံတွေ အထိတောင် စွတ်စွဲရေးသားကြတဲ့ အကြောင်း ဖော်ပြထားပါတယ်။ အင်ဒီအက်ဖ် ပါတီရဲ့ ကြေငြာချက် ဘာကြောင့် ထွက်ပေါ်လာရတာပါလဲ၊ ဘာအဓိပ္ပါယ် ဆောင်ပါသလဲ၊ အင်န်ဒီအက်ဖ် ပါတီရဲ့ အနာဂတ် ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
အင်န်ဒီအက်ဖ် ပါတီ ကြေငြာချက် ပထမ ပိုင်းမှာ ရှင်းထားတာက “၁။ ကျွန်ုပ်တို့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အနေဖြင့် ဇွန်လ ပထမပတ်တွင် အမျိုးသား လွှတ်တော်၌ အချိုးကျကိုယ်စားပြုစနစ် PR ကျင့်သုံးရေးကို ပြည်နယ်များတွင်မပါဘဲ၊ တိုင်းဒေသကြီးများတွင် သာ ကျင့်သုံးရန်အဆိုပြုခဲ့ပါသည်။” လို့ ဆိုထားပါတယ်။ တကယ်တော့ ဒါက လိမ်ညာ ပြောဆိုတာပဲ ဖြစ်ပါတယ်။ ဒေါ်ခင်ဝိုင်းကြည် တင်တဲ့ အဆို အတိအကျဟာ ဒီလိုပါ။ “ လာမည့် ပါတီစုံ မည်သည့် ရွေးကောက်ပွဲများတွင်မဆို အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်များ ရွေးချယ်ရာ၌ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးရန် လွှတ်တော်က အဆုံးအဖြတ် ပေးပါရန်နှင့် ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို လိုအပ်သလို ဆက်လက်ဆောင်ရွက် ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အား တိုက်တွန်းကြောင်း” ဆိုတာပဲ ဖြစ်ပါတယ်။ ပြည်နယ်မှာ မကျင့်သုံးဖို့ အဆိုမှာ မပါသလို ဒေါ်ခင်ဝိုင်းကြည် တင်ပြ ဆွေးနွေးတာလည်း မရှိခဲ့ပါဘူး။
အဆိုကို ဆွေးနွေးနေစဉ်နဲ့ အတည်ပြုပြီးနောက်ပိုင်း တိုင်းရင်းသားပါတီတွေရဲ့ အပြင်းအထန် ဆန့်ကျင်ကန့်ကွက်မှုတွေ ပေါ်ပေါက်လာပါတယ်။ တိုင်းရင်းသားပါတီတွေ ပေါင်းထားတဲ့ NBF ပါတီကဆို ပီအာရ် စနစ်ကို ပြည်နယ်တွေမှာ မကျင့်သုံးဖို့ ဆန္ဒပြမယ် ဆိုတဲ့ အဆင့်အထိ ဖြစ်လာပါတယ်။ ဒီအခါကျမှ အင်န်ဒီအက်ဖ် ပါတီက ပြူးတူးပြဲတဲနဲ့ လိမ်ညာထားတဲ့ ကြေငြာချက် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
နောက်တစ်ခုက ဒေါ်ခင်ဝိုင်းကြည်နဲ့ အင်န်ဒီအက်ဖ် ပါတီရဲ့ ပြသနာပါ။ ဒေါ်ခင်ဝိုင်းကြည်ဟာ အင်န်ဒီအက်ဖ် ပါတီရဲ့ အမတ် တစ်ယောက် ဖြစ်ရုံမက တက်ကြွ လှုပ်ရှားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး အမျိုးဘာသာ သာသနာ လှုပ်ရှားမှုတွေမှာလည်း တက်တက်ကြွကြွ တွေ့ရပါတယ်။ အဓိက ပြောဆိုတာကတော့ အမျိုးဘာသာ စောင့်ရှောက်နိုင်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲက ပုဒ်မ ၅၉ (စ) ကို မပြင်သင့်ဘူးဆိုတာမျိုးပါ။ တကယ်တော့ အမျိုးဘာသာ စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၅၉ (စ) ဘာမှမဆိုင်တာကို တွဲစပ်ပြီး ပြည်သူတွေကို လိမ်လည် လှည့်ဖျားနေကြတာပါ။ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရှိအောင် မတရား ပိတ်ပင်ထားတဲ့ အချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုနေချိန် အင်န်ဒီအက်ဖ် အမတ် ဒေါ်ခင်ဝိုင်းကြည်က အာဏာပိုင်တွေ အကြိုက် လိုက်လုပ်ပေးနေတဲ့ သဘောသက်ရောက်နေပါတယ်။ လက်ရှိ ပြည်တွင်းက အင်န်ဂျီအို အဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းကပါ ပြဌာန်းဖို့ မသင့်တော်ပါဘူးလို့ ပြောတဲ့ မျိုးစောင့်ဥပဒေ လိုမျိုးကိုလည်း လွှတ်တော်ထဲ တင်ပေးမယ်လို့ ကမ်းလှမ်းသည် အထိ ဒေါ်ခင်ဝိုင်းကြည်က တက်ကြွခဲ့သူပါ။ ဒီနည်းနဲ့ ဒေါ်ခင်ဝိုင်းကြည်နဲ့ အင်န်ဒီအက်ဖ် ပါတီ မီဒီယာ မေတ္တာ ခံယူသူ၊ ပြည်သူ့မေတ္တာ ခံယူသူတွေ ဖြစ်လာရတာပါ။
ဒီအတွက် အင်န်ဒီအက်ဖ် ပါတီ သမိုင်းကြောင်း နည်းနည်း ပြန်ငဲ့စောင်းကြည့်ဖို့ လိုလာပါတယ်။ ၂၀၁၀ မှာ စစ်အစိုးရက ရွေးကောက်ပွဲ လုပ်မယ်လို့ ဆိုတဲ့အခါ ပါတီတွင်း အခြေအတင် အငြင်းအခုံ လွန်ဆွဲပွဲတွေ ဖြစ်ပြီးနောက် နေအိမ်အကျယ်ချုပ် ကျနေဆဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လွယ်လွယ်ကူကူ ဆုံးဖြတ်ချက် ချခဲ့တာတော့ မဟုတ်ပါဘူး။ သတ်မှတ်ရက် ရောက်တဲ့အချိန်ထိ ရွေးကောက်ပွဲမ၀င်ရင် ပါတီ မှတ်ပုံတင်ထားတာ ပျက်ပြယ်မယ် ဆိုတဲ့ အကြပ်ကိုင်မှုကို ရင်ဆိုင်ပြီးမှ ချခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။
အဲဒီ နောက်ပိုင်း ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ နဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တစ်ချို့ အင်န်ဒီအက်ဖ် ပါတီထောင် ရွေးကောက်ပွဲ ၀င်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အတိုက်အခံ အင်န်အယ်လ်ဒီ ပါတီနဲ့ အတိုက်အခံ လှုပ်ရှားမှုအတွက် အနှုတ်လက္ခဏာ ဖြစ်စေခဲ့ပေမယ့် စစ်အစိုးရက ဟန်ပြသာသာလောက် ကျင်းပပေးတဲ့ ရွေးကောက်ပွဲ အတွက်တော့ အများအမြင် နည်းနည်းဖြစ်ဖြစ် တင့်တယ် စေခဲ့ပါတယ်။
ဒါပေမယ့်လည်း ရွေးကောက်ပွဲဟာ ဒေါက်တာသန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေ တို့ ထင်ထားတာထက် အများကြီး ဆိုးရွားခဲ့ပါတယ်။ စစ်အစိုးရက နည်းမျိုးစုံနဲ့ မသမာမှု လုပ်တာကို သူတို့ ခံကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်အစိုးရဟာ သူတို့ဖွဲ့စည်းမယ့် လွှတ်တာ် လှတ ပတ ဖြစ်အောင်၊ အင်အားစုတွေ စုံစုံညီညီ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ရောက်တယ် အထင်ရောက်အောင် အင်န်ဒီအက်ဖ်ကို အမတ်နေရာ တစ်ချို့ ရအောင် ဖန်တီးပေးခဲ့ပါတယ်။
NDF ဟာ ပြည်သူ့လွှတ်တော်အတွက် ၁၀၅ ယောက်၊ အမျိုးသား လွှတ်တော်အတွက် ၃၄ ယောက်၊ ပြည်နယ်နဲ့ တိုင်းအဆင့် ၂၄ ယောက် စုစုပေါင်း ၁၆၃ ယောက် ၀င်ပြိုင်တာမှာ ပြည်သူ့လွှတ်တော်အတွက် ၈ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၄ နေရာ၊ တိုင်းနဲ့ ပြည်နယ် အဆင့် ၄ နေရာ စုစုပေါင်း ၁၆ နေရာပဲ ရခဲ့ပါတယ်။ မစို့မပို့ အရည်အတွက်ပါ။ ဒီအတွေ့အကြုံကနေ ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေနဲ့ အင်န်ဒီအက်ဖ် ပါတီက မှတ်ပလား ဆိုရင် ဒီကနေ့ လှုပ်ရှားနေတာကိုကြည့်ရင် “မမှတ်သေးဘူး” လို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။ နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် အင်န်ဒီအက်ဖ် ပါတီ အမတ်တွေ အဖြစ်ကနေ မိခင် အင်န်အယ်လ်ဒီ ကို ပြန်ရောက်သွားတာ၊ ဦးသိန်းညွန့် ဦးဆောင်တဲ့ သင်္ကန်းကျွန်း အမတ်တွေက ပါတီသစ်ထောင်ပြီး သီးခြား ရပ်တည်သွားတာတွေကြောင့် အင်န်ဒီအက်ဖ် ပါတီဟာ ဘာမှမဟုတ်တဲ့ ပါတီ အဖြစ်လျောကျသွားပါတယ်။
တကယ်တော့ ဦးခင်မောင်ဆွေနဲ့ အင်န်ဒီအက်ဖ် ပါတီဟာ နိုင်ငံရေးကို ငဲ့စောင်းကြည့်တတ်ရင် သင်ခန်းစာတွေ အများကြီး တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က စစ်အစိုးရရဲ့ လုပ်ရပ်တွေကို ထောက်ခံကူညီ ပံ့ပိုးခဲ့တဲ့ “စီးပွားရေး ပိတ်ဆို့မှုဆန့်ကျင်ရေး အမျိုးသားရေး လှုပ်ရှားမှု” လုပ်ခဲ့သူတွေ ရှိပါတယ်။ အဲဒီလူတွေကို စစ်အစိုးရက စီးပွားရေးဆိုင်ရာ အရိုးအရွင်း အခွင့်ထူးနည်းနည်းပါးပါး ပေးခဲ့တာ ရှိသလို၊ နောင် ရွေးကောက်ပွဲအတွက် ပါတီထောင်တော့လည်း နောက်ကွယ်က ကူညီတာတွေ လုပ်ခဲ့ပါတယ်။ စုစုပေါင်း (၇) ပါတီ ရှိပါတယ်။ သူတို့ကတော့ သူတို့ အလုပ်အကြွေး ပြုခဲ့တာတွေအတွက် ရွေးကောက်ပွဲမှာ စစ်အစိုးရက ကောင်းကောင်း ကြည့်ရှုမယ်၊ ချီးမြှောက်လိမ့်မယ်လို့ ထင်မှတ်ထားကြပါတယ်။ သူတို့ အထင်အမြင် မှားသွားပါတယ်။ အဲဒီ ပါတီခေါင်းဆောင်တွေရော၊ ၀င်ပြိုင်သူတွေပါ တစ်ယောက်မှ အမတ် ဖြစ်မလာပါဘူး။ နောက်ပိုင်း အဲဒီ ပါတီတွေကို စစ်အစိုးရက စာရင်းတောင် မသွင်းတော့ပဲ ချောင်ထဲ ပို့ထားလိုက်ပါတော့တယ်။
အခု အင်န်ဒီအက်ဖ် ပါတီ ဖြစ်ပုံကလည်း အဲဒီ ၂၀၁၀ မတိုင်ခင်က အတိုင်းပါပဲ။ လက်ကျန် အင်န်ဒီအက်ဖ် ပါတီဝင်တွေ လုပ်သမျှဟာ အာဏာရ ပြည်ခိုင်ဖြိုးပါတီ အကြိုက်တွေချည်း ဖြစ်ပါတယ်။ ဒီအတွက်လည်း လွှတ်တော်ထဲက အင်န်ဒီအက်ဖ် အမတ် တစ်ချို့ဟာ ပြည်ခိုင်ဖြိုး တာဝန်ရှိသူတွေရဲ့ ပ စားပေးတာ ခံရပါတယ်။ တကယ်တော့ ၂၀၁၀ ရွေးကောက်ပွဲကို နဖူးတွေ့ ဒူးတွေ့ တွေ့ခဲ့ဖူးတဲ့ ဦးခင်မောင်ဆွေ၊ ဒေါ်ခင်ဝိုင်းကြည်နဲ့ အင်န်ဒီအက်ဖ် ပါတီ က လာမယ့် ရွေးကောက်ပွဲတွေမှာ PR စနစ် ကျင့်သုံးဖို့ တောင်းဆိုတာဟာ အတော်လေး အံ့သြဖို့ ကောင်းပါတယ်။ ပြည်သူတွေအတွက် မလုပ်လို့၊ ပြည်သူ့ ဆန္ဒကို ဆန့်ကျင်ပြီး လုပ်နေလို့ ရွေးကောက်ပွဲ ကျင်းပရင် ပြည်သူတွေ တစ်ခဲနက် သင်ခန်းစာပေး၊ အရှုံးကြီးရှုံးမယ်ဆိုတာ သေခြာပေါက် သိနေတဲ့ ပါတီ တစ်ခုရဲ့ သွေးရူးသွေးတန်း လုပ်ရပ်တစ်ခုလို့ မှတ်ယူနိုင်ပါတယ်။ သူတို့ ထင်နေတာ လာမယ့် ရွေးကောက်ပွဲမှာ PR စနစ် ကျင့်သုံးရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အမတ် တစ်နေရာ နှစ်နေရာလောက်များ ရလေမလား စိတ်ကူးယဉ်နေပုံ ရပါတယ်။ အဲဒီလောက်တောင် ဖြစ်နိုင်ဖို့ အတော်ကို ခဲယဉ်းပါတယ်။ နဂိုကတည်းကမှ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး တို့နဲ့ ခြားနားတဲ့ ကိုယ်ပိုင်နိုင်ငံရေး မရှိတဲ့ ပါတီတစ်ခုက ပြည်သူတွေ မကြိုက်တဲ့ ပီအာရ်တို့၊ မျိုးစောင့်ဥပဒေ ထောက်ခံတာတို့၊ ၅၉(စ) မပြင်ရေး ဒို့အရေး လုပ်တာတို့ဟာ အင်န်ဒီအက်ဖ် ပါတီ နိဂုံးကိုရောက်တော့မယ့် အခြေအနေကို ဖော်ပြနေတာပဲ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
စည်သူအောင်မြင့်။