Saturday, June 28, 2014

အစိုးရအဖွဲ့၏ အတွင်းရေး အရှုပ်တော်ပုံများ


Kyaw Swar Myint

သံဖနောင့်

လေးဆယ်ကျော်ရှိသည်။ အကြံပေး အချင်းချင်းပင် သမ္မတတွင် အကြံပေးမည်မျှ
ရှိသည်ကို တိတိကျကျ မပြောနိုင်ပေ။ သမ္မတရုံးတွင် ၀န်ကြီးငါးဦး ရှိသည့်အနက်
ဦးစိုးသိန်းသည် သမ္မတ၏ အခန်းသို့ တံခါးမရှိ ဓါးမရှိ ၀င်ထွက်ခွင့်ရသည်။ အခြား
ဝန်ကြီးများ ၀င်လိုက ကိုယ်ရေးအရာရှိ မှတစ်ဆင့် ခွင့်တောင်းပြီးမှ ၀င်ရသော်လည်း
ဦးစိုးသိန်းမူ သမ္မတ ရုံးခန်းတံခါးကို သူကိုယ်တိုင်ဖွင့်ပြီး ၀င်လိုသည့် အချိန် ၀င်နိုင်သည်။
 နာဂစ်ကာလက ရေတပ်မှ စစ်သင်္ဘော သုံးစီး နစ်မြုပ်သွားသဖြင့် ရေတပ်ဦးစီးချုပ်
ရာထူးမှ ဖယ်ရှားခံရတော့မည့် ဦးစိုးသိန်းကို တစ်ပတ်စဉ်ထဲ သူငယ်ချင်း ဖြစ်သဖြင့်
 ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အသနားခံပြီး ကယ်တင် ထားခဲ့သည်ဟုလည်း အတွင်းသိ
များက ပြောဆိုနေကြသည်။

သို့သော် ဦးစိုးသိန်းသည် သူ၏ ကယ်တင်ရှင် ဦးသူရရွှေမန်းကို မောက်မာစွာ ဆက်ဆံ
သည်။ ဦးရွှေမန်းက စကားပြောလျှင်ပင် ပြန်ပြောချင်မှ ပြောသည်ဟုလည်း နာမည်ကြီး
သည်။ အစိုးရ ၀န်ကြီးများ အတွင်းတွင် အမောက်မာဆုံး ပုဂ္ဂိုလ်ဟုလည်း နာမည်
တစ်လုံး ရထားသူဖြစ်သည်။ စီးပွားကူးသန်း ၀န်ကြီးကား အခြား ၀န်ကြီးများနှင့်
ယှဉ်တိုင်း အပြောဆိုခံရသည်။ ထို့ကြောင့် ဗိုလ်ချုပ်တွေကြားမှာ ကျွန်တော် တစ်ယောက်ပဲ
 ရိုးရိုးသားသား စစ်သားပါဟု ရင်ဖွင့်လေ့ရှိသည်။ ပြည်ထောင်စု ၀န်ကြီး ၃၆ဦးတွင်
ပညာရေး ၀န်ကြီး၊ စီးပွားကူးသန်း ၀န်ကြီး၊ အမျိုးသား စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီး၊
ကျန်းမာရေး ၀န်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး၊
 ဆောက်လုပ်ရေး ၀န်ကြီး၊ သိပ္ပံနှင့် နည်းပညာ ၀န်ကြီး၊ အားကစား ၀န်ကြီးတို့
၈ဦးသာ အရပ်သားများ ဖြစ်ပြီး ကျန်ဝန်ကြီး ၂၈ပါးမှာ စစ်ဗိုလ်များ ဖြစ်ကြသည်။

ထိုအထဲတွင်လည်း စစ်တက္ကသိုလ်မှ ဆင်းသည့် ၀န်ကြီးက ၂၅ဦးပါပြီး ဗိုလ်သင်တန်း
ကျောင်းဆင်း ၀န်ကြီးမှာ ၃ပါးသာ ပါရှိသည်။ စစ်ဗိုလ်ဝန်ကြီး ၂၅ပါးတွင် လေတပ်မှ ၂ဦး၊
 ရေတပ်မှ ၂ဦးပါဝင်သည်။ ထို့ကြောင့် ၀န်ကြီးများကို အချိုးကျ ကြည့်လျှင်
စစ်ဗိုလ်များက ၇၇.၂ ရာခိုင်နှုန်းနှင့် အရပ်သားများက ၂၂.၈ ရာခိုင်နှုန်း ဖြစ်သည်ကို
တွေ့ရသည်။ တစ်ဖန်စစ်ဗိုလ်များကို အချိုးချကြည့်လျှင် စစ်တက္ကသိုလ် ကျောင်းဆင်းများက
 ၈၉.၂ရာခိုင်နှုန်း ၀န်ကြီးများ နေရာများ ရရှိထားပြီး ဗိုလ်သင်တန်း ကျောင်းဆင်းများက
၁၀၁.၈ ရာခိုင်နှုန်းသာ ရရှိထားသည်။

သမ္မတကြီးသည် စစ်တက္ကသိုလ် အမှတ် ၉မှဖြစ်ပြီး သတ္တုတွင်း ၀န်ကြီး ဦးမြင့်အောင်မှာ
သမ္မတနှင့် တစ်ပတ်စဉ်ထဲ ဖြစ်သည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပို့ဆောင်ရေး
ဝန်ကြီး ဦးဥာဏ်ထွန်းအောင်၊ သမ၀ါယမ ၀န်ကြီး ဦးကျော်ဆန်းတို့သည် စစ်တက္ကသိုလ်
 အမှတ်စဉ် ၁၁ သင်တန်းဆင်းများ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက ဦးရွှေမန်းနှင့်
 တစ်ပတ်စဉ်ထဲ သူငယ်ချင်းများ ဖြစ်ကြသည်။ ယဉ်ကျေးမှု ၀န်ကြီးသည် စစ်တက္ကသိုလ်
အမှတ်စဉ် ၁၀မှဖြစ်သည်။ သမ္မတ၀န်ကြီးရုံး ဦးသိန်းညွန့် သည် စစ်တက္ကသိုလ် အမှတ်စဉ်
၁၂မှဖြစ်သည်။ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၃မှ
ဖြစ်ပြီး ဦးနေ၀င်း လက်ထက် ထောက်လှမ်းရေးများကို ဖြိုခွင်းခဲ့စဉ် ကျန်ခဲ့သူ ဖြစ်သည်။

စစ်တက္ကသိုလ် အမှတ်စဉ် ၁၅တွင် ၀န်ကြီးများအဖြစ် ဦးလှထွန်း၊ ဦးဆန်းဆင့်၊ ဦးဝင်းထွန်း၊
 ဦးခင်မောင်စိုး၊ ဦးဌေးအောင်တို့ ဖြစ်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် ၁၆မှ နိုင်ငံခြားရေး
ဝန်ကြီး တစ်ဦးရှိပြီး စစ်တက္ကသိုလ် အမှတ်စဉ် ၁၇မှ ဦးမြင့်လှိုင်၊ ဦးမြတ်ဟိန်း၊ ဦးအုန်းမြင့်၊
ဦးခင်ရီ၊ ဦးသန်းဌေး၊ ဦးစိုးမောင်၊ ဦးတင်နိုင်သိန်း ၀န်ကြီး ၇ပါးရှိသည်။

ကာကွယ်ရေး ၀န်ကြီသည် စစ်တက္ကသိုလ် အမှတ်စဉ် ၁၈မှ ဖြစ်သည်။ ပြည်ထဲရေး
ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်သည် စစ်တက္ကသိုလ်
အမှတ်စဉ် ၁၉မှ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တစ်ပတ်စဉ်ထဲ
ဖြစ်သည်။ စက်မှုဝန်ကြီးသည် စစ်တက္ကသိုလ် အမှတ်စဉ် ၂၀မှဖြစ်ပြီး ဦးဇေယျာအောင်
သည် စစ် တက္ကသိုလ် အမှတ်စဉ် ၂၂မှဖြစ်သည်။ ဗိုလ်သင်တန်း ကျောင်းဆင်းများမှ
နယ်စပ်ရေးရာ ၀န်ကြီး၊ ပြန်ကြားရေး ၀န်ကြီးနှင့် အလုပ်သမား ၀န်ကြီးတို့ ၃ဦး
ဖြစ်သည်။

ပြည်သူ အများစုက အစိုးရ အဖွဲ့အစည်းအဝေး ကက်ဘိနပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု
ကော်မရှင်တို့ကို လူသိများသော်လည်း နိုင်ငံတော် စီးပွားရေး ကော်မတီဆိုသည့် ဦးစိုးသိန်း
 ဥက္ကဋ္ဌ လုပ်နေသော အဖွဲ့ကို လူသိနည်းသည်။ ထိုအဖွဲ့သည် ၀န်ကြီးဌာနများနှင့် အစိုးရ
အဖွဲ့အစည်းများက တင်ပြလာသော ငွေကြေးသုံးစွဲခွင့်နှင့် စီးပွားရေး လုပ်ငန်းများကို
 အဆုံးအဖြတ်ပေးသည်။ ဆိုရလျှင် စစ်အစိုးရခေတ်က ကုန်သွယ်ရေး မူဝါဒ ကောင်စီ၏
အလုပ်ကို လုပ်သည်။ ထိုနေရာမှ သတင်းဦး ရသူသည် စီးပွားရေးလောကတွင် နေ့ချင်း
သူဌေး ဖြစ်သွားနိုင်သည့် စီးပွားရေး မူဝါဒ ချမှတ်သည့် အဖွဲ့အစည်းလည်း ဖြစ်သည်။
ကားအိုကားဟောင်းများ အပ်ပြီး ကားသစ်များ ပါမစ်ထုတ်ပေးသည့် သတင်းကို ကြိုတင်
ရရှိသူများက နယ်အနှံ့ ကားအိုကားဟောင်းများ ဆင်းဝယ်ပြီး အချီကြီးပွ
သွားသည့် ကိစ္စမျိုးဖြစ်သည်။

အစိုးရ အဖွဲ့အတွင်းတွင်လည်း သမ္မတ၏ သဘောကောင်းမှုကို အခွင့်အရေး တစ်ရပ်
အဖြစ် ယူနေသူများလည်း ရှိသည်။ ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်းကို အပုပ်နံ့
အထွက်များသဖြင့် ရာထူးမှ ဖယ်ရှားရန် ကြံစည်ခဲ့သော်လည်း ဦးကျော်ဆန်းက သူ့ကို
ရာထူးမှ ဖယ်ရှားပါက လည်ပင်းတွင် စာဆွဲပြီး လွှတ်တော်ရှေ့တွင် တစ်ကိုယ်တော်
ဆန္ဒပြမည်ဟု ပြန်လည် ခြိမ်းခြောက်သဖြင့် ၀န်ကြီးဌာနသာ ပြောင်းလဲလိုက်ရသည်

ဟုလည်း သတင်းထွက်ပေါ်ခဲ့ဖူးသည်။

လက်ရှိတွင်လည်း ကျန်းမာရေး ၀န်ကြီး ဌာနသည် စွမ်းဆောင်ရည် ညံ့ဖျင်းခြင်း၊
လာဘ်ပေးလာဘ်ယူ အသံများ ထွက်ခြင်းကြောင့် ကျန်းမာရေး ၀န်ကြီးကို သမ္မတရုံးတွင်
တွဲဖက် ထိုင်စေပြီး ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ကျန်းမာရေး ၀န်ကြီးဌာနကို
ကိုင်တွယ်နေရသည်။ ထို့ကြောင့် ဒုသမ္မတက ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဖေသက်ခင်
ကို ရာထူးမှ ထွက်စာတင်ရန်ပြောရာ ဒေါက်တာ ဖေသက်ခင်က မထွက်ဘူးဆိုရင်
ရောဗျာဟု ပြန်လည် တုန့်ပြန်သဖြင့် ရာထူးမှ မဖယ်ရှားရဲပဲ ထားနေရသည်ဟု ဆိုသည်။

အထူးသဖြင့် သမ္မတအနီးမှ အကြံပေးများနှင့် ၀န်ကြီးအချို့သည် လုပ်ပိုင်ခွင့်များကို
 နည်းအမျိုးမျိုးနှင့် ရယူနေကြသည်။ ယခုလည်း သန္တိသုခကျောင်း ကိစ္စတွင် ကိုင်တွယ်
ဖြေရှင်းသော ဦးအံ့မောင်သည် သမ္မတရုံး အကြံပေး မဟုတ်ပါဟု သမ္မတ၏ ပြောရေး
ဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုသွားသည်။

သို့သော် ဦးအံ့မောင်သည် ရန်ကုန် ကမ္ဘာအေးရှိ သာသနာရေး ဦးစီးဌာနတွင် ရုံးတက်
နေပြီး ရုံးခန်းတွင် နိုင်ငံတော် သမ္မတ အကြံပေး ပုဂ္ဂိုလ်ဟု မည်သည့်အတွက် ဆိုင်းဘုတ်
 ချိတ်ထားသည်ကို စဉ်းစားရန် ဖြစ်လာသည်။ သန္တိသုခကျောင်းကို စစ်ပွဲပုံစံညဘက်
စီးနင်းရာတွင် တာဝန်ရှိသော သာသနာရေး ၀န်ကြီးကိုလည်း ရာထူးမှ အနားပေးမည်ဟု
 သတင်းများ ထွက်ပေါ်နေသည်။ သို့သော်လည်း သမ္မတ ဦးသိန်းစိန်၏ စိတ်နေစိတ်ထား
အရ တစ်နှစ်သာ ကျန်တော့သည့် အစိုးရ သက်တမ်းတွင် ၀န် ကြီး အားလုံးကို
အတတ်နိုင်ဆုံး မဖြုတ်ပဲ လက်တွဲခေါ်ယူသွားမည့် အခြေအနေက ပိုဖြစ်နိုင်သည်ဟု
အတွင်းသိများက ပြောကြသည်။

နိုင်ငံတော်၏ မဏ္ဍိုင်ကြီး သုံးခုတွင် တရားစီရင်ရေး မဏ္ဍိုင်ကလည်း လုပ်ချင်ရာ
လုပ်နေသည်။ လွှတ်တော်တွင် တရားစီရင်ရေး မဏ္ဍိုင်သည် ပြိုလုဖြစ်နေပြီဟု
ဆွေးနွေးခဲ့ကြသော်လည်း တရားရေးမှ တာဝန်ရှိသူများက မည်သူ့ကိုမျှ မကြောက်၊
ချချင်သည့် အမိန့်တွေ ချနေကြသည်။ လာဘ် စားမြဲစားနေကြသည်။ ယခင်က
အုပ်ချုပ်ရေး မဏ္ဍိုင်၏ လက်အောက်တွင် နေခဲ့သဖြင့် အညှိုးနှင့် လက်စားချေနေ
သလား ထင်ရအောင် မတော်မတရား အမိန့်များချသည်။ လက်နက်မှုသည် အာမခံ
မပေးရဟု ဆိုသော်လည်းပြောင်ပြောင်တင်းတင်း အာမခံပေးပစ်သည်။ စီရင်ချက်
အတွက် အနည်းဆုံး ပြစ်ဒဏ်နှင့် အများဆုံး ပြစ်ဒဏ်ကြားတွင် တရားရေး မဏ္ဍိုင်မှ
တာဝန်ရှိသူများ ပျော်ပျော်ကြီး ခရီးနှင် နေကြသည်။ အုပ်ချုပ်ရေးမှ တာဝန်ရှိသူ
လူကြီးတစ်ဦးက ဒီတရားစီရင်ရေး မဏ္ဍိုင်ကြောင့် ဘာမှအုပ်ချုပ်လို့ကို မရတော့ပါဘူးဟု
 ငြီးတွားရသည့် အခြေအနေရောက်နေသည်။

တစ်ချိန်တည်းတွင် အစိုးရသည် တစ်ပါတီတည်း ဖြစ်သော ကြံ့ခိုင်ရေး ပါတီဝင်
လွှတ်တော် အမတ်များ၊ လွှတ်တော် ဥက္ကဋ္ဌ၊ လွှတ်တော် နာယကတို့နှင့်လည်း
အဆင်မပြေ ဖြစ်နေသည်။ လွှတ်တော် နာယက သူရဦးရွှေမန်းက သမ္မတနှင့်
 တရားဝင် တွေ့ဆုံခွင့် တောင်းထားသည်မှာ ခြောက်လကျော်ပြီ ဖြစ်သော်လည်း
 သမ္မတက တွေ့ခွင့်မပေးဟု အမျက်ထွက်သည်။

သမ္မတကလည်း သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အကြိမ် ၇ ကျော်
အဘယ်ကြောင့် တွေ့ဆုံသနည်းဟု မေးခွန်း ထုတ်ပြန်သည်ဟု ကြားရသည်။ မေလ
တွင် တပ်မတော်က စာမျက်နှာ ခြောက်မျက်နှာပါသော စာတစ်စောင်ကို သမ္မတနှင့်
လွှတ်တော် နာယကထံပို့သည့် သတင်းများ ထွက်ပေါ်သည်။ စာထဲတွင် မည်သည်တို့ကို
ရေးထားသည်ကို မသိသော်လည်း ထိုစာရပြီးနောက် သမ္မတ၊ လွှတ်တော် နာယကနှင့်
 တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သုံးပွင့်ဆိုင်တွေ့ကြသည်ဟု သတင်းရရှိသည်။
မေလ နောက်ဆုံးအပတ်တွင် ကြံ့ခိုင်ရေး ဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို
တံခါးပိတ် ကျင်းပပြီး ပါတီ လျှောက်လှမ်းမည့် အနာဂတ်လမ်းကြောင်းနှင့် ၂၀၁၅
ရွေးကောက်ပွဲအတွက် မဟာဗျူဟာများ ချမှတ်လိုက်သည်ဟု သိရသည်။

ယခု အပတ်တော့ ဤမျှနှင့် နားပါဦးမည်။ ရှေ့ပတ်တွင် လွှတ်တော်၊ နိုင်ငံရေး
ပါတီများနှင့် မီဒီယာများအကြား အရှုတ်တော်ပုံများ ရေးပါဦးမည်။

သံဖနောင့်
( Tomorrow သတင်းဂျာနယ်ပါ ဆောင်းပါး )

စင်္ကာပူစင်တာထဲမှာမြန်မာမလေးများအားလျော့ဈေးဖြင့်ရောင်းချ



ရင်နာရပါသော Discount ကြေငြာတစ်ခု
=======================
ဈေးဝယ်တိုင်း discount ပေးရင် သဘောကျတတ်ပေမဲ့ ဒီဟာလေးကတော့ ရင်နာမိပါတယ်။
ကိုယ်တိုင်းပြည်လေး အပြည့်အဝတိုးတက်ချင်တယ် လူငယ်တွေတိုင်း အလုပ်အကိုင် အခွင့်
အလမ်းပေါများစွာနဲ့ သူတို့ရဲ့ အနာဂတ်ကို စိတ်ကြိုက် ပုံဖော်ချယ်လှယ်စေချင်ပါတယ်။
ဒီနေရုံးကို မကြာမီလက်ထပ်မဲ့ အသက် ၂၈အရွယ်စုံတွဲ သူတို့ အိမ်အတွက် အိမ်တွင်း ဒီဇိုင်းပြင်ဖို့
အလုပ်လာအပ်တယ်။လက်ထပ်ပြီးရင် အတူနေဖို့ပေါ့။သူမိဘတွေက ဖောက်သည်ဟောင်းဆိုတော့
သူတို့နဲ့ အထိုက်အလျောက်ရင်းနှီးပါတယ်။သူတို့ကို ကြည့်ပြီး ကျွန်မတို့နိုင်ငံက အတူနေနိုင်ဖို့ ရုန်းကန်
နေကြရတဲ့ ချစ်သူစုံတွဲတွေကို ခုလိုပြီးပြည်စုံတဲ့ ဘဝလေးတွေကို ရရှိစေချင်တယ်။မင်္ဂလာ မဆောင်
ခင်ကတည်းက နေဖို့အိမ် စီးဖို့ကား စသည့်ဖြင့် အရာရာပြည့်စုံအောင် ဖန်တီးနိုင်ကြတယ်။
ကျွန်မတို့နိုင်ငံက မိဘအရှိန်အဝါ အားနည်းတဲ့ ချစ်သူစုံတွဲလေးတွေကတော့ ရရှိတဲ့လုပ်ခ လစာလေးတွေ
ကြောင့် အဆမတန်ဈေးမြင့်နေတဲ့ အိမ်ဝယ်ဖို့ ဆိုတာ အင်မတန်ခက်လှပါတယ်လို့ တွေးပြီး ကိုယ်နဲ့ကိုယ်ချင်း
စာမိသနားမိပါတယ်။ချစ်သူတိုင်း အတူနေနိုင်ဖို့ လှပတဲ့ အိမ်မက်ကလေးတွေ ပြီးပြည့်စုံပါစေလို့ပဲ ဆုတောင်း
ပေးနိုင်ပါတော့တယ်။
သူတို့ အိမ်အတွက် လိုအပ်တာတွေ ရွေးချယ်အပြီးမှာတော့ သူတို့မေးတဲ့ မေးခွန်းကြောင့် အနည်းငယ် စိတ်မသက်မသာ
ဖြစ်မိပါတယ်။မြန်မာနိုင်ငံက အကျယ်ကြီးဆိုတော့ ဘယ်နယ်ပယ်က အိမ်အကူအထွက်များဆုံးလည်းဒီလုပ်ငန်းကို ဘယ်နယ်
ကလူတွေ ပိုကျွမ်းကျင်ပါသလည်းတဲ့ အခုလက်ရှိ သူတို့အိမ်ရယ်သူအမျိုးအိမ်တွေက အိမ်အကူလေးတွေက မြန်မာတွေမို့ သူတို့
မင်္ဂလာဆောင်ပြီးလို့ အိမ်ခွဲရင်လည်း မြန်မာပဲခေါ်ချင်လို့ပါတဲ့။ကျွန်မ ပြုံးပြီးနာထောင်ရုံပဲနားထောင်ခဲ့မိပါတယ်။ဘာမှပြန်မပြော
ခဲ့ပါဘူး။ရင်နာရလို့ပါ။
ကျွန်မတို့ နိုင်ငံကလူတွေ ပညာရှင်နေရာမှာ အလုပ်လုပ်နေကြတာတွေတွေ့ရင် ဂုဏ်ယူရလွန်းလို့ မြေကြီးနဲ့ ခြေထောက်မထိသလို ပီတိဖြစ်
ရသလို ညီမအရွယ် အမအရွယ် မောင်လေးအရွယ် အကိုအရွယ်တွေ နွမ်းပါးစွာ အလုပ်လုပ်နေကြရတာ တွေ့ရပြန်တော့လည်း စာနာသနားစိတ်
နဲ့ စိတ်မကောင်းဖြစ်မိရတာပါဘဲ။ကိုယ်လည်းကူညီဖို့ရာ မစွမ်းသာဘူးလေ။
ကျွန်မတို့နိုင်ငံလေး အများကြီးမတိုးတက်ရင်နေပါစေတော့ရှင်။အခုလို နိုင်ငံရပ်ခြားမှာ ကုန်ပစ္စ္စည်းလို discount အပေးခံရတဲ့ အလုပ်လာလုပ်မဲ့သူတွေ
မရှိစေချင်လို့ လူတိုင်း အလုပ်အကိုင် အခွင့်အလမ်းလေးတွေ ပေါမျာစွာ ရရှိနိုင်ရင် လုံလောက်ပါပြီရှင်။စင်ကာပူကိုမမှီရင်နေပါစေ စင်ကာပူနိုင်ငံမှာ
discount အပေးခံရတဲ့ ဘဝကတော့ ကျွတ်ချင်လှပါတယ်လို့သာ.....................

သတင်းကြီးနေသူ Qing Minya( ရှင်မင်းယာ)


အပုချေ ( မာန်အောင်ကျွန်း )
အလှူငွေလိမ်လည်မှုများဖြင့် သတင်းကြီးနေသူ Qing Minya( ရှင်မင်းယာ)
======================================
ရွှေမြန်မာအပေါင်းတို့ခင်ဗျား။ ကျနော် ခုတလော အမျိုးသားရေးအမည်ခံ စစ်ခွေးအလိုတော်ရိ Qing Minya( ရှင်မင်းယာ) ၏ လူမှုရေးဖေါက်ပြန်မှု / ဆာရာဝမှ မြန်မာတို့အတွက် ခေါင်းစဉ်ဖြင့် ကောက်ခံသော ငွေများ လိမ်လည်မှု များကို ရွှေမြန်မာများသိနိုင်စေရန် ဖော်ပြခဲ့သည်။၎င်း ဖော်ပြမှုများသည် ဖွသတင်းများမဟုတ်ပဲ ခိုင်လုံသော သတင်းများသာဖြစ်ကြောင်း သိစေအပ်သည်။

Qing Minya(ရှင်မင်းယာ) သည် ယခင် သူတပါး ကာမပိုင် ဇနီးမယား ရှိသော ယောက်ျားအား မာယာဖြင့် စည်းရုံးသိမ်းပိုက်ခဲ့ခြင်းအား ကျနော်ဖော်ပြခဲ့ရာ သေချာရေရာသည့် ငြင်းချက်မျိုး မထုတ်နိုင်ခဲ့ပေ။

Qing Minya(ရှင်မင်းယာ) သည် သူမ၏ ဖဘwall တွင် သူမနဲ့ အသွင်တူသူများနဲ့ ကျနော့်အား ဆဲဆိုပြီး အပြန်အလှန် comment ရေးနေခဲ့ပြီး သူမ၏ ဖေါက်ပြန်ခဲ့မှုကို ဖုံးကွယ်နေခဲ့သည်။

Qing Minya(ရှင်မင်းယာ) နှင့် ဖေါက်ပြန်ခဲ့သည့် ဦးဦးသာလူချေ ( မြောက်ဦးဇာတိ )နှင့် သူ့ဇနီး အရီးချေ ၏ စေခိုင်းမှုဖြင့် ကျနော် ၎င်း ဇါတ်ရှုတ်ကို ဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။ကျနော့်၏ သဘောဆန္ဒတစ်ခုတည်းဖြင့် ဖော်ထုတ်ခဲ့ခြင်းမဟုတ်ပေ။

သူတပါး၏ သာယာအေးချမ်းသော အိမ်ထောင်ရေး ပြိုကွဲလုနီးဖြစ်အောင် ပရိယာယ် မာယာမျိုးစုံလင် စွာတတ်မြောက်သူ free မိန်းမရွင် Qing Minya ( ရှင်မင်းယာ ) မှ ကာယကံရှင် ဦးဦးသာလူချေ နဲ့ ဇနီး အရီးချေ တို့ သုံးပွင့်ဆိုင် ရှင်းလင်းရဲ့လျှင် ကျနော် မောင်အပုချေ ( မာန်အောင်ကျွန်း ) မှ ထိပ်တိုက် တွေ့နိုင်စေရန် ကူညီနိုင်ပါကြောင်း သိစေအပ်သည်။

ဦးဦးသာလူချေ နဲ့ ဇနီး မှ လည်း စောင့်မျှော်နေပါကြောင်း Qing Minya ( ရှင်မင်းယာ) သို့ သတင်းကောင်းပါးအပ်ပါသည်။

သူတပါး လင်ယောက်ျားဖြင့်မဖေါက်ပြန်ခဲ့ကြောင်း ငြင်းလို ဖြေရှင်းလိုလျှင် ကျနော်အား ဘလော ထားတာ ဖြည်ပေးပြီး c-box တွင် ဖြစ်စေ လာရောက် ပြောဆိုနိုင်ပါကြောင်း သိစေအပ်သည်။

ယခု တဖန် ဆာရာဝမြန်မာအလုပ်သမားများ ခေါင်းစဉ်ဖြင့် ကောက်ခံသည့် အလှူငွေများအား Qing Minya( ရှင်မင်းယာ) နဲ့ အဖွဲ မှ လိမ်လည်ထားခဲ့ရာ ယမန်နေ့က ကျနော် ဖော်ထုတ်ခဲ့ပြန်သည်။

ကျနော် ယင်းသို့ ဖော်ထုတ်ခြင်းမှာ ဆာရာဝမြန်မာ အလုပ်သမားများ ဒုက္ခမရောက်စေရန် ရည်ရွယ်ပြီး Qing Minya( ရှင်မင်းယာ) ၏ အဆိုပါ အလှူငွေ လိမ်လည်မှုကို ရွှေမြန်မာတို့ သိစေရန် ဖော်ထုတ်ခဲ့ခြင်းသာဖြစ်သည်။

၎င်းအလှူငွေ လိမ်ထားသောပို့စ်ကို ကျနော် တင်ပြီး ၇ နာရီခန့် အကြာတွင် Qing Minya(ရှင်မင်ယာ) မှ သူ၏wall တွင် အလှူငွေများကို KLIA ( မလေးလေဆိပ်) တွင် ဆာရာဝအလုပ်သမားများသို့ အပ်နှံမည် ဟု ရေးသားဖော်ပြခဲ့သည်။

သို့သော် အရှက်တရားကင်းမဲ့သည့် ရှင်မင်းယာ နှင့် အဖွဲ့သည် ၎င်း အလှူငွေများအား မြန်မာအလုပ်သမားများလက်တွင်းသို့ မပေးအပ်ခဲ့ ပဲံ ဗြောင်လိမ် ဗြောင်စားလုပ်ခဲ့ကြသည်။

ခိုင်လုံသော သတင်းရပ်ကွက်မှ မလေးငွေ RM 500,00 ဟု အခိုင်အမာ ပြောနေသော်လည်း Qing Minya ( ရှင်မင်းယာ) နဲ့ အဖွဲ့မှ အလှူငွေ စုစုပေါင်း ကိန်းဂဏါန်း များဖော်ပြရာ နှစ်ကြိမ်ဖော်ပြလျှင် နှစ်မျိုးဖြစ်နေကြောင်းတွေ့ရှိရသည်။

အလှူငွေ လိမ်လည်မှု ကို ရှင်းလင်းစွာမဖော်ပြကြပဲ မိန်းမကောင်းတို့ ၏ အဂါင်္ရပ်နဲ့ မညီစွာ မိန်းမရွင်တို့အလား ညစ်ပတ်စွာ ဆဲရေးတိုင်းထွားနေခဲ့ကြသည်။

ဆာရာဝအလုပ်သမားများ နှစ်သုတ်ခွဲပြီး ပြန်ကြရာ ၄၄ တသုတ် နဲ့ ၂၂ ဦး တသုတ် တို့ ဖြစ်သည်။

၄၄ ဦး အသုတ် မှ လူဖြင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့မှ မည်သည့် ငွေကြေး တပြားတချပ်မျှ မရခဲ့ပါကြောင်းပြောပြသည်။

ယခုတဖန် Bug Lab ဆိုသည့် facebook user မှ Qing Minya(ရှင်မင်းယာ) တို့၏ အလှူငွေ လိမ်လည်ထားမှုကို ထပ်မံဖော်ထုတ်လာပြန်သည်။

Bug Lab သည် မလေးရှားမှ မြန်မာများအား အမြဲတစေ ကူညီနေသူဟု သိရှိရသည်။

Bug Lab မှ ၎င်းအလှူငွေ ရှင်းတမ်း အား တောင်းခံရာ Qing Minya ( ရှင်မင်းယာ) တို့ဘက်မှ မပေးနိုင်သည့် အပြင် မိုက်ရိုင်းစွာ ထပ်မံပြောဆိုနေကြပြန်သည်။

Bug Lab သည် မြန်မာဗုဒ္ဓဘာသာ စစ်စစ်တစ်ဦးသာဖြစ်သည်။

အဆိုပါ Qing Minya(ရှင်မင်းယာ) တို့ အဖွဲ့ အနေဖြင့် အလှူခံလိုလျင် ဒုက္ခရောက်နေသော မြန်မာ အလုပ်သမားများ၏ ခေါင်းစဉ်ဖြင့် မကောက်ခံသင့်ပေ။

မိန်းမရွင် လုပ်ငန်း လုပ်ကိုင်သော အမျိုးသမီးများသည် မိန်းမရွင်အမည်နာမ ကျေကျေ နပ်နပ် ခံယူပြီး လုပ်ကိုင်တတ်ကြသော်လည်း Qing Minya(ရှင်မင်းယာ) နဲ့ အဖွဲ့ သည် စစ်ခွေး အလိုတော်ရိများ ပီသစွာ မိန်းမရွင်လုပ်ငန်း လုပ်ကိုင်နေသော်လည်း မိန်းမရွင် အမည်နာမ အား မခံယူလိုကြပေ။ယင်းခဲ့သို့ မခံယူလို လျှင် မြန်မာအလုပ်သမားများ၏ ခေါင်းစဉ်ဖြင့် အလှူငွေ အဘယ်ကြောင့် ကောက်ခံခဲ့ပါသနည်း။

၎င်း ငွေ ကို ကာယကံရှင်များလက်သို့ အဘယ်ကြောင့် မပေးအပ်ပဲ ဘတ်နေခဲ့ကြပါသနည်း။

ဖဘ တခွင် နာမည်ကြီးနေပြီ ဖြစ်ရကား အလှူငွေ နဲ့ အလှူငွေ စာရင်း ရှင်းတမ်း ကို တိတိကျကျ ထုတ်ပေးရန်သာရှိပြီး မိုက်ရိုင်းဆဲဆိုကာ ထပ်မံဖုံးကွယ်ဖို့ မကြိုးစားသင့်တော့ပေ။

အမျိုးသားရေးအမည်ခံ စစ်ခွေးအလိုတော်ရိ Qing Minya( ရှင်မင်းယာ )၏ ဇါတ်ရှုတ်များအား အစဉ်ဖော်ပြပေးနေမည်ဖြစ်ကြောင်း သိစေလိုက်သည်။
====================
အပုချေ ( မာန်အောင်ကျွန်း )

Qing Minya ရှင်မင်းယာ ဘာလဲ။ ဘယ်လဲ
=======================
အမည်ရင်း မြမြခင်ဖြစ်သည်။ ရန်ကုန်တာမွေမှာနေသည်။ တောင်မြင်းကွင်းလမ်း(Eleven Media ရုံးရှိသည့်လမ်း ) အိမ်အမှတ် ၁၃ ဖြစ်သည်။ ၁၉၇၉ ခုနှစ်တွင်မွေးဖွားပြီး အမက(၁၈)တာမွေတွင်မူလတန်းတက်သည်။၈၈ အရေးတော်ပုံတွင် လေးတန်းကျောင်းသူဖြစ်သည်။ ၁၉၉၆တွင် အထက(၃)တာမွေမှ ဆယ်တန်းအောင်သည် ။

ဖခင်မှာ ဗိုလ်မှူးခင်မောင်ဦး(ငြိမ်း) ဖြစ်ပြီး မထသ ဗဟိုရုံးမှ ဒုချုပ်ရာထူးဖြင့်အငြိမ်းစားယူသည်။ မိခင်မှာလည်း စစ်သူနာပြု ဗိုလ်မှူးရာထူးဖြင့် အငြိမ်းစားယူသည်။ အစ်ကိုဖြစ်သူမှာလည်း စစ်တပ်အရာရှိတစ်ဦးဖြစ်သည်။ တကယ့်စစ်တပ်မျိုးရိုးဖြစ်သည်။

ဆယ်တန်းအောင်ပြီး အဝေးသင်တက္ကသိုလ် ဖြင့်ကျောင်းပြီးသည်။ ဆိပ်ကမ်းသာလမ်း sinma furniture တွင်အလုပ်ဝင်သည်။ ၂၀၀၂-၂၀၀၃ ခန့်တွင် မလေးရှားသို့သွားရောက်ပြီး မလေးလူမျိုးတစ်ဦးနှင့်အိမ်ထောင်ကျသည်။ မလေးရှားတွင် private school တစ်ခုဖွင့်ထားသည်။ 2013 နိုဝင်ဘာလမှစပြီး ရန်ကုန်ပြန်ရောက်နေသည်။

ဒီလောက်ဆို ဘာဆိုတာသိလောက်ပါပြီ။ အရင်က Kymm Kymm အကောင့်ဖြင့်ရေးသည်။ သူ့မိဘမျိုးရိုး၊ လက်ရှိအိမ်ထောင်ဖက်တို့ကိုကြည့်ခြင်းအားဖြင့် သူအော်နေသောအမျိုးသားရေးနောက်ကွယ်က ဘာတွေရှိလဲဆိုတာ ခန့်မှန်းလို့ရလောက်ပါပြီ။

Credit >> ခွန်ဒီးယမ်


ဒီမို အန်းဂရီးဘတ်

ရှင်မင်းယာ၊ ကိုကိုးအိမ်၊ ရဲမိုး၊ စင်ကာပူ ဘစီ၊ ဂျိမ်းမင့် တို့ကလည်း စာတို စာရှည် များနှင့် ကာကွယ်ရေး၊ စိန်ခေါ်ရေး၊ ကိုယ်ရည်သွေးရေး တို့ကို လှိုင်လှိုင်ကြီး ယခု မနက်မှာ ရေးသားနေကြတာကို လေ့လာတွေ့ရှိပါတယ်။

ရှင်မင်းယာ ကတော့ ထင်သလို ရခိုင်လူမျိုးတစ်ဦး မဟုတ်ဘူးလို့ သိရပါတယ်။ ရခိုင်ချစ်စိတ် မျိုးချစ်စိတ်ကဲနေတဲ့ တရုတ်မဖြစ်ကြောင်းလည်း ပြောနေကြပါတယ်။

နာမည်ကြီး သတင်းသမားတစ်ယောက်ကလည်း ရဲမိုးနှင့် ရှင်မင်းယာကို ရန်ကုန်ရောက်နေပါက ဆက်သွယ်ဖို့ ပြောထားတာလေးကို တွေ့လိုက်ရပါတယ်။ ပူးပြီး ဖော်မလို့နဲ့တူပါတယ်။

မိုက်မိုက်ဟာ ဂျိမ်းမင့်လို့လည်း ပြောနေကြပါတယ်။

အက်ရှင်ဘဘဒီမို ဆိုသူကလည်း Action Times Foundation ကို စတင်သူလို့ သိရပါတယ်။ Action Times Foundation ကတော့ ရွှေသံစဉ်တေးဂီတ အဖွဲ့နဲ့ မကြာခဏဆိုသလို လူမူရေးပွဲတွေ လုပ်ကြပါတယ်။

ရွှေသံစဉ်ကိုတော့ တလောက NLD ပညာရေးကွန်ယက်ပွဲမှာ ဂုဏ်ပြုလက်မှတ် လက်ခံရယူတာ တွေ့လိုက်ရပါတယ်။

အက်ရှင်ဘဘဒီမိုကတော့ သူ့ညီတစ်ယောက် မလေးမှာ ဒုက္ခရောက်တော့ Qing Minya က ကားရောင်းပြီးတော့တောင် ကူညီတယ်လို့ ပြောပါတယ်။

အခုတော့ Qing က စင်ကာပူကိုလာမယ့် နေတိုးရဲ့ ဖျော်ဖြေပွဲမှာ သူ့ကိုတွေ့ချင်သူတွေကို စောင့်နေမယ်လို့ ပြောပါတယ်။

မီဒီယာ စပျစ်ချဉ်ကြီး တစ်ယောက်က "The Open Sky" ကို မကြည့်ပဲနဲ့ ဝေဖန်ရေး ရေးထားတာကိုလည်း ဖတ်ဖူးပါရဲ့။ နှစ်ဖက် မမျှဘူး ဘာဘူးပေါ့လေ။ အဲသည်တုန်းက ကိုယ်ကလည်း သူတို့ ဘာတွေ ပြောနေမှန်းမသိလို့ ကျော်ချသွားလိုက်တာပါ။

မိထ္တီလာက မြန်မာမလေးတစ်ယောက်နှင့် မွတ်စလင်မလေးတစ်ယောက်ရဲ့ သူငယ်ချင်း ဘ၀ကို အဓိကရုန်းဖြစ်ပွားချိန်မှာ နောက်ခံပြီး ရိုက်ထားတဲ့ ကားမှန်း အခုမှပဲ သိတော့တာပါ။

မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ သင်တန်းသား ၁၂ ဦးထဲက တစ်ဦးက ရှင်မင်းယာ ရဲ့ သတင်းပေး ဆိုတော့လည်း ခက်ပါတယ်လေ ..... ဟင်းးးးးး

"The Open Sky" က အဲသည်လောက်ကြီးတောင် ဖြစ်သွားတာလား။ ဖတ်ရတာ စိတ်မချမ်းသာလိုက်တာ။

ဟိုကောင်မလေးလည်း သနားစရာ၊ ပုန်းနေတာကို မိတ်ဆွေအယောင်ဆောင်က နေရာချပေး ဓါတ်ပုံရိုက်ပြီး Qing Minya (ရှင်မင်းယာ) ဆီ ပို့တယ် ဆိုပါလား။

နာမည်ကျော် နိုင်ကျဉ်းဟောင်း ၀င်းမော်(ရွှေသံစဉ်) က ဂျစ်တူးဆိုသူရဲ့ ညာသံပေး စတေးတပ်ကို ယူတင်တယ် ဆိုပါလား။

Qing Minya ရဲ့ သူငယ်ချင်းတွေထဲမှာ ဖေ့ဘုတ်ပေါ်က နာမည်ကြီး မီဒီယာဆရာတွေ ပါတယ် ဆိုပါလား။

လေ့လာထားတာလေးကို တင်ပြတာပါ


ဒိုင်း ခင်ခင်
ကြောင်ကြာကြာရေမငုတ်ပါဘူး၊
ဟုတ်ရင်ကြော် ပုတ်ရင်ပေါ်တက်တာမို့
ရန်ပုံငွေကို မျောက်ပြဆန်တောင်းခါ
ကလိမ်စေ့ငြမ်းဆင်ပါတဲ့
မလေးက ရှင်မင်းယာရေ ----
အခုတော့ မြေရှိုးမိုးပျံသလို
FB မှာ တံထွေးခွက် ပက်လက်မျောပြီးသကာလ
အကောင့်ကို အပီ ( de ) ထားခဲ့ကာ
ခွေးပြေးဝက်ပြေး ပြေးလေသတည်း ---:::D



မျိုးစေ့ မျိုးဆက်

ဒေါက်တာကျော်ရင်လှိုင် တို့ Myanmar Egress ကိုထောင် ခေတ်သစ်လူငယ်တွေ
ကို တလွဲပို့ လုပ်ခဲ့တာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပုတ်ခတ်ခဲ့တာတွေကို
အရင်က ယောင်ယောင်ဝါးဝါး နားမလည်ခဲ့ပါ။ ယနေ့ထုတ် မြန်မာသံတော်ဆင့်
ဖတ်ပြီးမှ သိရတော့တယ်။ မ.ဆ.လ လူကြီးဟောင်းသားကိုး။ ၁၉၉၀ ရွေးကောက်ပွဲမှာတောင်ဝင်ပြိုင်ခဲ့သေးသတဲ့။

သမ္မတကြီးရဲ့လူများ (The President's Men) လို့နိုင်ငံတကာမှာခေါ်တဲ့ သမ္မတအကြံပေးတွေဆိုတာ တိတ်တိတ်ကလေးနေရတယ်ကွဲ့။

အင်ဒိုနီးရှားမှာ သမ္မတကြီးဆူဟာတို လက်ထက်ကတော့ နိုင်ငံတော်
ပြန်လည်ထူထောင်ဖို့ဆိုပြီး အမေရိကန် နဲ့ နိုင်ငံခြားက ပညာသင်ထားတဲ့ အင်ဒိုနီးရှား ခေတ်ပညာတတ် လူငယ်လူရွယ်တွေကို စီးပွားရေးအကြံပေး
အရာရှိတွေအဖြစ် တိတ်တိတ်လေးခန့်ခဲ့ဖူးတယ်။ အဲဒီလူတွေကို အင်ဒိုနီးရှားမှာ
Berkeley Mafia ရယ်လို့သာ သိခဲ့ရတယ်။ ဘယ်သူတွေမှန်းမသိခဲ့ပါ။
အခုကော ဘယ်လိုနာမည်တွေ ပေးဦးမလို့လဲ။ အင်ဒိုနီးရှားလိုဖြစ်အောင်လား ?
ပြောပြမယ်နော်..ဆုတောင်း....နေ့ရောညရော မအိပ်မနေဆုတောင်း...ha ha ha.

Myo Tun Myint

ဒီနေ့ကာတွန်း

ကမ္ဘာ့ဖလား ဘောလုံးပွဲတွေထက် သာတဲ့ မြန်မာပြည်က သတင်းတွေ



ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၂၀၂ ဆရာကိုရွှေအောင် ဆောင်းပါး .


သတင်း အစုံအလင်မှာ

“မြန်မာပြည်မှာ နာရီတွေကများ အချိန်ရယ် မှန်နိုင်ပါတော့ မလား” ဆိုတဲ့ သီချင်းတစ်စကို ခုနေခါတော့ “မြန်မာပြည်မှာ ပြဿနာတွေကများ သောင်းခြောက်ထောင် ကနိုင်ပါတော့ မလား” လို့ ပြောင်းဆိုရတော့မယ့် အခြေအနေပါပဲ။ ဘုန်းကြီးအမှု ကမ္ဘာပတ်နေချိန် ရန်ကုန်မြို့ကြီးက ရေနစ်၊ နေပြည်တော် အစိုးရက ဖြုတ်ထုတ်ဖမ်း လမ်းစဉ် စတင်လိုက်ချိန် ရခိုင်ပြည်နယ်ထဲ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေ အတိုင်း နိုင်ငံသား စာရင်းကောက်၊ တစ်ပြိုင်တည်း အိုအိုင်စီ ခေါ် အစ္စလမ်မစ်အဖွဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေက မြန်မာပြည်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ဆက်ဆံနေတာတွေ အဆုံးသတ်ဖို့ တောင်းဆိုလိုက်တဲ့ သတင်းတွေ ထွက်ပေါ်လာ။ အခု ကစားနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေတောင် မြန်မာပြည် သတင်းတွေလောက် ရင်ခုန် စိတ်လှုပ်ရှားဖို့ မကောင်းပါဘူး။ ဒီကြားထဲ ကျပ်သိန်း ၁၀၀ အလွဲသုံးမှုနဲ့ ကျပ်သိန်း ၁၀၀၀ အာမခံကြေးတွေကလည်း လူအများ စိတ်ဝင်စားစရာ ကိန်းဂဏန်းတွေ ဖြစ်ရပြန်ပါတယ်။
ရန်ကုန်က သ်္တိသုခကျောင်းတိုက်ကို ညကြီးမင်းကြီး ၀င်စီးတဲ့ကိစ္စ အပါအ၀င် ပြစ်ချက်ပေါင်းများစွာ ရှိတဲ့အတွက် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်က ရပ်စဲလိုက်ရုံ တင်မကဘဲ အမှုဖွင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ သမ်္မတ ပြောရေးဆိုခွင့်ရှိသူရဲ့ မီဒီယာကို ပြောစကား အရ သာသနာရေးဝန်ကြီး အခုလို ဖြစ်ရတာဟာ သမ်္မတက အကြိမ်ကြိမ် ဆိုဆုံးမတဲ့စကား နားမထောင်ခဲ့တဲ့အတွက် ဆိုတဲ့အချက်လည်း တစ်ချက် ပါပါတယ်။ ဒီစကားကြားတော့ အစိုးရ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ သမ်္မတဟာ သူ့အစိုးရ အဖွဲ့ဝင်တွေကို ဥပဒေနဲ့အညီ ပြောဆိုဆက်ဆံဖို့ မသင့်ဘူး လားလို့ မေးစရာ ဖြစ်လာပါတယ်။ အစိုးရ အဖွဲ့ဝင် ၀န်ကြီး တွေ ဥပဒေနဲ့အညီ မလုပ်ရင် ဥပဒေအတိုင်း အရေးယူ လုပ်ဆောင်ဖို့ မသင့်ပေဘူးလား၊ ပြောချင်ရာပြော လုပ်ချင်ရာ လုပ်နေတဲ့ ၀န်ကြီးတွေကို ဆိုဆုံးမနေရုံနဲ့ ပြီးမလား၊ နောက်ဆုံးတော့ မြန်မာပြည်မှာ အစိုးရ အဆက်ဆက် ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်းကြီးအတိုင်း ပြစ်ချက်ရှာ ဖမ်းဆီး ထိန်းသိမ်းလိုက်တာနဲ့ တစ်စခန်း ရပ်သွားပြန်တာပါပဲ။

လာပြီ၊ လာပြီ ၈၂ နိုင်ငံသား ဥပဒေ

ရခိုင်ပြည်နယ်ထဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသား စာရင်းကောက်နေတဲ့ ကိစ်္စဘက် ဆက်ပါမယ်။အစိုးရက ဇွန်လ ၁၅ ရက်ကစပြီး ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှာ ရှေ့ပြေး နိုင်ငံသား စာရင်းကောက်ယူတဲ့ လုပ်ငန်းကို စတင်လိုက်ပါတယ်။ လူဝင်မှု ကြီးကြပ်ရေးဌာနက ညွှန်ကြားရေးမှူးချုပ် ကိုယ်တိုင် ခေါင်းဆောင်ပြီး နိုင်ငံသား စာရင်း ကောက်နေတယ်ဆိုတဲ့ သတင်းလည်း တွေ့မြင် ရပါတယ်။ မြေပြင်သတင်းတွေ အရ မြေပုံမြို့နယ်ထဲ နေကြတဲ့ ဘင်္ဂါလီတွေဟာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေတာကြောင့် နိုင်ငံသား စာရင်းကောက်တဲ့ကိစ္စ မြေပုံက စလိုက်တာ ဖြစ်တယ်။ လူမျိုးနာမည်မှာ ရိုဟင်ဂျာလို့ လုံးဝ ထည့်သွင်းဖော်ပြခွင့် မပေးဘူး၊ ဘင်္ဂါလီနဲ့ ကမန်နှစ်မျိုးပဲ လူမျိုးနာမည် ထည့်သွင်း ဖော်ပြခွင့်ပြုပြီး မထည့်ဘဲ နေလိုလည်း မထည့်လို့ရတယ်။ ဒီတိုင်းပြည်နဲ့ ဒီဒေသမှာ နေထိုင်လာတာ ရှေး အစဉ် အဆက်ကပဲ ဖြစ်တယ် ဆိုတာကို သက်သေ အထောက်အထား ပြနိုင်ရမယ်၊ ကောက်ယူရရှိတဲ့ နိုင်ငံသား စာရင်းဇယားတွေကို မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ဗဟိုအထိ အဆင့်ဆင့် စစ်ဆေးပြီးရင် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အရ ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ၀င်ရောက်လာတဲ့ ဆွေစဉ်မျိုးဆက်တွေကို နိုင်ငံသား ဖြစ်ခွင့်ပြုမှာ ဖြစ်ပါတယ်။
နိုင်ငံသား စာရင်း ကောက်ခံ ခံရတဲ့ ဒေသခံ တချို့ ကတော့ သူတို့ ကြားညပ်နေတယ်လို့ ပြောကြပါတယ်။ဘင်္ဂါလီလို့ ထည့်သွင်းလိုက်တော့ မွတ်စလင် အသိုင်းအ၀ိုင်းနဲ့ အဖွဲ့အစည်းတွေက သစ္စာဖောက်လို့ သတ်မှတ်ပြောဆိုတာ ခံရတယ်။ ဒီထဲ အစိုးရနဲ့ ရခိုင်တွေကို စောင့်ကြည့် သတင်းပေးနေသူတွေရန်ကိုလည်း ကြောက်နေရတယ်။ ဒီဒေသက ထွက်ပြေးချင်ပြီလို့ မြေပုံမြို့ ဒုက်္ခသည် စခန်းမှာနေတဲ့ ဒုက္ခသည်တစ်ဦးက ညည်းပါတယ်။ ဒီအချိန်မှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက နေပြည်တော် ပြည်သူ့ လွှတ်တော် တက်နေတဲ့ ရခိုင် အမတ် ၄ ယောက်ကို သူ့ရုံးခန်းခေါ်ပြီး ဒီကိစ္စ ရှင်းပြပါတယ်။ ခေတ်အဆက်ဆက် အစိုးရတွေ လျစ်လျူရှုခံခဲ့ရလို့ တိုင်းနဲ့ ပြည်နယ်တွေထဲ ရခိုင်ဟာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် ဖြစ်ရတယ်။ အခု အစိုးရကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ရန်ပုံငွေတွေ ပိုသုံးပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနေတယ်။တစ်ပြိုင်တည်းမှာ ရခိုင်တိုင်းရင်းသားတွေ လိုလားနေတဲ့ ဘင်္ဂါလီတွေကို နိုင်ငံသား စိစစ်ရေးလုပ်ငန်း စလုပ်နေပြီ။နိုင်ငံသားစာရင်း ကောက်ပြီးရင် သူတို့ကို နိုင်ငံအတွင်း သွားလိုရာ သွားလာခွင့်ပြုမယ်။ အဲဒီအချိန်ကျရင် ရခိုင် ပြည်နယ်အတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေတဲ့ ဘဂါင်္လီကိစ္စ လျော့နည်းသွားမယ်။ အစိုးရ အနေနဲ့ကလည်း ရခိုင်မှာ ရှိနေတဲ့ ဒုက္ခသည် ၁ သိန်း ၄ သောင်း ပြဿနာက မရှင်းလို့ မဖြစ်ဘူး။

ရခိုင် ၀န်ကြီးချုပ် ပြောင်းဖို့လုပ်

သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ရှင်းပြတာနဲ့ ပတ်သက်ပြီး သူနဲ့တွေ့ဆုံပွဲ တက်ခဲ့တဲ့ မြေပုံအမတ် ဦးဖေသန်းက ၀န်ကြီး ပြောသွားသလောက် အဆင်မပြေနိုင်ဘူး၊ ပြီးခဲ့တဲ့ သန်းခေါင် စာရင်း ကောက်ယူခဲ့ချိန်က ရခိုင်မှာ ဘင်္ဂါလီ ၁ သန်းကျော် ရှိတဲ့အထဲ ၂ သောင်းလောက်ပဲ ကောက်ယူနိုင်ခဲ့တာသာ ကြည့်တော့၊ ဘဂါင်္လီထူထပ်တဲ့ မောင်တောတို့ ဘူးသီးတောင် တို့ ဘက်ဆို လုံးဝ မလွယ်ဘူး၊ ရခိုင်ပြဿနာက တော်တော်နဲ့ မအေးနိုင်ဘူးလို့ မှတ်ချက်ပေး ပြောပါတယ်။ ဒီအချိန်မှာပဲ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲလုပ်ဖို့ အစိုးရဘက် က ပြင်ဆင်လာတာ တွေ့ရပါတယ်။ လုပ်ပုံလုပ်နည်းက လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်ကို တာဝန်က နုတ်ထွက်ခိုင်း လိုက်ပြီး ပြည်နယ်လွှတ်တော်က တပ်မတော်သား ကိုယ်စားလှယ် နေရာမှာ သူတို့ ခန့်ချင်တဲ့ ဗိုလ်မှူးချုပ် တစ်ယောက် အစားထိုး ခန့်လိုက်ပါတယ်။ ပြီးရင် လွှတ်တော်က ရွေးချယ်တယ်ဆိုပြီး အဲဒီ ဗိုလ်မှူးချုပ်ကို ပြည်နယ်ဝန်ကြီးချုပ် လုပ်ဆောင်စေမှာ ဖြစ်ပါတယ်။
ရခိုင်ကို ရခိုင်ပဲ အုပ်ချုပ်နေရာက စစ်တပ်က ဗိုလ်မှူးချုပ်တစ်ယောက် လာအုပ်ချုပ်ရင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် စိုးရိမ်စရာ ကောင်းတယ်လို့ ရခိုင် ပါတီခေါင်းဆောင် တစ်ယောက်က ထုတ်ပြောလိုက်သံ ကြားရပေမယ့် အစိုးရကတော့ ရခိုင်ကို စစ်တပ်က အုပ်ချုပ်ပြီး ရှင်းစရာရှိတာ ရှင်းထုတ်ပစ်မယ့် သဘောမျိုး လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ပြည်နယ် တစ်ခုနေ ပြည်သူတွေ ရေချိန်မြင့်မားအောင်၊ ငြိမ်းချမ်း တည်ငြိမ်ရေးရဲ့ အဓိပ်္ပယ်နဲ့ တန်ဖိုး နားလည် လက်ခံလာအောင် အစိုးရနဲ့ စစ်တပ်နဲ့တင် လုပ်လို့ မရနိုင်ပါဘူး။ အစိုးရ၊ စစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ရခိုင် အရပ်ဘက် အဖွဲ့အစည်းတွေ လူရိုသေ ရှင်ရိုသေ ပုဂိ္ဂုလ်တွေနဲ့ ကုလသမဂ်္ဂ အဖွဲ့အစည်းတွေ အားလုံး ပေါင်းရုံးပြီး စေတနာသန့်သန့်နဲ့ ၀ိုင်းတွန်းနိုင်မှ ဖြစ်မှာပါ။ လက်ရှိ ထိုင်းအစိုးရက သူ့နယ်စပ်က မြန်မာ ဒုက်္ခသည် စခန်းတွေ ရှင်းထုတ်ပစ်ဖို့ လုပ်ဆောင်လာနေချိန်မှာ ရခိုင်ပြည်နယ် ဒုက္ခသည်အရေးက တစ်စခန်းထလာရင်တော့ ဒုက္ခသည် အရေး ရှေ့တန်းရောက်လာဦးမှာ ဖြစ်ကြောင်းပါ။

ကိုရွှေအောင်

အငြိမ်းစားရဲမှူးကြီးသမီးတစ်ဦးမှ ဘင်္ဂလီများကို ကားဖြင့်ရန်ကုန်ပို့ရာ အမ်းဂိတ်တွင်ဖမ်းဆီးမိ




------------------အမ်း။ ဇွန် ၂၇
နေပြည်တော်၊ ပုပ္ပသီရိမှ အငြိမ်းစားရဲမှူးကြီးအဆင့်ရှိသူ တစ်ဦး၏သမီးဖြစ်သူ
မမွန်မွန်ချို နှင့် ရန်ကုန်မြို့ဒဂုံ မြို့နယ်တွင် နေထိုင်သူ အငြိမ်းစားရဲမှူးကြီး တစ်ဦး၏သား မောင်မျိုးထက်စိုး( ဒရိုက်ဘာ) တို့ မှ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ဘင်္ဂလီ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၈ ဦးအား ကားဖြင့်ခေါ်ဆောင်သွားခဲ့ရာ ဇွန်လ ၂၇ ရက်နေနေ့က နံနက် ၉ နာရီခန့်က အချိန်က အမ်းဂိတ်တွင်ဖမ်းဆီးမိခဲ့ကြောင်း သက်ဆိုင်ရာမှသိရသည်။
အဆိုပါကားအား အမ်းမှ အဖွဲ့ပေါင်းစုံက စိစစ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကားပေါ်တွင် ပါလာသော ဘင်္ဂလီ များမှာ - ကျောက်တော်မြို့နယ်အတွင်းမှ ဖြစ်ပြီး
( ၁) မာမတ်ရော်ရှိန်း(ဘ)မာမောက်ရော်ဖီး (၁၄ နှစ်)
( ၂) အဒူမာကား (ဘ)ရာဟာမွတ် (၁၈နှစ်)
( ၃) မိုဟာမတ်အာဒင် (ဘ) မတ်ဆွန်း (၁၆ နှစ်)
( ၄) ဆလွတ်အာမွတ် (ဘ)၀ါဖူး (၁၈နှစ်)
( ၅) နော်ဘီဟူဆောင်း(ဘ)ဇော်ဆောင်းအာလီ (၃၂ နှစ်)
( ၆) ဆာတာရာဘေဂွမ်(ဘ)ဟာဘီ ( ၁၅ နှစ်)
( ၇) ရာဟာနော်ဒိန်(ဘ)အေဆာနူလောက် (၁၅ နှစ်)
( ၈) နာဆာရာမောက် (ဘ) အဘူဆီဒီး (၁၈နှစ်)
( ၉) ဇော်ဟီးရာမောက်
(ဘ)အာတိုမိုမီ (၁၈ နှစ်) တို့ဖြစ်ကြောင်းသိရသည်။
မောင်မျိုးထက်စိုး(ဘ)
ဦးကျော်စိုးလွင်၊ ၃၅ နှစ်နှင့် ဦးဆောင်သူ မမွန်မွန်ချိုမှာ ၂၈ နှစ်ရှိပြီဖြစ်ကြောင်းလည်းသိရသည်။ ယင်းတို့သည် အငြိမ်းစားရဲမှူးကြီး ၂ဦး၏ သားသသီးများဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၃ ခုနှစ်အတွင်းကလည်း မွန်ပြည်နယ်။ ကျိုက်ထိုမြို့၊ဇမ္ဗူအေးကျောင်းတိုက် မှ ဦးဃောတိယ(လူအမည်-ဦးကျော်နိုင်စိုး)အသက် ၃၈ နှစ်။(ဘ)ဦးသောင်း။ သာသနာဝင်အမှတ် ၁၀/ကထန(သ)၀၀၂၇၃၆ ဘိုကိုင်ဆောင်ထားသူ ဘုန်းကြီးတစ်ပါးက ဘင်္ဂလီ ၈ ဦးအား ကားဖြင့်သယ်ဆောင်လာခဲ့စဉ်အမ်းဂိတ်တွင်ဖမ်းဆီးခဲ့ကြောင်းသိရသည်။ ယင်းသို့ ခေါ်ဆောင်လာရာတွင် ဘင်္ဂလီ များအားသင်္ကန်းဝတ်ဖြင့် ပုံပြောင်းခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်ဟုလည်းသိရှိရသည်။
ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီများဖြစ်ကြောင်းနှင့် ယင်းမတိုင်ခင်လည်း ကားဖြင့် အကြိမ်ကြိမ် ပို့ ဆောင်ပေးခဲ့သည်ဟု မေးမြန်းချက်များအရသိရှိရပါသည်။ (မှတ်ချက်- သင်္ကန်းဝတ်ဖြင့် ဖမ်းဆီးမိခဲ့သော ဘင်္ဂလီများ၏ ပုံအားဖော်ပြပေးလိုက်ပါသည်။)
ယင်းသို့ ရဲအရာရှိတို့၏ သားသမီးမှ လူကုန်ကူးခြင်းပေါ် သက်ဆိုင်ရာမှ စုံစမ်းလျက်ရှိပြီး ဖမ်းဆီးရရှိသူ များကို အမ်းစခန်းတွင် ချုပ်နှောင်ထားကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်းမှ ထွက်ခွါသော ဘင်္ဂလီများအား ထိုသို့ဖမ်းဆီးမှုများ ရှိ သော်လည်း စစ်တွေလေယာဉ်ကွင်းမှ ထွက်သွားသော ဘင်္ဂလီများစွာရှိ ကြောင်းလည်းသိရသည်။

R S V page

တန့်ဆည်မြို့နယ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲလူဦးရေ (၆၀၀၀)ကျော်


 စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒထုတ်ဖော်ပွဲကိုကျင်းပခဲ့ကြောင်းသိရှိရပါတယ်။
ထိုပွဲမှာ လူဦးရေ (၆၀၀၀)ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။
နံနက်(၈)နာရီမှ စတင်ကာ နံနက်(၁၀း၃၀) တွင် ပြီးဆုံးခဲ့ပါသည်။

28-6-2014
 ကိုကျော်စိုး