Sunday, June 29, 2014

တရုပ်ပြည်ရောက်မှ သေမလို နှမ်းမလို ရိုသေပြနေ



ခွန် ဒီးယမ်

မြန်မာပြည်က ဘုန်းကြီးတွေကျတော့ မီးလောင်ဗုံးနဲ့ထုလိုက်၊ ကျောင်းပေါ်ကနှင်ချလိုက်၊ ဝရမ်းပြေးဖြစ်အောင် ဖမ်းဝရမ်းထုတ်လိုက်၊ ညကြီးအချိန်မတော် ဝင်စီးလိုက်၊ အင်းစိန်ထောင်ပို့လိုက်..... တရုပ်ပြည်ရောက်မှ သေမလို နှမ်းမလို ရိုသေပြနေပြန်ရော... အင်းလေ....တရုတ်ကြောက်အစိုးရကိုး........

(28-6-2014)

ဒီပြစ်ဒဏ်တွေကို အလ္လာက ချမှတ်ခဲ့တာတဲ့


BBC Burmese

ဘရူနိုင်းနိုင်ငံမှာ တင်းကျပ်တဲ့ အစ္စလာမစ် ပြစ်ဒဏ်တွေ ချမှတ် ကျင့်သုံးတော့မှာ ဖြစ်ကြောင်း ဆူလ်တန်ဘုရင်က ထုတ်ဖော် ကြေညာလိုက်ပါတယ်။

အဲဒီ ပြစ်ဒဏ်တွေထဲမှာ ခြေလက်ဖြတ်တာမျိုးနဲ့ ခဲနဲ့ပစ်ပေါက် အပြစ်ပေးတာမျိုးတွေကို တဖြည်းဖြည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

မဖွယ်မရာ အပြုအမူတွေ၊ သောကြာနေ့ ဘုရားဝတ်ပြုဖို့ ပျက်ကွက်တာမျိုးတွေ အပါအဝင် ပြစ်မှုတွေအတွက် ထောင်ဒဏ်နဲ့ ဒဏ်ကြေးစနစ်တွေ ပါဝင်တဲ့ ပြစ်ဒဏ်တွေကို အခုသီတင်းပတ်က စလို့ ချမှတ်သွားမယ်လို့ သိရပါတယ်။

ဒုတိယ အဆင့်အနေနဲ့ ခိုးမှု ကျူးလွန်သူတွေကို ကြိမ်ဒဏ်နဲ့ ခြေလက်ဖြတ်တာမျိုးလို ပြစ်ဒဏ်တွေ ချမှတ်မှာ ဖြစ်ပြီး နောက်ဆုံးအဆင့် အနေနဲ့ လိင်တူဆက်ဆံမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု စတဲ့ ပြစ်မှုတွေအတွက် ခဲနဲ့ အသေပစ်ပေါက် အပြစ်ပေးတာမျိုးတွေ လုပ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်သူ ဆူလ်တန်ဘုရင် ဟာဂျီ ဟက်ဆဲနယ်လ် ဘိုလ်ကီယာက ဒီပြစ်ဒဏ်တွေကို အလ္လာက ချမှတ်ခဲ့တာ ဖြစ်တဲ့အတွက် မတရားဘူး ရက်စက်တယ်လို့ မဆိုနိုင်ကြောင်း ပြောသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနကတော့ တချို့ ပြစ်ဒဏ်တွေဟာ ညှဉ်းပမ်း နှိပ်စက်တဲ့ အခြေအနေအထိ ရောက်သွားပြီး လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအဖြစ် သတ်မှတ်ထားကြောင်း ပြောပါတယ်။

ပုံစာ- အစ္စလာမစ် ပြစ်ဒဏ်တွေ ကျင့်သုံးဖို့ ဘရူနိုင်း ဆူလ်တန်ဘုရင် ကြေညာစဉ်။

http://www.bbc.co.uk/burmese/world/2014/04/140430_brunei_islamic_punishments.shtml

ဟစ်ခုံ



တာမွေကျို က္ကစံပြည်သူ့ဟစ်တိုင် ကဟစ်ခုံဖြစ်နေပြီ
ဘုရင်ခေတ်ကဟစ်တိုင် မှာမိမိပြောချင်တာပေလွှာ
ကပ်ခဲ့လို့ရတယ်
ဟစ်ခုံနားမှာစာတိုက်ပုံးလေးတော့ထားပေါ့
ဖေါက်ဖတ်ဖို့တော့လိုသလို
အရေးတယူလဲဆောင်ရွက်၊။

အကူအညီပေးအုံးမယ်တဲ့အရပ်ကတို့...


သမ္မတဦးသိန်းစိန် ခရီးစဉ်အတွင်း တရုတ်မှ အကူအညီပေးမည့် သဘောတူစာချုပ်လေးခု လက်မှတ်ရေးထိုး
By
အေးသူစံ
Issue No.
No.424 Sunday, June 29, 2014

ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများ သဘောတူညီမှု နှစ်(၆၀)ပြည့်အခမ်းအနားတွင် တရုတ်သမ္မတ စီကျင်းပင်၊ ဝန်ကြီးချုပ် လီကီကျန်း၊ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အိန္ဒိယဒုတိယသမ္မတ ဟာမစ်အန်ဆာရီတို့ကို ဇွန်လ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)

သမ္မတဦးသိန်းစိန်၏ တရုတ်နိုင်ငံသို့ လေးကြိမ်မြောက် ခရီးစဉ်တွင် တရုတ်နိုင်ငံမှ အကူအညီပေးရေး သဘောတူစာချုပ် လေးခု လက်မှတ်ရေးထိုးခဲ့ပြီး အာဆီယံ တရုတ်ဆက်ဆံရေး မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်လုံခြုံရေးတို့ကို တရုတ်သမ္မတ စီကျင်းပင်နှင့် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

တရုတ်က မြန်မာသို့ အကူအညီပေးရေး လက်မှတ်ရေးထိုးမှုတွင် မြန်မာ-တရုတ် ယဉ်ကျေးမှုစင်တာ အပြန်အလှန်ထူထောင်မှုဆိုင်ရာ နားလည်မှုသဘောတူညီချက်၊ ယဉ်ကျေးမှုအမွေ အနှစ် အဆင့်မြှင့်တင်ရေးနှင့် ပူးပေါင်းရှာဖွေဖော်ထုတ်ရေး ကဏ္ဍများတွင် သဘောတူညီချက်၊ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံစီမံချက်အတွက် ဖြစ်နိုင်စွမ်းလေ့လာမှုနှင့် နည်းပညာ တက္ကသိုလ် ရတနာပုံဆိုက်ဘာ စီးတီးအတွက် ဆက်သွယ်ရေး ကွန်ရက်ဆိုင်ရာ ပစ္စည်းများ အ ကူအညီပေးရေးစသည့် အချက် လေးချက်တို့ကို သဘောတူ လက် မှတ်ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။

ထို့ပြင် တရုတ်သမ္မတ စီကျင်းပင်နှင့် သမ္မတဦးသိန်းစိန်တို့ ၏ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာ တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်ကဏ္ဍ၊ ကျောက်ဖြူအထူးစီးပွား ရေးဇုန် အကောင်အထည်ဖော် ရေး၊ မြန်မာစိုက်ပျိုးရေးတွင် တရုတ်က နည်းပညာအကူအညီပေးရေး၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကြား ဆက်ဆံရေးတိုးမြှင့်ရေး နှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သမ္မတ၊ ခရီးစဉ်တွင် အတူလိုက်ပါသွားသည့် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောသည်။

သမ္မတဦးသိန်းစိန်သည် ၎င်း၏ သမ္မတသက်တမ်း သုံးနှစ်ကျော် ကာလအတွင်း ကမ္ဘာ့နိုင်ငံများ အနက် တရုတ်နိုင်ငံသို့ လေးကြိမ်မြောက်အဖြစ် အကြိမ်အများဆုံး သွားရောက်ထားပြီး ယခုခရီးစဉ်မှာ တရုတ်-မြန်မာ-အိန္ဒိယသုံးနိုင်ငံက သဘောတူချမှတ်ခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် ရေးမူဝါဒငါးရပ် နှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်ရန် ချစ်ကြည်ရေးခရီးစဉ် အဖြစ် ဘေဂျင်းမြို့သို့သွားရောက်ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ရေး မူဝါဒငါးချက်ကို ၁၉၅၄ ခုနှစ်က အိန္ဒိယ၀န်ကြီးချုပ် နေရူး၊ မြန်မာဝန်ကြီးချုပ် ဦးနုနှင့် တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းတို့က တစ်နိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် ပြည်တွင်းရေးကို ၀င်ရောက်မစွက်ဖက်ရေး၊ လေးစားရေး၊ နိုင်ငံများတန်းတူညီရေး၊ ကျူးကျော်ခြင်း မပြုရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ ဖြင့် စတင်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဇွန်လ ၂၇ ရက်မှ စတင်ခဲ့သည့် လေးရက်ကြာ တရုတ်နိုင်ငံ သို့ ခရီးစဉ်အတွင်း သမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော ဦးကျော်ဆန်း၊ ဦးဇေယျာအောင်၊ ဦးဝင်းရှိန်နှင့် ဒုဝန်ကြီး ဦးရဲထွဋ်၊ ဒေါ်စန္ဒာခင်တို့ လိုက်ပါသွားသည်။
http://7daydaily.com/story/14397#.U6_21rE1D9s

ဆန်ပေးမှ ဆီရသည့် အကောက်ခွန်



    Sunday, 29 June 2014 08:13

ပေးသော်လည်း အရစ်ခံရနေသူများထံမှ အသံထွက်လာပြီ။

“ပေးတာက ပေးတယ်၊ ကိစ္စမရှိဘူး။ ဒါပေမဲ့ ပေးရဲ့သားနဲ့ အရစ် (ညစ်) ခံရတာကို စိတ်နာတာ” ဟု ဆိုလာသူက အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦး ဖြစ်သည်။နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဂိတ်တံခါးဟုဆိုရမည့် အကောက်ခွန် ဦးစီးဌာနနှင့် ဆက်စပ်ပတ်သက် လုပ်ကိုင်နေရသူများထံမှ ယင်းကဲ့သို့ ညည်းတွားသံများ ထွက်ပေါ်လျက် ရှိသည်။

နိုင်ငံအတွင်းသို့ ဝင်လာသည့် ကုန်စည်များနှင့် နိုင်ငံအတွင်းမှ ထွက်သွားသည့် ကုန်စည်များကို စိစစ်ကာ အခွန်ကောက်ခံစည်းကြပ်ရန် တာဝန်ယူထားသည့် အကောက်ခွန် ဦးစီးဌာန၏ လုပ်ရှားမှုတိုင်းတွင် ‘အပေးအယူ’ မှာ မပါမဖြစ်။ လာဘ်ငွေမပေးသည့် ကုန်ပစ္စည်းဖိုင်မှာ မရှိသလောက် ဖြစ်သော်လည်း လာဘ်ငွေများများပေးသည့် ဖိုင်မှာ အချိန်မြန်မြန် ပြီးစီးနိုင်သည်ဟု အကောက်ခွန် ဝန်ဆောင်မှု လုပ်ကိုင်နေသူများက ယုံကြည်ထားသည်။

အကောက်ခွန် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ငွေတောင်းသံကို ယခုလို ကြားသိရသည်။
“အပြင်မှာလည်း ကုန်ဈေးနှုန်းတွေ တက်နေတာ မင်းလည်း သိတဲ့အတိုင်းပဲ။ ဒါကြောင့် ဒီမှာလည်း ဒီဈေးနဲ့ မရတော့ဘူး၊ တိုးပေးဖို့လိုတယ်” ဟု အကောက်ခွန် ဦးစီးဌာနမှ အလယ်အလတ်အဆင့်ရှိ အရာရှိတစ်ဦးက အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်ထံမှ လာဘ်ငွေ တောင်းခံနေသည့် သို့မဟုတ် ငွေညှစ်နေသည့် အသံဖိုင်ကို တိုးတိုးတိတ်တိတ် နားထောင်ခဲ့ရခြင်း ဖြစ်သည်။ ယင်းအသံဖိုင်ထဲတွင် ၅ သိန်း၊ ၈ သိန်း၊ ၁၁ သိန်း စသည်ဖြင့် လာဘ်ငွေတိုး တောင်းနေသံများကို ကြားနေရသည်။ ကုန်ဈေးနှုန်း တက်သည့်အတွက် ‘ဂါ (ဂါရဝဈေးနှုန်း)’ ဈေးနှုန်းတက်ခြင်း ဖြစ်ကြောင်းပြောသည့် ပြည်သူ့ဝန်ထမ်း၏ စကားမှာ အတော်ပင် မှတ်သားစရာ ကောင်းလှသည်။

အကောက်ခွန် ဦးစီးဌာနနှင့် အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု လုပ်ကိုင်သူများအကြားတွင် ပေါ်ပေါ်ထင်ထင် တင်းမာမှု မရှိသော်လည်း လူမှုရေးကွန်ရက် ဖေ့စ်ဘွတ် စာမျက်နှာများတွင်မူ အကောက်ခွန် ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုနှင့် လုပ်ငန်းကြန့်ကြာမှုအကြောင်း ရေးသားဖော်ပြချက်များ အများအပြား ပေါ်ထွက်လျက် ရှိသည်။ ယင်းအပြင် အကောက်ခွန်ဦးစီးဌာန အတွင်းရှိ အကျင့်ပျက် ဝန်ထမ်းများ အကြောင်းနှင့် အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ် များပြားရှုပ်ထွေးမှုနှင့် လုပ်ငန်းကြန့်ကြာမှုများအကြောင်း ရေးသားထားသော တိုင်စာတစ်စောင်ကိုလည်း သတင်းမီဒီယာအချို့သို့ ဖြန့်ဝေထားသည်။

အဆိုပါ တိုင်စာထဲတွင် အကောက်ခွန် အကျင့်ပျက် ဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူမှုများ အကြောင်းပါဝင်ပြီး တစ်လလျှင်ပျမ်းမျှ ကျပ်သိန်း ၉၀၀ ကျော်မှ သိန်း ၃၀၀၀ နီးပါး လာဘ်ပေးလာဘ်ယူမှုများ ရှိနေကြောင်းနှင့် ယင်းငွေပေးရမှုကြောင့် အခွန်ရှောင်မှုများ ဖြစ်ပေါ်နေကြောင်း ရေးသားထားသည်။

“မမှန်မကန် လုပ်ချင်တဲ့သူဆိုတာ ရှားပါတယ်။ မဖြစ်မနေ ပေးနေရတာပါ။ ဒီလိုမှ မပေးရင်လည်း ကိုယ့်အလုပ်က တော်တော်နဲ့ မပြီးတော့ဘူး။ ဘယ်လောက် ကြာမယ်ဆိုတာ မသိနိုင်ဘူး” ဟု အကောက်ခွန် အေးဂျင့်တစ်ဦးက ဆိုသည်။

လာဘ်ပေးလာဘ်ယူမှုနှင့် တံစိုးလက်ဆောင် ယူမှုများသည် သေချာစွာ တွက်ချက်ပြီးမှ ကျူးလွန်ကြသော ရာဇဝတ်မှုများ ဖြစ်ကြောင်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှု နိမ့်ကျသည့် နိုင်ငံများတွင် အဂတိလိုက်စားမှုမှာ ပျံ့နှံ့စွာရှိတတ်ကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဦးမြင့်၏ ‘အဂတိလိုက်စားမှု’ စာတမ်းတွင် ဖော်ပြထားသည်။ ကုန်သည်များနှင့် အကောက်ခွန် အေးဂျင့်များထံမှ မကျေနပ်ချက်များ ထွက်ပေါ်လာခြင်းသည် စည်းကမ်းတင်းကျပ်ခြင်းနှင့် ယခင်ကကဲ့သို့ ငွေပေးလုပ်ဆောင်ရန် မဖြစ်နိုင်တော့သည့်အတွက် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

“ဒါက မမှန်မကန် လုပ်နေကျလူတွေ အခုလို စည်းကမ်းတင်းကျပ်လိုက်လို့ အသံတွေ ထွက်လာတာပါ။ အခုလက်ရှိဌာနရဲ့ အနေအထားနဲ့ အရင်တုန်းကနဲ့ မတူတော့ပါဘူး။ တော်တော်ကွာသွားပါပြီ” ဟု အကောက်ခွန်ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရသစ် လက်ထက်တွင် အကောက်ခွန် ဦးစီးဌာန၏ လုပ်ငန်း စွမ်းဆောင်ရည်ပိုင်း ကွာခြားသကဲ့သို့ လုပ်ငန်းစွမ်းဆောင်ရည် အကဲဖြတ်မှု ဘုတ်အဖွဲ့ဝင် ရောက်ပြီး နောက်ပိုင်းတွင် လုပ်ငန်းပိုင်း ဆောင်ရွက်ချက်များ တိုးတက်လာကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်စာရင်းနှင့် ကွန်ပျူတာစာရင်း တွဲဖက်အသုံးပြုနေရသည့် လက်ရှိအကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ်ကို ပိုမိုတိုးတက်စေရန် ကွန်ပျူတာ အသုံးပြု အကောက်ခွန်စနစ်သစ်ကို အကောင်အထည် ဖော်လျက်ရှိပြီး ယင်းစနစ်ကို ကျင့်သုံးနိုင်ပါက ဝန်ထမ်းနှင့် ပြည်သူတိုက်ရိုက် ထိတွေ့ရန် မလိုတော့သည့်အတွက် လာဘ်ပေးလာဘ်ယူမှု လျော့ကျသွားမည် ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

လာဘ်ပေးလာဘ်ယူ ပြုလုပ်သည့် ဝန်ထမ်းကို အပြစ်တင်နေခြင်းထက် အကောက်ခွန်စနစ်ကို ပြင်ဆင်ရန် လိုအပ်ပြီး အခြားနိုင်ငံများနည်းတူ အလိုအလျောက် အကောက်ခွန် ရှင်းလင်းရေးစနစ် (Online စနစ်) ကို ကျင့်သုံးနိုင်ရန် လိုကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ဆိုသည်။

“အောက်ခြေဝန်ထမ်းတွေကို စာနာပါတယ်။ ကျွန်တော်တို့အနေနဲ့ ပေးပါတယ်။ သူတို့ဘက်ကလည်း ကူညီပေးပါတယ်။ လူသားချင်းစာနာလို့ ပေးတာပါ” ဟု အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု လုပ်ကိုင်သူတစ်ဦးက ဆိုလာသည်။

ပေးသူရှိနေသည့် ကာလတစ်လျှောက်လုံး အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု လျော့ကျရန် မဖြစ်နိုင်သလို တောင်းသူရှိနေသည့် ကာလတစ်လျှောက်လုံး မည်သည့်အခါမှ သန့်ရှင်းသောအစိုးရ ဖြစ်လာနိုင်စရာ မရှိပေ။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေရသည့် အကောက်ခွန်ဦးစီးဌာန အနေနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးရမည် ဖြစ်သော်လည်း ‘ဆန်ပေးမှ ဆီရ’ မည့် ပြည်သူ့ဝန်ဆောင်မှုမျိုး မဖြစ်ရန် လိုအပ်ပေသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စတစ်ခုတွင် ပေးသူဘက်ကပေးရခြင်း အကြောင်းရင်းသည် အချိန်ကုန် သက်သာရေးနှင့် ရှုပ်ထွေးပွေလီသော စည်းမျဉ်းစည်းကမ်း အထိန်းအချုပ်များကို ရှောင်ရှားနိုင်ရန် ဖြစ်ပြီး ယူသူသို့မဟုတ် တောင်းသူဘက်ကမူ လောဘနှင့် လိုအပ်ချက်ကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး ဦးမြင့်၏ စာတမ်းတွင် ရေးသားထားသည်။

ကုန်စည်များ အဝင်အထွက် ဂိတ်ပေါက်တွင် လုပ်ငန်းစဉ်များ ရှုပ်ထွေးခြင်းနှင့် ယင်းကဲ့သို့ လာဘ်ပေးလာဘ်ယူမှု များပြားနေခြင်းက ကုန်စည်စီးဆင်းမှုကို နှောင့်နှေးကြန့်ကြာစေသည်။

သမ္မတဦးသိန်းစိန်ကမူ “အထူးသဖြင့် ကုန်စည်အဝင်အထွက် ဆိပ်ကမ်းများ၊ လေဆိပ်များ၊ ပြည်သူတွေနဲ့ အများဆုံး ထိတွေ့နေရတဲ့ ရုံးဌာနအသီးသီးနဲ့ စည်ပင်သာယာ အဖွဲ့အစည်းတွေမှာ ပြည်သူတွေ မနှစ်မြို့မလိုလားတဲ့ ဆက်ဆံ ဆောင်ရွက်မှုတွေ ရှိနေခြင်းအပေါ် တာဝန်ရှိတဲ့ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက မသိကျိုးကျွန် ပြုမနေဘဲ ပြည်သူတွေကျေနပ်မှု၊ ယုံကြည်မှု ရှိလာတဲ့အထိ ဝန်ဆောင်မှုတွေ လျင်မြန်တိုးတက် ကောင်းမွန်အောင် ဖိဖိစီးစီး ဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်” ဟု ဆိုထားသည်။

လတ်တလော ဆိပ်ကမ်းတွင် ကုန်ပစ္စည်းများနှင့် တင်သွင်းကားများ သောင်တင်နေခြင်းမှာမူ လာဘ်ပေးလာဘ်ယူ ကိစ္စကြောင့်မဟုတ်ဘဲ တင်သွင်းကား အရေအတွက် များလာခြင်းကြောင့်ဟု အကောက်ခွန် ဦးစီးဌာနက ဆိုသည်။

စီးပွားရေးဖွံ့ဖြိုးစ မြန်မာနိုင်ငံတွင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း များလာခြင်းနှင့် ကားမူဝါဒ ပြောင်းလဲမှုကြောင့် ကားတင်သွင်းမှု များလာရာ ယင်းကုန်ပစ္စည်းများကို စိစစ်ရှင်းလင်းရန် အကောက်ခွန် ဝန်ထမ်းများကို ယခင်ထက် ပိုမိုချထား ပေးစေလိုကြောင်း Distinct ကားရောင်းဝယ်ရေး ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇေယျာကြည်က ပြောကြားသည်။

လက်ရှိ ကျင့်သုံးနေသော အကောက်ခွန်စနစ်ကို ပြင်ဆင်ခြင်း၊ ဝန်ထမ်းအင်အား မလုံလောက်မှုကို ဖြည့်တင်းခြင်းနှင့် မလိုအပ်သော ဝန်ထမ်းထုတ်နုတ် သုံးစွဲခြင်းတို့ကို ရှောင်ရှားနိုင်ရန် လိုကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောဆိုသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းများနှင့် ဆက်စပ်လုပ်ကိုင်နေရသော ကုန်သည်များ လက်ထဲသို့ ကုန်ပစ္စည်း အမြန်ဆုံး ရရှိရေးသည် အဓိကကျပြီး တင်သွင်းလာသည့် ကုန်ပစ္စည်းများ ဆိပ်ကမ်းတွင် သောင်တင်ကာ အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်း ကြန့်ကြာခြင်းသည် ဈေးကွက်ကို အနည်းနှင့် အများထိခိုက်မှု ရှိစေသည်။ “အဓိက ထိခိုက်နစ်နာတာကတော့ ကုန်သည်ပေါ့။ အချိန်ကိုက်ဖို့ လိုတယ်လေ၊ ဒီပစ္စည်းတစ်ခု ဈေးကွက်ထဲကို ဒီအချိန်ရောက်မှ ဖြစ်မယ်ဆိုရင် အခုအကောက်ခွန် လုပ်ပုံမျိုးနဲ့ဆို သွားပြီပဲ” ဟု အကောက်ခွန်ဝန်ဆောင်မှု အေးဂျင့်တစ်ဦးက ဆိုသည်။

ကုန်သည်လက်ထဲသို့ ကုန်ပစ္စည်းအမြန်ဆုံး ရောက်ရှိရန်နှင့် ကုန်သွယ်ရေး လုပ်ငန်းစဉ်များ အဆင်ပြေစေရန် အစိုးရဌာနများကို လာဘ်ထိုးနေသည့် ကုန်ကျစရိတ်များမှာ ရောင်းချမည့် ကုန်ပစ္စည်းပေါ် ထပ်တိုး ဈေးတင်လိုက်သည့်အတွက် အမှန်တကယ် နစ်နာသူမှာ ပြည်သူလူထုသာ ဖြစ်သည်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို အခြေခံ ပြည်သူများ ခံစားကြရပြီး နိုင်ငံတော် အတွက်လည်း ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေ ဆုံးရှုံးကာ မသမာသော ဝန်ထမ်းများထံသို့ အကျိုးအမြတ်များ ရောက်ရှိသွားသည်။

အကြီးတန်း အရာရှိအချို့၏ အတောမသတ်နိုင်သော လောဘနှင့် ဝင်ငွေနိမ့် ဝန်ထမ်းများ၏ လိုအပ်ချက်တို့ကြောင့် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူ ကိစ္စနှင့် ပြည်သူ့ဝန်ဆောင်မှု အားနည်းချက်များအပေါ် နိုင်ငံအကြီးအကဲ၏ ပြောစကား မည်မျှထိရောက်မှု ရှိမည်ကိုမူ ပြန်လည် ဆန်းစစ်ရမည်ပေဦးမည်။

ယခုအထိ အကောက်ခွန် လောကအတွင်း အသုံးများဆုံး စကားတစ်ခုမှာ အောက်ပါအတိုင်း။ “ပေးတယ် ဆိုတာကတော့ ကိုယ့်လုပ်ငန်း အဆင်ပြေပြေ ပြီးသွားအောင် ပေးကြတာပဲ။ ဒါက အပြန်အလှန်ပါပဲ၊ ပုံမှန်လိုဖြစ်နေပါပြီ”

စစ်ငြိမ်းသူ
http://www.thevoicemyanmar.com/index.php/article/item/858-sph

အစွန်းရောက်မှုကသာ နောက်ကြောင်းပြန်တာပါ



By
ဇော်မင်း
Issue No.
No.423 Saturday, June 28, 2014

မြန်မာပြည်ဟာ အနာဂတ်မှာ ဒီမိုကရေစီလမ်းကြောင်းပေါ် တည့် တည့်လျှောက်လှမ်းပြီး နိုင်ငံသား တို့ တိုးတက်ဖွံ့ဖြိုးလာမယ့်လမ်း ကြောင်းပေါ်ကို သွားနေပြီလား။ ဒါမှမဟုတ် ခေတ်နောက်ပြန်ဆွဲတဲ့ လမ်းကြောင်းပေါ်ကိုတက်ဖို့  တာစူ နေသလား။ အခုလက်ရှိနိုင်ငံရေးအခြေအနေက အကောင်းဘက်ကို ရောက်စပြုနေပြီဖြစ်လို့ နောက်ကြောင်းပြန်သွားစေနိုင်တဲ့ လုပ်ရပ်တွေကို ရှောင်ရှားဖို့ ပြောနေသူများလည်းရှိပါတယ်။ နောက်ကြောင်းပြန်သွားနိုင်တယ်ဆိုတာကတော့ အားလုံးသိတဲ့ အတိုင်း စစ်တပ်ကအာဏာပြန်သိမ်းတာကို ဆိုလိုတာပါ။

နောက်ကြောင်းပြန်တို့၊ ဂငယ်ကွေ့တို့ဆိုတာ လှန့်လုံးတွေလို့ ပြောလိုပါတယ်။ အမှန်အတိုင်းပြောရရင် မြန်မာပြည်မှာ စစ်တပ်က အာဏာထပ်သိမ်းစရာမလိုတော့ပါ။ ဘာကြောင့်ပါလဲ။ ရပ်ကျေးကနေ သမ္မတအထိ ရာထူးတွေ၊ နေရာတွေကို စစ်တပ်ကပဲ ယူထားတာမဟုတ်လား။ အဲ.. နောက်တစ်ခုကလည်း ဌာနဆိုင်ရာဆိုတာတွေမှာလည်း  များ သောအားဖြင့် တပ်ကထွက်ထားတဲ့သူတွေက နေရာကောင်းတွေကိုယူထားပြန်ပါတယ်။ လက်ရှိ အာဏာရနေတာကလည်း ပြည်ခိုင်ဖြိုးဆိုတော့ ပြည်ခိုင်ဖြိုးမှာ ခေါင်းဆောင်နေတဲ့ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်းသော ပါတီခေါင်းဆောင်တွေဟာ တပ်မတော်ကအငြိမ်းစားယူထားတဲ့ အရာရှိကြီးတွေမဟုတ်ဘူးလား။ နောက်တစ်ချက်ကတော့ လွှတ်တော်ထဲမှာ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း အော်တိုမက်တစ်လာထိုင်နေတယ်ဆိုတော့ စစ်တပ်က နိုင်ငံရေးမှာ ဝင်ပါနေတယ်ဆိုတဲ့ သဘောပါပဲ။ အဲဒါတွေအပြင် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံတစ်ခုလုံးကလည်း လက်ရှိတပ်မတော်ခေါင်းဆောင်တွေနဲ့ အငြိမ်းစားယူထားတဲ့ တပ်မတော်ခေါင်းဆောင်တွေအတွက် ရည်စူးပြီး ရေးဆွဲထားတာ  ဖြစ်နေပြန်ပါ တယ်။ ဒါကြောင့်မို့ နောက် ကြောင်းပြန်ဖို့ဆိုတာ တကယ်က တော့မလိုဘူး။ စစ်တပ်က နောက် တစ်ခါ အာဏာသိမ်းဖို့မလိုဘူး လို့ ထောက်ပြခဲ့တာဖြစ်ပါတယ်။

 ဟုတ်ပါတယ်။ နိုင်ငံရေး အာဏာအရတော့နောက် ကြောင်းပြန်လှည့်ဖို့ နည်းပါးပါတယ်။ ဂငယ်ကွေ့လည်း ကွေ့ဖို့ မလိုပါဘူး။ဒါပေမဲ့ အခုလက်ရှိမှာ ပြဋ္ဌာန်းဖို့ ကြိုးစားနေတဲ့ ဥပဒေတွေထဲမှာတော့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ခေတ်နောက်ပြန်ဆွဲဖို့ ဥပဒေအကြောင်းအချက်တွေ မြင်နေရပါတယ်။ အဲဒါကတော့ ဘာသာကူးပြောင်းရေးဆိုင်ရာဥပဒေပဲဖြစ်ပါတယ်။ ဒီဥပဒေက ဗုဒ္ဓဘာသာဝင်တွေကိုပဲ အသားပေးမယ့်အနေအထားမျိုး  မြင်နေရပါတယ်။ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားမှာကို စိုးရိမ်တဲ့အတွက် ပြဋ္ဌာန်းလိုတဲ့ ဥပဒေလို့ ရှုမြင်ပါတယ်။

အခုမြန်မာနိုင်ငံမှာ မြန်မာ တိုင်းရင်းသား ဗုဒ္ဓဘာသာအမျိုး သမီးတွေ ဘာသာခြားနဲ့ လက် ထပ်ထိမ်းမြားတဲ့ အရေအတွက် က ကြောက်ခမန်းလိလိမြင့်တက် လာနေလို့ ဒီဥပဒေကို ပြဋ္ဌာန်းလို တာလား။ ဒါမှမဟုတ် ဘာသာ ခြားနိုင်ငံသားတွေ ဗုဒ္ဓဘာသာကူး ပြောင်းလာအောင် ဥပဒေကို အကြောင်းပြုပြီး ဖိအားပေးလိုတဲ့ သဘောလား။  ဒီလိုဥပဒေမျိုး ပြဋ္ဌာန်းခဲ့ရင် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ရာ ရောက်၊ မရောက် စဉ်းစားတာမျိုး ရှိခဲ့သလား။ ဒီဥပဒေကြောင့် အနာဂတ်မှာ မိမိနိုင်ငံတွင်း တခြားသောနိုင်ငံရေးအရ ဂယက်ထတာမျိုး ဖြစ်လာနိုင်တာကို ထည့်သွင်းတွက်ချက်ခဲ့ပါသလား။ ဥပမာဆိုရရင် တစ်ချိန်တုန်းက ဝန်ကြီးချုပ်ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အတည် ပြုတဲ့အချိန်နဲ့ ခရစ်ယာန်လူများစု ဖြစ်တဲ့ ကချင်လူမျိုးတွေ သူပုန်ထ ခဲ့တာ တိုက်ဆိုင်မှုမဟုတ်ပါလို့ ပြောလိုပါတယ်။

ဘာသာတရားကို ကိုးကွယ် တယ်ဆိုတာ ယုံကြည်မှုပါ။ လူ သားတိုင်းဟာ မိမိနှစ်သက်ရာကို မိမိယုံကြည်ခွင့်ရှိပါတယ်။ ဗုဒ္ဓ ဘာသာ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဟီဘရူး၊ နတ် အစရှိတဲ့ ဘာသာတရားတွေကို လူတွေဟာ သူတို့နှစ်သက်သလို ယုံကြည်ခွင့်၊ ကိုးကွယ်ခွင့်၊ ဆည်းကပ်ခွင့်ရှိပါ တယ်။ ဘယ်ဘာသာမှ မကိုး ကွယ်တဲ့ ဘာသာမဲ့တွေလည်း ရှိနိုင်ပါသေးတယ်။ အဲဒါအပြင် ကနေ့ ခရစ်ယာန်ဘာသာဝင်တစ် ဦးဟာ မနက်ဖြန်မှာ အစ္စလာမ် ဘာသာဝင်ဖြစ်နိုင်သလို ဗုဒ္ဓဘာ သာကိုလည်း ကူးပြောင်းသွားနိုင် ပါတယ်။ မနေ့က သူယုံကြည်တာ ကို ကနေ့မှာ မယုံကြည်တော့ဘူး ဆိုတာ ကာယကံရှင်ရဲ့ ရွေးချယ် ခွင့်ပဲဖြစ်ပါတယ်။ ကာယကံရှင်ရဲ့ ရွေးချယ်မှုမပါဘဲနဲ့ ဘာသာတစ် ခုခုကို ကူးပြောင်းဖို့ ဖိအားပေး တာ၊ ခြိမ်းခြောက်တာဟာ ဥပဒေ ကို ချိုးဖောက်တာပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တာ ပဲဖြစ်ပါတယ်။

မွတ်စလင် တိုင်းပြည်မှာ မွတ်စလင်နဲ့ လက်ထပ်ရင် အစ္စလာမ်ဘာသာကို ကူးပြောင်းရမယ့် ဘာသာရေးဆိုင်ရာ ဥပဒေမျိုးတွေရှိနေလို့ တို့တိုင်းပြည်မှာလည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဦးနဲ့ လက်ထပ်ရင် ဗုဒ္ဓဘာသာကို ကူးပြောင်းယုံကြည်ရမယ်လို့လုပ်လိုတဲ့ ဆန္ဒမျိုးရှိနေတာဟာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ သူများလုပ်တိုင်း လိုက်လုပ်ဖို့ မလိုဘူးလို့ မြင်ပါတယ်။ မြန်မာပြည်မှာ  ရှေးဘုရင်များလက်ထက်ကစလို့ လူတိုင်းကို သူတို့ယုံကြည်ရာ ဘာသာရေးအတိုင်း ကိုးကွယ်ခွင့်ပြုထားပါတယ်။ ဓားမိုးပြီး ဘာသာမပြောင်းခိုင်းခဲ့ပါဘူး။ ဆိုလိုတာက မြန်မာပြည်မှာ ဘာသာရေး လွတ်လပ်ခွင့်အပြည့်အဝရှိခဲ့ပါတယ်။

ဘာသာကူးပြောင်းမှု ဆိုင်ရာဥပဒေကို မပြဋ္ဌာန်းရသေးပေမယ့် အခုပဲကျိုက်ထိုဘက်မှာ  ဆရာတော်တစ်ပါးဘွဲ့အမည်နဲ့ ဆိုင်းဘုတ်တစ်ခုထောင်ထားတာကို တွေ့ရပါတယ်။  ဘာသာခြားနဲ့ လက်ထပ်ရင် ဒဏ်ငွေသိန်း ၅၀ ဆောင်ရမတဲ့။ ဘာသာခြားဈေး ဆိုင်မှာ ဈေးဝယ်ရင် ဒဏ်ငွေငါး သိန်းတဲ့။ ဘာသာခြားအတွက် နာမည်ခံပြီး မြေတွေ၊ အိမ်တွေ ဝယ်မပေးရဘူးတဲ့။ အခြေခံဥပဒေ အရ နိုင်ငံသားဆိုရင် ဘယ်ဘာ သာပဲ ကိုးကွယ်ကိုးကွယ် မြန်မာ ပြည်ကြိုက်တဲ့နေရာမှာ နေခွင့်ရှိ ပါတယ်။ အိမ်မြေဝယ်ယူခွင့်၊ ပိုင် ဆိုင်ခွင့်ရှိပါတယ်။ ဥပဒေတောင် မပြဋ္ဌာန်းရသေးခင်မှာဖြစ်နေတဲ့ ကိစ္စတွေပါ။ ဥပဒေသာ ပြဋ္ဌာန်း လိုက်ခဲ့ရင် ဘာတွေဆက်ဖြစ်မလဲ ဆိုတာ  မစဉ်းစားရဲလောက် အောင်ပါပဲ။ ဘာသာရေးဆိုင်ရာ ရဲတွေ၊ ဘာတွေများ ပေါ်လာဦး မလားဆိုတာ မသိနိုင်ပါ။ ဘာသာ ခြားနဲ့ ရည်းစားထားတဲ့သူတွေကို ဖမ်းပြီး ဒဏ်ငွေတပ်မယ့် သဘော မျိုးတောင် ဖြစ်လာနိုင်ပါတယ်။

ဂျာမနီမှာ တစ်ချိန်ကဖြစ်ခဲ့ တာတွေကို သင်ခန်းစာယူဖို့ ပြော လိုပါတယ်။ ဟစ်တလာ လက် ထက်မှာ ဂျာမန်အမျိုးသား၊ အမျိုး သမီး ဂျူးတွေနဲ့ လက်မထပ်ရ၊ ဂျူးဆိုင်တွေမှာ ဈေးမဝယ်ရ၊ ဂျူး တွေနဲ့ စီးပွားရေးဖက်စပ်မလုပ်ရဆိုတာ ဥပဒေပြုခဲ့ပါတယ်။ နောက်ပိုင်း ဘာဖြစ်သလဲ။ ဂျူးတွေကိုအစုလိုက် အပြုံလိုက်အကျဉ်းစခန်းပို့၊ အစုလိုက် အပြုံလိုက် သုတ်သင်သတ်ဖြတ်ခဲ့ကြတယ် မဟုတ်လား။ ဒီအဖြစ် အပျက်တွေဟာ ဘာမှမကြာသေးပါဘူး။ နှစ်ပေါင်း ၇၀ ကျော်ပဲ ရှိပါသေးတယ်။ နောက်ဆုံးတော့ အမျိုးသားရေး အစွန်းရောက်မှုကြောင့် ဖက်ဆစ်တွေဖြစ်ခဲ့ကြတာ မမေ့သင့်ပါ။ တစ်ချက်တည်း စကားစပ်မိလို့ပြောရရင် ဟစ်တလာ အာဏာရလာတာဟာ အဲဒီအချိန် ဂျာမနီရွေးကောက်ပွဲမှာ ကျင့်သုံးခဲ့တဲ့ ပီအာရ်မဲစနစ်ကြောင့်ပါ။ မြန်မာပြည်လို အခုမှ ဒီမိုကရေစီကို တစ်ကနေပြန်စနေရတဲ့ တိုင်းပြည်မှာ လူတိုင်းအတွက် နားလည်လွယ်တဲ့ ရွေးကောက်ပွဲစနစ်ကို ပစ်ပယ်ပြီး ဘာကြောင့် ပီအာရ်စနစ်ကို အသုံးပြုချင်ကြတာလဲ။ ပီအာရ်စနစ်ဟာ ဒီမိုကရေစီကျင့်စဉ် အသား ကျသွားတဲ့ နိုင်ငံများမှာသာ ကျင့်သုံးပါတယ်။

 ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းမယ့်ကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂနဲ့  လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများက လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုလို မြင်တဲ့အတွက် မလုပ်ကြဖို့ သတိပေးနှိုးဆော်ထားပါတယ်။ တကယ်တမ်းကျတော့ ဘာကြောင့် မြန်မာပြည်မှာ ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေကိုပြဋ္ဌာန်းသင့်တာလဲဆိုတာနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါကမှ တိတိကျကျဖြေရှင်း ပြောကြားနိုင်စွမ်းမရှိပါ။ အမျိုးဘာသာစောင့်ရှောက်ရေးဆိုတာနဲ့ပဲလုံးသုပ်ထားပါတယ်။ အခု လတ်တလောမှာလည်း မြန်မာနိုင်ငံမှာရှိတဲ့ ခရစ်ယာန်အသင်းတော်များက ဘာသာကူးပြောင်းမှုဆိုင်ရာဥပဒေပြဋ္ဌာန်းမှာကို ကန့်ကွက်ထားပါတယ်။

ဘာသာရေးယုံကြည်မှု ကူး ပြောင်းတာဟာ သက်ဆိုင်ရာ လူ ပုဂ္ဂိုလ်တစ်ဦးရဲ့ လွတ်လပ်ခွင့်သာ ဖြစ်ပါတယ်။ ဘယ်အရာရှိ၊ ဘယ် အာဏာပိုင်က ထောက်ခံပေးမှ၊ အသိအမှတ်ပြုမှ ကူးပြောင်းခွင့် ရတာမဟုတ်ဘူးလို့ မြင်ပါတယ်။  အကယ်၍ မြန်မာပြည်မှာ အာ ဏာပိုင်အသိအမှတ်ပြုမှ၊ ထောက် ခံပေးမှဆိုတဲ့ အခြေအနေဖြစ်လာ ရင် အဲဒါကို အကြောင်းပြုပြီး လူ အာဏာပိုင်တွေနဲ့ သံဃာအာဏာ ပိုင်တွေအကြားမှာ လာဘ်ပေး လာဘ်ယူ မသမာမှုတွေကို မလွဲ မသွေမြင်ကြရတော့မှာပါ။

မြန်မာပြည်ဟာ နိုင်ငံရေး အာဏာအရ နောက်ပြန်မသွား နိုင်ပေမယ့် ဘာသာရေးယုံကြည် မှု ကူးပြောင်းခြင်း ဥပဒေကြောင့် စီးပွားရေး ထိခိုက်လာနိုင်ပါတယ်။ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွားရေး ကို လည်ပတ်နေအောင် ဆောင် ရွက်နေသူတွေဟာ နိုင်ငံသားတွေ ဖြစ်ပါတယ်။ အဲဒီ နိုင်ငံသားတွေ ထဲမှာ ဗုဒ္ဓဘာသာလည်းပါပါ တယ်။  မွတ်စလင်လည်း ပါပါ တယ်။ ခရစ်ယာန်လည်းပါပါ တယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်သူ တွေ စီးပွားရေးအရ ချေမှုန်းခံရ မယ်ဆိုရင် သူတို့သက်သက်ကိုပဲ ထိခိုက်တာမဟုတ်ပါဘူး။ တိုင်း ပြည်ရဲ့ လည်ပတ်နေတဲ့ စီးပွား ရေး  ယန္တရားကြီးတစ်ခုလုံးကို ထိခိုက်တာနဲ့  အတူတူပဲဖြစ်ပါ တယ်။ ဒါကြောင့် စီးပွားရေးထိ ခိုက်တာနဲ့ လူထုအတွင်းမှာ လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးတွေ လည်း နောက်ဆက်တွဲအနေနဲ့ ထိခိုက်လာနိုင်ပါတယ်။ အဲဒီလို ထိခိုက်လာတာဟာ တိုင်းပြည်ဖွံ့ ဖြိုးရေးအတွက် နောက်ပြန်သွား တာနဲ့အတူတူပဲလို့ ပြောပါရစေ။

ဗိုလ်ချုပ်နေဝင်း အာဏာ သိမ်းတော့ နောက်ဆက်တွဲအနေ နဲ့ တစ်သီးပုဂ္ဂလလုပ်ငန်းရှင်တွေ ဆီက ပိုင်ဆိုင်မှုတွေကို ပြည်သူ ပိုင်ဆိုပြီး သိမ်းပါတယ်။ နာမည် ကတော့လှပါတယ်။ ပြည်သူပိုင် တဲ့။ ဒါပေမဲ့ အဲဒီလို ပြည်သူပိုင် သိမ်းလိုက်တာဟာ တိုင်းပြည် တစ်ခုလုံးရဲ့ မှန်မှန်လည်ပတ်နေ တဲ့ စီးပွားရေးဖြစ်စဉ်ကို ဖျက်ချ လိုက်သလို ဖြစ်ခဲ့တဲ့အတွက် ရေ ရှည်မှာ တိုင်းပြည်ပဲမွဲသွားခဲ့တာ အဖတ်တင်ပါတယ်။ အဲဒီလို ပြည်သူပိုင်သိမ်းလိုက်တဲ့အထဲမှာ မွတ်စလင်ပိုင်တာရော၊ ခရစ် ယာန်ပိုင်တာရော၊ ဗုဒ္ဓဘာသာပိုင် တာရော အကုန်ပါပါတယ်။အခု လည်း ဘာသာကူးပြောင်းမှုဆိုင်ရာ ဥပဒေပြဋ္ဌာန်းလိုတဲ့ နောက်ကွယ်မှာ အဲဒီလို သဘောထားမျိုးပါနေတာကို တစ်စွန်းတစ်စမြင်နေရပါတယ်။ သဘောချင်းတူနေတယ်လို့ ထောက်ပြလိုရင်း ဖြစ်ပါတယ်။ တချို့ကတော့ ဒီလိုပြောပါတယ်။ ဘာသာဆိုင်ရာကူးပြောင်းမှုဥပဒေဟာ အနောက်တံခါးကျိုးပေါက်သွားခဲ့လို့ အဲဒါကို ပြန်လည်ကာကွယ်ဖို့ လိုတာလို့ဆိုပါတယ်။ အကြောင်းပြပါတယ်။ အဲဒီလိုဆိုရင် အရှေ့တံခါးကကော လုံလို့လား မေးစရာဖြစ်လာပါတယ်။ အရှေ့ တံခါးလုံ၊ မလုံကိုတော့ ရှမ်းပြည်သားတွေနဲ့ မန္တလေးသားတွေပိုသိပါတယ်။

နိုင်ငံရေးအရ ငါတို့သာ အမြဲနိုင်ရမယ်ဆိုတာကြောင့် ညစ်ပတ်တာမျိုးကသာ နောက် ကြောင်းပြန်တာကို ဖြစ်စေပါတယ်။ တိုင်းပြည်ကို ပိုနစ်နာစေပါတယ်။ အလားတူပါပဲ ဒီမိုကရေစီလို့ပြောနေပြီး လူတွေရဲ့ အခွင့်အရေးကို ကာကွယ်ရမယ့်အစား အခွင့်အရေးကိုချိုးဖောက်ဖို့အတွက် (သို့မဟုတ်)သွယ်ဝိုက်ပြီး ချိုးဖောက်ဖို့အတွက် ပြဋ္ဌာန်းမယ့် ဘယ်လိုဥပဒေမျိုးကိုမှ မထောက်ခံပါ။ လက်မခံပါ။ ကန့်ကွက်ပါတယ်။အမျိုးသားရေး၊ ဘာသာရေးအစွန်းရောက်မှုကို တွန်းအားပေးတဲ့ ဘယ်လိုဥပဒေမျိုးကိုမှ ပြဋ္ဌာန်းမှာကို မထောက်ခံပါ။ ဆန့်ကျင်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်မှုတွေသာလျှင် တိုင်းပြည်ကို ဆင်းရဲတွင်းထဲမှာဆက်နေစေပြီး နောက်ကြောင်းပြန်သွားစေမယ့် အခြေခံအကြောင်းတရားတွေ ဖြစ်ပါကြောင်း။

http://7daydaily.com/story/14337#.U6_uqrE1D9s

တရားမဝင် လိုင် စင် မဲ့ မော်တော်ကားများအား ၎င်းပါတီအမည်ဖြစ်တာဝန်ခံ စီးပွားရှာ



Thuyein Lynn
========

(88GSY) ၈၈မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင် စုမြန်မာနိုင် ငံ) ၊ (UMFNP) ပြည်ထောင် စုမြန်မာနိုင် ငံအမျိုးသားနိုင် ငံရေးအဖွဲ့ချုပ် ညီနောင် နှစ်ပါတီ ကိုအေးလွင် ပါတီမှ မွန်ပြည်နယ်အတွင်းပါတီရုံးခန်းများဖွင့်ကာ တရားမဝင် လိုင် စင် မဲ့ မော်တော်ကားများအား ၎င်းပါတီအမည်ဖြစ် ( Owner Book) ပုံစံများ ယာဉ်သက်သေခံမှတ်ပုံတင် ကဒ်များစ တေကာများထုတ်ပေးကာ မော်လမြိုင် <>မြဝတီ အတက်အဆင်း နှင့် မိသားစုအိမ်စီး ဟူ၍နှစ်မျိုးခွဲကာ ယာဉ် (၁) စီးလျှင် ကျပ်၁သိန်းမှ၃သိန်းယူကာ တာဝန်ခံ စီးပွားရှာနေခြင်းမှာ နိုင် ငံရေးပါတီတစ်ခုအနေဖြင့် အခွင့်ထူးခံ အဂတိလိုက်စား၍ဆောင် ရွက်နေခြင်းသာဖြင့်ပါတယ်။

ထိုကဲ့သို့တရားမဝင် ပစ္စည်းများပြုလုပ်နေသည်ကိုမွန်ပြည်နယ် ဝန်ကြီးချုပ်အ နေဖြင့်ခွင့်ပြုထားသည်မှာ လွန်စွာမှ ဆိုးဝါးလှပါသည်။
ရွေးကောက်ပွဲကော်မရှင် အ နေဖြင့် ကျန်တိုင်းရင်းသားပါတီနှင့်အခြားပါတီ များ၏စည်းရုံးရေးအားပျက်ပြားကျဆင်းလာစေရန် ကူညီပေးရာရောက်စေပါသည်။ထိုကဲ့သို့သောပါတီမျိုးကိုပါတီဖျက်သိမ်းသည်အထိအ ရေးယူရမည့်အပြင် သက်ဆိုင် ရာရဲတပ်ဖွဲ့မှလည်းတရားဥပ ဒေအရထိထိရောက်ရောက် တရားစွဲဆို အ ရေးယူသင့်ပါကြောင်းတင်ပြအပ်ပါသည်။

တရားမျှတ စေချင် သောဆန္ဒဖြင့်

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ ပို့လွှတ်မည်


သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအား လျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူ အနီးတွင် အကောင်အထည်ဖော်ဆောင်မည့် ဟတ်ကြီးရေအား လျှပ်စစ်စီမံကိန်း မှတစ်ဆင့် တင်ပို့မည်ဖြစ်ကြောင်း Karen River Watch မှ စောသာဘိုးကဆိုသည်။

ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံကုမ္ပဏီဖြစ်သည့် Sino Hydrocerrporati ၊ ထိုင်းကုမ္ပဏီဖြစ်သည့် EGAT International နှင့် မြန်မာ ကုမ္ပဏီဖြစ်သည့် IGE တို့က ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် နားလည်မှုစာချွှန်လွှာအား ၂၀၀၅ ခုနှစ် မေ ၃၀ ရက်နှင့် ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယင်းစီမံကိန်းအတွက် ရွာခြောက်ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ရေလွှမ်းဧရိယာမှာ ၇၀၀ စကွဲယားကီလိုမီတာအထိ ရှိနေသည်။ ဆည်အမြင့်မှာ ၃၃ မီတာမှ ၁၁၅ မီတာအထိရှိမည်ဖြစ်ပြီး ဆည်၏ပထမအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၈၅၀၊ ဒုတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀၊ တတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ နှင့် ကရင်ပြည်နယ် မြိုင်ကြီးငူတွင် တည်ဆောက်မည့် ပထမဆည်စီမံကိန်းအတွက် မဂ္ဂါဝပ် ၁၂၀၀ မှ မဂ္ဂါဝပ် ၁၃၆၀ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ဝေသည့် သဘာဝပတ် ၀န်းကျင်ထိန်းသိမ်းရေး စာစဉ် (၂) တွင် ပါမောက္ခဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။

(( Daily ELEVEN ))

ပျော်ဘွယ် က ပြည်သူ့ရဲတွေ လည်း ၄၃၆ ပြင်ရေး လက်မှတ် ရေးထိုး

(ဘယ်တော့မှမမေ့ပါနဲ့......)


၈၈၈၈ ကိုအမှတ်ရသလိုသူ့ကိုလဲမမေ့နိုင်ပါ
နှိပ်စက်နည်းကိုအစ္စရေးအထိသွားသင်ပြီး
ကောင်းကောင်းအသုံးချခဲ့သူ....

ဒီနေ့ကာတွန်း

အရက်နဲ့ ကြွက်ကျော်ဘိုး


 Makhin Oo
ဒီကနေ့ လယသမားတွေနဲ့ တွေ့ဆုံရာမှာ သိလိုက်ရတာကတော့ နေမျိုးဝေအုပ်စုက သတင်းစာရှင်းလင်းပွဲလေး လုပ်ပေးပြီး လယ်သမားတွေဆီက ငွေဆယ်သိန်းယူသွားတယ်ဆိုတာပါဘဲ။

လယ်သမားများက နေမျိုးေးဝကို နိုင်ငံရေးလုပ်ဘို့ လယသမားအရေးဆိုပြီး လုပ်သွားတာ။

ဘယ်ကိစ္စမှ တကယ်အောင်မြင်အောင် လုပ်မသွားဘူးတဲ့။

စာအုပ်တွေ ထုတ်ပြီး တအုပ် ၂၅၀၀ နဲ့ ၀ယ်ခိုင်းတယ်လို့လဲ ပြောသွားပါကြောင်း။