Wednesday, July 2, 2014

ဒါမျိုးအခါ၂၀၀မကဥူးးဝီလဲရေးဖူးတာပ...

မှူးဇော်က အမှားကို ဝန်မခံဘဲ လိုက်ဖာပေးနေ


Ashin Dhamma

စိန်ဖူးတော် ကိုင်ဆောင်သူဟာ ရန်ကုန်က မန္တလေးအထိ လမ်းလျှောက်ပြီး ပင့်မယ်ဆိုပါစို့... ဖိနပ်ချွတ်ပြီးပဲ ပင့်ဆောင်ရပါမယ်။ ကိုယ့်ထက် အသက်သိက္ခာကြီးတဲ့ ဆရာတော်တွေကို ခေါင်းရိတ်ပေးရင် ဘယ်လိုနေရာမှာဖြစ်ဖြစ် ဂါရဝတရားကို ဦးထိပ်ထားပြီး ဖိနပ်ကိုချွတ်ပြီးမှ ခေါင်းရိတ်ပေးပါတယ်။ ဆရာသမား ထိုင်တဲ့၊ ကျိန်းတဲ့ ဖျာပေါ်ဆိုရင် ခြေတဖဝါးစာ မချဖူးပါဘူး။ လမ်းတကြောင်းတည်းမှာ ဆရာတော်တပါး ကြွလာရင် ကိုယ်ရောက်တဲ့နေရာမှာ ရပ်လို့ဖြစ်စေ၊ ဆောင့်ကြောင့်ထိုင်လို့ဖြစ်စေ လက်အုပ်ချီပြီး ကိုယ့်ခရီးကို ရပ်တန့်ပေးရပါတယ်။ ဒီလို အပြုအမူတွေဟာ ငယ်စဉ် ပုလုကွေးကတည်း ကျင့်ခဲ့ရတာပါ။ ဒီလို ကောင်းတဲ့ ကိုယ့်ရဲ့ တလွဲမာန်ကို လျှော့ကျစေတဲ့ အပြုအမူတွေဟာ ဆရာကောင်းသမားကောင်းတွေထံ ဆည်းကပ်ခွင့်ရခဲ့တဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ သိန်းစိန်ဟာ စိန်ဖူးတော်ကိုင်မယ်ဆိုတာနဲ့ ဖိနပ်ချွတ်ပစ်ရပါမယ်။ စိန်ဖူးတော်ကိုင်ထားတဲ့လူဟာ ဖိနပ်ချွတ်လျက်သားပဲ ဖြစ်နေရပါမယ်။ ဒါကို မှူးဇော်က အမှားကို ဝန်မခံဘဲ လိုက်ဖာပေးနေတယ်။ ကိုယ့်အမှားကို အမှားလို့ ဝန်မခံရဲတဲ့သူတွေဟာ ဘယ်တော့မှ အမှန်ကို မြင်လာမှာမဟုတ်ဘူး။ လူ့ဘိတ်တုန်း တခဏစံတွေ ငရဲပန်းကို နတ်ပန်းထင်နေကြတယ်။

ဒီနေ့ကာတွန်း

နာရီဝက်နဲ့ပျောက်မယ်တဲ့


Nyi Nyi Htun

မန္တလေးသံဃာကြေငြာချက်

အန်နယ်ဒီကြေငြာချက်အတုထွက်ပေါ်

ကိုမင်းကိုနိုင် ကို ကျောင်းအတွင်းဝင်ခွင့်မပြု


Lay Lay Mon

ဇွန်လ ၂ရက်နေ့ စီးပွားရေးတက္ကသိုလ်ကျောင်းမှာ လူ့အခွင့်အရေးဆုရ ဇာတ်ကား၉ကားကို ပြသဖို့အခမ်းအနားစီစဉ်ပြီးခါမှ မင်းကိုနိုင် ကို ကျောင်းအတွင်းဝင်ခွင့်မပြု တဲ့အပြင် အဖွင့်အမှာစကားပြောခွင့်မပေးတဲ့အတွက် သမဂ္ဂကျောင်းသားတွေကနေ မင်းကိုနိုင်ကို လေးစားမှုအဖြစ် အခမ်းအနားကို ဖျတ်သိမ်းလိုက်ပါတယ်. ဇာတ်ကား ၉ကားထဲမှာ မင်းကိုနိုင်ဆုရဇာတ်ကားတို၊ အောင်ဆန်းစုကြည်မှတ်တမ်းကား၊ ဟံသာဝတီဦးဝင်းတင် ဇာတ်လမ်းတို တို့ပါဝင်ပါတယ်. ရုပ်ရှင်ကားတွေကို ပြသခွင့်ပေးခဲ့ပေမယ့် မင်းကိုနိုင် ကိုတော့ ကျောင်းဝင်းအတွင်း ဘာကြောင့် ဝင်ခွင့်မပေးတာနဲ့ပတ်သက်ပြီး ကျောင်းသား မကျေနပ်ခဲ့ကြ

ရေကြောင်းပညာရေးတက္ကသိုလ်ကျောင်းသား(ယခင်) ဓါတ်ပုံနေနိုင် ကနေ သူ့ရဲ့ Idea နဲ့ အီကိုကျောင်းသား ကျောင်းသူ အချို့ကို Performance လုပ်ပြီး ဓါတ်ပုံရိုက်ကူးနေပုံ — at စီးပွားရေးတက္ကသိုလ်(ရွာသာကြီး).

အမိယုတ်တော့ နုတ်ကြမ်း တဲ့နေမျိုးဝေ

တရုတ်ပြည် အနောက်ပိုင်းမှာ မွတ်ဆလင်တွေ ဥပုသ် မစောင့်ရ ဆိုပြီး အမိန့်ထုတ်ပြန်





တရုတ်ပြည် အနောက်ပိုင်း ရှင်ကျန်း ပြည်နယ်မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ရာမဒန် ဥပုသ်လ အတွင်း မွတ်ဆလင်တွေ ဥပုသ် မစောင့်ရ ဆိုပြီး ဒေသခံ အာဏာပိုင်တွေက အမိန့်ထုတ်ပြန် တားမြစ်ထားပါတယ်။

ဒီလို တားမြစ်ခံရသူတွေထဲမှာ အဲဒီဒေသရဲ့ ဌာနေ ဝီဂါ မျိုးနွယ်စုဝင် အစိုးရ ဝန်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ ပါဝင်ပါတယ်။

ဒီကာလအတွင်းမှာ တရုတ် အာဏာပိုင်တွေက အခမဲ့ နေ့လည်စာ ကျွေးမွေးတာမျိုးတွေတောင် လုပ်ခဲ့တယ်လို့ တရုတ်ပြည် ပြင်ပမှာ အခြေစိုက်တဲ့ ဝီဂါ အဖွဲ့အစည်း တစ်ခုက ပြောပါတယ်။

ဝီဂါတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို တရုတ် ခေါင်းဆောင်တွေက ဖျက်ဆီးနေကြတယ် လို့လည်း သူတို့က အပြစ်တင်ကြပါတယ်။

အချို့ကလည်း ဒီလို အခြေအနေတွေဟာ ရှင်ဂျန်း ပြည်နယ်မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေရဲ့ အကြောင်းခံ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။

http://www.bbc.co.uk/burmese/world/2014/07/140702_xinjiang_ramadan_banned.shtml

အုပ်စုလိုက်ရွေ့လျားဆိုင်ကယ်များ

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးစည်သူလွင် ဆန္ဒပြုလက်မှတ်ထိုး

နယ်စပ်ခြံ စည်းရိုးကို လိုအပ်ပါကနည်းပညာ အဆင့်မြှင့်တင်ဆောင်ရွက်သွား မည်



The Union Daily
စစ်တွေ ဇူလိုင် ၁

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် အဖြစ်ကာရံထားသည့် နယ်စပ်ခြံ စည်းရိုးကို လိုအပ်ပါကနည်းပညာ အဆင့်မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ် ဗိုလ်ချုပ်မောင် မောင်အုန်းကပြောသည်။
ဆက်လက်ပြီး ဗိုလ်ချုပ်မောင် မောင်အုန်းက ''အနောက်ဘက် တံခါးက အလွန်အရေးကြီးတယ်။ ရခိုင်အရေးဟာ နိုင်ငံတော်အရေး ဖြစ်တယ်။ အခုအပစ်အခတ်ရပ်စဲ ရေးတွေအားလုံးပြီးလို့ တစ်နိုင်ငံ လုံးငြိမ်းချမ်းပြီး ရခိုင်အရေးကျန်ခဲ့ ရင်လဲ နိုင်ငံငြိမ်းချမ်းမှာမဟုတ်ဘူး၊ ရခိုင်အရေးလဲ ငြိမ်းချမ်းရမယ်။ အခုရဟတ်ယာဉ်ပေးထားတာကလဲ လုံခြုံရေးကို အရေးကြီးရင်ကြီး သလိုဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်ကစီမံပေးထားတာပါ။ တပ်မတော်နဲ့ရခိုင်ပြည်သူတွေမပူး ပေါင်းရင် အနောက်ဘက်တံခါးက ဘယ်လုံခြုံမလဲ။ ဒါကြောင့်ပြည်သူ တွေအနေနဲ့ တပ်မတော်နဲ့ပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်''ဟု ပြော ကြားသည်။
အနောက်ဘက်တံခါးလုံခြုံရေး ကို အဓိကထားဆောင်ရွက်သွား မည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် အနောက်ဘက်တံခါးလုံခြုံရေး အတွက် ခေါင်းထဲထည့်စရာမလို ကြောင်း၊ တပ်မတော်အနေဖြင့် လည်း မိမိတို့မြေကိုကျူးကျော်လာ မှုများကို ခေါင်းငုံ့ခံမည်မဟုတ် ကြောင်းကို ပြည်သူများအနေဖြင့် လည်း စိတ်ချယုံကြည်ထားရန်လို ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်း ကပြောကြားခဲ့သည်။ ၁၆၉ မိုင် ရှည်လျားသည့် အနောက်နယ်စပ် ခြံစည်းရိုးကာရံခြင်းကို တပ်မတော် အစိုးရလက်ထက်မှစတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်ခြံစည်းရိုး ကာရံမှုအတိုင်းဆောင်ရွက်ထားခြင်း ဖြစ်ကြောင်းသိရသည်။

ဘင်္ဂါလီ ၁၂ ဦးအား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိ ဘင်္ဂါလီ လေးဦးကို တရားစွဲဆို



Eleven Media Group


မောင်တောမြို့နယ်အတွင်း လက်နက်ဖြင့် အုပ်စုလိုက်ဝင်ရောက်ပစ်ခတ်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂါလီ ၁၂ ဦးအား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိ ဘင်္ဂါလီ လေးဦးကို တရားစွဲဆိုထား

မောင်တောမြို့နယ်အတွင်း လက်နက်ဖြင့်အုပ်စုလိုက်ဝင်ရောက်ပစ်ခတ်မှုဖြစ်စဉ် နှင့်ပတ်သက်၍ ဘင်္ဂါလီ ၁၂ ဦးအား တရားခံပြေးအဖြစ် ကြေညာထားပြီး ဖမ်းဆီးရမိ ဘင်္ဂါလီလေးဦးကို တရားစွဲဆိုထားကြောင်း သတင်းရသည်။ မေ ၂၈ ရက် ညအချိန် မောင်တောမြို့နယ် တောင်ပိုင်းသင်္ဘောကွေ့ကျေးရွာတွင် လက်နက်ကိုင် အုပ်စုလိုက်ဝင်ရောက်ကာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မော်လဝီတစ်ဦး၊ ကျေးရွာအုပ်စုတာဝန်ခံနှင့် ၎င်း၏ဇနီးတို့အသတ်ခံရမှု၊ ရွာသားကိုးဦး ပြင်းထန်စွာ ဒဏ်ရာရမှုဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးခဲ့ရာ လေးဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/၃၂၆/ ၃၂၄/၁၁၄ ဖြင့် မေ ၃ဝ ရက်မှ စတင်တရားစွဲဆိုထားပြီး မောင်တောမြို့နယ် တရားရုံးတွင် ပြစ်မှုဆိုင်ရာပြစ်မှုကြီးအမှတ် ၁၅/ ၂ဝ၁၄ အရ လက်ခံစစ်ဆေးနေကြောင်း သိရသည်။ လက်ရှိတရားရုံးတွင် တရားစွဲဆိုစစ်ဆေးနေသည့် ဘင်္ဂါလီလူမျိုး လေးဦးမှာ အီမန်ဟူဆောင်း၊ မော်ဝါဆူဟောက်၊ အဒူလာ နှင့် အဇီဇူဟောက်တို့ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါအုပ်စုဖွဲ့ လက်နက်ကိုင်ကျူးလွန်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟု ယူဆရသော ဘင်္ဂါလီ ၁၂ ဦးအား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၂/၃၂၆/၃၂၄/ ၁၁၄ ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားခံပြေးအဖြစ် ကြေညာကာ တရားစွဲတင်ထားကြောင်း သိရသည်။ မေ ၃ ရက် နံနက် ၁ နာရီခန့်က မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာတွင် လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ လာရောက်တိုက်ခိုက်မှုကြောင့် သင်္ဘောကွေ့ ကျေးရွာအုပ်စုတာဝန်ခံ ဇော်ကော်ရီယာ အသက် (၄၃)နှစ်နှင့် ဇနီးဖြစ်သူ ဟာလီမာခါတူတို့နှင့် ကျေးရွာရှိ မော်လဝီတစ်ဦးလည်း အသတ်ခံခဲ့ရကြောင်း သိရသည်။ တိုက်ခိုက်ခံရ၍ ဒဏ်ရာရသူ ကိုးဦးမှာ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။ မောင်တောမြို့နယ် သင်္ဘောကွေ့ကျေးရွာ တိုက်ခိုက်မှုမှာ ပစ္စည်းရလိုခြင်းထက် လူသတ်ရန် ရည်ရွယ်လာရောက်ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ ကျေးရွာသားများက ပြောကြားသည်။ မောင်တောမြို့နယ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်များ ဝင်ရောက်နေသည်ဟု သတင်းထွက်ပေါ်နေခဲ့ပြီး လက်နက်များဖမ်းဆီးရရှိမှုများ ရှိခဲ့သည်။ ယင်းနောက်ပိုင်းတွင် တိုင်းရင်းသားများအား တိုက်ခိုက်မှုများရှိခဲ့ပြီး လက်နက်ဖြင့် အုပ်စုလိုက်ဝင်ရောက်တိုက်ခိုက်မှုမှာ ယခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။

ဧက ၃၅၀၀၀၀ ကျော်အား သမ္မတကစွန့်လွှတ်မည်မဟုတ်


Eleven Media Group


အစိုးရနှင့် တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက စုစုပေါင်း ၄၇၀၀၀၀ ကျော်အနက် ဧက ၃၅၀၀၀၀ ကျော်အား အသုံးပြုရန်လိုအပ်၍ စွန့်လွှတ်မည်မဟုတ်ကြောင်း သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

အစိုးရစီမံကိန်းများ၊ တပ်မတော်နှင့် ပုဂ္ဂလိကမှ သိမ်းဆည်းထားသည့် လယ်ယာမြေဧက စုစုပေါင်း ၄၇၀၀၀၀ ကျော်အနက် ဧက ၃၅၀၀၀၀ ကျော်အား အသုံးပြုရန် လိုအပ်သည့်အတွက် စွန့်လွှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံသို့ နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သ၀ဏ်လွှာတွင် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ၁၊ ၂၊ ၃ တွင် ပါရှိသည့် အမှုများအား စိစစ်ပြီးရှင်းလင်းရန် ၆၉၉ မှုရှိကြောင်း ဖော်ပြထားသည်။

နေပြည်တော်အပါအ၀င် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဖြေရှင်းရန်အမှု ၆၉၉ မှုရှိကြောင်း၊ ယင်းတို့အနက် ဖြေရှင်းရန် စုစုပေါင်းဧကမှာ ၄၇၃၉၇၉ ဒသမ ၇၃၉ ဖြစ်ကြောင်း၊ အသုံးပြုရန် လိုအပ်ချက်အရ မစွန့်လွှတ်သည့် မြေဧက ၃၅၁၇၃၃ ဒသမ ၇၃၈ ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းထားသည့် မြေဧကများအနက် အသုံးပြုရန်ထက် ပိုမိုမှုကြောင့် စွန့်လွှတ်သည့်မြေဧက ၄၃၇၁၇ ဒသမ ၇၄၀ အနက် ၂၆၅၆၉ ဒသမ ၅၂၀ ဧကသည် လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ အသုံးမပြု၍ ပြန်လည်စွန့်လွှတ်သည့် မြေဧက ၂၈၉၆၈ ဒသမ ၄၆၁ ဧကဖြစ်ပြီး ၂၄၅၂၄ ဒသမ ၆၂၀ ဧက လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိက အချင်းချင်းနှင့် တရားစီရင်ရေး လုပ်ငန်းစဉ်အရ ရှင်းလင်းရန် မြေဧကမှာ ၄၉၂၄ ဒသမ ၇၂၀ ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားချက်များအရ သိရသည်။

ပြန်လည်စွန့်လွှတ်ခြင်း မပြုဘဲ အသုံးပြုရန် လိုအပ်သည့် မြေဧကများအား နိုင်ငံပိုင် စီမံကိန်းများ၊ တပ်မတော်တပ်ဖွဲ့များ၊ စိုက်မွေးခြံများအတွက် သိမ်းဆည်းပြီး သုံးစွဲရန် လိုအပ်သည့်အတွက် ဧက ၃၅၁၀၃၃ ဒသမ ၇၃၈ ဧကအား လွှဲပြောင်းပေးမည် မဟုတ်ကြောင်း၊ လျော်ကြေးပေးကာ ညှိနှိုင်းပြီး ဆက်လက်အသုံးပြုနေသည့် ဧက ၇၀၀ ရှိကြောင်း ဖော်ပြထားသည်။

အသုံးပြုရန်ထက် ပိုမိုနေသည့်အတွက် စွန့်လွှတ်မြေဧကများတွင် နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းဆည်းခဲ့သည့် ဧကပေါင်း ၉၅၂၀၅ ဒသမ ၆၁၀ အနက် ၄၃၇၁၇ ဒသမ ၇၄၀ ဧက စွန့်လွှတ်မည်ဖြစ်ကာ ယင်းတို့အနက် ၂၆၅၆၉ ဒသမ ၅၂၀ ဧက လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အစိုးရဌာနများနှင့် တပ်မတော်တ ပ်ရင်းတပ်ဖွဲ့များမှ ပြန်လည်စွန့်လွှတ်သည့် မြေများကို တိုင်ကြားတောင်းခံသူများထံ ရောက်ရှိရန်အတွက် ဒုတိယသမ္မတမှ နယ်မြေများသို့ ကွင်းဆင်းလျက်ရှိကြောင်း၊ သက်ဆိုင်သူများက ဆက်သွယ်တောင်းခံလာခြင်း မရှိသည့် ကိစ္စရပ်များ ကျန်ရှိကြောင်း သမ္မတ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက “ကျွန်တော်တို့ လွှတ်တော်က ပေးပို့ခဲ့တဲ့ အမှုတွဲတွေကို ပြီးပြတ်အောင် ရှင်းလင်းပြီးပြီလို့ ဖြေကြားတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း အောက်ခြေမှာက မရကြသေးဘူး။ တချို့လယ်မြေတွေကို အရင်က ကျပ် ၅၀၀၀ နဲ့ လျော်ပြီးလို့ ထပ်မလျော်နိုင်ဘူးလို့ ကြားရတာတွေ ရှိပါတယ်။ ပြင်ပက ကာလပေါက်ဈေးနဲ့ ဆောင်ရွက်ပေးသင့်ပါတယ်။ ဒါမှ တောင်သူတွေအတွက်လည်း နစ်နာမှုတွေ အထိုက်အလျောက် ရမှာပါ” ဟု ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက “အခု ပြည်ထဲရေးဒုဝန်ကြီး လာဖြေတာနဲ့ အောက်ခြေမှာ ဖြစ်နေတာတွေ ကွာခြားနေပါတယ်။ မူလလယ်သမားက ခံစားခွင့် ဘာမှမရဘဲ လယ်မြေကို သိမ်းသွားတဲ့ ကုမ္ပဏီတွေက ပြန်လုပ်ခွင့်တွေ ပေးထားတဲ့ လယ်သမားတွေက ခံစားခွင့်ရနေကြတယ်။ မြေသိမ်းဥပဒေနဲ့ မညီဘဲ သိမ်းခဲ့တာတွေကို အခုကာလပေါက်ဈေးတွေနဲ့ ပေးလျော်သင့်ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကလည်း သိမ်းဆည်းခံခဲ့ရသည့် မူလပိုင်ရှင်များအား နစ်နာကြေးများကို ကာလပေါက်ဈေးဖြင့် လျော်ပေးသင့်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် အောက်ခြေအထိဆင်းပြီး ပြည်သူများ၏ နစ်နာမှုများကို လေ့လာသင့်ကြောင်း၊ မူလပိုင်ရှင်များက ခံစားခွင့် မရရှိကြသည့် ဖြစ်စဉ်များစွာရှိနေကြောင်း ပြောကြားသည်။

၈၂ လမ်းနှင့် ၂၇ လမ်းအနီးတွင် တိုင်းရဲတပ်ဖွဲ့မှ အင်အား ၅၀၀ ကျော်


Eleven Media Group

လူစုလူဝေးနှင့် ဖျက်ဆီးမှုအချို့ ဖြစ်ပေါ်ခဲ့သော မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းအနီးတွင် တိုင်းရဲတပ်ဖွဲ့မှ အင်အား ၅၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ထား

ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိစ္စနှင့် ပတ်သက်၍ ည ၈ နာရီခန့်မှ စတင်ကာ လူစုလူဝေး ဖြစ်ပေါ်လာခဲ့ပြီး နံနက် ၃ နာရီခွဲမှသာ လူစုကွဲသွားခဲ့သောကြောင့် ထပ်မံပြီး ဘာသာရေးပဋိပက္ခနှင့် အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန်အတွက် လက်ရှိလုံခြုံရေးအင်အား အပါအ၀င် မန္တလေးတိုင်း ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အင်အား ၅၀၀ နှင့် တပ်ဖွဲ့ခွဲလုံခြုံရေးပါ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းစာရှင်းလင်းပွဲတွင် အသိပေး ပြောကြားသည်။

စတင်ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ယင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ ဆိုင်တွင် အလုပ်လုပ်နေသည့် အမျိုးသမီးလေးကို နေပြည်တော်ဆိုင်တွင် ပြောင်းလုပ်ကိုင်ရန် ခေါ်ဆောင်သွားစဉ် လမ်းခရီး၌ မဖွယ်မရာ ပြုကျင့်ခဲ့ကြောင်း အလုပ်သမား မိန်းကလေးက ပျဉ်းမနားရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပျဉ်းမနားမြို့မ ရဲစခန်းမှူးက ယင်းဆိုင်သို့ ဇွန် ၃၀ ရက်တွင် လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ သို့သော် အမှုဖွင့်ခံထားရသူများမှာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာများတွင် ယင်းတရားခံ လာရောက်အဖမ်းခံရန် ထိုသူပိုင်ဆိုင်သော လက်ဖက်ရည်ဆိုင်သို့ သံဃာတော်များမှ လာရောက်ပြီး မိသားစုဝင်များကို နားချမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ကြိုတင်သတင်း ရရှိသဖြင့် လုံခြုံရေးရယူရာမှ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောကြားခဲ့သည်။

“အင်တာနက်မှာရော အပြင်မှာရော သတင်းပျံ့နှံ့မှုတွေကြောင့် သူတို့ဆိုင်ကို မဖွင့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားတာကို လက်မခံဘူး။ အကြောင်းကလည်း သူတို့ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်ကာလဖြစ်လို့ ဗလီထွက်ချိန်စားရတာ အဆင်မပြေမှာ စိုးလို့ပါ။ အဲလိုနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ လုံခြုံရေး ကြိုတင်ရယူပေးထားတာကနေ လာရောက်ကြည့်ရှူသူတွေနဲ့ များသွားတာပါ။ ၁၀ နာရီ ၀န်းကျင်ထိကတော့ လူစုလူဝေးကလွဲလို့ ဘာမှမဖြစ်ပွားသေးပါဘူး” ဟု ဒုရဲမှူးကြီးက ဆိုသည်။

ဆက်လက်ပြီး ၁၀ နာရီခွဲ နောက်ပိုင်းအချိန်တွင် ဆိုင်ကယ်လေးစီးခန့်မှ နိုင်ငံတော်သီချင်း သီဆိုသွားမှုကို ရဲတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းရန် ဆောင်ရွက်သော်လည်း အခြားသူများမှပါ ဆက်လက်သီဆိုခြင်းကြောင့် လူစုလူဝေး ပိုမိုများပြားလာကာ စတင်ဖြစ်ပွားသည့် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်မှ ၂၆ လမ်းတစ်လျှောက် ၈၃၊ ၈၄၊ ၈၅၊ ၈၆ လမ်းတစ်လျှောက်ထိ ရောက်ရှိကာ ပိုမိုအခြေနေ ဆိုးရွားလာခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။

ဆိုင်ကယ် လေးစီးလောက်က နိုင်ငံတော်သီချင်း သီဆိုသွားတာကို ရဲတပ်ဖွဲ့ဝင်တွေက မဆိုဖို့ ထိန်းသိမ်းနေတာကို တခြားသူတွေကပါ သီဆိုတဲ့နောက် လူအင်အားက ၅၀၀ ထိ ရှိလာခဲ့ပါတယ်။ ညပိုင်းဖြစ်တဲ့အတွက် အရက်မူးနေတဲ့ သူကလည်း များပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ပေါက်၊ လမ်းမှာရပ်ထားတဲ့ ကားတွေကို တုတ်နဲ့ ရိုက်ခွဲတာမျိုးတွေ လုပ်ပါတယ်။ ကားတစ်စီးကိုတော့ မီးရှို့သွားပါတယ်။ ၂၆×၈၆ လမ်းထောင့်မှာတော့ ည ၁၁ နာရီကျော်မှာ လူအင်အား အရမ်းများလာပြီး မနိုင်နင်းတော့တဲ့ အခြေအနေမို့ လူစုကွဲဖို့ ရည်ရွယ်ပြီး ရာဘာကျည် သုံးချက် ဖောက်ခဲ့ရပါတယ်။ နံနက် ၃ နာရီခွဲမှာတော့ လူစုကွဲသွားခဲ့ပေမယ့် အခုချိန်ထိ လုံခြုံရေး ဆက်လက်ရယူထားမှာ ဖြစ်ပါတယ်” ဟု မန္တလေးမြို့ လတ်တလောလုံခြုံရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများကို ပြောပြသည်။ ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ခြင်းကြောင့် ကား ၁၀ စီးမှန်၊ တံခါးကွဲပျက်စီးခဲ့ပြီး၊ ကားတစ်စီးမှာ ရှေ့ခေါင်းခန်း မီးလောင်ကျွမ်းခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် လူငါးဦးမှာလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၂၆ (ဘီ)လမ်းမှ ၂၇၊ ၂၈၊ ၂၉၊ ၃၀ လမ်းတစ်လျှောက်၊ လမ်း ၈၀ မှ ၈၁၊ ၈၂၊ ၈၃၊ ၈၄ လမ်းတစ်လျှောက်ထိ ရဲတပ်ဖွဲ့လုံခြုံရေး ဆက်လက်ရယူထားမည်ဖြစ်ကာ အခြေနေ တည်ငြိမ်သည်အထိ လုံခြုံရေး ထားရှိသွားမည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ခဲ့သည်။


Kyaw Swar Myint
မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းစာရှင်းလင်း
================================================
ဇူလိုင် ( ၁ ) ရက် မနေ့က ၈၁-၈၂ လမ်းကြား ၊ ၂၇-၂၈ လမ်းကြားအနီးတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းနဲ့ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ယနေ့ ဇူလိုင်လ ( ၂ ) ရက်နေ့
နံနက် ( ၉ ) နာရီအချိန်က မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ( တိုင်းရုံး ) မှာ ပြုလုပ်ကျင်းပခဲ့ပါသည် ။

မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ( တိုင်းရုံး )မှ ဒုရဲမှူး ဦးဇော်မင်းဦး မှ မီဒီယာ
များကို ယခုလိုပြောကြားသွားခဲ့ပါသည် ။

" ချမ်းအေးသာဇံမြို့နယ် ၊ ချမ်းအေးသာဇံအရှေ့ရပ်ကွက် ( ၂၆ - ၂၇ လမ်းကြား )
( ၈၁ - ၈၂ လမ်းကြား ) လေလာဝန်းအတွင်းရှိ နေပြည်တော် မမစ ( ပျဉ်းမနား ) ( ပ )
၂၃၉ / ၂၀၁၄ တရားခံ နေ၀င်း ပထမဇနီးနေအိမ်သို့နေအိမ်သို့ ဇွန်လ ၃၀ ရက် ည
( ၁၀ ) နာရီ ၄၅ မိနစ်အချိန် မှာ မမစမှူး ( ပျဉ်းမနား )မှ ဒုရဲမှူး နှင့် အဖွဲ့ ၊ မန္တလေးခရိုင်
မှ ( မှု / ကူ ) ရဲအုပ်နှင့်အဖွဲ့ ၊ မမစ ( ချမ်းအေးသာဇံ ) န / ထ အဖွဲ့ နှင့် ပါဝင်သော
 ပူးပေါင်းပါဝင်သော အဖွဲ့သည် သက်သေများနဲ့အတူ ၀င်ရောက်ရှာဖွေသော်လည်း
တရားခံ နေ၀င်း ၊ အတူနေညီဖြစ်သော ဆန်းမောင် တို့အား ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့်
၎င်းတို့လာရောက်နေထိုင်ပါက ရဲစခန်းသို့ လာရောက်ဆက်သွယ်ပါရန် ရယက နှင့် ကွက်စိပ်မှူးတို့
အား မှာကြားထားကြောင်း သိရှိရပါသည် ။

အခင်းဖြစ်နေ့ ဇူလိုင်လ ( ၁ ) ရက်နေ့ ည ( ၉ ) နာရီအချိန်က ဥပုသ်လ ဗလီတွင် ဥပုသ်ဝင်ပြီး
 ပြန်ထွက်လာသော မွတ်ဆလင်လူမျိုးများ မှ တရားခံနေ၀င်း ဖွင့်လှစ်
ထားသော ဆန်း လက်ဖက်ရည်ဆိုင်မဖွင့်သဖြင့် ဖွင့်ပေးရန် ပြောဆိုရင်း လူအင်အား
တစ်ဖြေးဖြေး များလာရာ ဗလီလူကြီးများမှ ပြသနာမဖြစ်စေရန် ဂျွန်းဗလီထဲသို့
ခေါ်ဆောင်သွားပြီး ပြန်လည်လူစုကွဲသွားသည် ။

ည ( ၁၀ ) နာရီခွဲ အချိန် မှာ ၂၆လမ်း ၈၂ လမ်းသို့ ဆိုင်ကယ် ( ၃ ) စီး လူ ( ၆ ) ယောက်
ကမ္ဘာမကြေ သီချင်းဆိုရင်း ဆိုင်ကယ်စီးနင်းသွားကြောင်း ထို့နောက် ည ( ၁၁ ) နာရီ
အချိန် ၂၆ လမ်း ၈၆လမ်းထောင့် တွင် လူအင်အာ ၃၀၀ ခန့်တို့မှ အုတ်ခဲကျိုးများ
ပုလင်းခွံများဖြင့် ဆိုင်းဘုတ်များ ၊ ၀င်းထရံများ ၊ လမ်းဘေးရပ်ထားသော ကားများ သို့
ထုခွဲပစ်ပေါက်သဖြင့် တာဝန်ရှိသူများမှ ဘယ်ရီဂိတ်များ တားဆီးပိတ်ဆို့ကာ အဓိကရုဏ်း
သုံး ၄၀ မမ ရာဘာကျည်ဆံ ၃ ချက်ပစ်ဖောက်ခဲ့ကြောင်း သိရပါသည် ။

ခဲများပစ်ပေါက်ခဲ့မှုကြောင့် ကား ( ၃ ) စီး လေကာမှန်ကွဲကာ ၊ ၂၆လမ်း ၈၆လမ်းအနီးရှိ
Hilux ယာဉ် ရှေ့ခန်းကူရှင် မီးလောင်ကျွမ်းမှုကြောင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ငြိမ်းသတ်ခဲ့
ရကြောင်း သိရပါသည် ။

ဇူလိုင်လ ( ၂ ) ရက်နေ့ ည ၂ အချိန်မှာ ဂဠုန်နီဆရာတော် နှင့် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ
လူအုပ်စုထပ်မံမစုစည်းစေရေး နှင့် ရဲတပ်ဖွဲ့များ အင်အားတိုး တပ်ဖြန့် ထိန်းသိမ်း
ဆောင်ရွက်နိုင်ခဲ့ပြီး ည ( ၃ ) နာရီခွဲ အချိန်မှာ ဂဠုန်နီဆရာတော် ပြန်သွားကြောင်း
သိရပါသည် ။ အဓိကရုဏ်းတွင် ခဲများပစ်ပေါက်ခြင်းခံရသဖြင့် မန္တလေးပြည်သူ့
ဆေးရုံသို့ လာရောက်ဆေးကုသမှု ခံရသူ ၅ဦးအထိရှိကြောင်း " ဒုရဲမှူး ဦးဇော်မင်းဦး မှ ပြောပြပါသည် ။

ူဇူလိုင်လ ( ၂ ) ရက်နေ့မှာ အဓိကရုဏ်းဖြစ်ပွားရာအနီးရှိ ဆိုင်အချို့ ပိတ်ထားမှု
ရှိသော်လည်း ဈေးချိုတော် ၊ မန်းမြန်မာပလာဇာ နှင့် ဈေးချိုပလာဇာ တို့မှာ ပုံမှန်
အတိုင်း ဆက်လက်ဖွင့်လှစ်ရောင်းချလျှက်ရှိကြောင်း သိရပါသည် ။

သတင်းဓါတ်ပုံ- Khine Lynn Soe

မန္တလေးပုံရိပ်များ

မန္တလေး အဓိကရုဏ်း ရဲတဦး အပါအ၀င် ၆ ဦးဒဏ်ရာရ



ဧရာဝတီ
Wednesday, July 2, 2014

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ဆန်းကဖေးတွင် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့ကာ မော်တော်ယဉ် ၁၀ စီးနှင့် ဆိုင်ခန်းများ ဖျက်ဆီးခံခဲ့ရကြောင်း သတင်း ရရှိသည်။

ဇူလိုင်လ ၁ ရက်နေ့ ည ၇ နာရီခန့်တွင် ကိုနေ၀င်းနှင့် ကိုဆန်းမောင်တို့ ပိုင်ဆိုင်သော နေ ကဖေးနှင့် ဆန်းကဖေး ဆိုင် ၂ ဆိုင် ကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့ ပိတ်သိမ်းခိုင်းရာမှ လူမျိုးရေး ဘာသာရေး အသွင် ဆောင် သည့် ပဋိပက္ခ တခု ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင် ၂ ဦးသည် ဆိုင်ဝန်ထမ်း အမျိုးသမီးငယ်တဦးကို မုဒိမ်း ကျင့်သည်ဆိုသော စွပ်စွဲ ချက်ဖြင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရဲစခန်းတွင် ပ၂၉၃/၂၀၁၄ ပြစ်မှု ပုဒ်မ ၃၇၆ မုဒိမ်းမှု ဖြင့် အမှုဖွင့်ခံ ထားရသူများ ဖြစ်ကြောင်း သိရှိရသည်။

ရဲတပ်ဖွဲ့ဝင်များက ဆိုင်များကို ပိတ်သိမ်း ရခြင်းမှာ ၂၇လမ်းနှင့် ၈၂ လမ်းထောင့်ရှိ နေကဖေးနှင့် ဆန်းကဖေးဆိုင်သို့ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူနှင့် သံဃာတော်များ လာရောက်မည်ဟု သတင်းရသဖြင့် လုံခြုံရေး အရ ကြိုတင် ကာကွယ်ရန် လုပ်ဆောင်ရခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် အဆို ည ၇ နာရီခွဲ အချိန်တွင် ယင်းဆိုင်သို့ လာရောက် စားသောက် လေ့ ရှိသူများနှင့် ဗလီတွင် ဥပုသ်ဝင်ရောက်ပြီး ဥပုသ်ဖြေသူ အစ္စလမ်ဘာသာဝင် တချို့ ရောက်ရှိ လာပြီး ဆိုင်ပြန်ဖွင့် ပေးရန် တောင်းဆိုရာမှ လူအုပ်စု ၁၀၀ ခန့်အထိ ဖြစ်လာကြောင်း၊ အစ္စလမ်ဘာသာဝင် လူကြီးများက ပြဿနာ မဖြစ်ပွားစေရန် ၀င်ရောက် ညှိနှိုင်းခေါ်ဆောင်မှုကြောင့် ည ၈ နာရီခွဲခန့်တွင် လူစုကွဲ သွားခဲ့ ကြောင်း မန္တလေးမြို့နယ် ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

မွတ်စလင် ညီိအစ်ကို ၂ ဦးက မိန်းကလေးတဦးကို မုဒိမ်းကျင့်သည်ဆိုသော အင်တာနက်တွင် ပျံ့နှံ့နေခြင်းကြောင့် ထိုညီအစ်ကို ၂ ဦးပိုင်ဆိုင်သော နေကဖေးနှင့် ဆန်းကဖေးကို ၀င်ရောက် ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ် လာခဲ့ သောကြောင့် ရဲတပ်ဖွဲ့ဝင်များက ဆိုင်၂ ဆိုင်ကို ပိတ်ခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ မူလက လူစုကွဲသွားခဲ့ပြီ ဖြစ်သော် လည်း ည ၁၀ နာရီ ကျော်ခန့် တွင် လူ ၃၀၀ ကျော် ပါဝင်သော လူအုပ်စုကြီးတစု ရောက်ရှိလာပြီး ပဋိပက္ခများ စတင် ဖြစ်ပွား လာကြောင်း သိရှိရသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပိတ်ခိုင်းတာလို့ ရဲကပြောတယ်။ အဲဒီဆိုင်ကို ပိတ်ခိုင်းရာကနေ လူစုလူဝေး ဖြစ်လာ တယ်။ ဘယ်သူက ပိတ်ခိုင်းတာလဲ ၊ဘယ်သူတာဝန်ယူမှာလဲ ဆိုပြီး ပြဿနာတက်ကြတယ်။ ဒါပေမယ့် ၉ နာရီ ၀န်းကျင်လောက်မှာ ငြိမ်သွားပြီးတော့ ည ၁၀ နာရီကျော်လောက်မှာ ၂၆ လမ်းအောက်ကနေပြီးတော့ လူ ၃၀၀ လောက် တက်လာတယ်။ သံဃာတွေလည်းပါတယ်”ဟု မန္တလေးမြို့ခံ ဦးမင်းမင်းက ဧရာဝတီ သို့ ပြောသည်။

ည ၁၁ နာရီခန့်မှစ၍ အစ္စလမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် လူအုပ်စု ၂ ခုတို့အကြား တဖက်နှင့် တဖက် အုတ်ခဲကျိုးများ ၊ ပုလင်းခွဲများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း၊ နောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များက ကြားမှ ၀င်ရောက်လာသဖြင့် အနည်းငယ်ပြန်ငြိမ်သွားခဲ့ကြောင်း၊ ည ၁ နာရီခန့်တွင် ၂၆ လမ်းပေါ်တွင် လူအုပ်စုအင်အားများပြားလာ၍ ရဲတပ်ဖွဲ့က လူစုကွဲသွားစေရန် ရော်ဘာကျည် ၃ ချက် ပစ်ဖောက်လူစုခွဲခဲ့ရကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“ ဟိုနားမှာ အော်သွားလိုက် ဒီနားမှာ အော်သွားလိုက်နဲ့ ဆိုင်တွေကို ခဲတွေနဲ့ ထုသွားတယ်။ ကားတစီး မီးရှို့ခံရ တယ်။ ၁၀စီးကတော့ ကားမှန်တွေ ကွဲသွားတယ်။ ဖျက်စီးခံရတဲ့ ဆိုင်တွေကတော့ မွတ်စလင်ဆိုင်တွေ များတယ်။ မင်းမင်းဦးလို့ ခေါ်တဲ့ မွတ်စလင်တဆိုင်လည်း ခဲနဲ့ အထုခံရတယ်။ ည ၃ နာရီ လောက်အထိ ဖြစ်နေတုန်းပဲ ” ဟု မန္တလေးမြို့ခံ ဦးထွန်းထွန်းဦးက ပြောသည်။

ည ၂ နာရီအချိန်တွင် ၈၃ လမ်းနှင့် ၈၄ လမ်းကြားတွင် သံဃာအပါး ၄၀နှင့် လူ တချို့က တုတ် ၊ ဓါး လက်နက်များ ကိုင်ဆောင်နေ၍ ရဲတပ်ဖွဲ့က ၀င်ရောက် ထိန်းသိမ်းရာ လူစုကွဲသွားကြောင်း ၊ ည ၃ နာရီခန့်တွင် ဟိုင်းလတ်ယဉ် တစီး မီးရှို့ခံခဲ့ရကြောင်း သိရှိရသည်။

မန္တလေးမြို့နယ် ရဲတပ်ဖွဲ့ ဦးစီး (၁) ဒုတိယ ရဲမှူးကြီး ဇော်မင်းဦးက ယခုဖြစ်စဉ်တွင် နောက်ကွယ်က ကြိုးကိုင်သူ ရှိသည်ဟု မန္တလေး အခြေစိုက် မီဒီယာများကို ပြောဆိုခဲ့သော်လည်း မည်သူကြိုးကိုင်နေသည်ကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသည့်အပြင် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး တစုံတရာ အရေးယူဆောင်ရွက်နိုင်ခြင်းမရှိသေးဟု သိရှိရသည်။

“ ကျနော်တို့ ဖြစ်စေချင်တာက လမ်းပေါ်မှာ အကြမ်းဖက်တဲ့သူ ဘယ်သူကို မဆို ဘာသာကို မကြည့်ဘဲနဲ့ အကုန် လုံးကို ရဲတပ်ဖွဲ့က ဖမ်းစေချင်တယ်။ အခုက သူတို့ပုံစံက ပြဿနာကို ပိုကြီးထွားမလာအောင် လျော့ချ တဲ့ဆိုတဲ့ သဘောနဲ့ ရဲတပ်ဖွဲ့က ရပ်ကြည့်နေတယ်။ အဲဒါကို ထိန်းထိန်းသိမ်းသိမ်း လုပ်တယ်လို့ အကြောင်း ပြတယ်”ဟု မန္တလေးမြို့ခံ အစ္စလမ် ဘာသာဝင်တဦးက ပြောသည်။

မန္တလေးမြို့မှ ဂဠုန်နီဆရာတော် ဦးကာဝိယက ဘာသာရေး ပြဿနာမှာ အလွန်ထိလွယ် ခိုက်လွယ်သောကြောင့် ဥပဒေနှင့် အညီ နေထိုင်ကြရန်နှင့် လူစုခွဲရန် မေတ္တာရပ်ခံခဲ့သော်လည်း ဒေါသထွက်နေသည့် လူအုပ်စုသည် မိမိ၏ စကား ကို နား မထောင် ကြောင်း ၊ ည ၂ နာရီခန့်တွင် မန္တလေးမြို့ပေါ်ရှိ ဗလီတခုပေါ်မှာ အာရဗီဘာသာဖြင့် ၃ မိနစ် ခန့် တစုံတခုကို အော်ဟစ် လိုက်ရာ မွတ်စလင်များဘက်က ရဲတပ်ဖွဲ့ကို ပြန်လည်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် တချို့နောက်ဆုတ် ပေးခဲ့ရ သည်ဟု မိန့်ကြား သည်။

“ဘုန်းကြီးလည်း ကံကောင်းလို့ မသေတာ။ ဘာလက်နက်မှ မပါဘဲနဲ့ လိုက်ပြောနေရတာ။ ဒါပေမယ့် ရဲတွေက မြန်မြန်ဆန်ဆန် လူစုခွဲဖို့ ကောင်းတယ်။ အခုသူတို့က ဒီဖက်ကို တက်မလာနဲ့ဆိုပြီးအော်နေတော့ ဟိုဘက်မှာ လုပ်ချင်ရင်လုပ်ဆိုပြီး ခွင့်ပြုထား သလို ဖြစ်နေတယ်။ တကယ်ဆို ဖြစ်ဖြစ်ချင်း မျက်ရည်ယိုဗုံးတွေဘာတွေ ခွဲလိုက် ရမှာ”ဟု ဦးကာဝိယက မိန့်သည်။

မန္တလေး မြို့ခံများ၏ အဆိုအရ ရဲတပ်ဖွဲ့က ပစ်ခတ်သော သေနတ်သံ ၆ ချက် အနည်းဆုံးကြားခဲ့ရပြီး သေနတ်ကျည်ဆန်မှန်၍ ဒဏ်ရာရရှိသူ ၂ ဦးရှိသည်ဟု သိရှိရသည်။

“ ဒီမနက် ဗလီသွားတက်တဲ့ မွတ်စလင်တယောက် လမ်းမှာ ချောင်းအရိုက်ခံရတယ်။ ည ၁၂ နာရီလောက်မှာ ရဲက လူစုခွဲဖို့ ပစ်တာ လူ ၂ ယောက် ထိသွားတယ်။ တယောက်က နားရွက်ကို ဖောက်သွားတယ်။ တယောက်က ခေါင်းကို ရှပ်မှန်တယ်။ မန္တလေးတိုင်း ရဲတပ်ဖွဲ့ကတော့ မိုးပေါ်ထောင်ပစ်တယ်လို့ ရှင်းတယ်” ဟု ဦးမင်းမင်းက ပြောသည်။

ဇူလိုင်လ ၂ ရက်နေ့ တွင် မန္တလေးမြို့ ၂၆ လမ်းတလျှောက်မှ လမ်း ၈၀ ၊ ၈၁ လမ်းထိပ်အထိ လုံခြုံရေး တင်းကြပ်ထားကြောင်း ၊ ၂၆လမ်းနှင့် ၈၂ လမ်းထောင့် အပါအ၀င် ဇူလိုင်လ ၁ ရက်နေ့ ညပိုင်းက ပြဿနာ ဖြစ်ပွားခဲ့သည့် ပတ်ဝန်းကျင် အနီးတွင် လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ရဲတပ်ဖွဲ့က လမ်းပိတ်ထားသည်ကို တွေ့ရကြောင်း မန္တလေးမြို့မှ ဧရာဝတီသတင်းထောက်က ပြောသည်။

“ ၂၆ လမ်း တလျှောက်က အိမ်တွေမှာ ဆိုင်းဘုတ်တချို့ ပျက်ဆီးနေတယ်။ ယာဉ်ထိန်းရဲရုံးက သစ်သားချောင်းတွေ အခွာခံ ထားရတယ်။ ဒီမနက်က ကုန်စိမ်းဈေးကို သွားတဲ့ ဗမာ ၃ ယောက် ဓားခုတ်ခံရတယ် ။ အခု ဆေးရုံ ပို့လိုက်ပြီ” ဟု ဧရာဝတီ သတင်း ထောက်က ဆိုသည်။

၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှ စတင်ခဲ့သော ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းများကြောင့် လူသေဆုံးထိခိုက် မှုများ ဖြစ်ပွား ခဲ့ပြီး ယင်းပဋိပက္ခသည် မိထ္တီလာ အပါအ၀င် နိုင်ငံတ၀န်း ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခများ မကြာခဏ ဆိုသလို ပျံ့နှံ့ ဖြစ်ပွား စေခဲ့သည်။

မန္တလေး အဓိကရုဏ်း ငါးဦးဒဏ်ရာရပြီး ဈေးဆိုင်နဲ့ ကားတချို့ဖျက်ဆီးခံရ

2.7.2014

မန္တလေးမြို့မှာ မနေ့ညနေပိုင်းကနေ သန်းခေါင်ကျော်အထိ ဆူပူမှုဖြစ်ပွားလို့ လူငါးဦးခန့် ဒဏ်ရာရပြီး မွတ်စလင်တွေပိုင်တဲ့ ဈေးဆိုင်နဲ့ကားတချို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

မန္တလေးဆေးရုံကြီးမှာ ဒဏ်ရာရသူတစ်ဦး မနေ့ညက အတွင်းလူနာအဖြစ် ကုသမှုခံယူနေရတယ်လို့လည်း မျက်မြင်တစ်ဦးကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေမယ့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ရဲ့အတည်ပြုပြောကြားချက်ကို မရရှိသေးပါဘူး။

အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ ၂၆ လမ်းနဲ့ ၂၇ လမ်းကြား၊ လမ်း၈ဝကနေ ၈၆ လမ်း အနီးတ၀ိုက်မှာ ရဲတပ်ဖွဲ့အင်အား ငါးရာခန့် လက်ရှိလုံခြုံရေး ယူထားတယ်လို့လည်းဆိုပါတယ်။ မန္တလေးမြို့ခံတစ်ဦးက လုံခြုံရေးတွေ ထူထူထပ်ထပ်ချထားတာကို မြင်ရကြောင်း RFA ကိုအတည်ပြု ပြောဆိုခဲ့ပါတယ်။

"ဖြစ်တာကတော့ ၈ နာရီဝန်းကျင်လောက်မှာဖြစ်တယ်၊ ၂၇၊ ၂၈ ကြား ဗလီမှာ ဘုန်းကြီးတွေ ဝိုင်းတဲ့ဟာကနေစဖြစ်တာ၊ ဘာ့ကြောင့်ဝိုင်းလဲဆိုတော့ ပြီးခဲ့တဲ့ ၄၊ ၅ ရက်လောက်က သတင်းကိုအခြေခံပြီးတော့ အဲဒီလိုဖြစ်တယ်လို့ကြားရတယ်၊ လူအင်အား ၂ဝဝ၊ ၃ဝဝ လောက်ရှိတယ်၊ ပထမဦးဆုံးစဖြစ်တဲ့ ၂၂ လမ်း၊ ၂၇၊ ၂၈ နေရာမှာတော့ တော်တော်များတယ်ခင်ဗျ၊ ကျနော်တို့ နောက်ဆုံးရတဲ့သတင်းက ကျနော်တို့ ၂၆ လမ်းပေါ့နော် နောက် ၈၆ လမ်းတို့ ဘာတို့မှာ မွတ်စလင်ဆိုင်နဲ့ ပတ်သက်တာတွေတော့ ဖျက်ဆီးတယ်တော့ ကြားနေရတယ်၊ အဲဒီမှာလုံခြုံရေးတွေလာပြီးတော့ သူတို့ တစ်ပြပတ်လည် အကုန်ပိတ်ပစ်လိုက်တယ်၊ ခုလောလောဆယ်တော့ မန္တလေးမှာ လုံခြုံရေး တင်းတင်းကြပ်ကြပ်ချထားပါတယ်"

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မန္တလေးမြို့ ၂၇ လမ်း နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်တဲ့ ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး အင်တာနက်မှာသတင်းတစ်ခု ပေါ်ပေါက်ခဲ့ရာကနေ မနေ့ညနေ ၇ နာရီခန့်မှာ အဓိကရုဏ်းစတင်ခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။

ဆူပူမှုမှာပါဝင်သူ တစ်ထာင်နီးပါးရှိခဲ့ပြီး ဂဠုန်နီဆရာတော်ဦးဆောင်တဲ့ သံဃာတွေနဲ့ မွတ်စလင်ခေါင်းဆောင်တွေ အခင်းဖြစ်ပွားရာကို သွားရောက်ကူညီထိန်းသိမ်းခဲ့ပါတယ်။ ဒီနေ့မနက် ၂ နာရီက ဂဠုန်နီဆရာတော်ကို ဆက်သွယ်လျှောက်ထားမေးမြန်းရာမှာ ၂၆ နဲ့ ၂၇ လမ်းကြားက ၈၁ လမ်းပေါ်ရှိ ရွှေတိုက်ဝင်း ဗလီရှေ့မှာ ဗုဒ္ဓဘာသာမြန်မာ ၅ဝ ခန့်စုဝေးနေကြပြီး ဗလီအတွင်းမှာလည်း မူစလင်တချို့ရှိနေဆဲဖြစ်ကာ နှစ်ဖက်အခြေအနေ တင်းမာနေကြလို့ ထိန်းသိမ်းဖို့ကြိုးစားနေကြောင်း RFA ကို မိန့်ကြားပါတယ်။

"ဒကာဒကာမတွေကို ပဋိပက္ခမဖြစ်အောင် အတတ်နိုင်ဆုံးတော့ ထိန်းပေးတာပဲ၊ မီးရှို့တာတွေ အဓိကမဖြစ်အောင် တတ်နိုင်သလောက် သံဃာ ၃ဝ၊ ၄ဝ လောက်နဲ့ လုပ်နေရတာ"

သွေးထိုးလှုံ့ဆော်မှုတွေကြောင့် သာမန်လူမှုရေးပြဿနာတစ်ခုကနေ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းဖြစ်ခဲ့ရတယ်လို့လည်း ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။ ဒီနေ့မနက် နောက်ဆုံး သတင်းအရ မနက် ၄ နာရီမှာ လူစုလူဝေးလုံးဝမရှိတော့ဘူးလို့ သိရပါတယ်။

RFA Burmese

မန္တလေးပဋိပက္ခတွင် ရဲတစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရဟု ထုတ်ပြန်

2.7.2014

သေနတ်သုံးချက်ဖောက် လူစုခွဲရသည်ဟု ရဲတပ်ဖွဲ့ အတည်ပြု

မျိုးသန့်

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် ဇူလိုင်၁ရက် ညက ဖြစ်ပွားခဲ့သည့် ပဋိပက္ခကြောင့် ဆိုင်၊ အိမ်၊ ကားများ ပျက်စီးခဲ့ပြီး လူငါးဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ဇူလိုင်လ ၂ရက် နံနက် ၉နာရီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဇူလိုင်လ ၁ရက် ညနေက မန္တလေးမြို့ ၂၆လမ်းနှင့် ၂၇လမ်းကြား၊ ၈၁လမ်းနှင့် ၈၂လမ်းကြားရှိ နေလ္ဘက်ရည်ဆိုင်ကို ရဲတပ်ဖွဲ့က စစ်ဆေးရန် ပိတ်သိမ်းခိုင်းရာက စပြီး ဘာသာရေး ပဋိပက္ခအသွင် ဆောင်လာပြီး ည ၁ဝနာရီခွဲခန့်တွင် လူစုလူဝေး ထပ်မံ ပေါ်ပေါက်ခဲ့ရာ အုတ်ခဲကျိုး၊ ပုလင်းခွံ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့၍ ဆိုင်၊ အိမ်နှင့် ကား ၁၁စီး ပျက်စီးခဲ့သည်။ လူငါးဦးမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။ ဒဏ်ရာရသူများသည် စိုးရိမ်ရသည့် အခြေအနေမဟုတ်ဘဲ ဖူးယောင်၊ ပေါက်ပြဲဒဏ်ရာမျိုးသား ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဒဏ်ရာရရှိသူများထဲတွင် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပါဝင်ခဲ့ပြီး ည ၁၁နာရီခန့်တွင် သေနတ် သုံးချက်ဖောက်ကာ လူစုခွဲခဲ့သည်ဟုလည်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။

“လူစုကွဲစေဖို့အတွက် ရဲတပ်ဖွဲ့ဝင်အင်အား ၄ဝဝကျော်၊ လုံခြုံရေးတပ်ဖွဲ့ခွဲ အင်အား ၃ဝဝနီးပါးနဲ့ နယ်မြေလုံခြုံရေး လုပ်ဆောင်ခဲ့ပါတယ်၊ ဖြစ်စဉ်ကိုကြည့်ရှုသူ လေးဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်၊ လူစုလူဝေးဖြစ်ပေါ်တဲ့အတွက် ၂၆-၈၆လမ်းထောင့်မှာ ရော်ဘာကျည်ဆံ ၃ချက်ပစ်ဖောက်ခဲ့ပါတယ် ” ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး ဦးစီးပထမတန်း ဒုရဲမှူးကြီး ဦးဇော်မင်းဦးက ပြောသည်။

ပဋိပက္ခ ဖြစ်ပွားရာ နေရာတွင် လူတစ်ခုက ကမ္ဘာမကြေ သီချင်းသီဆိုခြင်း၊ လူစုလူဝေးဖြင့် အုတ်ခဲကျိုး၊ ပုလင်းခွံ့ ကိုင်ဆောင်၍ ၂၆လမ်း၊ ၈၆လမ်းထောင့်တွင် လမ်ေးဘးဝင်းထရံများအား ပစ်ပေါက်ခဲ့ခြင်း၊ ဇူလိုင် ၂ရက်နေ့ နံနက် ၂နာရီခန့်တွင် ၂၄၂၅လမ်း၊ ၈၂-၈၄လမ်းကြားတွင် သံဃာအပါး ၄ဝ၊ လူအင်အား ၄၅ဝ ဦးတို့က တုတ်၊ ဓားများကို ကိုင်ဆောင်လျက် ဆူပူမှုများဖြစ်ပွားခဲ့ခြင်းနှင့် ၂၆လမ်း ၈၇-၈၈လမ်း ကြားတွင် ရပ်တန့်ထားသော ဟိုင်းလတ်ယာဉ်အမျိုးအစားတစ်စီး မီးလောင် ပျက်စီးခဲ့ခြင်းတို့ ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

“ဆက်လက်၍ ဖြစ်စဉ်ဖြစ်ပွားမှုများမဖြစ်အောင် အထူးကြပ်မတ် ဆောင်ရွက်သွားမှာဖြစ်တယ်၊ ပြည်သူတွေ ဘက်ကလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိရင် သတင်းပေးဖို့ အတွက်လည်း အကူအညီတောင်းခံပါတယ်” ဟု ဒုရဲမှူးကြီးဇော်မင်းဦး ကပြောသည်။

Mizzima -

စကာင်္ပူအိမ်အကူမထက်ထက်အောင်ကသူ့လိုမဖြစ်စေချင်