Thursday, July 3, 2014

ကျွန်တော့်ကိုစောင့်ရှောက်ကြပါ(ဦးဆန်းဆင့်)

၂၆x၂၇ကြား ၈၂x၈၁ကြားရှိ ဂျွန်းဗလီကို ရဲလုံခြုံရေးများ ဝင်ရောက်ရှာဖွေ


DVB TV News
2 minutes ago
ဇူလိုင် မနက် ၅နာရီသတင်းအရ မန္တလေးမြို့ ၂၆x၂၇ကြား ၈၂x၈၁ကြားရှိ ဂျွန်းဗလီကို ရဲလုံခြုံရေးများ ဝင်ရောက်ရှာဖွေခဲ့ပေမယ့် မသင်္ကာဖွယ် လက်နက်ပစ္စည်း မတွေ့ရှိ။
ဓာတ်ပုံ - AKM

အိမ်အကူများနှင့် ပြည်ပလုပ်သားတင်ပို့မှု မူဝါဒ



Eleven Media Group
#emg_opinions
(written by သစ်ထွဋ်)

လက်ရှိမြန်မာနိုင်ငံမှာ အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအ၀င် အခြားနိုင်ငံတွေကို အလုပ်လုပ်ဖို့ သွားရောက်ကြသူတွေ သန်းနဲ့ချီပြီး ရှိနေပေမယ့် အများစုက လစာနည်းတဲ့ အလုပ်တွေမှာသာ လုပ်ကိုင်နေကြရပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စင်ကာပူရှိ ဈေးဝယ်စင်တာတွေမှာ မြန်မာအိမ်အကူများ အပါအ၀င် အိမ်အကူ အလုပ်သမားများကို ရောင်းကုန်ပစ္စည်း တစ်ခုသဖွယ် ရောင်းချနေကြောင်း နိုင်ငံတကာ သတင်းတွေမှာ ပါရှိလာပြီးနောက် အိမ်အကူလုပ်ငန်းနဲ့ ပတ်သက်ပြီး အများပြည်သူများအကြား ဝေဖန်မှုတွေ ရှိလာပါတယ်။

စင်ကာပူက အိမ်အကူ အရောင်းပြခန်း

အယ်လ်ဂျာဇီးရား သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးမှာ စင်ကာပူရှိ ဈေးဝယ်စင်တာများတွင် မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အိမ်အကူလုပ်သားတွေကို ရောင်းကုန်ပစ္စည်းတစ်ခုသဖွယ် အရောင်းပြခန်းများ ဖွင့်လှစ်ပြီး ရောင်းချနေတာဖြစ်ပြီး လာရောက်ကြည့်ရှုသူများကို အိမ်အလုပ် လုပ်ကိုင်ပုံတွေကို လူကိုယ်တိုင် သရုပ်ပြကြရတယ်လို့ ပါရှိခဲ့ပါတယ်။ အိမ်အကူ လိုအပ်လို့ လာရောက်ကြည့်ရှုသူတွေကို ကလေးထိန်းခြင်း၊ မီးပူတိုက်ခြင်း၊ အိပ်ရာပြင်ခြင်း အစရှိတဲ့ အိမ်မှုကိစ္စတွေကို အရောင်းပြခန်းမှာ အိမ်အကူလုပ်ဖို့ ပြသထားခံရတဲ့ အမျိုးသမီးငယ်တွေက သရုပ်ပြကာ အလုပ်ရရေး ကြိုးစားရပုံကိုလည်း အဲဒီဆောင်းပါးမှာ ပါရှိခဲ့ပါတယ်။ အဲဒီ သတင်းဆောင်းပါးကို ပြည်တွင်းပုဂ္ဂလိက မီဒီယာတွေမှာ ဖော်ပြပြီးနောက်မှာတော့ အများပြည်သူတွေရဲ့ ဝေဖန်မှုတွေဟာ လူမှုကွန်ရက် facebook တွေပေါ်မှာ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ ဝေဖန်ကြသူတွေမှာ သူများတိုင်းပြည်မှာ အခုလို မြန်မာအမျိုးသမီးတွေ အိမ်အကူလုပ်ဖို့ ရောင်းကုန်တစ်ခုသဖွယ် ပြုမူဆက်ဆံခံနေရတဲ့အပေါ် လက်မခံနိုင်သူတွေ ရှိသလို အချို့ကလည်း သယံဇာတတွေ ပေါကြွယ်ဝပေမယ့် ကိုယ့်နိုင်ငံသားတွေ အခုလို အခြားနိုင်ငံတွေမှာ အိမ်အကူလုပ်ရတဲ့အထိ ဖြစ်နေရတဲ့အပေါ် အစိုးရရဲ့ အလုပ်အကိုင် အခွင့်အလမ်း စီမံခန့်ခွဲမှုနဲ့ ပြည်ပလုပ်သားတင်ပို့မှုမူ ၀ါဒများကို ဝေဖန်ကြသူတွေ အများအပြား ရှိခဲ့ပါတယ်။

တန်ဖိုးကြီးပေးရသည့် အလုပ်

အရပ်အခေါ် အိမ်ဖော်လို့ခေါ်တဲ့ အိမ်အကူအလုပ်ကို ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ပြည်ပကို တရားဝင်ပို့ခွင့်ပြုခဲ့တာ ဖြစ်ပေမယ့် တကယ်တော့ စင်ကာပူနဲ့ ယူအေအီးလို နိုင်ငံတွေမှာ မြန်မာအမျိုးသမီးငယ်တွေ အိမ်အကူအလုပ်တွေ လုပ်နေကြတာ ကြာခဲ့ပါ ပြီ။ ပြည်ပမှာ အိမ်အကူ သွားလုပ်ကြတယ်ဆိုလို့ လွယ်လွယ်နဲ့ သွားလုပ်လို့ရတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ ပျမ်းမျှကျပ်သိန်း ၂၀ ကျော်လောက်ကုန်ကျတဲ့ အလုပ်တစ်ခုပါ။ တရားဝင်ပို့ခွင့် မရတဲ့ အချိန်ကဆိုရင် ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး ခိုးကြောင်ခိုးဝှက် သွားလုပ်ရတဲ့ အလုပ်အကိုင်တစ်ခုပါ။ တရားဝင် ခွင့်ပြုတယ်ဆိုတဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလက ဟောင်ကောင်ကို မြန်မာအိမ်အကူ တင်ပို့ရာမှာလည်း အလုပ်ရဖို့ ဒေါ်လာနှစ်ထောင်လောက် ပေးခဲ့ရတာကြောင့် အတော်တန်ဖိုးကြီးပေးရတဲ့ အိမ်အကူအလုပ်လို့ ပြောနိုင်ပါတယ်။ သို့ပေမဲ့လည်း အိမ်အကူအလုပ်ကနေ တစ်လကို ကျပ်ငွေ လေး၊ ငါးသိန်း ပြန်ရှာနိုင်တာကြောင့် ပြည်တွင်းမှာ တစ်လနှစ်သိန်း၊ သုံးသိန်းရတဲ့ အလုပ်မျိုးတွေ ရှားပါးနေချိန်မှာ ပြည်ပမှာ အိမ်အကူ သွားလုပ်ချင်တဲ့သူတွေ ရှိနေတာဖြစ်ပါတယ်။

ထင်သလောက် မလွယ်ပါ

ပြည်ပနိုင်ငံတွေမှာ သွားရောက်အလုပ်လုပ်ကြရာတွင် အများစုဟာ လုပ်ခလစာ နည်းပါးတဲ့ အလုပ်အကိုင်တွေများပြီး အန္တရာယ်ရှိသော၊ ခက်ခဲသော၊ သူများမလုပ်ချင်သော (အဆိုပါနိုင်ငံမှ နိုင်ငံသားများ မလုပ်လိုသော) အလုပ်တွေကို လုပ်နေကြရတာ ဖြစ်ပါတယ်။ အများသိတဲ့ Show Job လို့ခေါ်တဲ့ ပြည်ပသွားရောက်သူများမှာ ဘွဲ့တစ်ခုခုကို ရရှိထားသူတွေ ပါပေမယ့်လို့ လုပ်ငန်းခွင်သုံး အတတ်ပညာပိုင်းကို တတ်ကျွမ်းသူ နည်းပါးတာကြောင့် အများစုရဲ့ အခြေခံလစာတွေဟာ

သွားရောက်တဲ့ နိုင်ငံတွေရဲ့ နိုင်ငံခြားလုပ်သားတွေကိုပေးတဲ့ အနည်းဆုံး လစာတွေကိုသာ ရကြတာ ဖြစ်ပါတယ်။ လုပ်ရတဲ့ အလုပ်အများစုဟာလည်း ကိုယ်ကာယကို အဓိကအသုံးချပြီး လုပ်ကြရတာ ဖြစ်ပါတယ်။ အိမ်အကူအလုပ်ဟာ တခြားကိုယ်ကာယကို ပင်ပန်းစွာအသုံးပြုပြီး လုပ်ရတဲ့ အလုပ်တွေနဲ့စာရင် သက်သာတယ်လို့ ထင်ကြသူတွေ ရှိနိုင်ပေမယ့် အိမ်အကူအလုပ်ဟာလည်း လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ မကောင်းတဲ့ အိမ်ရှင်မျိုးနဲ့ ကြုံရလို့ အပြစ်ရှာပြီး ရက်စက်စွာ နှိပ်စက်မှုတွေ ခံရတဲ့ ဖြစ်ရပ်တွေဟာ ဥပဒေတွေ တင်းကျပ်တဲ့ စင်ကာပူလို နိုင်ငံမှာတောင် မကြာခဏ ဖြစ်ပွားနေတာကိုကြည့်ရင် ပြည်ပက အိမ်အကူအလုပ်တွေဟာ ထင်သလောက် မလွယ်ဘူးဆိုတာ ခန့်မှန်းနိုင်ကြမှာ ဖြစ်ပါတယ်။

တာဝန်ရှိပါသည်

တကယ်တော့ ပြည်ပမှာ အလုပ်သွားလုပ်ဖို့ဆိုပြီး ရန်ကုန်လေဆိပ်ကနေ ကြော့ကြော့မော့မော့ ထွက်သွားတဲ့သူတွေဟာ ဟိုရောက်ရင် ဘယ်လိုပင်ပင်ပန်းပန်း လုပ်ရတယ်ဆိုတာ ဒီမှာကျန်ခဲ့တဲ့သူတွေ မသိနိုင်ပါဘူး။ အချိန်တန် အိမ်ကိုပိုက်ဆံမှန်မှန် ပြန်ပို့နိုင်ဖို့၊ လာတုန်းကယူထားတဲ့ အကြွေးတွေ အမြန်ကျေဖို့အတွက် ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ ခံစားနေကြရတဲ့ နေ့စဉ်ဖိအားတွေနဲ့ အနှိမ်ခံဘ၀တွေကို အများက မသိကြပါဘူး။ အထူးသဖြင့် စင်ကာပူမှာဆိုရင် အများစုက ပြည်ပကလာတဲ့ အလုပ်သမားတွေကို (အနောက်နိုင်ငံသားများမပါ) မတူမတန်သလို ဆက်ဆံတဲ့ အလေ့အကျင့်တွေ ရှိနေတယ်ဆိုတာ စင်ကာပူမှာ အလုပ်သွားလုပ်ဖူးသူတိုင်း သိကြပါတယ်။ ဒီလိုဆက်ဆံမှု အလေ့အထတွေ ရှိနေတဲ့ နယ်ပယ်ဒေသမှာ အိမ်အကူအလုပ် လုပ်ဖို့ဆိုတာဟာ တကယ့်ကို မလွယ်ကူတဲ့ အလုပ်လို့ ယူဆနိုင်ပါတယ်။ ဒီနေရာမှာ ပြည်ပရောက် ကိုယ့်နိုင်ငံသားတွေကို စောင့်ရှောက်ပေးဖို့က အစိုးရတွေမှာ တာဝန်ရှိလာပါတယ်။ အပေါ်ယံ စောင့်ရှောက်မှုတွေထက် ကိုယ့်နိုင်ငံသား နစ်နာမှုရှိလာပါက သက်ဆိုင်ရာ အစိုးရတွေထံမှာ ဖြေရှင်းချက်တောင်းခံခြင်း အပါအ၀င် အခြားလိုအပ်တဲ့ စောင့်ရှောက်မှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးဖို့ တာဝန်ရှိပါတယ်။ အခုလို လူသားတွေကို အရောင်းပြခန်းတင်ရောင်းတဲ့ ကိစ္စရပ်တွေမှာ မြန်မာလုပ်သားတွေ နစ်နာမှု ရှိနေသလားဆိုတာ မေးခွန်းတွေထုတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

မဖြစ်သင့်သည့်ကိစ္စ

စင်ကာပူမှာ အိမ်အကူတွေကို အရောင်းကုန်ပစ္စည်းသဖွယ် ပြခန်းဖွင့်လှစ် ရောင်းချခြင်းနဲ့ ပတ်သက်ပြီး သတင်းတွေ ပါရှိလာပြီးနောက်မှာတော့ ဖိလစ်ပိုင်နိုင်ငံခြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက စင်ကာပူနိုင်ငံရောက် ယင်းတို့နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ကူညီစောင့်ရှောက်မှုတွေပြုလုပ်ဖို့ အသင့်ရှိကြောင်းနဲ့ ယင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အချက်အလက် မှန်ကန်တယ်ဆိုပါက နိုင်ငံခြားရှိ ဖိလစ်ပိုင် အလုပ်သမားရုံး အနေဖြင့် စင်ကာပူ ရဲတပ်ဖွဲ့သို့ သတင်းပေးပို့နိုင်ကြောင်း ပြောကြားခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေ ဖော်ပြထားကြောင်း သတင်းတွေ ပါရှိလာပါတယ်။ အခုလို ပြည်ပရောက် ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ပေးရေး ကိစ္စဟာလည်း အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပြီး အစိုးရ တာဝန်ရှိသူများဟာလည်း ပြည်ပရောက်နိုင်ငံသားတွေရဲ့ အရေးအရာတွေကို ယခုထက် ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို သယံဇာတ ပေါကြွယ်ဝပြီး သဘာဝအရင်းအမြစ်တွေ ပိုင်ဆိုင်တဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ပြည်ပကို အိမ်အကူတင်ပို့နေတဲ့ အခြေအနေကို ရောက်နေတာဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်လို့ ရှုမြင်မိပါတယ်။

ပြည်ပကို အိမ်အကူတွေ တင်ပို့နေတဲ့ ဖြစ်ရပ်ဟာ လက်ရှိပြည်တွင်းမှာ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းတွေကို အစိုးရအနေနဲ့ ပြည့်စုံစွာ မဖန်တီးပေးနိုင်တဲ့ ဖြစ်ရပ်ကို ညွှန်းဆိုနေသလို နိုင်ငံသားတွေအတွက် ကောင်းမွန်တဲ့ ပြည်ပအလုပ်အကိုင်တွေ ခွင့်ပြုပေးတာထက် အိမ်အကူတွေကို တရားဝင်တင်ပို့ခွင့်ပြုခဲ့တဲ့ အစိုးရ၀န်ကြီးဌာနရဲ့ မူဝါဒတွေဟာလည်း အများရဲ့ ဝေဖန်နေကြသလို လွဲမှားတဲ့ စီမံမှုလို့ ဆိုချင်ပါတယ်။ ဒါ့အပြင် ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှု အေဂျင်စီတွေ အနေနဲ့လည်း နိုင်ငံတကာကိုပတ်ပြီး အိမ်အကူလို အလုပ်မျိုးတွေရှာကာ အေဂျင်ခတွေ မြိုးမြိုးမြက်မြက် ယူနေမယ့်အစား ကိုယ့်နိုင်ငံသားတွေ ရေရှည်အထောက်အပံ့ဖြစ်မယ့် ပြည်ပအလုပ်အကိုင်မျိုးတွေကိုသာ ရွေးချယ်ရှာဖွေ ၀န်ဆောင်မှုပေးကြပါလို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

လူကုန်ကူးဂိုဏ်းတစ်ဂိုဏ်းမှ ခေါ်ဆောင်လာသော ဘင်္ဂါလီ(၁၉)ဦးကို ထောင်ဒဏ်များချမှတ်၊

အသံမပါဘဲ မျက်ဝန်းက တဆင့် ခံစားလိုက်ရတဲ့ ရင်ဖွင့်သံတစ်ခု



ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို နေပြည်တော် ပုဗ္ပသီရိမြို့နယ်တရားရုံးတွင် ယနေ့ နံနက် ၁၀း၄၀ အချိန်တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက မတရားခံရတယ်လို့ မီဒီယာတွေကို အားတက်သရော ပြောဆိုခဲ့ပြီး သူ့မျက်ဝန်းတွေကလည်း ပုံမှာပါတဲ့ အတိုင်းပါပဲ။

ဝန်ကြီးတစ်ယောက် ဒီလောက်တောင်ဖြစ်သွားတာ စိတ်မကောင်းမိတာအမှန်ပါဘဲ။ ကားထဲရောက်နေတာတောင်မှ ကားအပြင်မှာရှိနေတဲ့ မီဒီယာတွေကို သူ့ခံစားချက်တွေပြောနေပါသေးတယ်။ မကြားရပေမယ့် အားပေးတဲ့သဘောမျိုးသက်ရောက်အောင်လို့ မီဒီယာတွေကလည်း နားထောင်နေခဲ့ကြပါတယ်။

ဦးဆန်းဆင့်ကို ၀ိုင်းပြီး ချုပ်ထားကြတယ်။ "အဘ.... ကားပေါ်တက်ပါ"လို့ပြောကြတယ်။ စကားသံကသာ အဘ၊ အဘနဲ့ သူတို့က အတင်းတွန်းတင်ကြတယ်။ သတင်းထောက်တစ်ယောက်ရဲ့ ဓါတ်ပုံမှာဆိုရင် ဦးဆန်းဆင့်က လမ်းမလျောက်ဘဲ ပြန်ဖြေနေလို့ ဘေးက နှစ်ယောက်က မချီပြီး ခေါ်တဲ့အထိဖြစ်ခဲတယ်။

သတင်းရသွားမှာ သိပ်ကြောက်နေသလား။

မီဒီယာကို အင်တာဗျူးပေးလိုက်လို့ ဘာဖြစ်သွားမှာလဲမသိဘူး။ မီဒီယာက လိုက်မေးတော့လည်း အသံဖမ်းစက်ထဲ ဦးဆန်းဆင့် စကားတွေမ၀င်အောင် ဘေးကအော်နေကြတယ်။ ပြီးတော့ အသံဖမ်းနေတဲ့ လက်ကို ဖယ်တဲ့လူကဖယ်။

အသံမ၀င်အောင် စက်ကိုပိတ်သွားအောင် လုပ်တဲ့လူကလုပ်နဲ့ ပြည်ပသတင်းဌာနက သတင်းထောက်အကိုကြီးတစ်ယောက်ဆိုရင် မြောင်းထဲတောင်ပြုတ်ကျသွားတယ်။ သူလည်းမခေဘူးဗျ။ ချက်ခြင်းပြန်ထပြီး သူ့အလုပ်သူဆက်လုပ်တော့တာပဲ။ သတင်းယူတာကို အနှောက်အယှက်ဖြစ်အောင်လုပ်နေတဲ့ သူတို့လုပ်ရပ်တွေအားလုံးကို ဗီဒီယို မှတ်တမ်းတွေရှိနေတယ်။ မကြာခင်လိုင်းပေါ်တက်လာပါလိမ့်မယ်ဗျာ။

"ဆရာတော်သံဃာတော်တွေနဲ့ လူထုပရိသတ် ကြီးက မှန်ကန်တဲ့ဖက်ကရပ်တည်ပေးကြပါ။ ကျွန်တော် သာသနာ့အကျိုးကိုဆောင်ရွက်ပါတယ်။ ဒါကြောင့် သာသနာ့အကျိုးဆောင်ရွက်တဲ့သူသည် သာသနာကစောင့်ရှောက်ပါလိမ့် မယ်။
သံဃာ့မဟာနာယက ဆရာတော်ကြီးများနဲ့ ဆရာတော် သံဃာတော်အပေါင်းတို့က မှန်ကန်စွာနဲ့ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ဆောင်ရွက်ပေးပါ။ ကျွန်တော့်ကို စောင့်ရှောက်ပါ။

သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကလည်းစောင့်ရှောက်ပေးကြပါ။
ကျွန်တော် မတရားမလုပ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားမလုပ်ပါဘူး။ ကျွန်တော် သစ္စာကျိမ်ဆိုရဲ့ပါတယ်။ ကျွန်တော် ငါးပြား၊ တစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲ သုံးစားလုပ်ခဲ့တာမရှိပါဘူး။ ကျွန်တော့် ရပ်တည်ချက်ကမှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်။ "

ရုံးထုတ်စစ်ဆေးခံနေချိန်ထိ သာသနာ့အလံ သုံးစွဲနေဆဲ ဦးဆန်းဆင့်
(မိမိအနေဖြင့် သာသနာရေးအလုပ်လုပ်ခြင်းသည် ဖမ်းဆီးချုပ်နှောင့်ခံရစေရန် ပြုလုပ်နေရသည့် သဘောသက်ရောက်နေပြီး မိမိကိုယ်တိုင်က မဟုတ်တာမ လုပ်သဖြင့် မိမိတွင်အပြစ်မရှိဟုပြောလိုပါကြောင်း၊ သာသနာရေးတာဝန်ကို ထမ်းဆောင်သည့်သူဖြစ်သဖြင့် ကောင်းမှုကုသိုလ်ပြုလုပ်သူသာဖြစ်ပါကြောင်းဖြင့်လည်း ပြော ဆိုခဲ့သည်။)

========================================

Eleven Media Group
ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု အလွဲသုံးစားမှုဖြင့် အမှုဖွင့်အရေးယူ ခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်ပြောကြား

ရပ်တည်ချက် မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ပသီရိမြို့နယ်တရားရုံးသို့ ရုံးထုတ်လာစဉ် မီဒီယာများ၏ မေးမြန်းမှုကို သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြန်လည်ပြောကြားခဲ့သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရမည်းသင်းထောင်မှ နေပြည်တော်ကောင်စီနယ်မြေရှိ ပုဗ္ပသီရိမြို့နယ်တရားရုံးသို့ ဒုတိယအကြိမ် ရုံးထုတ်လာစဉ် ၀န်ကြီးဟောင်း ဦးဆန်းဆင့်က "ကျွန်တော်သာသနာရေးလုပ်တာ အခုအချုပ်ခံရတဲ့သဘော ဖြစ်သွားတာပေါ့။ ကျွန်တော် သာသနာ့ဝန်ထမ်း ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ်လုပ်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်မဟုတ်တာ မလုပ်ဘူးလို့ ပြောချင်ပါတယ်။ ကျွန်တော်မှာ အပြစ်မရှိပါဘူး” ဟုပြောကြားခဲ့သည်။

ဆက်လက်၍ “မှန်ကန်တဲ့အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်သာသနာကိစ္စ ဆောင်ရွက်သော်လည်းပဲ ဒီနေ့ဘာလဲဆိုတော့ ကျွန်တော့်ကို စစ်ပြီးတဲ့ကိစ္စနဲ့ပက်သတ်လို့ စစ်ပြီးသားကိစ္စကို အရေးယူဖို့ ဆောင်ရွက်တာ။ ဒါဟာအလွန်ပဲ မတရားပြုလုပ်မှုလို့ ကျွန်တော်သုံးသပ်ပါတယ်။ လူထုကို ပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဟန်းသံဃာတော်များ၊ သံဃာ့နာယက ဆရာတော်ကြီးများ၊ ဆရာတော် သံဃာတော်အပေါင်းတို့ဟာ မှန်ကန်ရပ်တည်တဲ့ ကျွန်တော့်အပေါ်မှာ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ကျွန်တော့်ကို ကူညီစောင့်ရှောက် ကြပါ။ သမာဒေ၀ နတ်ကောင်း နတ်မြတ်များက စောင့်ရှောက်ပေးပါ။ ကျွန်တော် သစ္စာဆိုရဲပါတယ်။ ငါးပြားတစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တာ မရှိပါဘူး။ ကျွန်တော်ရပ်တည်ချက် မှန်ကန်သော်လည်းပဲ သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ လုပ်တာပါ” ဟု ပြောကြားခဲ့သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်ဆင့်၏ ကိုယ်ရေးအရာရှိဖြစ် သူဦးအောင်သူမင်း (ဗိုလ်ကြီးအငြိမ်းစား) ၏ ဇနီးဖြစ်သူ မပွင့်ဇင်မာအောင်က “၀န်ကြီးကိုဖမ်းတဲ့နေ့ကတည်းက ကျွန်မယောင်္ကျားကို ဖမ်းသွားတာပါ။ ဒီနေ့အထိတစ်ရက်မှ မတွေ့ရသေးဘူး။ ဒီနေ့ရုံးထုတ် ရှိတယ်ဆိုလို့ ကျွန်မလာတွေ့တာ။ မတွေ့ရဘူး။ စကားလည်းပြောခွင့်မရှိဘူး။ အိမ်ကကလေး နှစ်ယောက်ဆိုရင် သူတို့အဖေကို တမေးတည်း မေးနေကြတာ။ ကျွန်မ ဘာဖြေလို့ ဖြေရမှန်းတောင်မသိဘူး။ ကျွန်မရဲ့ဖုန်းလည်း သိမ်းသွားပါတယ်” ဟုမီဒီယာများအား ငိုယိုပြောဆိုခဲ့သည်။

အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့်အရေးယူ ဖမ်းဆီးထားသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား ဇူလိုင်လ ၁၇ ရက်နေ့တွင် တတိယအကြိမ် ပုဗ္ပသီရိမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်နေ့တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သိန်းတစ်ရာခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုအမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပုမ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
=================================

ကျွန်မ အခုချိန်ထိဘာမှမသိရသေးပါဘူး။ ယောကျာ်နဲ့လည်း တစ်ကြိမ်မှ မတွေ့ရသေးပါဘူး။ ဒီကနေ့ ဒီနေရာမှာ ရုံးထုတ်မယ်ဆိုတဲ့ အသံကြားလို့ လာစောင့်ကြည့်တာပါ။ ကျွန်မယောကျာ်နဲ့တွေ့ချင်တယ်။ ကလေးတွေကလည်း သူတို့အဖေပြန်မလာဘူးလားလို့ မေးနေတယ်။

စပြီးပါသွားတဲ့နေ ၁၉ ရက်နေ့ကစပြီး ဒီနေ့ထိ သတင်းလည်းမကြားရဘူး။ တွေ့လည်းမတွေ့ရဘူး။ ဒီကနေ့လည်းတွေ့ရပေမယ့် ဘာမှမပြောလိုက်ရဘူး။ ကျွန်မဖုန်းတွေကိုလည်း သိမ်းသွားကြတယ်။ " ဟု ငိုယိုပြောကြားခဲ့သည်။

ရုံးချိန်းသို့လာရောက်ခဲ့သူ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးအငြိမ်းစား ဦးအောင်သူဝင်း၏ ဇနီးဖြစ်သူ ဒေါ်ပွင့်ဇင်မာအောင်ကမူ "ကျွန်မ အခုချိန်ထိဘာမှမသိရသေးပါဘူး။ ယောကျာ်နဲ့လည်း တစ်ကြိမ်မှ မတွေ့ရသေးပါဘူး။ ဒီကနေ့ ဒီနေရာမှာ ရုံးထုတ်မယ်ဆိုတဲ့ အသံကြားလို့ လာစောင့်ကြည့်တာပါ။ ကျွန်မယောကျာ်နဲ့တွေ့ချင်တယ်။

ကလေးတွေကလည်း သူတို့အဖေပြန်မလာဘူးလားလို့ မေးနေတယ်။ စပြီးပါသွားတဲ့နေ ၁၉ ရက်နေ့ကစပြီး ဒီနေ့ထိ သတင်းလည်းမကြားရဘူး။ တွေ့လည်းမတွေ့ရဘူး။ ဒီကနေ့လည်းတွေ့ရပေမယ့် ဘာမှမပြောလိုက်ရဘူး။ ကျွန်မဖုန်းတွေကိုလည်း သိမ်းသွားကြတယ်။ " ဟု ငိုယိုပြောကြားခဲ့သည်။

မျက်ခြေမပြတ် စောင့်ကြည့် လေ့လာ သုံးသပ်နေရမယ့် အချိန်



 Thaung Su Nyein

Facebook ပိတ်သွားခဲ့ရာက ပြန်ပွင့်နေပြီ။ ဘယ်သူများ ဘာလုပ်လိုက်ပါလိမ့်... အဲဒီအချိန်က နိုင်ငံတကာမှာ သုံးလို့ ရနေခဲ့တယ် ပြောတယ်။ Proxy နဲ့ ဝင်သုံးသူများလည်း ဆက်သုံးလို့ ရနေခဲ့တယ် ဆိုတော့ မြန်မာနိုင်ငံက ဖြစ်စေ ဒေသတွင်းမှာ ဖြစ်စေ Facebook တော့ ပိတ်ခံခဲ့ရတယ်လို့ ယူဆလို့ ရပါတယ်။

ည ၁၀နာရီကျော်လောက်က စပိတ်တယ်လို့ ယူဆရပါတယ်။ အခု မနက် ၄နာရီကျော်မှာတော့ ပြန်ပွင့်နေပါပြီ။ ဒါဟာ မြန်မာ ISP ကပဲ ပိတ်ခဲ့ပြီး နာရီပိုင်းအကြာ ပြန်ဖွင့်ခဲ့တာလား… ပိတ်နေတုန်း တစ်ခုခု လုပ်နေတာလား… အပြီးကော ပြန်ဖွင့်တာလား… ယာယီ ပြန်ဖွင့်တာလား…. မေးခွန်းများစွာ ရှိနေပါတယ်။

ဒီလို ပိတ်သွားတဲ့ အတွက် Hate Speech တွေ လျော့သွားနိုင်တာ ဖြစ်သလို အမှောင်ချခံ e-144 ထုတ်ခံရတဲ့ ပြည်သူတွေကြား ကောလာဟလ တွေလည်း ပိုမို ပြန့်ပွားပြီး ထင်ယောင်ထင်မှား ဒုက္ခရောက်နိုင်ပါတယ်။

တစ်ခုလုံးကြီးကို ပိတ်မယ့်အစား Hate Speech တွေ မတင်စေချင်ရင် တင်နေသူတွေကို ထိရောက်စာ account report လုပ်ပါ၊ Page တွေကို ပိတ်အောင် လုပ်ပါ။ Facebook မှာ မြန်မာတာဝန်ခံ တစ်ယောက်ခန့်ထားတယ်လို့ ပြောပြီးပြီ။ ၎င်းပုဂ္ဂိုလ်နဲ့ မြန်မာအစိုးရနဲ့ ချိတ်ဆက်မှု ရှိနေရမှာပါ။ သတင်းမှန်တွေ များများ တင်ပေးပါ။ အာဏာပိုင်တွေက အမြဲထုတ်ပြန်နေပါ။

အာဏာပိုင်တွေရဲ့ စာမျက်နှာတွေမှာ သတင်းထုတ်ပြန်ရင်လည်း အလောတကြီး ခံစားချက်တွေပါ ထည့် ရေးသားထားတဲ့ သတင်းမျိုးတွေ၊ နှစ်ဖက် နှစ်ခြမ်း ပိုကွဲစေမယ့် အရေးအသားမျိုးတွေ မပါအောင် ရေးဖို့ အရေးကြီးပါတယ်။

အခုအချိန်က နိုင်ငံရေးလောကမှာ အလွန် အရေးကြီးတဲ့ အချိန် ဖြစ်နေပါတယ်။ အခြေခံဥပဒေ / PR / 436 စတဲ့ လှုပ်ရှားမှုတွေ တန်ပြန်ဆောင်ရွက်မှုတွေ များစွာ ဖြစ်နေပါတယ်။

၃-၇-၂၀၁၄ရက် မနေ့ကဆိုရင် အမြဲ ပြုပြင်ပြောင်းလဲရေးဘက်က ရပ်တည်နေတဲ့ အာဏာရပါတီ ခေါင်းဆောင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းလည်း မပြုပြင် မပြောင်းလဲရေးဘက် အမြဲ ရပ်တည်လေ့ ရှိတဲ့ အကြံပေးဦးအောင်သောင်း၊ ဒုဥက္ကဋ္ဌ ဦးဌေးဦးတို့ နှစ်ယောက် ဝဲယာ ဝန်းရံပြီး PR ကို ထောက်ခံကြောင်း၊ ၄၃၆ ပြုပြင်ပြောင်းလဲရေးဟာ အထူးတလည် အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း ဆိုတာတွေ ထွက်ပြောခဲ့ပါတယ်။

ဒါတွေ အားလုံးဟာ စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ ဖြစ်ရပ်တွေပါ။ ပြည်သူတွေက မျက်ခြေမပြတ် စောင့်ကြည့် လေ့လာ သုံးသပ်နေရမယ့် အချိန်လည်း ဖြစ်ပါတယ်။

ဘောလုံးပွဲတွေမှာ ပရိသတ်တွေက ပွဲဆူလာအောင် ဝိုင်းအော်ကြ ခရာတွေ မှုတ်ပြီး နှောင့်ယှက်ကြတဲ့ အတိုင်းပဲ... ဒီလို ဖြစ်ရပ်တွေ ဖြစ်လာတော့ ကွင်းထဲကန်နေတဲ့ လူတွေက အာရုံတွေ နောက်ပြီး ကယောင် ချောက်ချားတွေ ဖြစ်ကုန်တတ်ပါတယ်။

ဒီလိုနဲ့ ပွဲကြမ်းလာရင် ဒိုင်က အဝါကတ်တွေ အနီကတ်တွေ ထုတ်ပြလိမ့်မယ်။ ဒါမှ မရရင် ပွဲပျက်ပြီး အသိမ်းခံရလိမ့်မယ်။ အဲဒီတော့ ရွှေပွဲလာ ပရိသတ်တွေပဲ ဆုံးဖြတ်ကြပါ။ ပွဲပျက်ခံမလား... နှစ်ဖက်စလုံး သန့်သန့်လေး ကစားသွားတာ ကြည့်ကြမလား ဆိုတာ...

===================================

Ye Yint Nge

အတိုက်အခံတွေရဲ့ဥပဒေလမ်းကြောင်းအတိုင်း
ပြု ပြင်ပြောင်းလဲရေးလှုပ်ရှားမှုတွေကို
ဒီနည်းနဲ့ရပ်တန့်အောင်
လုပ်တာအောက်တန်းကျတယ်
အချိန်ကိုက်၄၃၆ကသက်ရောက်မှုမရှိဖူးလို့
ဦးရွှေမန်းပြောတာကလည်းနံကြားဒါးနဲ့ကပ်ထိုး
တာပဲ....
ကိုမင်းကိုနိင်တို့သွားလာခွင့်တွေကိုလဲစပြီး
ကန့်သတ်လာပြီ
အောက်တန်းစားအကျင့်နဲ့နိုင်ငံကိုအပိုင်စီးခံ
နေရတဲ့အချိန်တွေနှမြောစရာပါဗျာ......

ဘူးလက်ရဲ့ ဦးဆန်းဆင့်အပေါ်မှတ်ချက်

ဒီနေ့ကာတွန်း