Saturday, July 5, 2014

“မန္တလေး ငြိမ်ချမ်းမှု ထိန်းသိမ်းရေးကော်မတီ”



မန္တလေးမြို့ရှိ ဆရာတော်သံဃာတော်ကြီးများ မြို့မိမြို့ဖများ အရပ်ဘက် အဖွဲ့အစည်များ ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များ ပါဝင်သော “မန္တလေး ငြိမ်ချမ်းမှု ထိန်းသိမ်းရေးကော်မတီ” အဖွဲ့ကို မိုးကောင်းကျောင်းတိုက်တွင်းစတင် ဖွဲ့စည်းလိုက်ပါသည်။

Zaw Zaw Latt ✮Asteroid✮

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ပထမ နေ့


Kumudra

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ပထမ နေ့ အခမ်းအနားကို ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာကျင်းပခဲ့ပါတယ်။

အခမ်းအနားကိုပြည်နယ်နဲ့ တိုင်းအသီးသီးက တတ်ရောက်ခွင့်ရှိသူ လူငယ် ညီလာခံကိုယ်စားလှယ် ၁၆၆ ဦးရှိတဲ့ အနက်မှာ ၁၅၀ဦးတတ်ရောက်ခဲ့ပါတယ်။
နိုင်ငံလုံးဆိုင်ရာလူငယ်ညီလာခံ ပထမနေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၂ မိနစ် ခန့် အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ လူငယ်တွေကိုနေရာပေးပါလို့ပြောရင် ကျမစဉ်းတောင်မစဉ်းစားဖူးလို့ ပြောတယ်။နေရာပေးဖို့ ဘယ်တော့မှ မစဉ်းစားဘူး။တာဝန်ပေးဖို့ ပဲစဉ်းစားပါတယ်။အဲလိုပြောတာက လူငယ်တွေကို ဒီလိုစိတ်ဓာတ်မျိုးမွေးစေချင်လို့ပါ။နေရာယူဖို့မဟုတ်ဘူး။ တာဝန်ယူဖို့ဖြစ်တယ်။ တာဝန်ထမ်းဆောင် ဖို့ ဖြစ်တယ် ဆိုတာ ကို သေသေချာချာ ခွဲခွဲခြားခြား စိတ် ထဲမှာ ထားမှ အခုပစ္စု ပ္ပန်မှာ စိတ်ထား မှန်မှ အနာဂတ်ကို မှန်မှန် ကန်ကန်တည်ဆောက်နိုင်မယ်” လို့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာ အင်မတန်ခက်ခဲတဲ့ အချိန်မှာ ၀င်လာခဲ့တဲ့ လူငယ်တွေကို ကျေးဇူးတင်ကြောင်း၊ညီလာခံက ရွေးချယ်တဲ့ လူငယ် ကိုယ်စားလှယ်တွေ အနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူဖို့၊နေရာ ယူဖို့ စိတ်မထားဖို့၊လူငယ်တွေဟာ ဘာကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ၀င်သလဲဆိုတာကိုစဉ်းစားကြည့် ဖို့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ မူဝါဒတွေကို ယုံကြည်လို့ ၀င်လာသလား။ အန်အယ်ဒီ ပါတီက ငါတို့အတွက် နိုင်ငံရေးတတ်လမ်း တစ်ခု ဖြစ်နိုင်တယ်လို့ ဆိုပြီး ၀င်လာခဲ့သလား။အပျော်ဝင်လာတာ လား။ဘေးကမိတ်ဆွေတွေက ဆွယ်လို့ မိတ်ဆွေတွေနဲ့ အတူတူ အလုပ်လုပ်ချင်လို့ ၀င်လာသလားဆိုတာကို လူငယ်တွေ အနေနဲ့ ကိုယ့်ကိုကိုယ်သိမှာဖြစ်ကြောင်း၊ဘယ်လို အကြောင်းမျိုးတွေ နဲ့ပဲ ၀င်လာပါစေ က၀င်လာပြီဆိုမှတော့ ကိုယ်ဝင်လာတဲ့ နေရာမှာ ကိုယ်ယူတဲ့ တာဝန်နဲ့ပ တ်သတ်ပြီး တော့ ကိုယ်ဟာမှန်မှန်ကန်ကန်လုပ်ဖို့လိုအပ်ကြောင်း၊ကိုယ်ကျိုးအတွက်ပဲ လုပ်သွားချင်လို့ ၀င်လာတယ်ဆိုတာကို ကိုယ့်ကိုကိုယ်သိ ရင် စောစောစီးစီးပဲ အဖွဲ့ချုပ်ထဲက ထွက်သွားရင်ကောင်းမယ်လို့ ရှင်းရှင်းလင်းလင်း ပြောခြင်ကြောင်း၊ အဖွဲ့ချုပ်ကို စတင်တည်ထောင်ချိန်တည်း က ကိုယ်ကျိုးအတွက်လုပ်ပိုင်ခွင့်ရဖို့ ထူထောင်ထားတာမဟုတ်ကြောင်းပြောခဲ့ပါတယ်။
Author- နန်းလွင်
Photo- Myo Khine

ဖေ့ဘွတ်ကိုကျော်ကြီး


1mobile market ထဲက fq router 2 application ကို download လုပ်ပြီး ဖုန်းထဲမှာ install လုပ်ပါ..

I trust this application ကို အမှန်ခြစ်ပါ..

Phone ရဲ့အပေါ် ဘယ်ဘက်ထောင့်မှာ သော့ပုံ ပေါ်လာပါလိမ့်မယ်..

အဲဒါဆို ဘယ်လိုပိတ်ထား ပိတ်ထား Facebook စသုံးလို့ရပါပြီ..

စမ်းကြည့်ပြီး သုံးလို့အဆင်ပြေရင် အချင်းချင်း လက်တို့လိုက်ကြပါဦး.

===================================

█ မြန်မာပြည်က ညီအစ်ကိုမောင်နှမတွေ ...
facebook ကိုအခုဒါနဲ့ ဝင်လို့ ရတယ်လို့ သိရတယ်
https://www.prod.facebook.com/

====================================

အဂ္ဂမဟာ ဂျင်မီဂွတို
22 hrs ·

အွန်လိုင်းကမိတ်ဆွေတွေ
လက်ဆင့်ကမ်းမျှဝေပေးပါ
myanmarmobile app ဆိုဒ်ထဲမှာ
Hotspot Shield ဆိုတဲ့ဆော့ဝဲလ်ရှိတယ်
လင့်ယူပီး Viber ကနေလက်ဆင့်ကမ်းပေးပါ
4.64 MB ဒေါင်းလုပ်လုပ်ရပါမယ်
Andorid Apk ဖြစ်ပါတယ်

IOS အတွက်လည်းရှိပါတယ်
တော်ရုံကော်နက်ရှင်နဲ့ရပါတယ်
စိတ်မပျက်ပါနဲ့ ဖွဘုတ်တခုထဲပိတ်ထားတဲ့အတွက်
ကျော်လို့ ရပါတယ် လုပ်ပုံလုပ်နည်းတွေ
ပုံနဲ့ပြထားပါတယ် အများကြီးလုပ်စရာမလို
အခက်အခဲမရှိကျော်လွှားနိုင်ပါတယ်
တဆင့်ထဲလုပ်ရတာပါ

ကဲ ဘော်ဒါတွေ Fighting
အားလုံးမျှဝေပေးပါ
Facebook မမြင်ရတဲ့ပြည်တွင်းကလူတွေအတွက်
Viber ကနေလင့်တွေပေးလိုက်ပါ
ကျနော်လင့်ကူးလို့ ရရင်ထပ်တင်ပေးပါမယ်
အားလုံးအဆင်ပြေပါတယ်
ဂွတို

Facebook နဲ့အခြား website အချို့ ကိုပိတ်ခံထားရတဲ့နေရာတွေကနေ ဖုန်းနဲ့ Facebook သုံးချင်သူတွေအတွက် ဆော့ဝဲကောင်းလေးတစ်ခုပါ။ Hotspot Shield VPN လို့ခေါ်တဲ့ဆော့ဝဲကိုဖုန်းမှာအသုံးပြုရမှာဖြစ်ပါတယ်။ ဒီဆော့ဝဲထဲကနေ Virtual Loaction ဆိုတဲ့နေရာမှာ United States ကိုထားပြီး Full Protection ကို On ပေးလိုက်ရုံပါပဲ။

ပြီးရင် facebook ဆော့ဝဲကို ပုံမှန်အတိုင်းဖွင့်သုံးနိုင်ပါပြီ။ Hotspot Shield: VPN Proxy WiFi for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

Hotspot Shield: VPN Proxy WiFi for Android v2.2.2 အားရယူရန်

http://myanmarmobileapp.myanmarbloggers.com/Home/Detail/53379

==================================
Chan AyeYouth

Facebook လတ်တလောသုံးလို့မရတဲ့ ပြဿနာအတွက် VPN ကျော်နည်းပါ။
ဘာအကြောင်းပဲဖြစ်ဖြစ် VPN ကျော်ချင်ရင် ဒီနည်းကလွယ်ကူပါတယ်။

VPN တွေတော်တော်များများထဲမှ အသုံးပြုရတာ မြန်ဆန်တဲ့ Just Free VPNအကြောင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။

iOS မှာဆိုရင်…

Go to the Settings Application.Settings >> General >> VPN >> Add VPN Configuration ကိုသွားပါ။
အပေါ်က PPTP ကိုရွေးပါ။ Description မှာကြိုက်တာထည့်ပါ။
Server မှာ us.justfreevpn.com လို့ထည့်ပါ
Account မှာ justfreevpn လို့ထည့်ပါ။
Password နေရာမှာထည့်ဖို့ www.justfreevpn.com ကိုသွားပြီးကြည့်ပါ။ တစ်နေ့တစ်ခါပြောင်းပါတယ်။
Encryption Level ကို auto ထားပါ။
Send All Traffic ကိုဖွင့်ထားပါ။
VPN ကိုဖွင့်လေးလိုက်လို့ status bar မှာ vpn ဆိုပြီးပေါ်လာရင် ရပါပြီ။
Configure Free PPTP VPN account in Windows 7

Open Network Connections – First, Open Network and Sharing Center from Control Panel.
 Then choose Set up a new connection or network.
In the next window – choose Connect to a workplace.
In the next window – choose Use my Internet Connection (VPN).
Now Type in “xx.justfreevpn.com” as the name of VPN server.
Then enter xx.justfreevpn.com as the name the connection in the destination name box, click Next.
In the next window, enter your user name and password for the VPN access. And click Create.
 You’re all set now. Click the “Close” button to return to the “Network and Internet” screen.
In the Connect to a network screen, you should see the xx.justfreevpn.com connection that you have just set up.
The connection is now ready to use. In order to connect/disconnect to xx.justfreevpn.com
 right click on the connection icon (viewable at Change adapter settings) and select connect/disconnect.
Disconnect From xx.justfreevpn.com – To disconnect from a VPN connection,
 right-click the icon for the connection, and then click “Disconnect”.
Configure Free PPTP VPN account in Mac OS X

First, click on the Apple on the upper hand corner of the screen. Then click on System Preferences.
In System Preferences click on the Network icon. When the network screen pops up,
click on the “+” icon in the lower left hand corner of the screen.
The new network screen will pop up. Under the Interface drop down list select VPN.
 Under the VPN Type drop down list select PPTP. In the Service Name field, type
 “xx.justfreevpn.com” as service name, Click Create.
The settings for the new VPN connection will now be displayed. In the Server Address field type
 “xx.justfreevpn.com” as the name of VPN server.
In the Account Name field type the free VPN username.
Click on the Authentication Settings… button. When the authentication settings windows
comes up select the Password Radio button and enter the PPTP VPN password in the box, Click Ok.
Click on the Advanced button. Check the Send all traffic over VPN connection checkbox. Click Ok.
You should now be able to connect to the VPN connection.
Configure Free PPTP VPN account in Linux Desktop

Open Network Manager – From the desktop click on the Network Manager icon in the top
 right hand corner, click on VPN Connections and Configure VPN. If you can’t see the
 Network Manager icon, you can open network manager by clicking on
 System > Preferences > Network Configuration and then click on the VPN tab.
Add VPN connection – When the VPN Connection window is displayed, click on Add to create the new connection.
Choose the connection type – Ensure the connection type is PPTP and click Create.
Enter VPN Account Details – For gateway enter “xx.justfreevpn.com” as the VPN server name.
In the Connection name field, enter “xx.justfreevpn.com” as the new connection name.
 Enter VPN username and VPN password too.
Advanced Settings – Select both MSCHAP and MSCHAPv2 options. Check the box labeled
 Use Point to Point encryption (MPPE) and then click OK. Click OK again to save the VPN connection.
Connect to the VPN – Now start the VPN connection by clicking on the Network Manager Icon again,
select VPN Connections and click on the new connection you have created.
You’re connected! – The Network Manager icon should now have a little padlock icon on it
to indicate that the VPN is now connected.
Configure Free PPTP VPN account in Google Android smartphones and tablets

Go to “Settings” on your mobile phone, and select “Wireless Controls”;
Select “VPN settings”;
Select “Add VPN”;
Select “Add PPTP VPN”;
Set “VPN name” as “xx.justfreevpn.com”;
Set “VPN server” as “xx.justfreevpn.com”;
Click “Connect” now;
Once there is a small key-like icon on the left side of your notification bar, your android device is connected to the VPN.
VPN ကျော်ဖို့အတွက် ဒီလင့်ကို copy ကူးပြီး sms, viber မှပို့ပေးချင်းဖြင့် အကုန် fb သုံးနိုင်ကြပါစေ

ဒေါ်စုကိုသတ်ဖို့ တိုက်တွန်းနေတဲ့ UDP ပါတီဥက္ကဋ္ဌ နေမျိုးဝေ

ဒီနေ့ကာတွန်း

ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဝိုရာပေါင် က လေဆိပ်မှာပင် ရင်ခွင်ထဲသို့ ဆွဲသွင်း


Eleven Media Group
ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုအား မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဂုဏ်ပြုပြောဆို
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဂုဏ်ပြုပြောဆိုခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုင်းဗိုလ်ချုပ်ကြီးများ၏ မေ ၂၂ တွင် အာဏာသိမ်းရန် ဆုံးဖြတ်ချက်ကို ဇူလိုင် ၄ ရက်က တွေ့ဆုံပွဲတွင် ချီးကျူးပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြခဲ့ခြင်းဖြစ်သည်။

ပြင်ဦးလွင်မှာ ဗိုလ်မှုးတွေ လဲ ၄၃၆ပြင်ရေး လက်မှတ်ထိုးပြီ

နေမျိုးဝေနဲ့ဦးသိန်းစိန်အမှတ်တယ

ပဋိပက္ခကြောင့် ဒဏ်ရာရရှိခဲ့သူ ကိုထွေး (ခေါ်) ဦးသိန်းနိုင်ဦးနှင့်တွေ့ဆုံခြင်း



The Voice weekly

မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် လူမျိုးရေးနှင့် လူမျိုးရေးဆိုင်ရာ ပဋိပက္ခများကို သွားရောက် ကြည့်ရှုပြီး ပိတ်မိနေသောသူများကို ကယ်ထုတ်ရန် ကြိုးပမ်းစဉ် ဓားကိုင်ရန် လိုသည့်သူများကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့် ရွှေကြေးစည် လူမှုကူညီရေးအသင်း တွဲဖက်အတွင်းရေးမှူး ကိုထွေး (ခေါ်) ဦးသိန်းနိုင်ဦးနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြလိုက်ပါသည်။

Voice : ဇူလိုင်လ၃ရက်နေ့ ည ဖြစ်စဉ်မှာ ကိုထွေးတို့သူငယ်ချင်းက ဘယ်လိုဖြစ်သွားတာလဲ။

UTNO : အဲဒီအရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေက ၈၄ လမ်းနဲ့ ၃၅ လမ်းထောင့်ရောက်နေတယ် ဆိုတဲ့ သတင်းစကားကို သေဆုံးသွားတဲ့ လူ (ပဋိပက္ခကြောင့် သေဆုံးသွားသူတစ်ဦး) ဆီကို သူ့သူငယ်ချင်းတွေက ဖုန်းဆက်တယ်။ ဖုန်းသတင်းရရချင်းပဲ ၃၅ လမ်းကို လိုက်သွားတော့ ၃၅ လမ်းမှာ လူအုပ်ကြီးက လမ်းပိတ်နေတော့ ၈၄ လမ်းကို တောက်လျှောက် မဆင်းနိုင်ခဲ့ဘူး။ အဲဒီလို မဆင်းနိုင်တဲ့အတွက် ၃၄ လမ်းကနေ အောက်ကို တောက်လျှောက် ဆင်းသွားတော့ ၈၃ လမ်းထောင့်မှာ ဓားကိုင်ပြီး ရန်မူနေတဲ့သူတွေ ရောက်နေတယ်။ သူတို့ကတားပြီး မင်းဘာလူမျိုးလဲ၊ ဘာလာလုပ်တာလဲလို့ မေးတယ်။ ကျွန်တော် တို့က ၈၄ လမ်းမှာရှိတဲ့ အရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်ဖို့ လာတာလို့ ပြောခဲ့တယ်။ အဲဒီလိုပြောပြီးတဲ့နောက် မင်းတို့က ဗမာလူမျိုးလားလို့ မေးပြီး ဓားကိုင်ရန်မူနေတဲ့ လူတွေက အခုသေသွားတဲ့ လူဆီမှာပါတဲ့ ဖုန်းနှစ်လုံးနဲ့ ငွေတစ်သိန်းကျော်နဲ့ ကျွန်တော့်ဆီမှာပါတဲ့ ဖုန်းတစ်လုံးနဲ့ ငွေတစ်သောင်းကျော်ကို ဓားကိုင်ထားတဲ့သူတွေက တောင်းတဲ့အတွက် ပေးခဲ့ရတယ်။

ပိုက်ဆံအိတ်နဲ့ ဖုန်းတွေကို ပေးပြီးတဲ့နောက် ဓားကိုင်ထားတဲ့သူတွေက ကျွန်တော်နဲ့ အတူပါလာတဲ့သူကို ခုတ်ပစ်လိုက်တယ်။ ခုတ်ပစ်လိုက်ပြီးနောက် ကျွန်တော်နဲ့ အဲဒီလူအုပ်ချကြတယ်။ ကျွန်တော့်ကို ဓားတွေနဲ့ ဝိုင်းခုတ်ကြတော့ ဓားခုတ်တဲ့ လူအုပ်ကိုတွန်းပြီး ထွက်ပြေးခဲ့ရတယ်။

Voice : အခုလို ပြဿနာဖြစ်နေတဲ့ နေရာကို သိသလား။ သိရဲ့သားနဲ့ အရေးအခင်းသွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်တာလား။

UTNO : အဲဒီလို ပြဿနာရှိတဲ့နေရာ ဆိုတာမသိဘူး။ ဒီလိုလုပ်လိမ့်မယ် မထင်ဘူး။ အရေးအခင်းကို သွားကြည့်တဲ့ သူငယ်ချင်းတွေကို သွားခေါ်တာပါ။

Voice : ဓားနဲ့မခုတ်ခင်မှာ ရန်မူတဲ့ လူအုပ်က ဘာပြောသေးလဲ။

UTNO : မင်းတို့က ဗမာလူမျိုးလားလို့မေးတယ်။ မင်းတို့ပစ္စည်းတွေ ထားခဲ့ဆိုလို့ ထားခဲ့ရတယ်။ ပြီးတော့ ပြန်မလွှတ်ဘဲ ဓားနဲ့ဝိုင်းခုတ်ကြတယ်။

Voice : ဓားနဲ့ခုတ်တဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဘယ်နားမှာ ရှိသလဲ။

UTNO : ကျွန်တော်တို့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တစ်ပြကျော်ဝေးပါတယ်။ ကျွန်တော်တို့ ဓားနဲ့ အခုတ်ခံရတဲ့ နေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံးဝမရှိပါဘူး။ ကျွန်တော်ဒဏ်ရာနဲ့ ဆေးရုံရောက်မှ ဆေးရုံမှာ လုံခြုံရေးတာဝန်ကျတဲ့ရဲက အကြောင်းကြားလို့ အခင်းဖြစ်တဲ့ ဝန်းကျင်မှာရှိတဲ့ လုံခြုံရေးတာဝန်ကျ ရဲတွေ သိကြရပါတယ်။

Voice : မင်းတို့ ဒဏ်ရာရတဲ့ အကြောင်းကို ရွှေကြေးစည် နာရေးကူညီမှုအသင်းက ဘယ်အချိန်မှာ သိသလဲ။

UTNO : ကျွန်တော်ဆေးရုံရောက်တဲ့အခါ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ လူနာတွေဆီက ဖုန်းကိုခဏတောင်းပြီး အသင်းကို ဆက်သွယ်ပါတယ်။ ကျွန်တော် ဆက်သွယ်မှုရတာနဲ့ အသင်းက လိုက်လာပါတယ်။

Voice : အခုလို ပဋိပက္ခဝန်းကျင်ကနေ ဒဏ်ရာရရှိတဲ့အတွက် အာဏာပိုင်တွေဘက်က ဘာတွေ အကူအညီပေးသလဲ။

UTNO : အခုလောလောဆယ်မှာကတော့ သေတဲ့လူအတွက် အမှုဖွင့်ထားပေးပါတယ်။ ကျွန်တော့်အတွက်ကတော့ သက်ဆိုင်ရာက ဆေးစာရေးပေးပြီးတော့ လိုအပ်တာ လုပ်ပေးထားပါတယ်။ ကျွန်တော်ဒဏ်ရာရတဲ့အပေါ် ဘုန်းကြီးတွေနဲ့ လူမှုအဖွဲ့အစည်းတွေက လာရောက် အားပေးပါတယ်။ အစိုးရဘက်ကတော့ လာရောက်ခြင်း မရှိသေးပါဘူး။

Voice : အခုလိုဖြစ်ခဲ့တဲ့အတွက် ဘာပြောချင်လဲ။

UTNO : သေတဲ့လူတွေလည်း မနစ်နာစေချင်ပါဘူး။ ဘာမှမလုပ်တဲ့ လူတွေကိုလည်း ဘာမှထိခိုက်မှု မရှိစေချင်ဘူး။ ဒီပဋိပက္ခ ပြဿနာတွေကို အားလုံး ပြေပြေလည်လည် ဖြေရှင်းစေချင်ပါတယ်။

ဦးရဲထွဋ် ထိုအကြောင်းကို တိတိကျကျ မသိခြင်း ဖြစ်နိုင်.... (ဦးအံ့မောင်)



ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဘိဓမ္မာတရား ပြသရဟု နိုင်ငံတော်အကြံပေး ဦးအံ့မောင်ပြောကြားခဲ့

နိုင်ငံတော်သမ္မတရုံး အကြံပေးနှင့် တပ်မတော် အစိုးရလက်ထက် အစအဆုံး နယကအကြံပေး ဦးအံ့မောင် သည် ၂၀၀၄ ခုနှစ် မှစ၍ နိုင်ငံတော် အကြီးအကဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ၎င်း၏နေအိမ်သို့ သွားရောက်၍ အဘိဓမ္မာတရားနှင့် သင်္ဂြိုဟ်၊ ပါဠိတရားတော်များကို အချိန် ကြာမြင့်စွာ သွားရောက် ပြသခဲ့ရကြောင်း ဦးအံ့မောင်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

မဟာသန္တိသုခ ကျောင်းတော်ကြီးအရေးနှင့် သာသနာရေး ကိစ္စများအတွက် ဖြေရှင်းပေးရန် အဓိက တာဝန်ရှိသူ တစ်ဦးအနေဖြင့် မီဒီယာများနှင့် ရဟန်းရှင်လူများက လိုလား နေချိန်တွင် ဇွန်လ ၂၁ ရက်နေ့မှစ၍ အများပြည်သူ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ပြီး ခေါ်ယူစစ်ဆေး မေးမြန်းခံရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ခြင်းနှင့် အစိုးရသမ္မတရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့မှ အကြံပေး ဦးအံ့မောင်အား ခေါ်ယူ စစ်ဆေးမှု မရှိကြောင်း၊

အရေးယူထားမှု တစ်စုံတစ်ရာ မရှိကြောင်း ပြန်လည် တုံ့ပြန်မှုများ ရှိခဲ့ပါသည်။ ယင်းအခြေအနေများအတွင်း မြန်မာသံတော်ဆင့် အယ်ဒီတာအဖွဲ့နှင့် အကြံပေး ဦးအံ့မောင်တို့ ဇွန်လ၂၀ရက် နံနက်ပိုင်း တယ်လီဖုန်းဖြင့် ဆက်သွယ်မှုရရှိခဲ့သည့် နောက်ဆုံးအချိန်၌ ဦးအံ့မောင်က ၎င်း၏မြန်မာနိုင်ငံ သာသနာရေး၌ အရေးပါသော လုပ်ဆောင်ချက် အချို့ကို ရှင်းပြခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ဘာသာရေး အလွန်ကိုင်းရှိုင်းကြောင်း၊ နေပြည်တော်သို့ မရွှေ့ပြောင်းမီ ၂၀၀၄ ခုနှစ်ခန့်မှစ၍ ၎င်း၏ နေအိမ်သို့ သွားရောက်ကာ အဘိဓမ္မာနှင့် သင်္ဂြိုဟ်၊ ပါဠိတရားတော်များ သင်ကြား ပြသ ပေးရကြောင်း၊ သွားရောက် ပြသစဉ်တွင် ညနေ ၃ နာရီမှ ည ၈ နာရီခန့်အထိ ကြာမြင့်ကြောင်း၊ ထိုစဉ်မှစ၍ ယနေ့တိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တစ်နေ့လျှင် အနည်းဆုံး ၄ နာရီခန့်ကြာ တရားထိုင်ကြောင်း စသည်ဖြင့် ဦးအံ့မောင်က ရှင်းပြခဲ့ရာ-““ဗိုလ်ချုပ်မှူးကြီးက ကျွန်တော့်ကို ၃ နာရီ ခေါ်လိုက်တယ်။

၃ နာရီကနေ တောက်လျှောက် အဘိဓမ္မာအကြောင်း ဟောပြောတာ ၇ နာရီခွဲ ၈ နာရီမှပြီးတယ်။ တရားထိုင်တာပေါ့။ ကျွန်တော် ရောက်တယ်လေ။ ဒါပေမဲ့ ဒါတွေ လျှောက်မပြောချင်ဘူးလေဗျာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အငြိမ်းစားယူပြီးနောက် နေအိမ်တွင် တရားရှုမှတ်နေခြင်းနှင့် စပ်လျဉ်း၍လည်း ဦးအံ့မောင်က ““၄ နာရီ အနည်းဆုံးကြာတယ်။ ၂ ချက်ထိုး သုံးနာရီထ ခုနကလိုပေါ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆင်ခြင်၊ အနိစ္စပေါ်လာပြီ၊ အနတ္တလည်းမြင်ပြီ၊ ဒုက္ခလည်းမြင်ပြီ အဲဒီအခါကျတော့မှ ဒီလိုမြင်ရတာက ဘုရားကို အာရုံပြုပြီးတော့ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော် အင်မတန် ဂုဏ်ကျေးဇူးကြီးမား လှပါလား ရှုမြင်တယ်။ အဲလိုပြီးတော့မှ ပရိတ်တွေ ရွတ်တယ်။ ဂါထာတွေ ရွတ်တယ်၊ မေတ္တာပို့တွေ ရွတ်တယ်။ မနက် ၈ နာရီမှ ပြီးတာ။ ရတဲ့အချိန်က ဒါပဲ သူကျင့်နေတာ””ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။

တပ်မတော် အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အနားမယူမီ နိုင်ငံတော်သမ္မတရုံးအဖြစ် ပြောင်းလဲ ဖွဲ့စည်းချိန်တွင် ဦးအံ့မောင်၊ ဒေါက်တာမတင်ဝင်းတို့ အပါအ၀င် ပညာရှင် ၅ ဦး တို့အား နိုင်ငံတော် သမ္မတရုံး အဆင့် အကြံပေးများအဖြစ် နယကရုံးမှ အမိန့်စာဖြင့် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နောက်မှ နှစ်အနည်းငယ် အကြာ သမ္မတပြောရေးဆိုခွင့် ရှိသူအဖြစ် ရောက်ရှိလာသော ဦးရဲထွဋ်တို့အနေဖြင့် ထိုအကြောင်းကို တိတိကျကျ မသိခြင်း ဖြစ်နိုင်ကြောင်းလည်း ဦးအံ့မောင်က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များ ကိုးကွယ်သော ဆရာတော် တစ်ပါးဖြစ်သည့် ကရင်ပြည်နယ်၊ ဘားအံမြို့ တောင်ကလေး ပရိယတ္တိ စာသင်တိုက် ပဓာန နာယက ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တပညာသာမိ တောင်ကလေး ဆရာတော်ကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူပြီး နောက်နေ့စဉ် ၄ နာရီခန့် တရားထိုင်ကြောင်း၊ အင်တာနက် သတင်းများကိုလည်း ကြည့်ရှုကြောင်း၊ မျက်စိအာရုံ ကောင်းကြောင်း၊ အပတ်စဉ် မြန်မာသံတော်ဆင့်နှင့် သူရိယနေ၀န်း သတင်းဂျာနယ်များကို ဖတ်ရှုလျက် ရှိကြောင်း မြန်မာသံတော်ဆင့်သို့ အတည်ပြု ပြောကြားခဲ့သည်။

နိုင်ငံတော် သမ္မတရုံး အကြံပေး ဦးအံ့မောင်၏ ကိုယ်တိုင် ပြောကြားခဲ့သော ကိုယ်ရေးအကျဉ်းတွင် ““အဖ – ဦးဆိုင်၊ မွေးသက္ကရာဇ် ၁၀-၁-၁၉၃၂၊ နိုင်ငံသားအမှတ် -၁၂/မရက (နိုင်) ၀၀၆၉၄၂၊ ဇနီးအမည်-ဒေါ်တင်တင်ဝေ၊ နေရပ်လိပ်စာ -အမှတ်(၃၈)၊ ဂန္ဓမာလမ်း၊ (၈) ရပ်ကွက် မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ကျွန်တော်သည် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ငါးရေ၀င်ရွာ၊ တောင်သူလယ်သမား ဦးဆိုင်၊ လယ်သူမ ဒေါ်ဦး တို့မှ ၁၀-၁-၁၉၃၂ နေ့တွင် မွေးဖွားသည့် အငယ်ဆုံးသား ဖြစ်ပါသည်။ ငယ်စဉ် အခါက ငါးရေ၀င်ကျေးရွာ၊ မူလတန်း ကျောင်း၌ နေခဲ့၍ တတိယတန်းအထိ ပညာသင်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကျေးရွာဘုန်းကြီး ကျောင်း၌ ပညာသင်ယူခဲ့၍ ၁၉၄၇ ခုနှစ်၊ ဇွန်လတွင် သာယာဝတီခရိုင်၊ သုံးဆယ်မြို့၊ မောင်းထောင် ကျောင်းတိုက်၌ နေ၍ ပထမငယ်၊ ပထမလတ်တန်းများ သင်ယူခဲ့ပါသည်။ အသက် (၂၁)နှစ် အရွယ်တွင် မန္တလေးမြို့၊ ပေါက်မြိုင်တိုက်၊ မစိုးရိမ်တိုက်၊ ၀ိသုဒ္ဓါရုံတိုက်၊ ငွေတောင်တိုက်၊ ရတနာပုဂံတိုက်များ၌ နေ၍ ၁၉၆၅ ခုနှစ်တွင် လူဝတ်လဲခဲ့ပါသည်။

ရဟန်းဘ၀၌ အစိုးရဓမ္မာစရိယ၊ သကျသီဟဓမ္မာစရိယ ပါဠိပါရဂူ စာမေးပွဲများ အောင်မြင်ခဲ့၍ ၁၉၆၈- ခုနှစ်တွင် တိုင်းချစ်ကျောင်းမှ (၁၀)တန်း အောင်မြင်၍ မန္တလေး တက္ကသိုလ် ညနေသင်တန်းမှ B.A အောင်ခဲ့ပါသည်။ ၁၉၇၂/၇၃ ခုနှစ်တွင် ဘုံဘေယူနီဗာစီတီမှ အိန္ဒိယန်း ဖီလိုဆိုဖီဘာသာဖြင့် (M.A) မဟာဝိဇ္ဇာတန်း အောင်မြင်ခဲ့ ပါသည်။

၁၉၆၉- ခုနှစ်တွင် သာသနာရေး ဦးစီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့၍ အစဉ်အတိုင်း ၁၉၉၉ ခုနှစ်ထိ ညွှန်ကြား ရေးမှူးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ထို့နောက် နယက အကြံပေးနှင့် နိုင်ငံတော်သမ္မတရုံး အကြံပေး တာဝန်များကို ယခုအချိန်အထိ ဆက်လက် တာဝန်ထမ်းဆောင်လျက် ရှိပါသည်””ဟူ၍ ဖော်ပြ ပါရှိသည်။

မြန်မာသံတော်ဆင့်သတင်းဌာန

ကြာနီကန်သုတ အေးရိပ်ငြိမ် မွတ်စလင်သင်းချိုင်းဝန်ထမ်း တန်းလျားတချို. မီးလောင်ခဲ့

မန်းလေးအတွက်၁၄၄ကြေငြာချက်

အပြင်မှာဘယ်လိုပတ်သက်လဲ၊



 eleven daily သတင်းစာမှာပါတဲ့ ကြေငြာ ဖြတ်ပိုင်း

့ ရွှေကြေးစည်ဆရာတော်ဆိုတဲ့ ဦးစန္ဒာသီရိ


့ ရွှေကြေးစည်ဆရာတော်ဆိုတဲ့ ဦးစန္ဒာသီရိပုံပါ။
ဝီရသူရဲ့တပည့်ရင်းဖြစ်ပြီး မန္တလေးမျက်ပါးရပ်က
စာပေဟောပြောပွဲ ပျက်အောင် ၉၆၉ဘုန်းကြီးတွေ
 ဦးဆောင်ခေါ်ယူလာတာလည်းသူပါပဲ။
 Ko Soe(mdy)