Sunday, July 6, 2014

Viber နှင့်လက်ဆော့သူ

နေမျိုးဝေ၏ သရုပ်မှန်အားဖော်ထုတ် ဖွင့်ချခြင်း


Philharmonic Layct

အခုတလော အင်တာနက်စာမျက်နှာများပေါ်မှာ အများစိတ်ဝင်စားနေတဲ့ သတင်းတစ်ပုဒ်ကို သတိထားမိပါတယ်။နေမျိုးဝေက ကုရ်အန်ကျမ်းစာကို လွတ်တော်တင်မယ် တရားစွဲမယ်ပြင်ဆင်ခိုင်းမယ်ဆိုတဲ့ ဟာသသတင်း တစ်ပုဒ်ကြောင့် နေမျိုးဝေဆိုတာ ဘယ်သူလဲ ဘယ်လိုလူမျိုး လဲဆိုပြီး အများကအာရုံစိုက်လာအောင်တော့ လုပ်နိုင်ခဲ့တဲ့အတွက် သူ့အကြောင်း သိအောင် ဒီစာကိုရေးသား လိုက်ရခြင်းဖြစ်ပါတယ်။

နေမျိုးဝေရဲ့နောက်ခံနိုင်ငံရေးဖြတ်သန်းမှုဟာ ဘယ်လိုရှိခဲ့ပါသလဲ? သူရဲ့ဇာတ်ကြောင်းဟာဘယ်လိုရှိခဲ့ပါသလဲ? အများပြည်သူသိရှိနိုင်အောင် သတိထားနိုင်အောင်လို့ပြောပြပါရစေ

ကျနော်ဟာ၁၉၉၆ခုနှစ် YIT စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး နေမျိုးဝေကိုကျနော်စတင်သတိထားမိတာကတော့ လှည်းတန်းလမ်းဆုံမှာ ကျနော်တို့ကျောင်းသားတွေဆန္ဒဖော်ထုတ်ခဲ့တဲ့ညကသူရဲ့ ရဲရဲတောက် စကားများကို နားထောင်ရင်းအထင်ကြီးလေးစားခဲ့သူတစ်ဦးပါ။

ကျနော်သိရသလောက် နေမျိုးဝေရဲ့ဇာတိမြို့ဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့ မြို့ပတ်လမ်း(၄)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ၏ အမည်မှာဦးလှမြင့် ဖြစ်ပါတယ်။သူရဲ့အဖေကိုအဘိဓာန် လှမြင့်လို့ ခေါ်သူတွေ လဲရှိကြပါတယ်။

ကျနော် YIT ပထမနှစ်တက်ရောက်နေစဉ်တုန်းက နေမျိုးဝေဟာ လေကြောင်း ပညာအဓိက ဘာသာရပ် မှာတက်ရောက်နေသူဖြစ်ပြီး ၁၉၉၆ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အင်းစိန်စော်ဘွားကြီးကုန်း မှာကျောင်းသားနဲ့စည်ပင်ရဲအရာရှိတို့ကြား ပြသနာဖြစ်ရာ မှအစပြု၍ ၁၉၉၆အာဏာ ရှင်ဆန့် ကျင်ရေး ကျောင်းသား လှုပ်ရှားမှုမှာခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုစိုးထွန်း၊ကိုမျိုးရန်နောင်သိန်း၊ ကိုသွင်လင်းအောင်(ခ)ပက်စီ အပါအ၀င် ကျောင်းသားခေါင်းဆောင် များနဲ့ လက်တွဲပြီး တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ခဲ့ပါတယ်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ ထိုင်သပိတ် ဆန္ဒဖော်ထုတ်ပွဲညပိုင်း တရားဟောရာမှာလဲပါ ၀င်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၎င်းကျောင်းသားလှုပ်ရှားမှု ကိုစစ်အစိုးရမှနှိပ်ကွပ်ချေမှုန်းခဲ့တဲ့အချိန်မှာ နေမျိုးဝေဟာ အတူလက်တွဲ ခဲ့တဲ့ရဲဘော် သူငယ်ချင်းတွေ နဲ့ဖမ်းဆီး ထိန်းသိမ်းခံ ရပြီးနောက်ပိုင်း ထောက်လှမ်းရေး စစ်ကြောရေး စခန်းမှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့စည်းရုံးသိမ်းသွင်းခြင်းခံရသူဖြစ် သွားခဲ့ပြီး ၉၆ကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်၍ မိမိနှင့်အတူလက်တွဲ ပါဝင်ခဲ့သော ရဲဘော်သူငယ် ချင်းများဖြစ်သည့် စိုးထွန်း ။ သွင်လင်းအောင်။မျိုးရန်နောင်သိန်း။ အပါအ၀င်၉၆ကျောင်းသား လှုပ်ရှားမှုမှာ မိမိကိုယ်တိုင်ပါဝင်ပါလျှက်အခြားသူများအပေါ် အပြစ်များပုံချခြင်း မမှန်မကန်ထွက်ဆိုဝန်ခံခြင်း မိမိစစ်ကြောရေးဒဏ်သက်သာစေရန် မျက်နှာလိုမျက်နှာရ ဇာတ်လမ်းများထွင်၍၀န်ခံခြင်း များပြုလုပ်ခဲ့ရာမှ ၎င်းတစ်ဦးတည်းသာ ထောက်လှမ်းရေး၏ဖမ်းဆီး ထိမ်းသိမ်းခံရခြင်းမှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့တဲ့ကျောင်းသား သစ္စာဖောက်တစ်ဦးဖြစ်ပါတယ်။

နေမျိုးဝေဟာ ၎င်းနဲ့လက်တွဲခဲ့တဲကျောင်းသားများအကျဉ်းထောင် များအတွင်းစစ်ကြောရေးစခန်း များအတွင်းညဉ်းပန်းနှိပ်စက်ခံနေရချိန်တွင် ထိုစစ်ကြောရေးစခန်းမှ တစ်ကိုယ်ကောင်းဆန် ကိုယ်လွတ်ရုန်းခဲ့ပြီး နောက်ပိုင်းထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမျိုးသားထောက်လှမ်းရေးအမှတ်(၁၂) ၀န်းထဲကိုအ၀င်အထွက်ရှိလာခဲ့ ပြီးကျောင်းသား လှုပ်ရှားမှုမှာ ဖမ်းဆီးခံရခြင်း မရှိသေးတဲ့ကျောင်းသားခေါင်းဆောင်ပိုင်းများကို စစ်ထောက်လှမ်းရေးနှင့်ပေါင်း၍ သတင်းပေးတစ်ဦးအဖြစ် ထောက်လှမ်းရေးများအားကူညီခြင်း အာဏာပိုင်များနှင့် အဆင်ပြေအောင်နေထိုင်ခြင်း များပြုလုပ်၍မိမိ၏ဘ၀ရပ်တည်ရေးနှင့် ကိုယ်ကျိုးအတ္တ သာ ကြည့်တော့သည့်ကျောင်းသား သစ္စာဖောက် တစ်ဦး ဖြစ်ခဲ့ပါတယ်။ ၁၉၉၆ခုနှစ်နောက်ပိုင်းမှစ၍ အာဏာပိုင်များမှ ချီးမြင့်သောငွေကြေးနှင့် အခွင့်အရေးများ ရယူကာ နိုင်ငံရေးလောကမှခပ်ကင်းကင်းနေထိုင်လာပြီးနောက်ပိုင်း မိမိတတ်ကြွမ်းသည့်လေကြောင်းပညာ အင်ဂျင်နီယာတစ်ဦးအဖြစ် မင်္ဂလာဒုံလေဆိပ်တွင် လေယာဉ်စက်ပိုင်းဆိုင်ရာအင်ဂျင်နီယာ တစ်ဦးအဖြစ်လုပ်ဆောင်နေခဲ့ရင်း ၂၀၀၆ခုနှစ်သို့ရောက်သောအခါ အတူလက်တွဲလုပ်ဆောင် ခဲ့သည့် ၉၆ကျောင်းသားများအပါအ၀င် ၁၉၈၈ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက်ပိုင်း ၈၈မျိုးဆက်အဖြစ်ပြန်လည်စုစည်း မိသောအခါ ထိုအဖွဲ့အနီးသို့ချည်းကပ်ရန် ကြိုးစားခဲ့ပြန်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ၁၉၈၈ခုနှစ်မှစ၍ ၁၉၉၆။၁၉၉၈။ နိုဗယ်ကျောင်းသားလှုပ်ရှားမှုအပါအ၀င် ၂၀၀၇မျိုးဆက် အထိ ကျောင်းသားမျိုးဆက်များ ပါဝင်တာကြောင့် နေမျိုးဝေ၏ထောက်လှမ်းရေးနှင့် ပေါင်း၍သတင်းပေး လုပ်ခဲ့မှု အတူလက်တွဲ့သည့် ရဲဘော် သူငယ်ချင်းများ အပေါ်သစ္စာဖောက်ခဲ့မှု များကိုသိရှိသည့် ၉၆ကျောင်းသားများသည် နေမျိုးဝေ၏၈၈မျိုးဆက်ကျောင်းသား အဖွဲ့အနီးသို့ ချည်းကပ်လာမှု အပေါ်ကန့်ကွက်သတိပေးမှုကြောင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အတွင်းသို့ ချည်းကပ်ရာ မအောင်မြင်ခဲ့ပေ။

ထိုနောက်ပိုင်းတွင်နေမျိုးဝေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်တွင်ကျင်းပပြုလုပ်သော နိုင်ငံရေးအခမ်းအနားပွဲများ သို့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များတက်ရောက် လာမည်ကိုသိရှိသောနေမျိုးဝေဟာ NLD ရုံးအနီးတွင်သွားရောက် စောင့်ဆိုင်း၍ ကိုမင်းကိုနိုင်အပါအ၀င်၈၈ခေါင်းဆောင်များ အားမိမိကိုယ်ပိုင်ကားဖြင့် လိုက်ပို့ ပေးမည်ဖြစ်ကြောင်း ၀င်ရောက်ရောနှော၍ စကားရောဖောရောပြုလုပ်ခဲ့သော်လည်း၎င်း၏ လုပ်ရပ်များကို သိရှိနေသောကြောင့် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှလက်မခံခဲ့ပါဘူး။

ထိုသို့နည်းဖြင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ အနီးချည်းကပ်ရာမရသဖြင့် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ရက် HRDP မှဦးမြင့်အေး ဦးအောင်ဇော်ဦး ဦးမောင်မောင်လေး တို့အနီးသို့ထပ်မံချည်းကပ်၍ မိမိသည်ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးအဖွဲ့ အာဏာရှိစဉ် ကာလကအဆင်ပြေဖူးခဲ့သူတစ်ဦးဖြစ်ကြောင်း ထို့ကြောင့် အရေးကြီး သည့်လျှို့ဝှက်စာရွက် စာတမ်းများ မိမိထံတွင်ရှိနေကြောင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့မှအကြီးအကဲများ ထောင်ထဲမရောက်ခင်က မိမိအားအပ်နှံသွားပါကြောင်း ထိုသူများနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ ပေးမည်ဖြစ်ကြောင်း ပြောဆို၍ချည်းကပ် ခဲ့သော်လည်း HRDP ခေါ် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက်မှ တာဝန်ရှိသူများသည်၎င်း၏ နောက်ခံ အားကြားသိထားပြီး ဖြစ်သောကြောင့် လက်မခံခဲ့ပေ။ထိုသို့  ၈၈ မျိုးဆက် HRDP နှင့်အဆင်မပြေသောကြောင့် NLD ပါတီအားမြို့ နယ်အဆင့်မှစ၍ ချဉ်းကပ်ပြန်ရာနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် စမ်းချောင်းမြို့နယ် NLD လူငယ်များနှင့် ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များအား မိမိအားအထင်ကြီးလေးစား လာစေရန် နိုင်ငံရေးစကားများပြောခြင်း စာရွက်စာတမ်းများရိုက်နှိပ်ပေးခြင်း ဖြန့်ဝေရန်စီစဉ်ပေးခြင်း စသည့်လှုပ်ရှားမှုများနှင့် NLD ပါတီအားထပ်မံချဉ်းကပ်ပြန်လေသည်။

သို့သော်၎င်း ၏သတင်းပေးလုပ်ခဲ့ဖူးခြင်း ကျောင်းသား သစ္စာဖောက်ဖြစ်ခဲ့ဖူးခြင်းများ စသည့်အကြောင်းများကို NLD ပါတီဝင်လူငယ်များမှ သိရှိသွားသောအခါ နေမျိုးဝေနှင့် အဆက်အဆံမပြုလုပ်ကြတော့ပေ။ ၂၀၀၇တွင်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနှင့်အတူ အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ သော်လည်း နေမျိုးဝေသည် မည်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းမရှိခဲ့ပေ။ အန္တရယ်ရှိသည့် နိုင်ငံရေးစွန့်စားမှု တစ်ရပ်သာဖြစ်ကြောင်း ထောင်ကျခံနိုင်ငံရေးဖြစ်သည့်အတွက် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတစ်ယောက်လဲမဟုတ်ခဲ့ပေ။ ထို၂၀၀၇ရွှေဝါရောင်တော်လှန်ရေး၏ နိုင်ငံရေးတွန်းအားဖြင့် ပေါ်ပေါက်လာခဲ့သော ၂၀၁၀ရွေးကောက်ပွဲ အခင်းအကျင်းတွင်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အမည်ဖြင့်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်၍ မိမိ၏နိုင်ငံရေးပုံရိပ်ကို မိမိဘာသာပုံဖော် လုပ်ဆောင်လာသူတစ်ဦး ဖြစ်ပြီးထိုစဉ်အချိန်က NLD ပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ မ၀င်ခြင်းမှတ်ပုံမတင်ခြင်းအပေါ် ပြင်းထန်စွာဝေဖန် ပုတ်ခတ်ရှုံချခဲ့သူတစ်ဦးဖြစ်သည်။

၂၀၁၀ရွေးကောက်ပွဲအား နေမျိုးဝေ၏ P&D ပါတီခေါ် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်သူလူထု၏ ထောက်ခံမှုမရရှိခဲ့သဖြင့် တစ်နေရာမှအနိုင်ရခဲ့ခြင်းလဲမရှိပေ။ နေမျိုးဝေ၏ အမဖြစ်သူမစန္ဒာဝင်း မှာလဲ ဘိုကလေးမြို့တွင် အကိုဖြစ်သူနှင် အဆင်ပြေရင်းနှီးသော ထောက်လှမ်းရေးများ အာဏာပိုင်များနှင့် နားလည်မှုရယူ၍ နှစ်လုံးထီ ချဲဒိုင်အဖြစ် ဥပဒေနှင့်မလွတ်ကင်းသည့် လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြိး ငွေကျပ်သိန်းပေါင်း ၄၀၀/၅၀၀ ခန့်အထိ နှစ်လုံးထီ လုပ်ငန်းတွင် အလျော်မပေးနိုင်ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့ဖူးသူဖြစ်ပြီး အိမ်ထောင်ရေး အရှုပ်တော် ပုံများလူမှုရေးဖောက်ပြန်မှုများ ရှိခဲ့ဖူးသူဖြစ်သော်လည်း အကိုဖြစ်သူ၏တိုက်တွန်းမှုဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။ နေမျိုးဝေသည် ၂၀၁၂ခုနှစ် အတွင်း ၎င်းပါတီရုံးစိုက်ရာ မင်္ဂလာဒုံမြို့နယ် အနီးတွင် ဇေကမ္ဘာဦးခင်ရွှေမှ စက်မှုဇုန်စီမံကိန်း မြေနေရာအတွက် လယ်ယာမြေများသိမ်းယူရာမှ လယ်သမားအရေးအား ပါတီ၏ ပထမဦးဆုံး နိုင်ငံရေးတိုက်ပွဲအဖြစ် လယ်သမားများဖက်မှ ၀င်ရောက် ရပ်တည်ပေးခဲ့ရာမှ ဇေကမ္ဘာ ဦးခင်ရွှေနှင့် ထိပ်တိုက် အခြေအနေထိ ရောက်ခဲ့ ဖူးသူ ဖြစ်ပြီး ဇေကမ္ဘာဦးခင်ရွေ၏တရားစွဲဆိုမှုကိုရင်ဆိုင်ကာ ဂျာနယ်အင်တာဗျူးများလုပ်၍ အများပြည်သူစိတ်ဝင်စားခံရမှု ရရှိရန်လုပ်ဆောင် ခဲ့သူလည်း ဖြစ်သည်။

ထိုသို့ဇေကမ္ဘာဦးခင်ရွှေနှင့် အမှုဖြစ်ရာမှတရားရုံးတွင်တရားရင်ဆိုင်ရင်း ဇေကမ္ဘာ ဦးခင်ရွှေ နှင့် တစ်စတစ်စရင်းနှီးလာရာ ဇေကမ္ဘာ ဦးခင်ရွှေ၏နေအိမ်သို့ပင် ၀င်ထွက်သွား လာရာ မှအစပြု၍ ငွေကြေး မက်လုံးများဖြင့် ဆွဲဆောင်သိမ်းသွင်းခံ ခဲ့ရသူဖြစ်ခဲ့လေသည်။ စစ်အစိုးရ လက်ထက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ၏ လက်ဝေခံ ဘာသာရေးအခြေခံသည့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသောဗုဒ္ဒဘာသာသာသနာ့ နုဂ္ဂဟအသင်း၏ ၉၆၉လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်နေမျိုးဝေအား ဦးခင်ရွှေ မှစည်းရုံး နိုင် ခဲ့လေသည်။

ထို့နောက်မူဆလင်ဆန့်ကျင်ရေးလူမျိုးရေးပဋိပက္ခများ ဖြစ်လာစေရန် ဖန်တီးခြင်းများ ကိုပင်လုပ်ဆောင်နေသူ တစ်ဦးလည်းဖြစ်ပေသည်။

အချုပ်အားဖြင့်ဆိုရသော် နေမျိုးဝေသည်

၁။ နိုင်ငံရေးလောကတွင်ထင်ပေါ်ကျော်ကြားလိုသူ။
၂။ အများပြည်သူမှ၎င်း၏အမည်ကို စိတ်ဝင်စားစေရန် လုပ်ဆောင်နေသူ။
၃။ မိမိထင်ပေါ်ကျော်ကြားမှုရှိရန် အများအာရုံစိုက်စေရန် နိုင်ငံရေးလှည့်ကွက်များ ထွင်တတ်သူ။
၎။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ စည်းရုံး သိမ်းသွင်းခြင်းခံရပြီး သတင်းပေးအဖြစ် ရပ်တည်ခဲ့သည့်ကျောင်းသားသစ္စာဖောက်ဖြစ်သူ။
၅။ ၂၀၁၀ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်NlD ပါတီအားဝေဖန်ရှုံချ၍ P&D ပါတီ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (မ.င.ပ) အားထူထောင်ခဲ့သူ။
၆။ မိမိအကျိုးကိုသာကြည့်၍ ၁၉၉၆ကျောင်သားလှုပ်ရှားမှုတွင် အတူလက်တွဲခဲ့သောရဲဘော် သူငယ်ချင်းများအကြောင်းကို ဖွင့်ချဖော်ထုတ်၍ ထောက်လှမ်းရေးသတင်းပေးအဖြစ် သစ္စာဖောက် ခဲ့သူ။

ဖြစ်ပေသည်။
 ၁၉၉၆ ကျောင်းသားရဲဘော်တစ်ဦး

ဒေါ်အောင်ဆန်းစုကြည်ရဲ့  လုံခြုံရေးလူငယ်တာဝန်ခံအဖြစ် ရွေးချယ်ခံရတဲ့ မစု

အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လူငယ်ဦးဆောင် အဖွဲ့ ၅၇ ယောက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့ ၁၅ ဦး

ဥက္ကံပျက်တော့သူတို့ပါခဲ့လား (ရွှေည၀ါ)

ကျွန်တော့်ပန်းချီကားတွေကော်ပီလုပ်နေတယ်ကြားလို့သွားကြည့်တာ


Artist Moe Myint Zaw

ဂရန်းမီရထားရှေ့ကပလက်ဖေါင်းမှာကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်
ပန်းချီရေးနေတယ်၊ သူ့ဘေးမှာလည်းသုံးလေးနှစ်အရွယ်ခလေးတစ်ယောက်နဲ့
ကျွန်တော်တို့က အိမ်မှာအေးအေးဆေးဆေးပန်းချီရေးရတာတောင်
ရာသီဥတုပူလွန်းလို့ရေးမကောင်းဘူး။

တော်တော်စိတ်မကောင်းဖြစ်သွားတယ်၊
လမ်းဘေးနေပူကျဲတဲမှာသူတို့မနေချင်သလိုသူများပန်းချီကားတွေလည်းသူတို့ကော်ပီဆွဲချင်မှာမဟုတ်ဘူး။

ဘဝ ဘဝ
ကျွန်တော်ကိုယ်တိုင်ရိုက်ထားတဲ့ဓာတ်ပုံတွေထဲကသူတို့ရေးပြီးရောင်ရမယ်ထင်တဲ့ပုံလေးတွေနောက်နေ့မှသွားပေးလိုက်အုံးမယ်၊
သူတို့လက်ခံမယ်ဆိုရင်ပေါ့။

`မန္တလေးမြို့အကြမ်းဖက်မှုဖြစ်စဉ်နှင့်ဆက်စပ်နေသူဟုယူဆရသည့်မသင်္ကာဖွယ်လူတစ်ဦး´



July 6 ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ ပြင်ဦးလွင်မြို့မ ရဲစခန်းက တာဝန်မှူးရုံးကိုသွားပြီ
မသင်္ကာဖွယ်လူစုနေတယ်လို့ ယူဆရတဲ့လူရဲ့ ဓာတ်ပုံတွေ သွားပေးခဲ့ပြီးပါပီ

July 5 ရက် ပင်စည် လက်ဘက်ရည်ဆိုင်မှာ မနက် ၁၁ နာရီလောက်တုန်းက ကျွန်တော် ထိုင်နေတဲ့ခုံရဲ့ တခုံကျော်မှာ မန်းလေးမှာ အခြေအနေဘယ်လိုလည်း လုံခြုံရေး တွေရော ဘယ်နားတွေမှာလည်း ဒီမှာ လူ အယောက် ၇၀ လောက်တော့ ငါစုထားတယ် လိုအပ်ရင် ၅၀ လောက်တော့ အနည်းဆုံး ပါလာမှာပဲ ဆိုပီး မန်းလေးကလို့ယူဆလို့ရတဲ့ လူတစ်ယောက်နဲ့ နားကြပ်တပ် ဖုန်းပြောနေတဲ့လူ ကိုတွေ့ခဲ့ပါတယ် ကြားကြားခြင်း ကျွန်တော်သူ့ကို ဓာတ်ပုံရိုက်ဖို့ကြိုးစားပါတယ် ဖြစ်ချင်တော့ ဖုန်းအားကုန်ခါနီးဖြစ်နေတာမို့ ရိုက်ရင်းတန်းလန်း အားကုန်သွားပါတယ် ဆိုင်ရှင်ကောင်တာကိုသွားပီး အဲ့ဒီလူကို ဖြစ်နိုင်ရင် ဓာတ်ပုံရိုက်ပေးဖို့ မန်းလေးကိတ်စတွေမှာ ပါတဲ့လူဖြစ်နိုင်လို့ပါလို့ အကျဉ်းချုံးသွားပြောတော့
ကြောင်အမ်းအမ်းနဲ့ကြည့်နေပါတယ် ဒီလူ့မျက်နှာပုံကြည်ကြည်လင်လင် ကျွန်တာ့်ဖုန်းက မြင်ရမမြင်ရ မသေချာလို့ အစ်ကိုတစ်ယောက်ကို အကူအညီတောင်းပီး နောက်တစ်ခါ ပြန်လာရိုက်မှ ဒီလိုကြည်ကြည်လင်လင်ပုံထွက်လာတာပါ ခိုးရိုက်တာပါ ဓာတ်ပုံရိုက်နေတာကို သိသွားလို့လားတော့မသိဘူး ပိုက်ဆံရှင်းပြီး ထ ထွက်သွားပါတယ် ဘေးက ဖုန်းဆိုင်ထဲကို မယောင်မလည်နဲ့ဝင်ပြီး ပြန်ထွက်လာပါတယ် အင်္ကျီအရောင် ပုံပါအတိုင်းဖြစ်ပြီး စီးတဲ့ဆိုင်ကယ်ကတော့ ဆူပါကပ် နံပတ်ပြားရှေ့နောက် မပါ ပါ..

ထင်မြင်ချက်ကတော့ လူတွေကြားအောင်တမြင်ပြောတယ်လို့ သိပ်မထင်ပါ မည်သူမျှ သတိမထားမိလောက်ဘူး အထင်နဲ့ ပြောတာဖြစ်ရင်ဖြစ် မဟုတ်ရင် နားကြပ်တပ်ဖုန်းပြောသူများ ဖြစ်လေ့ရှိတဲ့အတိုင်း အသံကိုကျယ်ကျယ် ပြောမိနေပြီး
ဘေးကလူတွေကြားတာကို မေ့မေ့နေတတ်တာပါ အဲ့လို ဖြစ်ဖို့ကများပါတယ် စတာနောက်တာလည်း မဖြစ်နိုင်ပါ တစ်ယောက်ထဲထိုင်နေတာ ဖြစ်သလို စ နောက်စရာ ကိတ်စလည်းမဟုတ်ပါ.. ပုံစံက အိပ်ရေးပျက်ထားတဲ့ ပုံတော့ ပေါ်နေပါတယ် ဘောလုံးပွဲကြည့်လို့လား ရှေ့နှစ်ရက်က မန်းလေးမှာ သောင်းကျန်းတဲ့အုပ်စုနဲ့ အတူ မနက်မိုးလင်းထိ ရှိနေခဲ့လို့လားတော့ မသိပါ

ဒီကိတ်စမတိုင်ခင် မန်းလေးကို လူတွေကားတွေနဲ့ အုပ်စုလိုက်ရောက်ရောက်လာတယ်လို့
သတင်းတွေတွေ့ရဖူးလို့ ဒီလို လူ လိုက်စုတဲ့ လူတွေ ရှိနိုင်တယ်လို့ ယူဆပါတယ်
အခြေအနေမကောင်းရင် ငြိမ်နေမယ် လွတ်တာနဲ့ လုပ်မယ်ဆိုတဲ့လူမျိုးတွေဖြစ်နိုင်ပါတယ်

ဒီဓာတ်ပုံထဲမှာ ပါတဲ့လူနဲ့ပတ်သတ်ပြီး ကျွန်တော့်မှာ သူပြောတဲ့ အသံဖိုင်မရှိပေမယ့်
သူ့ပါးစပ်က အမှန်တကယ် ပြောခဲ့တယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ် ဓာတ်ပုံထဲမှာပါတဲ့ လူနဲ့ပတ်သတ်ပြီး တစ်ခုခုသိထားတာရှိရင်ပြောပါ ဘာမှမလုပ်နိုင်ပေမယ့် မှတ်တမ်းတင်ထားပြီး လိုအပ်ရင် ရဲစခန်းနောက်တစ်ခေါက်သွားပါအုံးမယ်

အွန်လိုင်းပေါ်တင်ရတဲ့ရည်ရွယ်ချက်ကတော့ ၂ခုရှိပါတယ် ဒီလို လူတွေလိုက်စုနေတဲ့လူတွေ ရှိနေတယ်ဆိုတာရယ် နောက်ဆုံး ဒီလို ဓာတ်ပုံရိုက်ပီး တင်ထားတဲ့ သူတို့ ပုံတွေ အွန်လိုင်းပေါ် ရောက်ပြီး လူသိရှင်ကြားဖြစ်တာကို သူတို့ ပြန်သိရင် လုပ်လက်စ ကိတ်စတွေကိုဆက် လုပ်ဖို့ ဟန့်သွားမယ် ထင်လို့ပါ.... မောင်ညီသစ် ဘ၀မှာ ဒီနေ့ကတော့ ပထမဆုံး ရဲသတင်းပေး လုပ်တဲ့ နေ့ပါပဲ.....

ညီသစ်(ပြင်ဦးလွင်)

ဦးဝီရသူကြွမယ်ထင်လား


Nik Nayman

မန္တလေးမြို့  ငြိမ်းချမ်းမှုထိန်းသိမ်းရေးကော်မီတီ။

သတင်း - ကိုနေ၀င်းအောင် (မန္တလေး)။

ဒလ ကံဦးကျောင်း ဆရာတော်အား ကျောင်းတိုက်မှ ဖယ်ရှားခံရ




ယနေ့ ညနေ ၄:၀၀တွင် ဒလ ကံဦးကျောင်းဆရာတော်အား
ကျောင်တိုက်မှ ဖယ်ရှားရန် မြို့ နယ် သံဃာ့နာယကမှ အကြောင်း
ကြားလာသဖြင့် ဆရာတော်မှ ဖယ်ရှားပေးမည်ဟုပြောသော်လည်း
ဒေသခံ ပြည်သူများမှ မတရားဖယ်ခိုင်းမှုကို မကျေမနပ်ဖြစ်ကြပြီး
ဆရာတော်အား မတွက်သွားရန် ငိုပြီး တောင်းဆိုနေကြသည်ဟု
သိရှိရသည်

Mya Thein

မျက်နှာပြောင်ကြီးနဲ့အသူရာရွှေမန်း



Ye Yint Nge

2015 ကကြံဖွတ်လဲဖျောက်မရသလို
NLD လဲရှိမှာပဲ..ရိုးရိုးသားသားပြိုင်
ပြည်သူဆန္ဒ၊လွှတ်တော်ဆန္ဒ
ပြည်သူ့အသံလဲနားထောင်ကြည့်ပေါ့၊
၄၃၆ကိုဘယ်သူရေးခဲ့တာလဲ
(ရ၅+၁) သတ်မှတ်ခဲ့တာဘယ်သူလဲ
ဘာလို့ပြည်သူ့ကိုယ်စားလှယ်(၇၅)
စစ်တပ်ကိုယ်စားလှယ်(၁)ပုံစံကန့်သတ်ရတာလဲ
လွှတ်တော်တွင်းမဲခွဲတာဘယ်နှစ်မျိုးရှိလဲ
ပျက်ကွက်ကြားနေထောက်ခံကန့်ကွက်ဒါပဲ
ရောပြီးမဲပေး၊
ထောက်ခံမဲကပိုရင်အတည်ဖြစ်မှာပဲ
လွှတ်တော်သဘောကဒါပဲ
အာဏာရှင်ပုံစံထိန်းချူ ပ်ချင်နေလို့
၄၃၆ပြင်ဆင်ရေးဆိုတာဖြစ်လာတာ
အခုတမျိုးတော်ကြာတမျိုး
အပြောကရွှေမန်းခြေလိမ်အကနဲ့
သတင်းစာရှင်းပွဲမီဒီယာရှေ့မှာ
မျက်နှာပြောင်ကြီးနဲ့အသူရာရွှေမန်း
ဒီမိုကရေစီကျင့်ရင်သူ့လမ်းလိုက်
ကြောက်ရင်အာဏာပြန်သိမ်း
အခြောက်လိုလိုမတ်လိုလို
နှစ်ပင်လိမ်တာအမုန်းဆုံးပဲ၊

ကုလားထောက်ခံသူလို့လဲမထင်စေချင်


မီဒီယာကြောင့်လဲမဟုတ်သစ်ထူးလွင်ကြောင့်လဲမဟုတ်ဖူးအစကပြောရရင်ကျောက်နီမှော်မဖြစ်ခင်တောင်ကုတ်မှာ
မဘသလိုအဖွဲ့ရှိတယ်၊ဘတ်စကားကိုဝိုင်းရာကအခုအချိန်အထိဖြစ်နေတော့တာပဲ။ရခိုင်ကျောက်နီမှော်ဖြစ်တဲ့တချိန်
ထဲမှာပဲဦးဝီရသူပေါ်လာတယ်။ဘယ်မြို့မှာဘယ်မိသားစုဘာဖြစ်လို့ဆိုတာတွေဖေ့ဘွတ်ပေါ်အတွဲလိုက်တက်တယ်။
သူ့အကာင့်ကအဖွဲ့နဲ့ရေးတဲ့သဘောရှိတယ်။နောက်မဘသနဲ့မျိုးစောင့်ဖွဲ့တယ်။
ဦးသိန်းစိန်ကအသုံးချတယ်။နေမျိုးဝေသမ္မတနဲ့တွေ့ပြီးတောင်သူတွေကို
သေခန်းဖြတ်ပြီးကုလားမုန်းဖြစ်လာတယ်။လူမျိုးရေးကိစ္စဆိုတာအစိုးရကဖြစ်စေချင်ရင်
ဝီရသူတို့နေမျိုးဝေတို့လုပ်နေတာလွတ်ထားလိုက်ရုံ Hate speech နေ့တိုင်းပြောနေ့တိုင်း
နယ်လှည့်ဟောနေတာအစောင့်အရှောက်တောင်ချထားပေးခဲ့တာပဲ။
အရှိန်ရလာတော့အန်နယ်ဒီနဲ့လှည့်တိုက်တယ်။
အခုမတူကွဲပြားကနေမျိုးဝေတယောက်ထဲပဲကျန်တော့တဲ့ကွဲပြားပါတီဖြစ်သွားပြီ၊
ဝက်ဆိုဒ်တခုကသတင်းအဖြစ်တင်လို့ဖြစ်တာပါဆိုပြီးပုံချဝိုင်းဆဲနေတာတွေတွေ့တော့အနီးကပ်
ဖန်တီးခဲ့တဲ့ဝီရသူတို့နေမျိုးဝေတို့ပျော်နေလောက်ရောပေါ့။
သူတို့၂ယောက်နဲ့ဦးသိန်းစိန်တဖွဲ့ဖြစ်နိုင်သလို၂ဖွဲ့စိတ်တူထောက်ပံ့ကူလဲဖြစ်နိုင်ပါတယ်။
လည်လွန်းတဲ့ဘီးဘာဖြစ်မလဲကြည့်ကြတာပေါ့။
ဦးဝီရသူတို့နေမျိုးဝေတို့ချည်းပဲရှုံ့ချနေလို့ကုလားထောက်ခံသူလို့လဲမထင်စေချင်
တိုင်းပြည်ငြိမ်သက်မှုပျက်ပြားအောင်လုံခြုံမှုကိုခြိမ်းခြောက်တာဆိုတိုက်ရမှာပဲ
ဟိုဘင်္ဂလီတွေသင်္ကန်းဝတ်ပြီးမြို့ပေါ်ခေါ်လာတဲ့ရဲမှုးသမီးလဲသေဒဏ်ပေးပါ၊မြို့ပေါ်ရောက်နှင့်ပြီးသား
နယ်စပ်ကဘင်္ဂလီတွေနဲ့ခေါ်လာသူတွေကိုစီမံချက်နဲ့အရေးယူပေးပါ၊ဘင်္ဂလီတွေမြို့ပေါ်ခေါ်တင်နေ
တာမြို့ပေါ်မှာဟိုတုံးထဲကနေတဲ့ကုလားတွေအတွက်လဲမကောင်းပါဖူး၊လက်မခံပါနဲ့
ဆန့်ကျင်ကြပါ၊တင်းပြည့်နိုင်ငံသားမဟုတ်ပဲအဆင့်ခုန်တာအန္တရာယ်ကြီးပါတယ်၊
အဲဒါတွေကအစိုးရကလုပ်ရမှာလေ၊မျက်ကွယ်ပြုထားတဲ့အစိုးရကျထိပ်တိုက်ရင်မဆိုင်
ပဲနယ်လှည့်ပြီးကုလားမုန်းလိုက်လုပ်နေတဲ့ဗိုလ်ချူ ပ်ရူးဝီ၀ီရယ်၊သာရာပြေးကပ်တတ်တဲ့ဘောနေမျိုးဝေတို့
လိုကောင်တွေရဲ့လုပ်ရပ်ကစက်စုတ်ဖွယ်ပါပဲ။

Ye Yint Nge

ဦးဝိရသူအား သင်္ကန်းချွတ်၍ ပြစ်မှုဆိုင်ရာဥပဒေ ၂၉၅ (က) ဖြင့် အရေးယူပေးပါ



Nik Nayman
အင်တာနက်စာမျက်နှာပေါ်တွင် ရေးသားမှုပြုရုံမက မုန်းတီးရေးစကားများပါ အဆက်မပြတ် ပြောဆိုနေသည့် ၀ိရသူအား သင်္ကန်းချွတ်၍ ပြစ်မှုဆိုင်ရာဥပဒေ ၂၉၅ (က) ဖြင့် အရေးယူပေးပါရန်။


ဗိုလ်ချုပ်ကြီးဝီရသူ(မစိုးရိမ်) မင်းအောင်လှိုင်မရှိခင် အာဏာသိမ်းနိုင်ဖွယ်ရှိ

ဗိုလ်ချုပ်ကြီးဝီရသူ(မစိုးရိမ်) မင်းအောင်လှိုင်မရှိခင် အာဏာသိမ်းနိုင်ဖွယ်ရှိ

PR စနစ်ကို လက်မခံကြောင်း NLDနဲ့ တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေ ဆုံးဖြတ်



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီက ခေါင်းဆောင် တွေ ဟာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် ပီအာကို လက်မခံကြောင်း ဒီကနေ့ ဆွေးနွေး ဆုံးဖြတ်လိုက်ပါတယ်။

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီခေါင်းဆောင် ဦးအေးသာအောင်က PR စနစ်ကို ကန့်ကွက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"PR စနစ်နဲ့ ပတ်သက်လို့ တကယ်တော့ မြန်မာနိုင်ငံ အပြောင်းအလဲလုပ်ဖို့ ကြိုးပမ်းတယ်ဆိုတာက ရွေးကောက်ပွဲစနစ်ဟောင်းကနေ စနစ်သစ်ကို ပြောင်းဖို့မလိုပါဘူး၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကိုပြောင်းဖို့ တိုင်းရင်းသားများနဲ့ သဟဇာတဖြစ်ပြီးတော့ ပြည်တွင်းစစ်ရပ်ဖို့ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ဖို့ အဲဒါတာအဓိကဖြစ်တယ်၊ စနစ်ဟောင်းနဲ့ ရွေးကောက်ပွဲသွားရင်လည်း ဘာမှပြဿနာမရှိဘူး၊ အဲဒီတော့ စနစ်သစ်ဖြစ်တဲ့ RP စနစ်ကို ကျင့်သုံးခြင်းအားဖြင့် တိုင်းပြည်အတွက် တိုင်းရင်းသားပြည်သူတွေအတွက် ဘာမှအကျိုးများနိုင်ခြင်း မရှိဘူး"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး PR စနစ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ရွေးကောက်ပွဲ ကော်မရှင်ကိစ္စအပြင် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ မွန်ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိမ်း၊ ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန် ၊ ကိုးကန့်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ အန်ထော်နီ စတဲ့တိုင်းရင်းသားပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

RFA Burmese

နေမျိုးဝေအား ရာဇ၀တ်မှု မကင်းသော ခြောက်လှန့် မှု (ပုဒ်မ ၅၀၃) ဖြင့် အရေးယူပေးပါ။


Nik Nayman

“ဒေါ်အောင်ဆန်းစုကြည်ကို သတ်” ဟု ပြောဆိုတဲ့ နေမျိုးဝေအား ရာဇ၀တ်မှု မကင်းသော ခြောက်လှန့် မှု (ပုဒ်မ ၅၀၃) ဖြင့် အရေးယူပေးပါ။

ဒီနေ့ကာတွန်း