Saturday, July 12, 2014

လယ်တောမှာတခါတွေ့---- သမ္မတရဲ့စကားပြန်အလုပ်ရ----

ဖိနပ်ဖြုတ်ထားတဲ့ဖိုတိုရှော့မဟုတ်



ဓါတ်ပုံ - ကိုမင်းသူ

ယနေ့ MPC ရှေ့မီဒီယာကိုခြိမ်းခြောက်နေသူတဦး



ဓာတ်ပုံ စိုင်းဇော်

လူသုံးယောက်ရဲ့သေမင်းတမန်

ဆက်လက်အသေခံရအုံးမယ့်သဘော
====================
လှိုင်သာယာမှာဓာတ်ကြိုးပြတ်ကျပြီး
လူသုံးဦးသေဆုံးရာ ၄င်းကိစ္စနှင့်ပတ်သက်၍
ရန်ကုန်မြို့တွင်ယင်းသို့ဓာတ်ကြိုးများ ပြတ်ကျ
လူများသေဆုံးနေခြင်းအား ရန်ကုန်မြို့တော်
လျှပ်စစ်ဓာတ်အားပေးရေး ဥက္ကဌဦးအောင်ခိုင်
အားဆက်သွယ်မေးမြန်းရာ

""တစ်မြို့လုံးလုပ်နေတာပဲတီဗီသတင်း
စာတွေမှာကြော်ငြာနေတာ အဲဒါကြတော့
မျက်စိတွေနားတွေပိတ်နေကြတယ်လုပ်နေ
ရက်နဲ့ဖြစ်နေတာလေဘယ်တတ်နိုင်မလဲ""


အဲ့လိုဓါတ်ကြိုးပြတ်ကျပြီးလူသေလို့ကတော့
လျှပ်စစ်ဝန်ကြီးနုတ်ထွက်ပြီးသားပဲ...
-----
-----
(တောင်ကိုရီးယားမှာပြောပါတယ်....)

သမ္မတရှိနေချိန်ဂျာနယ်လစ်များက Myanmar Peace Center ရှေ့တွင် စုဝေးရောက်ရှိ


Eleven Media Group
ယနေ့ နံနက်ပိုင်း တွင်ပြုလုပ်သည့် သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံပွဲပြုလုပ်နေချိန်တွင် ယူနတီဂျာနယ်မှ ဂျာနယ်လစ်များကို ထောင်နှစ်ရှည် ချမှတ်ခြင်းအပါအ၀င် မီဒီယာများကိုဖိနှိပ်မှုများအတွက် ရန်ကုန်အခြေစိုက် မီဒီယာ အသီးသီးမှ ဂျာနယ်လစ်များက Myanmar Peace Center ရှေ့တွင် စုဝေးရောက်ရှိနေကြစဉ်

နိုင်ငံတော်သမ္မတနှင့် အနုပညာရှင်များ တွေ့ဆုံ.


Eleven Media Group

ရုပ်ရှင်၊ဂီတ၊သဘင်အဖွဲ့အစည်းများအတွက် ပုဂ္ဂလိကများထံမှ အလှူခံကာ ကျပ်သိန်း ၁၀၀၀စီဖြင့် ဖောင်ဒေရှင်းများတည်ထောင်ပေးမည်ဟု နိုင်ငံတော်သမ္မတက ရုပ်ရှင်၊ဂီတ၊သဘင်ပညာရှင်များနှင့် ရန်ကုန်မြို့၌ တွေ့ဆုံစဉ် ကတိပြု

နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် ရုပ်ရှင်၊ဂီတ၊သဘင်ပညာရှင် များသည် ဇူလိုင်လ ၁၂ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ နှင့်အတူ သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ပြည် ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းနှင့် အခြားပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရုပ်ရှင်၊ဂီတ၊သဘင် အဖွဲ့အစည်း တစ်ခုချင်းစီအတွက် ဖောင်ဒေးရှင်းတစ်ခုစီ ထူထောင်ပေးမည်ဖြစ်ကြောင်း၊စတင်မတည်ချိန်တွင် သိန်း ၅ဝ နှင့် စတင်ထူထောင်မည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အနုပညာကိုချစ်သည့် ပုဂ္ဂလိကများထံမှ အလှုခံကာ အနိမ့်ဆုံး သိန်း ၁ဝဝဝ စီဖြင့် တည်ထောင်ပေးမည်ဟု စီစဉ် ထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။

“အိုတဲ့လူတွေနာတဲ့လူတွေ အကူအညီပေးနိုင်ဖို့အတွက် စဉ်းစားထားပါတယ်။ဦးစိုးသိန်းက ဒါလေးသူသိတာနဲ့ ကျွန်တော်လာ သတိပေးတာပါ။အနုပညာရှင်ကို ချစ် မြတ်နိုးတဲ့ သူဌေးတွေအများကြီး ရှိပါတယ်။နောက်သူတို့ဆီက ကျွန်တော်တို့ အကူအညီတောင်းပေးမှာပါ”ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ရုပ်ရှင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်းက နိုင်ငံတော်သမ္မတထံ ဆွေးနွေးတင်ပြခဲ့သည်။

ဦးလူမင်းက ဆွေးနွေးတင်ပြရာတွင် ယခင်က မြန်မာရုပ်ရှင်သည် ရွှေခေတ်တည်ထောင်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် သွပ်အဆင့်သို့ ရောက်ရှိနေကြောင်း၊မြန်မာရုပ်ရှင်လုပ်ငန်း ကျဆင်းရခြင်း၏ အဓိက အကြောင်းမှာ ပြသရန် ရုပ်ရှင်ရုံများမရှိတော့၍ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံ ၂၉ ရုံသာရှိပြီး တန်းစီစနစ်ဖြင့် ပြသနေရကြောင်း၊ထို့ပြင် နည်းပညာဆိုင်ရာ စက်ပစ္စည်းများ နိုင်ငံခြားမှ တင်သွင်းရာတွင် အခွန်အခများ ကင်းလွတ်ခွင့်ပေးစေလိုကြောင်း၊ခိုးကူးခွေဈေးကွက်ကို ထိ ရောက်စွာ နှိပ်နင်းပေးစေလိုကြောင်း၊ ရုပ်ရှင်၊ဗီဒီယိုများရိုက်ကူးရာတွင် စတူရီယိုများ မရှိကြောင်း၊ပြင်ဦးလွင်အနီး တစ်ဝိုက်တွင် စတူရီယို ဆောက်လုပ်ရန် မြေဧက ၂ဝရရှိထားပြီးဖြစ်သော်လည်း ရန်ကုန်နှင့်အနီးတစ်ဝိုက်တွင် သင့်လျော်သော မြေနေရာရရှိပါ ပိုအဆင်ပြေမည်ဖြစ်ကြောင်း၊ခိုင်မာသည့် မြန်မာ့ရုပ်ရှင် ဥပဒေပေါ်ပေါက်လာရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြို့များတွင် Town Plan နှင့် City Plan များ ရေးဆွဲနေကြောင်း၊ ၎င်းတို့၌ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ရုပ်ရှင်လောကကို နည်ပညာ ပံ့ပိုးပေးပြီး အခွန်အခများ ပြန်စိစစ်ပေးမည်ဖြစ်ကြောင်း၊ ခိုးကူးခွေများအား အစိုးရတစ်ခုတည်းသာမကဘဲ ပြည်သူများပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သင့်သည်ဟု ယူဆပြီး ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတမှ ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။

“ပြင်ဦးလွင်မှာ စတူရီယိုလုပ်ဖို့ မြေဧက ၂ဝ လောက် ပေးထားပါတယ်။ ရန်ကုန်အနီးနားမှာလည်း ထိုက်သင့်တဲ့နေရာပေးဖို့ စဉ်းစားပါတယ်။ပဲခူးနားတစ်ဝိုက်မှာ တစ် နေရာ ရှာကြည့်ပါမယ်။နောက်တစ်ခုက ကျူးကျော်တွေနဲ့ ပတ်သက်ပြီး ပြသနာမရှိတဲ့ ညောင်နှစ်ပင်မြို့နယ်နားဆိုရင် သိပ်တော့မဆိုးဘူး။အဲဒီနားဆိုရင်တော့ ခင်ဗျား တို့လိုချင်တဲ့ ဧက ၅ဝ လောက် တင်မကဘူး။ဧက ၁ဝဝလောက်ကို ဖြစ်နိုင်မယ်ဆိုရင် ပြည့်ပြည့်စုံစုံပေါ့။ဖြစ်နိုင်ရင် ရုပ်ရှင်မြို့တော်လိုဟာမျိုးပေါ့။ဒါတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်ဆိုတာ ကတိပြုပြောကြားလိုပါတယ်”ဟု ဦးသိန်းစိန်က ပြောသည်။

ထို့နောက် သဘင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး ဥက္ကဌ ပန်တျာမြကြည်က သဘင်ဆိုင်ရာရုံးကို နေပြည်တော်တွင် တည် ဆောက်နိုင်ရန် ရုံးမြေနေရာနှင့် အဆောက်အဦး ချထားပေးရန်၊တိုင်းနှင့်ပြည်နယ်များရှိ သဘင်ပညာရှင်အစည်းအရုံးများ မြေနေရာရရှိရန်၊ ဘုရားပွဲတော်ကြီးများတွင် ဇာတ်ရုံမြေနေရာရရှိရန် လေလံဈေးနှုန်း ကြီးမြင့်နေမှုအတွက် ကူညီပေးပါရန် စသည်ဖြင့် တင်ပြတောင်းဆိုခဲ့သည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီး နှစ်မြို့တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်အားလုံး ရာသီဥတုမရွေး အသုံးပြုနိုင်မည့် ခေတ်မီပြဇာတ်ရုံကြီးများ ဖြစ်မြောက်ရေးအတွက် အစိုးရအနေဖြင့် မတတ်နိုင်ပါက ပြည်ပအကူအညီများ ရယူရန်လိုကြောင်း၊ တရုတ်သည် အဆောက်အဦးများ ဆောက်လုပ်ကူညီပေးသည့် အစဉ်အလာရှိကြောင်း၊တရုတ်နိုင်ငံ ဝန်ကြီးချုပ်ထံ ရလိုရငြား အကူအညီတောင်းပေးမည်ဖြစ်ကြောင်း၊သက်ဆိုင်သူများ အနေဖြင့်လည်း ရရှိရန် ဝိုင်းဝန်းဆုတောင်းပေးစေလိုကြောင်း၊ အစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ရန် လွှတ်တော်သို့ တင်ပြပါက လွှတ်တော်မှ ကြိုက်လိမ့်မည်ဟု မထင်ကြောင်း နိုင်ငံတော်သမ္မက ပြောသည်။

ထိုပြင် ဂီတမူပိုင်ခွင့်ဥပဒေကို အမြန်ဆုံး အတည်ပြုပြဌာန်းပေးနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် တက်ရောက်လာသော ဂီတပညာရှင်များ ကိုယ်စားဂီတအစည်းအရုံး(ဗဟို) ဥက္ကဌ ဦးတင်ဦးလေးက ပြောကြားခဲ့သည်။

ထို့နောက် ရုပ်ရှင်၊ဂီတ၊ဘသင်ပညာရှင်များအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိရန်လိုကြောင်း၊အဖွဲ့အစည်း အချင်းချင်းလည်း စည်းလုံးညီညွတ်မှုရှိရန်လို ကြောင်း၊စည်းလုံးညီညွတ်မှုအားနှင့် နိုင်ငံတော်သစ်ချီတက်ရေးတွင် အနုပညာအစွမ်းဖြင့် တစ်တတ်တစ်အား ပါဝင်ကူညီပေးကြပါရန် အပိတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယခုတွေ့ဆုံပွဲကို အဓိက ဦးဆောင်စီစဉ်ခဲ့သူမှာ ဦးဇာဂနာ ဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ယခုကဲ့သို့ပင် အနုပညာရှင်များနှင့် တွေ့ဆုံရန် အဓိက ဆော်ဩခဲ့သူဖြစ်ကြောင်း သိရသည်။

ယခုတွေ့ဆုံပွဲအတွက် အခမ်းအနားမှူးများအဖြစ် ဦးအရိုင်းနှင့် သရုပ်ဆောင် ချောရတနာတို့က ဆောင်ရွက်ခဲ့သည်။ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အနုပညာရှင်များတွင် ဒါရိုက်တာမီးပွား၊ဒါရိုက်တာဝင်းထွန်းထွန်း၊ လူမင်း၊ နေတိုး၊ပြေတီဦး၊ပြေတီဦး၊ မြင့်မြတ်၊ စွမ်းဇာနည်၊ဟန်ဇာမိုးဝင်း၊
ဦးအောင်လွင်၊ ငှက်ပျော်ကျော်၊ ဇော်ပိုင်၊စည်သူလွင်၊ချိုပြုံး၊ ခိုင်သင်းကြည်၊အိဒြာကျော်ဇင်၊အေးမြတ်သူ စသူတို့တက်ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်တက်ရောက်သည့် ပခုက္ကူမြို့aဟာပြောပွဲသို့ ဒေသခံသိန်းနှင့်ချီလာရောက်

ဦးအံ့မောင်ကိုမမျှော်လင့်ဘဲ အခမ်းအနားတစ်ခုမှာတွေ့ရ



အပြင်မှာဘဲရှိနေပါတယ်
=============
ဦးအံ့မောင်ကိုမမျှော်လင့်ဘဲ
အခမ်းအနားတစ်ခုမှာတွေ့လိုက်ရပါတယ်။
သတင်းအနေနဲ့တင်ပြလိုက်ပါတယ်။
==========
ဒဲ့ ဟစ်

Aprial Maung Maung မှ တဆင့်

Mpcမှဒေါက်တာမင်းဇော်ဦးက စိန်ခေါ်



Khin Mg Win Ap
မီဒီယာ ညီအကို မောင်နှမများခင် ဗျား
ဒီနေ့mpcတွင် သမတနှင့်တွေ့ ဆုံင်္ပွဲတွင် ဆန္ဒတခုခုထုတ်ဖေါ်ခဲ့ပါက မီဒီယာတွေကို ထောင် ထဲသို့ မ ရောက်ရောက်အောက်ထည့်မည်ဟု Mpcမှဒေါက်တာမင်းဇော်ဦးက စိန်ခေါ်ထားသည်ဟုသိရသည့်အတွက် မပျက်မကွက်လာရောက်ကြပါရန်မီဒီယာများအားဖိတ်ကြားအပ်ပါသည်

Facebook ပေါ်၌ အစိုးရ၏မူဝါဒများအား အကာအကွယ်ပေး ရေးသားနေသူအများစုမှာ ၀ါဒဖြန့်ချိရေး Account အတုများ ဖြစ်နေ



Eleven Media Group

လူမှုကွန်ရက်ဝက်ဘ်ဆိုက် Facebook တွင် အစိုးရ၏မူဝါဒများ မှန်ကန်ကြောင်းနှင့် အစိုးရကို ထောက်ခံရေးသားပြောဆိုသူ အများစုမှာဝါဒဖြန့်ချိရေး Account အတုများ ဖြစ်နေကြောင်း Facebook ကို ပုံမှန်သုံးစွဲနေကြသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဝါဒဖြန့်ချိရေး Account များသည် အမည်ရင်း၊ Profile အမှန်ဖြင့် ရေးသားနေကြသူများမဟုတ်ဘဲ Account အတုများဖြင့် ၎င်းတို့၏ စာမျက်နှာများမှတစ်ဆင့် ဝါဒဖြန့်ချိခြင်း၊ သတင်းဌာနများ၏ Facebook Page များသို့ ဝင်ရောက်ပြီး အစိုးရကောင်းကြောင်း၊ မှန်ကန်ကြောင်း Comment များ ဝင်ရောက်ရေးသားပြီး ဝါဒဖြန့်ချိနေကြခြင်း ဖြစ်သည်။

အနီးစပ်ဆုံးသာဓကအနေဖြင့် ဇူလိုင် ၁ဝ ရက်က ယူနတီသတင်းထောက်များကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်ခြင်းအား သတင်းဌာနကြီးများက ၎င်းတို့၏ Facebook Page များတွင် သတင်းတင်ပြခဲ့ရာ ထိုသတင်းအောက်၌ comment ဝင်ပေးခဲ့သူများ၏ ရေးသားချက်များက ဝါဒဖြန့်ချိရေး Account များ လွှမ်းမိုးနေသည်ကို တွေ့ရသည်။

“Facebook ပေါ်မှာ Profile မမှန်ဘဲနဲ့ account အတုတွေကို အများသဖြင့်လုပ်တာ တွေ့ရတာက အစိုးရနဲ့ပတ်သက်တယ်လို့ ယူဆရသူတွေ အာဏာပိုင်နဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့သူတွေက ဆိုက်ဝါးအဖြစ်သုံးဖို့အတွက် account အတုတွေ သုံးတာတွေ့ရတယ်။ ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့သတင်းမှာ Profile မမှန်တဲ့သူတွေက ဒီကိစ္စကို ထောက်ခံတယ်ဆိုတဲ့သဘောက အစိုးရနဲ့အာဏာပိုင်အဖွဲ့အစည်းတွေကို Lobby လုပ်တဲ့ သဘောပဲ။ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဘက်က မှန်တယ်ဆိုတဲ့သဘောမျိုး လုပ်တာ”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားသူ ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

“တစ်ဖက်ကကြည့်ရင် မန္တလေးပဋိပက္ခကိစ္စမှာ အစိုးရကလည်းပြောပါတယ်။ ဆိုရှယ်မီဒီယာတွေက အမုန်းပွားစေတဲ့စကားတွေ၊ လှုံ့ဆော်တဲ့အရေးအသားတွေကို ထိန်းသိမ်းတယ်လို့ အစိုးရကလည်း တစ်ဖက်က ပြောတယ်။ အာဏာပိုင်ကလည်း တစ်ဖက်က ပြောတယ်။ အစိုးရရဲ့ ရပ်တည်ချက်ပေါ်မှာ အုံနဲ့ကျင်းနဲ့ထောက်ခံပြီးတော့ ဆိုက်ဝါးလုပ်လာတဲ့ account တွေကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ Profile မမှန်တဲ့၊ ယာယီသုံးတဲ့ account တွေ ဖြစ်နေတာကို တွေ့ရတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ဆက်လက်ပြောကြားသည်။

ယူနတီသတင်းထောက်များကို ချမှတ်လိုက်သည့် အမိန့်မှာ ပြင်းထန်လွန်းသည်ဟု အများပြည်သူက ဝေဖန်နေချိန်တွင် ဝါဒဖြန့်ချိသူ Facebook Account ပိုင်ရှင်များက အစိုးရ၏ အရေးယူမှုအပေါ် အားပေးထောက်ခံခဲ့ပြီး အစိုးရ၏ လုပ်ရပ်မှန်ကန်ကြောင်း၊ ပြစ်ဒဏ်နည်းလွန်းကြောင်း အစရှိသဖြင့် ရေးသားပြီး အစိုးရ၏ လုပ်ရပ်အပေါ် အကာအကွယ်ပေး ပြောဆိုဝါဒဖြန့်ချိခဲ့ကြသည်။

“မန္တလေးပဋိပက္ခမှာ ကျွန်တော်တို့ Facebook ကို သတိထားစောင့်ကြည့်ခဲ့ပါတယ်။ အမုန်းတရားတွေ၊ လှုံ့ဆော်မှုတွေရေးတဲ့ account ပိုင်ရှင်တွေဟာ Facebook Profile အစစ်တွေ မဟုတ်ပါဘူး။ လှုံ့ဆော်မှုတွေလုပ်ဖို့ account တွေဆောက်ထားတာလို့ ကျွန်တော်တို့ထင်ပါတယ်။ အခု ယူနတီသတင်းထောက်တွေ အမိန့်ချခံရတဲ့သတင်းမှာ ဒါကိုထောက်ခံတဲ့သူတွေကလည်း account အစစ်တွေမဟုတ်သလို ပြီးခဲ့တဲ့ မန္တလေးပဋိပက္ခမှာ လှုံ့ဆော်ခဲ့တဲ့ account တချို့ ပါလာတာကို တွေ့ရပါတယ်။ ဒီ Profile မမှန်တဲ့ account တွေက ယူနတီသတင်းထောက်တွေ ပြစ်ဒဏ်ချခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူထုက ထောက်ခံနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် Facebook မှာ ရေးသားနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျွန်တော် လေ့လာမိသလောက် ဒီလို account မျိုးတွေ ထောင်ဂဏန်းလောက်ထိရှိပါတယ်။ ဒီ account တွေအများစုက အစိုးရရဲ့ ပေါ်လစီတွေကို ထောက်ခံလေ့ရှိတာတွေ့ရပါတယ်”ဟု Eleven Media Group ၏ အွန်လိုင်းအယ်ဒီတာချုပ် ကိုဇော်ရဲနောင်က ပြောကြားသည်။

ထိုကဲ့သို့ အစိုးရ၏ လုပ်ဆောင်မှုအပေါ် အားပေးခဲ့ပြီး အစိုးရမူဝါဒများကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သော ဝါဒဖြန့်ချိသူများ၏ Account များကို ပြန်လည်စိစစ်ရာ၌ ယင်း Account များသည် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်စဉ်များတွင် သွေးထိုးလှုံ့ဆော်ရေးသားမှုများ ပြုလုပ်နေသူ အများစုဖြစ်ကြောင်းတွေ့ရသည်။

၎င်းတို့သည်Eleven Media Group ၊ 7 Day ၊ ဧရာဝတီ၊ BBC Burmese အစရှိသော သတင်းဌာနများ၏ Facebook Page များတွင် အစိုးရ၏လုပ်ရပ်များ မှန်ကန်ကြောင်း၊ ထောက်ခံကြောင်းဖြင့် အစိုးရ၏ မူဝါဒများကို အကာအကွယ်ပေးပြောဆိုရေး သားလေ့ရှိသူ ရေးသားသူများမှာ အတူတူပင်ဖြစ်လေ့ရှိသည်။

အစိုးရအနေဖြင့် Facebook ပေါ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အချက်များကို လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုရေးသားချက်များ လျော့နည်းစေရန်အတွက် ၂၄ နာရီစောင့်ကြည့်စိစစ်ရန် Facebook ကုမ္ပဏီဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးနေသည်ဟုဆိုသော်လည်း Facebook တွင် ဝါဒဖြန့်ချိရေးသားနေသူ Account များ၏ ရာခိုင်နှုန်း ၇ဝ ခန့်မှာ အစိုးရကို အကာအကွယ်ပေး ဝါဒဖြန့်ချိရေးသားနေကြသူများ ဖြစ်နေသည်။

ဒီနေ့ကာတွန်း