Sunday, July 13, 2014
Bi မွန်းတည့်နေမှာပါတာဒီလောက်ပါပဲ....
နောက်ကြောင်းတော့မပြန်ဖူး၊
ခပ်ကြမ်းကြမ်းပဲရှေ့ဆက်မယ့်သဘော....
ဖမ်းလို့ရတာအကုန်ဖမ်းချင်နေရင်လည်း
မြန်မာနိုင်ငံကိုနံရံသာကာလိုက်ပေတော့....
မီဒီယာသမားများအပေါ် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်ခြင်း
ကမာရွတ်ရဲစခန်းတွင် ပုဒ်မ(၁၈)ဖြင့် အမှုဖွင့်အရေးယူခံရသူ သတင်းမီဒီယာသမား
(၂၀) ဦးဖြစ်ကြောင်း၊ ယောက်ျားလေး(၁ရ) ဦးနှင့် မိန်းခလေး(၃)ဦးဖြစ်ကြောင်း၊
စုဝေးခဲ့သည့် မီဒီယာသမား(၅၀)ကျော်အနက် ပါးစပ်တွင်တိတ်အမဲကပ်ထားသူ
(၂၀) ဦးအား ရဲတပ်ဖွဲ.ဗီဒီယိုမှတ်တမ်းဖိုင်အရ အမှုဖွင့်ခြင်းဖြစ်ကြောင်း ထပ်မံ
သတင်းရရှိပါသည်။
Nik Nayman
ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒထုတ်ဖော်တာကိုတောင် ရိုရိုသေသေ ပြန်လည်တောင်းပန်ရင်
ပုဒ်မ ၁၈ အရ တရားစွဲဆိုမှုကို ရုတ်သိမ်းပေးမယ်ဆိုသတဲ့။
ဒီလို ဂျိုကိုင်ပြီးတော့သာ တောင်းပန်ပေးလိုက်ပါဗျာ။
ရဲတပ်ဖွဲ့နှင့် အစ္စလာမ်ဘာသာဝင်အချို့ ရုန်းရင်းဆန်ခတ်ဖြစ်
7daydaily
မန္တလေးတွင် ညအချိန် အရပ်ဝတ်ဖြင့် ဝင်ဖမ်းသဖြင့် ရဲတပ်ဖွဲ့နှင့် အစ္စလာမ်ဘာသာဝင်အချို့ ရုန်းရင်းဆန်ခတ်ဖြစ်
အေးမွန်ရာပြည့်
မန္တလေး
No.438 Sunday, July 13, 2014
ဇူလိုင်လဆန်းက မန္တလေးမြို့တွင် ဖြစ်ပွားခဲ့သော လူမျိုးရေးပဋိပက္ခအတွင်း ပါဝင် ခဲ့သည်ဟု ယူဆရသည့် အစ္စ လာမ်ဘာသာဝင်များကို ဇူလိုင် ၁၂ ရက် ည ၇ နာရီက ရှောင် တခင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရပ်ကွက်နေ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များကြား နားလည်မှု အနည်းငယ်လွဲမှားခဲ့ကြောင်း သ တင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ် ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ၃၄ လမ်းရှိ ဖလံဘိုဗလီ၏ မြောက်ဘက်အ နီး ရပ်ကွက်အတွင်းနေထိုင်သူ အ မျိုးသား ခုနစ်ဦးခန့်ကို မသင်္ကာ ဖွယ် သံသယရှိသူများဟု သတ် မှတ်ကာ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကြီး ဇော်မင်းဦးက အတည်ပြု ပြောကြားသည်။
‘‘၇၇ လမ်းနဲ့ ၇၈ လမ်းကြား မှာဖြစ်ခဲ့တဲ့ ဓားခုတ်မှုနဲ့ ပတ်သက် ပြီး အမှုဖွင့်ထားတဲ့သူတွေအထဲ က မသင်္ကာတဲ့သူတွေကို ခေါ်စစ် တာ’’ဟု ဒုတိယရဲမှူးကြီးဇော်မင်း ဦးက ပြောသည်။
မန္တလေးမြို့တွင် ပုဒ်မ ၁၄၄ မထုတ်ပြန်မီ ဇူလိုင် ၂ ရက်ည ပိုင်းက ၃၅ လမ်း၊ ၇၅ လမ်းမှ ၇၈ လမ်းတစ်လျှောက်တွင် ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုနှင့် ဆက်စပ်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်း၊ ယင်းကဲ့သို့ ဝင်ရောက် ဖမ်းဆီးရာတွင် ယင်းရပ်ကွက်အ တွင်းနေ အစ္စလာမ်ဘာသာဝင် များ ရောက်ရှိလာပြီး အနည်းငယ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ခဲ့ရ ကြောင်း၊ ယခုဖမ်းဆီးထားသည့် မသင်္ကာဖွယ် အမျိုးသားများကို ဆက်လက် စစ်ဆေးကာ ကျန် တရားခံများကိုလည်း ဆက်လက် ဖော်ထုတ်သွားမည်ဖြစ်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ အရာရှိက ပြောသည်။
အစ္စလာမ် ဘာသာဝင်များ ဥပုသ်ထွက်သည့် အချိန်တွင် အ ရပ်ဝတ်ထားသော အမျိုးသားများ က လက်နက် အပြည့်အစုံဖြင့် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ သည့်အတွက် ရပ်ကွက်တွင်းနေ အစ္စလာမ်ဘာသာဝင် အမျိုးသမီး များက ရပ်ကွက်အုပ်ချုပ်ရေးတာ ဝန်ရှိသူထံ သွားရောက်ဆန္ဒထုတ် ဖော်ခဲ့ကြသည်။
ယင်းဖြစ်စဉ်ကြောင့် အခြား အစ္စလာမ်ဘာသာဝင်များအကြား အထိတ်တလန့် ဖြစ်ခဲ့ရသည့်အ ပြင် မန္တလေးမြို့ခံများ အကြား တွင်လည်း အစ္စလာမ်ဘာသာဝင် များနှင့် ရဲတပ်ဖွဲ့များ ပဋိပက္ခဖြစ်နေသည်ဟူသော ကောလာ ဟလများ ပျံ့နှံ့ခဲ့ကြောင်း မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
Ko Ko Aunglin
ဇာဇာထက်ရဲ့ဖိုင်နယ်ပွဲခန့်မှန်းချက်ကအလေးသာတဲ့ဖက်အနိုင်တဲ့
ကြိုတင်မဲ ခိုးယူမှုလုပ်ငန်း
Nik Nayman
တစ်တိုင်းပြည်လုံးရှိ ပြည်သူလူထု သိရှိရလေအောင် အကျိုးအကြောင်း အချက်အလက် ခိုင်ခိုင်လုံလုံနဲ့  မဲလုံခြုံမှုကို ဘယ်လို အာမခံတာဝန်ယူကြောင်း အသိပေးကြေညာခြင်း မရှိဘဲနဲ့  ၂၀၁၅ အတွက်ဆိုပြီး ယခုလို လစ်ရင်လစ်သလို ခိုးကြောင်ခိုးဝှက် ကြိုတင်မဲကောက်ဖို့  လုပ်နေကြတာ သိန်းစိန်တို့ ရဲ့  ၂၀၁၀ ခုနှစ်တုန်းက ကြိုတင်မဲ ခိုးယူမှုလုပ်ငန်းတွေ ပြန်စလာပြီ။ ကြိုတင်မဲတို့  ပြည်ပရောက်မဲတို့  ခိုးယူတာတွေ သတိထားကြဗျို့ ။
ဒီနေ့ကာတွန်း
ဒေါ်စု ကိုယ်တိုင် ရှင်းပြလိုက်ပြီ
D Myo Chit
ကျွန်မက ၅၉(စ)နဲ့ပတ်သက်ပြီး နဲနဲရှင်းပြချင်ပါတယ်။ ၅၉(စ)ဟာ သမ္မတ ဖြစ်ရမယ့်သူရဲ့ အရည်အချင်း ကန့်သတ်ချက်ပေါ့နော်။ ဘာလဲဆိုတော့ သမ္မတဖြစ်ရမဲ့သူရဲ့ သားသမီး ချွေးမစသည်ဖြင့် နိုင်ငံခြားသား မဖြစ်ရဘူး ဆိုတာပါ။
တစ်ချို့က ပြောကျတယ်။ ကျွန်မသားနှစ်ယောက် မြန်မာနိုင်ငံသား ခံယူလိုက်ရင် ကျွန်မသမ္မတ ဖြစ်လို့ ရပြီပေါ့။
ကျွန်မပြောမယ်။ ကျွန်မ သမ္မတ ဖြစ်တာ မဖြစ်တာဟာ အဓိက မဟုတ်ဘူး။ အဓိက က ဥပဒေကြောင်းရ မမျှတလို့ ပြင်တာ။
ဘယ်လိုမကြိုက်တာလဲဆိုရင် ကျွန်မသားတွေဟာ နဂိုက မြန်မာနိုင်ငံသား လက်မှတ်ရနေပြီးသား။ ၁၉၉၈နောက်ပိုင်း ကျွန်မအကျယ်ချုပ်ကျတော့ ကျွန်မသားတွေကို အရင်အစိုးရက နိုင်ငံသားလက်မှတ်တွေ ရုတ်သိမ်းလိုက်တယ်။
အဲ့နောက်ပိုင်း ကျွန်မသားတွေ ဗြိတိသျှနိုင်ငံသား ဖြစ်သွားတယ်။
ဒါတွေထားပါ။ ကျွန်မဘာမှ မပြောလိုဘူး။
ကျွန်မပြောချင်တာ လူတစ်ယောက်ဟာ အသက် ၁၈နှစ်ပြည့်ရင် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လွတ်လပ်ခွင့်ရှိရပါတယ်။
ဥပမာ အသက်၁၈နှစ် ပြည့်ပီးသားတစ်ယောက် ပြစ်မှုကျူးလွန်ရင် သူ့ဘာသာသူ ဥပဒေကြောင်းအရ ခံရမှာပါ။ မိဘက အစားဝင်ခံလို့ မရပါဘူး။
ဥပဒေကြောင်း အရ အသက်၁၈ပြည့်လျှင် မိဘနဲ့ သားသမီးက မသက်ဆိုင်ဘူး။ ဒါဥပဒေကြောင်းအရနော် ။
မိဘ သားသမီး သံယောဇဉ်က တခြားဆက်နွယ်မှု။
ဒီလို ဥပဒေကြောင်းအရ ရှိနေတဲ့ ကိစ္စကို ဘာကြောင့် သူတပါးကို လွှမ်းမိုးချင်တဲ့ သားသမီး ချွေးမ သမက် နိုင်ငံခြားသား ဖြစ်ရင် သမ္မတ မဖြစ်ရဆိုတဲ့ ဥပဒေကို မကြိုက်တာ။
ကျွန်မ သမ္မတဖြစ်တာ မဖြစ်တာ ကိစ္စမဟုတ်ဘူး။ ဖြစ်ရင်တော့ နိုင်ငံဒီထက် တိုးတက်မယ် ထင်ပါတယ်။ ဒါ ကျွန်မအမြင် သက်သက်ပါ။
ကျွန်မဖြစ်ရင်လည်း ကျွန်မကြိုးစားသွားမှာပါ။
ဒီလို သူတပါးကို လွှမ်းမိုးထားတဲ့ ဥပဒေမျိုးရှိနေတာ အာဏာရှင်ဆန်တယ်လို့ ကျွန်မမြင်တယ်။
အဲ့ဒီတော့ အာဏာရှင်ဆန်တဲ့ ဥပဒေကို ပြင်ဖို့
လက်မှတ်ထိုးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ပခုက္ကူဟောပြောပွဲ
၁၂.၇.၂၀၁၄
သမ္မတကမလိုက်လျောရင်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဝင်အချို့ နုတ်ထွက်မည်
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) က သမ္မတနှင့် တွေ့ဆုံရန် တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက ကောင်စီဝင်အချို့ နုတ်ထွက်မည်ဟု ပြောကြား
 News Eleven
July 12, 2014
 နေထွန်းနိုင်၊ ကျော်ဇင်ဝင်း
ဂျာနယ်လစ်များနှင့် ပတ်သက်၍ အစိုးရက လက်ရှိလုပ်ဆောင်နေသော ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန် တောင်းဆိုမည်ဖြစ်ပြီး တောင်းဆိုချက်များ လိုက်လျောခြင်းမရှိပါက စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်အချို့ တာဝန်မှ နုတ်ထွက်မည်ဖြစ်ကြောင်း သိရသည်။
ယူနတီသတင်းဂျာနယ်မှ ဂျာနယ်လစ်ငါးဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်ခဲ့မှု၊ Bi မွန်းတည့်နေဂျာနယ်မှ ဂျာနယ်လစ်လေးဦးကို ဖမ်းဆီးထားမှု အစရှိသော ကိစ္စရပ်များအတွက် ကြေညာချက်ထုတ်ပြန်ရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ၏ အစည်းအဝေးကို ဇူလိုင် ၁၂ ရက်က ပြုလုပ်ခဲ့ပြီး ထိုအစည်းအဝေး၌ သမ္မတနှင့်တွေ့ဆုံရန် တောင်းဆိုမည့်အချက်ကို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။
“သမ္မတနဲ့တွေ့ခွင့် ကျွန်တော်တို့ တောင်းမယ်။ ကောင်စီကသမ္မတနဲ့ တွေ့ခွင့်တောင်းမယ်။ အဓိကတော့ အဲဒီသတင်းမီဒီယာ လောကအပေါ်မှာ တမင်ဖိနှိပ်တဲ့သဘောတွေ ဖြစ်နေတာတွေ။ သမ္မတနဲ့တွေ့ဆုံပြီးတော့ရှင်းမယ်။ မေးမယ်။ ဒီဘက်ကလည်း မီဒီယာတွေရဲ့သဘောသဘာဝကို နားလည်အောင် တစ်ဖက်ကလည်း ဒါတွေဟာ ဘာကြောင့်ဖြစ်နေတာလဲဆိုတာ မေးဖို့ပေါ့” ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။
ထိုအစည်းအဝေးတွင် သမ္မတနှင့်တွေ့ဆုံမည့် တောင်းဆိုချက်ကို လိုက်လျောမှုမရှိခြင်း၊ သမ္မတနှင့်တွေ့ဆုံချိန်တွင် စာနယ်ဇင်းကောင်စီ(ယာယီ)၏ တင်ပြချက်များကို သမ္မတဘက်မှ လိုက်လျောမှုမပြုခြင်း အစရှိသည်တို့ ဖြစ်ပေါ်လာပါက စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင်များ တာဝန်မှ နုတ်ထွက်ပြီး စာနယ်ဇင်းကောင်စီ(ယာယီ) ကို ဖျက်သိမ်းသင့်ကြောင်း အဆိုကို စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်ဖြစ်သော Eleven Media Group ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာသိန်းမြင့်က တင်ပြခဲ့ခြင်းဖြစ်သည်။
“သမ္မတနဲ့တွေ့ဖို့ စာနယ်ဇင်းကောင်စီက တင်မှာရှိမယ်။ တကယ်လို့ အစိုးရအဖွဲ့ကနေ ဘာမှတုံ့ပြန်မှုမရှိဘူးဆိုရင် ဒါစာနယ်ဇင်းကောင်စီရဲ့ လက်ရှိတည်ရှိမှုဟာ ကျွန်တော်တစ်ဦးတည်း ပြောရမယ်ဆိုရင် ဒီအဖွဲ့ကြီးဟာ စာနယ်ဇင်းသမားတွေကိုမှ အကာအကွယ် မပေးနိုင်ဘူး။ ကိုယ်စားမပြုနိုင်ဘူးဆိုရင် ဒီအဖွဲ့ကြီးမှာ ကျွန်တော်ဆက်လက်ရှိဖို့ အကြောင်းမရှိဘူး။ ကျွန်တော်တစ်ဦးတည်း သဘောအရဆိုရင် ကျွန်တော်တို့က စာနယ်ဇင်းသမားတွေကို ကာကွယ်တဲ့ ကာကွယ်ပေးဖို့ တောင်းဆိုတဲ့အပေါ်မှာ အစိုးရအဖွဲ့က သမ္မတကတုံ့ပြန်မှု မရှိဘူးဆိုရင်တော့ နုတ်ထွက်ဖို့အသင့်ပါပဲ။ စာနယ်ဇင်းကောင်စီက ဖျက်ဖို့ပဲရှိပါတယ်” ဟု စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်းမောင်က ပြောကြားသည်။
“စာနယ်ဇင်းကောင်စီ(ယာယီ)က ဂျာနယ်လစ်တွေနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်တွေ ထုတ်ခဲ့တယ်။ ဒါပေမဲ့  အဲဒီသဘောထား ထုတ်ပြန်ချက်မှာပါတဲ့ တောင်းဆိုချက်တွေကို အစိုးရကတစ်ခုမှ လိုက်လျောခဲ့တာမရှိဘူး။ ဒါကြောင့် စာနယ်ဇင်းကောင်စီ (ယာယီ) ဟာ သမ္မတကိုယ်တိုင် အသိအမှတ်ပြုဖွဲ့ပေးထားတာ ဟုတ်သေးရဲ့လား ဆိုတာကို သံသယရှိတယ်။ နုတ်ထွက်မယ့်ကိစ္စမှာတော့ ကျွန်တော်က ရွေးကောက်ခံအဖွဲ့ဝင်အနေနဲ့ ပါလာတဲ့သူ မဟုတ်ဘဲ မြန်မာသတင်းသမားများသမဂ္ဂ (MJU) အဖွဲ့ရဲ့ ကိုယ်စားလှယ်အနေနဲ့ ပါလာတာဆိုတော့ အဖွဲ့က ဒါတွေကြောင့် နုတ်ထွက်ခိုင်းရင်တော့ နုတ်ထွက်မယ်။ သေချာတာကတော့ အသစ်ပြန်ဖွဲ့မယ့် စာနယ်ဇင်းကောင်စီမှာတော့ ဇော်သက်ထွေးဆိုတာ ပါတော့မှာ မဟုတ်ဘူး” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိပါက ကောင်စီမှ နုတ်ထွက်မည်ဆိုသည့်ဆန္ဒမှာ ကောင်စီဝင်အချို့တွင် ရှိနေပြီး ကောင်စီအနေဖြင့် သမ္မတနှင့် တွေ့ဆုံအပြီး ဖြစ်ပေါ်လာသည့် တုံ့ပြန်ချက်အပေါ် မူတည်၍ အစည်းအဝေးခေါ်ယူကာ အများသဘောဖြင့် ဆုံးဖြတ်ချက်များ ပြုလုပ်ရန်ရှိသည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။
“သမ္မတရဲ့တုံ့ပြန်မှုပေါ် မူတည်ပြီး ဘာဆောင်ရွက်မယ်ဆိုတာ တစ်ဦးချင်းစီတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကောင်စီကျတော့ အဲဒါကိုပြန်ပြီးတော့ သမ္မတက ဒီလိုတုံ့ပြန်မှုပေးတယ်။ အဲဒါဆိုကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတဲ့ အများသဘောတူဆန္ဒ အစည်းအဝေးလုပ်ပြီးမှ ကျွန်တော်တို့ပြောလို့ရမယ်။ ဒါပေမဲ့ တစ်ဦးချင်းစီကတော့ ကျွန်တော်တို့ရှိမှာပေါ့နော်။ ဒါတွေကတော့ တစ်ဦးချင်းနဲ့ ဆိုင်လိမ့်မယ်” ဟု ဦးကျော်မင်းဆွေက ပြောကြားသည်။
မကြာသေးမီက ပြဋ္ဌာန်းခဲ့သော သတင်းမီဒီယာဥပဒေနှင့် ဆက်စပ်သော နည်းဥပဒေများမှာ လပိုင်းအတွင်း ပြီးစီးတော့မည်ဖြစ်ပြီး ထိုနည်းဥပဒေများ ပြီးစီးပါက မူလပြောကြားထားသည့်အတိုင်း စာနယ်ဇင်းကောင်စီ(ယာယီ)ကို ဖျက်သိမ်းသော လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်၏ အစီအစဉ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ကာ အသစ်ပြန်လည် ဖွဲ့စည်းမည်ဟု ဦးကျော်မင်းဆွေက ဆိုသည်။
ယူနတီဂျာနယ်လစ်များအား ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ စာနယ်ဇင်းကောင်စီ(ယာယီ)က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် “ယခုကဲ့သို့ ကြီးလေးသည့် ပြစ်ဒဏ်စီရင်မှုကြောင့် တည်ဆောက်နေသော နားလည်မှု၊ ယုံကြည်မှုများ ပို၍ဝေးကွာသွားမည်ကို ကောင်စီက အထူးစိုးရိမ်ကြောင်း” ဖော်ပြခဲ့ပြီး “ယူနတီဂျာနယ်လစ်များသည် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေကို တမင်သက်သက် ဖောက်ဖျက်ကျူးလွန်ခြင်း မရှိကြောင်း ထင်ရှားသည်ကို ကောင်စီက ရှုမြင်ကြောင်း” ကိုလည်း ဖော်ပြခဲ့သည်။
ထို့အပြင် ချမှတ်လိုက်သည့် ကြီးလေးသည့် ပြစ်ဒဏ်ကို သမ္မတ၏ ခွင့်လွှတ်မှု၊ သဘောထားကြီးမြင့်မှုကို ပြသသည့်အနေဖြင့် ပြစ်ဒဏ်လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးရန် ကောင်စီက မေတ္တာရပ်ခံကြောင်း ဖော်ပြခဲ့ပါသည်။
Bi မွန်းတည့်နေ ဂျာနယ်လစ်များအား ဖမ်းဆီးထားခြင်းနှင့် ပတ်သက်သော ထုတ်ပြန်ကြေညာချက်တွင် “မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကောင်စီထံ တစ်စုံတစ်ရာ အသိပေးခြင်းမရှိဘဲ ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်းမှာ သမ္မတ၏ အတည်ပြုမှုဖြင့် ဖွဲ့စည်းထား သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသော သတင်းမီဒီယာဥပဒေတို့ကို အသိအမှတ်မပြု၊ မလေးစားသည့်သဘော သက်ရောက်သွားသည်ဟု ကောင်စီက ရှုမြင်ကြောင်း” ဆိုသည်။
အထူးသဖြင့် အင်တာနက် လူမှုကွန်ရက် စာမျက်နှာများတွင် ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုများ၊ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် သိသာထင်ရှားစွာ တမင်ရန်စ၊ သွေးထိုး၊ လှုံ့ဆော်နေသောလူပုဂ္ဂိုလ်များ၊ အင်တာနက် လူမှုရေးစာမျက်နှာများ၊ ဘလော့ဂ်ဆိုဒ်များကို အရေးမယူနိုင်ဘဲ တရားဝင် မီဒီယာအဖြစ် ရပ်တည်နေသော သတင်းမီဒီယာတစ်ခုမှ အယ်ဒီတာနှင့် သတင်းထောက်များကို ကာယကံရှင် ဂျာနယ်တိုက်သို့ လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း (ကောင်စီ) ထံသို့လည်းကောင်း တရားဝင် အသိပေးအကြောင်းကြားခြင်း မရှိဘဲ ခေါ်ယူမေးမြန်းခြင်း၊ ရှောင်တခင်ဝင်ရောက် ဖမ်းဆီးအရေးယူခြင်းနှင့် ထောင်ဒဏ်အပြစ်ပေးခြင်းတို့ကို ကောင်စီက သဘောမတူ ကန့်ကွက်သည့်အပြင် ထိုအပြုအမူများသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းစဉ်နှင့် သတင်းမီဒီယာများ၏ လွတ်လပ်စွာရေးသားခွင့်တို့ကို ခြိမ်းခြောက်ရာရောက်သည်ဟု ယူဆသဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) က သဘောထားထုတ်ပြန်သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အနေဖြင့် သတင်းသိခွင့်ရှိသော နိုင်ငံသားအားလုံး အကျိုးအလို့ငှာ မြန်မာသတင်းမီဒီယာ လောကသားများ၏ လွတ်လပ်စွာ သတင်းရယူခွင့်နှင့် သတင်းလွတ်လပ်ခွင့်တို့အတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်မည်ဟုလည်း သဘောထား ထုတ်ပြန်ချက်၌ ထည့်သွင်းရေးသားခဲ့သည်။
ဇူလိုင် ၁၂ ရက်က ပြုလုပ်သော စာနယ်ဇင်းကောင်စီ(ယာယီ) အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေတို့အပြင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာတင်လှိုင်၊ ဒေါက်တာမျိုးသန့်တင်၊ ဒေါက်တာဖေမြင့်၊ ဒေါက်တာသိန်းမြင့်၊ ဦးသီဟစော၊ ဦးချစ်ဝင်းမောင်၊ ကိုမြင့်ကျော်၊ ကိုရဲမင်းဦး၊ ဦးခင်မောင်ဌေး၊ ဒေါ်ချိုချိုတင်(မစန္ဒာ)၊ ဒေါ်နန်းကလျာဝင်းတို့ တက်ရောက်ခဲ့ကြသည်။
ဇူလိုင်လ ၁၂ရက် ည ၈နာရီခန့်က လူစု​လူ​ဝေးဖြစ်​​ပေါ်ခဲ့
Mizzima
++++++
မန္တ​လေးမြို့ ပဋိပက္ခတွင် ထိန်းသိမ်းမှုများ
 ပြုလုပ်ခြင်း နှင့် စပ်လျဉ်း၍ ချမ်း​အေးသာစံမြို့နယ်
လူတစ်​စု(ဆယ်ဂဏန်း)မှ ​မောရဂီဝါအုပ်​ချုပ်​​ရေးမှူးရုံး
သို့ လာ​ရောက်ခဲ့ရာမှစကာ ဇူလိုင်လ ၁၂ရက် ည
 ၈နာရီခန့်က လူစု​လူ​ဝေးဖြစ်​​ပေါ်ခဲ့သည်​ဟု မျက်​မြင်
တွေ့ရှိခဲ့သူများက​ပြောသည်​။
ထို့အတွက်​လုံခြုံရေးယာဉ်​များ ​ရောက်​ရှိလာကာ
၇၄လမ်း၊ ၇၅လမ်း၊ ၃၄လမ်း၊ ၃၅လမ်းတွင်
အင်​အားပြည့်​ဝစွာချထားပြီး ည ၉နာရီခန့်တွင်
မည်သည့် ပြဿ      နာမျှ မရှိဘဲ အခြေအနေအားလုံး
 ထိန်းသိမ်းနိုင်ခဲ့သည်။
သူချည်းသာလော
ယခုအထိတော့ နောက်ကွယ်မှ ကြိုးကိုင်သူများ အပါအဝင် လူအုပ်စုမှ အဓိက ခေါင်းဆောင်များ အစိုးရ အပါအဝင် မည်သူကမျှ ရဲရဲဝံ့ဝံ့ဖော်ထုတ်၊ ထုတ်ပြန်နိုင်ခြင်း မရှိသေးဘဲ အပြောများဖြင့်သာ မျောနေဆဲ ဖြစ်သည်။ ယခုအထိတော့ အချိန်ကိုက် ဒေါသထွက်နေတတ်သော လူအုပ်စုကြီးကား လူသတ်ရမလား သတ်ရဲသည်။ မီးရှို့ရမလား ရှို့ရဲသည်။ နိုင်ငံတော်သီချင်း သံကုန်ဟစ်ပြီး လူထုကို ရန်တိုက်ရမလား တိုက်ဝံ့သည်။ သူတို့ ဘာ့ကြောင့် ရဲတင်းလွန်းကြသနည်း။ သေရဲ တိုက်ရဲသော လက်ကိုင်တုတ် လူတစ်စု၏ နောက်တွင် မည်သူရှိသနည်း။
လူတော်တော်များများကမူ နောက်ကွယ်မှ ခေတ်အဆက်ဆက် ကြိုးကိုင်သူကြီးကို အမြဲတစေ လက်ညှိုးထိုးလေ့ ရှိသည်။ သို့သော် မိုးဇေညိမ်းကမူ ထိုမျှမကပါဟု အောက်ပါအတိုင်း ဆိုလေသည်။
“သူတစ်ယောက်တည်းလို့ ပြောမရနိုင်ပါဘူး။ သူ့တပည့်တွေထဲမှာ သဘောတင်းမာတဲ့ အမာခံတွေ ရှိတယ်”
(လူအုပ်စုကြီး၏ နောက်ကွယ်ကို ရှာဖွေခြင်း၊ ယနေ့ထုတ် The Voice Weekly ဂျာနယ်မှ)
၉၈ ဒသ မ ၁၂ ရာခိုင်နှုန်းတဲ့လား
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် တစ်နိုင်ငံလုံးရှိ
မဲပေး ပိုင်ခွင့်ရှိသူများအနက်မှ ၉၈ ဒသ မ ၁၂ ရာခိုင်နှုန်း
က မဲပေးခဲ့ကြပြီး ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံ
ခဲ့ခြင်းဖြစ်သည်ဟု ယ ခင်အစိုးရ နိုင်ငံတော်အေးချမ်း
သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင် စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ က လက်မှတ်ရေးထိုး၍ ထုတ်ပြန် ကြေညာခဲ့သည်။
ကနေဒါလိုဒီမိုကရေစီနိုင်ငံမှာရဲရင့်ငယ်နေတဲ့ရပ်ကွက်က
တသိန်းကျော်ရှိတယ်မဲပေးနိုင်သူ ၈သောင်းလောက်ရှိမယ်၊
တကယ်မဲပေးတာ၂သောင်းခွဲနဲ့၃သောင်းလောက်ပဲပေးတယ်၊
မဲပြန့်တာနဲ့နိုင်တဲ့သူကတသောင်းခွဲလောက်ပဲမဲရတယ်၊
အမေရိကန်မှာလည်းဒီလောက်ပဲ၊
တစ်နိုင်ငံလုံးရှိမဲပေးပိုင်ခွင့်ရှိသူအရေအတွက်ရဲ့၃၅ရာခိုင်
နူန်းလောက်ပဲမဲပေးဖို့စိတ်ဝင်စား တယ်၊
နာဂစ်အပျက်အစီးတွေကြားထဲလုပ်တဲ့ပွဲ ၉၈ ဒသ မ ၁၂
ရာခိုင်နှုန်းက မဲပေးတယ်ဆိုတော့လိမ်တော့လိမ်ပေါ့၊
ယုတ္တိရှိအောင်လေးလည်းလုပ်ပေါ့၊
၄၃၆ပြင်ဖို့လက်မှတ်၃သန်းပဲရသေးတယ်ဆိုတာတကယ်တော့
ဒီမိုကရေစီနိုင်ငံတခုမှာအတော်လေးတောင်များတဲ့ပမာဏပါ၊
Campaignကလဲခက်ခဲပင်ပန်းသလိုနိုင်ငံရေးစိတ်
မ၀င်စားသူကိုလဲအတင်းအကြပ်တောင်းဆိုလို့မရပါဖူး။
၁၉၉၀တုံးကတော့မဆလကိုစိတ်နာလို့အတော်များများ
အန်နယ်လ်ဒီကိုမဲပေးခဲ့ကြဖူးပါတယ်၊
နာဂစ်ဖွဲ့စည်းပုံကိုရက်ရွှေ့လုပ်ဖို့တိုက်တွန်းတာတွေလဲ
သူနားမထောင်ခဲ့ဖူး၊နာဂစ်ဖြစ်တဲ့နေရာတွေချန်ပြီးအမှိုက်
တွေတောင်လိုပုံနေတဲ့မြို့ပျက်တွေထဲမှာလုပ်တာတောင်
၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံတယ်ဆိုတဲ့ဖွဲ့စည်းပုံ....
ရဲတယ်ဆိုရင်နောက်တခေါက်ထပ်ပြီးဆန္ဒခံယူပွဲလုပ်ပေး
ဖို့တောင်းဆိုပါတယ်။
အမေစုကနောက်တခါမှတ်ကျောက်တင်ခိုင်းနေပြီ၊
တစ်နိုင်ငံလုံးရှိမဲပေးပိုင်ခွင့်ရှိသူများအနက်မှဘယ်လောက်
ပဲမဲပေးတယ်ဆိုတာသက်သေရနိုင်ပါတယ်။
ကော်ရှူတဲ့ကလေးတွေ
မနေ့ ဇူလိုင်-၁၀ ရက်မနက်-၁၁ နာရီ ကျော်က မန္တလေးကန်တော်ကြီး ပန်းခြံဘက် ရောက်ခဲ့တယ်။ ပန်းခြံထည်းမှာ ကလေးငယ်အချို့ လာကစားရင်း သူတို့ လက်ထည်းမှာ ကော်ရှူနေတာတွေ့ လို့ လှမ်းဓါတ်ပုံရိုက်တော့ သူတို့ ဖွက်ထားကြတယ်။
ကလေးတွေနဲ့ စကားပြောကြည့်ဘို့  ကျွန်တော် ကျိုးစားခဲ့ရတယ် နောက်တော့သူတို့ ကျွန်တော်ကို လက်ခံစကားပြောပါတယ်။ သူတို့ ကို ကျွန်တော် မေးခွန်း တစ်ချို့ မေးခဲ့ပါတယ်။ ဘယ်ကနေ ကော်ရှူဖြစ်တာလည်း သားတို့ မိဘတွေမသိဘူးလား
ကျောင်းနေလား ခုပန်းခြံမှာ လာဆော့ကြတာလား ခုလိုကော်ရှူရင် နေးမကောင်းဖြစ်မှာ မသိဘူးလား ကော်ရှူတာကို ရဲမြင်ရင်ဖမ်းမှာကော မကြောက်ဘူးလားလို့ မေးခဲ့ပါတယ်။
ကလေးတွေ ကျွန်တော်ကို့ ပြန်ဖြေတာက သူတို့ မှာ မိဘမရှိလို ကြုံသလိုနေထိုင်အမှိုက် ကောက်ပြီး နေနေရတာပါ။
သူငယ်ခြင်းကပေးလို့ ကော်ရှူတက်ပီး ဖြက်လို့ မရ၍စွဲနေတာပါ။ ရှူနေရင် ထမင်းမစာ၍ ထမင်းဘို့ သက်သာပါတယ် ရဲတွေ့ မှာတော့ကျောက်ပါတယ်၊ စာလည်းသင်ခြင်ပါတယ် ကော်လည်းဖြက်ခြင်ပါတယ်တဲ့ သူတို့ ပြောရှာပါတယ်။
မန်းမှာက ကလေးတွေကို စာသင်ပေးမဲ့သူတော့ရှိနေကြပြီ ခုလို လမ်းဘေးမှာ ကော်ရှူနေတဲ့အချေနေကို ထမ်းသိမ်းကူညီတဲ့အဖွဲ့ စည်းတော့ မရှိသေးဘူးလို့ ကလေးတွေကို စာလိုက်သင်ပေးနေတဲ့ က်ုမြင့်အောင်မိုးစီ လှမ်းဖုန်းဆက်မေးလို့ တော့သိရပါတယ်။
ခုလိုသာ ဒီကလေးတွေကို ပြစ်ထားရင် သူတို့ လေးတွေအရင်ဆုံး ကြမ္မာရေးချူခြာလာမယ်ပေါ့ နောက်အတွက်က ပညာမတက်တော့ လမ်းဘေးနေနေရတဲ့ဘဝမှာ သူတို့ ဘဝက လူဆိုးလူမိုက်ပဲဖြစ်လာဘို့ 
ပဲများနေတာ။
နိုင်ငံအတွက် အန္တရယ်တောင်ရှိသေး ကယ်သူမရှိ အနာဂါတ်မဲ့နေတဲ့ကလေးတွေ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်လောက်တောင်များနေပြီလဲ ဘယ်သူကယ်တင်မှာလည်းလို့ ကျွန်တော်အတွေးနယ်ချဲနေမိပါတယ်။
ကလေးတွေက ခုမန်းက ဦးပွါးဘုရားနားက ဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာ နေတယ်လို့ လည်းပြောသွားပါတယ်။ တစ်ဦးက ၂တန်းထိနေဘူးတယ် နောက်တစ်ဦးက ၆တန်း နောက်တစ်ဦးက ကျောင်းမနေဘူးဘူးလို့ ဖြေပါတယ်။
Thein Aung Myint
၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ပြုစု
VOA
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင် ပြုစုနေပါပြီ။ ပဏာမအားဖြင့်တော့ ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ စတင်လိုက်တာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် စာရင်းပြုစုတာကို ၁၅ ရက်အတွင်း အပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကျင်းပရေးကော်မတီက ဆိုပါတယ်။ အလုံမြို့နယ်အတွင်း မဲဆန္ဒရှင် စာရင်းကောက်ယူနေမှု အခြေအနေတွေနဲ့ ပြည်သူတွေရဲ့ပါဝင်မှု ဘယ်လိုရှိနေသလဲ ဆိုတာတွေကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။
လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း စတင်ပြုစုနေတာမှာ ရန်ကုန်တိုင်း၊ အလုံမြို့နယ်မှာ ဒီသတင်းပတ် ဗုဒ္ဓဟူးနေ့က စတင်တာပါ။ နောက်ထပ် ဘယ်ဒေသတွေမှာ မဲဆန္ဒရှင် စာရင်းပြုစုမယ်ဆိုတာကိုတော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ မြန်မာ့ ရွေးကောက်ပွဲ ဥပဒေအရ မြို့နယ်တခုအတွင်းမှာ ရက်ပေါင်း ၁၈၀ ကျော် နေထိုင်ပြီးသူတွေ အဲဒီမြို့နယ်အတွင်းမှာ မဲပေးခွင့်ရမှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် စာရင်းပြုစုတာတွေကို ရန်ကုန်တိုင်း အလုံမြို့နယ်မှာ စတင်ကောက်ယူရတာနဲ့ ပတ်သက်လို့လည်း အလုံမြို့နယ် ရွေးကောက်ပွဲကျင်းပရေး ကော်မတီရဲ့ အတွင်းရေးမှူး ဦးခင်မောင်ဇော်က အခုလို ပြောပါတယ်။
“အလုံကတော့ ရွှေ့ပြောင်းအလုပ်သမားတွေများတယ်။ ရွှေ့ပြောင်းတဲ့သူတွေ များတဲ့အတွက် အဖြေလေးတစ်ခုရအောင် စမ်းသပ်တဲ့အနေနဲ့ ဒီမှာ ဆောင်ရွက်တာ ဖြစ်ပါတယ်။”
မြို့နယ်အတွင်းကမဲဆန္ဒရှင်စာရင်းမှာ ထည့်သွင်းထားတဲ့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ မှန်မမှန် မြို့နယ်သူ မြို့နယ်သားတွေအနေနဲ့ လာရောက် စစ်ဆေးကြဖို့နဲ့ ရွေးကောက်ပွဲ အသိပညာပေးအဖြစ်နဲ့ အိမ်တွေမှာလည်း ကြော်ငြာ စာရွက်တွေလာပြီး ကပ်ထားတယ်လို့ အလုံ ဒေသခံတဦးကလည်း ပြောပါတယ်။
အလုံမြို့နယ် တခုတည်းမှာတင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၃,၅၅၃၄ ယောက်ရှိတယ်လို့ အလုံမြို့နယ် ကော်မတီက ဆိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲဆန္ဒရှင် စာရင်းမှာလည်း အလွဲအချော်တွေ ရှိနေတယ်လို့ ပြောသူကတော့ ရပ်ကွက်ကော်မတီရဲ့ အကြီးအကဲ ဦးမောင်မောင်ပါ။
“မဲစာရင်းစစ်တဲ့အခါ ဘာသွားတွေ့လဲဆိုတော့ အန်ကယ့်အမျိုးသမီး၊ အမျိုးသမီးနာမည်ဆိုရင် သူ့နာမည်က စီစီသန်း၊ ဒါပေမယ့် ဒီမှာ ဆွေဆွေသန့် ဆိုပြီးတော့ မှားနေတယ်။ အဲဒါလေးကို အန်ကယ်လ် ပြင်ခွင့်ရတယ်။ နောက်တခါ အန်ကယ့်လ်ရဲ့ Date of Birth ကလည်း မှားနေတယ်။ အဲဒါကိုလည်း အခု ပြင်ခွင့်ရတယ်။”
လာမယ့် ရွေးကောက်ပွဲအတွက် ပြည်သူတွေကတော့ ခေါင်းဆောင်ကောင်းတယောက် စိတ်ကြိုက် ရွေးချယ်နိုင်မလားဆိုတဲ့အပေါ်မှာ အတော်လေး စိတ်ဓာတ်တက်ကြွနေကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲထည့်ဖို့အတွက် အတော်လေးစိတ်ဝင်စားနေသူ ဒေါ်မေ၀င်းက အခုလို ပြောပါတယ်။
“ခေါင်းဆောင်ကောင်းလိုတာကို ရွေးချယ်သင့်တာပေါ့နော်။ ဒီလိုပဲ ပြင်ဆင်ထားရတာပေါ့။ အကုန်လုံးက မဲဆန္ဒပေးရမှာပဲ။”
ကျင်းပမယ်လို့ ပြောဆိုထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲကတော့ တနှစ်တောင် မလိုတော့ပါဘူး။ ဒီအချိန်မှာပဲ လွှတ်တော်အတွင်းမှာတော့ မဲအများစုရသူက လွှတ်တော်အမတ်ဖြစ်မယ့် စနစ်ကနေ အချိုးကျကိုယ်စားပြုစနစ်နဲ့ လွှတ်တော်အမတ်တွေကို ရွေးချယ်ဖို့ အတည်ပြုလိုက်တာအပါအ၀င် ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကြား မဲဆွယ်စည်းရုံးမှု ကိစ္စအပေါ် ညှိနှိုင်းမှုတွေလုပ်နေရပြီး ဒီလ ၂ ရက်နေ့ တုန်းကလည်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု မူကြမ်းတရပ်ကို နိုင်ငံရေး ပါတီတွေကို ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။