Monday, July 28, 2014

အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆွေးနွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌက သတိပေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များမှ(၂၈.၇.၂၀၁၄)ယနေ.ကျင်းပသော ပထမအကြိမ် ပြည်သူလွတ်တော် ဒသမ ပုံမှန် အစည်းအဝေး ၃၆ ရက်မြောက်နေ.တွင်ဆွေးနွေးသော ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင်. လိုက်လျောညီထွေမှု.ရှိမည့်းဒီမိုကရေစီစနစ်ကိုပိုမိုဖော်ဆောင်နိုင်သောအချိုးကျ ကိုယ်စားပြုစနစ်ကိုအခြေခံသည့်ရွေးကောက်ပွဲနည်းလမ်းကိုပြည်သူလွှတ်တော် ရွေးချယ်တင်မြှောက်ပွဲအတွက်စီစဉ်ဆောင်ရွက်ပေးရေးအဆို( PR)ကို အဖွဲချု ပ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် Dr.ဒေါ်သန်းငွေ(ကလောမြိုနယ်) Dr.အောင်မိုးညို (မင်းဘူးမြို.နယ်) ၊Dr.ဇော်မြင်.မောင် (ကျောက်ပတောင်းမြို့နယ်) ဒေါ်တင်တင်ရီ(ကျွန်းစုမြို နယ်)၊ ဦးမန်းဂျော်နီ(မြောင်းမြ မြို့နယ်)၊ ဦးခင်မောင်ဝင်း (လမ်းမ္မတော်)၊ဦးခင်မောင်သိန်း(စစ်ကိုင်း)၊ဦးမင်းသူ(ဥတ္တရသီရိ)၊တို့ မှ ကန်.ကွက်ဆွေးနွေးခဲ.ကြကြောင်းသိရှိရပါသည်၊

ဒေါက်တာဇော်မြင့်မောင်၏ PR ဆွေးနွေးချက်
DVB TV News

အချိုးကျ ကိုယ်စားပြုစနစ်ကို ကန့်ကွက်ဆွေးနွေးတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ဥက္ကဌက သတိပေး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို ဦးအောင်ကြီးက ပေးပို့ထားပါတယ်။

“တရုတ်မှာ ခွေးကျွေးတဲ့အစာ မြန်မာကလေးတွေကို မရောင်းပါနဲ့”


The Voice Weekly
[ Voice of the Day ]

တရုတ်စာနဲ့ ခွေးငယ်ငယ်လေးတွေ အတွက်သာလို့ ရေးထားတဲ့ မုန့်တစ်မျိုးကို မြောက်ဥက္ကလာပ မြို့နယ်မှ ကျောင်းတချို့ရဲ့ မုန့်ဈေးတန်းမှာ ရောင်းချတာ တွေ့ရှိခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းထံက သိရပါတယ်။
“မြောက်ဥက္ကလာပက ကျောင်းတချို့ကို ဝင်ရောက် လေ့လာတဲ့အခါမှာ အထက်တန်းကျောင်း သုံးကျောင်းမှာပေါ့။ သုံးကျောင်းစလုံးမှာ တရုတ်စာတွေနဲ့ ရေးထားတဲ့ မုန့်ချိုတွေ၊ တရုတ်တံဆိပ်နဲ့ မစ်ရှိတ်၊ အန္တရာယ်ရှိတဲ့ အမှုန့်လို့ ယူဆနိုင်တဲ့ အမှုန့်ပေါ့နော်၊ နောက်ပြီး ငါးမုန့်၊ အာလူးကြော်ထုပ်၊ မြန်မာတံဆိပ် မြန်မာနာမည် ဖြစ်ပေမယ့် ရက်လွန်သတ်မှတ်တဲ့ Date မပါဘူး၊ ဖုန်းနံပါတ်တွေ၊ ဖက်စ်နံပါတ်တွေ မုန့်ထုပ်မှာ ပါပါတယ်။ စုံစမ်းမေးမြန်းသွားမှာပါ” လို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

ဇူလိုင်လ ၁၈ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်ပါ
“တရုတ်မှာ ခွေးကျွေးတဲ့အစာ မြန်မာကလေးတွေကို မရောင်းပါနဲ့” သတင်းမှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

အမျိုးသားညီလာခံမှ ဒီချုပ် ဘာကြောင့်ထွက်ခဲ့သလဲ



Byအေးသူစံ
On  Sat, 2014-07-26 15:12
အတွဲ (၁၃)၊ အမှတ်(၂၀)
http://www.7daydaily.com/story/16834#.U9ZCULGCUTA

လွန်ခဲ့သော နှစ် ၂၀ ၀န်းကျင်က ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး ရေးဆွဲခဲ့သော အမျိုးသားညီလာခံမှ ဒီချုပ်က အဘယ်ကြောင့် သပိတ်မှောက် ထွက်ခွာခဲ့သလဲဆိုသည်မှာ သမိုင်းစာမျက်နှာတွင် အရေးကြီးသော ဇာတ်ဝင်ခန်းတစ်ခန်း ဖြစ်ခဲ့သည်။

စစ်အစိုးရက NLD သည် တစ်ပါတီအလိုကျ ညီလာခံမျိုးဖြစ်စေရေးနှင့် အစိုးရကို သြဇာလွှမ်းမိုးရန် မဖြစ်နိုင်သည့် တောင်းဆိုချက်များ တမင်တောင်းဆိုပြီး ညီလာခံက သပိတ်မှောက်ထွက်သွားသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့အပြင် ညီလာခံတက်ရောက်သူ ကိုယ်စားလှယ်အချို့ကလည်း ညီလာခံစည်းကမ်းချက်များကို ချိုးဖောက်ခြင်းကြောင့် NLD ထုတ်ပယ်ခံရသည်ဟုဆိုသည်။

သို့သော် ဒီချုပ်ဘက်ကမူ ညီလာခံတွင် အာဏာပိုင်များက ပေးထားသည့် ကတိအတိုင်း လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို သေးသိမ်ရှုပ်ထွေးအောင် ပြုလုပ်ခဲ့သဖြင့် တွေ့ဆုံညှိနှိုင်းခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တကယ်အဖြစ်မှန်မှာတော့ NLD သည် ညီလာခံကို သပိတ်မှောက်ထွက်ခွာသွားခြင်း မဟုတ်ပါ။ စစ်အစိုးရနှင့် တွေ့ဆုံရေး တောင်းဆိုထားခြင်းအတွက် ညီလာခံမတက်ဘဲ စောင့်ဆိုင်းနေချိန်တွင် ညီလာခံဥပဒေအရ ၄၈  နာရီ ခွင့်မဲ့ပျက်ကွက်သည်ဆိုကာ စစ်အစိုးရအလိုကျ အကောင်အထည်ဖော်သော ကော်မရှင်က ထုတ်ပယ်ခဲ့ခြင်းဖြစ်ကြောင်း NLD ကိုယ်စားလှယ်များနှင့် တွေ့ဆုံမေးမြန်းမှုများ၊ ညီလာခံဆိုင်ရာ သုတေသနစာတမ်းများက ဖော်ပြနေသည်။

‘‘ကျွန်တော်တို့က ဒီအချက်၊ ဒီအချက်တွေကြောင့် တွေ့ဆုံလိုပါတယ်ဆိုပြီး ကော်မရှင်ကို ၁၉၉၅ နိုဝင်ဘာ ၂၇ ရက်စွဲနဲ့ ပေးပို့တယ်။ စာပို့ထားလို့ ညီလာခံကို မတက်ဘဲ စောင့်နေတုန်း ၄၈ နာရီတောင် မပြည့်သေးပါဘူး။ စာပို့ပြီး နောက်တစ်နေ့မနက်မှာပဲ ကျွန်တော်တို့အားလုံးကို ညီလာခံကိုယ်စားလှယ်အဖြစ်ကနေ ကော်မရှင်က ထုတ်ပယ်ပစ်လိုက်တယ်’’ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းမြင့်ကပြောသည်။

ဒီချုပ်၏တောင်းဆိုမှုကို ညီလာခံကော်မရှင်က နိုဝင်ဘာ ၂၈ ရက် ထုတ်ပြန်ချက်ဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။

ဒီချုပ်က စစ်မှုထမ်းဟောင်း၊ အမျိုးသမီးနှင့် လူငယ်များ၊ အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသားလူငယ်များကိုပါ ညီလာခံဖိတ်ကြားရန် အဆိုပြုသည်။ ညီလာခံတွင် အချိန်ဇယားသတ်မှတ်ချက်မရှိခြင်း၊ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ် ရာခိုင်နှုန်းအင်မတန်နည်းပါးခြင်းကို ထောက်ပြသည်။ ယင်းလုပ်ရပ်သည် တစ်ပါတီစိတ်ကြိုက် မူချမှတ်ရန်နှင့် ကိုယ်စားလှယ်များကို ပါတီအလိုကျ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်ဖြစ်သည်ဟု ကော်မရှင်က စွပ်စွဲခဲ့သည်။

ဒီချုပ်၏တောင်းဆိုမှုများသည် ညီလာခံမှုများကို ဖျက်သိမ်းရန်၊ စိတ်ကြိုက်မူများချမှတ်ရန် ကြိုတင်ကြံစည်မှုဖြင့် လုပ်ဆောင်ကြောင်း သုံးသပ်သည်ဟု ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

အစိုးရအပေါ် သြဇာပေးခြယ်လှယ်နိုင်ရန် ရည်ရွယ်၍ မလိုအပ်ဘဲ တွေ့ဆုံဆွေးနွေးရေးကိုသာ တွင်တွင်တောင်းဆိုနေခြင်းဟု ကော်မရှင်ကပြောပြီး နောက်တစ်ရက် နိုဝင်ဘာ ၃၀ ရက်တွင် သဘာပတိထံ ကြိုတင်အကြောင်းမကြားဘဲ ညီလာခံတက်ရန် နှစ်ရက်ဆက်တိုက်ပျက်ကွက်သည်ဟု အကြောင်းပြကာ ဒီချုပ်ကိုယ်စားလှယ်အားလုံးကို ထုတ်ပယ်လိုက်သည်ဟု သတင်းစာများတွင် ဖော်ပြခဲ့သည်။

၁၉၉၃ ခုနှစ် စက်တင်ဘာတွင် စတင်ခဲ့သော အမျိုးသားညီလာခံသို့ ဒီချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ကိုယ်စားလှယ် ၈၆ ဦး တက်ရောက်ခဲ့သည်။ ၁၉၉၄ ခုနှစ် ဧပြီတွင် သင်္ကြန်ပိတ်ရက် ညီလာခံခေတ္တရပ်နားထားချိန်တွင် အခြေခံမူ ၁၀၄ ချက်ကို ညီလာခံ၌ ချပြခြင်းမရှိဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ဦးစီး၍ လူထုထောက်ခံပွဲများ ပြုလုပ်အတည်ပြုလိုက်သည်။ ထို့ကြောင့် ညီလာခံထဲတွင် ဒီမိုကရေစီအင်အားစုများနှင့် စစ်အစိုးရတို့ သဘောထားကွဲလွဲမှု စတင်ခဲ့သည်။

ယင်းလုပ်ရပ်မှာ မသင့်လျော်သည့် အလွန်ဆိုးရွားသည့် အခြေအနေကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း RFA တွေ့ဆုံခန်းတွင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးလွင်က ဖြေကြားခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့မှာ နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခါစလည်း ဖြစ်သည်။

န၀တအစိုးရ၏ ထုတ်ပြန်ချက် ၁/၉၀ တွင် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အရွေးချယ်ခံ ပြည်သူ့ကိုယ်စားလှယ်များ ရေးဆွဲရန်တာဝန်ဟုဆိုခဲ့သည်။ ထို့အပြင် န၀တ၏ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း ဖွဲ့စည်းပုံရေးဆွဲရန်မှာ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ခံကိုယ်စားလှယ်များ တာဝန်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။

သို့သော် ညီလာခံဦးတည်ချက် လုပ်ထုံးလုပ်နည်းများမှာ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းမှုမရှိခြင်း၊ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်မှာ ၁၅ ဒသမ ၂၄ ရာခိုင်နှုန်းဖြင့် ထာဝစဉ်လူနည်းစုဖြစ်ခြင်း၊ စာတမ်းများကို လွတ်လပ်မှုမရှိဘဲ အာဏာပိုင်များအလိုကျ စိစစ်ပြင်ဆင်ပေးရခြင်း၊ ကိုယ်စားလှယ်များ၏ တင်ပြချက်အများစု ဥပက္ခာအပြုခံရခြင်းနှင့် ညီလာခံတွင် အချိန်ဇယားသတ်မှတ်ထားခြင်းမရှိခြင်းကြောင့် တွေ့ဆုံဆွေးနွေးရေးကို NLD က စာပို့တောင်းဆိုခဲ့သည်။

ထို့အပြင် အနာဂတ်နိုင်ငံတော်၏ အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေးအချက်ကို NLD က လက်မခံခဲ့ပေ။

သို့သော် စစ်အစိုးရကလည်း ထိုအချက်များကို တစ်ချက်မှအထိမခံခဲ့ဟု ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကပြောသည်။

‘‘တရားမျှတမှုမရှိဘဲနဲ့ တစ်ဖက်သတ် အနိုင်ကျင့်တဲ့နေရာတော့ ဘယ်သူနေမှာလဲ။ ကန့်ကွက်ရဲရမယ်။ ကျောခိုင်းရဲရမယ်။ အစတည်းက အခြေခံမူ နံပါတ် ၆ ကို မကြိုက်ခဲ့တာ။ နောက်ပြီး ဒီအလုပ်သမားကိုယ်စားလှယ်၊ လယ်သမားကိုယ်စားလှယ်အစုအဖွဲ့တွေ ရွေးတဲ့အခါ လယ်သမားအစည်းအရုံးသမဂ္ဂမရှိဘဲနဲ့ ဘယ်လိုရွေးမှာလဲ။ ကန့်ကွက်နေတဲ့ကြားက သူတို့စိတ်ကြိုက် ၇၀၂ ယောက်ကို ခေါင်းခေါက်ရွေးလာတယ်’’ဟု ဦးစိုင်းညွန့်လွင်ကပြောသည်။ SNLD ကလည်း ၂၀၀၄ တွင် ညီလာခံကို စွန့်ခွာခဲ့သဖြင့် ပါတီဝင်များ အဖမ်းခံခဲ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှားသွားသည့်တစ်ချက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ညီလာခံကျင်းပရေးအတွက် ပါတီ ၁၀ ခုနှင့် တွေ့ဆုံစဉ်ကတည်းက ညီလာခံအခြေခံမူခြောက်ချက်ကို ပြင်းပြင်းထန်ထန် မကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။ အခြေခံမူခြောက်ချက်အနက် နံပါတ်ခြောက်ဖြစ်သည့် တပ်မတော်က နိုင်ငံရေးဦးဆောင်မှုတွင် အစဉ်တစိုက်ပါဝင်ရေးအချက်မှာ ဒီမိုကရေစီအခြေခံမှုများကို ချိုးဖဲ့ဖျက်ဆီး၍ အာဏာရှင်စနစ်ကို အသက်သွင်းနေမှန်းသိလျက်နှင့် န၀တ ကြေညာချက် ၁/၉၀ ကို ယုံကြည်မိ၍ ညီလာခံကို တက်ရောက်ခဲ့ကြောင်း ထုတ်ပယ်ခံရပြီးမှ ဒီချုပ်က ကြေညာချက်ပြန်ထုတ်ခဲ့သည်။

‘‘မြန်မာ့မြေပေါ်မှာ ဘယ်သူမှ တပ်စခန်းမချရတို့၊ ၅၉ (စ)တို့ကို အခြေခံမူအဖြစ် ချမှတ်တဲ့သတင်းလည်းကြားရော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်က ရန်ကုန်ရောက်ချလာတယ်။ ဒေါ်စုနဲ့တွေ့လည်းပြီးရော ဦးအောင်ရွှေဦးဆောင်တဲ့ NLD ၈၆ ယောက် ထွက်သွားကြတာပဲ။ ညီလာခံကို ခွင့်မဲ့ပျက်ကွက်လို့ သူတို့ကိုထုတ်ပစ်လိုက်တာ။ ဒါရှင်းပါတယ်။ သူတို့ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ဖိအားပေးတာပေါ့’’ဟု ညီလာခံတက်ခဲ့သည့် တတ်သိပညာရှင်အစုအဖွဲ့ဝင်၊ ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီဝင် တက္ကသိုလ်မြတ်သူက သူ၏အမြင်ကိုပြောသည်။

NLD သည် စည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ထုတ်ပယ်ခံရခြင်းဖြစ်ကြောင်း အလုပ်သမားအစုအဖွဲ့မှ သဘာပတိ ဒေါက်တာမျိုးသန့်တင်ကလည်း ဆိုသည်။

ညီလာခံတွင် အစုအဖွဲ့ရှစ်ဖွဲ့တွင် နိုင်ငံရေးပါတီအစုအဖွဲ့နှင့် ရွေးကောက်တင်မြှောက်ခံ ကိုယ်စားလှယ်များအစုအဖွဲ့တို့ကလွဲ၍ ကျန်အစုအဖွဲ့များမှာ စစ်အစိုးရအလိုကျလူများသာဖြစ်ကြောင်း ဒီမိုကရေစီအင်အားစုတို့က ဝေဖန်ခဲ့သည်။ ဒေါက်တာမျိုးသန့်တင်ကမူ ဆွေးနွေးချက်များကို လွတ်လပ်စွာတင်ပြနိုင်ကြောင်း ပြောသည်။

‘‘NLD က ဆွေးနွေးတာ သိပ်မကြားရပါဘူး။ သူတို့က စည်းကမ်းချိုးဖောက်လို့ ထုတ်ခံရတာ။ ဘယ်အဆိုမဆို အစုအဖွဲ့မှာ ဆွေးနွေးတင်ပြလို့ရတာပဲ။ ပြီးတော့ အလွှာအသီးသီးကလူတွေ ပါတယ်။ အစိုးရကရွေးတဲ့လူတွေ မဟုတ်ပါဘူး။ အစိုးရ၀န်ထမ်းတို့၊ ဘာတို့တော့ ပါတာပေါ့။ ညီလာခံတက်ဖို့ဆိုတာ အပေါ်က ခေါင်းခေါက်ရွေးလို့ရတာမှ မဟုတ်တာ။ အဆင့်ဆင့်ဖြတ်သန်းရသေးတာ’’ဟု ၎င်းကဆိုသည်။ တက္ကသိုလ်မြတ်သူ၊ ဒေါက်တာမျိုးသန့်တင်တို့ ပြောသကဲ့သို့ ညောင်နှစ်ပင်ညီလာခံမှာ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးတင်ပြ၍မရကြောင်း ညီလာခံတက်ရောက်ခဲ့သော ဒီမိုကရေစီအင်အားစုများက တညီတညွတ်တည်းပြောသည်။

ဒီချုပ်သည် အခွင့်အရေးကို ဆုံးရှုံးခံခဲ့ခြင်းမဟုတ်ဘဲ။ ပြောရေးဆိုခွင့်အတွက် တောင်းဆိုရင်းကပင် အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ ညီလာခံတစ်လျှောက်လုံးတွင် ဒီချုပ်ပြောဆိုဆွေးနွေးမှုများ အရာမထင်ခဲ့။ စစ်အစိုးရအလိုကျ လူပုဂ္ဂိုလ်အများစု၏ ဆန္ဒသဘောထားများကသာ ညီလာခံတွင် လွှမ်းမိုးခဲ့သည်။

‘‘ဒီနေ့စာတင်ထားတုန်းပဲ နောက်နေ့မနက်ချက်ချင်း ညီလာခံထဲကနေ ဒီချုပ်ကိုယ်စားလှယ်ထိုင်ခုံတွေကို ဆွဲထုတ်သွားတာပဲ’’ဟု ဒီချုပ်ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။

၁၉၉၃ မှ ၁၉၉၆ အထိ ညီလာခံမှတ်တမ်းများတွင်လည်း ဒီချုပ်နှင့် တိုင်းရင်းသားပါတီများ တင်ပြဆွေးနွေးချက်များအပေါ် စစ်အစိုးရက လက်သင့်မခံဘဲ သူတို့လုပ်ချင်ရာသာ လုပ်ခဲ့သည်မှာ ထင်ရှားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

‘‘၁၉၉၆ မှာ ဒီချုပ် အမျိုးသားညီလာခံကို ဆက်မတက်တာ နိုင်ငံရေးအရ မှန်ကန်တယ်လို့ မြင်တယ်။ စစ်အစိုးရက ပြောချင်တာပြော၊ ငါတို့က ငါတို့အစီအစဉ်တိုင်းပဲလုပ်မယ်ဆိုတဲ့ သဘောပဲရှိခဲ့တယ်’’ဟု ၎င်းကပြောသည်။

‘‘ဒီချုပ်ထွက်ပြီးမှ ကျွန်တော်က ညီလာခံတက်တယ်။ နှစ်ဖက် ဘယ်သူမှားတယ်၊ မှန်တယ်တော့ သေချာမပြောနိုင်ဘူး။ ဒါပေမဲ့ ဒီချုပ်တောင်းဆိုမှုထဲမှာပါတဲ့ စာတမ်းတွေကို လွတ်လွတ်လပ်လပ် တင်ပြခွင့်မရခဲ့တာတော့ အမှန်ပဲ။  အဆိုတော်တော်များများဟာ မှတ်တမ်းအဖြစ်ပဲ ရှိခဲ့ကြတယ်။ ဘယ်လိုပဲ ဒီမိုကရေစီစနစ်နဲ့ လုပ်တယ်လို့ အစိုးရကပြောပြော ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ညီလာခံအဆင့် လုံးဝမဟုတ်ခဲ့ဘူး’’ဟု ညီလာခံသို့ ဖိတ်ကြားခံခဲ့ရသူ ကချင်အထူးဒေသ (၂)မှ ဒေါက်တာတူးဂျာကပြောသည်။

ရှစ်နှစ်ကြာရပ်နားပြီး ၂၀၀၄ တွင် ပြန်စသော ညီလာခံတွင် ဒီချုပ်တောင်းဆိုချက်များ လျစ်လျူရှုပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ကို ဖမ်းဆီးထိန်းသိမ်းထားသဖြင့် ဒီချုပ်က ညီလာခံဖိတ်ကြားချက်ကို လက်မခံတော့ပေ။

‘‘တပ်က နိုင်ငံရေးဦးဆောင်မှုမှာ ပါဝင်တယ်ဆိုတဲ့အချက်ကို ဦးအောင်ရွှေတို့က သဘောမတူလို့ထွက်တာ။ နောက်တော့ အပြင်မှာ ပါတီဝင်တွေ သဘောထားတွေညှိပြီး ဦးအောင်ရွှေတို့က ပြန်ဝင်မယ်အလုပ်မှာ ကော်မရှင်က လက်မခံတော့တာ။ ထွက်သွားလည်း အေးတယ်ဆိုတဲ့ပုံစံမျိုး လုပ်လိုက်တာ။ ဦးအောင်ရွှေတို့ ဘာမှလုပ်လို့မရဘူး ဖြစ်သွားတယ်။ ဒါကို န၀တအကြီးအကဲတွေက သတင်းထုတ်ပြန်တော့ NLD က ထွက်သွားတယ်။ နောက်ပြန်ခေါ်လည်း မလာတော့ဘူးဆိုပြီး သမိုင်းအမှားတွေကို လူငယ်တွေ ကောက်ချက်ချမှာစိုးတယ်။ အဲဒီတုန်းက န၀တအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်နဲ့ ဦးအောင်ရွှေက ပုဂ္ဂိုလ်ရေးကိစ္စတစ်ခုကြောင့် တီဗီပေါ်ကတောင် စိန်ခေါ်ခဲ့သေးတယ်။ ဒါ ပုဂ္ဂိုလ်ရေးအငြိုးတွေနဲ့ကို လုပ်ပစ်လိုက်တာ’’ဟု တပ်မတော်အငြိမ်းစား စစ်သည်တစ်ဦးက ညီလာခံတွင် ဒီချုပ်ပါဝင်ခွင့်မရခဲ့သည့်အကြောင်း ပြောကြားသည်။

ထို့ကြောင့် အခြေခံဥပဒေရေးဆွဲရန် ကမ္ဘာတွင် အရှည်ကြာဆုံးညီလာခံ ကျင်းပပြီး ဥပဒေရေးဆွဲကာ ထိုဥပဒေအတိုင်း နိုင်ငံအပြောင်းအလဲများ အကောင်အထည်ဖော်ခြင်းမှာ စစ်အစိုးရခေါင်းဆောင်အချို့၏ စနစ်တကျ အကွက်ချစီမံခဲ့သော နှစ်ရှည်စီမံကိန်းတစ်ခု ဖြစ်သည်။ ညောင်နှစ်ပင်ညီလာခံမှာလည်း ၎င်းတို့ ပြဋ္ဌာန်းလိုသောဥပဒေ ပြဋ္ဌာန်းနိုင်ရန် ကစားကွက်တစ်ခုသာ ဖြစ်ခဲ့သည်။

လက်ရှိ ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆောင်ပုဒ်ဖြင့် ရွေးကောက်ပွဲဝင်လာသော ဒီချုပ်၏ ရှေ့အနာဂတ်ခရီးလမ်းမှာ လွှတ်တော်ပြင်ပတွင် အောင်မြင်မှု အထိုက်အသင့် ရရှိထားပြီဖြစ်သည်။

၅၄ ရက်အတွင်း အခြေခံဥပဒေမှ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် အချက်ကို ပြည်သူငါးသန်းကျော်မှ လက်မှတ်ရေးထိုးထားပြီး ဒီချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့၏ ကြိုးပမ်းမှု၊ ပြည်သူငါးသန်းကျော်၏ သဘောထားကို လွှတ်တော်က မည်သို့တုံ့ပြန်မည်ဆိုသည်မှာ မကြာမီ အဖြေပေါ်တော့မည်ဖြစ်သည်။         ။
http://www.7daydaily.com/story/16834#.U9ZCULGCUTA

ဗိုလ်ချုပ်ရုပ်ရှင်ကို ပြည်တွင်းပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်


Byဇွဲဉာဏ်
No.453 Monday, July 28, 2014

 ‘‘အောင်ဆန်း’’ရုပ်ရှင်ရိုက်ကူးရေးကို ပြည်တွင်းပညာ ရှင်များဖြင့် ၂၀၁၅ ခုနှစ်တွင်စတင် ရိုက်ကူးသွားမည်ဖြစ်ပြီး ရိုက်ကူးမည့် ဒါရိုက်တာနှင့် ထုတ်လုပ်သူများကို ဇူလိုင် ၂၇ ရက်တွင်ပြုလုပ်ခဲ့သော အစည်းအဝေး၌အတည်ပြုခဲ့ကြောင်း  ဒါရိုက်တာ မင်းထင်ကိုကိုကြီးကပြောသည်။

‘‘ဒီနေ့ပဲ ဆုံးဖြတ်လိုက် တယ်၊ ပရိုဂျူဆာကို မအိအိခိုင်နဲ့ ကိုလူမင်းတွဲဖက်ပြီး တာဝန်ယူ မယ်၊ ရိုက်ကူးရေးကို ကိုယ်ရယ်၊ဝိုင်းရယ်တွဲဖက်ပြီး တာဝန်ယူမယ် ကျန်တဲ့လူတွေလည်း တာဝန်ခွဲ ဝေပြီးယူကြပါတယ်’’ ဟု ၎င်းကပြောသည်။

ယင်းရုပ်ရှင်အတွက် ဇာတ်ညွှန်းကို ပြီးခဲ့သည့်နှစ်စက်တင်ဘာလကတည်းက ပြီးစီးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး နိုင်ငံတကာ အရည်အသွေးမီရိုက်ကူးနိုင်ရန် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ခဲ့ရာ ရိုက်ကူးမည့် ဇာတ်ညွှန်းနှင့်ပတ်သက်၍ အမြင်မတူသောကြောင့် အဆင်မပြေခဲ့ကြောင်း ၎င်းကဆိုသည်။

‘‘နိုင်ငံတကာအဆင့် ထုတ်လုပ်နိုင်မယ့်ထုတ်လုပ်သူတစ်ယောက်ကိုရှာတယ်။ ပထမဆုံး ကနေဒါ၊ နောက်ပြီး ပြင်သစ်၊ အခုနောက်ဆုံး အမေရိကန် အဲဒီသံရုံးတွေနဲ့ဆက်သွယ်ပြီးရှာတဲ့အခါ ဘာတစ်ခုထင်ထင်ရှားရှားဖြစ်လာလဲဆိုတော့ ကိုယ်တို့ရေးထားတဲ့ ဇာတ်ညွှန်းအပေါ်မှာ ရှုမြင်တဲ့ပုံချင်းက မတူဘူးဖြစ်နေတယ်။ ကိုယ်တို့က ဒီဟာကို သမိုင်းအနေနဲ့ ရှုမြင်တယ်။ ဒါပေမဲ့ နိုင်ငံတကာကရုပ်ရှင်အနေနဲ့ပဲရှုမြင်တယ်’’ ဟု မင်းထင်ကိုကိုကြီးက ပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ညှိုနှိုင်းနေသည်မှာ ကိုးလကျော်ကြာမြင့်နေပြီဖြစ်သောကြောင့်ဆက်လက်ညှိုနှိုင်းနေပါက လာမည့် ၂၀၁၅ ခုနှစ်တွင် ရိုက်ကူးနိုင်တော့မည်မဟုတ်သောကြောင့် ပြည်တွင်းအနုပညာရှင်များဖြင့်သာ ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဆိုပါရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း၏ အသက် ၁၀၀ ပြည့်မြောက်သည့် ၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသနိုင်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။
http://www.7daydaily.com/story/16981#.U9ZBb7GCUTA

“ဟကောင် မင်းအရပ်သားလား၊ ရဲလား”



အရပ်သားလား၊ ရဲလား
Moe Zay Nyein

ဒီနေ့ ဂျာနယ်တစ်စောင်ပါ သတင်းတစ်ခုဖတ်ရင်း စဉ်းစားမိတယ်။ လှိုင်သာယာမှာ အမျိုးသမီးတစ်ဦးကို ရဲက အဓမ္မကျင့်တာမှာ ၀င်ကယ်တဲ့သူနှစ်ယောက်ကို ရဲကင်းပျက်စီးစေမှု၊ တာဝန်ဝတ္တရားနှောက်ယှက်မှုနဲ့ ထောင်(၁)နှစ်စီ ချတယ်ဆိုတဲ့ သတင်းပါ။ အဓမ္မကျင့်တယ်ဆိုတာတော့ ရဲသောဘာသော မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းတစ်ခုမှာ မလွှဲရှောင်သာတွေ့ရတတ်တဲ့ မှုခင်းတစ်ခုပါပဲ။ ၀င်ကူညီသူတွေ အစွဲခံရတာမှာ ရဲကင်းပျက်စီးစေမှုကတော့ ထားပါတော့။ ဒါပေသိ တာဝန်ဝတ္တရားနှောက်ယှက်မှု ဆိုတာကို စဉ်းစားလို့မရဘူး။ အဓမ္မကျင့်တာ ရဲရဲ့တာဝန်ဝတ္တရားဖြစ်နေတဲ့သဘောမျိုး အဓိပ္ပာယ်ထွက်နေတယ်။
နောက်နောင် သွားရင်းလာရင်း “ကယ်ကြပါဦးရှင့်၊ ဒီမှာ အဓမ္မကျင့်နေလို့ပါ” လို့ အကူအညီတောင်းခံရရင်တောင် ချက်ချင်းမကူညီရဲပဲ အပေါ်ကကောင်ကို “ဟကောင် မင်းအရပ်သားလား၊ ရဲလား” လို့ အရင်မေးစမ်းကြည့်ရမဲ့ပုံပဲ။

ဦးနေ၀င်းမြေးများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံသော စီစီအိုအီးစီဆိုတာဘာလဲ



Byထားထားမြင့်
No.453 Monday, July 28, 2014
http://www.7daydaily.com/story/16988#.U9Y7urGCUTA

ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်း၊ ဦးအေးနေ၀င်းတို့ သုံးဦးကို တွေ့ရစဉ် (ဓာတ်ပုံ − အေပီ)

မြန်မာ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကျဉ်းထောင်မှ လွတ်မြောက်လာသော မြေးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင် နေကြောင်း မကြာသေးမီက သတင်းမီဒီယာများအား အသိပေး ဖြေကြားခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်သူစစ် အစိုးရနှင့် ပတ်သက်နေသည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)၏ ရှယ်ယာများကို အများဆုံးဝယ်ယူ လုပ်ကိုင်သွားမည်ဟုဆိုသည်။ ၎င်းတို့ကိုတရုတ်နိုင်ငံမှ CCOEC(China  National Corporation For Overseas Economic Coop-eration) ဟုခေါ်သည့် ကုမ္ပဏီ တစ်ခုက ငွေအရင်းအနှီးထုတ်ပေး ရန် ကမ်းလှမ်းခဲ့သည်ဟု ဦးအေးနေ၀င်းနှင့်  ဧရာဝတီသတင်းဌာန တို့၏ မေးမြန်းခန်းတွင် ဖော်ပြထားသည်။

ဦးအေးနေ၀င်းတို့အား စီးပွားရေးလုပ်ကိုင်ရန် အရင်းအနှီးထုတ် ပေးဖို့ ကမ်းလှမ်းခဲ့သော တရုတ် ကုမ္ပဏီတစ်ခုဟုဆိုသည့် စီစီအို အီးစီ(CCOEC) ဆိုသည်မှာ မည်ကဲ့သို့ကုမ္ပဏီမျိုးပါလဲ။ ၎င်းတို့ကဘာကြောင့် ဦးအေးနေ၀င်းတို့အား ငွေထုတ်ပေးရန် ကမ်းလှမ်းရတာလဲဆိုသည့် မေးခွန်းများထွက်ပေါ် လာပါသည်။

အမှန်တော့စီစီအိုအီးစီကို တရုတ်ကုမ္ပဏီတစ်ခုဆိုသည် ထက် တရုတ်အစိုးရပိုင်ကုမ္ပဏီ တစ်ခုဟုပြောသည်က ပိုမှန်ကန် ပါမည်။ စီစီအိုအီးစီဖြစ်လာမည့် ထိုကုမ္ပဏီကို ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ၏ ထောက်ခံမှုအရ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် (China National Corporation For Building Materials Expor- tation) အဖြစ်စတင်တည်ထောင် ခဲ့သည်။ လက်ရှိကမ္ဘာတစ်ဝန်း နိုင်ငံ ၁၀၀ ခန့်တွင် စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက် နေသည့် ကုမ္ပဏီဖြစ်သည်။ တ ရုတ်အစိုးရ သွင်းကုန်ထုတ်ကုန် ဘဏ်က ထောက်ပံ့ထားသည့် အတွက် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည်။ ၁၉၉၃ခုနှစ်တွင် နိုင်ငံရပ်ခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်အမျိုးသား ကော်ပိုရေးရှင်း (စီစီအိုအီးစီ)အဖြစ် အမည်ပြောင်းလဲခဲ့သည်။

စီစီအိုအီးစီ၏ မူလလမ်း ကြောင်းမှာ တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်းချရန် ဖြစ်သော်လည်းနောက်ပိုင်းတွင် စွမ်းအင်ကြီးစွာ လိုအပ်နေသော တရုတ်အစိုးရ၏ ရည်မှန်းချက်ကို ဖြည့်တင်းရန် စွမ်းအင်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွားရေးလုပ်ငန်းများကိုပါ စီစီအိုအီးစီက တိုးချဲ့ဆောင်ရွက်လာ သည်။

ထိုသို့ဆောင်ရွက်လာရာ တွင် စီစီအိုအီးစီ၏ ဈေးကွက်နေ ရာရွေးချယ်မှုမှာ အထူးစိတ်ဝင် စားစရာကောင်းသည်။ များသော အားဖြင့် နိုင်ငံတကာအနောက် တိုင်းကုမ္ပဏီများ၊ အမေရိကန် ကုမ္ပဏီများ၊ ဂျပန်ကုမ္ပဏီများ သည် စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် လူ့အခွင့်အရေးပြဿ နာများ၊ အကြမ်းဖက်မှုများ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များစသော နေရာများမှ လွတ် ကင်းသော နိုင်ငံများကို ရွေးချယ် ကြသည်။ စီစီအိုအီးစီကမူ အများ နှင့် ပြောင်းပြန်ဖြစ်၏။

အကြမ်းဖက်မှု၊ လူ့အခွင့်အ ရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့အလယ်မှာ ကြဉ်ထားသည့် နိုင်ငံ များတွင်သာ စီစီအိုအီးစီက ပြိုင် ဘက်မရှိအခွင့်အရေးရယူပြီး စီး ပွားရေးလုပ်ကိုင်လေ့ရှိသည်။

ဥပမာဆိုရလျှင် အကြမ်း ဖက်မှုများဖြင့် ကျော်ကြားနေ သည့် ယီမင်နိုင်ငံတွင် စီစီအိုအီးစီ က ၂၀၁၂ ခုနှစ်၌ သဘာဝဓာတ် ငွေ့စက်ရုံသုံးရုံတည်ထောင်ရန်သဘောတူခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကာတာတက္ကသိုလ် မှ နိုင်ငံတကာလေ့လာရေးပညာ ရှင် မိုဟာမက်ဆာဖတ်ရာမတ်က ယီမင်နိုင်ငံ၏ အကြမ်းဖက်မှု သတင်းဆိုးများကြောင့် အနောက်နိုင်ငံများက ယီမင်နှင့် ဆက်ဆံရန် လက်တွန့်နေချိန်တွင် တရုတ် နိုင်ငံက ထိုဒေသတွင် ၎င်း၏အနေ အထားအားကောင်းလာရန် အခွင့်အရေးယူကြိုးပမ်းနေသည်။ စီစီ အိုအီးစီက တရုတ်အစိုးရ၏ ထို ရည်မှန်းချက်ကို ဖြည့်ဆည်းပေး သည်ဟုဆိုသည်။

ယီမင်နိုင်ငံမှ သူပုန်များ သည် အယ်လ်ကိုင်ဒါအကြမ်း ဖက်သမားများနှင့် ဆက်သွယ်မှု ရှိနေသည်ဟူသော သတင်း ကြောင့် အနောက်နိုင်ငံများက ရှောင်ရှားနေချိန် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကတော့ အား ကောင်းလာသည်။ စီစီအိုးအီးစီကလည်း ထိုဆက်ဆံရေးကို တစ်စိတ်တစ်ပိုင်းပံ့ပိုးကူညီအားဖြည့်ပေး ၏။ ယီမင်တွင် ရေနံအနည်းငယ် သာထွက်သော်လည်း လောင်စာ စွမ်းအင်အမြဲလိုအပ်နေသည့် တရုတ်နိုင်ငံအတွက် နည်းနည်းရလည်း နည်းနည်းအလျောက် အကျိုးရှိသည်။

ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည့် ယခင် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် အရှေ့ဥရောပနိုင်ငံ ဘီလာရုစ် နိုင်ငံတွင်လည်း စီစီအိုအီးစီ၏ လုပ်ငန်းများရှိပါသည်။ အထူးသ ဖြင့် စွမ်းအင်စက်ရုံများကို စီစီအို အီးစီက တရုတ်သွင်းကုန်ထုတ် ကုန်ဘဏ်၏ ပံ့ပိုးမှုဖြင့် အကောင် အထည်ဖော်နေသည်။

ထိုစက်ရုံများသည် နိုင်ငံ၏ သဘာ၀၀န်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည်ဟု ဘီလာရု(စ်) နိုင်ငံသတင်းမီဒီယာများက ဝေဖန်ပြစ်တင်ထားပါသည်။ စီစီအိုအီးစီ အပါအ၀င် တရုတ်ကုမ္ပဏီများက အကျင့်ပျက်ခြစားနေသော ဘီ လာရုစ် အစိုးရအာဏာပိုင်များ နှင့် ပေါင်းပြီး အခွင့်အရေးယူ သည်ဟုလည်း ရေးသားကြပါ သည်။

ထိုကဲ့သို့သောစီစီအိုအီးစီက မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီး သြဇာတိက္ကမကြီးသူစီးပွားရေးသမားများနှင့် စစ်အာဏာရှင်ဦးနေ၀င်း၏ မိသားစုများအတွက် ငွေအရင်းအနှီးထုတ်ရန် ကမ်း လှမ်းလာသည်ဟုဆိုသည်။

လတ်တလောတွင် အဆိုပါသတင်းက လူအများစုကို အံ့အားသင့်သွားခဲ့စေသည်။ ဦးတေဇ၊ ဦးနေ၀င်းမိသားစု၊ တရုတ်အစိုးရ၏ စီစီအိုအီးစီ ဘာတွေဖြစ် လာမလဲဆက်လက်စောင့်ကြည့်ရန်အထူးစိတ်ဝင်စရာကောင်းသည် ကတော့ အသေအချာပင်ဖြစ်ပါ သည်။

သီလရှင်ဆရာလေးလက်နဲ့ထိလိုက်ရုံနဲ့ သက်သာပျောက်ကင်း


အစိုးရရဲ့ကျမ်းမာရေးစောင့်ရှောက်မှုစနစ်ကဘယ်လောက်ကောင်လဲဆိုသုံးခွမြို့တမြို့ထဲမှာနေမကောင်းသူ၅၀၀၀လောက်နေ့စဉ်ဆရာလေး ဒေါ်သုနန္ဒာ ရေစင်နဲ့ကုတာခံဖို့တန်းစီနေရတယ်


Myit Kyoe Inn

သုံးခွမြို့ ရေလည်ကျောင်းတိုက်မှာ ဆေးလာကုပေးနေတဲ့ သီလရှင်ဆရာလေး တစ်ပါးရောက်နေပါတယ်၊၊
 ရေစင်တစ်ခွက်တိုက်ပြီး လက်နဲ့ထိလိုက်ရုံနဲ့ သက်သာပျောက်ကင်းကြလို့ ဆေးလာကုကြတဲ့ လူနာတွေက
တစ်နေ့ကို လူ ၅၀၀၀ လောက် ရှိနေပါတယ်၊၊
 မနက် ၈ နာရီကနေ ၁၁ နာရီအထိ တစ်ကြိမ် ၊ နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိ တစ်ကြိမ် ကုပေးပါတယ်၊၊
တစ်ကြိမ်ပြရင် ကိုယ့်မှာဖြစ်နေတဲ့ရောဂါ တခုပဲ ပြောရတာပါတဲ့၊၊
ဒီနေ့က ဆေးကုပေးတာ ၅ ရက်မြောက်နေ့ပါ၊၊ ၈ လပိုင်း ၃ ရက်နေ့အထိ ကုပေးမှာလို့ သိရတယ်၊၊
စကားမပြောနိင်တဲ့ အ နေသူတွေ စကားထုတ်ပြောလာနိင် ၊ လေဖြတ်နေသူတွေ လှုပ်ရှားလာနိင်တာကို
 တွေ့ရလို့ ကျနော့် မိတ်ဆွေတွေ အတွက် သတင်းကောင်း ပေးတာပါ၊၊
ဒီပုံမှာ ဆေးကုဖို့ တန်းစီ စောင့်နေကြသူတွေပါ၊၊


WannaSoe Mdy
သူနေတာက နတ်မောက်မြို့မြောက်ဘက် ၄ မိုင် အကွာက နာမ်ချွန် ကျောင်း မှာပါ ။ ဒေါ်သုနန္ဒာ ထင်တယ် ဘွဲ့က ။ အဲ့မှာဟထမင်းပါကျွေးတယ် နေစရာပါပေးထားတယ် ။ ပျောက်တဲ့လူတော်တော်များတယ် ။

ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ လူထုဆန္ဒခံယူပွဲလုပ်‌ပြီးမှလုပ်‌‌ဆောင်‌သင့်‌‌(ဗိုလ်‌မူး‌ဌေးနိုင်‌)



PR အချိုးကျ ကိုယ်စားပြုရွေးကောက်ပွဲစနစ် လုပ်မည်ဆိုပါက ပြည်သူ.ဆန္ဒခံယူပြီး
ဖွဲစည်းပုံအခြေခံဥပဒေကို အရင်ဆုံး ပြင်ဆင်ရမည်လို. တပ်မတော်သားကိုယ်စားလှယ်
မှဆွေးနွေး။
ဘယ်‌‌ရွေး‌ကောက်‌ပွဲလုပ်‌လုပ်‌ လုပ်‌လို့ရပါတယ်‌။
‌‌‌PR အချိုးကျကိုယ်‌စားပြုစနစ်‌ဟာလည်း‌မျှတတဲ့စနစ်‌ဖြစ်‌ပါတယ်‌ ဒါပေမယ့်
ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ လူထုဆန္ဒခံယူပွဲလုပ်‌ပြီးမှလုပ်‌‌ဆောင်‌သင့်‌‌ကြောင်း
ဗိုလ်‌မူး‌ဌေးနိုင်‌က ကြား‌နေသူအဖြစ်‌ ပြည်‌သူလွှတ်‌‌တော်‌မှာ‌ဆွေး‌နွေးသွားပါတယ်‌။

- Aung Gyi Dvb.

အစိုးရ သတင်းစာများ၌ ဒေါ်ခင်သန္တာ၏ ဆွေးနွေးမှုကို ထည့်သွင်းဖော်ပြခြင်း မရှိ


Khun Deerum

PRစနစ်နှင့် ပတ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို 26-7-2014 ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြရာတွင် တံတားဦးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၏ ဆွေးနွေးမှုကို ထည့်သွင်းဖော်ပြခြင်း မရှိကြောင်း တွေ့ရှိရ

တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန္တာ၏
PR နှင့်ပတ်သက်၍ဆွေးနွေးချက်
====================================
ရွေးကောက်ပွဲစနစ်ပြောင်းလဲကျင့်သုံးမှုနဲ့ပတ်သက်ပြီးတော့၂၀၁၂ခုနှစ်မှာရွေးကောက်ပွဲကော်မရှင်ဥက်္ကဋ္ဌကနေပြီးတော့တင်ပြတဲ့အချက်မှာကျွန်မတို့ပြည်ထောင်စုလွှတ်တော်နာယကကဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချိန်ကျမှ ပြင်ရမယ်ဆိုပြီးတော့ပြောသွားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်၇၅ရာခိုင်နှုန်းကျော်ရဲ့ထောက်ခံမှုနှင့်တင်မကဘဲနဲ့တစ်နိုင်ငံလုံးလူထုဆန်္ဒရယူပြီးမှသာတစ်နည်းအားဖြင့်ပြောရင် ပြည်လုံးကျွတ်ဆန်္ဒခံယူပြီးမှသာ ရွေးကောက်ပွဲစနစ်ကိုပြောင်းလဲလို့ရမယ်လို့ထင်ပါတယ်။

အခုအဲဒီဟာနဲ့ပတ်သက်ပြီးတော့တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူသိန်းငါးဆယ်ကျော်ကနေပြီးတော့မှ လက်မှတ်ထိုးဆန်္ဒတွေပြုထားတဲ့ပုဒ်မ၄၃၆ (က)မှာပါပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း၂၀၁၃ခုနှစ်အတွင်းမှာပဲစတင်ဆောင်ရွက်ရမှာသာလျှင်အချိန်လုံလောက်မယ်။စနစ်ပြောင်းလဲဖို့ကအချိန်လုံလောက်မယ်ဆိုတဲ့သဘောမျိုးဆွေးနွေးသွားခဲ့ပါတယ်။
ကျွန်မတို့ကျင့်သုံးခဲ့တဲ့ဒီင်္ဏွှဏစနစ်မှာမြို့တိုင်းမှာရှိတဲ့မဲဆန်္ဒရှင်ပြည်သူတွေကကိုယ်မဲပေးလိုက်တဲ့၊ဒါမှမဟုတ်ကိုယ်မဲမပေးလိုက်တဲ့ကိုယ်စားလှယ်အားလုံးကိုသိပါတယ်။လျှို့ဝှက်မဲပေးစနစ်ဖြစ်တဲ့အတွက်လည်းပဲကိုယ်ကဒီကိုယ်စားလှယ်ကိုမဲပေးခဲ့ရင်၊မပေးခဲ့ရင်ဆိုတာကိုလည်းပဲဒီကိုယ်စားလှယ်ကအနိုင်ရရှိသွားခဲ့တဲ့ကိုယ်စားလှယ်ကမသိပါဘူး။ဒါကြောင့်အနိုင်ရရှိသွားခဲ့တဲ့ကိုယ်စားလှယ်နဲ့တိုင်ပင်ဆွေးနွေးတင်ပြလို့ရပါတယ်။အဲဒီအတွက်ရှုံးမဲတွေဖြစ်သွားတဲ့မဲဆန်္ဒရှင်တွေရဲ့မဲဟာလုံးဝဆုံးရှုံးမှုမရှိပါဘူး။

ပြည်သူ့မဲဆန်္ဒရှင်များဆုံးရှုံးမှုလုံးဝမရှိပါဘူး။ အခုလက်ရှိအခြေအနေမှာလည်းပဲ၊ မနေ့တုန်းကအဆိုတင်သွားတဲ့အဆိုကို ကန့်ကွက်ဖို့ပြောသွားခဲ့တဲ့၊ဆွေးနွေးသွားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ပြောသလိုပါပဲ၊ ကျွန်မတို့အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအင်မတန်အရေးကြီးပါတယ်။ ကျွန်မတင်ပြလိုပါတယ်။ လွှတ်တော်အတွင်းမှာရှိတဲ့တိုင်းရင်းသားပါတီအားလုံးနီးပါး အပြင်းအထန်ကိုပဲတညီတညွတ်တည်းကန့်ကွက်နေကြပါတယ်။ လွှတ်တော်ထဲမရောက်ရှိကြသေးတဲ့တိုင်းရင်းသားပါတီတွေကလည်းလက်မခံကန့်ကွက်ကြောင်းကြားသိရပါတယ်။နောက်အချက်ကရွေးကောက်ပွဲစနစ်ကိုပြောင်းလဲကျင့်သုံးတာသည်နိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက်လား၊ပါတီများအတွက်လားဆိုတာကိုလည်းပဲသေသေချာချာ ပြန်လည်ဆန်းစစ်စေလိုပါတယ်။
ပါတီစုံဖြစ်ဖို့ဆိုရင်လည်းအခုလွှတ်တော်ထဲမှာလည်းပဲပါတီအစုံရှိပါတယ်။အဲဒီပါတီအစုံကပဲနိုင်ငံရဲ့ဒီမိုကရေစီအရေးအတွက်ရှေးရှုပြီးလက်မခံဘဲကန့်ကွက်နေကြတာပါ။နိုင်ငံရဲ့ပြောင်းလဲစဒီမိုကရေစီအစမှာအင်မတန်ရှုပ်ထွေးတဲ့ဒီလိုပြောင်းလဲတဲ့စနစ်ကိုဆွဲထုတ်ပြီးတော့မှမြေစမ်းခရမ်းပျိုးရမယ့်အခြေအနေဟာနိုင်ငံရဲ့ဒီမိုကရေစီလမ်းကိုကောက်ကွေ့အောင်လုပ်သလို ဖြစ်ပါလိမ့်မယ်။ဒီစနစ်ဟာအမတ်လောင်းများဟာဒီမိုကရေစီစနစ်ရဲ့အခြေခံမူအတိုင်းများဖြစ်တဲ့ ပြည်သူ့ရဲ့မျက်နှာကိုမကြည့်ဘဲပါတီရဲ့နေရာပေးမှုကိုရယူဖို့၊အရယူဖို့ပဲကြိုးစားကြပါလိမ့်မယ်။
ကျွန်မအနေနဲ့အလေးအနက်တင် ပြလိုတာကကိုယ့်ရဲ့မဲဆန်္ဒနယ်၊ဒေသခံ ပြည်သူအများစုရဲ့ယုံကြည်မှု၊ထောက်ခံမှုမရှိလို့ရှုံးသွားတဲ့မဲများတစ်နည်းအား ဖြင့်ပြောရင်ဒေသခံပြည်သူအများစုကလက်မခံတဲ့ကိုယ်စားလှယ်သည်ရှုံးသွားတဲ့မဲများကိုတစ်နိုင်ငံလုံးမှာစု၊ရှုံးမဲများကိုကောက်သင်းကောက်ပြီးနိုင်ငံကိုဦးဆောင်မည့်အပိုင်းမှာဝင်ထိုင်ခွင့်ပေးတဲ့ဒီစနစ်ဟာဆိုရင် ပြည်သူကန့်ကွက်ပါလျက်နဲ့မျက်နှာပြောင်တိုက်ပြီးခေါင်း ဆောင်များနေရာဝင်ထိုင်သူအဖြစ်နဲ့ ပြည်သူများကကျွန်မတို့ကိုယ်စားလှယ်များကိုဝေဖန်ကြမှာဖြစ်ပါတယ်။အခုလက်ရှိအခြေအနေမှာလည်းပဲကျွန်မတို့ရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်ကိုလည်းပဲကျွန်မတို့ ပြည်သူတွေကရွေးချယ်လို့မရပါဘူး။တရားစီရင်ရေးမဏ္ဍိုင်မှာလည်းပဲ ပြည်သူ့ဆန်္ဒမပါဘူး။အခုတစ်ခါဥပဒေပြုရေးမှာပါဒီစနစ်ကြောင့် ပြည်သူကို၊ ပြည်သူ့ကိုယ်စားလှယ်များကိုတိုက်ရိုက်မဲပေးခွင့်၊တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘူးဆိုရင်ကျွန်မတို့နိုင်ငံဟာဘာနိုင်ငံဖြစ်နေလဲဆိုတာက်္ဘာမှာချပြဖို့အင်မတန်ခက်ခဲပါလိမ့်မယ်။ဒီမိုကရေစီနိုင်ငံပါလို့ကြွေးကြော် ပြရုံသက်သက်ပဲဖြစ်နေပါလိမ့်မယ်။ နိဂုံးချုပ်အနေနဲ့တင်ပြလိုတာကတော့ဒီမိုကရေစီစနစ်မှာကျွန်မတို့အားလုံးဟာအနိုင်အရှုံးကိုရင်ဆိုင်ရဲရပါလိမ့်မယ်။ ပြည်သူရဲ့ရွေးချယ်မှုကိုသတိ္တရှိရှိ၊သိက်္ခာရှိရှိလက်ခံရပါလိမ့်မယ်။ အမြဲတမ်းအနိုင်၊အမြဲတမ်းအရှုံးဆိုတာဒီမိုကရေစီမှာရှိမှာမဟုတ်ပါဘူး။ကျွန်မတို့ရွေးကောက်ခံကိုယ်စားလှယ်များရဲ့သတ်္တိနဲ့သိက်္ခာကိုရွေးကောက်ပွဲစနစ်တစ်ခုကိုပြောင်းလဲကျင့်သုံးစေခြင်းဖြင့်အပြစ်မဟုတ်သလိုမဖုံးကွယ်ပါရစေနှင့်မဖုံးကွယ်ကြပါနှင့်လို့တိုက်တွန်းရင်းအဆိုကိုကန့်ကွက်ကြောင်းအဆိုပြုတင်ပြအပ်ပါတယ်ရှင်။

မီဒီယာသမားများဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်၍ တိုင်ကြားစာ လေးထောင်ကျော်ရှိနေ



No.453 Monday, July 28, 2014

မီဒီယာသမားများကို ဖမ်းဆီးအရေးယူမှုများနှင့်ပတ် သက်ပြီး နိုင်ငံတကာရှိ လေ့လာ စောင့်ကြည့်ရေးအဖွဲ့များနှင့်လူ့ အခွင့်အရေးအဖွဲ့အစည်းများမှ ပေးပို့လာသည့် တိုင်ကြားစာ ပေါင်းလေးထောင်ကျော်အထိရှိ လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံအ မျိုးသားလူ့အခွင့်အရေးကော်မ ရှင်ထံမှ သတင်းရရှိသည်။

‘‘အစတုန်းကတော့ တိုင် ကြားစာတွေကို ဘာသာပြန်ပြီးမှ ပြည်ထောင်စုအစိးရအဖွဲ့ကိုတင် ပြပေးတယ်။ နောက်ပိုင်းကျတော့ တိုင်စာတွေက အရမ်းများလာတဲ့ အတွက် ဒီအတိုင်းပဲလက်မှတ်ထိုး ပြီးတော့ တင်ပြလိုက်ရတာမျိုး တွေအထိဖြစ်လာတယ်’’ဟု မြန် မာနိုင်ငံအမျိုးသားလူ့အခွင့်အ ရေးကော်မရှင်အဖွဲ့ဝင်ဒေါ်စန်း စန်းက ပြောသည်။

၂၀၁၄ခုနှစ် ဇူလိုင်လ ၁၀ ရက်က ပခုက္ကူခရိုင်တရားရုံးက ယူနတီမှ အမှုဆောင်အရာရှိချုပ် အပါအ၀င် သတင်းထောက်ငါးဦး ကိုပေါက်မြို့နယ်မှ လျှို့ဝှက်ဓာ တုလက်နက်စက်ရုံဟူသော သ တင်း   ဖော်ပြခဲ့သည့်အတွက် မြန်မာအစိုးရလျှို့ဝှက်အက်ဥပ ဒေအမှတ် ၃(၁)(က)/၉ဖြင့် အ လုပ်ကြမ်းနှင့်ထောင်ဒဏ် ဆယ် နှစ်စီချမှတ်ခဲ့သဖြင့်  အဓိကတိုင်ကြားခဲ့ကြခြင်းဖြစ်ပြီး  အခြားမီဒီ ယာသမားများအား   အရေးယူ သောအမှုများကိုလည်း တိုင်ကြားခဲ့သည်။

‘‘လူ့အခွင့်အရေးအတွက်  ဆောင်ရွက်တဲ့အခါမှာ ဘာ ကြောင့်ဖြစ်တယ်ဆိုတာကိုလည်း ကြည့်ရသေးတယ်။ ဥပမာသူက မီဒီယာသမားဖြစ်ပေမယ့် ပိုင်နက် ကျူးလွန်ခဲ့တယ်ဆိုရင် လွတ် လွတ်ကင်းကင်းကာကွယ်ပေးရ တာမလွယ်ဘူး။ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေပါ တယ်’’ဟု ဒေါ်စန်းစန်းကဆို သည်။ နိုင်ငံတကာအဖွဲ့အစည်း များ၏ အစီရင်ခံစာတွင် နိုင်ငံ တော်လျှို့ဝှက်အက်ဥပဒေနှင့်အ ရေးယူခံထားရသည့်အတွက် နိုင် ငံတကာစံနှုန်းများနှင့်စိစစ်၍ ပြန် လွှတ်ပေးရန်ဖော်ပြထားသလို သ တင်းထောက်များအနေဖြင့် ဥပ ဒေဘောင်အတွင်းမှ ၎င်းတို့၏ လုပ်ပိုင်ခွင့်များကိုအပြည့်အ၀ရရှိ စေရေးနှင့် လွတ်လပ်စွာသတင်း ရယူခွင့်များရရှိရေးတို့အတွက် အစီရင်ခံစာတွင်   ဖော်ပြထား သည်။
http://www.7daydaily.com/story/16948#.U9YwdbGCUTA

ဖင်နဲ့ပါးစပ်မှားနေတဲ့သူ



ဒီမို အန်းဂရီးဘတ်

သွားလေသူ ဒေါက်တာသန်းငြိမ်း ပြောခဲ့တဲ့ ဒေါ်စု ထွက်လာလို့ သူက ပါတီကို ဖျက်သိမ်း ပါဆိုရင်
ဖျက်ပါ့မယ်ဆိုတဲ့ စကားကို ပြည်သူက ယုံစားမိလို့ ....
ခင်ဗျားတို့ဟာ ခမောက်အစွမ်းနဲ့ ၂၀၁၀ တုန်းက မဲ ဘယ်လောက်ရခဲ့သလဲ ဆိုတာကို စာရင်းမှတ်ထားပါ

ဂျေလိုတင်ပါးနဲ့ အစိတ်သားပဲ မှန်းသူ


 ကြံ့ဖွံ့ပါတီရဲ့ ၂၀၁၅ ရည်မှန်းချက်ကို ထုတ်ပြောလိုက်ပုံကတော့ အတော်ဆိုးပါသဗျာ။ ၂၀၁၅ မှာ ကြံ့ဖွံ့ အာဏာမရမှာလည်း ပူစရာမလို၊ ဒီလူထဲက ပဲ သမ္မတ ဖြစ်ဦးမှာလို့ ဆိုလိုက်တာလေ။ အဲဒီ မှာတွက်ချက်ပြပုံက “လွှတ်တော်ထဲမှာ တပ် က ၂၅ ရာခိုင်နှုန်း ရှိနေပြီ၊ ကြံ့ခိုင်ရေးက ၂၆ ရာခိုင်နှုန်းပဲ မဲနိုင်ပါစေ၊ ၂၅ ရာခိုင်နှုန်း နဲ့ ပေါင်းရင် ၅၁ ရာခိုင်နှုန်းဖြစ်ပြီပေါ့၊ ဒါဆို ကိုယ့်သမ္မတနဲ့ ကိုယ့်အစိုးရ အဖွဲ့ နဲ့ ဖြစ်ပြီပေါ့၊ မိတ်ဖက် ပါတီတွေ ထည့်တွက်ရင် ၂၆ ရာခိုင်နှုန်းက ပြေးမလွတ် ပါဘူး”ပါတဲ့။

ဒီနေရာမှာ ယူနီဖောင်းဝတ် တပ်မတော်သား ၂၅ ရာခိုင် နှုန်းဟာ ယူနီဖောင်းချွတ် သူတို့ စီနီယာဟောင်း ကြံ့ဖွံ့များနဲ့ တစ်သင်းတည်း တစ်ဖွဲ့တည်းရယ် လို့ လူတွေက အမြဲမြင်ခဲ့ကြပြီး ဒါဟာ ဟုတ်တယ်ဆိုရင် ကြံ့ဖွံ့အတွက် ရှက်စရာကောင်း လှသလို တပ်မတော်အတွက်လည်း သိက္ခာကျစရာဖြစ်ပါတယ်။ .... .....

ဦးလှဆွေ အခုပြောတဲ့လေသံက ငါးစိမ်းသည်တစ်ယောက်က ““ဒီမှာ၊ ဒီဈေးမှာ ငါ တစ်ယောက် တည်းရောင်းဖို့ စည်ပင်နဲ့ ညှိထားပြီးသား၊ ငါ့ဆီမှ မ၀ယ်ရင် မရဘူး၊ ငါ့ဆီမှာ ၀ယ်ရင်လည်း အစိတ်သား အလေးခိုးထားတဲ့ ချိန်ခွင်နဲ့ပဲ ရောင်းမှာ၊ နင် ၅၀ သား ၀ယ်ရင် ငါအဆစ်ထည့်မှ နင် ၂၆ ကျပ်သားပဲ ရမယ်၊ ၀ယ်ချင်ဝယ်၊ မ၀ယ်ချင်နေ၊ မကျေနပ်ရင် တိုင်ချင်ရာတိုင်” လို့ ပြောတဲ့ လေသံပေါက်နေတယ်လို့ ခံစားရပါတယ်။

ဆရာရီနေနိုင်၏
ဘီလူးသဘက်ကြားက ဘူးလက် (သို့မဟုတ်) ဂျေလိုတင်ပါးနဲ့ အစိတ်သားပဲ မှန်းသူ

ဒီနေ့ကာတွန်း