Sunday, August 3, 2014

ဒေါ်စုရဲ့သားကြီးဟာ မမိုင်းမိုင်း နှုင့်တရားဝင်ပေါင်းသင်းနေထိုင်လျှက်ရှိ



ဒေါ်စုရဲ့သားကြီးဟာ အမေရိကန်ပြည်တောင်စုမှာနေထိုင်တဲ့အငြိမ်းစား မြန်မာစာ ပါမောက္ခ
ဟောင်း ဦစောထွန်း+ဒေါ်စန္ဒာတို့ ၏ သမီး မမိုင်းမိုင်း နှုင့်တရားဝင်ပေါင်းသင်းနေထိုင်လျှက်ရှိပါသည်၊၊

ဦးစောထွန်းမိသားစုမှာ မိတ္ထီလာခရိုင် မလှိုင်မြို့ အမှတ်(၅)ရပ်ကွက်ဇာတိဖြစ်ပြီး မိရိုးဖလာဗုဒ္ဓဘာသာဝင်
များဖြစ်ကြပါသည်၊၊

မမိုင်းမိုင်း

အဖိုး=စာရေးဆရာ ဦးသန်းမောင်

အဖ= ဦးစောထွန်း(အငြိမ်းစား)

မြန်မာစာ ပါမောက္ခ

ဖုန်း+1815-501-5014

အမိ=ဒေါ်စန္ဒာ

ဖုန်း+1815-501-1296

အမေရိကန်ပြည်တောင်စု ၊၊

By Sitt Phyu

အာရှတိုက်နိုင်ငံများသို့ခြေဆန့်လာသော EBOLA (သို့) သေမင်းဗိုင်းရပ်


အာဖရိကတိုက်အလယ်ပိုင်းဒေသတွင် အခြေခံဖြစ်တည်လာသည့် အီဗိုလာ ဗိုင်းရပ် သည် ယခုအခါ အမေရိက ၊ ဥရောပ ၊ အာရှသာမက ၊ အရှေ့တောင်အာရှရှိ ဖိလစ်ပိုင်နိုင်ငံထိတိုင်အောင် ကူးဆက်လာသောအခါ ကမ္ဘာ့နိုင်ငံများသည် အထူး ကြော်ငြာချက်များ ထုတ်ပြန်ပြီး အီဗိုလာ ဗိုင်းရပ်အား တားဆီးရန် စတင် တာဆူနေပြီဖြစ်သည် ။

ထိုအသို့ တားဆီးရန် ကြိုးစားနေချိန်တွင်ယနေ့မလေးရှားအစိုးရမှလည်း နိုင်ငံတွင်း အီဗိုလာ ဗိုင်းရပ် တွေ့ရှိခဲ့ပါက ဖြေရှုင်းရန် အဆင်သင့်ပြင်ဆင်ပြီဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်ကြော်ငြာခဲ့သည်။

သို့ကြောင့် မလေးရှားရောက်မြန်မာနိုင်ငံသားမျာသာမက အားလုံးသိရှိရန် ဤသတင်းအား ဆောင်းပါးအနေဖြင့် ဘာသာပြန်တင်ဆက်သည် ။ အောက်ပါ အီဗိုလာ ဗိုင်းရပ်အကြောင်း သေချာစွာဖတ်ရှုပါ ။

၁.EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ
-------------------------------------------------------
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။ ရောဂါ ကူးဆက်ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ် ရောပိုးဖြစ်သည် ။

အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက် ၊ ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်တွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင် ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။ ၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည် ။

အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာ အလွန်ကံကောင်းသည်ဟုဆိုရမည် ။ ၄င်းသည် တုတ်ကွေးကဲ့သို့ ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။

သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။

ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။

ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာ ၊ ထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီး ဆက်တိုက် ပျံ့ပွားသွားမည်ဖြစ်သည် ။

ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်း သေဆုံးမည်ဖြစ်သည် ။

၂. ရောဂါလက္ခဏာတွေကဘယ်လိုလဲ
----------------------------------------
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း ၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည် ။

ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်းး စသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံး စေမည်ဖြစ်သည် ။

ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊ အိပ်ယာ တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့် အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။

ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါက မည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။

၃ ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ
--------------------------------------------
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့် ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်အမြန် ကူးဆက်လျှက် ရှိသည် ။

အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ ၁၂၀၀ ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည် ။

ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည် အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည် ။

အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကို ယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။

ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်း ယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည် အဆိုပါ အီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် ။

၎. မလေးရှားတွင် ကူးစက်နေပြီလား
---------------------------------------
မလေးရှားတွင်ရောဂါလက္ခဏာ တွေ့ရှိမှုမရှိသေးပါ ၊ သို့သော် မလေးရှားသည် အာဖရိက နိုင်ငံသား များ ဝင်ရောက်မှုများသောကြောင့် တွေ့ရှိလာပါက ဖြေရှင်းကိုင်တွယ်ရန် အသုံးအဆောင်များ ၊ လိုအပ်သော ကရိယာများကို ယခု ပြင်ဆင်ထားပြီဖြစ်ကြောင်း ယနေ့ည သတင်းများတွင် တင်ဆက်သွားခဲ့သည် ။

အီဗိုလာသည် နိုင်ငံခြားသိုကူးစက်နှုန်း အလွန်နည်းသည် ၊ သို့သော် ကူးပြီဆိုပါက ထိန်းချုပ်ရန် နည်းလမ်း မှာ အားလုံးပိတ်ဆို့ပစ်ရန်သာ ရှိတော့သည် ။ သို့ကြောင့် လုံးဝမကူးရန် ကာကွယ်ထားရန်ဖြစ်ပြီး လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ် The International Civil Aviation Organization (ICAO) သည်လည်း ဆွေးနွေးဆောင်ရွက်နေရပြီဖြစ်သည် ။

၅. ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ
------------------------------------------------------
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည် ။

အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။ ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာသည် ။

အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။

Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာ သေဆုံးခဲ့ပြီးဖြစ်သည် ။

အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။

အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည် ။

Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။

Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY, လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည် ။ ထိုမျှမက ယနေ့ ၃၁.၇.၂၀၁၄ တွင် Ebola ရောဂါဖြစ်ပွားရာနိုင်ငံများသို့ ပျံသန်းသည့်လေကြောင်းလိုင်း ၃၅ လိုင်းတိတိ ရပ်တံထားရပြီဖြစ်သည် ။

အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့် ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည် ။

လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသော ရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအား ထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်ပြီဖြစ်သည် ။

ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့် နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်ထုတ်ပြန်ခဲ့ရပြီဖြစ်သည် ။

----------------------------------------------------------

အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်း နှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ ၊ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာနက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာ မလေးရှားရောက်မြန်မာများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။

ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာ သူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြရန် မလေးရှားရောက်မြန်မာများ facebook စာမျက်နှာမှ အထူး တိုက်တွန်းသည် ။

ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည်

မလေးရှားရောက်မြန်မာများ facebook
www.facebook.com/mmrinmy

Sources : WHO , AFP , BBC , CNN , THESTAR , VOA

ကို မင်း

အီဘိုးလာ ဗိုင်း၇ပ်စ် ဘယ်ကလူကိုကူးသလဲ။
အာဖ၇ိကန်တွေဟာ အစာအာဟာ၇အလို့ငှါ
တောတွင်းသား လင်းနို့၊ ဒ၇ယ်၊ ဖြူးကောင်၊
မျောက်၊ မျောက်ဝံ တွေကို
အမဲလိုက် စားသောက်၇ာက တိ၇ိစ္ဆာန်ဗိုင်း၇ပ်စ်ဟာ
လူတွေကို ကူးစက်ခဲ့ပါတယ်။

နောက်ဆုံး အာဖ၇ိကန်တွေ အကူးများတာ
သူသေကို ပွေ့ဖက် နမ်းရှုံ့ပြီး နုတ်ဆက်ကြတာ။
လူနာ လူသေထိပီး ၂၇က်က ၂၁၇က်တွင်း
ကူးစက်တာ ပြပြီ။
အာ့ကြောင့် လူနာ လူသေ
အသားမထိနဲ့
ဘာအရည်မှ မထိနဲ့
လုံးဝမထိနဲ့လို့
တားတာ။

အ၇ည်=သွေး ချွေး အံဖတ် အီး သေး တံတွေး သုတ်
blood, sweat, vomit, feces, urine, saliva or semen

ဆက်စပ် သိစ၇ာ။
၂၀၇ာစု အဆိုးဝါးဆုံး AIDS ပိုးဟာလဲ အာဖ၇ိကန်တွေ
တောတွင်း မျောက်၊ မျောက်ဝံတွေကို ဖမ်းပြီး လိင်ဆက်ဆံတဲ့အတွက်
AIDS တိ၇ိစ္ဆာန်ဗိုင်း၇ပ်စ်ဟာ လူကို ကုးစက်ခဲ့ပါတယ်။
 အဲ့နောက် ယောက်ျားခြင်း လိင်ဆက်ဆံသူတွေ၊ အဲ့ကတဆင့်
လူသားထုတ၇ပ်လုံးဆီ ကူးစက်ခဲ့ပါတယ်။

အချုပ်ကတော့မတ၇ားလောဘရှိတဲ့အချို့လူတွေ မချုပ်တည်းနိုင်တဲ့
အလိုလောဘအတိုင်းမတ၇ားစွါနဲ့ လူသားထုတ၇ပ်လုံးက
ပြန်ပေးဆပ်ကြ၇တာလို့ မြင်မိတယ်။

မျက်စေ့မမြင်တဲ့ နာမကျမ်းဖြစ်နေတဲ့အကျဉ်းသားတွေ ထုတ်ခိုင်း



Nay Myo Linn

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က ဂယ်လောင် ရဲဘက်အကျဉ်းစခန်းမှာ အကျဉ်းဦးစီးအရာရှိ ဦးစိုးနိုင်က သူ့ကိုယ်ပိုင်အလုပ်တွေမှာ အကျဉ်းသားတွေကို လူမဆန်စွာခိုင်းနေပါသတဲ့။ ဘယ်လောက်ထိခိုင်းလဲဆိုရင် မျက်စေ့မမြင်တဲ့ အကျဉ်းသားတွေ နာမကျမ်းဖြစ်နေတဲ့ အကျဉ်းသားတွေကိုတောင် ထုတ်ခိုင်းပါသတဲ့။ အဲလို ကျွဲခိုင်းနွားခိုင်းခိုင်းပေမယ့် ကျွေးတဲ့အစားအစာကလည်း ခွေးစာထက်တောင်ညံ့ပါသေးတယ်။ အကျဉ်းသားတယောက်ကို အရပ်ထဲက အလုပ်တွေခိုင်းရင် အလုပ်ရှင်က တနေ့ကို နေ့စားခ ၃ထောင်ပေးပေမယ့် အကျဉ်းသားတွေမှာ ဘာမှမခံစားရဘူးဖြစ်နေပါတယ်။ အောက်ကပုံတွေသာ ရှုစားကြပါကုန်။

''လျင် လိုက်တာ အ မေစု ရယ်''

r

=====================

29/7/2014 ပြည်သူ့ လွှတ်တော်၌ PRစနစ်နှင့်
ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဆွေးနွေးကြသည်တွင်
PRစနစ်ကိုလက်ခံကျင့်သုံးရန် ဦးအောင် ဇင် က ဆွေး
ခဲ့ပြီး ကန့် ကွက်သူနှင့်ထောက်ခံသူ အားပြိုင်နေရာ..
ပြည်သူ့ လွှတ်တော်ဥက္ကဌက

'ယခုကိစ္စသည်အလွန်
ကျယ်ပြန့် ပါသောကြောင့် လွှတ်တော်မှအဆုံးဖြတ်ပေး
ရန်အခက်အခဲရှိပြီး'တတ်သိနားလည်သူပညာရှင်များ
နှင့်တစ်ကွ ပြည်သူ့ ဆန္ဒကိုလည်းထည့်သွင်းစဉ်းစားဖို့ 
လိုအပ်ပါ၍' ကော်မရှင်တစ်ခုဖွဲ့စည်းပြီးဆုံးဖြတ်မည်ဖြစ်၍
လွှတ်တော်ကို သဘောတူမတူမေးမြန်းခဲ့သည်'

ဤနေရာအထိ လေးစားမှုနှင့်အတူလွှတ်တော်ဥက္ကဌ၏
ဆုံးဖြတ်ချက်ကိုလေးစားမိသည်'

သို့သော် ....စက္ကန့်ပိုင်းအတွင်းမှာပင်
ရာသီဥတုကရုတ်ချဉ်းပြောင်းလဲသွား၏။

အံ့သြခြင်းနှင့်အတူ နားထင်ကြောတွေထောင်တက်လာ
သလိုခံစားလိုက်ရသည်...။

သြော်..ယောင်္ကျားကြီးတန်မဲ့
နဲ့ဟူသောအ တွေးပါဝင်ရောက်သွားတော့သည်..။

ဖြစ်ပုံကဒီလိုပါ

အဆုံးဖြတ်ရခက်သောကြောင့် ကော်မရှင်
ဖွဲ့၍ဆုံးဖြတ်မည်ဖြစ်ကြောင်းပြောပြီး ..လွှတ်တော်ကို
သဘောတူမတူမေးမြန်းပုံမှာ သြချ ဖို့ ကောင်း၏..

''PRစနစ်ကျင့်သုံးရန် ကိစ္စနှင့်ပတ်သက်၍ ကော်မရှင်
ဖွဲ့၍ဆုံးဖြတ်မည်ဖြစ်သော ကြောင့် ဦးအောင် ဇင် ရဲ့
အဆိုကို လွှတ်တော်မှသ ဘောတူပါလားခင်ဗျား''

...၃ ကြိမ်မေးမြန်းရာ သ ဘောတူပါတယ် ဟူသော
အသံကြီးကိုကျယ်လောင် စွာကြားလိုက် ရသည်
ကန့် ကွက်မဲ့သူရှိပါသလားခင်ဗျားဟုမေးပြီး .ထောက်
ခံကြောင်းအတည်ပြုမည်အလုပ်တွင်...

အမေစုသည်...
မတ်တပ် ရပ်လိုက်ပြီးကန့် ကွက်လိုက်သည်..။

အမေစုမတ်တပ်ရပ်လိုက်သည်နှင့် အခြားကိုယ်စားလှယ်အ
တော်များများနှင့်အတူ တပ်မတော်သားကိုယ်စားလှယ်
၃ဦးကပါ ထ၍မတ်တတ်ရပ်ပြီးကန်ကွက်သည်
ကြည့်ရသည့်မြင်ကွင်းမှာ ..အနည်းအငယ်
ရုတ်ရုတ်သဲသဲဖြစ်သွားသည်...။

ဘာကြောင့်မှန်းမသိရ 'တပ်မတော်သား ၂ဦးသည်
 လွှတ်တော်ကိုယ်စားလှယ်များအကြားရှိနေရာ
ကွတ်လပ်သို့ ထွက်ပြီးမတ်တပ် ရပ်နေသည်။

မည်သည့်ပါတီကဟု မသိရသော အရပ်သားလွှတ်
တော်ကိုယ်စားလှယ်တစ်ဦးမှလည်း လွှတ်တော်ကိုယ်
စားလှယ်များအကြားရှိလူသွားလမ်းသို့ ထွက်လာပြီး
စာအုပ်တစ်အုပ်ကိုင်ပြီး ဘောပင်ဖြင့်ရေးလိုက်
ဘယ်ကြည့်လိုက် ညာကြည့်လိုက်ဖြင့် ဘာတွေလိုက်မှတ်နေသည်မသိပါ'။

ဤမြင်ကွင်းကိုကြည့်နေစဉ် ကင်မရာကို
ရှေ့ပြီးမြင်ကွင်းကို ပြောင်းပစ်လိုက်သည်'

''အမစုကလွှတ်တော်ဥက္ကဌကို မေးမြန်းသည်မှာ
ဥက္ကဌကြီး မေးသွားခဲ့တဲ့ သဘာတူ မတူဆိုတဲ
့မေးခွန်းဟာ 'PR စနစ်ကျင့်သုံးတာနဲ့ကော်မရှင် ဖွဲ့တာ
ဘယ်ဟာကို သဘောတူမတူ မေးမြန်းတာဖြစ်ကြောင်း
မရှင်းလင်းတဲ့အတွက်ပြန်လည် မေးမြန်းပါရန်နှင့်...
ကျွန်မတို့ကလည်း ဘယ်ဟာကို တိတိကျကျမေးမှန်း
မသိပဲနဲ့ ထောက်ခံခြင်း ကန့်ကွက်ခြင်းလုပ်ဖို့ အလွန်
ခက်ပါတယ်''

ဟူ၍ပြောလိုက်ရာ လွှတ်တော်ဥက္ကဌသည်အမူအရာ
ပျက်သွားသည်အထိ ရှိုးတိုးရှန့် တန့် ဖြစ်သွားသည်'

ဦးအောင်ဇင်တင်သွင်းသော အဆို၌ PR စနစ်ကို
ကျင့်သုံးသင့်ကာင်းအဆိုသာပါ၍' ကော်မရှင်ဖွဲ့ရန်ကိစ္စမှာ
ဥက္ကဌ၏ ပြန်လည်တင်ပြချက်ဖြစ်သော်လည်း 'ကော်မရှင်
ဖွဲ့စည်းဆုံးဖြတ်ရန် ဦးအောင်ဇင်မှတင်သွင်းသည်ဟု
မလိမ့်တစ်ပတ် ပြောပြီး 'အောက်ပါတိုင်းမေးမြန်းသည်။
သေချာစွာဖတ်ကြည့်ကြပါ...အနည်းငယ် ရှုတ်ပါသည်။

''ယခု ကိစ္စနှင့်ပတ်သက်ပြီး ကော်မရှင် ဖွဲ့ပြီးဆုံးဖြတ် ရ
မှာဖြစ်တဲ့အတွက်.... ဦးအောင်ဇင်ရဲ့အဆိုကိုလက်ခံ
ပါသလားခင်ဗျား''ဟူ၍ဖြစ်သည်

ဦးအောင်ဇင်က PR ကျင့်သုံးရန်ပဲတင်ပြတာဖြစ်သည်။
ကော်မရှင် ကိစ္စ'လုံးဝမပါ ပါ။
'
အဲဒါကိုနားမလည်ပဲ အပေါ်ယံနားထောင်ပြီး
ထောက်ခံလိုက်ပါက PR စနစ်ကျင့်သုံးတာ
ကိုလွှတ်တော်က ထောက်ခံပေးသည်ဟူသော
အကွက်သို့ ရောက်အောင်ဖန်တီးလိုက်ခြင်းဖြစ်သည်။

အလွန်အရေးကြီး၍တစ်ကွက်
အမှားမခံနိုင်သောအခြေအနေဖြစ်သည်
ထိုအခါ လွှတ်တော်ဥက္ကဌသည်အနည်းငယ် ရှက်သွား
ဟန်ဖြင့် ဦးအောင်ဇင်သို့ ကြည့်ကာလှမ်းပြောသည်
ကော်မရှင် ဖွဲ့ရန်ကိစ္စ သည်ဦးအောင် ဇင် တင် သွင်း
သောအဆို၏ နောက်ဆုံးအပိုဒ်၌ပါပြီးဖြစ်၍ ပြန်လည်
ဖတ်ကြားပြရန်ပြောပြီး 'အသံဖိုင် ပါပြန်ဖွင့် ပါဟုပြော
သည်' သို့ သော်အင် မတန်ရီစရာဖြစ်သွားသည်'

ဦးအောင်ဇင်က ထိုစာရွက်စာတမ်း ပါမလာပါဟုပြော
ပြီး ဘယ်ကြည့် လိုက် ညာကြည့် လိုက်နှင့် က လေး
တစ်ယောက် အမူအယာမျိုးဖြင့်မချိသွားဖြဲ ပုံစံလုပ်နေ
သည်'အသံဖိုင် ကို လည်းပြန်ဖွင့်မပြပါ။

လွှတ်တော်ဥက္ကဌပြောတာက ဦးအောင်ဇင်
အခုတင်သွင်းတဲအဆိုရဲ့နောက်ဆုံးအပိုဒ်မှာ
ကော်မရှင် ဖွဲ့ပြီး ဆုံးဖြတ်ပေးရန်ပါတယ်လို့ ပြောပြီး'
အဲဒီ ဦးအောင်ဇင် ကို ပြန်လည်ဖတ်ကြားခိုင်းတော့ 
စာရွက်စာတမ်းပါမလာခဲ့ပါတဲ့.,။

ရှက်တတ်တဲ့သူဆိုလျင် နေရာမှာလဲသေသွားလောက်
အောင်လူမိသွားခြင်းဖြစ်သည်။

အမေစု၏မျက်နှာမှာလည်း....ယောင်္ကျားကြီးတွေတန်
မဲ့နဲ့...ဟူသော အတွေး ဝင် သွားသည်လားမသိပါ
ခံပြင်းခြင်း' ရွံရှာခြင်း'အထင်သေးခြင်း'ဒေါသထွက်ခြင်း
ဟူသောပုံရိပ်ကိုအထင်းသားတွေ့မြင်နေရသည်..။

ထိုကဲ့သို့ အခြေအတင်ဖြစ်နေစဉ် No Signalဟူ
သောစာတန်းပေါ်လာပြီး အကျင့်ယုတ်ပါတော့သည်
ကြည့်မရတော့ပါ sky net တွင်ဖြစ်လားမဖြစ်လား
တော့မသိပါ ကျွန်တော်က digital box ဖြင့်ကြည့်
တာဖြစ်ပါသည်။ ။

အမေစုသာအကွက်မစေ့ပါကဤအဆို တစ်ချက်
တည်းဖြင့်ရှင်းရန်အလွန်ခက်သွားလိမ့်မည်ဖြစ်သည်
..

.သြော်...သြချ ရလောက်တဲ့ယောင်္ကျားရင့်မ ကြီး
တွေပါလားဗျာ... ။
 Kyaw Kyaw Soe

ဒီနေ့ကာတွန်း

ဘင်္ဂါလီကို တိုင်းရင်းသားဖြစ်ခွင့်ပေးရန် ပြောခဲ့သည့် ကုလလူ့အခွင့်အရေးကိုယ်စားလှယ်သစ်၏ ကြေညာချက်ကို အစိုးရကန့်ကွက်



Byအေးသူစံ
No.459 Sunday, August 3, 2014
http://www.7daydaily.com/story/17427#.U946lmPjySo

ဘင်္ဂါလီများကို ၁၉၈၂နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ စိစစ်၍ ခွင့်ပြုပေးလျက်ရှိသည် (ဓာတ်ပုံ−လင်းဘိုဘို/အီးပီအေ)

 မြန်မာ့သမိုင်းတွင် မည် သည့်အခါကမှမရှိခဲ့သော ရိုဟင် ဂျာစကားလုံးကို သုံးနှုန်းခဲ့ပြီး ဘင်္ဂါလီများကို တိုင်းရင်းသား၊ နိုင်ငံသားဖြစ်ခွင့်ပေးရန် ပြောဆို ခဲ့သည့် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်၏ သတင်း ထုတ်ပြန်ချက်မှာ လက်ခံနိုင်ဖွယ် မရှိကြောင်း မြန်မာအစိုးရက တုံ့ ပြန်ပြောကြားလိုက်သည်။

ထို့အပြင် ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့်ဥပဒေတွင် ၁၈၂၃ မတိုင်မီကတည်းက နိုင်ငံတွင်း အမြဲတမ်းအခြေချနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသာ မြန်မာနိုင်ငံသားဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန က ဇူလိုင် ၃၁ ရက်စွဲဖြင့် ထုတ် ပြန်ကာ ရန်ဟီလီ၏ သတင်းထုတ် ပြန်ချက်ကို တုံ့ပြန်ခဲ့သည်။

‘‘သူက ဘင်္ဂါလီတွေကို တိုင်းရင်းသားဆိုပြီး အသေစွဲကိုင် ပြီးပြောသွားတာ။ ကျွန်တော်တို့ က ဥပဒေအတိုင်း ၁၈၂၃ နောက် ပိုင်းရောက်လာပြီး တတိယမျိုး ဆက်အထိရောက်လာရင် နိုင်ငံ သားလျှောက်ခွင့်ပေးထားတယ်။ ဒါပေမဲ့ တိုင်းရင်းသားနဲ့ နိုင်ငံသား က မတူဘူး။ ၁၈၂၃ နောက်ပိုင်းမှ ရောက်လာသမျှ ဘင်္ဂါလီကို တိုင်း ရင်းသားလို့သတ်မှတ်ရင် သူတို့နဲ့ အတူတူရောက်လာခဲ့တဲ့ တရုတ် လူမျိုးတွေ၊ အိန္ဒိယကရောက်လာ သူတွေကပါ တိုင်းရင်းသားပါလို့ ပြောလာရင် ဘယ်လိုလုပ်ကြ မလဲ’’ဟု သမ္မတ၏ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြား သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့် အရေးအခြေအနေကို အစီရင်ခံ စာတင်သွင်းသူ ကုလကိုယ်စား လှယ်မစ္စရန်ဟီလီ  မြန်မာနိုင်ငံ သို့ ၁၀ ရက်ကြာလာရောက်သည့် ခရီးစဉ်အဖြစ်    သတင်းထုတ် ပြန်ချက်တွင် မြန်မာနိုင်ငံ၏ စီး ပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေးတိုးတက်ပြောင်း လဲမှုများကို အသိအမှတ်ပြု ကြောင်းနှင့် တစ်ချိန်တည်းတွင် နောက်ကြောင်းပြန်လှည့်စေမည့် စိုးရိမ်ဖွယ်အခြေအနေများကို စိစစ်ဟန့်တားရန်လိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အမျိုးသားရေးနှင့် ဘာသာရေးအကြောင်းပြုဥပဒေ ကြမ်းများကို ရုပ်သိမ်းရန်လိုလား ပြီး သတင်းမီဒီယာကို အရေးယူ သည့်တရားစီရင်ရေး၊ လွတ်လပ် စွာထုတ်ဖော်ပြောကြားခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်တို့ သုံးသပ် ပြင်ဆင်ရန်လိုကြောင်းနှင့် ရိုဟင် ဂျာဟု သုံးနှုန်းပြောဆိုခြင်းမှာ ကုလသမဂ္ဂ၏ Agenda ထဲတွင် တရားဝင်ပါသည့်အသုံးအနှုန်းကို သုံးစွဲခြင်းသာဖြစ်သည်ဟု ဆို သည်။

‘‘အင်္ဂလိပ်က နှစ်ပေါင်း ၁၂၄ နှစ် ကိုလိုနီလုပ်ခဲ့စဉ်မှာ အင်္ဂလိပ်အစိုးရကောက်တဲ့သန်း ခေါင်စာရင်း၊ ဂေဇက်လို့ခေါ်တဲ့ အစီရင်ခံစာမှာရော ထုတ်ပြန် ချက်တွေမှာပါ တရားဝင်ရိုဟင် ဂျာလို့သုံးခဲ့တာ တစ်ခုမှမရှိဘူး။ ဒါအထောက်အထားတွေလည်းရှိ တယ်။ ဒီရိုဟင်ဂျာက ကုလ Agenda ထဲဝင်သွားတာ ၁၉၉၃-၉၄ လောက်မှာ ပြည်ပရောက် နိုင်ငံရေးအသုံးချသူတချို့    လုပ် သွားတဲ့ကိစ္စကြောင့်ပဲ’’ဟု ဦးရဲ ထွဋ်က ပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း ရိုဟင်ဂျာဆိုသော အသုံးအနှုန်း မှာ မြန်မာ့သမိုင်းတစ်လျှောက် လုံးဝမရှိခဲ့ကြောင်း ၎င်း၏ပြည်ပ ခရီးစဉ်များတွင် မကြာခဏထုတ် ဖော်ပြောကြားခဲ့သည်။

လက်ရှိရခိုင်ပြည်နယ်တွင် ဘင်္ဂါလီအများစုနေထိုင်သော ဒေသနှစ်ခုတွင် ၁၉၈၂ ခုနှစ် နိုင်ငံ သားဖြစ်ခွင့်ဥပဒေနှင့်အညီ စိစစ် ခြင်းလုပ်ငန်းများကို စတင်ဆောင် ရွက်နေသည်။
http://www.7daydaily.com/story/17427#.U946lmPjySo