Monday, August 4, 2014

Canadian Polley Scott 's tattoo got deportation in Myanmar


Mr Polley Jason Scott  arrived to burma with his asian wife from Hong kong on
July 27 with visit visas .
When he arrived to famous lake Inlay someone found Buddha tattoos on the
leg and posted on facebook and got a lot of commends.Myanmar is a country
 with 92% of Buddhism.
On August 2, regional authorities sent him back to Yagon airport and  he got
deportation.
A few months ago ,  a NGO's woman also got deportation because she did take off
and hiding Buddha flat in Rakhine state.
There were also two simmilar cases of Sri Lanka because of Buddha tattoos a year ago.
It is only happened to single tourists and never happen to Package Tour.

လှိုင်သာယာမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားခဲ့သည့် CCTV မှတ်တမ်း Video file ကူးယူဖော်ပြခြင်း မပြုပါရန်


Yangon Police

လှိုင်သာယာမြို့နယ်ရှိ လ္ဘက်ရည်ဆိုင်၌ ခိုက်ရန်ဖြစ်ပွားခဲ့သည့် CCTV မှတ်တမ်း Video file အား လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြလာခဲ့ရာ ၎င်းအမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှဆောင်ရွက် ထားရှိမှုအားသိရှိစေရန်နှင့် နောင်တွင် အလားတူ မှတ်တမ်းများကို ကူးယူဖော်ပြခြင်း မပြုပါရန် မေတ္တာရပ်ခံခြင်း

ရန်ကုန်၊ သြဂုတ် ၎

၉.၆.၂၀၁၄ ရက်နေ့ ၂၂၃၀ အချိန်တွင် လှိုင်သာယာမြို့နယ်၊ ဗိုလ်အော်ကျော်လမ်းရှိ လ္ဘက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့သော ခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ၎င်းဆိုင်ရှိ CCTV မှ မှတ်တမ်း Video file အား လူမှုကွန်ယက် စာမျက်နှာများတွင် ဖော်ပြခဲ့သဖြင့် ပြန့်နှံ့လျက်ရှိသည်ကို တွေ့ရှိရပါသည်။

၎င်းခိုက်ရန်ဖြစ်ပွားမှုတွင် ကိုသန်းဇော်ဦးမှာ ဓါးဖြင့်ထိုးခံရ၍သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးတွင် ပေါက်ပြဲဖူးရောင် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ပြစ်မှုကျူးးလွန်သူများကို လှိုင်သာယာမြို့မရဲစခန်း (ပ)၈၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂/ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်သော လှိုင်သာယာမြို့နယ်နေ ဖြိုးကိုကို၊(၁၈)နှစ်၊ (ဘ)ဦးခင်သန်း၊ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊(၁၈)နှစ်၊ (ဘ)ဦးမြင့်ဌေး၊ မျိုးဇော်၊ (၂၄)နှစ်၊(ဘ)ဦးတင်ဝင်း၊ အရှည်ကြီး(ခ)နိုင်လင်းထွန်း၊(၁၇)နှစ်၊(ဘ)ဦးတရုတ်ကြီး၊တင်မောင်မျိုး၊ (၁၃)နှစ်၊ (ဘ)ဦးမျိုးတင့်တို့(၅)ဦးအား ၁၀.၆.၂၀၁၄ ရက်နေ့ ၀၃၁၀ အချိန်တွင် အခင်းဖြစ်ပွားပြီး (၅)နာရီ အတွင်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီးဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း ၁၀.၆.၂၀၁၄ ရက်နေ့တွင် Yangon Police လူမှုကွန်ယက် စာမျက်နှာမှ သတင်းထုတ်ပြန်ပေးခဲ့ပါသည်။

အမှုမှဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများအားစစ်ဆေးရာ ခိုက်ရန်ဖြစ်ပွားစဉ် ငြိမ်းချမ်း(ခ) သက်မောင်မောင်မှ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်လူများမှ ၀ိုင်းဝန်းထိုးကြိတ်ကာ ဓါတ်ဘူး၊ ပန်းကန်လုံးများဖြင့် ရိုက်နှက်၊ ပစ်ပေါက်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးပေါ်ပေါက်ချက်များအရ မြောက်ပိုင်းခရိုင်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက်တောင်းခံခဲ့ပြီး အကြံပြုချက်နှင့်အညီ ပြစ်မှုပုဒ်မ-၃၀၂/၃၂၃/၁၁၄ဖြင့် ၁၈.၇.၂၀၁၄ ရက်နေ့တွင် ပြစ်မှုကျူးလွန်သူ ငြိမ်းချမ်း(ခ)သက်မောင်မောင်၊ မျိုးဇော်နှင့် ဖြိုးကိုကိုတို့(၃)ဦးအား ရဲစခန်းစွဲချက်အမှတ် (၇၉၉/၂၀၁၄) ဖြင့်မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ပြစ်မှုကြီးအမှတ်(၁၂၁/၂၀၁၄)ဖြင့်လည်းကောင်း၊ ကလေးသူငယ်များဖြစ်သည့် ပြစ်မှုကျူးလွန်သူ တင်မောင်မျိုးနှင့် အရှည်ကြီး(ခ) နိုင်လင်းထွန်းတို့(၂)ဦးအား ရဲစခန်းစွဲချက်အမှတ်-၇၉၉(က)/၂၀၁၄ ဖြင့် လှိုင်သာယာမြို့နယ်တရားရုံး သို့ တရားစွဲတင်ပို့ခဲ့ရာ ကလေးသူငယ်ပြစ်မှုကြီးအမှတ်(၁၈/၂၀၁၄) ဖြင့်လည်းကောင်း လက်ခံစစ်ဆေး လျက်ရှိပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် အခင်းဖြစ်လ္ဘက်ရည်ဆိုင်ရှိ CCTV Camera မှတ်တမ်း video file အား တစ်ဦးတစ်ယောက်မှ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြခဲ့သည့်အတွက် ကြည့်ရှုသူ ပြည်သူများအနေဖြင့် စိတ်ထိခိုက်ခြင်း၊ စိတ်အနှောက်အယှက်ဖြစ်ခြင်းများဖြစ်ပေါ်နိုင်သည့်အပြင် မလိုလားအပ်သောပြဿ နာများဖြစ်ပွားလာနိုင်ပြီး တစ်ဦးတစ်ယောက်၏လုံခြုံရေးကို ထိခိုက်နိုင်ဖွယ်ရှိသဖြင့် အလားတူ video file များအား နောင်တွင်ဖော်ပြခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒီနေ့ကာတွန်း

သန္တာလှိုင်ရင်ဘတ်ပေါ်မှာပါ ရောက်ရှိနေတဲ့ နိုင်ငံတော်အလံဟောင်း



Nik Nayman

အေးနေ၀င်းတို့  ညီအကိုတွေ ရင်ဘတ်ပေါ်မှာတင်မက မော်ဒယ် သန္တာလှိုင်ရင်ဘတ်ပေါ်မှာပါ ရောက်ရှိနေတဲ့ နိုင်ငံတော်အလံဟောင်း ရင်ထိုးတံဆိပ်။

ကျော်နေ၀င်း၊ အေးနေ၀င်းတို့  က သူတို့ ရဲ့  ရင်ဘတ်တွေမှာ အဖိုးဖြစ်သူ အာဏာရှင်ကြီး နေ၀င်းရဲ့  မဆလအလံ ရင်ထိုးတံဆိပ်ကို ပေါ်ပေါ်တင်တင်ကြီး တွယ်ချိတ်ထားရုံမက၊ အေးနေ၀င်းက မော်ဒယ်ဖြစ်သူ သန္တာလှိုင် (MyJobs ဆိုတဲ့ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ) ရဲ့  ရင်ဘတ်ပေါ်မှာပါ ချိတ်တွယ်ပေးခဲ့တယ်။

မော်ဒယ် သန္တာလှိုင်က သူရဲ့  ရင်ဘတ်ပေါ်မှာ အေးနေ၀င်းကိုယ်တိုင်က လက်နဲ့  တွယ်ချိတ်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း ဆိုထားလေရဲ့ ။

ဒီလို နိုင်ငံတော်အလံအဟောင်း ရင်ထိုးတံဆိပ်တွေကို ရင်ဘတ်တွေပေါ်မှာ ချိတ်ဆွဲထားပြီး၊ သူတို့ အဖိုးရဲ့  သြဇာအာဏာပါဝါအရှိန်အ၀ါကို ပြသတာလား၊ ကိုယ်ပိုင်အမှတ်သင်္ကေတလို လုပ်ပြီး အထူးပုဂ္ဂိုလ်တွေလို့  လုပ်နေကြတာလား။

မင်းဝသာန်(Bi မွန်းတည့်နေ ဂျာနယ်)ဒီနေ့ အင်းစိန်ထောင် က နေတရားရုံး


Khin Mg Win Ap

ကျောင်းအုပ်ဆရာမကြီး အပြောကြောင့်ဆရာမနှစ်ဦးသတိလစ်ခဲ့ရ(မော်လမြိုင်)


Nik Nayman

အ.ထ.က.(၁) (မော်လမြိုင်) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ကြီး ဒေါ်မိမိကြည်သည် ကျောင်းတွင်တာဝန်ထမ်းဆောင်နေသော အသက်ကြီးဝါကြီး ဆရာ/ဆရာမများကို အရှက်တကွဲအကျိုးနဲပြီး စိတ်ဒုက္ခရောက်အောင် နှိမ့်ချဆက်ဆံမှုများ ပြုလုပ်လျက်ရှိပါသည်။
ကျောင်းတွင် အစည်းအဝေး ကျင်းပရာ၌ အစည်းအဝေးခန်းအတွင်း ထိုင်ခုံတစ်ခုတည်းသာ ထားစေ၍ ၄င်းထိုင်ခုံပေါ်တွင် ကျောင်းအုပ်ဖြစ်သူ ဒေါ်မိမိကြည်ကသာ အာဏာရှင်ဆန်ဆန်ထိုင်ပြီး သူ့ထက်အသက်ကြီး/ဝါကြီး ဆရာ/ဆရာမများ အားလုံးကို ကြမ်းပြင်ပေါ်တွင်ထိုင်စေကာ အစည်းအဝေးပြုလုပ်ပါသည်။

ထိုကဲ့သို့ နမ်နှိမ်၍ ခွဲခြားဆက်ဆံခြင်းမျိုးသည် ဒေါ်မိမိကြည်မတိုင်မီ ခေတ်အဆက်ဆက် ကျောင်းအုပ်များကြား တစ်ခါမျှမမပြုလုပ်ခဲ့ဖူးသလို မြန်မာနိုင်ငံရှိမည်သည့်ကျောင်းတွင်မျှလည်း ပြုလုပ်ခဲ့ဖူးရိုး ထုံးစံမရှိပါ။

ထိုကဲ့သို့ ဆရာမများကို ဖိနှိပ်ဆက်ဆံသော ဆရာမကြီးသည် မွန်ပြည်နယ်ပညာရေးမှုး နှင့်တွေ့သည့်အခါ ဒူးထောက်ခစားလျက် ဖားလျက်ရှိပါသည်။ မည်သို့မည်ပုံ ပြုလုပ်သည်ကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားပါသည်။ ထို့အပြင် လုပ်သက်များစွာ ကြာမြင့်နေပြီဖြစ်သော ဒေါ်ခင်နုဆွေနှင့် ဒေါ်သီသီမြင့်နှစ်ဦးတို့ကို အရှက်တကွဲအကျိုးနဲဖြစ်စေရန် ကျောင်းအုပ်ကြီး တစ်ဦးပြောသင့်သည်ထက်ပိုကာ နားမခံသာလောက်အောင် ငဆနင်ပဲ မျိးစုံဆဲရေးတိုင်းထွာခဲ့သည့်အတွက်လည်း ဆရာမနှစ်ဦးမှာ ထိတ်လန့် မှုရကာ တကျောင်းလုံးဝိုင်းဝန်း၍ ဆေးရုံသို့ပို့ပေးခဲ့ရပါသည်။ ဤသည်ကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားပါသည်။

ဆရာမနှစ်ဦးလုံးသည် အသက်အရွယ်ကြီးရင့်သူများဖြစ်ကြပြီး နှလုံးရောဂါအခံရှိသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်နေသော်လည်း ကျောင်းအုပ်ကြီး ဒေါ်မိမိကြည်ပါးစပ်မှ "သူတို့သေသွားလည်း ငါဂရုမစိုက်ဘူး" ဟုပြောထွက်လာသောစကားမှာလည်း အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရပါသည်။

ကျွန်တော်သည် ဤကျောင်းမှကျောင်းသားဟောင်းတစ်ဦးဖြစ်သည့်အတွက် ကျွန်တော်တို့အား သင်ကြားပြသပေးခဲ့သော ဆရာမများ၏ မျက်ရည်များကို မခံစားနိုင်တော့၍ အာဏာရှင်ကျောင်းအုပ်ကြီး ဒေါ်မိမိကြည်အား ကျောင်းအုပ်ရာထူးနှင့် မထိုက်တန်ကြောင်းကို အများသူငါသိစေရန်အတွက် ရေးသားဖော်ပြအပ်ပါသည်။

အ.ထ.က.(၁) မှ ကျောင်းသားဟောင်းများ
မော်လမြိုင်။