Wednesday, August 6, 2014

(NLD) မှ ပြည်သူ့ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသော အငြိမ်းစားတပ်မတော်သား စာရင်း



Moe Zay Nyein

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီး ကျင်းပသော ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိက၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြသော အင်အားကြီးပါတီနှစ်ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ယခင် ဦးနေ၀င်း၏ မဆလပါတီကို အမည်ပြောင်း ထားသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)တို့ ဖြစ်ကြသည်။ တစ်ပါတီအာဏာရှင်စနစ်ကို မလိုလားသော အငြိမ်းစား တပ်မတော်သားများသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဘက်မှ ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ ကြသလို တစညပါတီဘက်မှ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော အငြိမ်းစားတပ်မတော် အရာရှိကြီးများလည်း ရှိသည်။ သို့သော် ထိုရွေးကောက်ပွဲတွင် တစညပါတီမှ (၁၀)နေရာသာရခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အမတ်နေရာ (၃၉၂)နေရာ ရရှိခဲ့ကာ အပြတ်အသတ်အနိုင်ရရှိခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘက်မှ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့ ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံခဲ့ရသော အငြိမ်းစားတပ်မတော်သား စာရင်းအား လက်လှမ်းမီသရွေ့ ဖော်ပြလိုက်ပါသည်။ ကျန်ရစ်ခဲ့သူများရှိလည်း ရှိနိုင်ပါသည်။ ထိုထဲမှ တစ်ဦးစနှစ်ဦးစကတော့ နောက်ပိုင်းတွင် နအဖအစိုးရ၏ စည်းရုံးမှု၊ အကျပ်ကိုင်မှု တို့ကြောင့် NLD မှ နုတ်ထွက်ခဲ့ကြသည်။

(၁) ကြည်း ၃၃၄၄၊ ဗိုလ်မှူးဇေယျကျော်ထင်စတမ်ကယ်ဘားမား (မြန်မာအမည် - ဦးမောင်မောင်မြင့်)၊ မိတ္တီလာမြို့နယ်အမတ်
(၂) ကြည်း ၃၅၇၅၊ ဗိုလ်မှူးကြီးမောင်ရွှေ၊ လှိုင်မြို့နယ်အမတ်
(၃) ကြည်း ၃၆၄၉၊ ဒုဗိုလ်မှူးကြီးချစ်ခိုင်၊ တောင်သာမြို့နယ်အမတ်
(၄) ကြည်း ၅၂၆၂၊ ဒုဗိုလ်မှူးကြီးစံဝင်း၊ သာယာဝတီမြို့နယ်အမတ်
(၅) ကြည်း ၅၃၂၆၊ ဒုဗိုလ်မှူးကြီးတင့်လွင်၊မင်းလှမြို့နယ်အမတ်
(၆) ကြည်း ၅၆၃၅၊ ဒုဗိုလ်မှူးကြီးတင်ကိုကို၊ OTS အပတ်စဉ်(၂)၊ ထန်းတပင်မြို့နယ်အမတ်
(၇) ကြည်း ၆၀၇၃၊ ဗိုလ်မှူးကြီးသီဟသူရစိုးသိမ်း၊ OTS အပတ်စဉ်(၅)၊ စစ်ကိုင်းမြို့နယ်အမတ်
(၈) ကြည်း ၆၃၉၂၊ ဒုဗိုလ်မှူးကြီးတင်အေး၊ OTS အပတ်စဉ်(၇)၊ မန္တလေး(အရှေ့မြောက်)အမတ်
(၉) ကြည်း ၇၆၁၉၊ ဒုဗိုလ်မှူးကြီးကျော်ဆန်း၊ OTS အပတ်စဉ်(၁၈)၊ တန့်ဆည်မြို့နယ်အမတ်
(၁၀) ဗိုလ်ကြီးဟံဇော်၊ OTS အပတ်စဉ်(၃၂)၊ ဆင်ပေါင်ဝဲမြို့နယ်အမတ်
(၁၁) ဗိုလ်ကြီးစိန်းမောင်၊ OTS အပတ်စဉ်(၃၄)၊ နွားထိုးကြီးမြို့နယ်အမတ်
(၁၂) ဗိုလ်ကြီးချိန်ဟင်၊ OTS အပတ်စဉ်(၃၆)၊ လောင်းလုံမြို့နယ်မဲဆန္ဒနယ်(၂)အမတ်
(၁၃) ဗိုလ်ကြီးကျော်မြင့်၊ OTS အပတ်စဉ်(၃၈)၊ မကွေးမြို့နယ်အမတ်
(၁၄) ဗိုလ်ကြီးတင်ထွန်းမောင်၊ OTS အပတ်စဉ်(၄၀)၊ မင်္ဂလာဒုံမြို့နယ်အမတ် (ကွယ်လွန်သူ သရုပ်ဆောင် ဒွေး၏ ဖခင်၊ နောက်ပိုင်း နအဖအလိုကျ NLD ကို ပြန်လည်ဆန့်ကျင်)
(၁၅) ဗိုလ်ကြီးဆန်းညွန့်ဝေ၊ တေဇအပတ်စဉ်(၁)၊ ပုသိမ်ကြီးမြို့နယ်အမတ်
(၁၆) ဗိုလ်ကြီးကျော်ဝင်း၊ OTS အပတ်စဉ်(၄၉)၊ ထီးချိုင့်မြို့နယ်အမတ်
(၁၇) ဒုဗိုလ်မှူးကြီးစိုးညွှန့်၊ ကျောက်တန်းမြို့နယ်အမတ်
(၁၈) ကြည်း ၃၅၁၆၊ ဗိုလ်မှူးကြီးကြည်မောင်၊ ဗဟန်းမဲဆန္ဒနယ်(၂)အမတ်
(၁၉) ကြည်း ၃၅၀၅၊ ဗိုလ်မှူးချုပ်အောင်ရွှေ၊ မရမ်းကုန်းမဲဆန္ဒနယ်(၁)အမတ်
(၂၀) ဒုဗိုလ်မှူးကြီးခင်မောင်ထွန်း၊ OTS အပတ်စဉ်(၃)၊ မှော်ဘီမြို့နယ် မဲဆန္ဒနယ်(၂)အမတ်
(၂၁) ဗိုလ်ကြီးစိန်လွင်၊ ရွှေပြည်သာမြို့နယ်အမတ်
(၂၂) ကြည်း ၃၅၄၄၊ ဒုဗိုလ်မှူးကြီးစောမြသိန်း၊ လှိုင်မဲဆန္ဒနယ်(၂)အမတ်
(၂၃) ဗိုလ်ကြီးသန်းကြွယ်၊ လှိုင်သာယာမြို့နယ်အမတ်
(၂၅) ဗိုလ်မှူးကြီးမောင်လွင်၊ သုံးခွမြို့နယ်မဲဆန္ဒနယ်(၁)အမတ်
(၂၆) ဗိုလ်ကြီးကြီးမောင်၊ ကျွန်းလှမြို့နယ်အမတ်
(၂၇) ဗိုလ်မှူးကြည်စိုး၊ မုံရွာမြို့နယ်မဲဆန္ဒနယ်(၁)အမတ်(၁၉၇၅ - ခလရ(၉၄) ဒုတပ်ရင်းမှူးမှ နုတ်ထွက်သူ)
(၂၈) ဗိုလ်မှူးမင်းသွင်၊ မြောင်မြို့နယ်မဲဆန္ဒနယ်(၂)အမတ် (၁၉၆၆ - ရှမ်းသနက(၁)တွင် တာဝန်ထမ်းဆောင်စဉ် စစ်ဆင်ရေး၌ ခြေနှစ်ဖက်စွန့်လွှတ်ခဲ့ရသူ)
(၂၉) ဗိုလ်မှူးခင်မောင်ဦး၊ ကျွန်းစုမြို့နယ်အမတ်
(၃၀) ကြည်း ၅၆၀၈၊ ဗိုလ်မှူးကြီးမျိုးအောင်၊ OTS အပတ်စဉ်(၂)၊ ထားဝယ်မြို့နယ်အမတ် (ရန်ကုန်တိုင်းမှူးနှင့်နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း၊ ဗကပ သခင်ဗသိန်းတင်၏ညီ)
(၃၁) ဗိုလ်ကြီးတိုးပို၊ ရေဖြူမြို့နယ်အမတ် (တပ်မှ ပဲခူးတိုင်း စက်မှု(၁)ဦးစီးမှူးအဖြစ် ရွှေ့ပြောင်းတာဝန်ထမ်းဆောင်၊ ၁၉၈၈ တွင် စက်မှုဝန်ထမ်းများအား ဦးဆောင်၍ မဆလကို ဆန္ဒပြသဖြင့် အရေးယူခံရသူ)
(၃၂) ကြည်း ၅၇၉၆၊ ဗိုလ်မှူးကြီးလှဖေ၊ OTS အပတ်စဉ်(၃)၊ လောင်းလုံမြို့နယ်မဲဆန္ဒနယ်(၁)အမတ် (ရပခတိုင်းမှူးဟောင်း)
(၃၃) ဗိုလ်ကြီးတင်မြင့်၊ သရက်ချောင်းမြို့နယ်အမတ်
(၃၄) ဗိုလ်မှူးမောင်အေး(ရေ)၊ သာယာဝတီမဲဆန္ဒနယ်(၂)အမတ်
(၃၅) ရဲမှူးကြီး(ဦး)ချို၊ ညောင်ဦးမဲဆန္ဒနယ်(၁) အမတ်
(၃၆) ဗိုလ်ကြီးဖေတင်၊ ညောင်ဦးမဲဆန္ဒနယ်(၂) အမတ်
(၃၇) ဒုဗိုလ်မှူးကြီးစံလှဘော်၊ OTS အပတ်စဉ်(၇)၊ ပုသိမ်ကြီးမဲဆန္ဒနယ်(၂) အမတ်
(၃၈) ဗိုလ်မှူးမောင်မောင်၊ ဘီးလင်းမြို့နယ်မဲဆန္ဒနယ်(၂) အမတ်
(၃၉) ကြည်း ၃၆၁၈၊ ဗိုလ်မှူးကြီးလွန်းတင်၊ မော်လမြိုင်မဲဆန္ဒနယ်(၁) အမတ် (နမခတိုင်းမှူးဟောင်း)
(၄၀) ဒုဗိုလ်မှူးကြီးသန်းမောင်၊ OTS အပတ်စဉ်(၁၀)၊ သထုံမဲဆန္ဒနယ်(၂) အမတ်
(၄၁) ဒုဗိုလ်မှူးကြီးမောင်မောင်ကြီး၊ သံဖြူဇရပ်မဲဆန္ဒနယ်(၁) အမတ်
(၄၂) ဒုဗိုလ်မှူးကြီးဆန်းမောင်၊ ကျောက်ဖြူမဲဆန္ဒနယ်(၁) အမတ်
(၄၃) ကြည်း ၃၅၇၂၊ ဗိုလ်မှူးကြီးကြည်ဝင်း၊ ဇလွန်မဲဆန္ဒနယ်(၂) အမတ်

ရွေးကောက်ခံအမတ်မဟုတ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် လှုပ်ရှားသူများထဲမှ ထင်ရှားသော အငြိမ်းစားတပ်မတော်သားအချို့မှာ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရတင်ဦး၊ DSA အပတ်စဉ်(၅) အောင်စစ်သည်ဆုနှင့် ပညာတံခွန်ဆုရ ဗိုလ်ကြီးဝင်းထိန်၊ ရေတပ်မှ ဗိုလ်မှူးဘသော် (စာရေးဆရာ မောင်သော်က)(ထောင်အတွင်းကွယ်လွန်)၊ ဗိုလ်မှူးကြီးစိန်မြ (၁၉၈၈ တောခို၊ ငှက်ဖျားရောဂါဖြင့် ထိုင်းနိုင်ငံ၊ ဇင်းမယ်ဆေးရုံတွင်ကွယ်လွန်)၊ ဒုဗိုလ်မှူးကြီးအေးမြင့် OTS အပတ်စဉ်(၂၆)(၁၉၈၈ တောခို၊ ABSDF ကို စစ်သင်တန်းပေး)၊ ဗိုလ်ကြီးစိုင်းဝင်းကျော် DSA အပတ်စဉ်(၂၄)၊ တပ်ကြပ်ကြီး လှသန်း(ရေ) (ကြည့်မြင်တိုင် NLD ဥက္ကဌ၊ ထောင်အတွင်းကွယ်လွန်)၊ ဗိုလ်ကြီးဝင်းဘို (ရွှေကျင်ဆရာတော်ကြီးနှင့်သံဃာအပါး-၁၀၀၀ တို့ လက်မှတ် ရေးထိုးထားသော ကုန်ဈေးနှုန်းများကျဆင်းရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးစာအား ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့ရန် ကြံစည်မှုဖြင့် ထောင် ၂၁ နှစ်ကျ၊ ထောင်တွင်း နှိပ်စက်ခံရသဖြင့် သေဆုံး)၊ ဗိုလ်မှူးကြီးသာအောင်၊ တေဇအပတ်စဉ် (၄)(ကျိုက်ထိုမြို့နယ် NLD) တို့ဖြစ်သည်။ မှတ်မိသလောက်သာ ဖြစ်ပါသည်။ ကျန်ပါဦးမည်။
***** (ပုံစာ - ဒေါ်အောင်ဆန်းစုကြည် နှင့် DSA အပတ်စဉ်(၇) မိသားစုအချို့)

ရဲမိုးနဲ့ ယောင်နီဦးဆိုတာဘယ်သူလဲ

Moe Zay Nyein

ဖေ့ဘုတ်ပေါ်မှာ အားတိုင်းယားတိုင်းတက်ရေးနေသည့် ဖေ့ဘုတ်အမည် ရဲမိုး (Ye Moe) သည် စစ်တက္ကသိုလ် အပတ်စဉ် (၄၁) ဆင်းဖြစ်သည်။ စစ်တက္ကသိုလ် အပတ်စဉ် (၄၁)ဟာ ၁၉၉၆ ခုနှစ်၊ မေလ(၂၇)ရက်နေ့မှာ စတင်ဖွင့်လှစ်ပြီး ၂၀၀၀ ပြည့်နှစ်၊ ဧပြီလ(၆)ရက်နေ့မှာ ဗိုလ်လောင်း(၇၇၇) ယောက် ကျောင်းဆင်းခဲ့သည်။ ရဲမိုးသည် ထိုထဲမှ တစ်ယောက်ဖြစ်ခဲ့ပြီး ၂၀၀၄ ခုနှစ် တပ်မတော်ထောက်လှမ်းရေးတွေကို ဖြုတ်ထုတ်သတ်စဉ်မှာ အနားပေးခံခဲ့ရသည်။ အကြမ်းဖျင်းအနေနဲ့ ပြောရသော် စစ်တက္ကသိုလ်တက်စဉ် (၄) နှစ်၊ တာဝန်ထမ်းဆောင်စဉ်(၄) နှစ်သာ ရှိသော အတွေ့အကြုံနုနယ်သော တပ်မတော်အရာရှိတစ်ဦးသာဖြစ်ခဲ့ပြီး တပ်မတော်တွင် အဆင့်မြင့်တာဝန်ထမ်းခဲ့ဖူးသူမဟုတ်ပေ။ ထို့နည်းတူ စစ်တက္ကသိုလ် အပတ်စဉ်(၂၉) ဆင်း ကြည်း ၂၀၇၆၅ ဗိုလ်ကြီးမောင်မောင်အောင် (ဖေ့ဘုတ်အမည် ယောင်နီဦး) သည်လည်း ၁-၄-၁၉၈၈ ခုနှစ်တွင် ကျောင်းဆင်ပြီးနောက် ၁၉၉၅ တွက် ဆေးအဆင့်ကျသဖြင့် အရပ်ဖက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။အကျဉ်းချုပ်ပြောရသော် ထိုသူတို့သည် တပ်မတော်တွင် လက်ချိုးရေတွက်နိုင်သော နှစ်ကာလအနည်းငယ် ခေတ္တခဏသာတာဝန်ထမ်းခဲ့ဖူးသူများဖြစ်သည်။ ထိုသူများ၏ စိတ်ဆန္ဒအလျောက် ပေါက်တတ်ကရပြောမှုများသည် စစ်တက္ကသိုလ်နှင့်သော်၎င်း၊ တပ်မတော်နှင့်သော်၎င်း မသက်ဆိုင်ပါဟု မိတ်ဆွေ တပ်မတော်အရာရှိအချို့မှ မက်ဆေ့ပို့လာပါသည်။

လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နင်းခဲ့သလား


BBC Burmese

သမ္မတဦးသိန်းစိန်ဟာ ၁၉၈၈ လူထုအရေး အခင်း ကြီးကို နှိမ်နင်း ဖြိုခွဲသူတွေထဲမှာ အဓိက ပါဝင်သူ တယောက် ဖြစ်တယ်လို့ ဝီကီလိခ် က ထုတ်ဖော် လိုက်ပါတယ်။

အမေရိကန် သံရုံးသံတမန်တွေဆီကနေ ပေါက်ကြား လာတယ်ဆိုတဲ့ ၂၀၀၄ ခုနှစ် တုန်းက ရက်စွဲနဲ့ ကြေးနန်း တစောင်ကို ကိုးကားပြီးဖော်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီသံတမန် ကြေးနန်းမှာ ဖော်ပြချက်အရ ဗိုလ်မှူးသိန်းစိန်ဟာ အဲဒီတုန်းက အရေးအခင်းကို အဓိကနှိမ်နင်းဖြိုခွင်းခဲ့တဲ့ ခြေမြန်တပ်မ ၅၅ ရဲ့ တပ်မှူး ဖြစ်ပြီး လူထုလှုပ်ရှားမှုကို နှိမ်နင်းပြခြင်းအားဖြင့် နေရာရအောင် လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဝီကီလိခ်က အဲသလို ထုတ်ဖော်ခဲ့တဲ့ အတွက် သမ္မတဦးသိန်းစိန်အနေနဲ့ ၈၈ အရေးအခင်းမှာ သူဘယ်လို ဆောင်ရွက်ခဲ့သလဲ ဆိုတာကို ထုတ်ဖော် ပြော ကြားဖို့ ဗြိတိန်နိုင်ငံအခြေစိုက်မြန်မာ့အရေးလှုပ်ရှားမှု အဖွဲ့ Burma Campaign UK သြဂုတ်လ ၄ ရက်န့စွဲ နဲ့ ကြေညာ ချက် ထုတ်ပြန် ဆော်သြလိုက်ပါတယ်။

Burma Campaign UK က အများပြည်သူတွေအနေနဲ့ ကိုယ့်သမ္မတ ဘာလုပ်ထားတယ်ဆိုတာကို သိသင့်တယ်လို့ ဆိုပြီး အများပြည်သူအနေနဲ့ ဝီကီလိခ်ရဲ့ ပြောဆိုချက် မှန်မမှန် ဦးသိန်းစိန်ဆီကို စာရေးသား မေးမြန်းကြပါလို့ လည်း တိုက်တွန်းထားပါတယ်။

၈၈ အရေးအခင်း ၂၆ နှစ်ပြည့်နဲ့ တိုက်ဆိုင်ပြီး အခုလို တိုက်တွန်း တာလည်း ဖြစ်ပါတယ်။

ဝီကီလိခ်ဟာ အမေရိကန်အစိုးရရဲ့ ကြေးနန်းဆက်သွယ်မှုတွေ အပါအဝင် အစိုးရထိပ်တန်း လျှို့ဝှက်ချက်တွေကို လူအများသိအောင် ဖော်ထုတ်ခဲ့တဲ့ အတွက် ထင်ရှားလာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

၄၃၆ပြင်ဆင်ရေးထောက်ခံလက်မှတ်ထိုးသူ အရေအတွက်တရားဝင်ကြေငြာ

ဓါတ်ပုံ-NLD


National League for Democracy
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်သော ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးလူထုဆန္ဒထုတ်ဖေါ်လက်မှတ်ထိုးလှုပ်ရှားမှုအကြောင်း သတင်းစာရှင်းလင်းပွဲကို ယနေ့ ၆၊ ၈၊ ၂၀၁၄ ရက်နေ့ နေ့လည် ၃ နာရီ က အဖွဲ့ချုပ်ရုံးချုပ်တွင်ကျင်းပခဲ့ပါသည်။ အဖွဲ့ချုပ်မှ ဦးတင်ဦး၊ ဦးဥာဏ်ဝင်း၊ ဦးဝင်းထိန် နှင့် ၈၈ ငြိမ်း/ပွင့်မှ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီတို့တက်ရောက်ကြသည်။ ပုဒ်မ၄၃၆ ပြင်ဆင်ရေးလှုပ်ရှားမှုဆောင်ရွက်ခဲ့သည့် အကြောင်းအရာများကို ဦးဥာဏ်ဝင်းနှင့် ဦးကိုကိုကြီးမှ ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသော သတင်းမီဒီယာဌာနများမှ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။
ပုဒ်မ၄၃၆ ပြင်ဆင်ရေးလက်မှတ်များစုစည်းရရှိမှုအရေအတွက်နှင့်ဆက်လက်ဆောင်ရွက်သွားမည့်အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို ညနေ ၄ နာရီခန့်တွင် ပြီးဆုံးခဲ့ပါသည်။ တနိုင်င်လုံးအတိုင်းအတာအရ လက်မှတ်များစုစည်းရရှိမှုအရေအတွက်မှာ ၄၉၄၁၉၉၈ ဖြစ်ပါသည်။

လွှတ်တော်အမတ်ဦး(တင်)လှဆွေကိုယ်ဟန်ပြ

ထိုင်းမှာ ကင်မရာနဲ့ မှတ်တမ်းတင်ပြီး ဒဏ်ငွေ ဖြတ်ပိုင်းကို အိမ်ကို အရောက်ပို့ 


  WinMyint (BBC)

ထိုင်းမှာ ကားမောင်းနေရင်း ဖုန်းပြောရင် ချဲတ်တင်လုပ်ရင် ဖမ်းဆီးအရေးယူနေပြီဖြစ်တယ်။

ကင်မရာနဲ့ မှတ်တမ်းတင်ပြီး ဒဏ်ငွေ ဖြတ်ပိုင်းကို စာတိုက်ကနေ အိမ်ကို အရောက်ပို့ တယ်။ ဖမ်းဆီးမှုကို တိုက်ရိုက်မလုပ်တဲ့အတွက် ငွေပေးလို့ လည်းမရပါ၊ ဖုန်းမပြောပဲ ဒဏ်ငွေဖြတ်ပိုင်းပေးတယ်လို့ လည်းငြင်းလို့ မရပါ၊ ဓါတ်ပုံသက်သေနေရာအချိန် အားလုံး ဓါတ်ပုံမှတ်တမ်းနဲ့ သက်သေထူးထားပါတယ်။ ယာဉ်မောင်းရင် ဖုန်းပြော ချဲတ်တင်လုပ်လို့ ယာဉ်တိုင်မှု တွေဖြစ်တာကြောင့် အခုလို စီမံကိန်းကို တင်းတင်းကြပ်ကြပ်လုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
ထိုင်းထုံးစံက ကောက်ရိုးမီးလိုဖြစ်တတ်ပါတယ်။
ရဲတွေက ဘယ်လောက်ကြာကြာလုပ်မလဲ၊ မှတ်တမ်းမတင်ပဲ ရှေ့ မှာရဲတစ်ယောက်ကို စောင့်ထားခိုင်းပြီး ပုံမှန်အတိုင်း ပိုက်ဆံယူတဲ့စနစ်ဖြစ်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီများ


နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီများအား ၁၉၈၂ နိုင်ငံသားဥပဒေနှင့်အညီ ယနေ့စတင်စစ်ဆေး
August 5, 2014
Written by: သားရွှေဦး (ကစ္ဆပ)
http://news-eleven.com
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီများအား ယနေ့ သြဂုတ် ၅ ရက်တွင် စတင်စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

၁၉၈၂ ဥပဒေအား ရခိုင်ပြည်နယ်တွင် စတင်အကောင်အထည် ဖေါ်ရန်အတွက် မြေပုံမြို့နယ်အား Pilot နယ်မြေအဖြစ် သတ်မှတ်ပြီး ပထမဆုံး လုပ်ငန်းစဉ်အဖြစ် ၂၀၁၄ ခုနှစ် ဇွန် ၁၅ ရက်နေ့မှ စတင်ကာ လျှောက်လွှာများ စတင်လက်ခံခဲ့ကြောင်း သိရသည်။

ယင်းသို့ နိုင်ငံသားလျှောက်ထားရာတွင် ၎င်းတို့၏ ဆန္ဒသဘောထားနှင့်အညီ လျှောက်ထားစေခြင်းဖြစ်ကြောင်း သိရသည်။ ဇွန် ၁၅ ရက်မှ ဇူလှိုင် ၁၅ ရက်အတွင်း နိုင်ငံသားလျှောက်ထားသည့် လျှောက်လွှာပေါင်း ၁၀၉၄ စောင် လက်ခံရရှိခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောကြားခဲ့သည်။

နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ် တောင်ပေါ်ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီများအား နံနက် ၉ နာရီခွဲမှ စတင်စစ်ဆေးခဲ့ပြီး စစ်ဆေးရာတွင် မြို့နယ်အဆင့် ဌာနပေါင်းစုံပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ ခုနစ်ဦးက ဆောင်ရွက်ခြင်းဖြစ်သည်။

“ယနေ့ကနေစပြီး နိုင်ငံသားလျှောက်ထားတဲ့ သူတွေကို မြို့နယ်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့က စတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ပြည်နယ်အဆင့်က တစ်ခါစစ်ဆေးပြီး ဗဟိုအဆင့်ကို တင်ရမှာဖြစ်ပါတယ်။ ကတ်ထုတ်ပေးတဲ့ အဆင့်ထိဆိုရင် နိုဝင်ဘာလမှာ အပြီးဆောင်ရွက်မယ်လို့ ခန့်မှန်းထားပါတယ်” ဟု ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်စိုးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးများအား နိုင်ငံသားဖြစ်မှု စိစစ်ခြင်းကိစ္စတွင် ၁၅-၁၀-၁၉၈၂ နေ့နှင့် ရှေ့ပိုင်းမွေးဖွားသူများကို ပုဒ်မ ၆/ ပုဒ်မ ၄၂ ဖြင့်လည်းကောင်း၊ ၁၅.၁၀.၁၉၈၂ နေ့နောက်ပိုင်း မွေးဖွားသူများကို ပုဒ်မ ၇/ ပုဒ်မ ၄၃ ဖြင့်လည်းကောင်း တိုင်းတာဆောင်ရွက်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေး စိစစ်ဆောင်ရွက်ရာတွင် လက်ခံရရှိသော လျှောက်လွှာတစ်ခုချင်းစီပါ လျှောက်ထားသူ၏ ကိုယ်ရေးအချက်အလက်များ၊ မိဘဘိုးဘွားများ၏ ကိုယ်ရေးအချက်အလက်များအား ရန်ကုန်မြို့မှတ်တမ်းနှင့် နေပြည်တော်ရုံးချုပ်ရှိ မှတ်တမ်းများဖြင့် တိုက်ဆိုင်စစ်ဆေး၍ အထောက်အထားများကို ပူးတွဲပြီး အမှုတွဲတစ်ခုချင်းစီ ပြန်လည်တည်ဆောက်ခြင်းများကို ဆောင်ရွက်ရကြောင်းနှင့် လုပ်ငန်းတစ်ခုလုံးအတွက် ခန့်မှန်း နိုဝင်ဘာလကုန်တွင် လည်းကောင်း၊ အောက်တိုဘာလကုန်ခန့်တွင် နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်များ ပြီးဆုံးအောင် အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ပတ်သက်၍ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြမှုအား မြေပုံတွင်ပြုလုပ်စဉ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းမှ ပြောကြားခဲ့သည်။

မြို့နယ် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ အတွင်းရေးမှူးအဖြစ် မြို့နယ်လ၀ကဦးစီးမှူး၊ အဖွဲ့ဝင်များအဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖနှစ်ဦးနှင့် လျှောက်ထားသူနှင့်သက်ဆိုင်သည့် ဒေသအဖွဲ့အစည်းမှ အများကြည်ညို လေးစားရသူ ဘင်္ဂါလီတစ်ဦး ပါဝင်ကြောင်း သိရသည်။

“နိုင်ငံသားလျှောက်ထားသူဟာ အသက် ၁၈ နှစ်ပြည်ပြီးသူဖြစ်ရမယ်။ ရူးသွပ်သူမဖြစ်ရဘူး။ တိုင်းရင်းသားဘာသာစကား တစ်မျိုးမျိုး ပြောဆိုတတ်ရမယ်။ ပြီးရင် အကျင့်စာရိတ္တ ကောင်းမွန်ရမယ်။ လျှောက်ထားတဲ့သူတွေကို ဥပဒေအတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လ၀ကညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ဘင်္ဂါလီရပ်မိရပ်ဖများအား ရှင်းလင်းပြောဆိုခဲ့သည်။

မြို့နယ်အဆင့် နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် မြေပုံမြို့ခံ ဦးဖေညွန့်က “ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံသားလျှောက်ထားတဲ့ လျှောက်လွှာမှာပါတဲ့ ဘင်္ဂါလီတွေကို လ၀ကအဖွဲ့တွေနဲ့ သွားစစ်တာဖြစ်ပါတယ်။ မနက်ပိုင်းမှာ သုံးဦးစစ်ဆေးပြီးပါတယ်။ စစ်ဆေးရာမှာ အနှောင့်အယှက်မရှိ ဥပဒေအတိုင်း စစ်ဆေးနိုင်ပါတယ်။ လျှောက်လွှာ ၁၀၀၀ ကျော်မှာ အခုစစ်ဆေးမှာက ၇၀၀ ကျော်ကို စစ်ဆေးမှာလို့ သိရတယ်” ဟု နိုင်ငံသားစစ်ဆေးမှုနှင့်ပတ်သက်၍ ပြောကြားသည်။

ဆင်ခြေဖုံးများတွင်တရုတ်လူမျိုးများက မြေကွက်များ လိုက်လံဝယ်ယူနေ



လှည်းကူး၊ ဒဂုံဆိပ်ကမ်းမြို့နယ် စသည့် ဆင်ခြေဖုံးများတွင် အစိုးရနေ့စဉ်သတင်းစာများမှတစ်ဆင့်
 ကြော်ငြာများထည့်သွင်းကာ တရုတ်လူမျိုးများက မြေကွက်များ လိုက်လံဝယ်ယူနေ

August 6, 2014
Written by: အငယ်ထွေး
http://news-eleven.com

ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးများ မြင့်တက်နေမှုသည် ဈေးကစားမှုများအပါအ၀င် တရုတ်လူမျိုးများ ၀င်ရောက်ဝယ်ယူနေသောကြောင့်ဖြစ်ကြောင်းနှင့် လှည်းကူး၊ ဒဂုံဆိပ်ကမ်းမြို့နယ်အစရှိသည့် ရန်ကုန်မြို့၏ ဆင်ခြေဖုံးဒေသများတွင်လည်း နေ့စဉ်အစိုးရသတင်းစာများမှတစ်ဆင့် ကြော်ငြာများထည့်သွင်းလျက် တရုတ်လူမျိုးများက မြေကွက်များ လိုက်လံဝယ်ယူနေကြောင်း သတင်းရရှိသည်။

“မြေကို ဘယ်သူတွေက ၀ယ်နေတာလဲဆိုတော့ တရုတ်တွေဝယ်နေကြတာ။ တရုတ်က ဘယ်လိုလုပ်လဲဆိုရင် မူဆယ်ကို ပထမအဆင့် ၀င်လာကြတယ်။ မူဆယ်နားက မြေတွေ သူတို့ဝယ်ကြတယ်။ ကုန်သွယ်ရေးဇုန်နားက မြေတွေဆိုလို့ရှိရင် ရှမ်းတရုတ်တွေပိုင်တဲ့မြေတွေဆိုရင် တရုတ်တွေ ၀ယ်ပြီးသွားပြီ။ ပြီးတော့ လားရှိုးရောက်လာတယ်။ လားရှိုးမှာလည်း မြေကွက်တွေက အကုန်လုံး ဒီတရုတ်တွေယူထားကြတာ။ လားရှိုးကနေပြီးတော့ တစ်ခါ မန္တလေး၊ မန္တလေးပြီးတော့ အခု ရန်ကုန်၊ ရန်ကုန်ကျတော့ ဘယ်နေရာတွေဝင်လဲဆိုတော့ ဟိုဆင်ခြေဖုံးလယ်ကွက်တွေကို စ၀င်တယ်။ ဒါသူတို့မှာ strategy ရှိပြီးသား တရုတ်တွေဝယ်တယ်ဆိုတာ အရမ်းကာရော လျှောက်ဝယ်တာ မဟုတ်ဘူး။ ဘလိုင်းကြီး မ၀ယ်ဘူး။ တဖြည်းဖြည်း အုပ်စုလေးတွေဖွဲ့ပြီး ၀ယ်တာ။ အခုလှည်းကူးတို့ ဘာတို့ဘက်တွေမှာလည်း ၀ယ်သွားတာတွေ လိုက်ကြည့်လိုက် လားရှိုးတရုတ်တွေချည်းပဲ။ တချို့က မန္တလေးတောင် မခံတော့ဘူး။ လားရှိုးကနေ ရန်ကုန်ကို တန်းဆင်းပြီး ၀ယ်နေတာပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးက ဆိုသည်။ 

မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ နိုင်ငံခြားသားမြေပိုင်ခွင့် မရှိသော်လည်း ယင်းကဲ့သို့ တရုတ်များမြေ၀ယ်ယူမှုကို ဗြောင်ကျကျပြုလုပ်နိုင်ခြင်းမှာလည်း တရားဥပဒေ၏ အားနည်းချက်တစ်ရပ်ဖြစ်နေကြောင်း သုံးသပ်မှုများလည်း ရှိသည်။

“ခက်တယ်ဗျ၊ သူတို့ကလည်း ဘင်္ဂါလီတွေလိုပဲ။ မူဆယ်နေပြီဆိုကတည်းက မှတ်ပုံတင်က ရပြီးသွားပြီ။ သူတို့က transmigration လုပ်နေတာ။ ရန်ကုန်မြို့မှာတော့ မြို့ထဲ သိပ်မ၀င်နိုင်ကြသေးဘူး။ တချို့လည်း ၀င်နေပြီပေါ့။ ဆင်ခြေဖုန်းကို အဓိက၀င်နေတာ။ ဒဂုံဆိပ်ကမ်းမြို့နယ်ဆိုရင် တရုတ်တွေချည်းပဲ။ တစ်လောတုန်းကဆို ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စားသောက်ဆိုင်တွေတောင် ညဘက်ဖွင့်ထားတယ်။ အဲဒီမှာ ပွဲစားတွေရော၊ တရုတ်တွေရော ခြေချင်းရှုပ်နေတာပဲ။ တရုတ်ဆိုင်ပွဲစားတွေနဲ့ ညအထိရှိတယ်။ ကားတွေနဲ့ မီးတွေထွန်းပြီးတော့ ၀ယ်နေကြတာ။ အခုလည်း သတင်းစာမှာ နေ့တိုင်းကြည့်လေ။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၀ယ်လိုတယ်။ ဘယ်ဖုန်းနံပတ်ကို ဆက်ပါဆိုပြီး နေ့တိုင်းကြော်ငြာနေတာ။ တရုတ်က ဒီမှာမျိုနေပြီ။ အဲဒီဆိုင်မှာစာရေးရင် မြန်မာလိုရေးတာအပြင်၊ တရုတ်လိုပါရေးတယ်။ လာရင် ဘောင်းဘီတိုနဲ့ တရုတ်တွေချည်းပဲ”ဟု ၎င်းက ဆိုသည်။

အလားတူပြီးခဲ့သည့် ကာလအတွင်း ၂၀၀၇ ခုနှစ်လောက်မှာစ၍ ၁၅ ရာခိုင်နှုန်း အခွန်ဆောင်ပါက ၀င်ငွေရလမ်းဖော်ပြစရာမလိုဆိုသော  စနစ်မှာလည်း ၎င်းတို့အတွက် အခွင့်အရေးတစ်ရပ် ဖန်တီးပေးသကဲ့သို့ ရှိခဲ့ကြောင်းလည်း သိရသည်။

“တရုတ်အတွက် သီးသန့်ဖန်တီးပေးတာတော့ မဟုတ်ဘူး။ တရုတ်က ဒီအပေါ်မှာ အကွက်မြင်သွားတာပါ။ သူတို့က ပိုက်ဆံလည်းရှိတယ်။ တောက်လျှောက်ကို ၀င်နေတာပါ”ဟု မူဆယ်မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“အိမ်ခြံမြေဈေးတွေ တက်တယ်ဆိုတာ ၀ယ်လိုအားများလို့ဖြစ်တယ်လို့ ထင်ပါတယ်။ ဈေးကစားချင်လို့ ၀ယ်တဲ့အပိုင်းမှာတော့ နှစ်ပိုင်းရှိလိမ့်မယ်။ မြို့ထဲပိုင်းတွေကျတော့ လက်ပြောင်းလက်လွှဲဝယ်ဖို့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ သူက အမည်ပေါက်လုပ်ရတယ်။ မြို့သစ်က ပါမစ်မြေကွက်တွေကျတော့ လက်ပြောင်းလက်လွှဲလုပ်လို့ လွယ်တယ်ပေါ့။ မြို့သစ်မှာမှ မြို့ထဲနဲ့နီးတဲ့နေရာတွေက ဈေးနှုန်းတော်တော်မြင့်သွားတယ်။ မြို့ပြင်ကျ ဈေးသက်သာတာက တစ်ပိုင်း၊ နောက်စီမံကိန်းတွေရှိတယ်ဆိုပြီး ၀ယ်တာမျိုးတွေလည်း ရှိတယ်။ နောက် ငွေကြေးအရင်းအနှီးနည်းတဲ့ သူတွေကျတော့ မြို့ထဲမှာမနိုင်တော့ မြို့ပြင်ဘက်မှာ ၀ယ်ကြတယ်။ ဒဂုံဆိပ်ကမ်းဘက်တွေမှာ ၀ယ်ကြတယ်။ မြို့ထဲမှာက တိုက်ခန်းတစ်ခန်းက သိန်း ၃၀၀၊ ၄၀၀ နဲ့ မရတော့ဘူး။ စီမံကိန်းတွေ ဘာတွေရှိတယ်ဆိုရင် မြို့ထဲတွေမှာ သယ်ယူပို့ဆောင်ရေးကလည်း ကောင်းလာမယ်ဆိုပြီးတော့ ၀ယ်ကြတယ်။ အခုဆိုရင် ဒဂုံအရှေ့ဘက်တို့ ဘာတို့ သွားရလာရတာပို လွယ်လာတယ်။ ဒါကြောင့် ၀ယ်လိုအားလည်း ကောင်းလာပါတယ်”ဟု  Unity အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ဆိုသည်။
  

ကျွန်မ တို့အားလုံးက ငုတ်တုတ်ထိုင်နေရမှာလား

 
Aungsan Thulay

ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ ခြေထောက်နဲ့ ကန်ပြီး အသက်ရှိမရှိ စမ်းသပ်


ရဲတပ်ဖွဲ့ဝင် တစ်ဦးမှ လှိုင်သာယာ ဓါးထိုးလူသတ်မှုတွင် ဓါးအထိုးခံရပြီး သွေးအိုင်ထဲတွင်
 လဲနေသူတစ်ဦးအားအသက်ရှိ သေးလား သေသွားပြီးလား စမ်းသပ်နေပုံ

ဒီနေ့ကာတွန်း

ဆရာ ကိုမောင်မောင်ဝမ်း ကို မြန်မာပြည် က ပြည်နှင်ဒါန်ပေးလိုက်ပြီ



ယနေ့အွန်လိုင်းပေါ်တွင်မြန်မာနိုင်ငံသားများအတွက်
The Best Engish 4 you ၀က်ဆိုဒ်ဖြင့်လည်းကောင်း
Group များတွင်လည်းအောင်းအင်္ဂလိပ်စာပညာဒါနပို့ချ
ပေးနေသူဆရာမောင်မောင်ဝမ်းသည်ရန်ကုန်မြို့ကြီးတွင်
ပညာဒါနပို့ချပေးခဲ့အပြီးဇာတိဖြစ်သောရေနံချောင်းမြို့
လာရောက်ပို့ချပေးခဲ့ပါသည်။

မွေးရပ်မြေတွင်မိမိတတ်ထားသောပညာဖြင့်ကျေးဇူးပြုချင်
ပါသော်လည်းရေနံချောင်းလူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ
တိုင်းအမိန့်အရဆိုကာပညာဒါနအဖြစ်အခကျေးငွေမယူသော်လည်း
လ၀ကလက်ဆွဲမူအရခွင့်မပြုနိုင်ဟုဆိုကာလာရောက်ပိတ်ပင်
တားဆီးခဲ့ပါသည်။ထို့ကြောင့်တစ်ရက်မျှသာသင်ပြီးယနေ့တွင်
ချစ်လှစွာသောဇာတိမြေမှပညာရည်သောက်စို့လိုသူများအား
နှုတ်ဆက်ပွဲလုပ်ခဲ့ပါသည်။

ထိုနှုတ်ဆက်ပွဲပြီးသည်နှင့်လ၀ကဦးစီးမှလာရောက်ကာ
ခွင့်မပြုသောပညာဒါနအင်္ဂလိပ်စာသင်ကြားမှုကြောင့်
အမေရိကန်နိုင်ငံသားခံယူထားသူဆရာမောင်မောင်ဝမ်းအား
ယနေ့ည(၅-၈-၁၄)ည၊၁၀း၀၀နာရီတွင်လည်းကောင်းတို့ငှား
ထားသောကားဖြင့်အခြားနေရာများသို့ဝင်ရောက်ရပ်နားခွင့်မပြု
သူငယ်ချင်း၊မွေးခြင်းများအားနှုတ်ဆက်ခွင့်မပြုဘဲရန်ကုန်
မင်္ဂလာဒုံလေဆိပ်မှသို့ခေါ်ယူပြီးလေယာဉ်ပေါ်တင်ကာမြန်မာ
နိုင်ငံမှထွက်ခွာသွားစေမည်ဖြစ်ကြောင်းဆရာမောင်မောင်ဝမ်း၏
မိတ်ဆွေ၊တပည့်၊သူငယ်ချင်းရဲဘော်အပေါင်းအားသိစေအပ်ပါသည်။

Ashin Issariya


Maung Maung One ( မောင်မောင်ဝမ်း )
ဒီနေ့ ( ၄ - ၈ - ၂၀၁၄ ) ရေနံချောင်းမှာ အင်္ဂလိပ်စာပညာဒါန ပို့ချချက် သင်တန်းကို သင်ကြားခြင်းမပြုရန် မြို့နယ် လ၀က ဦးစီးမူးမှ ( တိုင်း လ၀က ဦးစီးမူး ဦးထွန်းဝေ ) ညွန်ကြားချက်အရဆိုပြီး လာရောက်ပိတ်ပင် ပါတယ်။ တရားဝင်စာထုတ်ပေးဖို့ တောင်းဆိုရာမှာတော့..သဲသဲကွဲကွဲ အဖြေမပေးပါဘူး။ နိုင်ငံရပ်ခြား မိုင်ပေါင်း သောင်းနဲ့ ဝေးကွာတဲ့ အရပ်က နေ...မိမိနိုင်ငံသားများအတွက် တတ်နိုင်သလောက် ဘာ ပရောဂမှ မပါ စေတနာနဲ့ ကိုယ့် ထမင်းကိုယ်စား ပညာဒါန ပေးတာတောင် ပေးခွင့်မရှိ တော့ဘူးလား။ ဒါလား..ပြုပြင်ပြောင်းလည်းရေးဆိုတာ။
တရားဝင် စာထုတ်မပေးသမျှ..သင်စရာရှိတဲ့ ပညာဒါနကို ဆက်ပေး ပါမယ်။ ဒီလို အောက်တန်းကျ လုပ်ဆောင်ချက်ကို...အစိုးရ လူကြီး ဆိုသူ များသိပါစေ။ ဥပဒေ ဆိုတဲ့ စကားကို သိပ်တွင်တွင်ကျယ်ကျယ်မပြောပါနဲ့ ခင်ဗျားတို့သိတာထက် မလျှော့အောင်သိပါတယ်။ ဒီလို လုပ်ရပ်ဆက်လုပ် လာမယ်ဆိုရင်...မဖြစ်သင့်တာတွေ ဖြစ်နိုင်တယ်ဆိုတာသိစေလိုတယ်။
ဒီလို အောက်တန်းကျလုပ်ရပ်တွေ လုပ်ဆဲ ဆိုတာ နိုင်ငံတကာသိအောင် ဆက်လုပ်ပါမယ်။ ကိုယ်မှား ရင် တောင်းပန်ပါ။ ဘာနိုင်ငံရေးမှမပါ..... အခြား ပရောဂါ ဘာမှမပါ.........စာသင်တာ အပြစ် သတ်မှတ်တာ မြန်မာ ပြည်တစ်ခုပဲရှိမယ်။ ဒီလို လူတွေကြောင့် တိုင်းပြည်ပညာရေး နိမ့်ကျ နေတာ...( မင်းတို့ကောင်တွေ .....တောက် )


ပညာတတ်တွေပြန်လာပါ
အလုပ်အကျွေး ပြု ကြပါဆိုပြီး
သူတို့ပဲလူကြားကောင်းအောင်ပြော
အခမဲ့စာလာသင်တာကိုနှင်တာဘာဥပဒေ
နဲ့ငြိသတုန်း အခြေခံဥပဒေမှာပါလို့လား
အဲလိုဆိုမီးသာပုံရှို့လိုက်...
ဂယ်ပဲ ကျွတ်ကျဲတယ်.....

Ye Yint Nge