Saturday, August 9, 2014

ညောင်ဦးနဲ့ပဲခူးတဝက်စီမျှလို့ရရင်


May Popa

ညောင်ဦးမြို့နယ် မှာ မိုးခေါင်လို့ရေရှားနေတာတောင်သူတွေ ထွန်ယက်စိုက်ပျိုးဖို့နေနေသာသာ
နွားစာအတွက် မြက်တို့ ပင် မပေါက်နိုင်ပါ။သောက်ရေအတွက် ပင် ရေမရှိ လို့ အခက်ကြုံနေရပါတယ်။

ကျောက်ပန်းတောင်းနဲ့ ညောင်ဦးနယ် တွေမှာ ပြီးခဲ့တဲ့နှစ်တွေက ကန်တွေထဲ ရေအနည်းအကျဉ်း ဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မိုးတွင်းမှာတောင် ရေကန်တွေ လည်း ခန်းခြောက် နေပါပြီ၊

ကျောက်ပန်းတောင်းမြို့အနီးနဲ့ ပုပ္ပါးတောင်အနီး တဝိုက် ကတော့ သစ်ပင်သစ်ရိပ်ကောင်းတဲ့ ဒေသလေးတွေ ဖြစ်လို့ မိုးရွာပေမယ့် ကျန်နယ်တွေက တော့ ယခုအချိန်ထိ မစိုက်မပျိုးနိုင် ကြသေးပါဘူး။

တောင်သူလယ်သမားတွေရဲ့ ကျေးဇူးရှင် နွားကြီးတွေ စားဖို့ မြက်ပင်တွေ မရှိလို့ ကျောက်ပန်းတောင်းနယ်ဘက်သို့ နေ့စဉ် မြက်ရိတ်သွားကြရပါတယ်။

ထော်လာဂျီ၊ ကား၊ ရထားတို့ နဲ့ ဝေးလှတဲ့ ခရီးကို ရွာလုံးကျွတ် နွားစာရိတ် ထွက်ရပါတယ်။
ထော်လာဂျီသမားတို့ လည်း နွားစာမြက်ထုံးတို့ တင်ပြီး တစ်နေ့ နှစ်ခေါက်သုံးခေါက်လောက် ဆွဲရတာ ပေါ့။

မိုးတွင်းမှာ တောင် နွားစာ သောက်ရေ ဒီ လောက်ရှားနေ ရင် နွေ လ တွေကို ဘယ်လိုကျော်ဖြတ်ရမယ်မှန်း မသိတော့ပါဘူး။

ဒီဒုက္ခတွေ ကြုံနေရတာ ကာလရှည်ကြာ လာပေမယ့် ဘယ်အစိုးရဌာနကမှ ယခုအချိန် ထိ တာဝန်ယူဆောင်ရွက်ပေးမှု မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်ရက်လောက် က စုတည်ရွာဘက်က ဂွေးချိုတောင်မြတ်စွာဘုရား ပင့်ကာ မိုးခေါ် ဆုတောင်းခဲ့ပေမယ့်လည်း မနေ့ညနေက ကျောက်ပန်းတောင်းနယ်မှာ ရွာတဲ့ မိုးက ညောင်ဦးနယ်ကို ကွင်းရှောင်သွားပြန်ပါတယ်။

မိုးသားမိုးရိပ်တွေမြင်တော့ အိမ်က နွားပိုက်ကလေး နဲ့ နွားမကြီးခမျာ အစာစိုစိုကလေး ကို စားရတော့မယ် အထင်နဲ့ ပျော်ခဲ့ရပေမယ့် အခုတော့ ဝေးသွားရပြန်ပါပြီ၊

မေပုပ္ပါး
၈၈၈၈ 26 နှစ်ပြည့် နှင့် မွေးနေ့ အမှတ်တရ
ဓာတ်ပုံ Aung Hein and May Popa

(ကာချုပ်)ကို ဘယ်သူဖြုတ်နိုင်သလဲဆရာ။




(ခြေဥ)မှာ မပါဘူးဗျ ။ အဲ . . . (ကာချုပ်) ကတော့ အာဏာ (၃)ရပ်ကို သိမ်းယူနိုင်တယ်တဲ့။
(ပုဒ်မ-၄၀(ဂ)၊ ၄၁၈၊ ၄၁၉)


UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဂျွန်ကယ်ရီအားလက်ခံတွေ့ဆုံမည်



အမျိုးသားဒီမိုကရေစီအအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
မစ္စတာဂျွန်ကယ်ရီအား ၁၀၊၈၊၂၀၁၄ တနင်္ဂနွေနေ့ညနေပိုင်းတွင် တက္ကသိုလ်ရိပ်သာလမ်း၊ခြံအမှတ် ၅၄ နေအိမ်တွင် လက်ခံတွေ့ဆုံမည်ဖြစ်ပါသည်။
တွေ့ဆုံဆွေးနွေးမှုများအပြီးတွင်ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်ပြီး ယင်းသတင်းစာရှင်းလင်းပွဲသို့တက်ရောက်နိုင်ရန် ပြည်တွင်းမီဒီယာများဖြစ်ကြသော အသံလွှင့်ဌာန(၅)ခု၊ နေ့စဉ်ထုတ်သတင်းစာ(၇)ခု၊အပတ်စဉ်ထုတ်ဂျာနယ်(၄)ခုနှင့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်များကလပ်အားဖိတ်ကြားထားပါ သည်။ လူဦးရေအကန့်အသတ်ကြောင့်ဖိတ်ကြားခြင်းမပြုနိုင်ခဲ့သော သတင်းမီဒီယာဌာနများအား သတင်းစာရှင်းလင်းပွဲအပြီးတွင် Media Handout အဖြစ် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

ကြည်တိုး
ဗဟိုပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးကျော်သူ ၊ သဉ္ဇာဝင့်ကျော် ၊ဝေဠုကျော် ပဲခူး ရေဘေး လှူဒါန်း



 ၈.၈.၂ဝ၁၄ ရက်နေ့တွင် ရေဘေးဒုက္ခသည်များထံသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ၊ အထူးဧည့်အသင်းသူ ရုပ်ရှင်နှင့် ဗီဒီယိုသရုပ် ဆောင် သဉ္ဇာဝင့်ကျော် အပါအဝင် အသင်းသား/သူများတို့မှ သွားရောက်ပြီး သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) ဥက္ကဋ္ဌ ဦးသူရိန်ဝင်း၊ ပဲခူးမြို့ လူမှုရေးသမား များနှင့် ဒေသခံ ပြည်သူလူထုများတို့ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဇင်း (၁) ရပ်ကွက်ရှိ “သီရိဇေယျာကျောင်းတိုက်”၌ ဖွင့်လှစ်ထားသည့် ရေဘေး ကယ်ဆယ်ရေး စခန်းရှိ အိမ်ထောင်စု (၆၈ဝ)၊ လူဦးရေ (၃ဝဝ) ဦးတို့အတွက် သောက်ရေသန့် (၄၆) တွဲ၊ ခေါက်ဆွဲ ထုတ် (၂ဝ၄) ထုပ်၊ ဘဲဥ (၃ဝဝ) လုံး၊ ငါးသေတ္တာ (၂ဝဝ) ဗူး၊ မုန့်ကြွပ် (၃) ထုပ်၊ လက်ဖက် (၁၅ဝဝ) ထုပ် အစရှိသည့် လှူဒါန်းမှု အစုစုများတို့အား “အများပြည်သူအတွက် အများပြည်သူကောင်းမှု” အဖြစ် လှူဒါန်းပေးအပ်ခဲ့ပါသည်

နာရေးကူညီမှုအသင်း-ရန်ကုန်

ဝေဠုကျော်နှင့်သွေးမေတ္တာပ၇ဟိတအသင်းတို့ လှည်းကူးမြို့ နယ်မြေခံကြက်ခြေနီအသင်းသားများနှင့်ပူးပေါင်း၍ေ၇ဘေး
သင့်ပြည်သူများအားေ၇သန်ဆေးပြား၊ခေါက်ဆွဲခြောက်၊ ဓါတ်ဆားများကို သြဂုတ်၈၇က်နေ့ကသွားေ၇ာက်လှူဒါန်း


ဦးသိန်းစိန်အနိုင်ရရင်လုပ်ပေးမယ်ဆိုတဲ့
ကောင်းကင်ရထားအခုလောလောဆယ်
ပဲခူးမှာလုပ်ပေးရင်တော့ရလိုက်မယ့်မဲတွေ
သောက်သောက်လဲ....အဲဒါပြောတာ...
အထူအပါးမသိလည်ပင်းညှစ်အနိုင်ကျင့်
တာပဲသိတဲ့တုံးတုံးတွေလို့....

မိကျောင်းကန်သပိတ်စခန်းက အသက် ၇၀ ကျော် အဘွားအိုတစ်ဦး ကျန်းမာရေးဆိုးဝါးပြီး သေဆုံး

ပေးတဲ့ဘွဲ့တံဆိပ် မှန်သမျှ အကုန်ရရှိထားပြီးဟု ဇေကမ္ဘာ ဦးခင်ရွှေက ပြော



 နိုင်ငံတကာတက္ကသိုလ်တွေနဲ့ မြန်မာနိုင်ငံက ပေးတဲ့ဘွဲ့တံဆိပ် မှန်သမျှ
အကုန်ရရှိထားပြီးရင်ဖေ့ဘွတ်ကပေးတဲ့(ရူးကမ္ဘာ)ဘွဲ့တံဆိပ်လဲလာယူပါအုံး

 အလှူအတန်း ရက်ရော လှသည့်အတွက် လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှ စတင်၍ မြန်မာနိုင်ငံ အစိုးရ မှ
 ပေးအပ်သည့် ဘွဲ့မှန်သမျှ အားလုံးယူဆောင်ပြီးဖြစ်သည် ဟု ဇေကမ္ဘာ ဦးခင်ရွှေက မွန်ပြည်နယ်၊
 ရေးမြို့နယ်သို့ လှူဒါန်းရေး ခရီးစဉ်အခမ်းအနား ၌ ပြောဆို
လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက မြန်မာနိုင်ငံမှာပေးတဲ့ဘွဲ့မှန်သမျှ အကုန်ယူသွားပြီ။ အဂ္ဂမဟာ သဒ္ဓမ ဇောတိကဓဇ၊ နောက်တခါ ၀ဏ္ဏကျော်ထင်၊ နိုင်ငံတကာတက္ကသိုလ်တွေ ကလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့တွေ ပေးကြတယ်။
ဦးခင်ရွှေသည် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် ခမည်း ခမက်တော်စပ် သူလည်းဖြစ်ကာ ယခင် စစ်အစိုးရက သိမ်းယူခဲ့သည် လယ်မြေများ အများအပြားပေါ်တွင် လျော်ကြေးငွေ မပေးသည့်အတွက် လယ်သမားများဖြင့် အငြင်းပွားမှုများလည်း ရှိနေသူဖြစ်သည်။
__________________
ကောက်နုတ်ချက်
The Ladies News Journal

နာရေးကူညီမှုအသင်းရန်ကုန်၏မေတ္တာရပ်ခံလွှာ

ဘူးလက်တင်လှဆွေလဲသူ့ပုံလေးတွေအင်တာနက်ပေါ်တင်တတ်ပြီ

သူ့နိုင်ငံမှာထားရင် လွှတ်ပစ်ရမယ့်ပစ္စည်းတွေဒီဘက်နိုင်ငံကို ပို့



ဒီလိုဈေးသက်သာရတဲ့ အကြောင်းအရင်းကလည်း သူ့နိုင်ငံမှာထားရင် လွှတ်ပစ်ရမယ့်ပစ္စည်းတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီဘက်နိုင်ငံကို ပို့လိုက်တာပါ။

တရုတ်နိုင်ငံမှ တင်သွင်းသော Solar Cell များသည် အရည်အသွေးဆိုင်ရာ အာမခံချက်မရှိရုံသာမကElectronic Wave များ ထုတ်လွှင့်လေ့ရှိသောကြောင့် သဘာဝပတ်ဝန်းကျင်အပြင် သုံးစွဲသူများအတွက်ပါ စိုးရိမ်စရာရှိနေ
 August 8, 2014
အငယ်ထွေး၊ ထက်သျှိုင်း

လပွတ္တာမြို့နယ်အတွင်း ဆိုလာပြားတပ်ဆင်အသုံးပြုနေသည်ကို ၂၀၁၄ ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်

တရုတ်နိုင်ငံမှ တင်သွင်းသော Solar Cell များသည် အရည်အသွေးဆိုင်ရာ အာမခံချက်မရှိဘဲ Electronic Wave များ ထုတ်လွှင့်လေ့ရှိသောကြောင့် သဘာဝပတ်ဝန်းကျင်အပေါ်တွင် များစွာသက်ရောက်မှုရှိနေပြီး သုံးစွဲသူများအတွက်ပါ စိုးရိမ်စရာရှိနေကြောင်း သိရသည်။

ဈေးကွက်ထဲတွင် ရောင်းချနေသည့် ဆိုလာပစ္စည်းများ၏ အရည်အသွေးများသည် များစွာအရေးပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိနေသည့်  Solar Cell ပစ္စည်းမျိုးစုံရှိနေကြောင်း၊ သို့သော် အရည်အသွေးပြည့်ဝသော ပစ္စည်းရှားပါးကြောင်း သိရသည်။

“ကျေးရွာတွေမှာဆိုရင် ရေရရှိရေးအတွက် (Water Supply System)  သုံးတယ်။ အထူးသဖြင့် ဧရာဝတီတိုင်း နာဂစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်တဲ့ အချိန်မှာ သုံးလာတယ်။ မြန်မာပြည်ကို အများစုလာတဲ့ Solar Cell တွေက တရုတ်က ဝင်လာတာတွေဖြစ်ပြီးတော့ စံချိန်စံညွှန်းနဲ့ ပတ်သက်ပြီးတော့ အာမခံချက်မရှိပါဘူး။ သူတို့ဈေးကွက်ထဲမှာ  မသုံးတဲ့အတွက်ကြောင့် မြန်မာဘက်ကို ပို့လိုက်တာပါ။ ဒါကြောင့် ဒီကထွက်လာတဲ့ Electronic Wave တွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာရှိတယ်။ တရုတ်မှာတော့ Electronic Wave တွေနဲ့ ပတ်သက်ပြီးတော့ အတော်ဂရုစိုက်လုပ်ဆောင်နေတာ တွေ့ရတယ်။သူတို့နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဖို့အတွက် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ Solar Cell တွေ ဒီဘက်ကို ပို့လိုက်တယ်။ ဘာမှစံချိန်စံညွှန်အားဖြင့်လည်း မရှိဘူး။ ဘယ်လို Guarantee မရှိဘူး။ ဒီဘက်ဈေးကွက်မှာကျတော့ ဈေးအရမ်းသက်သာတဲ့အတွက် လူတွေက ဝယ်သုံးကြတယ်။ ဒီလိုဈေးသက်သာရတဲ့ အကြောင်းအရင်းကလည်း သူ့နိုင်ငံမှာထားရင် လွှတ်ပစ်ရမယ့်ပစ္စည်းတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီဘက်နိုင်ငံကို ပို့လိုက်တာပါ။ ဝယ်တဲ့သူတွေကလည်း အဲဒါတွေမသိဘူး။ သူတို့သိတာက သူတို့ကကြီးရင်ကောင်းတယ်ထင်ပြီး ဝယ်တယ်။ကျန်တဲ့ဟာတွေနဲ့ပတ်သက်ပြီး သူတို့က မစဉ်းစား မတွေးခေါ်တတ်ဘူး။ ရောင်းတဲ့သူတွေကလည်း ဘာမှမစဉ်းစားဘဲ ရောင်းတယ်။ ဒို့ မြန်မာပြည်မှာဖြစ်နေတဲ့ အဓိကပြဿနာက အဲဒါပဲ”ဟု ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသင်း (REAM) မှ အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ Solar Cell များအား ကျေးလက်ဒေသများတွင်သုံးစွဲမှု အထိုက်အလျောက် မြင့်တက်လာသော်လည်း နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များအပြင် စရိတ်စကကြီးမြင့်မှုများ ရှိနေသည့်အတွက် အများအပြားတွင်ကျယ် လာမှုမရှိသေးကြောင်း သိရသည်။

“ဆိုလာကို larger scale သုံးမယ်ဆိုရင်တော့ အခက်အခဲကတော့ ပိုက်ဆံများများလိုတယ်။ ပြီးတော့ သူကပိုပြီး technology မှန်ဖို့လိုတယ်။ ဒီဇိုင်းတွေကော စံချိန်စံညွှန်းတွေကော မှန်ကန်ဖို့လိုတယ်။ မမှန်ရင် large scale မှာ အများကြီးဆုံးရှုံးနိုင်တယ်။ မှန်လို့ရှိရင် ဆိုလာဆိုတာ Modular System လို့ ခေါ်တယ်။ ဟမ်းဖုန်းတို့ နာရီတို့မှာပါတဲ့ သေးသေးလေးကအစ မြို့ကြီးတစ်မြို့လုံးကိုပေးတဲ့အထိ လုပ်လို့ရတယ်။ ဒါကြောင့် နည်းပညာအရေးကြီးသလို ငွေကြေးအထောက်အပံ့ကလည်း အရေးကြီးတယ်” ဦးအောင်မြင့် က ပြောကြားခဲ့သည်။
 http://news-eleven.com

ဒီနေ့ကာတွန်း