Sunday, August 10, 2014

ယာဉ်မတော်တဆမှု ရှိခဲ့သော်လည်းပန်းရဲ့ လမ်းအဖွဲ့ အ၀င်အချို့ ကြိုစားလာရောက်ဖျော်ဖြေ


ယာဉ်မတော်တဆမှု ရှိခဲ့သော်လည်း ရေဘေးသင့်ပြည်သူများအတွက် ပန်းရဲ့ လမ်းအဖွဲ့ အ၀င်အချို့ ကြိုစားလာရောက်ဖျော်ဖြေ
********************************************************************
ပန်းရဲ့ လမ်း အဖွဲ့ သည် သြဂုတ်လ ၉ ရက်နေ့ တွင်ယာဉ်မတော်တဆမှုဖြစ်ပွား
ခဲ့သောကြောင့်ယနေ့ သြဂုတ်လ ၁၀ ရက် နေ့ မနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေ
သကြီး၊ တောင်ဥက္ကလာပမြို့ နယ် တွင် ပဲခူးရေဘေးသင့်ပြည်သူများအတွက်
 ရန်ပုံငွေ ဖျော်ဖြေပွဲ သို့ ထိခိုက်ဒဏ်ရာရရှိခဲ့သော အဖွဲ့ ဝင်အချို့ လာရောက်
နိုင်ခြင်းမရှိကြောင်းသိရသည်။

ပြည်သူလူထုအတွက် မနားမနေကြိုးစားဆောင်ရွက်နေမှုအား လစ်ဟာနေ
သောအဖွဲ့ ဝင်အချို့ ၏နေရာများတွင် ၈၈မျိုးဆက်များမှ စိတ်ဓာတ်အား၊
အနုပညာအားဖြင့် ပြည်သူလူထုကို အားဖြည့်ဖျော်ဖြေပေးခဲ့သည်။

ဓါတ်ပုံ - ၈၈ မျိုးဆက်

Credit : Popular Myanmar News Journal

ဒီနေ့ကာတွန်း

r

အဖွဲ့ချုပ် ဥက္ကဌအား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာရောက်တွေ့ဆုံ



သြဂုတ်လ ၁၀ ရက်နေ့ ည ၈နာရီ ၃၀ မိနစ်က ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဥက္ကဌအား အမေရီကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အဖွဲ့ဝင်များ လာရောက်တွေ့ဆုံရာ ဥက္ကဌ မှလက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။

NLD

ရဲမိုး အကြောင်းပေါ်လာပြီ။


အမှန်တရား ကတော့ ကြာကြာဖုံးလို့မရဘူးဗျ

ရဲမိုး အကြောင်းပေါ်လာပြီ။

ဇာတ်လမ်းက ဒီလို မူဆယ်မှာ
သူငယ်ချင်းတွေစုပြီး ပရဟိတအဖွဲ့လေး
ထောင်ချင်တဲ့ လူတွေက ရဲမိုးကို သွားပတ်သက်တာကစတာတဲ့

ကလေးစာသင်ဖို့ ABC eBoard စလုပ်တယ်
ပုံမှာပါတယ် နှိပ်လိုက်ရင် အသံထွက်တယ်
မန်းမှာဖြန့်ဖို့ ကိုယ်စားလှယ်ရှာတော့
ရဲမိုးနဲ့တွေ့တယ် ညိုစာပေပေါ့လေ
စကားပြောဆိုပြီး စာချုပ်ချုပ်တယ်
သူ့ကိုဘယ်လောက်ရာနှုန်းပေးမယ်
ဘာညာရေးပြီးချုပ်တယ်
ပြီးလဲပြီးရော စာမလာသတင်းမကြားတော့ဘူး
ဖုန်းဆက်မကိုင်ဘူး သွားရှာတော့ မတွေ့ ဘာစာရင်းမှပြန်မလာ
ပစ္စည်းပြန်မအပ် နောက်ဆုံးသူတို့
လင်မယားကွဲသွားတော့ အေးရော
မန်းလေးက ပါတနာ သူငယ်ချင်းကလဲ
ဘောစိဆိုတော့ သူ့ကိုခဏခဏ
သွားမရှာချင်ဘူးဟေ့
အဲ့ဒီမှာ ငါတို့ရဲ့ပထမခြေလှမ်းလေး
ပလုံတာပါပဲ
တော်သေးတာက နောက်လုပ်တဲ့ဟာလေးတွေက
အောင်မြင်လို့သာပဲ
အခုထိဇာတ်မျောကြီးပါဘဲတဲ့ ။

ဒါကြောင့် ဒီလူ လိမ် နေတာတွေကို ကျုပ်မယုံတာဗျ

၂၆နှစ်မြောက်၈၈၈၈အမှတ်တယဆရာတော်ဦးကောဝိဒ၏မိန့်ကြားချက်


26th Anniversary of the 8-8-88 Uprising in Burma
addressing by the Honourable Ashin Kawwida in Toronto Canada

ပြည်သူတွေဆီ လာနိုင်မယ့် အန္တရယ် လက်ပိုက်ကြည့်နေ



ဒီမို အန်းဂရီးဘတ်

ဒီသတင်းခေါင်းစဉ်ဟာ အပေါ်ယံလေး ဖတ်လိုက်မယ်ဆိုရင်တော့ သရော်စရာ၊ ရီစရာ၊ ဟားစရာ ဖြစ်ချင် ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် အသေအချာ စဉ်းစားကြည့်မယ် ဆိုရင် ဒါမျိုးလုပ်တာဟာ လူသတ်တာ၊ ပြည်သူတွေဆီ လာနိုင်မယ့် အန္တရယ် လက်ပိုက်ကြည့်နေတာ။

နာဂစ်တုန်းကလည်း ဒီလိုပဲ ပွဲတင်၊ ယစ်ပူဇော်၊ ယတြာတွေ ချေခဲ့ကြမယ် ဆိုတာ သေချာ ပါတယ်။ မုန်တိုင်းလာမယ်ဆိုတာ သိသိကြီးနဲ့ ပြည်သူကို အသိပေး၊ ရွှေ့ပြောင်းမှုတွေကို ကူညီ မလုပ်ပေးပဲ ထိုင်ပြီး ဘုရားရှိခိုးနေကြတာပေါ့ဗျာာာာာ

ဒါဆိုရင် ၂၀၀၈ ကနေ ၂၀၁၄ မှာ ဘာတွေ ပြောင်းလဲသွားပြီလဲ ဆိုတာကို တွေ့နိုင်မြင်နိုင်မှာပါ။ တိုင်းပြည်ကို မောင်ပိုင်စီးအုပ်ချုပ်နေသူတွေရဲ့ ပညာ အတွေးအခေါ် ဗဟုသုတ နှင့် ပြည်သူတွေ အပေါ် ထားရှိတဲ့ စေတနာတွေကို မျက်ဝါးထင်ထင် တွေ့လိုက် ရတာပါပဲ .....

အတွေးနက်ကြပါ .... ဒီယတြာတွေ ပရိတ်တွေနဲ့ပဲ နာဂစ်မှာ လူပေါင်း ၂ သိန်းကျော်သေခဲ့တယ် ဆိုတာကို မမေ့ပါနဲ့။ ၂၀၁၅ မှာ ဒီလိုငကြောင်တွေကို လက်မခံတော့ဘူးဆိုတဲ့ သန္ဒိဒါန် ချကြပါ။