Sunday, August 24, 2014

ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီးအဆင့်လောက်နဲ့အရေးယူ နိုင်တဲ့အဆင့်ရှိမရှိ



အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာသူများ၏ နောက်ကွယ်တွင် မည်သည့်လုပ်ငန်းများ လုပ်ကိုင်နေသည်ကို စုံစမ်းဖော်ထုတ်သွားမည်ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ပြောကြား
August 23, 2014
အငယ်ထွေး
ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့FIU မှ တာဝန်ရှိသူနှင့် သတင်းထောက်များ တွေ့ဆုံမေးမြန်းနေစဉ်

မြန်မာနိုင်ငံတွင် အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာသူများ၏ နောက်ကွယ်တွင်မည်သည့် လုပ်ငန်းများ လုပ်ကိုင်နေသည်ကို  စုံစမ်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့(FIU) မှ ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ဝင်းသိန်းက ဩဂုတ် ၂၂ ရက်တွင် ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

“မြန်မာပြည်မှာ အချိန်တိုတိုအတွင်းမှာ ကြီးပွားချမ်းသာသွားတဲ့ သူတွေရှိပါတယ်။ အဲလိုကြီးပွားချမ်းသာသွားတဲ့ သူတွေရဲ့နောက်ကွယ်မှာ ဘာလုပ်ငန်းတွေရှိလဲ။ အဲဒါတွေလုပ်ဖို့အတွက် ကျွန်တော်တို့အဖွဲ့ကို ဖွဲ့စည်းတာဖြစ်ပါတယ်။ အဲဒါတွေလုပ်ဖို့လည်း ကျွန်တော်တို့ဆီမှာ အစီအမံတွေရှိပါတယ်။ ဘယ်နေရာမှာ ဒီလိုဟာမျိုးတွေဖြစ်နေလဲဆိုတာ National Risk Assessment လုပ်သွားမှာပါ။ ဝန်ထမ်းတွေကြားထဲမှာ ဖြစ်တာလား။ နယ်စပ်တွေမှာ ဖြစ်တာလား။ ဘိန်းလုပ်ငန်းတွေက ဖြစ်တာလား။ ဘယ်ဝန်ကြီးတွေကရော ဘာလို့ဒီလောက်ကြီးပွား ချမ်းသာနေသလဲ။ ဒီဝန်ကြီးကရော နဂိုဘိုးဘွားပိုင် ကြီးပွားချမ်းသာခဲ့တာ ဟုတ်ရဲ့လား။ ဒါတွေဟာ နောက်ပိုင်းမှာ ဖြစ်လာတော့မှာပါ။ နောက်တစ်ခုက အကျင့်ပျက်ခြစားမှုတွေပါ။  အခုချိန်မှာတော့ ဥပဒေအရ ဖွဲ့သင့်ဖွဲ့ထိုက် တဲ့အဖွဲ့တွေ စဖွဲ့လိုက်ပါပြီ။ ဗဟိုအဖွဲ့ဖွဲ့စည်း ပြီးတာနဲ့ နည်းဥပဒေထွက်အောင် လုပ်သွားမှာပါ။ ဗဟိုအဖွဲ့မှာတော့ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ အခြားအဖွဲ့ဝင်တွေပါဝင်မယ်။ အခုကျွန်တော်တို့က ဒါနဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေက စနေပါပြီ။ စစချင်း internal working group တွေကို ကြေးတိုင်နဲ့ မြေစာရင်းက မြေယာနဲ့ပတ်သက်တဲ့ အဖွဲ့တွေပါ တယ်။ စည်ပင်ပါတယ်။ အကောက်ခွန်က လူတွေပါတယ်။ ရှေ့နေချုပ်ရုံးက လူတွေပါတယ်။ အဲဒီအဖွဲ့တွေနဲ့ working group ကစဖွဲ့ရမယ်။ လာမယ့်စက်တင်ဘာမှာ IMF အဖွဲ့ တွေနဲ့ တိုင်ပင်ပြီးအကြံဥာဏ်တွေ ရယူသွားမယ်” ဟု ၎င်းကပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေအား ပြီးခဲ့သည့်မတ်လတွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေထွက်ပေါ်လာရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

အလားတူ မြန်မာနိုင်ငံတွင် အလွန်အမင်းချမ်းသာနေသော ဝန်ကြီးများနှင့် ပတ်သက်၍သတင်းပေးပါက အရေးယူရန် ရှိပါသလားဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ “သတင်းပေးလို့ ရပါတယ်။
သတင်းပို့လို့ရတဲ့ဌာနတွေကိုလည်း အများကြီးလုပ်သွားဖို့ရှိပါတယ်။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးမှာ သတင်းပေးတဲ့အဖွဲ့တွေအပြင် အခြားမြင်တာ ကြားတာတွေ ရှိရင်လည်း သတင်းပေးလို့ရပါတယ်။ နိုင်ငံသားတိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုလည်းအရေးပါပါတယ်။ တစ်ခုရှိတာက ပေးတဲ့သတင်းက ခိုင်ခိုင်မာမာတော့ ရှိဖို့လိုပါတယ်။ သတင်းပေးတဲ့သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ securityရှိပါတယ်။ ဘဏ်ကဝန်ထမ်းတွေဆိုလည်း ဒီလိုပါပဲ။ ဥပမာ-ဝန်ထမ်းကနေ ကျွန်တော်အငြိမ်းစားယူသွားတဲ့အထိ ဘယ်ဘဏ်ကနေဘယ်ကို သတင်းပေးတယ်ဆိုတာ ပြောခွင့်မရှိပါဘူး။ သတင်းပို့တဲ့သူကို ကျွန်တော်တို့ လျှိ့ဝှက်ထားရမယ်ဆိုတာ ဥပဒေမှာလည်း ရှိပါတယ်။ ကျွန်တော်တို့ကို သတင်းတိတိကျကျခိုင်ခိုင်မာမာပေးရင် ကျွန်တော်တို့ရဲ့ processက စစ်ဆေးမှုဆိုတာထက် ပထမဦးဆုံး စုံစမ်းသွားမှာပါ။ စုံစမ်းမယ် ပြီးရင်စစ်ဆေးမယ်။ စစ်ဆေးပြီးလို့ ပေါ်ပေါက်လာတယ်ဆိုရင် တရားစွဲဖို့တင်မယ်။ ပြီးရင်ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

သို့သော် ၎င်းတို့အဖွဲ့အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်း အဖွဲ့အစည်းတစ်ခုချင်းကို forecastလုပ်သွားမည်မဟုတ်ဘဲ  တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
 http://news-eleven.com


တခုပဲ...

ဒုတိယတပ်ဖွဲ့မှူးရဲမှူးကြီးအဆင့်လောက်နဲ့ငါးလောင်းပြိုင်ကစိန်တွေနဲ့ညတွင်းချင်း ချမ်း
သာသွားသူတွေ၊ထောင်ကလွတ်လာတာနဲ့ဘီလျံနာဖြစ်ပြီးဘဏ်ဝယ်နိုင်သူတွေကိုအရေးယူ
နိုင်တဲ့အဆင့်ရှိမရှိမသိရတာပါပဲ၊

တစ်တိုင်းပြည်လုံးကို နလပိန်းတုံး ထင်နေလား



Eleven Media Group
( နေထွန်းနိုင်၊ မာန်သူရှိန်)
 August 24, 2014

ရန်ကုန်မြစ်ဝနှင့် ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်စေမည့် မြို့သစ်စီမံကိန်းဝင် ဧရိယာပြပုံအား Google Map မှတစ်ဆင့် တွေ့ရစဉ် (ပုံကြီး)၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှင့် ခရိုင်များပြမြေပုံ (ပုံသေး)


(၁)
တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်လုံးကို ရောင်းစားခဲ့ကြပြီးပါပြီ။ ကျောက်စိမ်း၊ တွင်းထွက်၊ သစ် နောက်ဆုံး အမျိုးသမီးတွေကိုပါမချန် တရုတ်အတွက် ပို့ကုန်လုပ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်၊ မြန်မာနိုင်ငံရဲ့ နှလုံးသည်းပွတ်၊ ပင်လယ်ထွက်ပေါက်နဲ့နီးပြီး တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။

ဩဂုတ် ၂၂ ရက်မှာလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးမှာ ဒီကိစ္စ ပေါ်ပေါက်လာပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေမှာရှိတဲ့ မြေဧက ၃ဝဝဝဝ ပေါ်မှာ အကောင်အထည်ဖော်မယ်လို့ ဆိုတယ်။ စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မယ်။ မြို့သစ်စီမံကိန်းပြုလုပ်မယ့် မြေတွေအတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၂၉ အရ ခွင့်ပြုချက်ရထားပြီးပြီ။ မြို့မြေအဖြစ် သတ်မှတ်ဖို့ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပြီလို့ ပြောတယ်။

စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်ဘီလျံ ၇ဝဝဝ၊ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံနဲ့ သုံးနှစ်အတွင်း ရာခိုင်နှုန်း ၇ဝ ပြီးအောင် လုပ်မယ်။ ကုမ္ပဏီက အဆင့်မြင့် တန်ဖိုးနည်းအိမ်ရာ ၂ဝဝဝဝ၊ မိဘမဲ့ကလေးဦးရေ ၂ဝဝဝ အတွက် အဆင့်မြင့်ကျောင်း တစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာ တစ်ခု၊ ခြောက်လမ်းသွား မြစ်ကူးတံတား ငါးစင်းကို နိုင်ငံတော်ကို ပြန်လှူ မယ်လို့ ဦးလှမြင့်က ပြောခဲ့ပါတယ်။ စီမံကိန်း ဧရိယာအတွင်းက လယ်ယာလုပ်ကိုင်သူတွေ၊ ကျေးရွာငယ်တွေမှာ နေထိုင်သူတွေကို နစ်နာမှုမရှိအောင် မြေသိမ်းမှုတွေအပေါ် ကုမ္ပဏီက လုံးဝတာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးမယ်ဆိုတဲ့ အချက်တွေလည်း ပါပါတယ်။

မြို့သစ်အတွက် လိုအပ်မယ့် လျှပ်စစ်မီး၊ ရေ၊ မီးဘေးလုံခြုံရေးတွေကိုလည်း လုံလောက်စွာထားပေးမယ်။ မြို့သစ်စိမ်းလန်းစိုပြည်ရေးအတွက်လည်း လုပ်မယ်လို့ဆိုတယ်။

(၂)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်မှာ သဝဏ်လွှာဖတ်ရင်း မြို့ပြသစ်စီမံကိန်းအကြောင်း ပြောခဲ့တာပါ။ လွှတ်တော်ရဲ့ အကြံပြုချက် တောင်းခံတာမဟုတ်သလို လုပ်ဖို့ဆုံးဖြတ်ထားတဲ့ စီမံကိန်းတစ်ခုကို ဝတ်ကျေတန်းကျေ အသိပေးပြောတဲ့ ပုံစံမျိုးပါ။

ဒီလိုမပြောမီမှာ စီမံကိန်းအကြောင်းအရာကို လျှို့ဝှက်ခဲ့ပါတယ်။ လျှို့ဝှက်ရတဲ့ အကြောင်းရင်းက စီမံကိန်းအတွက် ပြင်ဆင်မှုတွေ လုပ်တဲ့အခါ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ပေါ်လာနိုင်တဲ့အတွက် စီမံကိန်းသတင်း လုံခြုံမှုကို ကန့်သတ်ခဲ့ရတယ်လို့ ဦးလှမြင့်က ပြောပါတယ်။ သူ့ရဲ့ပြောဆိုမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက လက်မခံပါဘူး။ ပြည်သူလူထုအတွက်လည်း အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ အံ့ဩတယ်ဆိုတာထက် စိုးရိမ်စိတ်တွေ ပိုများခဲ့တာပါ။

မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထု စိုးရိမ်ခဲ့ကြတဲ့ အဓိကအချက် နှစ်ချက်ရှိပါတယ်။ (၁) အချက်က ဒီစီမံကိန်းကို ဘာကြောင့်လျှို့ဝှက် ရေးဆွဲခဲ့တာလဲ။ (၂) အချက်က စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာ မြို့သစ်အများပိုင် ကုမ္ပဏီဆိုတာ ရုတ်တရက်ပေါ်လာတဲ့ကုမ္ပဏီ ဖြစ်တဲ့အချက်ပါ။ ဘာတွေလုပ်နေမှန်း မသိရသလို ဘယ်သူတွေ ပိုင်ဆိုင်ထားမှန်းလည်း မသိပါဘူး။

အခုချိန်အထိ အခြေအမြစ် အတိအကျ မသိရ၊ ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုကို အရေးပါတဲ့ စီမံကိန်းတစ်ခု လက်လွတ်စပယ် ပေးခဲ့တယ်လို့ အထင်ရောက်စေတဲ့ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘာတွေဘယ်လို ပတ်သက်မှုရှိနေလဲ။

(၃)
၂ဝ၁၂ ခုနှစ်အတွင်းပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်၊ သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့ ပေါ်ပေါက်လာတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းဆိုတာ ပေါ်လာခဲ့တယ်။ တန်ဖိုးနည်းအိမ်ရာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခရိုနီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး တိုက်ခန်းတစ်ခန်း ကြမ်းခင်းဈေး ကျပ်သိန်း ၃ဝဝ ခန့် သတ်မှတ်ခဲ့တာကြောင့် ရန်ကုန်မြို့တွင်း ကန်ထရိုက်တိုက်ခန်းတွေရဲ့ ဈေးနှုန်းဟာ နှစ်ဆခွဲသုံးဆအထိ မြင့်တက်သွားပါတယ်။

အိမ်ပိုင်၊ တိုက်ခန်းပိုင်မရှိတဲ့သူတွေ မဆိုထားနှင့် အိမ်ပိုင်၊ တိုက်ခန်းပိုင်ဝယ်ဖို့ ငွေစုထားတဲ့သူတွေတောင် အခုချိန်ထိ မဝယ်နိုင်တဲ့ အခြေအနေ ဖြစ်ကုန်ပါတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆိုတာ ရေနစ်သူကို ဝါးကူထိုးသလို ဖြစ်ခဲ့ပါတယ်။

ဩဂုတ် ၂ဝ ရက်မှာ သမ္မတဦးသိန်းစိန်က လက်ရှိဆောင်ရွက်နေတဲ့ Effortable Housing Project လုပ်တဲ့အခါ ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေး၊ စစ်တွေစတဲ့ မြို့တွေမှာပါ ဆင်းရဲတဲ့သူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေ နေထိုင်နိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ Public Housing Project တွေကို အကောင်အထည်ဖော်ဖို့လိုကြောင်း ပြောပါတယ်။

သမ္မတပြောပြီးလို့ နှစ်ရက်အကြာ ဩဂုတ် ၂၂ ရက်မှာ ရန်ကုန်မြို့သစ်စီမံကိန်း ထွက်ပေါ်ခဲ့တယ်။ လျှို့ဝှက်စီမံကိန်းတစ်ခု ဖြစ်နေခဲ့တယ်။ ဒီစီမံကိန်းကို ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်မယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သိဖို့လိုပါတယ်။

(၄)
မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာမှာ မှတ်ပုံတင်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီ မှတ်ပုံတင်တဲ့အချိန်မှာ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ငွေကျပ်တစ်ဘီလျံ (ကျပ်သန်း ၁ဝဝဝ) ပဲရှိပါတယ်။ အခု ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဒီကုမ္ပဏီက ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားတဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ (ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး) ဖြစ်ပါတယ်။

ငွေကျပ်တစ်ဘီလျံကို မတည်ရင်းနှီး မြှုပ်နှံထားတဲ့ ကုမ္ပဏီတစ်ခုက ငွေကျပ် ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းအတွက် ဘယ်ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမလဲ။ တကယ်လို့ ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နိုင်ငံတော်ကို အခွန်ငွေအနည်းဆုံး ဘီလျံ ၅ဝဝဝ ပေးဆောင်ထားပြီးဖြစ်တဲ့ ရလမ်းပြနိုင်မယ့်ငွေဖြစ်ဖို့ လိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်းကို ပြန်ကြည့်တဲ့အခါ ပြီးခဲ့တဲ့နှစ် တစ်နိုင်ငံလုံး ပြည်သူတွေပေးဆောင်ခဲ့တဲ့ အခွန်ငွေဟာ ငွေကျပ်ဘီလျံ ၃၅ဝဝ ပဲ ရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီရဲ့ အခွန်ငွေပေးဆောင်မှုကို ဘယ်လိုပြနိုင်မလဲ။ ဒီလိုမှမဟုတ် ပြည်ပကရရှိတဲ့ ငွေကြေးတွေနဲ့ လုပ်ဆောင်မှာလားဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။

ကုမ္ပဏီကို တည်ထောင်ခဲ့သူဟာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး မြေနေရာကို စီးပွားဖြစ်အဆောက်အအုံရောင်းချခွင့် ရရှိထားတဲ့ ကုမ္ပဏီဖြစ်တယ်။ အဲဒီကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

(၅)
ရန်ကုန်မြို့သစ် စီမံကိန်းကိုလုပ်မယ့် အများပိုင်ကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ အဓိကပါဝင်နေတယ်ဆိုတဲ့ သတင်းအတွက် သီးခြားအတည်ပြုချက် မရပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့သစ် စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ဒီစီမံကိန်းကို စီးဆင်းလာမယ့် ငွေကြေးတွေဟာ တရုတ်နိုင်ငံမှာလုပ်နေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကိစ္စတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။

တရုတ်သမ္မတ ရှီကျင်ပင်းလက်ထက်မှာ တရုတ်အစိုးရအဖွဲ့တွင်း အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင် အပြင်းအထန် အရေးယူနေတာပါ။ သူ့လက်ထက်မှာ အဆင့်အသီးသီးမှာ ရှိနေတဲ့ ပါတီအရာရှိပေါင်း နှစ်သိန်းနီးပါး စစ်ဆေးခံနေရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ CNPC ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌဟောင်း အပါအဝင် အဲဒီကုမ္ပဏီက တာဝန်ရှိသူ ၄၅ ဦးဟာ စစ်ဆေးမေးမြန်း ခံထားရပါတယ်။ ၂ဝ၁၃ ခုနှစ် ဩဂုတ်လထဲမှာပဲ CNPC အဆင့်မြင့်အုပ်ချုပ်ရေး အရာရှိလေးဦးကို လာဘ်စားမှုနဲ့ ရေးယူခဲ့ပါတယ်။ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် အရေးယူတာတွေအပြင် တခြားလှုပ်ရှားမှုတွေကိုလည်း တရုတ်အစိုးရက စောင့်ကြည့်နေပါတယ်။ ရာထူးအပြောင်းအရွှေ့ ကိစ္စတွေမှာ ပိုင်ဆိုင်မှုတွေကို တရားဝင်ကြေညာစေတာအပြင် အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာစရာတွေ့ရင်လည်း တိုင်ကြားဖို့ ပြည်သူတွေနဲ့ မီဒီယာတွေကို တပ်လှန့်ထားပါတယ်။

တရုတ်အစိုးရရဲ့ လုပ်ဆောင်မှုဟာ တရုတ်နိုင်ငံအတွက် ကောင်းတဲ့အခြေအနေ ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ အဓိက အကြောင်းရင်းက တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲကို စီးဆင်းလာနိုင်တဲ့အချက် ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲ ရောက်နေပြီလား။ ရန်ကုန်မြို့သစ် စီမံကိန်းမှာ ပါဝင်ပတ်သက်နေသူတွေဟာ တရုတ်လုပ်ငန်းရှင်တွေ ဖြစ်တယ်ဆိုရင် သူတို့က မြန်မာပြည်ဖွား တရုတ်တွေလား။ ဒီကုမ္ပဏီမှာ ပါဝင်ပတ်သက်နေသူတွေကို အများပြည်သူသိအောင် ထုတ်ပြန်ရမယ်။ တကယ်လို့ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတာ အမှန်ဆိုရင် သူတို့တွေရဲ့မှတ်ပုံတင်၊ ကိုယ်ရေးရာဇဝင်နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားတွေ တကယ်ဟုတ်၊ မဟုတ် ဆိုတာကိုပါ ဖော်ထုတ်ရပါလိမ့်မယ်။

(၆)
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းတွေမှာ တရုတ်တွေ ဝင်ရောက်ဈေးကစားနေတယ်ဆိုတဲ့ အချက်က အိမ်ခြံမြေ အကျိုးဆောင်တွေကြားမှာ အခိုင်အမာ ပြောဆိုနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံ ငွေမည်းစီးဆင်းမှု မြင့်မားလာခြင်းက ငွေကြေးစနစ် ယိုင်လဲနိုင်ခြေဖြစ်ဖို့ အကြောင်းတစ်ခု ဖြစ်နေပြီလို့ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (FIU) က ပြောထားပါတယ်။

သူတို့ပြောဆိုချက်တွေအရ ဘိန်း၊ မူးယစ်ဆေးဝါး၊ မှောင်ခိုလုပ်ခဲ့သူတွေထဲက ရာခိုင်နှုန်း ၅ဝ ကျော် အများစုဟာ အိမ်ဝယ်၊ မြေဝယ်၊ ကားဝယ်ပြီး ဘဏ်ထဲထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ငွေကြေးခဝါချမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ငွေမည်းတွေ မြန်မာနိုင်ငံထဲ ဘယ်လောက်စီးဆင်းနေလဲဆိုတာ မှန်းဆရခက်ပါတယ်။

အခုချိန်မှာ ငွေကြေးခဝါချမှု၊ ငွေမည်းစီးဆင်းမှု သတင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံး ပြိုကျသွားနိုင်တဲ့အထိ ကိုင်လှုပ်နိုင်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ အမှန်တကယ်ပဲ စိုးရိမ်စရာကောင်းပါတယ်။

(၇)
ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့သူတွေ၊ အကောင်အထည်ဖော်ဖို့ ခွင့်ပြုတဲ့သူတွေအားလုံးဟာ အကြံကြီးတာလား။ အကြံပက်စက်တာလား။ ပြည်သူလူထုနဲ့ နိုင်ငံတစ်နိုင်ငံလုံးကို နလပိန်းတုံးလို့ ထင်တာလား။ ဒီလို အတွေးရောက်စေပါတယ်။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်း ဧရိယာဟာ ရန်ကုန်မြို့သစ်တွေ အားလုံးထဲမှာ သန်လျင်မြို့သစ်၊ သီလဝါမြို့သစ်၊ မင်္ဂလာဒုံမြို့သစ် အားလုံးထဲမှာ ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ အချက်အချာကျပြီး မြို့ထဲနဲ့ ခဲတစ်ပစ်ပဲကွာတဲ့ အနေအထားမှာရှိတဲ့ နေရာဖြစ်တယ်။ သူနဲ့ ခဲတစ်ပစ်သာရှိတဲ့ ရန်ကုန်မြို့ထဲမှာ တစ်စတုရန်းပေကို ကျပ်နှစ်သိန်းကနေ သိန်း ၂ဝ ရှိပါတယ်။

ဆိုလိုတဲ့အဓိပ္ပာယ်က တစ်ဧကကို ရန်ကုန်မြို့ထဲမှာ အနိမ့်ဆုံးဈေးနဲ့ တွက်ရင်တောင် အမေရိကန်ဒေါ်လာ ၁ဝ သန်းရှိတယ်။ အမြင့်ဆုံးဈေးနဲ့တွက်ရင် ဒေါ်လာသန်း ၁ဝဝ၊ ၁၅ဝ လောက် ရှိတယ်။ ဒီခဲတစ်ပစ်သာ ရှိတဲ့နေရာမှာ မြေကွက်ရဲ့ဈေးနှုန်းဟာ မပြုပြင်ရသေးတဲ့ အခြေအနေမှာ ဒေါ်လာဘီလျံ ၂ဝဝဝ လောက်တန်တယ်။ သန်း ၁ဝဝ နဲ့ တံတားငါးစင်း ထိုးပြီးသွားလို့ တစ်ဘီလျံနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီးလို့ ပြုပြင်ပြီးသွားတဲ့အချိန်မှာ ဘီလျံဒေါ်လာ ၅ဝဝဝ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီဧရိယာရဲ့ အကျယ်အဝန်းက စင်ကာပူရဲ့ လေးပုံတစ်ပုံရှိတယ်။ ရှန်ဟိုင်းရဲ့ Pu Dong ဧရိယာလောက် ရှိတယ်။ ဟောင်ကောင်ရဲ့ Kowloon ကျွန်းနီးပါးလောက် ရှိတယ်။

နောက်တစ်ချက်က ဒီနေရာကို ရွေးချယ်ထားတဲ့သူဟာ ကွမ်းခြံကုန်းမှာ စုစုပေါင်း မဂ္ဂါဝပ် ၃၂၇ဝ အထိ ထွက်ရှိနိုင်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ ဆက်စပ်နေပါတယ်။ ဒီမြို့ပြ စီမံကိန်းအတွက် ဒီဓာတ်အားပေးစက်ရုံကို ကြိုတင်တည်ဆောက်ထားဖို့ ကြိုးစားခဲ့ပုံရပါတယ်။ ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မယ့် ကုမ္ပဏီက အေးရှားဝေါလ်ကုမ္ပဏီ အုပ်စုခွဲဖြစ်တဲ့ ကောင်းမြတ်သောမြေကုမ္ပဏီ ဖြစ်ပါတယ်။

ဩဂုတ် ၂၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာလည်း ကွမ်းခြံကုန်းမှာတည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ စက်ရုံကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ ညှိနှိုင်းခဲ့တဲ့အကြောင်း၊ စက်ရုံပြီးသွားရင် ရန်ကုန်နဲ့ ကွမ်းခြံကုန်းတဝိုက်မှာ ဘယ်လိုအကျိုးဖြစ်ထွန်းကြောင်း စတာတွေကို မြို့သစ်စီမံကိန်း သတင်းနဲ့အတူ ချိန်သားကိုက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီဖော်ပြချက်ကို ကြည့်ခြင်းအားဖြင့် မြို့သစ်စီမံကိန်းနဲ့ ကျောက်မီးသွေးစီမံကိန်းစက်ရုံဟာ ကြိုတင်အကွက်ချထားတာ ဖြစ်နေပါတယ်။ မြို့သစ်စီမံကိန်းနဲ့ အေးရှားဝေါလ်ကုမ္ပဏီကလည်း ပတ်သက်နေနိုင်ပါတယ်။

အေးရှားဝေါလ်ဟာ မြို့သစ်စီမံကိန်းကို ကြိုတင်သိရှိပြီး တွက်ချက်ထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစီမံကိန်းကို လုပ်ခဲ့သူတွေဟာ အကြံကြီးတဲ့သူတွေဖြစ်ပြီး ဒီနောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ် ဟောင်ကောင်က တရားမဝင်ငွေကြေးတွေ ရှိနေနိုင်ပါတယ်။

(၈)
ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်လဲ။ ဒီလို မြို့သစ်ကိစ္စဟာမျိုးက အစိုးရကပဲလုပ်ရတာ ဖြစ်ပါတယ်။ ဒီလောက် ဧရိယာတန်ဖိုးကြီးတဲ့ မြေတွေကို အစိုးရက မြေသိမ်းဖို့အတွက် ဥပဒေပြုရပါမယ်။ မြေပိုင်ရှင်တွေကို လျော်ကြေးပေးရမယ်။ ဘယ်လောက်လျော်ကြေးပေးမယ်ဆိုတာကို ဥပဒေနဲ့အညီ ပြောရမယ်။ တစ်ဧကကို သိန်း ၁ဝဝ၊ ၂ဝဝ ပေါက်ရင် ၅ဝဝ ထက်ပိုမပေးဘူး။ မရောင်းချင်တဲ့သူတွေကို မြေဘယ်လောက်ပေးမယ်။ တိုက်ခန်းပေးမယ်။ ရောင်းချင်တဲ့သူတွေကို ကာလပေါက်ဈေးက အခု ၁ဝဝ ရှိရင် ၂ဝဝ ပေးမယ်။ ဒီလိုမျိုး ဥပဒေပြုပြီး သိမ်းရမယ့်ဟာမျိုးကို လက်လွတ်စပယ်နဲ့ ကုမ္ပဏီတစ်ခု၊ ဘာမှ အခြေအမြစ် ခိုင်ခိုင်မာမာမပြနိုင်သေးဘဲ နိုင်ငံတကာမှာ ရှယ်ယာရောင်းစားမယ့် ကုမ္ပဏီတစ်ခုကို လွယ်လင့်တကူပေးတာဟာ အကြံပက်စက်လွန်းပါတယ်။

သူတို့လုပ်မယ့်ပုံစံက ရှင်းပါတယ်။ ငွေနည်းနည်းနဲ့ ရင်းနှီးမြှုပ်မယ်။ ပြီးတဲ့အခါ ပြည်ပနိုင်ငံတစ်ခုမှာ ကုမ္ပဏီကို listed လုပ်ပြီး နိုင်ငံတကာကလူတွေကို ရှယ်ယာရောင်းမှာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့တိုးချဲ့ဖို့ သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်းကို ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာရှိတဲ့ အေးရွာဘက်မှာ ခရိုနီတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ မြေကစားမှုတွေ ဖြစ်ခဲ့ပါတယ်။ အေးရွာဘက်ခြမ်း မြေကစားမှုတွေမှာ တစ်ဧက ငွေကျပ် ၁၈ သိန်းကနေ သိန်း ၁၆ဝ အထိ ဖြစ်သွားချိန်မှာ ရပ်သွားပြီး တရုတ်တွေ ဝင်ကစားပါတယ်။ တစ်ဖက်မှာလည်း ရန်ကုန်တစ်ဖက်ခြမ်းကို ကိုရီးယားနိုင်ငံဘက်က တံတားထိုးမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီအချက်တွေကလည်း အခုထုတ်ပြောလာတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြိုတင်အကွက်ချစီမံကိန်း ဖြစ်နိုင်ပါတယ်။

(၉)
အခုလုပ်မယ့် စီမံကိန်းအရ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေအပြင် နောက်ထပ် ဒလ၊ ကွမ်းခြံကုန်း ပယ်လယ်ထွက်ပေါက်အထိ ထပ်ချဲ့နိုင်တဲ့ ဧရိယာတွေ ရှိနေတယ်။

နောက်ပြီး ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်တင် မကဘူး။ တိုင်းပြည်မှာ မြေနေရာအကျယ်ဆုံးနဲ့ တန်ဖိုးအရှိဆုံးမြေနေရာ ဖြစ်ပါတယ်။ ဒါကို လက်လွတ်စပယ် ရောင်းစားခဲ့တာက လုံးဝမဖြစ်နိုင်ဘူး။ အခုဖြစ်နေတဲ့ပုံစံက ရောင်းစားစရာမရှိတော့ နောက်ဆုံး ပင်လယ်ဘက်ထွက်ပေါက်ကို ရောင်းစားသလို ဖြစ်နေပါတယ်။

စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ရှိနိုင်တာဖြစ်လို့ တိုင်းပြည်ရဲ့ အချက်အချာ၊ ဆိပ်ကမ်း၊ ပင်လယ်နဲ့နီးတဲ့ ထွက်ပေါက်တစ်ခုကို လက်လွတ်စပယ် ရောင်းစားခဲ့ခြင်းရဲ့ နောက်ကွယ်က ကိစ္စတွေကို စုံစမ်းဖော်ထုတ်ရပါမယ်။

အများပိုင်ကုမ္ပဏီ ဆိုပေမယ့် ဒီနောက်ကွယ်မှာ တရုတ်တွေပဲ ရှိနိုင်ပါတယ်။ ဒီစီမံကိန်းကို ပြည်တွင်းကလူတွေ မရင်းနှီးနိုင်ဘူး။ ဒီနောက်ကွယ်မှာ နိုင်ငံခြားကုမ္ပဏီတစ်ခုက ငွေကြေးထောက်ပံ့မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့က ပထမဆုံး ဖော်ထုတ်ရမယ့်ကိစ္စက ဒီစီမံကိန်း ဖြစ်လာပါပြီ။

စုံစမ်းလို့ မရဘူးဆိုတာကိုတော့ မဖြစ်နိုင်ပါဘူး။ ၂ဝ၁၁ ခုနှစ်တုန်းက အိမ်ခြံမြေပိုင်ဆိုင်မှု ကိစ္စတွေနဲ့ အမှုဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦးရဲ့ အမှုကိုတောင် ဖော်ထုတ်နိုင်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ သတင်းမီဒီယာတွေရဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေက ထောက်ပံ့နေသလဲဆိုတဲ့ အချက်သိဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့သေးတာပဲ။

(၁၀)
အခုစီမံကိန်းကို လုပ်ကိုင်မယ့် အများပိုင်ကုမ္ပဏီက လူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ဖော်ထုတ်ရပါမယ်။ လက်ရှိအချိန် မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီလို့ ပြောပေမယ့် အများပိုင်တာ တစ်ခုမှမရှိသေးဘဲ ခရိုနီတွေပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကြားထဲမှာ နာမည်ပျက်တွေ အများကြီးဖြစ်နေတယ်။ သူတို့သားသမီးတွေ၊ သူတို့မိသားစုဝင်တွေရဲ့ လုပ်ငန်းတွေက အရမ်းကျယ်ပြန့်နေပါတယ်။ တိုင်းဒေသကြီးတွေကို အာဏာခွဲဝေပေးတဲ့ အချိန်ကစပြီးတော့ အဂတိလိုက်စားမှု၊ ခြစားမှုတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေကြားထဲမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

တိုင်းပြည်က ဖွတ်မွဲပြာစု ဖြစ်ရတဲ့အထဲ ရှိသမျှ သယံဇာတတွေကို ရောင်းစားလို့ကုန်လို့ နောက်ဆုံးအချိန်မှာ ဒီဟာကိုပါ ထပ်ရောင်းစားမယ်။ တိုင်းပြည်ရဲ့ အသည်းနှလုံး၊ ရန်ကုန်မြို့ရဲ့ အသည်းနှလုံး။ ပင်လယ်ဘက်ထွက်ပေါက် အကြီးဆုံး အကောင်းဆုံးမြေနေရာ။ မြန်မာတစ်ပြည်လုံးမှာ တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားမယ်ဆိုတာကို လုံးဝလက်မခံနိုင်ဘူး။ ပြည်သူလူထုက လက်ခံလို့မရဘူး။

အခုချိန်မှာ အစိုးရအနေနဲ့ လုပ်ရမှာက စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာပါ။ ပြီးမှ စီမံကိန်းလုပ်ကိုင်ခွင့်အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအားလုံး ပါဝင်မယ့် Developer တွေကိုခေါ်ပါ။ ဒီလိုခေါ်ပြီးမှ စီမံကိန်းအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးပါ။ ဒါမှသာလျှင် တရားဥပဒေနဲ့ကိုက်ညီပြီး မှန်ကန်မျှတမှုရှိတဲ့ စီမံကိန်း ထွက်ပေါ်လာမှာပါ။

(၁၁)
ဒီစီမံကိန်းရဲ့ တန်ဖိုးဟာ အကောင်အထည်ဖော်ပြီးသွားရင် အမေရိကန်ဒေါ်လာ ဘီလျံထောင်နဲ့ချီပြီး တန်ဖိုးရှိမယ့်နေရာ ဖြစ်ပါတယ်။ အခုရင်းနှီးမှာက ၁၅ ဘီလျံပဲ ရှိပါတယ်။

ဒီကိစ္စမှာ အေးရှားဝေါလ်ကုမ္ပဏီလည်း ပတ်သက်မှုရှိနိုင်ပါတယ်။ အေရှားဝေါလ်နောက်ကွယ်မှာ တရုတ်တွေ ပတ်သက်မှုရှိတယ်။ ငွေမည်းတွေ ပတ်သက်မှုရှိတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ကအဓိကလုပ်ကိုင်နေတဲ့ စီမံကိန်းတွေမှာ ပတ်သက်နေပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မြစ်ဆုံစီမံကိန်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတစ်လျှောက်လုံးကို ဖြတ်ပြီးသွယ်တန်းထားတဲ့ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းတွေမှာ ပတ်သက်နေပါတယ်။

အခု ရန်ကုန်မြို့ကိုပိတ်ဆို့ပြီး ပင်လယ်ထွက်ပေါက် တစ်ခုလုံးကိုယူမယ့် ရန်ကုန်မြို့သစ် စီမံကိန်းမှာလည်း အေးရှားဝေါလ်ကုမ္ပဏီက ကင်းကင်းရှင်းရှင်း မရှိပြန်ဘူး။ ဒီသုံးခုစလုံးမှာ အေးရှားဝေါလ်ကုမ္ပဏီနဲ့ တရုတ်လုပ်ငန်းရှင်တွေ ပတ်သက်နေတာဟာ တိုက်ဆိုင်မှု မဟုတ်တော့ပါဘူး။

မြစ်ဆုံစီမံကိန်းကိစ္စမှာ အကျိုးအမြတ်တွေကို တရုတ်ဘက် ရွှန်းရွှန်းဝေပြောခဲ့ပါတယ်။ လက်ပံတောင်းတောင် စီမံကိန်းမှာလည်း ဒီအတိုင်းပါပဲ။ လက်တွေ့မှာ ဖြစ်မလာပါဘူး။ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စမှာလည်း မြို့တော်ဝန်ဦးလှမြင့်က အကျိုးအမြတ်တွေအကြောင်း ပြောခဲ့တာဟာ မြစ်ဆုံ၊ လက်ပံတောင်းကိစ္စတွေမှာ တရုတ်တွေပြောတာနဲ့ အတူတူလို ဖြစ်နေပါတယ်။

အထူးသဖြင့် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်း၊ ရထားလမ်းစီမံကိန်း အစရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လာရင် ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေဟာ ပြည်သူတွေကို နလပိန်းတုံးလို ထင်ခဲ့တာလား။ တစ်တိုင်းပြည်လုံးကို နလပိန်းတုံးလို ထင်ခဲ့တာလား။ အခု ရန်ကုန်မြို့သစ် စီမံကိန်းဆိုပြီး ရန်ကုန်ကို တရုတ်တွေ ရောက်လာပြီလား။ ပြည်သူတွေက နလပိန်းတုံးတွေ မဟုတ်ပါဘူး။

ၾကိဳဆိုခံယူ၁၉မ် ား


DVB

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် မတရားဖမ်းဆီးခိုင်းစေနှိပ်စက်ခြင်းများခံနေရ

#Democracytoday

Yangon Media Group
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်တွင် မြန်မာတိုင်းရင်းသားများ
မတရားဖမ်းဆီးခံရပြီး စက်ရုံအလုပ်ရုံများတွင် ခိုင်းစေနှိပ်စက်ခြင်းများခံနေရ
===================================================

နမ့်ခမ်း၊

ရှမ်းပြည်နယ် မြောက်ပိုင်း မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်တွင် တိုင်းရင်းသားများ မတ ရားဖမ်းဆီး အနိုင်ကျင့် နှိပ်စက်ခံနေ ရကြောင်း နမ့်ခမ်းဒေသခံများကပြော သည်။

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် တွင် ဖမ်းဆီးဆေးစစ်ကာ မူးယစ်ဆေး ဝါးသုံးစွဲသည်ဆိုပြီး တရုတ်ရဲ၏ဖမ်း ဆီးခြင်းခံရသူ ကချင်တိုင်းရင်းသား ဂမ်ဖန်က ''ကျွန်တော်က နောင်မတာ ရွာမှာအလုပ်သွားလုပ်တာပါ။ တရုတ် ရဲကဖမ်းတယ်။ မူးယစ်ဆေးသုံးတယ် ဆိုပြီး ဆီးစစ်တယ်။ မူးယစ်ဆေးသုံး တယ်ပြောပြီးဖမ်းကာ အချုပ်ထဲထည့် လိုက်တယ်။ နောက်တော့ ရွှေစက္ကူ လုပ်တဲ့အလုပ်ရုံကိုပို့လိုက်တယ်။ ရွှေ စက္ကူဆိုတာ တရုတ်တွေသုံးတဲ့ရွှေတုံး ငွေတုံးပုံလုပ်တဲ့စက်ရုံပါ။ တရုတ်ပြည် ထဲမှာပါပဲ။ တစ်ရက်ကို စက္ကူအချပ် ရေ ၈ဝဝ၊ ၁ဝဝဝ ပြီးအောင် လုပ်ရ တယ်။ မလုပ်ဘဲ ထိုင်နေတာတွေ့ရင် စက်ရုံမှာရှိတဲ့ လူမိုက်တွေက သစ် သားချောင်းနဲ့ရိုက်တယ်။ လုပ်ခလဲ မရပါဘူး။ စားစရာဆိုလဲ ထမင်းနဲ့ ဟင်းရွက်ပြုတ်၊ အာလူးပြုတ်တို့ကိုပဲ စားရတာပါ။ ကျွန်တော်နဲ့အတူ အ လုပ်လုပ်နေတဲ့ နမ့်ခမ်းကရှမ်းကလေး ဆိုရင် အရိုက်ခံရပြီးတော့ မေ့သွား တယ်။ အရမ်းနှိပ်စက်တယ်။ ကျွန် တော်က ပြန်လွှတ်တဲ့ ၁၅ယောက်ထဲ မှာ ပါလာတာ။ ကျွန်တော့်အိမ်ကို ငွေတောင်းခိုင်းပေမယ့် ကျွန်တော် တို့က ဆင်းရဲတယ်။ မပေးနိုင်ဘူးလို့ ပြောတာ။ ကံကောင်းလို့ လွတ်လာ တာ''ဟု ပြောသည်။


ထို့အတူ နမ့်ခမ်းမြို့နယ်မှ ကွမ်း လုံရွာသား အိုက်ခေးက ''ကျွန်တော် က တရုတ်ပြည်ထဲကို ဖရဲသီးတွေကို ထော်လာဂျီနဲ့တင်ပြီး ရောင်းတာပါ။ လမ်းမှာ တရုတ်ရဲကဖမ်းပြီး မူးယစ် ဆေးစစ်မယ်၊ ဆီးပေါက်ပေးလို့ပြော တယ်။ ကျွန်တော်က မူးယစ်ဆေးမ သုံးဘူးဆိုပြီး (BP) စာအုပ်အနီကိုပြ တယ်။ စာအုပ်ကိုကိုင်တောင်မကြည့် ဘဲ ဆေးစစ်မယ်ပြောတယ်။ ကျွန်တော် လဲ သူတို့အလစ်မှာ ထော်လာဂျီထဲ ကရေကို ထည့်ပေးလိုက်တယ်။ ဒါလဲ ဆီးမှာ မူးယစ်ဆေးသုံးတာပေါ်တယ် ဆိုပြီး လက်ထိတ်ခတ်အဖမ်းခံလိုက်ရ တာပါ။ ဘယ်နိုင်ငံမှာမဆို ဥပဒေရှိ တယ်။ မူးယစ်ဆိုရင်လဲ မူးယစ်ဥပဒေ အတိုင်းလုပ်ပေါ့။ အခုတော့ စက္ကူ လုပ်တဲ့နေရာပို့ပြီး အလုပ်လုပ်ခိုင်း တယ်။ အခု ၁၅ယောက်လွှတ်တဲ့အ ထဲပါလာတာ။ ဟိုမှာ တိုင်းရင်းသား တွေအများကြီးကျန်နေသေးတယ်။ နမ့်ခမ်းကရှမ်းတွေ အများဆုံးပါပဲ။ ရှမ်း ၄ဝဝကျော်နဲ့ တခြားတိုင်းရင်း သား၂ဝဝလောက်ကျန်နေသေးတယ်။ မတရားခိုင်းတာခံနေရတယ်''ဟုပြော သည်။

အလားတူ ကွမ်းလုံရွာက နန်း အေးပိန်ကလည်း ''ကျွန်မခင်ပွန်းက နောင်တောင်းမှာ အလုပ်သွားလုပ် တာပါ။ တရုတ်ရဲကဖမ်းထားတယ်။ တရုတ်ငွေနဲ့ လာရွေးဖို့မှာတယ်။ ကျွန် မမှာ ငွေမရှိဘူး။ စားစရာလဲမရှိဘူး။ ကလေးတွေနဲ့ ဒုက္ခရောက်နေပါတယ်'' ဟု ပြောဆိုသည်။

ထို့အပြင် နမ့်ခမ်းမြို့နယ် ဟို ဆိုင်းရွာမှ ဒေါ်မဝင်းကလည်း ''ကျွန် မသားငယ်ကို တရုတ်ရဲက ဖမ်းထား တယ်။ လာရွေးပါလို့ပြောတယ်။ ကျွန် မမှာ ငွေမရှိပါဘူး။ လက်ရှိအခြေအ နေမှာလဲ စားစရာမရှိပါဘူး။ သား လွတ်မြောက်ရေးအတွက် အကူအ ညီပေးကြပါ''ဟု တောင်းပန်စကား ပြောပြီး မူးမေ့လဲကျသွားသည်။
''မြန်မာ-တရုတ် နှစ်နိုင်ငံနယ် စပ်ချင်းထိနေတာပါ။ ရွှေလီ၊ နောင် တောင်း၊ နောင်မတာ၊ လိုင်းယင်း၊ နောင်တောင်းကျေးရွာတွေဟာ ထိ ဆက်နေတာပါ။ တရုတ်ကလဲ မြန်မာ ဘက်ကူးတယ်။ မြန်မာကလဲ တရုတ် ဘက်ကူးတယ်။ အပြန်အလှန်သွား လာတာမျိုးပါပဲ။ အများအားဖြင့်အ လုပ်လုပ်တာ ကုန်စိမ်းရောင်းတာ၊ ခြံ စိုက်တာတွေလုပ်ကြတာပါ။ အခု တော့ မြန်မာပြည်အနှံ့က တိုင်းရင်း သားတွေက တရုတ်နယ်စပ်မှာအဖမ်း ခံရတယ်။ တရုတ်ရဲ့ ပြစ်ဒဏ်ချတာ မလုပ်ဘဲ ပုဂ္ဂလိကစက်ရုံအလုပ်ရုံတွေ နဲ့ လမ်းဖောက်တဲ့နေရာတွေကိုပို့ပြီး ခိုင်းတယ်။ ရိုက်နှက် နှိပ်စက်ခံနေရ တယ်။ အဖမ်းခံနေရသူတွေက ပြန် လွတ်ချင်ရင် တရုတ်ငွေ ယွမ် ၈ဝဝဝ မှ ၁ဝဝဝဝ ထိပေးရတယ်။ မြန်မာငွေ ဆိုရင် အများကြီးပါပဲ။ ငွေပေးပြီးပြန် လွတ်လာတဲ့သူတွေရှိသလို ငွေမပေး နိုင်လို့ နမ့်ခမ်းမြို့ကလွှတ်တော်ကိုယ် စားလှယ်၊ အုပ်ချုပ်ရေးမှူးအထောက် အကူအဖွဲ့တွေကို အကူအညီတောင်း တယ်။ ဒါ့အပြင် ဇူလိုင် ၂၃ရက်က နမ့်ခမ်းမြို့ ဧည့်ကြိုခန်းမမှာ မြို့လူကြီး တွေ၊ မြို့အုပ်ချုပ်သူတွေ၊ သတင်းစာ ဆရာတွေကိုဖိတ်ပြီး တင်ပြဆွေးနွေး ကြတယ်''ဟု နမ့်ခမ်းဒေသခံများက ပြောသည်။

ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းတင်ဦးက သက်ဆိုင်ရာ ပြည်နယ်အစိုးရမှတစ်ဆင့် ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဆီကို ဆက်သွယ်အကူအညီတောင်း ခံထားကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် နောင်မ တာရွာသား စိုင်းယီဆိုသူက ''ကျွန် တော် နောင်တောင်းက သူငယ်ချင်း တွေနဲ့ သွားလည်ကြတယ်။ တရုတ် ရဲတွေကဖမ်းပြီးဆီးစစ်တယ်။ မူးယစ် ဆေးသုံးတယ်ပြောပြီး လက်ထိတ် ခတ်ဖမ်းလိုက်တယ်။ တရုတ်ရွှေတုံး ငွေတုံးပုံလုပ်တဲ့အလုပ်ရုံကိုပို့တယ်။ တစ်ရက်ကို အချပ် ၈ဝဝလုပ်ရတယ်။ ကျွန်တော့်ကို အလုပ်မလုပ်လို့ဆိုပြီး ဇက်ပိုးကို သစ်သားချောင်းနဲ့ ရိုက် လိုက်တာ ကျွန်တော်သတိလစ်သွား တယ်။ နှိပ်စက်တာမခံနိုင်လို့ အမေ့ ကိုအကြောင်းကြားတယ်။ ငွေနဲ့လာ ရွေးခိုင်းတယ်။ တရုတ်ယွမ် ၈ဝဝဝ ပေးရတယ်။ တရုတ်ရဲကိုပေးရတာ။ အဲဒီအလုပ်ရုံမှာ တစ်လနဲ့ ၂၈ရက် နေခဲ့ရတယ်''ဟု ပြောသည်။

လက်ရှိအခြေအနေတွင် မြန်မာ- တရုတ်နှစ်နိုင်ငံနယ်စပ်ဒေသရှိ ကျေး ရွာများတွင်နေထိုင်သူတို့သည် မြန်မာ ပိုင်နေရာ၊ တရုတ်ပိုင်နေရာဟူ၍မသိ နိုင်အောင် ဆက်စပ်နေမှုကြောင့် နေ့ စဉ် ကူးလူးသွားလာနေကြခြင်းဖြစ် ကြောင်း၊ မြန်မာဘက်ကိုလည်း ၄င်း တို့ဈေးလာရောင်းကြကြောင်း တ ရုတ်နိုင်ငံအတွင်း ဖမ်းဆီးခံရပြီး အ လုပ်ရုံစက်ရုံများတွင် လုပ်အားခမရ၊ နှိပ်စက်ခံနေရသော တိုင်းရင်းသား လူငယ်များအတွက် ဝိုင်းဝန်းဖြေရှင်း ပေးကြပါရန် မိသားစုများက သက် ဆိုင်ရာသို့ပြောဆိုအကူအညီတောင်းခံနေကြောင်း ဒေသခံများထံမှ သိရ သည်။

အောင်မင်း(နမ့်ခမ်း)

(ဓါတ်ပုံ - မြန်မာနိုင်ငံသားတစ်ချို့ မတရားဖမ်းဆီးခိုင်းစေအနိုင်ကျင့်နှိပ်စက်မှု များနှင့် ပတ်သက်၍ ဟိုဆိုင်းရွာသား ကိုသားငယ်၏ မိခင် ဒေါ်မ၀င်း ရှင်းလင်းပြော ကြားပြီးနောက်ရုတ်တရက်မူးလဲကျသွားစဉ်။)

#Democracytoday

တပ်ပိုင်မော်တော်ယာဉ်ဖြင့် နွားမှောင်ခို သယ်ဆောင်သည့် တပ်မတော်အရာရှိနှင့် အခြားအဆင့် နှစ်ဦးကို ဖမ်းမိ



The Voice Weekly
ဟင်္သာတ၊ သြဂုတ် ၂၃

ဟင်္သာတခရိုင် ဇလွန်မြို့ ပြည်တော်ပြန်ဘုရားကြီး အနီးတွင် သြဂုတ်လ ၂၁ ရက်နေ ည ၁၀ နာရီခန့်က တပ်မတော် တပ်ရင်းတပ်ဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် တင်ဆောင်လာသည့် ကျွဲနွား ၁၀ ကောင်နှင့်အတူ တပ်မတော်အရာရှိ တစ်ဦးနှင့် အခြားအဆင့် နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ကျုံပျော်မြို့နယ် ဇီဝိတဒါနအဖွဲ့ အတွင်းရေးမှူး ဆရာတော်ဦးထေရက ပြောကြားသည်။

နွား ၁၀ ကောင် တင်ဆောင်လာသည့် ကြယ်အမှတ်တံဆိပ်ပါ ၃၂၈၆ (A) စစ်ရောင်ဖေါ အမျိုးအစားယာဉ်ကို တပ်ကြပ်အုန်းမြင့် မောင်းနှင်ခဲ့ပြီး ကျုံပျော်မြို့ ခလရ (၃၆) တပ်ရင်းမှ ဗိုလ်ကြီး ညီညီသက်ကို၊ တပ်ကြပ်ကြီး စောမောင်တို့ လိုက်ပါခဲ့ကြောင်း၊ အထောက်အထားမဲ့ နွားများ သယ်ဆောင်လာသည့် ၎င်းတို့သုံးဦးကို တပ်မတော် စစ်စည်းကမ်းအရ စစ်ဆေးဆောင်ရွက်နိုင်ရန် ခမရ (၁၀၈) မှ ဗိုလ်မှူးလွင်ဦးနိုင်ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ နွား ၁၀ ကောင်ကိစ္စကိုမူ ဇီဝိတဒါနအဖွဲ့မှ ဆရာတော်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဇလွန် မြို့မရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

“နွားမှောင်ခိုလို့ မစစ်ဆေးခင် လူငယ်ငါးယောက်က နွားဆွဲမလို့ လာစောင့်နေတယ် ပြောတယ်။ အဲဒီနွားတွေက ဧရာဝတီမြစ်ကို ဖြတ်ပြီး ပဲခူးတိုင်းဘက်ကို ပို့မှာ။ ဒါကြောင့် မှောင်ခိုနွားလို့ ရာနှုန်းပြည့် ပြောနိုင်တာ။ ကျုံပျော်မြို့က ခလရ (၃၆) တပ်ရင်းကိုလည်း ဝင်မချဘူး။ ဟင်္သာတ နတ်မော်မှာရှိတဲ့ ခလရ (၁၈) မှာလည်း နွားတွေကို မချခဲ့ဘူး နွားမှောင်ခိုတွေ သယ်ဆောင်လေ့ရှိတဲ့ ဇလွန်ဆိပ်ကမ်းကို လာချတဲ့အတွက် ဖမ်းမိတာ” ဟု ဦးထေရက ထပ်လောင်း မိန့်ကြားသည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ တပ်မတော် စစ်စည်းကမ်း ဥပဒေများနှင့်အညီ အရေးယူမည် ဖြစ်ကြောင်း အနောက်တောင်တိုင်း စစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခင်မောင်ဦးက ပြောကြားသည်။

ပန်းတနော်၊ မအူပင်၊ ဓနုဖြူ၊ ဟင်္သာတ၊ ဇလွန်မြို့နယ်တို့မှ ဇီဝိတဒါနအဖွဲ့များက ဆရာတော်များနှင့် သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၁ နာရီကျော်က တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် နွားများကို ဥပဒေအရ ဆောင်ရွက်ပြီးပါက တာဝန်ရှိသူများထံ အလှူခံပြီး ခွင့်ပြုမည် ဆိုပါက ရခိုင်ပြည်နယ်ရှိ တောင်သူအချို့ကို လှူဒါန်းသွားမည် ဖြစ်ကြောင်း မအူပင်မြို့နယ် အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဦးနေမိန္ဒက မိန့်ကြားသည်။