Sunday, September 7, 2014

ဦးပေါ်ဦးကြိုသိပုံက



မင်းကြီး။ ။ ဟဲ့..ပေါ်ဦး နင်ကိုးကွယ်နေတာ ဘာကြီးလဲ

ပေါ်ဦး ။ ။ တောင်ပို့ကြီးပါဘုရား

မင်းကြီး။ ။ ဟဲ့....သူ့ချည်းသာလော

ပေါ်ဦး။ ။ ဖွတ်ပါထွက်လာပါတယ်ဘုရား

ပြည်‌ခိုင်‌ဖြိုးပါတီ ဒု ဥက္ကဌ ဦး‌ဌေးဦး ပုပ္ပါး ‌တောင်‌ကလပ်‌ ဘိုး‌တော်‌‌အောင်‌မင်း‌ခေါင်‌ထံဆု‌တောင်းမှုများ ပြုလုပ်

News & Photos from Aung Gyi Dvb

ငြိမ်းချမ်းရေးဖလားရ မြန်မာဘောလုံးအသင်း စက်တင်ဘာ ၈ ရက် နံနက်ပြန်ရောက်မည်


ဖိလစ်ပင်းငြိမ်းချမ်းရေးဖလားမြန်မာကရယူခဲ့တဲ့
ပွဲစဉ်တွေမှာပါလက်စတိုင်းလဲဝင်ပြိုင်တယ်၊
ငြိမ်းချမ်းရေးဖလားကိုမြန်မာကအကျိုးရှိရှိသုံးနိုင်စေ၊

Sun, 2014-09-07 15:56
http://www.7daydaily.com/story/20091#.VAyIzGPjySp
မြန်မာအသင်း ပထမဆုံးအကြိမ်ဝင်ရောက်ယှဉ်ပြိုင်သော ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်ကို ၃−၂ ဂိုးဖြင့် အနိုင်ရရှိပြီး မြန်မာအသင်းသားများ အောင်ပွဲခံနေစဉ် (ဓာတ်ပုံ − အီးပီအေ)

ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် စက်တင်ဘာ ၈ ရက် နံနက် ၉ နာရီ ၂၀ မိနစ်၌ ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အောင်ပွဲရမြန်မာ့လက်ရွေးစင်အသင်းအား ကြိုဆိုမည့် အစီအစဉ်များနှင့် ပတ်သက်၍ စီစဉ်နေဆဲဖြစ်ကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူက စက်တင်ဘာ ၇ ရက် နေ့လယ်တွင်ပြောသည်။

ပြိုင်ပွဲဝင် လေးသင်းပါဝင်ယှဉ်ပြိုင်ခဲ့သည့် ယင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကြိုဗိုလ်လုပွဲတွင် ပါလက်စတိုင်းအသင်းကို  (၄-၁) ဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင်  အိမ်ရှင်ဖိလစ်ပိုင် အသင်းကို (၃-၂) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိပြီး ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်သည်။

Thailand 1:2 Myanmar - AFF U19 Championship live!


WELL DONE! Myanmar,,,,,,,,
Thailand 1:2 Myanmar - AFF U-19 Youth Championship
အောင်သူ၊ထိုက်ထိုက်အောင်

ထိုက်ထိုက်အောင် က ၆၃ မိနစ်မှာ ပြစ်ဒဏ်ဘောကို အပေးအယူ
လုပ်ပြီး အဝေးက ကန်သွင်း.အလှဆုံးဂိုး
၁၉နှစ်အောက် နောက်ခံလူ ထိုက်ထိုက်အောင် သွင်း
ယူတဲ့ဂိုးအရှိန်ပြင်းချက်ကထိုင်းနောက်ခံလူတွေနဲ့
ထိုင်းဂိုးသမားပါကျောက်ရုပ်လိုဖြစ်ကျန်ခဲ့တယ်၊
နိုင်ငံတကာအဆင့်မှီဂိုးပါ၊
Cheers & Congratulation ထိုက်ထိုက်အောင်

မြန်မာ - အင်ဒိုနီးရှား (ကြာသာပတေးနေ့) live! 
https://www.youtube.com/watch?v=sHz5bFWAOZ8&feature=youtu.be

ပြည်ထောင်စုကာကွယ်ရေးတပ် UNRA


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ABSDF မှ ခွဲထွက်ပြီး ပြည်ထောင်စုကာကွယ်ရေးတပ်
UNRA အမည်ဖြင့် ဖွဲ့စည်းတည်ထောင်လိုက်သည်။
ကျောင်းသား တပ်မတော်အဖြစ် ဆက်လက်မသွားတော့ပဲနဲ
့ ပြည်ထောင်စု ကာကွယ်ရေးတပ် ဆိုပြီးတော့ ပြည်ထောင်စုရဲ့
လုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆက်လုပ်နိုင်ဖို့ ........

ဥက္ကဋ္ဌ ရဲဘော်ခင်ကျော်( စစ်ဦးစီးချုပ် )

ကိုခင်ကျော် ခွဲထွက်သွားတာဟာ ABSDF နှစ်ဖက်ကွဲသွားတာ မဟုတ်ပဲ သူတစ်ဦးတည်းဆောင်ရွက်သွားတာဖြစ်ကြောင်း၊ သူ့ကိုလည်း အဖွဲ့ ကနေ ထုတ်ပယ်လိုက်ကြောင်း

ABSDF ဒုတိယ ဥက္ကဌ ကိုမျိုးဝင်း

အကြမ်းဖက်များ ဝင်ရောက်နေသည့်သတင်းကြောင့် သတိထားသွားရန် ညွှန်ကြား


အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်နေသည့်သတင်းကြောင့် သတိထားသွားလာရန် ဌာနဆိုင်ရာဝန်ထမ်းများအား ညွှန်ကြား
Byမောင်ကံ
On Sun, 2014-09-07
Locationမောင်တော

အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက် နေသည့်သတင်းကြောင့် သတိ ထားသွားလာကြရန် ဌာနဆိုင်ရာ ဝန်ထမ်းများအား မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က စက်တင်ဘာ ၅ ရက်တွင် ညွှန် ကြားချက်ထုတ်ပြန်ပြီး ဌာနဆိုင် ရာများသို့ ဖြန့်ဝေပေးထားကြောင်း သတင်းရရှိသည်။

‘‘ဌာနဆိုင်ရာတွေကို ညွှန် ကြားချက်ထုတ်တာတော့ ကျွန် တော်တို့လည်းကြားမိပါတယ်။ လက်ရှိမှာတော့ မောင်တောနယ် စပ်လုံခြုံရေးကို အရင်ကထက် တင်းကျပ်ထားတာ တွေ့ရပါ တယ်။ မြို့ပေါ်နဲ့ နယ်တွေမှာ တော့ လူတွေက ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပါတယ်။ တိုင်းရင်းသားတွေလည်း တိုင်း ရင်းသားတွေအလျောက်၊ ဘင်္ဂါ လီတွေလည်း ဘင်္ဂါလီတွေ အလျောက် သွားလာနေကြတာပါ ပဲ’’ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

ညွှန်ကြားချက်တွင် ဘင်္ဂ လားဒေ့ရှ်နှင့် မောင်တောနယ်စပ် ၌ အကြမ်းဖက်လှုပ်ရှားနေသည့် အာရ်အက်စ်အို (RSO)လက်နက် ကိုင်အဖွဲ့များက ဌာနဆိုင်ရာဝန် ထမ်းများကို အဓိကထားတိုက် ခိုက်ရန် သတင်းများထွက်ပေါ်နေ ၍ ဌာနဆိုင်ရာဝန်ထမ်းများကို ယခင်ထက်သတိထားသွားလာ ရန်နှင့် သွားရောက်မည့်နေရာကို သက်ဆိုင်ရာဌာနဆိုင်ရာ အကြီး အကဲများနှင့် လုံခြုံရေးတပ်ဖွဲ့ များသို့ အသိပေးထားရန် လိုအပ် ကြောင်း ဖော်ပြထားသည်။
7Day News Journal

လမ်းဘေး လဘက်ရည်ဆိုင်မှာ ပြောသွားတာမဟုတ်ဘူး

ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် အစီအစဉ်ရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်နေ့ကို အနည်းဆုံး သုံးလကြိုတင်ကြေညာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၌ပင် ပြန်လည်ဖြေကြားပေးခဲ့သည်

ရန်ကုန်-
ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ပြောကြားလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအပါအဝင် ပါတီ ၃၅ ခုနှင့် ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် စက်တင်ဘာ ၇ ရက်၌ တွေ့ဆုံဆွေးနွေးပွဲအပြီး ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်တော့မည်မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘မဲဆန္ဒနယ်က ၃၅ နေရာပဲရှိတဲ့အတွက် လွှတ်တော်ရဲ့ voting result ကို ထိခိုက်မှုမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် USDP (ပြည်ခိုင်ဖြိုးပါတီ)က အသာစီး နိုင်မယ်ဆိုတဲ့အနေအထားဖြစ်နေတယ်။ လွှတ်တော်မှာလည်း ဖွဲ့စည်းပုံပြင်ဆင်မယ့်ကိစ္စနဲ့ ရွေးကောက်ပွဲစနစ်အတွက် လေ့လာသုံးသပ်တဲ့အလုပ်တွေ များနေတယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲလုပ်ရင် အလုပ်များမှာစိုးရိမ်တဲ့အတွက်’’ဟု ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲမလုပ်ဖြစ်တော့ခြင်းနှင့် ပတ်သက်၍ ပြောသည်။

ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲကို အာဆီယံထိပ်သီးအစည်းအဝေးအပြီးတွင်ပြုလုပ်ရန် စီစဉ်ထားပြီး ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလမှ နိုဝင်ဘာသို့ ရွှေ့ပြောင်းထားခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ပါက ကျပ် ၂ ဘီလီယံဝန်းကျင်ကုန်ကျမည်ဖြစ်ခြင်း၊ မဲဆန္ဒနယ် ၃၀ ကျော်မှာ လွှတ်တော်အတွင်း ပြောင်းလဲသက်ရောက်မှုများစွာ မဖြစ်နိုင်သည့်အတွက် ဥက္ကဋ္ဌတစ်ဦး၏ လုပ်ပိုင်ခွင့်အရဆုံးဖြတ်ပြီး မကျင်းပခြင်းဖြစ်ကြောင်း ဦးတင်အေးက ပြောသည်။ ပါတီများအနေဖြင့်လည်း သုံးနေရာဝင်ရောက်မယှဉ်ပြိုင်ပါက ပယ်ဖျက်ခံရမည်ဆိုသော သတ်မှတ်ချက်ဖြင့် ကြားဖြတ် ရွေးကောက်ပွဲပြုလုပ်လျှင် ပါတီများအခက်အခဲဖြစ်နိုင်ခြင်း၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်စရာများရှိနေခြင်းတို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲကြီးကို မပြုလုပ်တော့ကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ နိုဝင်ဘာလတွင် ကျင်းပပေးရန် လျာထားကြောင်းလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ဆိုသည်။

http://www.7daydaily.com/story/20090#.VAxtQmPjySp

Aung Soe Moe

" ပထမအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေးတွင် လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပေးရန်အစီအစဉ်ရှိမရှိကို ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် အစီအစဉ်ရှိကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်နေ့ကို အနည်းဆုံး သုံးလကြိုတင်ကြေညာမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၌ပင် ပြန်လည်ဖြေကြားပေးခဲ့သည် " တဲ့ .. လွှတ်တော်မှာပြောသွားတာ လမ်းဘေး လဘက်ရည်ဆိုင်မှာ ပြောသွားတာမဟုတ်ဘူး .. လွှတ်တော်မှာပြောတယ်ဆိုတာ ကတိကဝတ်ပဲ .. လွှတ်တော်မှာ ဝန်ကြီးတွေလဲလာပြီး မေးခွန်းတွေကိုချေပလေ့ ဖြေလေ့ရှိပါတယ် အခုရွေးကောက်ပွဲကော်မရှင်ရဲ့သာဓက က ဘာကိုမီးမောင်းထိုးပြလိုက်သလဲဆိုရင်သူတို့တွေပြောတာတွေ ဖြေတာတွေက အချိန်မရွေး ဘွာတေး လုပ်လို့ရသလိုဖြစ်နေတယ် .. လွှတ်တော်ထဲမှာလူကြားကောင်းအောင်ဖြေလိုက် ပြီးမှမလုပ်လဲကိစ္စမရှိဘူးဆိုတဲ့အထာ ကတိကဝတ်များအကောင်အထည်ဖော်မှုစောင့်ကြည့်ရေးကော်မတီဆိုလား ဘာလားရှိတယ်လို့တော့သိထားတယ် .. ခပ်ရိုင်းရိုင်းပြောရရင် အဲဒါတွေကို S ဂရုမစိုက်တဲ့သဘောပဲ .. တို့တွေကတော့အဟုတ်မှတ်လို့ လွှတ်တော်ချန်နယ်ကြီးကိုကြည့်လိုက်ရတာ အချိန်တွေနှမြောလိုက်တာကွာ ..


နိုင်ငံတခုမှာလစ်လပ်သွားတဲ့မဲဆန္ဒနယ်တွေမှာအစား
ထိုး(ကြားဖြတ်)ရွေးကောက်ပွဲသတ်မှတ်ထားတဲ့အချိန်
မှာလုပ်ကိုလုပ်ပေးရတယ်၊ဘာအကြောင်းပြချက်မှမလိုဖူး၊
အရေးအကြောင်းဆိုအဲ့နယ်ကလူတွေအတွက်ဘယ်ကိုယ်
စားလှယ်ကလွှတ်တော်မှာတက်ပြောမှာလဲ.........
သက်တမ်းတနှစ်ကျန်သေးတယ်
ကျပ် ၂ ဘီလီယံကုန်မှာစိုးတာတွေ၊
၃နေရာမပြိုင်လို့ပါတီငယ်တွေအခက်အခဲဖြစ်မှာတွေ၊
၃၅နေရာလောက်ကလွှတ်တော်Votingကိုမထိခိုက်ဖူးဆို
တာတွေနဲ့လာမစားနဲ့ဦးတင်အေး......
အဲဒါအရူးကွက်တွေ....၂ကျပ်ကွက်တွေ..
ခင်ဗျားလဲသန်းရွှေဘောယှက်တယောက်ပဲ၊
အဲဒီပုတ်ထဲအဲဒီပဲပုပ်ပဲ....
နံချက်.....


ဒီမို အန်းဂရီးဘတ်

၂၀၁၄ နှစ်ကုန် ကြားဖြတ် မကျင်းပဖြစ်တာ NLD အတွက်တော့ ကောင်းပါတယ်။ ရန် မများဘူး။ အာရုံမပျားဘူး။ ခြေဥ ပြင်ဆင်ရေးနဲ့ ၂၀၁၅ ကို အာရုံစိုက်လို့ရတယ်။ ဒါက သပ်သပ်။
ရွေးကော် ဗလောင်းဗလဲနဲ့ လီဆယ်လှည့်ဖျားတာကို သပ်သပ်။

သူတို့တောင်းပန်မှ...

ဒီကားဘယ်သူ့ဆီမှာလဲ