Wednesday, September 24, 2014

ခုံပေါ်တက်လက်ပိုက်ခိုင်းတဲ့ ဦးအုန်းမြင့်



ပါးရိုက်ဖို့မသင့်တော်လို့
ကိုရင်တွေခုံပေါ်တက်လက်ပိုက်ခိုင်းတဲ့
အုန်းညှင့်.......

မန်းလေးကကြံ့ဖွတ်တွေဦးသိန်းစိန်ကိုလှောင်ပြောင်



ဒီဗီနိုင်းတွေနဲ့ဦးသိန်းစိန်ကိုလှောင်
သလိုလိုပြောင်သလိုလိုလုပ်နေတာလား
မန်းလေးကကြံ့ဖွတ်တွေ....

ဒီကိစ္စ ရှင်းပြီးမှ တရားစွဲပါ.



လေးရောင် 4 Hi တစ်လုံးလျှင် ဒေါ်လာ ခုနစ်သိန်းဖြင့် ပြန်ကြားရေးမှ ၀ယ်ယူခဲ့သော အိန္ဒိယကုမ္ပဏီမှ Eleven Media Group သို့ ပေးပို့ထားသော Proposal

EMG မှ ၀ယ်ယူလိုသော လေးရောင် 4 Hi သုံးလုံးနှင့် တစ်ရောင် တစ်လုံးအတွက်Proposal
(အဆိုပါပေးပို့မှုအရ ပြန်ကြားရေးမှ ခုနစ်သိန်းဖြင့် ၀ယ်ယူသောစက်မှာ ဒေါ်လာနှစ်သိန်းခွဲနှင့် သုံးသိန်းကြားသာ ကျသင့်မည်ဖြစ်သည်။)



ဒီကိစ္စ ရှင်းပြီးမှ တရားစွဲပါ
=============
ဒေါက်တာသိန်းမြင့်
Eleven Media Group
စက်တင်ဘာ ၂၂ ရက်က လွှတ်တော်မှာ ကျမ်းလာကျိန်တဲ့ ဦးရဲထွဋ်ရဲ့ အဖြေစကားတွေကြောင့် ကျွန်တော်ဒီဆောင်းပါးကို ရေးရတာပါ။

ဦးရဲထွဋ်က The Daily Eleven မှာပါတဲ့ ကိုမာန်သူရှိန်ရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ရေးခဲ့တာနဲ့ပတ်သက်ပြီး ပြောတာပါ။ တကယ်တော့ ဒီလိုရေးသားမှုဟာ ကျွန်တော်တို့ရဲ့ ပုဂ္ဂိုလ်ရေးမဟုတ်ဘူး။ အစိုးရအတွင်းမှာ အဂတိတရားလိုက်စားမှုတွေ မြင့်တက်လာတယ်။ မီဒီယာတွေက ထောက်ပြပေမယ့် အစိုးရက ဂရုမစိုက်ဘူး။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် ထောက်ပြလည်း ဂရုမစိုက်ဘူး။ ဒါကြောင့် တိတိကျကျ မှန်မှန်ကန်ကန် ရေးသားထောက်ပြတာတွေကို ဘာလို့ကာနေတာလဲ။
တကယ်လည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဘတ်ဂျက်တွေအရင်ထက်ပိုများသလို အဂတိလိုက်စားမှုလည်း ပိုမြင့်လာနေတာပဲ။ ဒီလိုအဂတိလိုက်စားမှု မြင့်တက်နေတာကို ဦးသိန်းစိန်အနေနဲ့ လုံးဝမတိုက်ဖျက်နိုင်ဘူး။ အားလုံးထောက်ပြနေကြတဲ့ သမ္မတရဲ့အဓိကအားနည်းချက်က လာဘ်စားနေတဲ့ဝန်ကြီးတွေကို လုံးဝအရေးမယူတာပါပဲ။

ဒီလိုပြဿနာတွေ ဖြစ်တဲ့အချိန်မှာ ဒီလိုဝေဖန်မှုတွေ၊ ရေးသားမှုတွေရှိတဲ့အချိန်မှာ ဦးရဲထွဋ်အနေနဲ့ ကျွန်တော်တို့ Eleven Media Group နဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်ဖြစ်တဲ့ ကိစ္စတစ်ခုလိုပြောတာ၊ ဖြေတာလုပ်လာလို့ ကျွန်တော်ကိုယ်တိုင်ပဲ အခုလိုရှင်းဖို့ဖြစ်လာတာပါ။

Eleven Media Group နဲ့ ဦးရဲထွဋ်ကြား အဓိကဒိုင်ခံဆက်သွယ်ရတာ ကျွန်တော်ပါ။ စာမူကိစ္စ အပြန်အလှန် အီးမေးလ်ပေးပို့မှုတွေရှိခဲ့တယ်။ ဦးရဲထွဋ်ဆီမှာလည်း အဲဒီမေးလ်တွေ ရှိမှာပါ။ အဲဒီတုန်းက ဦးရဲထွဋ်က စာရေးဆရာတစ်ယောက်အနေနဲ့ စာရေးတယ်။ ကျွန်တော်တို့ကလည်း မူနဲ့ကိုက်ရင် စာမူတွေလက်ခံထည့်သွင်းပြီး မူနဲ့မကိုက်ရင် ဦးရဲထွဋ်ရဲ့ ဆောင်းပါးစာမူတွေကို ဘယ်လိုပယ်ခဲ့သလဲဆိုတာ ဦးရဲထွဋ် အသိပါ။ ၂ဝဝ၉ ခုနှစ်လောက်ကစခဲ့တဲ့ ဆောင်းပါးပေးပို့ခြင်းအဆက်အသွယ်ဟာ ၂ဝ၁၂ ခုနှစ် မတ်လနောက်ပိုင်းကနေ အခုထိ စာမူကိစ္စအဆက်အသွယ် မရှိတော့ပါဘူး။

ဦးရဲထွဋ် အခုလို ပြောလိုက်တော့လည်း ကောင်းပါတယ်။ ဒါပေမဲ့ အခုပြောလိုက်တဲ့ ဦးရဲထွဋ်ရဲ့ ပြောကြားချက်က EMG ကို ပြောတယ်လို့ မယူဆပါဘူး။ နောက်ပြီး ဦးရဲထွဋ် တစ်ယောက်တည်းအတွက် ပြောတယ်လို့လည်း မယူဆဘူး။ ဦးရဲထွဋ်က သမ္မတကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား ပြောလိုက်တယ်လို့ ယူဆတယ်။ ဒီအတွက် သမ္မတရော၊ အရေးပါတဲ့ ဝန်ကြီးတွေရော၊ အစိုးရအဖွဲ့ဝင်တွေပါ အဂတိလိုက်စားမှု ရှိ၊ မရှိ မီဒီယာနဲ့ ပြည်သူလူထုက ဆက်တိုက်စောင့်ကြည့်သွားမှာပါ။ အဂတိလိုက်စားမှုတွေ ပေါ်လာခဲ့ပြီဆိုရင်တော့ ဥပဒေအတိုင်း ရှင်းကြရမှာပေါ့။ ကျွန်တော်တို့ကတော့ ဦးရဲထွဋ်ရဲ့ စကားကို ပြန်ချေပနေမှာမဟုတ် ဘူး။ ဒီကိစ္စတွေက အခုလောလောဆယ်မှာ အဖြေပေါ်ဦးမှာမဟုတ်တဲ့အတွက် စောင့်ကြည့်နေမယ်။ ဦးရဲထွဋ်ကလည်း သမ္မတကိုယ်စား၊ ဝန်ကြီးတွေကိုယ်စား၊ အစိုးရအဖွဲ့ကိုယ်စား စိန်ခေါ်လိုက်ပြီပဲ။ ဒါကြောင့် မီဒီယာတွေ၊ ပြည်သူတွေကလည်း စောင့်ကြည့်နေမယ်။ အတိအကျရလာတဲ့ အချိန်ရောက်ရင် အရေးယူနိုင်တဲ့ အခြေအနေရှိလာပြီဆိုရင် အခုအစိုးရလက်ထက် မဟုတ်ခဲ့ရင်တောင် နောက်အစိုးရလက်ထက်မှာပါ ဆက်ပြီး အရေးယူမှုတွေ ပြုလုပ်ရမှာပါ။

ဦးရဲထွဋ်ရဲ့အဖြေထဲမှာ Eleven Media Group က အစုရှယ်ယာတွေ ဘယ်သူပါသလဲဆိုတာမျိုး ထင်ယောင်ထင်မှားဖြစ်အောင်ပြောတာမျိုးက ရှင်းမှရမှာပါ။ ပြီးတော့ ဘယ်သူတွေ အစုရှယ်ယာပိုင်သလဲ၊ နေ့စဉ်အရှုံးခံပြီး ထုတ်နိုင်အောင် ဘယ်လိုများရပ်တည်နေသလဲ ဆိုတဲ့ပြောဆိုပုံတွေက ဒေါက်တာဆိတ်ဖွားအရေးအသားနဲ့ တော်တော်လေးတူနေတယ်။ တရားစွဲဖို့ တစ်ချိန်လုံးပြောတာမျိုးလည်း အတူတူပါပဲ။ ဦးရဲထွဋ်ကိုယ်တိုင် တရားစွဲဖို့တစ်ချိန်လုံးခြိမ်းခြောက်တာမျိုးက ဒေါက်တာဆိတ်ဖွားပြောလေ့ရှိတဲ့ Eleven က File တွေ သူ့မှာရှိတယ်၊ တစ်ချိန်ချိန်ဖွင့်ချမယ် ပြောသလိုမျိုးဖြစ်နေတယ်။ ဒေါက်တာဆိတ်ဖွားအနေနဲ့တင် မဟုတ်ပါဘူး။ ဦးရဲထွဋ်ကိုယ်တိုင် ဒီလိုအချက်အလက်တွေ ရှိတယ်ဆိုရင် ဖွင့်ချလိုက်ပါ။

ကျွန်တော်တို့ရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုက ရှင်းပါတယ်။ ပုံစံ ၆/၂၆ နဲ့ ကုမ္ပဏီများမှတ်ပုံတင်ရုံးမှာ တရားဝင်ရှိပြီးသားပါ။ ကျွန်တော်ရယ်၊ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ သူ့ဇနီး၊ ဦးမီးပွား ပြီးတော့ အယ်ဒီတာချုပ်နှစ်ယောက် စုစုပေါင်းခြောက်ယောက်ရှိတယ်။
အစုရှယ်ယာ ၉၇ ရာခိုင်နှုန်းက ကျွန်တော်တို့နှစ်ယောက် ပိုင်တယ်။ ဒါတွေက ရှင်းရှင်းလင်းလင်း ရှိပြီးသားပါ။ ကျွန် တော်တို့ အရှုံးခံထုတ်စရာမလိုဘူး။ ဘယ်သူ့ငွေမှ မပါဘူး။ ဘယ်သူကမှ ကျွန်တော်တို့အပေါ် ဩဇာလာလွှမ်းမိုးလို့ မရဘူး။ ဆုံးဖြတ်ချက်တွေ အားလုံးက ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေအတိုင်းပဲ ဆောင်ရွက်တယ်။ ကျွန်တော်တို့ကိုပဲဖြစ်ဖြစ်၊ CEO ဒေါက်တာ သန်းထွဋ်အောင်ကိုပဲဖြစ်ဖြစ် ဝယ်လို့ရတယ်၊ ဩဇာလွှမ်းမိုးလို့ရတယ်၊ လက်ဆောင်တွေပေးပြီးတော့ ဩဇာလွှမ်းမိုးလို့ရတယ်လို့ ဘယ်ခရိုနီ၊ ဘယ်ဗိုလ်ချုပ်၊ ဘယ်အာဏာရှိအသိုင်းအဝိုင်းကဖြစ်ဖြစ်ဆိုခဲ့ရင် ကျွန်တော်တို့ ရှင်းလို့ရတယ်။ ကျွန်တော်တို့
အရှုံးခံထုတ်စရာအကြောင်း မရှိပါဘူး။ The Daily Eleven စထုတ်တဲ့ ဒီနှစ်မှာ ကုန်သွယ်လုပ်ငန်းခွန်သိန်း ၂၆ဝဝ ကျော်ဆောင်ထားပြီးတော့ ဝင်ငွေခွန် ၂၁ဝဝ ကျော် ဆောင်ထားပါတယ်။ ကျွန်တော်တို့မှာ ရှုံးရင် ဒီလိုအခွန်မဆောင်နိုင်ပါဘူး။ နိုင်ငံခြားကရော ပြည်တွင်းဘယ်သူ့ဆီကမှ တစ်ပြားတစ်စေ့ မယူဖူးပါဘူး။ ပေးဖူးတဲ့လူရှိရင် အခုချက်ချင်းလာပြောပါ။ နောက်လည်း ထပ်မရှင်းတော့ဘူး။ ဦးရဲထွဋ် ယုံထင်ကြောင်ထင်တွေပြောလွန်းလို့ ဒီလိုပြောရတာပါ။ ဦးရဲထွဋ်ရဲ့ ဝါဒဖြန့်ချိရေးလူတွေကပဲ ဒီလိုတွေရေးနေကြတာပဲ။ ယုံထင်ကြောင်ထင်တွေ လာပြီးမပြောနဲ့။ ကျွန်တော်တို့ကိုပေးခဲ့တဲ့လူရှိရင် လာပြော။ ကျွန်တော်တို့မှာ တရားမဝင် ရှယ်ယာရှင်တွေရှိရင် လာပြော၊ တရားမဝင် ရှယ်ယာရှင်တွေ ဘာမှမရှိဘူး။

ကျွန်တော်တို့ဖော်ပြသလို ဦးရဲထွဋ်ရယ်၊ ဦးရဲထွဋ်ရဲ့ပိုင်ဆိုင်မှုကို မဖော်ပြချင်ရင် ဦးရဲထွဋ်တို့ ဝန်ကြီးအချင်းချင်းပဲ ဖော်ပြကြ၊ ကျွန်တော်က တစ်ခုပဲတောင်းဆိုချင်တယ်။ ဦးရဲထွဋ်နဲ့ရင်းနှီးတဲ့ Forever က ကိုဝင်းမော်တို့၊ ရွှေသံလွင်ကိုကျော်ဝင်းတို့ရဲ့ ငါးနှစ်အတွင်း အခွန်ဆောင်မှုကိုပဲ ဖော်ပြလိုက်ပါ။ ဒါတွေက ကျွန်တော်တို့အချင်းချင်းပဲ ညှိမယ်။ သူတို့ရဲ့ ငါးနှစ်အခွန်ဆောင်မှုကို ကျွန်တော်တို့ရဲ့ ငါးနှစ်အခွန်ဆောင်တာနဲ့ ယှဉ်ကြည့်မယ်။ သူတို့ရဲ့ဝင်ငွေက ကျွန်တော်တို့ထက် ဆယ်ဆပိုများတယ်။ အဲဒါပဲ ကျွန်တော်ပြောချင်တယ်။ ကျန်တာမပြောချင်ဘူး။ ဦးရဲထွဋ်က ပုံနှိပ်စက်ကိစ္စ တရားစွဲမယ်ဆိုလို့ ပုံနှိပ်စက်ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပါတယ်။ ရှင်းတဲ့စာကို ဦးရဲထွဋ်ဖတ်ပြီးမှ တရားစွဲဖို့၊ မစွဲဖို့ ဦးရဲထွဋ်ရော၊ သမ္မတရော ရှေ့နေချုပ်ရုံးရော၊ သေချာစီစဉ်ပါ။ ကျွန်တော်တို့မှာ သက်သေအထောက်အထား အခိုင်အမာရှိပါတယ်။

နံပါတ်တစ်အချက်- အရင်တုန်းကလည်း ကျွန်တော်တို့ဖော်ပြပြီးပြီ။ ကျွန်တော်တို့ဝယ်တဲ့ ပုံနှိပ်စက်က ဒီတန်ဖိုးရှိတယ်။ ဒါပေမဲ့ အခုနောက်ဆုံးဖော်ပြမယ့်အကြောင်းရင်းက ရှေးရှေးတုန်းကလည်း တော်တော်များများ အားလုံးသိပြီးပါပြီ။ 4 Hi Tower 4 Unit ပုံနှိပ်စက်တစ်လုံးကို ဒေါ်လာခုနစ်သိန်း နဲ့ The Printer House ကနေ အောင်မြင်စွာဝယ်ယူခဲ့တယ်လို့ ဖော်ပြပါတယ်။ ဦးရဲထွဋ် ဒုဝန်ကြီးတာဝန်ယူတဲ့အချိန်မှာ ဒီတင်ဒါခေါ်တာပါ။ အဲဒီပုံနှိပ်စက်မျိုးကို ဒေါ်လာ ခုနစ်သိန်းနဲ့ ဝယ်ယူခဲ့တယ်။ နှစ်ရောင်ရိုက်လို့ရတဲ့ ပုံနှိပ်စက်ကို ခင်ဗျားတို့ဝယ်ခဲ့တာ ဒေါ်လာ လေးသိန်းဝန်းကျင်နဲ့ ဝယ်ခဲ့တယ်။ လေးရောင်ရိုက်လို့ရတဲ့ ပုံနှိပ်စက်တစ်လုံးကို ဒေါ်လာ ခုနစ်သိန်းဝန်းကျင်နဲ့ ဝယ်ခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ရှင်းပါတယ်။ အဲဒီကုမ္ပဏီကပဲ ကျွန်တော်တို့ကို 4 Hi သုံးလုံး၊ Mono တစ်လုံးအတွက်ကို ၈၉၅ဝဝဝ နဲ့ ကမ်းလှမ်းနေပါတယ်။ သူတို့ဖော်ပြချက်ကို ကျွန်တော်တို့က ဈေးဆစ်တဲ့အခါမှာ ဒေါ်လာ ရှစ်သိန်းလောက်နဲ့ ရနိုင်တယ်လို့ အကြောင်းပြန်ပါတယ်။ တစ်လုံးတည်းဝယ်ရင် ဒီစက်ရဲ့ တန်ဖိုးက ဒေါ်လာသုံးသိန်းအောက်မှာပဲ ရှိပါတယ်။ ဒေါ်လာခုနစ်သိန်းနဲ့ ဝယ်ယူခဲ့တဲ့စက် လေးရောင်ရိုက်လို့ရတဲ့စက်ကို ကျွန်တော်တို့ကို ဒေါ်လာသုံးသိန်းအောက်နဲ့ ကမ်းလှမ်းခဲ့တဲ့သဘောဖြစ်နေတယ်။ ဒီဟာမှာ ကွာခြားချက်ရှိနေတဲ့အတွက် ကျွန်တော်တို့က တိုင်းပြည်ဘဏ္ဍာငွေတွေ နစ်နာတယ်ဆိုပြီးတော့ရေးတာကို ဦးရဲထွဋ်တို့ ဝန်ကြီးဌာနက အဲဒါကိုအသရေဖျက်တယ်၊ ဂုဏ်သိက္ခာကျဆင်းတယ် လို့ပြောနေတယ်။

တကယ်တော့ ဒါဟာ ဂုဏ်သိက္ခာကျဆင်းတာလောက် မဟုတ်ဘူး။ တိုင်းပြည်ရဲ့ဘဏ္ဍာငွေ နစ်နာတာက ဦးရဲထွဋ်တို့ရဲ့ ဂုဏ်သိက္ခာထက် ဆိုးပါတယ်။ ပြည်သူရဲ့ချွေးနဲစာနဲ့ယူထားတဲ့ငွေတွေကို ဗုံးပေါလအော သုံးချင်တိုင်းသုံးစွဲချင်တိုင်းစွဲတာဟာ တော်တော်ကြီးဆိုးပါတယ်။

နံပါတ်တစ်အချက်အနေနဲ့ ဦးရဲထွဋ်တို့ဘက်က ထောက်မယ်ဆိုရင် စက်အမျိုးအစားမတူဘူးဆိုတာနဲ့တော့ ထောက်လို့မရပါဘူး။ အဲဒီကုမ္ပဏီကပဲ ကျွန်တော်တို့ကို ကမ်းလှမ်းခဲ့တာပါ။ စက်အမျိုးအစားနဲ့ Specification တွေ အားလုံးကိုလည်း ဖော်ပြထားပြီးဖြစ်ပါတယ်။ စက်အားလုံးကို စုံစမ်းစစ်ဆေးလိုက်ရင် သိနိုင်ပါတယ်။

နံပါတ်နှစ်အချက်- ငွေကြေးကြိုတင်စိုက်ရအောင်လည်း The Printers House က ငွေကြေး ကြိုတင်စိုက်စရာမလိုပါဘူး။ နိုင်ငံခြားကုမ္ပဏီကဝယ်ယူရင် LC ဒါမှ မဟုတ် Credit နဲ့ရောင်းချနိုင်တဲ့ ကုမ္ပဏီတွေပါ။

နံပါတ်သုံး- Training ကိစ္စကြောင့်ဆို ပြီး အကြောင်းပြတာတွေလည်း တွေ့ပါတယ်။ ကျွန်တော်တို့ Technician ကို ခြောက်လ ဒီကိုခေါ်ယူပြီး ဒီကလုပ်သားတွေ အကုန်လုံးကို Training ပေးတာက ဒေါ်လာတစ်သောင်းအောက်ပဲ ကုန်ကျပါတယ်။ အဓိကအကြောင်းရင်းက ဦးရဲထွဋ်တို့ဌာနဟာ ဈေးကြီးပေးပြီးတော့ ဝယ်ယူခဲ့ပါတယ်။ တကယ်လို့ ဦးရဲထွဋ်တို့အနေနဲ့ ကိုယ့်ပစ္စည်းဆိုရင် ဒီလိုပဲလက်လွှတ်စပယ် ဈေးကြီးပေးပြီး ဝယ်မလား။ တိုင်းပြည်ရဲ့ဘဏ္ဍာတွေ အလွဲသုံးစားအလုပ်ခံလိုက်ရတယ်။ မတရားအလုပ်ခံရတယ်။ ဒါကတော့ ထင်ရှားနေပြီ။

အဲဒါကြောင့် ဒီကိစ္စကိုရှင်းပြီးမှ တရားစွဲချင်ရင် စွဲပါ ။အဂတိတရားလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကလည်း ဒီကိစ္စတွေမှာ ကျွန်တော်တို့တိုင်ကြားမှုကို တစ်ခုမှ ဖြေရှင်းခြင်းမရှိပါဘူး။ တရားမျှတမှုဆိုတာ ဘယ်နားမှာလဲလို့ ဦးရဲထွဋ် ထင်ပါသလဲ။ ခုနစ်သိန်းနဲ့ ဘာကြောင့်ဝယ်ယူရသလဲဆိုတာ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးပြီးမှ ကျွန်တော်တို့ကို လုပ်စရာရှိတာ ဆက်လုပ်ပါ။ ကျွန်တော်တို့မှားရင် ကျွန်တော်တို့ခံပါ့မယ်။

အခုဖြစ်နေတာက အစိုးရရဲ့စီမံခန့်ခွဲမှု အားနည်းတာ၊ အဂတိတရားလိုက်စားမှုနှိမ်နင်းဖို့ ပျက်ကွက်တာ၊ ခေါင်းဆောင်လုပ်တဲ့ သမ္မတက မပြတ်သားတာတွေကြောင့် တိုင်းပြည်က တစ်စစနဲ့ ချွတ်ခြုံကျလာတာကို ကျွန်တော်တို့ Eleven Media Group က တစ်ချက်ချင်းထောက်ပြလာတဲ့ကိစ္စ ဖြစ်ပါ တယ်။ ပုံနှိပ်စက်ကိစ္စက နမူနာတစ်ခုပါ။ ပြန်ကြားရေးဝန်ကြီး ဂုဏ်သိက္ခာ၊ ဦးရဲထွဋ်ရဲ့ ဂုဏ်သိက္ခာ၊ အစိုးရအဖွဲ့ရဲ့ဂုဏ်သိက္ခာ သမ္မတရဲ့ ဂုဏ်သိက္ခာတွေထက် အရေးကြီးတာက တိုင်းပြည်ရဲ့အနာဂတ်၊ လူငယ်တွေရဲ့အနာဂတ်၊ တိုင်းပြည်ကိုယ်ကျင့်တရားနဲ့ ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။

ကျွန်တော်တို့ကို တရားမစွဲခင် ဒီကိစ္စကို အများပြည်သူ ထင်သာ၊ မြင်သာအောင် စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့ တောင်းဆိုရတာဟာ သမ္မတနဲ့ ဦးရဲထွဋ်တို့ရဲ့ ကိုယ့်ကျင့်တရား၊ သိက္ခာတရားကို မေးခွန်းထုတ်လိုက်တာပါပဲ။ ဘဝဆိုတာ တိုတိုလေးပါ။ တစ်ခဏလည်း စံလို့ရပါတယ်။ တစ်ဘဝလည်း စံလို့ရပါတယ်။ မတရားလုပ်တဲ့သူတွေဟာ သံသရာမှာတော့ မစံနိုင်ပါဘူး။

ပြန်ပေးသမားတွေကမြေကြီးမှာထိုင်လို့ပါလား


လမ်းမှာနယ်ကျွံလာတဲ့တရုတ်၂ယောက်ကိုရွာမှာခဏ
ထိုင်ခိုင်းပြီးထမင်းကျွေးအလှုလုပ်နေတာသမ္မတကြီး
ကပြန်ပေးလို့တောင်းတာအောက်ခြေရဲဆီရောက်
တော့နာကားပီးပြန်ပေးမှုဖြစ်သွားတယ်

အနာဂါတ်ရဲ့ရင်သွေးတွေကိုအမြင့်ရောက်စေချင်တဲ့သမ္မတကြီး



အမှတ်(၁)ခဲယမ်းမီးကျောက်တပ်သည် ပဲခူးမြို့၊ သာယာကုန်းကျေးရွာအုပ်စုမှ ကျေးရွာတောင်သူ လယ်သမားများပိုင် လယ်ယာမြေဧက (၅၈၀၀)ကျော်ကို အဓမ္မသိမ်းဆည်း ထားပြီးနောက် ပြန်မပေးသေးသည့် အပြင်၊ သုံးမိုင်နီးပါး အရှည်ရှိသည့် အုတ်တံတိုင်း စည်းရိုး ကာရံလိုက်သဖြင့်ကျေးရွာသူကျေးရွာသားများ အလွန်ဒုက္ခရောက်လျက် ရှိပါသည်။ အုတ်တံတိုင်း စည်းရိုးသည် ကျေးရွာအ၀င်အထွက်လမ်းများအားလုံးကို
ပိတ်ဆို့လိုက်သည်ဖြစ်၍၊ အမျိုးသမီးများနှင့် ကလေးငယ်များသာမက၊ ကျောင်းသူ aကျာင်းသားများပါ အုတ်တံတိုင်းစည်းရိုးကို ၀ါးလှေကားဖြင့် ခက်ခက် ခဲခဲ ကျော်ဖြတ် သွားလာနေရပါသည်။ အဆိုပါ ၀ါးလှေကားလေးကိုပင် မကြာခန လာရောက်ခုတ်ဖြတ် ဖျက်ဆီးလေ့ရှိသေးသည်။

Su Su Nway

သံမဏိခွပ်ဒေါင်းမလေး



စစ်ဆေးမှုပြီးလို့ရဲကားပေါ်တက်ခါနီးရဲမေ တွေကကားပေါ်တက်ဘို့အတင်းအကြပ်
လုပ်တော့ ခဏစကားပြောဘို့အချိန်မ ပေးနှိုင် ဘူးလားဒါလူအခွင့်အ ရေးလို့ပြောပြီး
သူမကျန်းမာရေးကောင်းတဲ့အ ကြောင်း။ဆက်လက်ပြီး
တိုက်ပွဲဝင်ကြဘို့လက်ပံတောင်းပြည်သူတွေကိုရဲရဲတောက်
ပြောပြီး အားပေးကူညီကြတဲ့အဖွဲ့အစည်းရဲဘော်ရဲဖက်များ
ကိုကျေးဇူးတင် တဲ့အ ကြောင်းနှင့်ဆက်လက်တိုက်ပွဲဝင် သွားမည်ဟုဗကသ
ကျောင်းသူမဖြူနှင်းထွေးမှရဲရဲတောက်ပြောခဲ့တာဟာခွပ်
ဒေါင်းသွေးဆိုတာပြသလိုက်တာပါ။မတရားပုဒ်မတပ်ပြီး
တရားလိုပြုလုပ်သူလူကြီးများ ရှက်တတ်ယင် လဲသေ
ဘို့ဘဲရှိပါတော့တယ်။အပြုံးတစ်ချက်မပျက်ခဲ့တဲ့ညီမ လေး
ဖြူနှင်းထွေးရေ အမှန်တရားမြတ်နိုးတဲ့ပြည်သူတွေမင်း
ဘက်မှာရှိနေကြတယ်။
သံမဏိခွပ်ဒေါင်းမ လေးအမြန်ဆုံးလွတ်မြောက်မှာပါ

credit>>> Nay Oo

ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)


Tomorrow သတင်းဂျာနယ် အမှတ်(၃၀)ရဲ.မျက်နှာဖုံးသတင်း
======================================
ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂) ။
============================================
စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့်
အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်
ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့
ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်း
ခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိ
လာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာ
လက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။

ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာ မပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီး
ရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟု
ပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့်
အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်
လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ
ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြားစစ်ဆေးသည့် နယ်မြေခံ
ရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။

အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင်းသာ
ဖြစ်သည်။ လာရောက်သွားသူ ဧည့်သည်များမှာ ငါးဦးရှိကြောင်းကို ဧည့်ခန်းအတွင်း
မသောက်ရသေးသည့် ကော်ဖီငါးခွက်နှင့် နေကြာစေ့ ပန်းကန်များက သက်သေခံ
နေကြောင်း၊ ဦးချာလီကို ဧည့်ခန်းတွင်းတွင် ပစ်ခတ်ပြီး အပေါ်ထပ်သို့ ဒရွတ်ဆွဲ
ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးချာလီမှ အနီးရှိ တုတ်ဖြင့် ပြန်လည် ခုခံခဲ့သော်လည်း
သေနတ်မှန်သွားသဖြင့် လူသတ်သမားတို့ ပြုသမျှ ခံလိုက်ရကြောင်း၊ ဧည့်ခန်းအတွင်း
ပြုတ်ကျနေသော လိုက်ကာနှင့် သွေးများက ဧည့်ခန်းအတွင်း ပစ်ခတ်ခံရသည်ကို
ပြနေကြောင်း၊ အပေါ်ထပ်တွင် သူတို့လိုချင်သည်များကို ယူပြီးမှ ပစ်သတ်ခြင်း
ဖြစ်ကြောင်း၊ ထွက်ပြေးသည့် အိမ်ဖော်၏ နောက်စေ့ကို သေနတ်ဖြင့် ထိမှန်အောင်
 ပစ်နိုင်သည့်အတွက် ကြေးစား လူသတ်သမား ပါဝင်ကြောင်း၊ အသံတိတ် သေနတ်ဖြင့်
 ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သော်လည်း အချက်များစွာ ပစ်ခတ်သည့်
အတွက် ဒုတ်ဒုတ် ဒုတ်ဒုတ်ဟူသော အသံများကို အိမ်နီးချင်းများမှ ကြားနိုင်သော်
လည်း အိမ်နီးချင်းများကို မေးမြန်းမရခဲ့သည့်အပြင် မောင်းထုတ်ခြင်းပင် ခံခဲ့
ရကြောင်းလည်း သိခဲ့ရသည်။ လူသတ်သမားများထဲတွင် ကွမ်းအဆက်မပြတ်
စားသူတစ်ဦး အနည်းဆုံးပါကြောင်း၊ လှေကားအတက် နံရံတွင် ကွမ်းတံတွေးများ
ထွေးသွားခဲ့ကြောင်း စစ်ဆေးခဲ့သူ အရာရှိက ပြောပြသည်။

ထို့ပြင် ကျန်ရှိနေသော အိမ်မှ အတွင်းပစ္စည်းများကို တရားသူကြီးများရှေ့တွင် စစ်ဆေး
သိမ်းဆည်းရာတွင် စိန်များ၊ လက်ဝတ်ရတနာများ အစုလိုက်အပြုံလိုက် ကျန်သေးသည်
ကို တွေ့ရသဖြင့် လူသတ်သမားများသည် စိန်ရွှေရတနာများမှ တန်ဖိုး အကြီးဆုံးများ
ကိုသာ ရွေးနုတ်ယူသွားခဲ့ကြောင်း ထင်ရှားသလို အိမ်ရှင်၏ ငွေရေးကြေးရေးဆိုင်ရာ
အားလုံး ထည့်သွင်း မှတ်တမ်းတင်သည့် ကွန်ပျူတာ လက်ပ်တော့နှင့် တယ်လီဖုန်းမှာ
လည်း ပျောက်ဆုံးသွားခဲ့ကြောင်း၊ ထို့အပြင် အိမ်ဘေးရှိ လျှပ်စစ်မီးမိန်းခလုတ်ကို
လူသတ်သမားများက ပိတ်သွားသဖြင့် CCTV ကင်မရာများလည်း အလုပ်မလုပ်နိုင်ဖြစ်
ခဲ့ကြောင်းလည်း အဆိုပါ ရဲအရာရှိက ဆက်လက် ပြောပြခဲ့သည်။

လူသတ်သမား အဖွဲ့သည် လုံးဝလက်ဗွေရာ မကျန်အောင် ဆောင်ရွက် သွားနိုင်ခဲ့
သဖြင့် အတွေ့အကြုံရှိ ကြေးစားတစ်ဦးက ဦးဆောင်ခြင်း ဖြစ်နိုင်သည်ဟု သူက
ယူဆသည်။ရဲတပ်ဖွဲ့ အနေဖြင့် ဦးချာလီ၏ သားမက်ဖြစ်သူနှင့် ၀န်ထမ်းများကို
ရန်ကုန်ဆေးရုံကြီးတွင် မေ့ဆေးထိုးသွင်းပြီး အိပ်မွေ့ချ စစ်ဆေးမှုကို အကြိမ်ကြိမ်
ပြုလုပ်ခဲ့ကြောင်း၊ အလားတူ သံသယရှိသူ တစ်ဦးကို စစ်ဆေးစဉ် လက်လွန်ပြီး
အဆိုပါ သံသယရှိသူ နံရိုးများ ကျိုးကာ သေဆုံးသွားသဖြင့် စစ်ဆေးသူ အားလုံးကို
ရာထူးချပြီး နယ်စွန်နယ်ဖျား အသီးသီးသို့ အပို့ခံလိုက်ရကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့ဝင်က ဆက်လက် ပြောပြရာတွင် အသတ်ခံရသူများသည် အားမတန်သဖြင့်
အသတ်ခံ ရသော်လည်း အသတ်ခံရသည့် ၀ိညာဉ်က လူသတ်သမားနောက်သို့
တောက်လျှောက် လိုက်နေကြောင်း၊ ထိုအချက်ကို သီလ၊ သမာဓိရှိသည့် ရဲတပ်ဖွဲ့ဝင်
တိုင်း ယုံကြည်ကြကြောင်း၊ ထိုသို့ ယုံကြည်သဖြင့် ၀ိညာဉ်က ဖော်ထုတ်ပေးခဲ့သည့်
 အမှုများလည်း ရှိကြောင်း၊ လူသတ်မှု ဖြစ်လျှင်ဖြစ်ချင်း အချို့ရဲများက အလောင်း
အနီးကပ်ပြီး လူသတ်သမားကို ဖော်ထုတ်ပေးရန် ပြောသည်ကို မိမိလည်း ယုံကြည်
လက်ခံကြောင်း သူက ဆက်လက်ပြောပြသွားသည်။ ယခုဖြစ်ပွားခဲ့သည့် အမှုတွင်
သေဆုံးသူများ အတွက် သက်ပျောက် ဆွမ်းမကျွေးခဲ့သည်ကိုလည်း မိမိ သတိတ
ရရှိနေကြောင်း သူက ဆက်လက်ပြောပြသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်က သူ့အနေဖြင့် အမှုကို ဆက်လက် စစ်ဆေးခွင့် မရသော်လည်း
ထိုအမှုသည် ရင်းနှီးအကျွမ်းဝင်သူများက အိမ်သို့ အလည်လာပြီး သတ်ဖြတ်ခဲ့သည့်
 ကြိုတင်ကြံစည်သော လူသတ်မှု ဖြစ်ကြောင်း၊ စုစုပေါင်း ထိုနေ့က အိမ်အတွင်းသို့
လူသတ်သမား အပါအ၀င် ငါးဦး ရောက်ရှိခဲ့ကြောင်း၊ ပစ္စည်းယူရန်ထက် မှတ်တမ်း
မှတ်ရာများကို ဖျောက်ဖျက်လိုသဖြင့် သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း၊ အဓိက ပျောက်ဆုံး
သွားသည်မှာ ဓမ္မစေတီမင်းကြီး၏ မိဖုရား ပန်ခဲ့သည်ဆိုသော သမိုင်းဝင် နားဋောင်း
နှင့် ပြည်တန် ပတ္တမြားကြီး တစ်လုံးပင်ဖြစ်ကြောင်း၊ ထိုအမှုနှင့် ပတ်သက်ပြီး အသတ်
ခံရသူ မိသားစုနှင့် အဆက်အသွယ်ရှိသော နာမည်ကျော် စီးပွားရေးသမားများနှင့်
ရုပ်ရှင် ဒါရိုက်တာ တစ်ဦးကိုပါ ခေါ်ယူစစ်ဆေးခဲ့ကြောင်းလည်း ထပ်မံသိရှိရသည်။

ရန်ကုန်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုများအနက် မပေါ်သည့် အမှု နှစ်မှုသာရှိကြောင်း၊
တစ်မှုမှာ သင်္ဃန်းကျွန်းတွင် ဖြစ်ပွားခဲ့သော ဆရာဝန် မိသားစု ငါးဦးကို သတ်ဖြတ်ခဲ့
သည့် အမှုနှင့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု နှစ်ခုသာ ဖြစ်ကြောင်း
အဆိုပါ ရဲအရာရှိက ဆက်လက် ပြောကြားသွားသည်။

အချို့အမှုများတွင် တရားခံ သို့မဟုတ် တရားခံနှင့် ဆက်စပ် ပတ်သက်နေသူများသည်
အာဏာရှိ အသိုင်းအ၀ိုင်းက ဖြစ်စေ၊ အာဏာရှိ အသိုင်းအ၀ိုင်းနှင့် ပတ်သက်နေသူများ
ဖြစ်စေ ဖြစ်နေပါက ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းဖော်ထုတ်ရသည်မှာ ခက်ခဲကြောင်း၊
အဘယ်ကြောင့်ဆိုသော် အဆိုပါ သူများကို ဖမ်းဆီးစစ်ဆေးခွင့် မရနိုင်သောကြောင့်
ဖြစ်ကြောင်း သူက ဆက်လက်ရှင်းပြသည်။

ယခုအခါ ထိုအမှုကို ပိတ်သိမ်းခြင်း မပြုသေးဘဲ ရဲမှုခင်းတပ်ဖွဲ့(CID)က ဆက်လက်
ကိုင်တွယ်နေသော်လည်း မူလစစ်ဆေးခဲ့သည့် လူဟောင်းများ တစ်ယောက်မှ
မရှိတော့သည့် အတွက် လူသတ်သမားအဖွဲ့ အတွင်းမှ တစ်ဦးဦးက သစ္စာဖောက်
ဖော်ထုတ်ခြင်းမှလွဲပြီး အမှုပေါ်ရန်မှာ မှေးမှိန်နေပြီ ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်
က သူ၏အတွေ့အကြုံနှင့်ယှဉ်ပြီး ပြောပြသွားခဲ့သည်။

Tomorrow သတင်းအဖွဲ့